← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 18 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 18 Ch. 215-216

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၁၅

ခြံထဲရှိ ကလေးတွေက သူတို့ရဲ့ ပိတ်ရက်ကို ရသည့်အခါ စိတ်လှုပ်ရှားမှုတွေက ထိပ်ဆုံးသို့ ရောက်နေခဲ့ကြပြီ ဖြစ်သည်။

မာမိသားစုမှ ကလေး ခြောက်ယောက်နှင့် လျှိုမိသားစုမှ ကလေး နှစ်ယောက်၊ စုစုပေါင်း ရှစ်ယောက်က ပြေးရင်းလွှားရင်း ခြံထဲမှာ ပျော်ရွှင်စွာ ဆော့နေခဲ့ကြသည်။

ရှုမိသားစုမှ ရှုတပေါင်သည် အရင်တစ်ခေါက် မာမိသားစုမှ မြည်းဥလေး ပျောက်ပြီးကတည်းက မိသားစု နှစ်စုမှ လူကြီးများသည် ရန်သူတွေ ဖြစ်လာကာ အတူတူရောပြီး ဆော့နေသည့် ကလေးတွေကို သီးသန့် နေဖို့အတွက် တားမြစ်ထားခဲ့သည်။

ထို့ကြောင့် ရှုတပေါင်သည် မြည်းဥလေးနှင့် သူ့အစ်မရယ်၊ ယန်ယန်နှင့် သူ့ညီမရယ် အတူတူ ဆော့နေတာကိုသာ ကြည့်နေခဲ့ရသည်။

ကလေးတစ်ယောက်က ဘယ်လောက်ပဲ ဆိုးနေပါစေ သူ့ရဲ့ သူငယ်ချင်းတွေ မရှိတာဟာ အထီးကျန်ပြီး သနားဖို့ ကောင်းသည်။

အဒေါ်ရှုက သူမရဲ့မြေး အခုလို ဖြစ်နေတာကို မြင်သည့်အခါ သူမက ဒေါသထွက်လာပြီး သူတို့ကိုပါ စပြီး ကျိန်ဆဲလာခဲ့သည်။ ကလေးတွေက လန့်ပြီး ခြံထဲကနေ ထွက်ပြေးလာခဲ့ကြသည်။

အဒေါ်ရှုရဲ့ မျက်လုံးတွေက သူမရဲ့ မြေးကို အကြံပေးသလို ခါးခါးသီးသီး ကြည့်လိုက်သည်။ “ကောင်းကောင်းနေ၊ တပေါင်လေး။ ငါတို့တွေ ဒီလို အသက်တိုမယ့် မကောင်းတဲ့ ကောင်စုတ်လေးတွေနဲ့ မဆော့ဘူး။ မင်းရဲ့ အမေကို ကြာပွတ်ဗူးလေးတွေ ဝယ်ဖို့ ပိုက်ဆံပေးလို့ သွားပြောလိုက်။ ပြီးရင် အနောက်ခြံထဲ သွားဆော့နေ။”

အခုခေတ်မှာ ဗြောက်အိုး တစ်ဗူးကို တစ်ဆင့် ပေးရသည့်အတွက် မိသားစုတိုင်းက သူတို့ရဲ့ ကလေးတွေအတွက် အဲ့ဒါကို မဝယ်ပေးနိုင်ကြပါ။

သို့သော် အဒေါ်ရှုက ပိုက်ဆံနှင့် ပတ်သက်ပြီး ဂရုမစိုက်ပါ။ အကြောင်းမှာ ပိုက်ဆံပေးရတဲ့သူက သူမ မဟုတ်ပါ။

ရှုတပေါင်သည် သူ့ရဲ့ အဖွားက ကြာပွတ်လေး တစ်ခု ဝယ်ဖို့ ပြောတာကို ကြားသည့်အခါ သူက ပျော်ရွှင်စွာ ကျန်းယွင်ကို သွားရှာခဲ့သည်။

ကျန်းယွင်က အိမ်ကို သန့်ရှင်းရေး လုပ်နေခဲ့သည်။ ဒီနေ့မှာ လူနာ လရဲ့ ၂၄ ရက်မြောက်နေ့ဖြစ်ပြီး အိမ်ကို သန့်ရှင်းရေး လုပ်ရမည့် အချိန် ဖြစ်သည်။

သူမရဲ့ အိမ်ထဲရှိ အခန်း နှစ်ခန်းက ကျယ်သော်လည်း သူတို့ရဲ့ စုပေါင်းမှုကတော့ အဆင်မပြေပါ။ အဲ့ထဲရှိ တစ်ခန်းက နေမဝင်ဘဲ တစ်နှစ်လုံး အခန်းထဲမှာ မှောင်ပိတ်နေခဲ့သည်။ သူမသည် ထိုအခန်းကို သန့်ရှင်းရေး လုပ်ဖို့အတွက် အခုအချိန်ကို အခွင့်အရေး ယူရမည် ဖြစ်သည်။

ကျန်းယွင်သည် သူမရဲ့ ခေါင်းကို အဝတ်စ တစ်ဝဖြင့် ပတ်ပြီး ဖုန်တွေကို သန့်ရှင်းရေး လုပ်နေခဲ့သည်။ မိသားစုထဲမှာ လူအနည်းငယ်သာ ရှိသော်လည်း သူမရဲ့ ယောက္ခထီးက အရမ်း ဆေးလိပ်သောက်တဲ့သူ ဖြစ်သည်။ အရင်နှစ်တွေမှာ သူ့ရဲ့ ပါးစပ်က တစ်ချိန်လုံး ဆေးလိပ်ဖွာနေခဲ့သည်။ စားတာ၊ သောက်တာ၊ ဆေးလိပ်သောက်တာနှင့် အိပ်တာကလွဲလို့ သူ့ကို အိမ်မှာ မတွေ့ရပါ။

သူမရဲ့ ယောက္ခမက သူမကို နားလည်သော်လည်း သူမက ကျန်းမာရေး သိပ်မကောင်းဘဲ အလုပ်လည်း အနည်းငယ်သာ လုပ်နိုင်သည်။

ရှုလဲ့အတွက်ကတော့ ကျန်းယွင်သည် သူမရဲ့ ယောက်ျားကို အနားနားမှာ ရှိနေဖို့အတွက် ပြောလို့ မရနိုင်ပါ။ သူသည် ကျောင်းမှာ အဆင့်ကောင်းသည့် ပညာတတ် တစ်ယောက် ဖြစ်သည်။ သူ သူမကို လိုက်တုန်းက သူက သူမဆီကို ချစ်ရေးဆိုသည့် စာတွေကို ရေးပေးခဲ့သည်။

တစ်ခါတစ်လေ ကျန်းယွင်သည် ဘဝကြီးက တောင့်ခံဖို့ အတော်လေး ခက်တယ်ဟု ခံစားလာရသည့်အခါ သူမက ထိုကဲ့သို့ အချစ်စာလေးများကို ဖွင့်ပြီး ဖတ်လေ့ရှိသည်။ ထိုစာများကို ဖတ်ပြီးတာနှင့်တစ်ပြိုင်နက် သူမဟာ အဆုံးမရှိသည့် ခွန်အားတွေကို ရခဲ့သည်။

ကျန်းယွင်သည် ဒါတွေက ရှုလဲ့အတွက်သာ သူမက ထိန်းထားရတယ်ဟု ခံစားခဲ့ရပြီး ထိုမိသားစုသည် သူမ မရှိဘဲနှင့် ဘာကိုမှ မလုပ်နိုင်ပါ။

ရှုတပေါင်သည် ပြေးဝင်လာပြီး ကြောက်ကြောက်နှင့် သူ့ရဲ့ အမေကို အော်ခေါ်နေခဲ့သည်။ “ငါ ကြာပွတ် တစ်ခုလောက် ဝယ်ချင်တယ်။”

ဘာကိုမှ မတွေးဘဲ ကျန်းယွင်က ချက်ချင်းဆိုသလို ပြန်ပြောခဲ့သည်။ “ဘာတွေ ဝယ်ဦးမှာလဲ။ ငါတို့မှာ ဘာပိုက်ဆံမှ မရှိတော့ဘူး။”

ခရင်မ်တစ်ဗူးကို တစ်ဆင့် ပေးရပြီး ထိုအရာက တစ်နပ်စာ စားလို့ရသည့် ဂေါ်ဖီနှင့် ညီမျှသည်။

သူမရဲ့ လစာက နည်းနည်းလေးသာ ရပြီး သူမမှာ ပိုက်ဆံမရှိဘဲနှင့် သူမက ဘာလုပ်နိုင်မှာလဲ။ သူမရဲ့ ယောက်ျားနှင့် ယောက္ခမက ကျန်းမာရေး မကောင်းသည့်အတွက် ချို့ချို့တဲ့တဲ့ မစားနိုင်ပါ။ ကလေးတွေရဲ့ ကျောင်းစရိတ်၊ စားဝတ်နေရေး အတွက်လည်း ပိုက်ဆံ လိုသေးသည်။ ကျန်းယွင်က နေ့တိုင်းလိုလို သူမရဲ့ မျက်လုံးတွေကို ဖွင့်တာနှင့် အဆုံးမရှိသည့် ဖိအားများကို ခံစားခဲ့ရသည်။

ရှုတပေါင်သည် အံကိုကြိတ်ပြီး ဘာဆူညံသံကိုမှ မလုပ်ခဲ့သော်လည်း သူ့ရဲ့ မျက်လုံးထဲမှာ မကျေနပ်ချက်တွေ ပြည့်နေခဲ့သည်။

သူသည် သူ့အဖွားက မှန်တယ်ဟု ခံစားခဲ့ရသည်။ သူ့ရဲ့ အမေက အဆိပ်ရှိသည့် ကင်းမြှီးကောင် တစ်ကောင် ဖြစ်သည်။ သူသည် သူမရဲ့သား ဖြစ်တာတောင် သူမက ဘာလို့ ဒါလေးတောင် မဝယ်ပေးရတာလဲ။ ထို့အပြင် အရင်တစ်ခေါက်က မြည်းဥလေး ဝင်ပါလာတဲ့အခါမှာ သူ့အဖွားက သူ့အမေကို မျက်ရည်များဖြင့် တောင်းပန်နေခဲ့သော်လည်း သူ့အမေကတော့ သူ့ကို ရိုက်နေဆဲ ဖြစ်သည်။

ရှုတပေါင်သည် ထိုနေရာမှာ သစ်သားတိုင်ကြီး တစ်ချောင်းလို ရပ်နေခဲ့သည်။ ကျန်းယွင်သည် သန့်ရှင်းရေး လုပ်နေရတာကို ပင်ပန်းနေခဲ့ပြီး စိတ်ပျက်စွာ ပြောလိုက်သည်။ “ဒီကနေ မြန်မြန် ထွက်သွားတော့။ ဒီမှာ ဖုန်တွေချည်းပဲ။ နင် ညစ်ပတ်ရင် ငါက နင့်ကို ရေချိုးပေးရဦးမယ်။”

ရှုတပေါင်သည် သူ့အမေက လူကောင်းတစ်ယောက် မဟုတ်ဘူးဟု ခံစားခဲ့ရပြီး သူ့အကြောင်းကို ဘယ်လို ပြောရမလဲဆိုတာပဲ သိသည်။

သူသည် သူ့ရဲ့ မိထွေးကို အသံတိုးတိုးဖြင့် ဆဲလိုက်သည်။ မိထွေးတွေက သူတို့ရဲ့ ကလေးတွေ အပေါ်မှာ မကောင်းဘူးဆိုတဲ့ စကားကို ကြားဖူးပြီး သူ့ရဲ့ အမေအရင်းက အခြားသူတွေရဲ့ မိထွေးလောက်တောင် မကောင်းပါ။

ရှုတပေါင်က တီးတိုး ဆဲလိုက်သည့်အတွက် ကျန်းယွင်က ထိုစကားကို မကြားခဲ့ပါ။

သူမသည် ကလေးတွေကို ကျောင်းမှာ ဂရုစိုက်ရပြီး သူမရဲ့ စိတ်ထဲမှာတော့ ရှုတပေါင်ကို ချစ်သည်။ သို့သော် မကောင်းတဲ့သူ လှည့်စားတာ ခံနေရသော လူတစ်ယောက် ဖြစ်သည်။

“ဟေ့၊ နင် အလုပ်မလုပ်ချင်ဘူးဆိုရင်လည်း ထွက်သွားတော့။”

ကျန်းယွင်က ရှုတပေါင်ကို မောင်းထုတ်ခဲ့သည်။

ရှူတပေါင်သည် ဒေါသတကြီး သူ့အဖွားကို ရှာဖို့ ထွက်သွားခဲ့သည်။

အဒေါ်ရှုသည် သိပ်မကြာခင်မှာပဲ တောင်းပန်သည့် ပုံစံဖြင့် ရောက်လာခဲ့သည်။ “ ရှောင်းယွင်၊ တပေါင်က တစ်ခုခု ဝယ်ဖို့ နင့်ဆီကနေ ပိုက်ဆံ ထပ်ပြီး တောင်းပြန်တာလား။ နင်က ဘာကို ကလေးကို ဆယ်ဆင့်လောက်တောင် မပေးလိုက်တာလဲ။ နင် မသိပါဘူး။ ငါတို့ ခြံထဲမှာရှိတဲ့ ကလေးတွေ အားလုံးက အရမ်းကို သောင်းကျန်းနေကြတာ။ အဲ့ကလေးတွေက တပေါင်နဲ့လည်း မကစားဘဲ သူ့ကို တစ်ယောက်တည်း ထားထားတာ။ အရမ်းကို သနားဖို့ ကောင်းတယ်။ ကလေးကို ဒီလိုမျိုး ကြည့်နေရတာ ငါ့ရင်တွေ နာလို့ပါ။ မာမိသားစုကို ကြည့်လိုက်ပါဦး။ သူတို့ရဲ့ ကလေးရော ပျောက်လုနီးပါး မဖြစ်ဘူးလား။ ဒါပေမယ့် သူ့ကလေး မပျောက်ဘူးလေ၊ ဟုတ်တယ်မလား။ အဲ့ဒါကို သူတို့က ဘာလို့ ငါတို့ရဲ့ တပေါင်လေးကို အရမ်း ရက်စက်ရတာလဲ။ ကလေး တစ်ယောက်က ဘာများ သိမှာမလို့လဲ။”

ကျန်းယွင်က အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ အရင်တစ်ခေါက် သူမက ပြန်လာတုန်းက သူမသည် ခြံထဲမှာ ရန်ပွဲတစ်ပွဲ ဖြစ်ခဲ့ရသည်။ သေချာတာကတော့ သူမသည် သံသယ တစ်စက်မှ မရှိဘဲ သူမ မိသားစုရဲ့ ဘက်ကနေ ရပ်တည်ပေးခဲ့သည်။ ရလဒ်အနေဖြင့် ရန်ဖြစ်ပြီးနောက် တပေါင်သည် အမှား တစ်ခုခု လုပ်ခဲ့တဲ့အကြောင်း သူမ သိရှိခဲ့ရသည်။ သူသည် အခြားသူများနှင့် ဆော့နေခဲ့ပြီး သူပြန်လာတုန်းက ဘယ်သူ့ကိုမှ မတွေ့ခဲ့တဲ့အကြောင်းကို သူသည် ဘာတစ်ခွန်းမှ မပြောပြခဲ့ပါ။

ကျန်းယွင်က ရန်ဖြစ်ခဲ့ရသည်။ တစ်ဖက်မှာတော့ သူမသည် တပေါင်ရဲ့ အပြုအမူက အရမ်း လွန်တယ်ဟု ခံစားခဲ့ရသည်။ သူသည် ဘာတစ်ခွန်းမှ မပြောဘဲ ဘယ်လို ပြန်လာနိုင်ရတာလဲ။ တကယ်လို့ တပေါင်က မြည်းဥလေး ပျောက်သွားတဲ့ ကိစ္စမှာ တိတ်ဆိတ်နေမယ်ဆိုရင် အမေတစ်ယောက် အနေနှင့် သူမကလည်း အတော်ကို ဒေါသထွက်မည် ဖြစ်သည်။

သို့သော် တစ်ဖက်မှာတော့ ကျန်းယွင်သည် သူမရဲ့ မိသားစု တစ်စုလုံးက မှားနေတယ်ဟု ခံစားခဲ့ရသည်။ ထို့အပြင် ကလေးကလည်း မပျောက်သွားဘူး၊ ဟုတ်တယ်မလား။ ထိုရန်ပွဲက အခုချိန်ထိ ဖြစ်နေဆဲ ဖြစ်သည်။ ထိုမိသားစု နှစ်စုသည် အချင်းချင်း မျက်နှာချင်းဆိုင် တွေ့သည့်အခါ တစ်ယောက်ကို တစ်ယောက် မကြည့်ခဲ့ကြပါ။ ဒါက တကယ်ကို များလွန်းသည်။

ကျန်းယွင်သည် ဆရာမတစ်ယောက်အနေဖြင့် မကောင်းတဲ့စိတ်မျိုး ရှိသော်လည်း နှစ်ပေါင်းများစွာ ဘဝရဲ့ နေ့စဥ် လိုအပ်ချက်တွေကို သည်းခံကာ နေခဲ့ရပြီးနောက် သူမသည် ပိုပြီး သိမြင်လာကာ အခြေအနေကို ပိုပြီး နားလည်နိုင်သည်။

ထိုခြံထဲကို အသစ်ပြောင်းလာသည့် ဝမ့်ရင်းတို့ မိသားစုသည် လျှိုမိသားစုနှင့် ဆက်ဆံရေးကောင်း တစ်ခုရှိပြီး မာမိသားစုနှင့်လည်း ဘာမှ ပြဿနာ ကြီးကြီးမားမား မရှိပါ။ အထူးသဖြင့် ကလေး ပျောက်သွားသည့်နေ့မှာ မြည်းဥလေး ညဘက်ကြီး ဖျားတုန်းက ဝမ့်ရင်းသည် သူအဖျားကျအောင် ဆေးတွေ ညွှန်ပေးခဲ့သည်။

နောက်ပိုင်းမှာတော့ မာမိသားစုက ဝမ့်ရင်းရဲ့ အိမ်ကို အိမ်မှာ ကိုယ်တိုင် လုပ်ထားသော ဖိနပ်ခုံ အထူကြီးပါသည့် ချည်သားနဲ့ လုပ်ထားသော ဖိနပ်တစ်ရံကို ပေးဖို့ဆိုပြီးတောင် ရောက်လာခဲ့သည်။

ထိုအချိန်ကနေ စပြီးတော့ ခြံထဲရှိ လူတွေဟာ မိသားစု ကိစ္စတွေကိုပဲ ဂရုစိုက်လေ့ရှိကြောင်း ရုတ်တရက် နားလည်သွားခဲ့သော်လည်း အခုဆိုရင် ခြံထဲတွင် ဆရာဝန်တစ်ယောက် ရှိနေတာက ဘယ်လောက် အဆင်ပြေကြောင်းကိုလည်း သူတို့က သိသွားကြပြီ ဖြစ်သည်။

တကယ်လို့ နင်တို့တွေ ပုံမှန် အချိန်မှာ သူတို့ဆီကနေ ဘာအကူအညီမှ မရဘူးဆိုရင်တောင် နင် သူတို့ကို စိတ်ဆိုးလို့ မရဘူး။ တကယ်လို့ အိမ်မှာ အရေးပေါ် ကိစ္စ တစ်ခုခု ဖြစ်လာပြီဆိုရင် အကူအညီ တောင်းဖို့ နင် သူတို့ဆီကို သွားရမှာပဲ။

ထို့ကြောင် အခုဆိုရင် သူတို့မိသားစုကလွဲလို့ ခြံထဲရှိ အခြား မိသားစု သုံးစုက အတော်လေးကို အဆင်ပြေကြသည်။

ဒါဟာ ကျန်းယွင် အခုချိန်မှာ နောင်တရနေသည့် ကိစ္စ မဟုတ်သော်လည်း သူမ ပထမဆုံးအကြိမ် ရောက်လာတုန်းက ဝမ့်ရင်းကို သူမ ဒေါသထွက်အောင် လုပ်ခဲ့တဲ့သူက ဘယ်သူလဲ။ ကျန်းယွင်သည် သူမကိုယ်တိုင် တစ်ဖက်ကို မလှည့်နိုင်ဘဲ အခုချိန် သူမက တောက်ခေါက်ခဲ့သည်။

သူမကိုယ်တိုင် ထိုကိစ္စကို မလုပ်နိုင်သည့်အတွက် ကျန်းယွင်သည် သူမ ယောက္ခမရဲ့ ဆန္ဒတွေနောက်ကို လိုက်ပြီး သူမရဲ့သားအတွက် ကြာပွတ်လေးတစ်ခု ဝယ်ပေးဖို့သာ သဘောတူခဲ့သည်။ သူမသည် သူမရဲ့ သားကို သူငယ်ချင်း မရှိဘဲနှင့် ထာဝရ မနေခိုင်းဘူး၊ ဟုတ်တယ်မလား။ သူ့ကို ကြာပွတ်လေးတစ်ခု ဝယ်ပေးပြီး နောက်အခန်းထဲမှာ ဆော့ခိုင်းလိုက်ရသည်။

အဒေါ်ရှုက အရမ်းကို ခေါင်းမာပြီး အလျင်အမြန်ပဲ ညှင်သာသည့် အသံတစ်သံဖြင့် ပြောလိုက်သည်။ “ငါ့ကို ပိုက်ဆံပေးပါဟယ်။ နောက်မှ ငါ တပေါင်ကို ပေးလိုက်မယ်။ ဒီကလေးက ဘယ်ကို ထွက်သွားလဲ ဆိုတာတော့ ငါလည်း မသိတော့ဘူး။”

သူမသည် ချွေးမဆီက ပိုက်ဆံကို ကလေးအား ပေးပြီး တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အဖွားက သူ့ရဲ့ အမေအရင်းထက် ပိုချစ်တယ်ဆိုပြီး ခံစားရအောင် လုပ်ခဲ့သည်။

ကျန်းယွင်သည် ထိုကိစ္စနှင့် ပတ်သက်ပြီး အများကြီး မတွေးဘဲ အကြွေစေ့ တစ်စေ့ကို ထုတ်ကာ သူမရဲ့ ယောက္ခမဆီ ပေးလိုက်သည်။

ဒါပေမယ့် သူမ စိုးရိမ်မိသည်။ တရုတ် နှစ်သစ်ကူးက ခက်တယ်လို့ လူတွေက ပြောကြသည်။ အခက်ခဲက ဒီအချိန်အတွင်းမှာပဲ။ ကောင်းတဲ့ နှစ်သစ်ကူး ဖြစ်ဖို့ လုပ်အားခတွေ အများစုကို ပုံမှန်ထက် လဝက်လောက် စောပြီး ပေးသည်။

ကျောင်းတွေကလည်း တူတူပဲ။ ပြီးတော့ လစာကို လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ထုတ်ပြီးသွားပြီ။

ဒီပိုက်ဆံအနေအထားနဲ့ဆိုရင် မိသားစုရဲ့ အသုံးစရိတ်က ရေလိုပဲ စီးဆင်းနေခဲ့သည်။ သူတို့သည် ဒီမှာ အဝတ် အနည်းငယ်နှင့် အဲ့မှာ အသားနှင့် အစေ့အဆန်တွေ ဝယ်ရမည် ဖြစ်သည်။ ရက်အနည်းငယ် အတွင်းမှာပဲ သူတို့ရဲ့ လစာ အများစုကို သုံးလိုက်ပြီး ဖြစ်သည်။

ဒါက မလောက်သေးဘူး။ သူမမှာ နှစ်သစ်ကူးမတိုင်ခင် ပစ္စည်းတွေ ဝယ်ဖို့လည်း စီစဥ်ထားတာတွေ ရှိသေးသည်။

ကျန်းယွင်က မျက်မှောင်ကြုတ်ကာ သူမ ပေးလိုက်ရတဲ့ အကြွေစေ့အတွက် နောင်တတွေ ရနေခဲ့သည်။

အဒေါ်ရှုသည် သူမ ချွေးမ တွေးနေတာကို သိပြီး ရယ်ရုံသာ ရယ်လိုက်သည်။

“ ရှောင်းယွင်၊ မင်း ဒီနှစ် မိဘတွေအိမ်ကို သွားမှာလား။”

ကျန်းယွင်ရဲ့ မိဘတွေက အဆင်ပြေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက သူမရဲ့ မိသားစုသည် ရှုလဲ့ကို လက်ထပ်ဖို့ သဘောမတူခဲ့ဘဲ တကယ်လို့ သူမသာ သူ့ကို လက်ထပ်မယ်ဆိုရင် သူတို့ရဲ့ သမီးအဖြစ်ကနေ စွန့်လွှတ်မယ်ဟုပါ ပြောခဲ့သည်။

သို့သော် ဘယ်လိုပဲ ဖြစ်နေပါစေ ကျန်းယွင်က လက်ထပ်ခဲ့သည်။ သူမသည် ခန်းဝင် လက်ဆောင် အနေဖြင့် တစ်ပြားမှ မတောင်းခဲ့ပါ။ သူမသည် သူမရဲ့ အဝတ်နှင့် အိပ်ရာကို ထုပ်ပြီး သူမ စုထားသည့် ယွမ်တစ်ရာကိုသာ ယူသွားခဲ့သည်။

သူတို့ လက်ထပ်ပြီး နှစ်တွေ ကြာလာသည့်နောက်မှာ ကျန်းယွင်နှင့် သူမ မိဘတွေရဲ့ ဆက်ဆံရေးက ငြိမ်နေဆဲ ဖြစ်သည်။ သို့သော် မနှစ်ကတုန်းက ခက်ခဲသည့် အချိန်ကို ရောက်လာသည့်အခါ ကျန်းယွင်ရဲ့ အမေသည် သူမသမီးရဲ့ အခြေအနေကို တွေးတောင် မတွေးနိုင်တော့သည့်အတွက် သနားကာ ယွမ်နှစ်ဆယ်ကို ပေးခဲ့သည်။

သို့သော် သူမက စိတ်ပျက်ကာ ကျန်းယွင်က ယွမ်နှစ်ဆယ်ကို ပြန်ပေး၍ သူမ အသီးအရွက်တွေ တူးနေရမယ်ဆိုရင်တောင် သူမရဲ့ မိဘတွေဆီကနေ တစ်ပြားမှ မယူဘူးဟု ပြန်ပြောလိုက်သည်။

အဒေါ်ရှုက ကျန်းယွင်၏ စိတ်ရှုပ်နေသည့် ပုံစံကို ကြည့်ပြီး သူမ စိတ်ထဲမှာတော့ စိုးရိမ်နေခဲ့သည်။ သို့သော် သူမရဲ့ မျက်နှာကတော့ အပြစ်ရှိစိတ်နှင့် ကြင်နာမှုအပြည့်သာ ဖြစ်နေခဲ့သည်။

“ ရှောင်းယွင် မင်း ကိုယ့်မိဘအိမ်လည်း ကိုယ်ပြန်သင့်တယ်။ ပြီးတော့ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ ပြီးတော့ အခုဆိုရင် တပေါင်ကလည်း ကြီးလာပြီ။ မင်းရဲ့ ယောက္ခမက အရမ်းကြီးလည်း မရက်စက်ပါဘူးကွယ်။ မင်းတို့တွေလည်း သိပ်ပြီး မငယ်ကြတော့ဘူးလေ။ ဘယ်လိုလုပ် မင်းရဲ့ မိဘတွေကို သွားမတွေ့နိုင်ရတာလဲ။ မင်းကို မွေးပေးခဲ့တဲ့ သူတို့ရဲ့ ကြင်နာမှုတွေကို မင်း အမြဲတမ်း ကျေးဇူးတင်နေသင့်တယ်လေ။”

ဒီနှစ်မှာတော့ ဟိုတစ်လောက ဖြစ်သွားသည့် အဖြစ်အပျက်ကြောင့် သိပ်မကြာခင်မှာပဲ အိမ်နီးချင်းတွေက အချင်းချင်း ကူညီခဲ့ကြသည်။ အဒေါ်ရှုက ကျန်းယွင်ကို ပိုက်ဆံရှာဖို့ နည်းတစ်နည်း လိုကြောင်း အရေးတကြီး ပြောခဲ့သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူမရဲ့ အကြီးဆုံး မြေးက ဒီကိစ္စရဲ့ အကျိုးဆက်တွေကို ခံစားရလိမ့်မည် ဖြစ်သည်။

ကျန်းယွင်သည် တုံ့ဆိုင်းပြီးရင်း တုံ့ဆိုင်းနေခဲ့သည်။ တကယ်တော့ သူမသည် မနှစ်တုန်းက သူမ အမေရဲ့ မိသားစုဆီ ပိုက်ဆံတွေ ပြန်ပေးလိုက်ရသည့်အတွက် နောင်တရနေခဲ့သည်။ သို့သော် သူမက ထိုကဲ့သို့ လုပ်လိုက်ရသည့်အတွက်လည်း အတော်လေးကို ဂုဏ်ယူနေခဲ့သည်။ ထို့အပြင် သူမသည် သူမ အမေရဲ့ မိသားစုထံ စတင် သွားလည်မယ်ဆိုရင် သူမရဲ့ အိမ်နီးချင်းတွေက အခုချိန်မှာ သူမက ကောင်းကောင်း အလုပ် မလုပ်ဘူးဟု မြင်ရင် ဘယ်လို ပြောရမလဲဆိုတာ သူမ မသိပါ။

ကျန်းယွင် - “အခုတော့ အဲ့အကြောင်း မေ့ထားလိုက်ပါ။”

အဒေါ်ရှုက ဘာကိုမှ ဆက်မပြောခင် ကျန်းယွင်က တစ်ခုပြီး တစ်ခုကို ဆက်တိုက် ပြောခဲ့သည်။ “အမေ၊ ကျွန်မ အကိုလဲ့နဲ့ နေဖို့ ဆန္ဒရှိတယ်ဆိုတာ အမေ့ကို အရင်က ပြောပြီးပြီလေ။ ကျွန်မ သူ့ဆီက ဘာကိုမှ မလိုချင်ဘူး။ ပြီးတော့ သူက ကျွန်မဆီကနေ ဘာကိုမှ မလိုချင်ဘူးဆိုတာလည်း ကျွန်မ သိတယ်။ ကျွန်မတို့က ချစ်လို့ အတူတူ ရှိနေကြတာ။ ဘဝကြီးက ခက်ခဲမယ်ဆိုရင်တောင် ကျွန်မ အဲ့ဒါကို ဆက်လုပ်ဖို့ ဆန္ဒ ရှိတယ်။ ကျွန်မ မိသားစုထဲက အဲ့လူတွေ ကျွန်မကို အထင်သေးလားဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မက ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေချင်တယ်ဆိုရုံပဲလေ။ အမေ ကျွန်မကို နားချနေဖို့ မလိုပါဘူး။”.

အဒေါ်ရှု - …..

'နင် ငါ့ကို လာနောက်နေတာလား။ တကယ်လို့ နင်သာ ဆရာမတစ်ယောက် မဟုတ်ဘူးဆိုရင် ငါက နင့်ကို ငါ့အိမ်ထဲ ပေးဝင်မှာတဲ့လား။ '

'နင်က အရမ်းကြီး ရိုးအပြနေဖို့ လိုလို့လား။'

သူမသည် ဦးနှောက်မရှိသည့် သူမရဲ့ ချွေးမနှင့် စကားပြောဖို့ အတော်လေးကို ပျင်းနေခဲ့သည်။ ထို့ကြောင့် သူမသည် သူမရဲ့ အိတ်ထဲရှိ အကြွေစေ့ တစ်စေ့နှင့် သူ့ရဲ့မြေးကို ရှာဖို့ ထွက်သွားခဲ့သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၁၆

ရှုတပေါင်သည် ပိုက်ဆံကို ယူပြီး ကြာပွတ်လေး တစ်ခု သွားဝယ်ကာ သူ့ရဲ့ အမြှီးကလည်း ချက်ချင်းပဲ မြှောက်တက်သွားခဲ့သည်။

ရှုတပေါင်သည် ဆော့ဖို့ သူ့ရဲ့ ကြာပွတ်လေးကို ဘေးခြံထဲသို့ ပျော်ရွှင်စွာ ယူသွားပြီး စစ်တိုက်တမ်း ကစားဖို့ သူ့ရဲ့ ညီလေးတွေနှင့် လူစုခဲ့သည်။

မကြာသေးခင်ကပဲ မိသားစု နှစ်စုသည် ဘေးနားရှိ ခြံထဲကို ပြောင်းလာခဲ့ကြသည်။ မိသားစု နှစ်စုလုံးမှာ ကလေးတွေ ရှိကြပြီး ရှုတပေါင်နှင့် အသက်အရွယ် တူသည့် ကောင်မလေး နှစ်ယောက် ဖြစ်သည်။

ကောင်မလေး နှစ်ယောက် ယောက်ျားလေးများနှင့် စစ်တိုက်တမ်း ကစားသည့်အခါ အမြဲတမ်း သူတို့ပဲ အနိုင်ရကြသည်။

ရှုတပေါင်က မပျော်မရွှင်ဖြစ်ကာ တစ်ဖက်လူကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “နင်တို့အားလုံး ထွက်သွားကြ။ ငါတို့ ဒီကောင်မလေးတွေနဲ့ မဆော့ချင်တော့ဘူး။”

ဆံပင်စည်းထားသည့် ကောင်မလေးက မပျော်မရွှင် ဖြစ်နေခဲ့သည်။ “ရှုတပေါင်၊ နင်က မဆော့နိုင်တာပါ။ တကယ်လို့ နင်သာ ရှုံးရင် ငါတို့ကို ဆော့ခိုင်းမှာ မဟုတ်ဘူး။ နင်က အရမ်း နှေးနေလို့ဆိုတာကို ဘာလို့ မပြောတာလဲ။”

သူမရဲ့ ညီမလေးက ခေါင်းငြိမ့်ပြလိုက်သည်။ “ဟုတ်တယ်။ နင်ပြေးတာက အရမ်း နှေးတာကိုး။”

ရှုတပေါင်သည် အိမ်မှာ အမြဲတမ်း အလိုလိုက်ခံခဲ့ရသည်။ သူသည် မာမိသားစုနှင့် ပြဿနာ မတက်ခင် ခြံထဲတွင် သူက အနိုင်ကျင့်တဲ့သူ ဖြစ်သည်။ ထုံးစံအတိုင်းပဲ သူသည် အခြားသူတွေ သူ့ကို အထင်သေးတဲ့ဒဏ် မခံနိုင်ပါ။

“နင်က ဘာစကားတွေ လာပြောနေတာလဲ။ နင်တို့ကပဲ မဆော့နိုင်တာလေ။ ငါက မိန်းကလေးတွေနဲ့ မဆော့ချင်ရုံပဲ။ တကယ်လို့ ငါက မိန်းကလေးတွေနဲ့ ကစားရင် ကြီးလာတဲ့အခါ သူများနောက်လိုက်ပဲ ဖြစ်လိမ့်မယ်လို့ ငါ့အဖွားက ပြောထားတယ်။”

ဆံပင်စည်းထားသည့် ကောင်မလေးက “ဒုတိယခုံ” ဆိုသည့် စကားကို နားမလည်သော်လည်း ဒါဟာ ကောင်းတဲ့ စကားတစ်ခွန်း မဟုတ်ဘူးဆိုတာတော့ သူမ သိနေခဲ့သည်။ “နင်က မဆော့နိုင်ဘူးဆိုတော့ မဆော့နိုင်ဘူးပေါ့။ တကယ်လို့ နင်က မိန်းကလေးနဲ့ မဆော့ဘူးဆိုရင်တောင် နင်က ဒုတိယခုံပဲ။”

ရှုတပေါင်က ဒေါသထွက်သွားခဲ့သည်။ ကလေးတွေ ကြားထဲမှာ ဒါက ဘယ်လို စကားများလဲဆိုတာမျိုး ဖြစ်သည်။ သူတို့ ရန်ဖြစ်ကြသည့်အခါ သူတို့တွေက အမြဲတမ်း လူကြီးတွေရဲ့ စကားကို အတုခိုးလေ့ ရှိကြသည်။

သူက အရမ်းကို ဒေါသထွက်လာသည့်အတွက် သူ့ရဲ့ အဖွားလို စတင်ပြီး ပြောဆိုခဲ့တော့သည်။ “နင်တို့က မိန်းမပျက်လေးတွေ၊ ကောင်မစုတ်တွေ၊ အသက်တိုမယ့်ဟာတွေ။ ဖယ်ကြစမ်းပါ။ နင်တို့ကို ငါဝယ်လာတာတဲ့ ကြာပွတ်နဲ့တောင် ပေးကစားမှာ မဟုတ်ဘူး။ နင်တို့ဘာသာပဲ ချီးတွေ သွားစားကြ။”

အဒေါ်ရှုသည် သူမက လူမရှိတဲ့ နေရာမှာ ဆဲဆိုတတ်သည့် သူမရဲ့ အကျင့်ကို သူမရဲ့ မြေးက မြင်သွားလိမ့်မယ်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါ။ ထို့အပြင် မကောင်းတဲ့ စကားတွေ အားလုံးကို ရှုတပေါင်က မှတ်ထားသည်။

သူက ထိုကဲ့သို့ ဆဲဆိုနေသည့်အခါ ဘေးခြံထဲရှိ ကလေးတွေ အားလုံးက သူ့ကို အပြစ်တင်ခဲ့ကြသည်။

“ရှုတပေါင် မင်းဘာလို့ အဲ့လိုမျိုး မိုက်မိုက်ရိုင်းရိုင်း ဆဲနေရတာလဲ။”

“ဟုတ်တယ်။ မင်းက ဆော့ဖို့ ငါတို့ခြံထဲကို လာတာလေ။ အဲ့ဒါကို မင်းက ငါတို့ ခြံထဲမှာရှိတဲ့ လူတွေကို ဒီလိုမျိုး အနိုင်ကျင့်ဖို့ စိတ်မျိုး ရှိနေရတာလား”

“နင်က ဘာလို့ ထျန်းထျန်းနဲ့ ရှောင်းမိန်ကို ဆူနေရတာလဲ။”

ရှုတပေါင်သည် ခနလောက် လန့်သွားပြီးနောက် ပြန်အော်ခဲ့သည်။ “မင်းဘာကို ဆိုလိုတာလဲ။ မင်းတို့က ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား။ ငါ မင်းတို့ကို ငါဝယ်လာတဲ့ ကြာပွတ်နဲ့ ပေးဆော့မှာ မဟုတ်ဘူး။”

ကလေးတွေကလည်း ဒေါသထွက်သွားခဲ့ကြသည်။

“မင်း မဆော့ချင်ရင် လာမဆော့နဲ့။”

“တရုတ် နှစ်သစ်ကူးကျရင် အဲ့ဒါကို ငါတို့ဘာသာ ဝယ်လို့ရတယ်။”

“လာကြ။ ဟိုဘက်ကို သွားကြမယ်။”

ရှုတပေါင်က ထပ်ပြီး တစ်ယောက်တည်း ဖြစ်သွားခဲ့ရပြန်သည်။ သူသည် အရမ်းကို ဒေါသထွက်နေသည့်အတွက် ပုံမှန်အတိုင်းပဲ ရှောင်ပန်းကို ခေါ်ပြီး အိမ်ကို ပြန််မယ့်အစား နောက်ထပ် လမ်းကြားထဲကို ဝင်သွားခဲ့သည်။

မဆော့ချင်လည်း မဆော့ကြနဲ့ပေါ့။

ဘယ်သူက ဂရုစိုက်မှာလဲ။

ရှုတပေါင်က မြန်မြန် ပြေးသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပဲ လမ်းကြားထဲမှာ ပျောက်သွားခဲ့သည်။

သို့သော် သူထွက်သွားပြီးနောက် မျက်နှာပေါ်တွင် အမာရွတ်နှင့် လူတစ်ယောက်က ထိုနေရာကို အပြေး လိုက်သွားခဲ့သည်။

ထိုလူက ဘေးပတ်လည်ကို မျက်စိလျင်လျင်ဖြင့် ကြည့်လိုက်သည့်အခါ အနီးအနားတွင် ဆော့နေသည့် ကောင်လေး တစ်ယောက်ကို တွေ့လိုက်ပြီး သူ့ကို ဘာမှ မပြောဘဲ သကြားလုံး တစ်လုံးကို ပေးကာ ပြုံးပြီး ပြောလိုက်သည်။

“သူငယ်ချင်းလေး။ မင်း ရှုမိသားစုဆီသွားပြီး ငါ့အတွက် လူတစ်ယောက်လောက် သွားခေါ်ပေးလို့ ရနိုင်မလား။”

“ရှုတပေါင်ရဲ့ အဖေကို သူ့ဦးလေးရဲ့ အိမ်မှာ တစ်ခုခု ဖြစ်နေလို့ တစ်ချို့ အမျိုးတွေက ရထားနဲ့ ရောက်လာပြီး သူ့ကို နေဖို့အတွက် ပြောတယ်ဆိုတာပဲ ပြောပေးရုံပါ။”

မျက်နှာတွင် အမာရွတ်နှင့်လူက ဒီနှစ်ဟာ ဒီလောက် မြန်မယ်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ဖူးပါ။

ရှုလဲ့ သူတို့ကို ထွက်သွားဖို့ တွန်းအားပေးတုန်းက သူတို့သည် နန့်ရှောင်မြို့မှာ တစ်ခုမှ ရောင်းလို့တောင် မပြီးသေးပါ။ မျက်နှာမှာ အမာရွတ်နှင့် လူရယ်၊ သူ့ရဲ့ အပေါင်းအပါတွေရယ်က ရွေးချယ်စရာ မရှိဘဲ အနီးအနားရှိ ကောင်စီမြို့တွေမှာ ကုန်ပစ္စည်းတွေ စုဖို့ သူတို့ရဲ့ ညီအစ်ကိုတွေကို ပြန်စုခဲ့သည်။

ဟုတ်တယ်။ အဲ့ဒီ့ ပြန်ပေးဆွဲတဲ့ ဂိုဏ်းကို အဖွဲ့တွေ ခွဲထားသည်။ ဒီရက်တွေမှာ ခရီးထွက်ဖို့ဆိုတာက မလွယ်ဘူး။ သူတို့မှာ မိတ်ဆက်စာ၊ စားဝတ်နေရေး၊ သွားလာဖို့တွေနဲ့ အိပ်ဖို့နေရာတွေ လိုအပ်သေးသည်။ တကယ်လို့ သူတို့က တစ်ခါတည်းနဲ့ လူ သုံး၊ လေး၊ ငါးယောက်ကို ဖမ်းခဲ့ရင် ဆုံးရှုံးမှုတွေကို အရင်ဆုံး ခံစားရလိမ့်မည်။

အဲ့ဒါကြောင့် သူတို့ကို အဖွဲ့နှစ်ဖွဲ့အနေနဲ့ ခွဲထားသည်။ အခြား အဖွဲ့ရှိ လူသုံးယောက်ကလည်း သူတို့ရဲ့ နယ်ခံ သတင်းပေးတွေကို သွားရှာဖို့အတွက် နောက်ထပ် ကောင်စီမြို့တစ်ခုစီ သွားခဲ့ကြသည်။ သူတို့က လူ ငါးယောက်၊ သို့မဟုတ် ခြောက်ယောက်လောက်ကို ခေါ်သွားဖို့ မျှော်လင့်ထားခဲ့သည်။ အဖွဲ့နှစ်ဖွဲ့ စုမိသွားတာနှင့် တစ်ပြိုင်နက် သူတို့က နောက်ထပ် လူအနည်းငယ်ကို ခေါ်ဖို့ ကျေးလက်ဒေသတွေကို သွားလိမ့်မည် ဖြစ်သည်။ သို့မှသာ ခရီးက သွားရတာ တန်လိမ့်မည် ဖြစ်သည်။

သို့သော် ဒီနှစ် ဘာတွေ ဖြစ်သွားမလဲဆိုတာ ဘယ်သူက သိမှာလဲ။ အနီးအနားရှိ ကောင်စီမြို့မှ ရဲတွေကလည်း နှစ်သစ်ကူးမတိုင်ခင် ရုတ်တရက်ကြီး နိုင်ငံခြားသား လူဦးရေ တိုးလာသည့်နှုန်းထား တစ်ခုကို စစ်ဆေးခဲ့သည်။

မျက်နှာတွင် အမာရွတ်နှင့်လူက ကံမကောင်းဟု တွေးလိုက်သည်။ သူတို့က ဘာလို့ တရုတ် နှစ်သစ်ကူး အချိန်အတွင်းမှာ ကလေးတွေကို ပြန်ပေးဆွဲတာလဲ။ တရုတ်နှစ်သစ်ကူး အချိန်အတွင်းမှာ ကလေးတွေက အားလပ်ရက် ခရီးထွက်ကြပြီး အဖွဲ့တွေ ဖွဲ့ကြကာ သူတို့ကို ပြန်ပေးဆွဲဖို့ ပိုပြီး လွယ်ကူတယ် မဟုတ်လား။

ထို့အပြင် တရုတ်နှစ်သစ်ကူးက ဆွေမျိုးများနှင့် သူငယ်ချင်းများထံ အလည်သွားရမည့် အချိန်တစ်ခု ဖြစ်သည့်အတွက် မြို့ရှိ လူဦးရေက ပိုပြီး ရှုပ်လာကာ ထို့ကြောင့်ပဲ သူတို့ကို ဖွက်ထားဖို့ ပိုပြီး လွယ်ကူမည် ဖြစ်သည်။

ရလဒ်အနေဖြင့် ဒီနှစ်က သိပ်ပြီး အဆင်မပြေပါ။ အနီးအနားရှိ ကောင်စီမြို့တွေက လူမျိုးခြားတွေ တိုးလာသည့် လူဦးရေတွေကို စုံစမ်းစစ်ဆေးမည့် အကြောင်းကို အလောတကြီး ဖြစ်နေခဲ့ကြပြီး သူတို့ အဖွဲ့ရှိ မြေအောက် ကာစီနိုဝိုင်းကိုလည်း သတင်း ပေးထားပြီး ဖြစ်သည်။ အမြတ်များစွာရသည့် ကာစီနို စီးပွားရေးမှ အကျိုးအမြတ်တွေကို ယူနေသည့် ညီအကိုတွေကလည်း ဖမ်းခံလိုက်ရပြီး ဖြစ်သည်။

ကာစီနို အဖြစ်အပျက်ကြောင့် ကြောက်လန့်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မျက်နှာပေါ်တွင် အမာရွတ်နှင့်လူက အနီးအနားရှိ ကောင်စီမြို့တွေမှာ အပြင်လူတွေနှင့် ခိုးမှု အသေးစားများကို စစ်ဆေးဖို့ တင်းတင်းကြပ်ကြပ် စတင် လုပ်နေကြပြီဆိုသည့် စာတစ်စောင်ကို လက်ခံ ရရှိခဲ့သည်။

မျက်နှာပေါ်တွင် အမာရွတ်နှင့်လူက ဘေးကျပ်နံကျပ် ဖြစ်နေခဲ့သည်။ သူသွားဖို့ စီစဥ်ထားသည့် နေရာတွေကလည်း သိပ်ပြီး မသင့်တော်တော့ဘဲ သူ့ရဲ့ သတင်းပေးတွေက သတင်းပေးနေတာတွေကို ရပ်လိုက်ကြသည်။ သူတို့တွေ အဖမ်းခံခဲ့ရတာလား ဒါမှမဟုတ် သတင်းတွေက အရမ်း ပြန့်နေတဲ့အတွက် သူတို့တွေက သတင်းပေးဖို့ ကြောက်နေကြတာလား ဆိုတာတွေဟာ မရှင်းမလင်း ဖြစ်နေခဲ့သည်။

ထို့ကိစ္စကြောင့်ပဲ မျက်နှာပေါ်တွင် အမာရွတ်နှင့်လူက ရွေးချယ်စရာ အနည်းငယ်သာ ရှိတော့သည်။

သူသည် လူတစ်ယောက်ကို မေးပြီး အထဲကို မသွားတဲ့ အကိုတွေထံမှ သတင်းတွေကို စုံစမ်းနေခဲ့ပြီး နောက်ဆုံးမှာတော့ နန့်ရှောင်မြို့ကသာ တိတ်ဆိတ်နေဆဲဆိုတာကို အတည်ပြုခဲ့သည်။

ထို့ကြောင့် သူက သူ့ရဲ့ ညီအကိုတွေကို ရှုလဲ့နှင့် သွားပူးပေါင်းဖို့ ခေါ်သွားရန်ဆိုသည့် ရွေးချယ်စရာ တစ်ခုသာ ရှိတော့သည်။

မျက်နှာပေါ်တွင် အမာရွတ်နှင့်လူက စာတစ်စောင်ကို မြန်မြန် ပေးလိုက်ပြီးနောက် သူ့ရဲ့ မျက်နှာပေါ်ကို ပုဝါဖြင့် အုပ်လိုက်ပြီး လမ်းလျှောက်ကာ ထွက်သွားခဲ့သည်။

ထိုနေရာက လူနေထူထပ်သည့် နေရာဟောင်းတစ်ခု ဖြစ်ပြီး ဒီနေရာတွင် သူစိမ်းတစ်ယောက်အနေဖြင့် လူတွေက သတိထားမှုတွေက ချက်ချင်းဆိုသလိုပဲ မြင့်တက်လာမည် ဖြစ်သည်။

မျက်နှာတွင် အမာရွတ်နှင့်လူက ထွက်သွားပြီးနောက် ပါးစပ်ထဲတွင် သကြားလုံးကို ထည့်ပြီး စားနေသည့် ကောင်လေးက ရှုတပေါင်ကို ရှာဖို့ ထွက်သွားခဲ့သည်။

ကံမကောင်းစွာဖြင့် ရှုတပေါင်က အိမ်ကို ပြန်မလာခဲ့ပါ။ ရှုတပေါင်ရဲ့ အဖေကလည်း အိမ်ကို ပြန်မလာခဲ့ပါ။

ရှုတပေါင်ရဲ့ အမေနှင့် အဖွားကလည်း ထိုနေရာမှာ ရှိနေခဲ့သော်လည်း ကောင်လေးက အနည်းငယ် ကြောက်နေခဲ့သည်။ ဘေးပတ်ဝန်းကျင်ရှိ ခြံတွေမှ လူတိုင်းသည် ရှုတပေါင်ရဲ့ အမေက ဆရာမ တစ်ယောက် ဖြစ်တယ်ဆိုတာကို သိနေခဲ့ပြီး သူမက တိတ်တဆိတ်နေသည့်အခါ အတော်လေးကို ကြောက်လန့်နေခဲ့သည်။ ရှုတပေါင်ရဲ့ အဖွားက အဆင်ပြေသော်လည်း…..

“တပေါင်က အိမ်မှာ မရှိဘူး။ နင် အိမ်ကို မြန်မြန် သွားသင့်တယ်။”

အနီးအနားတွင် လူကြီးတွေ တစ်ယောက်မှ မရှိတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ကလေးနှင့်အတူ အဒေါ်ရှုရဲ့ နှောက်ယှက်မှုတွေကို ချက်ချင်းဆိုသလိုပဲ သူမရဲ့ မျက်နှာပေါ်မှာ အထင်းသား မြင်နိုင်သည်။

အစပိုင်းမှာတော့ ရှုတပေါင်ရဲ့ အဖွားကို တိုက်ရိုက် စကားပြောချင်နေသည့် ကောင်လေးက ထပ်ပြီးတော့ စကားမပြောရဲတော့ပါ။ သူက သူ့ရဲ့ခြံထဲသို့ ပြန်ပြေးလာခဲ့သည်။

အဒေါ်ရှုက ပွစိပွစိ ပြောနေခဲ့သည်။ “ဒီလောက် ညစ်ပတ်နေတဲ့ ကလေးက ဘယ်ကနေ ရောက်လာတာလဲ။ သူ့ရဲ့ မျက်နှာပေါ်မှာလည်း နှပ်ချေးတွေချည်းပဲ။ သူ့ကြည့်ရတာ စိတ်ညစ်ဖို့ ကောင်းလိုက်တာ။ သူ့ မိဘတွေကလည်း လူကောင်းတွေ မဟုတ်လောက်ဘူး။ သူက သကြားလုံးတောင် စားနေသေးတယ်။ ဒီကောင်စုတ်လေးက ဘာအတွက်နဲ့ သကြားလုံးတွေ စားနေတာလဲ။ သူက အရမ်းကို နှလုံးသား မရှိတာပဲ။ သူက တပေါင်နဲ့ တွေ့ချင်လို့ဆိုပြီးတော့လည်း လာသေးတယ်။ သကြားလုံး အပို တစ်လုံးတောင် မယူလာဘူး….”

ဝိုးတိုးဝါးတား အသံကိုကြားပြီး လမ်းလျှောက်ကာ ဝင်လာသည့် ဝမ့်ရင်းက ကြားလိုက်ရသည်။

ရိုးရိုးသားသား ပြောရရင် သူမက လူစိမ်းများစွာနှင့် တွေ့ဖူးပြီး ဖြစ်သော်လည်း အဒေါ်ရှုရဲ့ မဆင်မခြင် တိုက်ခိုက်မှုတွေ၊ ရှေ့မကြည့်၊ နောက်မကြည့် ဆူပူနေတာတွေ အားလုံးကို သူမက တွေ့ခဲ့ပြီး ဒါတွေဟာ သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမသည် လူတိုင်းအပေါ် ပြင်းထန်တဲ့ အမြင်တွေရှိပုံရပြီး သူမသည် ထူးဆန်းပြီး ကိုးရို့ကားယား အရာတွေ အားလုံးကို ကျိန်ဆဲနေမည် ဖြစ်သည်။

ဝမ့်ရင်းသည် သူမရဲ့ ခေါင်းကို ခါပြီး လက်ထဲတွင် ငါးနှစ်ကောင်ကို ကိုင်ပြီး လမ်းလျှောက်ကာ ဝင်သွားခဲ့သည်။

အဒေါ်လျှိုက သူမကို ငါးသွားတန်းစီဖို့ ကူညီပေးရန် ထပ်ပြီး သဘောတူခဲ့သော်လည်း ဒါဟာ မြန်မြန် ပြောင်းလဲသွားသည့် အစီအစဥ်နှင့် မတူနေတော့ပါ။ သူမ ဝယ်လာသည့် ငါးတွေဟာ ခုနစ်ခုမြောက် တပ်မဟာထဲမှ ငါးကန်လေးထဲရှိ ငါးတွေလောက် မကြီးသော်လည်း ထိုအရာတွေက ရှားပါးသည့် ငါးမျိုးစိမ်တွေ ဖြစ်သည်။

ငါးပုတ်သင်ကြီးတွေ။

ဝမ့်ရင်းက ငါးတွေကို မြင်သည့်အခါ အတော်လေးကို ပျော်နေခဲ့သည်။ ငါးပုတ်သင်ကြီးတွေကို နောက်ပိုင်း တစ်ကောင်ကို ငါးပိုင်း ပိုင်းလို့ရပြီး နှစ်ပေါင်းများစွာ ငါးဖမ်းတာကို ပျောက်သွားစေခဲ့သည်။ အခုဆိုရင် ထိုငါးတွေကို အဆင့်မြင့် စီးပွားရေးအတွက် ထိုင်တဲ့ စားသောက်ဆိုင်တွေမှာသာ ရှားရှားပါးပါး တွေ့ရသည်။

ဝမ့်ရင်းသည် ထိုအချိန်မှာ ငါးပုတ်သင်ကြီး တစ်ကောင်ကို တွေ့သည့်အခါ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာခဲ့သည်။ သူမပိုင်တဲ့ ဝေစုကို ရောင်းခံလိုက်ရပြီ ဖြစ်သော်လည်း မှောင်ခိုစျေးထဲမှာ ရှိနေဆဲ ဖြစ်သည်။

မှောင်ခိုစျေးရဲ့ အထိန်းအချုပ်တွေဟာ တရုတ် နှစ်သစ်ကူး အချိန်အတွင်းမှာ အတော်လေးကို လျော့တိလျော့ရဲ ဖြစ်နေခဲ့သည်။ အထူးသဖြင့် ထိုအချိန်မှာ မှောင်ခိုစျေးကွက်ကို ကျေးလက်မှ မြို့ကို လျှော့စျေးဖြင့် ရောက်လာသည့် ပစ္စည်းတွေသာမက ခက်ခဲသည့် အချိန်တစ်ခု ရှိနေသည့် မိသားစုတွေက သူတို့ရဲ့ ငါးတွေကို ရောင်းချခဲ့သည်။

ဝမ့်ရင်းသည် ငါးဝယ်မည့် လူတွေကြားထဲ၌ ငါးကို ရောင်းဖို့ ကြိုးစားနေသည့် လူအနည်းငယ်ကို တွေ့သည့်အခါ အခွင့်အရေးကို ယူခဲ့ပြီး အောင်မြင်စွာဖြင့် ငါးပုတ်သင်ကြီး နှစ်ကောင်ကို ရလာခဲ့သည်။

လတ်ဆက်သည့် ငါးပုတ်သင်ကြီး နှစ်ကောင်ကို လုပ်ဖို့ အကောင်းဆုံး အရာကတော့ ကင်စားဖို့သာ ဖြစ်သည်။

ငါးပုတ်သင်ကို ချက်စားလို့ရသည့် နည်းလမ်းတွေက ထောင်ပေါင်းများစွာ ရှိနေခဲ့ပြီး အသုံးပြုရသည့် ဟင်းခတ် အမွှေးအကြိုင်တွေက စုံလင်သော်လည်း အရေးအကြီးဆုံး အရာကတော့ ဝက်ဆီကို သုံးရန် ဖြစ်သည်။

ဝက်ဆီကို ဒယ်အိုးထဲ ထည့်ပြီး မွှေးလာတဲ့အထိ အမွှေးအကြိုင်များဖြင့် ကြော်ခဲ့သည်။ ထို့နောက် လတ်ဆက်သည့် ငါးကို ထည့်ပြီး ကျက်လာတဲ့အထိ ချက်လိုက်သည်။ ဒါဟာ ဝက်ဆီကို လတ်ဆက်အောင် လုပ်ဖို့အတွက် အကောင်ဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ပြင်ဆင်ပြီးသွားသော ငါးကို ရွှေအိုရောင် ပြုတ်ရည်ဖြင့် ပြည့်အောင် နှစ်ထားခဲ့ပြီး တူဖြင့် တစ်ချက်လောက် ယူလိုက်ရုံဖြင့် ကြက်သွန်ဖြူအနံ့ မွှေးနေသည့် ငါးတစ်ပိုင်းကို အလွယ်တကူ ယူလို့ ရနိုင်သည်။ ငါးပြုတ်ရည်ကို ထမင်းပေါ် စမ်းပြီး အရသာပြည့်ပြီး စားချင်စရာကောင်းသည့် အနံ့ကို ပေးစွမ်းနိုင်သည်။

ဝမ့်ရင်းသည် သီအိုရီအရ ပါရမီပါပြီး အလုပ်ကနေ အိမ်ကို တစ်ဖြတ် ပြန်လာတဲ့ ရှုရွှမ်းကို ငါးဟင်းချက်ဖို့ လမ်းပြခဲ့သည်။ လွန်ခဲ့သော နှစ်တွေတုန်းက ရှုရွှမ်းသည် ဝမ့်ရင်းအတွက် ငါးကို ခနခန ချက်ပေးခဲ့သည့်အတွက် သူသည် ထိုအရာတွေ အားလုံးနှင့်တော့ တရင်းတနှီး မရှိနေခဲ့ပါ။

ဒါက ငါးကို ဝက်ဆီနဲ့ ချက်ရုံပဲ မဟကတ်ဘူးလား။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှ မှားနေတာမျိုးတွေ မရှိဘူးလေ။

ရှုရွှမ်းသည် မီးကိုညှိပြီး ငါးကို ချက်ကာ ဒီတစ်ခေါက်မှာတော့ အနံ့က အတော်လေးကို အံ့ဩဖို့ ကောင်းသည်။

မွှေးရနံ့က ဆယ်မိုင်လောက်အထိ ပြန့်သွားပြီး ဒါဟာ ကြောက်စရာကောင်းသည့် နည်းဗျူဟာသပ်သပ် မဟုတ်ပါ။ ခြံတစ်ခြံထဲရှိ မိသားစုများစွာကလည်း အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

လျှိုမိသားစုကလည်း အဆင်ပြေသည်။ သူတို့သည် သူတို့ရဲ့ စားစရာကို တိုးတက်အောင် လုပ်ဖို့အတွက် ဝက်ဆီကို အမြဲလိုလို စားလေ့ရှိကြသည်။ ထို့ကြောင့် သူတို့တွေက စားစရာ ပြတ်လပ်သွားခြင်း မရှိပါ။ သို့သော် ကလေးနှစ်ယောက်က သူတို့ရဲ့ စားပွဲခုံပေါ်ရှိ ဂေါ်ဖီဟင်းကို လှမ်းပြီး ကြည့်နေခဲ့ကာ သိပ်ပြီး မကျေနပ်နေခဲ့ပါ။

မျှမျှတတ ပြောရရင် ဝက်ဆီနှင့် ချက်ထားသော ဂေါ်ဖီဟင်းက ဟင်းကောင်းတစ်ခွက် ဖြစ်သော်လည်း အခြားအိမ်မှ ဟင်းပွဲတွေဟာ အရမ်း မွှေးနေတာ မြင်သည့်အခါ ဘယ်သူက အပြစ်မတင်ဘဲ နေနိုင်မှာလဲ။

အဒေါ်လျှိုက အနည်းငယ် ပင်ပန်းနေခဲ့သည်။ ချမ့်တုန်သည်လည်း အနောက်ခြံမှာ နေတုန်းက အမြဲ ချက်ပြုတ်လေ့ ရှိသော်လည်း အခုလိုမျိုးတော့ ဟုတ်မနေခဲ့ပါ။ ရှုရွှမ်း ပြောင်းလာပြီးကတည်းက သူတို့ရဲ့ မိသားစုသည် အရင်ကထက် အသားတွေ ပိုဝယ်ပြီး ပိုစားလာခဲ့ကြသည်။

ဒါက ဘာလို့လဲဆိုတော့ သူက လောဘစိတ်ကို မထိန်းနိုင်လို့။

ကလေးတွေကို မဆိုထားနှင့်၊ လူကြီးတွေကလည်း အတူတူပဲ ဖြစ်သည်။

တကယ်လို့ သူတို့က ပါဝင်ပစ္စည်းတွေကို အတူတူပဲ သုံးမယ်ဆိုရင်တောင် သူတို့က အဲ့ဒါကို အတော်လေး အရသာရှိအောင် ချက်နိုင်သည့်အတွက် အနံ့အရသာကို ကျေနပ်ပြီး ခြံထဲရှိ လူတိုင်းကို ထမင်း နောက်ထပ်တစ်ပန်းကန် ထပ်စားနိုင်အောင်တောင် လုပ်ပေးနိုင်သည်။

အဒေါ်ရှုသည် သူမက ဝမ့်ရင်းကို ယဥ်ယဥ်ကျေးကျေး မေးသင့်လားဟု စိုးရိမ်ကာ သိချင်နေခဲ့သည်။ သူမကိုယ်တိုင် ပါဝင်ဖို့ ပြောရန် မဖြစ်နိုင်သော်လည်း ထိုဟင်းပွဲ အနည်းငယ်ကို ဘယ်လို ပြင်ဆင်လို့ ရမလဲ ဆိုတာကို မေးဖို့ကတော့ ဖြစ်ကောင်း ဖြစ်နိုင်သည်။

All Chapters