← Chapters

မမျှော်လင့်ဘဲ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များ

Vol. 42 Ch. 620

မမျှော်လင့်ဘဲ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များ

Vol. 42 Ch. 620

“ဒီနေရာက ဖုန်း‌ရွှေကောင်းတဲ့နေရာ မဟုတ်သလို မျိုးဆက်မရှိဘဲ သေဆုံးရမယ့်နေရာလည်း မဟုတ်ဘူး။ ဒါတွေအားလုံးက ငါနဲ့ ချင်းအာကို ဒီနေရာအထိ ခေါ်လာနိုင်ဖို့ မင်း သွေးဆောင်ခဲ့တဲ့ ဆင်ခြေတွေသက်သက်ပဲ"

ရှောင်းကျဲယွိက ကုန်းမြင့်ပေါ်မှ ခုန်ဆင်းရင်း တာအိုကျင့်ကြံသူ၏ရှေ့သို့ ရောက်လာကာ တင်းမာသော အမူအရာဖြင့် လှမ်းပြောလိုက်သည်။

“ပြောစမ်း၊ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ?"

“ဒီအညတရကျင့်ကြံသူက ဧကရာဇ်မင်းမြတ် ဘာတွေပြောနေမှန်း မသိပါဘူး”

တာအိုကျင့်ကြံသူက ခေါင်းမာနေဆဲဖြစ်ပြီး ရှောင်းကျဲယွိ သူ့ကို ထုတ်ဖော်လိုက်သည့်တိုင် မသိဟန်ဆောင်နေသေးသည်။

စူးချင်းက လူတိုင်းကို မီတာတစ်ရာအကွာလောက်အထိ ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမက တာအိုကျင့်ကြံသူအား တွင်းတူးရမည့်နေရာဆီသို့ ဆွဲခေါ်သွားသည်။ သူမက သူ့၏အပ်စိုက်မှတ်များကို ပြန်ဖွင့်ပေးလိုက်ပြီး အေးစက်စက် အမိန့်ပေးလိုက်သည်။

"တူးစမ်း"

တာအိုကျင့်ကြံသူ၏မျက်နှာက လူသေ၏မျက်နှာကဲ့သို့ ဖြူဖျော့သွားပြီး သူက ခေါင်းခါခါ ခြေခါခါ ငြင်းဆန်နေသည်။

“ကျွန်တော်မျိုးက ထုံးတမ်းစဉ်လာတွေကိုပဲ လုပ်နိုင်တာပါ၊ တွင်းတူးဖို့ ခွန်အား မရှိပါဘူး”

“....”

စူးချင်း၏ အမူအရာက ရေခဲကဲ့သို့ အေးစက်နေပြီး သူမ၏ဓားပျော့ကို ဆွဲထုတ်ကာ ထိုတာအိုကျင့်ကြံသူ၏ခြေထောက်ကို ဓားဖြင့် လှမ်းထိုးလိုက်သည်။ ဓါးက အရိုးအထိ စိုက်ဝင်လာပြီး သွေးများ ဖြာထွက်လာသည်။ တာအိုကျင့်ကြံသူက နာကျင်ကြီးစွာ အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

“မင်း မတူးရင် ဒီနေ့ မင်းကို ဓားနဲ့ ဖြည်းဖြည်းချင်း မွှန်းပြီးမှ သတ်ပစ်မယ်”

စူးချင်းက နာကျင်စွာ အော်ဟစ်နေသည့် တာအိုကျင့်ကြံသူရှေ့တွင် အေးစက်မှုအပြည့်ဖြင့် မတ်မတ်ရပ်နေသည်။ သူမ၏လက်ထဲမှ ဓားပျော့ကလည်း တာအိုကျင့်ကြံသူ၏ နှာခေါင်းကို ချိန်ရွယ်ထားသည်။ သူမ၏ အေးစက်သောအသံက သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်လာပြီး ကျောချမ်းစရာဖြစ်နေခဲ့သည်။

"ငါ မတူးဘူး၊ ငါ တူးလို့ မဖြစ်ဘူး"

တာအိုကျင့်ကြံသူက မြေပြင်ပေါ်တွင် လူးလှိမ့်ရင်း ငြင်းဆန်နေဆဲဖြစ်သည်။ ထိုအခိုက်အတန့်တွင် စူးချင်းက တောထဲမှ သတ်ဖြတ်ချင်စိတ်တချို့ကို ခံစားလိုက်ရသည်။ တပြိုင်တည်းမှာပင် တစ်စုံတစ်ယောက်က သူမတို့ဆီသို့ အနက်ရောင်အရာဝတ္ထုတစ်ခု လှမ်းပစ်လိုက်သည်။ သတိအပြည့်ဖြင့် စောင့်ကြပ်နေသော သက်တော်စောင့်နှစ်ယောက်က ချက်ချင်း ပြေးတက်လာပြီး ထိုအနက်ရောင်အရာဝတ္ထုကို ပြန်ကန်ထုတ်လိုက်သည်။ ထိုအနက်ရောင်အရာဝတ္ထုက တောထဲသို့ ပြန်ဝင်သွားပြီး အောက်သို့ ပြုတ်ကျသွားသည်နှင့် ပေါက်ကွဲသွားကာ ခြုံခိုစောင့်ဆိုင်းနေသော လူသတ်သမားတချို့ လွင့်စင်ထွက်လာသည်။

ပေါက်ကွဲသံကြားသည်နှင့်တပြိုင်နက် တောင်ခြေတွင် ရှိနေသည့် ချန်ယွိကလည်း ရှောင်းမိသားစုစစ်တပ်ကို ဦးဆောင်ပြီး တောင်ပေါ်သို့ အပြေးအလွှား တက်လာခဲ့သည်။ စစ်သည်များက တောထဲတွင် ခြုံခိုနေသော လူသတ်သမားများကို ရှင်းလင်းရန် လူခွဲလိုက်ကြသည်။

လူသတ်သမားအချို့က ဖောက်ခွဲရေးပစ္စည်းများဖြင့် ထပ်မံပစ်ပေါက်ခဲ့သော်လည်း စစ်သည်များက ထိုဖောက်ခွဲရေးပစ္စည်းများကို သူတို့၏ဒိုင်းများဖြင့် ကာထားကာ လမ်းကြောင်းပြောင်းပေးခဲ့ကြသည်။ ရှောင်းမိသားစုစစ်တပ်မှ လူအရေအတွက်က များပြားလွန်းပြီး လူသတ်သမားများထက် အင်အားပိုများသည်။ ထို့ကြောင့် ရှောင်းမိသားစုစစ်သည်များက လူသတ်သမားများကို အလျင်အမြန် သုတ်သင်ရှင်းလင်းခဲ့ပြီး အချို့မှာ အဖမ်းခံလိုက်ရသည်။ အချို့ကတော့ သတ်ဖြတ်ခံလိုက်ရသည်။

စူးချင်းက တာအိုကျင့်ကြံသူ တွင်းတူးခိုင်းခဲ့သည့် နေရာသို့ လက်ပစ်ဗုံးတစ်လုံး ပစ်ချလိုက်သည်။ ထိုနေရာမှ မြေပြင်က တုန်ခါလာပြီး နားကွဲလုမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

တာအိုကျင့်ကြံသူ၏ မျက်နှာက လုံးဝဖြူဖျော့သွားပြီး သူ့ကိုယ်သူ မဖုံးကွယ်နိုင်တော့မှန်း နားလည် သွားခဲ့သည်။ သူက ရုတ်တရက် ထူးဆန်းသော အမူအရာဖြင့် သူ့ခေါင်းကို ငုံချလိုက်သည်။ စူးချင်းက သူ့ကို တားရန် ပြေးသွားလိုက်သော်လည်း သူမ ခြေလှမ်း နောက်ကျနေပြီ ဖြစ်သည်။ ထိုလူက လည်ပင်း ကျိုးကာ သေဆုံးနေပြီ ဖြစ်သည်။

ထိုတာအိုကျင့်ကြံသူ ဤမျှရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြင့် သူ့ကိုယ်သူ သတ်သေသွားမည်ဟု ရှောင်းကျဲယွိ မမျှော်လင့်ထားခဲ့ပေ။ စူးချင်းက ထိုတာအိုကျင့်ကြံသူ၏ ပါးစပ်ထဲမှ အဆိပ်ကို ဖယ်ထုတ်ရန် သက်တော်စောင့်များအား အမိန့်ပေးထားပြီး ဖြစ်သောကြောင့် ထိူလူ သူ့ကိုယ်သူ သတ်သေရန် မဖြစ်နိုင် ထင်ထားခဲ့ကြသည်။ ထို့ကြောင့်လည်း မည်သူကမျှ ထိုတာအိုကျင့်ကြံသူအား ဂရုမစိုက်ခဲ့ခြင်းပင်။ ယခု လူသေသွားပြီဖြစ်သောကြောင့် သူ့ကို စစ်ဆေးမေးမြန်းရန် နည်းလမ်းလည်း မရှိတော့ပေ။ နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာမတွေ့သောကြောင့် သူတို့၏ ကြိုးစားအားထုတ်မှုများအားလုံး အချည်းနှီး ဖြစ်သွားရသည်။

တာအိုကျင့်ကြံသူ သေဆုံးသွားပြီး သူတို့ဖမ်းမိထားသည့် လုပ်ကြံသတ်ဖြတ်သူများကို စစ်ဆေးမေးမြန်းသည့်တိုင် ဘာမှ အသုံးမဝင်တော့ပေ။ ထိုလုပ်ကြံသတ်ဖြတ်သူအားလုံးက တာအိုကျင့်ကြံသူ၏ ကွပ်ကဲမှုအောက်တွင်သာ ရှိနေကြသည်။ တာအိုကျင့်ကြံသူက မည်သူ၏ကွပ်ကဲမှုအောက်တွင် ရှိနေမှန်း သူတို့လည်း မသိကြပေ။

စူးချင်းက စစ်ကြောရေးနည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်။ သို့သော် သူတို့အားလုံး ဘာမှ မသိကြောင်း ထင်ရှားနေပြီး အားလုံး၏ထွက်ဆိုချက်များက အတူတူသာ ဖြစ်သည်။

ထိုလုပ်ကြံသတ်ဖြတ်မှုက သူတို့၏ သင်္ချိုင်းရွှေ့ပြောင်းမည့်အစီအစဥ်ကို ရှုပ်ထွေးစေခဲ့သည်။ ယခုအချိန်တွင် သူတို့က သူတို့မွေးစားအမေနှင့် မွေးစားအဖေတို့၏ ရုပ်ကြွင်းများကို တူးယူလာသောကြောင့် ပြန်သွားထားရန်လည်း မဖြစ်နိုင်တော့ပေ။ တစ်ခုတည်းသော ‌ရွေးချယ်စရာက ထိုရုပ်ကြွင်းများအား သင်္ဂြိုဟ်ရန် သင့်တော်မည့်နေရာအား ဤတောင်ပေါ်တွင် ရှာဖွေရန်သာ ဖြစ်နေတော့သည်။

ရှောင်းကျဲယွိက သူ ယခင်က ဖတ်ခဲ့ဖူးသော ဖုန်း‌ရွှေစာအုပ်များမှ အကြံပြုချက်များအတိုင်း ရတနာမြေတစ်ခု ရှာဖွေရန် စူးချင်း၏ မှန်ပြောင်းကို ယူကာ တောင်ထိပ်သို့ ပြန်တက်လာခဲ့သည်။

တိမ်များနှင့် မြူခိုးများ ဖုံးလွှမ်းနေသည့်နေရာတစ်ခုကို မြင်လိုက်ရချိန်တွင် ရှောင်းကျဲယွိက ထိုနေရာကို ဂရုတစိုက် လေ့လာကြည့်နေသည်။ တောင်ထိပ်မှ ကြည့်လျှင် ထိုနေရာ၏မြေမျက်နှာသွင်ပြင်က ဧရာမရွှေတုံးကြီးတစ်ခုနှင့်တူနေပြီး ကောင်းချီးမင်္ဂလာရှိသော ရတနာမြေတစ်ခု ဖြစ်ပုံရသည်။ မိဘများအား ဤနေရာတွင် သင်္ဂြိုဟ်ခြင်းဖြင့် သူတို့၏သားစဉ်မြေးဆက်များအားလုံး မည်သည့်အခါမျှ ငွေကြေးချို့တဲ့တော့မည် မဟုတ်ပေ။

နေရာကောင်းကို ရွေးချယ်ပြီးနောက် ရှောင်းကျဲယွိနှင့် ကျုံးယုံတို့က သူတို့၏ အဖေနှင့် အမေကို ထိုနေရာ၌ မြှုပ်နှံရန် ဆုံးဖြတ်လိုက်ကြသည်။

စူးချင်းက စနစ်ထဲမှ ရတနာအချို့ကို ထုတ်ယူပြီး သင်္ချိုင်းပစ္စည်းများအဖြစ် အသုံးပြုခဲ့သည်။ ရှေးလူကြီးများက ဤအရာကို အထူးတန်ဖိုးထားကြသည်။ သူတို့အတွက် သင်္ချိုင်းပစ္စည်းများ ရှိနေလျှင် သူတို့ မြေအောက်ကမ္ဘာ၌ မပြည့်မစုံနေရမည် မဟုတ်ဘဲ သူတို့၏လမ်းကိုပင် ငွေဖြင့် ဝယ်နိုင်သည်ဟု ယုံကြည်ကြသည်။

ကျုံးယုံဖခင်၏ရုပ်ကြွင်းများက ပြန်ပေါင်းစည်းရန် လိုအပ်နေသေးသည်။ ရှောင်းကျဲယွိက သူ့မွေးစားဖခင်၏ အရိုးများကို ပြန်ဆက်ရန် သူ ကိုယ်တိုင် ကြိုးစားလုပ်ဆောင်နေပြီး ကျိုးသွားသော လည်ပင်းနှင့် လက်မောင်းစသည့် အစိတ်အပိုင်းများအားလုံးကို စူးချင်း ပြုလုပ်ထားသော ကော်များ လိမ်းကျံကာ ပြန်ဆက်ပေးနေခဲ့သည်။ ကျုံးယုံက သူ့ပါးစပ်ကို အကျယ်ကြီး ဖွင့်ကာ အော်ငိုနေပြီး မြေပြင်ပေါ်တွင် ဒူးထောက်လျှက် အကြိမ်ကြိမ်ဦးတိုက်အရိုအသေပေးနေခဲ့သည်။ ဖခင်ဖြစ်သူ၏ ကြေကွဲဖွယ်သေခြင်းတရားက သူ့နှလုံးသားကို ဓားဖြင့် အကြိမ်ကြိမ် ထိုးနှက်နေသလို ခံစားရစေသည်။

ရုပ်ကြွင်းများကို ကောင်းမွန်စွာ မြှုပ်နှံပြီးနောက် အုတ်ဂူဖောက်သူများ၏ ဘေးရန်မှ ကာကွယ်ရန် ရှောင်းကျဲယွိက ထိုအုတ်ဂူပတ်လည်၌ ဆန်းကြယ်သော ဝင်္ကဘာအခင်းအကျင်းတစ်ခု တည်ဆောက်ခဲ့သည်။ သာမန်အုတ်ဂူဖောက်သူများ ဝင်လာလျှင်ပင် သင်္ချိုင်း၏တည်နေရာကို ရှာမတွေ့ဘဲ လမ်းပျောက်ဆုံးနေမည် ဖြစ်သည်။

လုရှန်းခရိုင်၏ စန်းမာတောင်တန်းမှ ပြန်ထွက်ခွာလာပြီးနောက် ရှောင်းကျဲယွိက ကျုံးယုံနှင့် ကျန်းယွိရန်တို့ကို မော့ချန်သို့ ပြန်ခေါ်သွားပေးရန် ချန်ယွိအား ညွှန်ကြားလိုက်သည်။ သူတို့က သူတို့၏ သက်တော်စောင့်များကို ခေါ်ဆောင်ကာ တာ့ထန်ပြည်ဆီသို့ ဦးတည်လိုက်ကြသည်။

လုရှန်းခရိုင်က တာ့ထန်နှင့် အလွန်နီးကပ်နေပြီး ဟာဆာပြည်ထောင်၏ တစ်ဖက်တွင် တည်ရှိသည်။ ယခင်ကဆိုလျှင် ထိုနေရာကို ဖြတ်ကျော်ရန် ခက်ခဲသော်လည်း ယခုအချိန်တွင် ဟာဆာပြည်က ဖျက်ဆီးခံခဲ့ရပြီးဖြစ်သည်။ ဟာဆာပြည်ထောင်၏နယ်မြေများကိုလည်း တာ့ထန်ပြည်ထောင်က သိမ်းပိုက်ထားခဲ့သည်။

စူးချင်းနှင့် ‌ရှောင်းကျဲယွိတို့က ကုန်သည်များအဖြစ် အယောင်ဆောင်ထားပြီး ကုန်လှည်းတန်းများအဖြစ် အသွင်ယူထားဆဲဖြစ်သည်။ တာ့ထန်အင်ပါယာနှင့် တာ့ထန်ပြန်ထောင်တို့တွင် ခင်မင်ရင်းနှီးသော ဆက်ဆံရေးရှိနေပြီး သူတို့ ဖြတ်သန်းခဲ့သော မြို့များအားလုံး၌ အခက်အခဲတစ်စုံတရာ မတွေ့ခဲ့ရပေ။ သူတို့ အမြဲတမ်းလိုလို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ခဲ့ကြသည်။

တိုင်းပြည်နှစ်ခုကြားတွင် ထိမ်းမြားလက်ထပ်ပွဲဖြင့် ဆက်နွယ်မှု ရှိနေပြီး တာ့ထန်အင်ပါယာ၏ဧကရာဇ်မင်းနှင့် တာ့ထန်ပြည်ထောင်၏အိမ်ရှေ့မင်းသားတို့က ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားကြသည်။ ထို့ကြောင့် ဟန်လူမျိုးများကလည်း တာတာ့လူမျိုးများကို ဖော်ဖော်‌ရွှေရွှေ ဆက်ဆံခဲ့ကြသည်။

အပြန်အလှန်အားဖြင့် ရှောင်းကျဲယွိနှင့် စူးချင်းတို့လည်း လမ်းတစ်လျှောက်လုံး တာတာ့လူမျိုးများ၏ စိတ်အားထက်သန်မှုကို ခံစားခဲ့ရသည်။ သူတို့ စားသောက်ဆိုင်၌ စားသောက်သည့်အခါ ဆိုင်ရှင်များက သူတို့ကို ဟင်းနှစ်ခွက်လောက် အပိုပေးလေ့ရှိကြသည်။ ညဘက် တည်းခိုချိန်တွင်လည်း တည်းခိုခန်းပိုင်ရှင်များက သူတို့ကို အကောင်းဆုံးအခန်းများကို ပေးကြပြီး ရေနွေးပူပူများကိုပင် ကိုယ်တိုင်လာပို့ပေးလေ့ရှိကြသည်။

ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာသူများက တောင်တန်းပြာတွေ့ဆုံပွဲကဲ့သို့သော မီးပုံပွဲများကို မကြာခဏ ကျင်းပလေ့ရှိကြသည်။ အမျိုးသား၊ အမျိုးသမီးများသာမက အရွယ်မရောက်သေးသည့် ကလေးများကလည်း ပျော်ပျော်ရွှင်ရွှင် ကပြဖျော်ဖြေနေကြပြီး တက်တ်ကြွကြွ သီဆိုဟစ်ကြွေးနေကြသည်။

ညစာစားပြီးနောက် ရှောင်းကျဲယွိနှင့် စူးချင်းတို့နှစ်ယောက်သား ဖျော်ဖြေပွဲကြည့်ရန် ထွက်လာခဲ့ကြသည်။ စူးချင်းက ရှောင်းကျဲယွိကို အကြံပြုလိုက်သည်။

“မျိုးနွယ်စုတွေအားလုံးက သီဆိုကခုန်တဲ့နေရာမှာ အရမ်းတော်ကြတယ်။ ကျွန်မတို့ ဟန်လူမျိုးတွေကတော့ အဲ့လိုမကခုန်နိုင်ကြဘူး”

“အဲလိုတော့ မဟုတ်ပါဘူး။ ကိုယ်တို့ရဲ့ကပြဖျော်ဖြေမှုက အနုပညာကို အသားပေးပြီး သူတို့ရဲ့အကက ပျော်ရွှင်မှုကို ဦးစားပေးတာပါ”

ရှောင်းကျဲယွိက ခေါင်းခါလိုက်သည်။

သူတို့တိုင်းပြည်က အဆင့်အတန်းရှိတဲ့မိသားစုကြီးတွေက သမီးပျိုလေးတွေလည်း လှလှပပ ကနိုင်ကြတာပါပဲ။ ဒါပေမယ့် သူမတို့က ယဥ်ကျေးသိမ်မွေ့ပြီး အဆင့်အတန်းမြင့်တဲ့ အနုပညာကို ပုံဖော်ကြတယ်။ ဒီလို လူနည်းစုဖြစ်တဲ့ မျိုးနွယ်စုတွေရဲ့ အကကတော့ အထိန်းအကွပ်မဲ့ပြီး ပျော်ရွှင်မှုကို ပိုဦးစားပေးတယ်။ သူအနေနဲ့ ပြောရရင်တော့ အနုပညာရဲ့ဝိဉာဏ်မရှိဘူး။

“အင်း”

စူးချင်းကတော့ အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

သူမကတော့ ဒီလိုအကမျိုးကို ပိုကြိုက်တယ်။ ကခုန်နေတဲ့အချိန်ဆိုရင် သူမရဲ့ဒုက္ခတွေ၊ စိုးရိမ်ပူပန်မှုတွေအားလုံး ဘာမှ မရှိတော့ဘဲ ပျော်ရွှင်မှုကိုပဲ ခံစားရမယ်လို့ သူမ တွေးနေမိတယ်။

သူတို့နှစ်ယောက် ခဏတာ စောင့်ကြည့်နေခဲ့ကြပြီး ဧည့်ဝတ်ကျေပွန်သော မိန်းမပျိုလေးများနှင့် ယောက်ျားပျိုလေးများက သူတို့ကို အတူကခုန်ရန် ဆွဲခေါ်သွားကြသည်။ စူးချင်းက သူမနှင့် တစ်သားတည်းဖြစ်အောင် အချိန်အနည်းငယ်မျှသာ သင်ယူလိုက်ပြီး အလျှင်အမြန် ကခုန်နိုင်လာခဲ့သည်။ ရှောင်းကျဲယွိကတော့ သူမထက်ပင် ပိုအတတ်မြန်နေသေးသည်။ နှစ်ယောက်သား ချွေးများ တသီတကြီး စီးကျလာသည်အထိ ကခုန်နေကြပြီး အမှန်တကယ် ပျော်ရွှင်နေကြသည်။

"ရွှေ့ရှန့်၊ ကျွန်မတို့ တိုင်းပြည်က လူတွေအတွက်လည်း စားစရာနဲ့ အဝတ်အထည်ပြဿနာကို ဖြေရှင်းပြီးနေပြီ။ သူတို့ကို ဒီတာတာလူမျိုးတွေလို ပျော်ပျော်ရွှင်ရွှင် နေထိုင်ခွင့် မပေးသင့်ဖူးလား?”

စူးချင်းက ကခုန်ပြီးနောက် စိတ်အေးလက်အေး ဖြစ်သွားသလို ခံစားနေရသည်။ သူမက ထိုခံစားချက်ကို အလွန်နှစ်သက်နေပြီး ဟန်လူမျိူးများကိုလည်း တာတာလူမျိုးများကဲ့သို့ ပေါ့ပေါ့ပါးပါး ရှိစေချင်ပြီး စိတ်အေးလက်အေးနှင့် ဖိအားကင်းသောဘဝဖြင့် နေထိုင်စေလိုသည်။

“အင်း၊ ကိုယ်တို့ ပြန်ရောက်တဲ့အခါ ပွဲတော်တချို့ ကျင်းပပေးဖို့ ထုံးတမ်းရေးရာဌာနကို ကိုယ် ညွှန်ကြားလိုက်ယ်။ အဲ့အချိန်ရောက်ရင် တိုင်းပြည်တစ်ဝှမ်းလုံးမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြမယ်။ အကနဲ့ သီချင်းဆိုပြိုင်ပွဲတွေလည်း ကျင်းပပေးမယ်။ ဒါဆို ပိုပြီးအသက်ဝင်လာလိမ့်မယ်"

စူးချင်း၏စကားကြောင့် ရှောင်းကျဲယွိက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

သူရဲ့ချင်းအာကတော့ သူနဲ့အမြဲ အတွေးတူနေတာပဲ။ သူ့စိတ်မှာလည်း အဲ့လိုအတွေးမျိုး ရှိပြီး အစီအစဉ်တွေ ချမှတ်ထားပြီးပြီ။

“ကောင်းတယ်”

ရှောင်းကျဲယွိ၏အကြံဥာဏ်က ကောင်းမွန်လွန်းသည်ဟု စူးချင်း ခံစားလိုက်ရသည်။

သူမ ရွေးလိုက်တဲ့ နာမည်က မဆိုးဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်။ ထန်မင်းဆက်ဆိုတဲ့ နာမည်ကိုက ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာတဲ့ ခေတ်ကာလလို့ ဆိုနိုင်တယ်။

အခု သူမ ရုတ်တရက် အိပ်မက်ထဲကို ရောက်နေတာလား? ဒါတွေအားလုံးက သူမ ထင်ယောင်ထင်မှား ဖြစ်နေတာလားလို့တောင် သူမ တွေးနေမိတယ်။

ဒါပေမယ့် သူမရဲ့ဝိညာဉ်သည် တာ့ထန်အင်ပါယာဆီ ပျံ့လွင့်လာပြီး ပင်လယ်လေးခုကို အုပ်စိုးနိုင်တဲ့ အကြီးဆုံးအင်ပါယာကြီး ဖြစ်ပေါ်လာတာကို တစ်ဆင့်ပြီး တစ်ဆင့် ကြည့်ခွင့်ရခဲ့တယ်။

စူးချင်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူမ၏ အမူအရာက ပိုလေးနက်လာသည်ကို ရှောင်းကျဲယွိက သတိပြုမိသွားသည်။ သူက သူမ အတွေးထဲနစ်ဝင်သွားမှန်း ချက်ချင်း ရိပ်မိသွားခဲ့သည်။ သူက စူးချင်း၏မျက်လုံးရှေ့သို့ လက်ဝှေ့ယမ်းရင်း သူမကို မေးလိုက်သည်။

"မင်း ဘာတွေ တွေးနေတာလဲ?"

“အား”

စူးချင်းက ရုတ်တရက် သူ့လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး ဆွဲလိမ်လိုက်သည်။ သူမ၏ ခွန်အားကြောင့် ရှောင်းကျဲယွိတစ်ယောက် နာကျင်စွာ အော်ညည်းလိုက်ရသည်။

သူ နာသွားတယ်ဆိုတော့ ဒါက အိပ်မက်မဟုတ်ဘူး!

ထိုအချိန်မှသာ စူးချင်းက သူမ ထင်ယောင်ထင်မှား ဖြစ်နေခြင်းမဟုတ်ကြောင်း သေချာသွားခဲ့သည်။ သို့သော်လည်း သူမ ရင်းနှီးသောပုံရိပ်တစ်ခုကို လှမ်းတွေ့လိုက်ရသည်။

All Chapters