← Chapters

လက်နက်ချရန် ဆွဲဆောင်ခြင်း

Vol. 42 Ch. 623

လက်နက်ချရန် ဆွဲဆောင်ခြင်း

Vol. 42 Ch. 623

"ရှောင်းကျဲယွိ၊ အခု ချက်ချင်း ထွက်လာခဲ့စမ်း၊ သူရဲဘောကြောင်ပြီး အထဲမှာ ပုန်းမနေနဲ့”

ယဲ့လွီချွမ်းက လှံရှည်ကို ကိုင်ထားရင်း တဲနန်းဘက်သို့ လှမ်းအော်လိုက်သည်။ သူ့မျက်လုံးများက ထူးထူးခြားခြား နီရဲနေပြီး သူ့အော်သံက အက်ရှရှဖြစ်နေသည်။ သူက ယခင်နှင့် လုံးဝမတူတော့‌ပေ။ ယခင်က တည်ငြိမ်ပြီး ခေါင်းဆောင်နိုင်စွမ်းရှိသူ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် သူက မဆင်မခြင်ဖြစ်လာပြီး ရုတ်ရင်းကြမ်းကြုတ်လာခဲ့သည်။

ရှောင်းကျဲယွိ တဲနန်းထဲမှ ထွက်လာသည်နှင့် ယဲ့ယွီချွမ်းက သူ့လူများကို မြှားများ စပစ်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သူက ကိုယ်ကျင့်တရားကိုပင် လုံးဝ ဂရုမစိုက်တော့ဘဲ လက်ဦးမှုရရန် စတင်တိုက်ခိုက်သေခြင်း ဖြစ်သည်။

ရှောင်းကျဲယွိ၏သက်တော်စောင့်များက ထိုမြှားများကို ရိုက်ဖယ်ရန် သူတို့၏ ဓါးများကို ဆွဲထုတ်လိုက်ပြီး ရှောင်းကျဲယွိကို ကာကွယ်ကာတဲနန်းဘက် ပြန်ဆုတ်သွားကြသည်။ ယဲ့လွီချွမ်းက လုံးဝ ရူးသွပ်သွားဟန်ဖြင့် တဲနန်းကြီးကို မီးရှို့ရန် သူ့စစ်သည်များကို အမိန့်ပေးလိုက်သည်။

“သူတို့ကို မီးရှို့၊ အခုချက်ချင်း မီးရှို့ကြစမ်း”

ယဲ့လွီချွမ်းက သူ့လည်ပင်းကို လင်းယုန်ငှက်၏လည်ပင်းကဲ့သို့ ဆန့်ထုတ်လိုက်ရင်း သူ့စစ်သည်များကို အော်ဟစ်အမိန့်ပေးနေသည်။

ယဲ့လွီချွမ်း၏အမိန့်ကို ကြားလိုက်ရသည့် တာတာစစ်သည်များကလည်း အလွန်အမင်း အံ့အားသင့်သွားကြသည်။ တာ့ထန်လူမျိုးများ၏ မိဘအပေါ် ရိုသေလေးစားမှုက လူသိများလှသည်။ သူတို့က သူတို့၏မိဘများကို မိုးကောင်းကင်သဖွယ် မှတ်ယူကြပြီး အလွန်လေးစားကြသည်။ ထို့အပြင် ယခုလက်ရှိအခြေအနေ၌ တဲနန်းကြီးထဲမှ ပုဂ္ဂိုလ်မှာ ဧကရာဇ်ဖြစ်သည်။ သူတို့အနေဖြင့် ဧကရာဇ်နှင့် ကြင်ယာတော်ကို မီးရှို့သတ်ရန် မည်သို့မျှမဖြစ်နိုင်ပေ။ ဤသည်မှာ မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရခြင်းဆီသို့ ဦးတည်သွားစေနိုင်သည့် ရာဇ၀တ်မှုကြီးတစ်ခု ဖြစ်သည်။

ထို့ကြောင့် မည်သူမျှ မလှုပ်ရဲကြပေ။ သူ သူ့လူများအား အမိန့်မပေးနိုင်တော့သည့် မြင်လိုက်ရချိန်တွင် ယဲ့လွီချွမ်းက သူ့ဓားကို ဆွဲထုတ်လိုက်ပြီး သူ့သက်တော်စောင့်နှစ်ယောက်ကို ခုတ်သတ်လိုက်သည်။ ထို့နောက် သူက သူ့လူများကို စိုက်ကြည့်ကာ တင်းမာသောလေသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။

“အမိန့်ကို မနာခံရင် ဒီနေမှာပဲ ကွပ်မျက်ခံရမယ်”

ရှောင်းကျဲယွိကလည်း အပြင်ဘက်မှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ဧကရာဇ်အိုကြီး ပြောတာ မှန်တယ်၊ ယဲ့လွီချွမ်းက လုံးဝ ထူးဆန်းနေတယ်။

"ဒိုင်းကာတွေ လိုချင်တယ်"

ရှောင်းကျဲယွိက ငြိမ်ငြိမ်လေးနေရင်း သေခြင်းတရားကို ထိုင်စောင့်နေမည့်သူ မဟုတ်ပေ။ ယဲ့လွီချွမ်းက တဲနန်းကြီးကို မီးရှို့ရန် တပ်ဖွဲ့များ စေလွှတ်မည်ကို သူ ထိုင်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် ရှောင်းကျဲယွိက ဧကရာဇ်အိုကြီးထံမှ ဒိုင်းကာများ လှမ်းတောင်းလိုက်သည်။

ဧကရာဇ်အိုကြီးကလည်း အလွန်အမင်း ရင်နာနေပုံရပြီး ဒေါသလည်း ထွက်နေပုံရသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး ရှောင်းကျဲယွိ၏ စကားကို ကြားလိုက်ရချိန်တွင် သူက သူ့သက်တော်စောင့်ကို လက်ဟန်ပြလိုက်သည်။ ဧကရာဇ်အိုကြီးက အလွန်ဒေါသထွက်နေပြီး စကားပင် မပြောနိုင်ဖြစ်နေကာ တခဏအတွင်းမှာပင် ဆယ်နှစ်ကျော်လောက် ပိုအိုဇာသွားပုံရသည်။

သက်တော်စောင့်များက ဒိုင်းငါးခု ယူလာပေးသည်။ ထိုအရာက ဤတဲနန်းထဲတွင် ရှိနေသည့်ဒိုင်ကာအကုန် ဖြစ်သည်။ သူတို့အားလုံးကလည်း ဧကရာဇ်အိုကြီးအတွက် စိတ်မကောင်းဖြစ်နေကြသည်။

ဘာတွေဖြစ်နေတာလဲ? ဘာလို့ မင်းသားတိုင်းက ပုန်ကန်ချင်နေကြတာလဲ? ပြီးတော့ တစ်ယောက်ချင်းစီက အရင်လူထက်ပိုပြီး ရက်စက်လာတယ်။

အပြင်ဘက်မှ မြှားများ ပြေးဝင်လာချိန်တွင် ရှောင်းကျဲယွိက သူ့လူများအား ဒိုင်းကာများ ယူစေကာ ထိုမြှားများကို ပိတ်ဆို့ခိုင်းလိုက်သည်။ ထို့ကြောင့် ယဲ့လွီချွမ်း၏လူများ တဲနန်းကို မီးရှို့ရန် အခွင့်မသာ ဖြစ်နေခဲ့သည်။

ဧကရာဇ်အိုကြီးကလည်း သူ့၏သက်တော်စောင့်များအား ရှောင်းကျဲယွိ၏အမိန့်ကို နာခံရန် လက်ဟန်ပြလိုက်သည်။

“သူ့အမိန့်ကို နာခံကြ”

ယဲ့လွီချွမ်းက သူ့ဘက်မှ စစ်သည်ငါးဦးကို ဆက်တိုက်သတ်ပြီးနေပြီ ဖြစ်သည်။ စစ်သည်အချို့က ယဲ့လွီချွမ်းကို အလွန်ကြောက်လန့်နေကြပြီး ထင်ရှူးဆီ၊ ထင်းများနှင့် မီးတိုင်များ ယူဆောင်လာပြီး တဲနန်းကြီးကို မီးရှို့ရန် ကြိုးစားနေကြသည်။

ရှောင်းကျဲယွိက သူ့လူများကို ဦးဆောင်ပြီး တိုက်ခိုက်ရန် အပြင်ထွက်လာပြန်သည်။ ရှောင်းကျဲယွိ၏ သက်တော်စောင့်များက ဒိုင်းများကို ကိုင်ကာ စနစ်တကျကာကွယ်နေကြပြီး မိုးရွာသလို ကျဆင်းနေသည့်မြှားမိုးကို တားဆီး ကာကွယ်ထားကြသည်။ ရှောင်းကျဲယွိကတော့ သူ့လေးကို ဆွဲထုတ်ကာ ယဲ့လွီချွမ်ဆီသို့ ပစ်ခတ်လိုက်သည်။

သို့သော် ရှောင်းကျဲယွိက သူတို့၏အတိတ်မှ ခင်မင်ရင်းနှီးမှုကို ပြန်စဥ်းစားပေးခဲ့ပြီး ယဲ့လွီချွမ်းကို မသတ်ရန် ဆုံးဖြတ်လိုက်သည်။ သူက သတိပေးသည့်အနေဖြင့် ယဲ့လွီချွမ်း၏ဦးထုပ်ကို လှမ်းပစ်လိုက်ပြီး ဦးထုပ်ကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေခဲ့သည်။

ယဲ့လွီချွမ်းက သူ့ခေါင်းကို အုပ်ကာ မြင်းပေါ်မှ ခုန်ချသွားသည်။ သူက သူ့ကို ကာကွယ်ပေးရန် ဒိုင်းများ ယူဆောင်လာဖို့ သူ့စစ်သည်များကို အမိန့်ပေးလိုက်သည်။ ထို့နောက် သူက သူ့အဆုတ်ထိပ်မှ အော်သံဖြင့် သူ့လူများကို အော်ဟစ်နေကာ တဲနန်းကြီးကို မီးရှို့ရန် အမိန့်ပေးနေပြန်သည်။

ရှောင်းကျဲယွိက ယဲ့လွီချွမ်း၏စစ်တပ်နောက်၌ ရထားလုံးတစ်စင်း ရှိနေသည်ကို သတိပြုမိသွားသည်။ ထိုရထားလုံး၏ကန့်လန့်ကာများကို ပုလဲများဖြင့် ပြုလုပ်ထားသောကြောင့် အတွင်းမှလူက အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း အပြင်မှ လူများကတော့ အတွင်းဘက်သို့ မှုန်မှုန်ဝါးဝါးသာ မြင်နေရသည်။

ရထာလုံးပေါ်တွင် ရှိနေသည့်လူက ယဲ့လွီချွမ်း၏ စိတ်နေစိတ်ထားကို ပြောင်းလဲစေခဲ့သည့် အမျိုးသမီးဖြစ်မှန်း ရှောင်းကျဲယွိ တွက်ဆိနိုင်သည်။ သူက သူ့လေးကို ထိုအမျိုးသမီးဆီသို့ ချိန်ရွယ်လိုက်သော်လည်း တာတာစစ်သည်များစွာက မြှားလမ်းကို ပိတ်ကြောင်းဆို့ထားပြန်သည်။ သူ ထိုအမျိုးသမီးကို ပစ်သတ်ရန် ခက်ခဲနေခဲ့သည်။

ရှောင်းကျဲယွိက ပစ်ကွင်းကောင်းကောင်းရစေရန် အမြင့်တစ်နေရာကို လှည့်ပတ်ရှာဖွေလိုက်သည်။ သို့သော်လည်း သူတို့က မြက်ခင်းပြင်တွင် ရှိနေပြီး တဲနန်းကြီးဘေးတွင် သစ်ပင်ဟူ၍ တစ်ပင်တလေမျှပင် မရှိနေပေ။ နန်းတော်အမိုးကိုသာ အမြင့်ဆုံးနေရာဟု မှတ်ယူနိုင်သည်။ သို့သော်လည်း သူ ခေါင်မိုးပေါ်သို့ တက်သွားသည်နှင့် ဖြူကောင်ကဲ့သို့ ပစ်သတ်ခံရမည် ဖြစ်သည်။

နောက်ဆုံးတွင် အတွင်းဘက်မှ အမိုးကို ဖောက်ဝင်ရုံသာ ရှိတော့သည်။ ရှောင်းကျဲယွိက နောက်သို့ ပြန်လှည့်ပြီး ဧကရာဇ်အိုကြီးနှင့် ဆွေးနွေးလိုက်သည်။

“အရှင်မင်းကြီး၊ ကျုပ် တဲနန်းခေါင်းမိုးကို ခဏငှားပြီး အသုံးပြုချင်တယ်"

“ရတယ်”

ဧကရာဇ်အိုကြီးက တဲနန်းအဝင်ဝ၌ မတ်တပ်ရပ်နိုင်ရန် မိန်းမစိုးနှစ်ယောက်၏အကူအညီဖြင့် သူ့ကိုယ်သူ ဖိအားပေး ရပ်တည်နေသည်။ ရှောင်းကျဲယွိ၏စကားကို ကြားလိုက်ရချိန်တွက် သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ရှောင်းကျဲယွိက အတွင်းဘက်သို့ ဝင်သွားပြီး ခေါင်မိုးအား ဖောက်ဝင်တော့မည်ကို မြင်လိုက်ရချိန်တွင်တော့ ဧကရာဇ်အိုကြီးက တုန်ယင်နေသည့်အသံဖြင့် တောင်းပန်လာပြန်သည်။

“မင်း… ငါ့သားရဲ့ အသက်ကို ချမ်းသာပေးနိုင်မလား?”

"ကျုပ် အကောင်းဆုံး ကြိုးစားပေးမယ်"

ရှောင်းကျဲယွိက ဧကရာဇ်အိုကြီးကို လေးလေးနက်နက် ကြည့်ကာ ခပ်တည်တည် တုံ့ပြန်လိုက်သည်။

သူက ဧကရာဇ်အိုကြီး၏တောင်းဆိုမှုကို သဘောတူခြင်း မရှိသလို ပြတ်ပြတ်သားသား ငြင်းဆန်ခြင်းလည်း မရှိပေ။

အခုအချိန်မှာ ဘယ်အရာတွေက ယဲ့လွီချွမ်းကို ပြောင်းလဲသွားစေမှန်း သူ မသိရသေးဘူး။ သူ့မှာ ရွေးချယ်စရာ မရှိတော့ရင် သူ ယဲ့လွီချွမ်းကို သတ်ပစ်ဖို့ပဲ ရွေးချယ်ရလိမ့်မယ်။

သက်တော်စောင့်များက တဲနန်းကြီး၏ခေါင်မိုးကို ဖောက်ပေးကြပြီး ရှောင်းကျဲယွိက အမိုးပေါ်သို့ ခုန်တတ်သွားသည်။ သူက မြှားနှစ်ချောင်းကို လေးပေါ်သို့ တစ်ပြိုင်နက်တင်ကာ ရထားလုံးဆီသို့ ချိန်ရွယ်လိုက်သည်။

ရထားလုံးပေါ်ရှိ လူကလည်း အန္တရာယ်အငွေ့အသက်ကို သတိပြုမိသွားပုံဖြင့် သူမ၏ရထားလုံးအား ဒိုင်းများဖြင့် ပိတ်ဆို့ကာကွယ်ပေးရန် စစ်သည်များကို အမိန့်ပေးလိုက်သည်။ ထိုကြောင့် ‌ရှောင်းကျဲယွိအတွက် ပစ်ကွင်းမရှာနိုင် ဖြစ်သွားရပြန်သည်။

ခေါင်းမိုးအပေါက်ထဲသို့ ရှောင်းကျဲယွိ နောက်မှ လိုက်ပါလာသော လေးပစ်ကျွမ်းကျင်သည့် သက်စောင့်စောင့်သုံးဦးကတော့ မီးရှို့ရန်ရောက်လာသော တာ့ထန်စစ်သည်များကို မြှားများဖြင့် ပစ်ခတ်နေပြီ ဖြစ်သည်။

ရှောင်းကျဲယွိက စူးချင်း ပေးထားသည့် ပစ္စတိုသေနတ်ကို ထုတ်ယူကာ ဒိုင်းများကြားမှ လွတ်နေသည့်နေရာကို ချိန်ရွယ်လိုက်သည်။ သူ ခလုတ်ကို ဆွဲညှစ်လိုက်သည်နှင့် ကျည်ဆန်တစ်တောင့်ထွက်သွားပြီး ဒိုင်းနှစ်ခုကြားထဲရှိ နေရာလပ်ထဲသို့ တိုးဝင်သွားသည်။ ဒိုင်းကို ကိုင်ထားသည့် စစ်သည်တစ်ဦးအား ကျည်ဆံမှန်သွားပြီး လဲကျသွားသည်။ လဲကျသွားသောစစ်သည်၏နေရာသို့ နောက်တစ်ယောက် အစားထိုးမဝင်နိုင်သေးခင်မှာပင် ရှောင်းကျဲယွိက ဒုတိယမြောက်ကျည်ဆံကို ချက်ချင်း ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုက ရထားလုံးပေါ်ရှိလူကို ထိမှန်သွားခဲ့သည်။

"အရှင့်သား၊ သခင်မလေးလင်းအာ သွေးအန်နေပါတယ်"

ရထားလုံးကို အကာအကွယ်ပေးသည့် စစ်သည်က ယဲ့လွီချွမ်းကို လှမ်းအော်ကာ သတင်းပို့လိုက်သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ယဲ့လွီချွမ်းက အရူးတစ်ယောက်သဖွယ် ရထားလုံးဆီသို့ ချက်ချင်း ပြန်ပြေးသွားတော့သည်။ ရှောင်းကျဲယွိက ထိုအရာအားလုံးကို မြင်နေရပြီး သူ့ရင်ထဲမှာ နာကျင်လာသလို ခံစားနေရသည်။

သူတောင်မှ ဒါကို ကြည့်ပြီး ဒေါသထွက်နေရင် သူမ ချစ်ရတဲ့ ခင်ပွန်းသည်က နေ့တိုင်းနေ့တိုင်း အခြားအမျိုးသမီးတစ်ဦးကို အာရုံစိုက်နေတာကို မြင်နေ တွေ့နေရတဲ့ ရှောင်ယင်ကရော.... သူမ ဘယ်လောက်တောင် ကြွေကွဲနေရှာမလဲ?

ရှောင်းကျဲယွိက ယဲ့လွီချွမ်း အာရုံပျံ့လွင့်သွားပြီး ကွပ်ကဲရန် အချိန်မရတော့သည်ကို အခွင့်ကောင်းယူကာ အောက်ဘက်မှ ဧကရာဇ်အိုကြီးကို လှမ်းအော်လိုက်သည်။

“အရှင်မင်ကြီး၊ စစ်သည်တွေကို လက်နက်ချလိုက်ပြီး သူတို့ အခု ဒီနေရာကနေ ထွက်သွားသရွေ့ သူတို့ကို ခွင့်လွှတ်ပေးမယ်လို့ အမိန့်ဖုတ်လိုက်”

"အိုက်ယား... ဟုတ်သားပဲ"

ထိုစကားကို ကြားလိုက်ချိန်တွင် ဧကရာဇ်အိုကြီးက ခေါင်းညိတ်လိုက်သည်။

ဟုတ်သားပဲ၊ သူ ဘာလို့ ဒီနည်းလမ်းကို မစဉ်းစားမိရတာလဲ?

အခု စစ်သည်တွေမှာလည်း ခက်ခဲတဲ့ အခြေအနေထဲ ရောက်နေတာလေ။ သူတို့က ယဲ့လွီချွမ်းနောက်ကို လိုက်လာပြီး ပင်မတဲနန်းကို ဝန်းရံထားတာက ကြီးမားတဲ့ ရာဇ၀တ်မှုကြီးဆိုတာ သူတို့လည်း သိတယ်လေ။ ဒါပေမယ့် သူတို့မှာ ‌ရွေးချယ်စရာမရှိလို့သာ မထူးဇာတ်ခင်းပြီး ဆက်ပုန်ကန်နေတာပေါ့။

ဒါပေမယ့် သူက သူတို့ကို ခွင့်လွှတ်ပေးမယ်လို့ ပြောလိုက်တာနဲ့ ဒီစစ်သည်တွေ ချက်ချင်း ထွက်သွားမှာ သေချာတယ်။ ဒါက အကြံကောင်းပဲ။

“အပြင်က စစ်သည်တွေအားလုံး နားထောင်ကြစမ်း၊ မင်းတို့ အခု လက်နက်ချပြီး ဒီနေရာက ထွက်သွားရင် ထွက်သွားတဲ့သူကို ချွင်းချက်မရှိ ခွင့်လွှတ်ပေးမယ်လို့ ဧကရာဇ်မင်းမြတ်က အမိန့်ထုတ်ပြန်လိုက်ပြီ။ မင်းတို့ ဒီမှာ နေပြီး ဆက်ပုန်ကန်နေရင် မင်းတို့ရဲ့မိသားစုဝင်တွေအားလုံးပါ သုတ်သင်ခံရလိမ့်မယ်”

ဧကရာဇ်မင်းကြီးက သူ့၏မိန်းမစိုးကို အပြင်ထွက်စေပြီး အမိန့်တော်ကို ကြေငြာခိုင်းလိုက်သည်။ မိန်းမစိုးကြီးက ဒိုင်းကာ၏နောက်တွင် တုန်တုန်ယင်ယင် ပုန်းနေရင်း တစ်ဖက်ခြမ်းမှ တာတာစစ်သည်များကို လှမ်းအော်ပြောနေသည်။

“တဲနန်းကို ကာကွယ်ဖို့ ပြန်ပူးပေါင်းတဲ့လူတွေကိုတော့ တစ်ယောက်ချင်းစီအတွက် ငွေဆယ်လျန် ဆုချီးမြှင့်မယ်လို့ ဧကရာဇ်မင်းမြတ်က အမိန့်တော်ချမှတ်လိုက်ပြီ”

ဧကရာဇ်အိုကြီးက သူတို့၏အသက်ကိ ချမ်းသာပေးမည့်အပြင် နောက်ထပ် ဆွဲဆောင်မှုတစ်ခုပါ ထပ်ဖြည့်လိုက်သည်။ ထို့ကြောင့်လည်း ဂျင်းက ရင့်လေ ပိုစပ်လေဟု ပညာရှိများ ပြောခဲ့ကြခြင်း ဖြစ်သည်။ သူက သူ့၏ ဝမ်းနည်းပူဆွေးမှုနှင့် ထိတ်လန့်မှုများကို တခဏအတွင်း ပြန်ဖိနှိပ်နိုင်ခဲ့သည်။ သူ ပြန်တည်ငြိမ်သွားသည်နှင့် အုပ်စိုးရှင်တစ်ပါး၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိပြီး အကောင်းဆုံး ပြန်စီမံနေပြီ ဖြစ်သည်။

အသက်ချမ်းသာရာရမယ့်အပြင် ဆုလာဘ်တစ်ခုလည်း ရှိနေသည်ကို ကြားလိုက်ရသော တစ်ဖက်မှ စစ်သည်များလည်း သွေးဆောင်ခံလိုက်ရသည်။

ဘယ်သူက အသက်စွန့်ပြီး ပုန်ကန်ချင်ပါ့မလဲ? ပြီးတော့ ပိုက်ဆံမလိုချင်တဲ့သူရော ရှိပါ့မလား?

စစ်သည်တစ်ယောက်က ဦးဆောင်လိုက်သည်နှင့် ကျန်စစ်သည်များလည်း လိုက်ပါလာကြသည်။ ယခင်က သူတို့ နန်းတော်ကို ဝိုင်းရံထားသော်လည်း ယခုအခါ အခြေအနေ ပြောင်းသွားပြီ ဖြစ်ပြီ။ ယခင်က တဲနန်းကြီကို ဝန်းရံထားသည့် စစ်သည်များက ယခု တဲနန်းကြီးကို ကာကွယ်ပေးနေကြသည်။ ယဲ့လွီချွမ်း၏ သက်တော်စောင့်အချို့မှ လွဲ၍ ကျန်စစ်သည်များအားလုံး ဘက်ပြောင်းလာကြသည်။

ဧကရာဇ်မင်းမြတ်ကို ကာကွယ်ပေးတာက ဧကရာဇ်မင်းမြတ်ကို ကယ်တင်ပေးတာလို့ အဓိပ္ပါယ်ရတယ်။ အိမ်ရှေ့စံမင်းသားကို ကူညီတာကတော့ ပုန်ကန်တယ်လို့ သတ်မှတ်နိုင်တယ်။ ဘယ်သူက မိုက်မဲချင်ပါ့မလဲ?

တဲနန်းထဲမှ စူးချင်းကလည်း လဲ့အာ၏အသက်ကို ကယ်တင်နိုင်ရန် ကြိုးစားနေခဲ့သည်။ ကလေး၏ကိုယ်ထဲမှ အဆိပ်က ပြင်းလွန်းလှသည်။ သူမ၏ဆေးပညာက တဖက်ကမ်း ခပ်နေသည့်တိုင် သူမ အများကြီး ကြိုးစားအားထုတ်နေရသည်။ ပထမဦးစွာ သူမက အဆိပ်များကို ပြန်ထုတ်ရန် အပ်စိုက်ကုထုံးကို အသုံးပြုခဲ့သည်။ ထို့နောက် ဆေးဖော်စပ်ရန်အတွက် အဖိုးတန်ဆေးဖက်ဝင်အပင်ဆယ်ခု လိုအပ်နေပြန်သည်။ အဆိပ်ကို ပြန်ထုတ်ရန်က လွယ်ကူသော်လည်း အဖိုးတန် ဆေးပင် ဆယ်မျိုးကို ရှာတွေ့ရန်က မလွယ်ကူပေ။

၎င်းတို့ထဲမှ တစ်ခုမှာ ကောင်းကင်တောင်တန်းနှင်းကြာပန်း ဖြစ်ပြီး ဤနန်းတော်၌ပင် မရှိပေ။ စူးချင်းက ထိုနှင်းကြာပန်းအတွက် စနစ်ကို တောင်းဆိုလိုက်သော်လည်း စနစ်က ပခုံးတွန့်ကာ ငြင်းဆန်လာခဲ့သည်။

[စနစ်မှာ ကူညီနိုင်တဲ့ စွမ်းအား မရှိပါဘူး။ စနစ်မှာ ဒီလိုဆေးပင်မျိုး မရှိဘူး]

ကောင်းကင်တောင်တန်းနှင်းကြာပန်း မရှိလျှင် အဆိပ်ဖြေဆေးဖော်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် တစ်လမ်းသာ ကျန်နေပြီး အဆိပ်ပြုလုပ်သူထံမှ အဆိပ်ဖြေဆေးရှိရရန် ထိုလူကို သွားဖမ်းရတော့မည် ဖြစ်သည်။

စူးချင်းက အဆိပ်ခတ်ထားသည့်လူကို ဖမ်းရန် ပြန်ထွက်လာခဲ့ပြီး ရှောင်းလန်ရှင်းနှင့် ကလေးကို ကာကွယ်ပေးထားရန် သူမ၏သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။

သူမ ထွက်လာသည့်အချိန်က ရှောင်းကျဲယွိဘက်တွင် နန်းတော်ကို ဝိုင်းရံထားသည့် တာတာန်စစ်သည်များကို လက်နက်ချရန် ဆွဲဆောင်ပြီးကာစအချိန် ဖြစ်သည်။ ထို့ကြောင့် သူမရှေ့မှ မြင်ကွင်းထဲတွင် ရထားလုံးတစ်စင်းသာ ကျန်ရှိနေပြီး ယဲ့လွီချွမ်းက အမျိုးသမီးတစ်ဦးကို ထိုရထားလုံးပေါ်မှ ပွေ့ချီသယ်ဆောင်နေခဲ့သည်။

All Chapters