← Chapters

လမ်းခရီးတွင် ဖေးမားမားနှင့် တွေ့ခြင်း

Vol. 10 Ch. 121

လမ်းခရီးတွင် ဖေးမားမားနှင့် တွေ့ခြင်း

Vol. 10 Ch. 121

မော့ကျိုးယွီသည် အမြန်လမ်းပေါ်ရောက်ရှိနေ၏။ သူတို့ပြန်လာတာကိုမြင်တော့ ဆက်သွားဖို့ ပြင်ဆင်သည်။

မြို့တံခါးမှ ထွက်ခွာလာပြီးနောက် ဟဲကျစ်ယန်သည် အဝေးမှ လမ်းဘေးတွင် ရပ်နေသော အရပ်ရှည်ရှည် လူငါးယောင်ကို တွေ့လိုက်ရသည်။

လျန့်ဟောက်တို့သည် သာမာန်လူများ၏ အဝတ်အစားများအတိုင်း ဝတ်စားဆင်ယင်ထားပြီဖြစ်သည်။ မော့ကျို့းယွီကိုတွေ့တော့ သူတို့က ခေါင်းညိတ်ပြခဲ့သည်။

ထို့နောက် သူတို့သည် လမ်းသွားလမ်းလာများအဖြစ် ဟန်ဆောင်ကာ နယ်နှင်ဒဏ်ပေးခံရသည့်အဖွဲ့နောက်မှ လိုက်ပါလာခဲ့သည်။

သူတို့အဖွဲ့သည် တရားဝင်လမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။ ရွာတစ်ရွာသို့ ဖြတ်သွားသောအခါတွင် လူတစ်ဦးသည် လမ်းဘေးမှ ရုတ်တရက် ပြေးထွက်လာပြီး သူတို့အဖွဲ့ရှေ့နားမှ လဲကျသွားခဲ့သည်။

ထိုလူသည် အဘွားအိုတစ်ဦးဖြစ်ပြီး သူမ၏ လက်ထဲတွင် အထုပ် တစ်ထုပ် ကိုင်ထားသည်။ လူတွေလာတာကိုမြင်တော့ သူမက “ကူညီပါဦး… ဓားပြတွေ..” ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဖမ်းဝမ်သည် သူ့အဖွဲ့ကို ရပ်တန့်ရန် လက်ဟန်ပြလိုက်သည်၊ ထို့နောက် အဘွားအိုကို လမ်းကြည့်လိုက်သည်။

အဘွားကြီး၏ ဆံပင်သည် ဘော်ငွေရောင်သန်းနေပြီး သူမ၏ ဝတ်ဆင်ထားသော ပိုးဖဲသားအဝတ်တို့မှာ မူလက အရောင်ပင် မှန်းဆ၍မရနိုင်လောက်အောင် ညစ်ပေနေကာ သူမ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပင် သူမနောက်သို့ အားကောင်းမောင်းသန် အမျိုးသားတစ်အုပ်က လိုက်လာခဲ့ကြသည်။

အဘွားကြီးသည် သူမကိုလိုက်ရှာနေသူတွေ ပို၍ နီးကပ်လာသည်ကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားပြီး ဖမ်းဝမ်၏ နောက်တွင် အမြန်ပုန်းကွယ်လိုက်သည်။

“ငါ နင့်ကို ပိုက်ဆံပေးနိုင်ပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပေးပါ။”

ဖမ်းဝမ်သည် အစတုန်းက ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ လူကို ကယ်တင်ပေးတာနဲ့ ပိုက်ဆံရနိုင်တယ်ဆိုတာကို ကြားလိုက်ရသဖြင့် သူ့စိတ်တွေ ယိမ်းယိုင်သွားခဲ့သည်။

ထို့ကြောင့် သူသည် အဆိုပါအားကောင်းမောင်းသန် အမျိုးသားအုပ်စုက အဘွားကြီးထံသို့ ချဉ်းကပ်ခါနီးတွင် သူက ထိုသူများကို တားဆီးလိုက်သည်။

“နေ့ခင်းကြောင်တောင်ကြီးမှာ ဓားပြတိုက်ဝံ့တယ်ပေါ့လေ၊ မင်းတို့ အသက်ရှင်ရတာ ပင်ပန်းနေပြီလား။”

အဆိုပါ အားကောင်းမောင်းသန် အမျိုးသားများသည် ရုန့်ရင်းကြမ်းတမ်းသော အသွင်အပြင်ရှိသည်။ ကြည့်လိုက်တာနဲ့ သူတို့က လူကောင်းမဟုတ်မှန်း သိသာထင်ရှားသည်။

သူတို့က သာမာန် လမ်းသွားလမ်းလာတွေနဲ့ ဆုံမိရင် သူတို့ရဲ့ အလုပ်ကို မေ့မှာ မဟုတ်ဘူး။

ဒါပေမယ့် သူတို့ရှေ့ကလူတွေကတော့ မတူဘူး။ သူတို့အားလုံးသည် အရာရှိဝတ်စုံတွေကို ဝတ်ဆင်ထားသောကြောင့် အဆိုပါ အားကောင်းမောင်းသန် အမျိုးသားများအား သူ့အလိုလို တန့်သွားစေပါသည်။

အားကောင်းမောင်းသန်အမျိုးသားများ၏ ခေါင်းဆောင်က သူ့အဝါရောင်သွားများကို ပေါ်သွားသည့်အထိ ပြုံးရယ်ပြသည်။

“သခင်၊ ဒီအဖွားကြီးက ကျွန်တော်တို့မိသားစုရဲ့ ပစ္စည်းဥစ္စာကို ခိုးယူထွက်ပြေးချင်နေတဲ့ အစေခံတစ်ယောက်ပါ။ ကျွန်တော်တို့က မိသားစုပိုင်ပစ္စည်းတွေကို ပြန်ယူဖို့ သူ့နောက်လိုက်လာခဲ့တာပါ။”

သူပြောပြီးတာနဲ့ အဘွားကြီးက ပြန်ပြောလာခဲ့သည်၊ “သခင်၊ သူ့ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားမထောင်ပါနဲ့။ ကျွန်မ သူ့ကို လုံးဝ မသိဘူး။ သူတို့မိသားစုရဲ့ ပစ္စည်းဥစ္စာတွေကို ဘယ်လိုလုပ်ပြီး ခိုးယူနိုင်ပါ့မလဲ။ ဒါ့အပြင် သူ့အဝတ်အစားတွေကို တစ်ချက်ကြည့်ပါ။ သူ့ကြည့်ရတာ သူကြွယ်မိသားစုဝင်တစ်ယောက်လို့ ထင်ရလို့လား။ သူ့မိသားစုက အစေခံတွေ ငှားရမ်းဖို့တောင် တတ်နိုင်ပါ့မလား။”

အဘွားကြီး ရှင်းပြနေစဉ် အတင်းအဖျင်းစိတ်ဝင်စားသူ ဟဲကျစ်ယန်သည် ပွဲကြည့်ရန် မော့ကျိုးယွီအား ဆွဲခေါ်လာခဲ့သည်။

မမျှော်လင့်ဘဲ မော့ကျိုးယွီသည် အဘွားကြီးအား တစ်ချက်ကြည့်လိုက်ရုံနဲ့ မှတ်မိသွားခဲ့သည်။

ဤနေရာတွင် ကြည့်ရှုသူအများအပြားရှိနေသည်ဟု ယူဆရသဖြင်် သူမနာမည်ကို လှမ်းမခေါ်ခဲ့ပေ။

အသိမိတ်ဆွေတစ်ဦးနှင့်တွေ့ဆုံပြီးနောက်၊ အထူးသဖြင့် ဤပုဂ္ဂိုလ်၏ အမှတ်သညာမှာ အလွန်ထူးခြားသောကြောင့် သူ တိတ်တဆိတ် ဘေးထွက်နေမှာတော့ မဟုတ်ပေ။

ထို့ကြောင့် ဖမ်းဝမ် စကားမပြောမီ သူက ရှေ့တက်ပြီး ပြောလိုက်သည်၊ “မင်းတို့ရဲ့ မကောင်းတဲ့ အကြံအစည်တွေကို စွန့်လွှတ်ဖို့ ငါ အကြံပေးတယ်။ မင်းတို့ မဖြစ်သင့်တဲ့ အတွေးတွေကို ရပ်ပြီး ထိခိုက်ဒဏ်ရာတွေ မခံစားရအောင် မင်းတို့ လာခဲ့တဲ့ နေရာကို ပြန်သွားလိုက်ပါ။”

ရင်းနှီးကျွမ်းဝင်သောအသံကိုကြားတော့ ဖေးမားမားသည် သူမ၏ အထုပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး လဲကျသွားတော့သလို ဟန်ဆောင်လိုက်သည်။

ဟဲကျစ်ယန်သည်‌ မော့ကျိုးယွီ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိသည်။ သူသည် အခြားသူများ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်တတ်သည့် လူစားမျိုး မဟုတ်ပေ။ အဘွားကြီးဘက်ကနေ ရပ်တည်ပေးရသည့် အကြောင်းရင်း သူ့မှာ ရှိရမယ်။

ထို့ကြောင့် သူမသည် မော့ကျိုးယွီ ရှေ့တက်သွားပြီးနောက် အဘွားကြီး၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။

သူမ၏ ထွက်ပြေးတိမ်းရှောင်လိုသည့် အရိပ်အယောင်ကိုမြင်တော့ ဟဲကျစ်ယန်က သူမကို လှမ်းကိုင်လိုက်ပြီး “ရှင် အခု ထွက်သွားလို့ မရသေးဘူးလေ” ဟု တီးတိုးပြောလိုက်သည်။

ယခင်အသံမှတစ်ဆင့် ဖေးမားမားသည် သူမအား ကူညီပေးခဲ့သူမှာ မော့ကျိုးယွီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သူမသည် ရုတ်တရက် အပြစ်ရှိသလို ခံစားလာရပြီး ဤနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ အခွင့်အရေးကို အရယူချင်မိသည်။

မထင်မှတ်ပဲ၊ သူမ မသိတဲ့ မိန်းမချောတစ်ဦးက သူမကို တားဆီးထားခဲ့သည်။

ဒီလိုအခြေအနေမျိုးမှာ သူမ ဘယ်လိုမှ ထွက်သွားလို့မရပါဘူး။

ဖေးမားမားသည် အရင်အတိုင်း ဆက်နေဖို့ကလွဲလို့ ရွေးချယ်စရာမရှိပေ။

သူမ ထွက်ပြေးလို့ မရအောင် ဟဲကျစ်ယန်၏ အကြည့်တွေက သူမအပေါ်ကို စူးစိုက်ရောက်ရှိနေခဲ့သည်။

မော့ကျိုးယွီဘက်မှ စကားပြောပြီးသည်နှင့် ဖမ်းဝမ်တို့လူစုသည် အလွန်ပူးပေါင်းဆောင်ရွက်သည့်ပုံစံဖြင့် သူတို့၏ ကြာပွတ်များကို ထုတ်ဖော်ပြသခဲ့ကြသည်။

ဒါကိုမြင်တော့ အားကောင်းမောင်းသန် အမျိုးသားကြီးတွေက ဤနေရာတွင် ဆက်နေလျှင် အကျိုးတစ်စုံတစ်ရာမျှ မရရှိနိုင်သည်ကို သိသဖြင့် လှည့်ထွက်ပြေးသွားကြသည်။

မော့ကျိုးယွီသည် ထိုလူများ ထွက်ပြေးသွားသည်ကိုမြင်တော့ သူက ဖမ်းဝမ်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်၊ “အစ်ကိုဖမ်း ဒီအဘွားကြီးက ကျွန်တော့်ရဲ့ အသိအကျွမ်းပါ။ ကျွန်တော် သူနဲ့ သီးသန့်စကားပြောချင်တယ်။”

ဖမ်းဝမ်က သံသယမဝင်ခဲ့ပါဘူး။ အခုမှပဲ သူ မော့ကျိုးယွီ၏ ဝင်ရောင်စွက်ဖက်သော သဘောထားကို နားလည်မိသွားခဲ့သည်။

“ကောင်းပြီ၊ မင်းတို့ လမ်းလျှောက်ရင်း စကားစမြည်ပြောကြလေ။”

မော့ကျိုးယွီက ဖမ်းဝမ်ကို ကျေးဇူးတင်လိုက်ပြီး ဖေးမားမားကို ဟဲကျစ်ယန်နှင့်အတူ အဖွဲ့၏ တစ်ဖက်ခြမ်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဖေးမားမားသည် မော့ကျိုးယွီ၏ အကြည့်တွေကို ရှောင်ဖယ်နေပြီး သူ့ကို တည့်တည့်မကြည့်ရဲပေ။

မော့ကျိုးယွီသည် ပြည်နှင်ဒဏ်ပေးခံရသည့် အဖွဲ့နှင့် အလှမ်းဝေးသည့်အထိ လျှောက်သွားပြီးနောက် “ဖေးမားမား ဘာဖြစ်လို့ ဒီနေရာမှာ ရောက်နေတာလဲ” ဟု မေးလိုက်သည်။

ဖေးမားမားက သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ပြီး ခေါင်းငုံ့ထားခဲ့သည်၊ “လူကြီးမင်း လူမှားနေတာ ဖြစ်ပါလိမ့်မယ်။ ကျွန်မက ဖေးမားမား မဟုတ်ပါဘူး။”

မော့ကျိုးယွီက သူမကို ဘယ်လိုလုပ်ပြီး လူမှားပါ့မလဲ။ သူ ငယ်ငယ်လေးကတည်းက ဖေးမားမားကို မကြာခဏဆိုသလို မြင်တွေ့ဖူးသည်။

“ဖေးမားမားမှာ ပြောပြဖို့ အခက်အခဲရှိနေလို့လား။”

ဖေးမားမားက မသိသလို ဟန်ဆောင်နေဆဲပင်၊ “ဒီအဘွားကြီးက အသက်ကယ်တင်ပေးလို့ လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ လူကြီးမင်း တကယ့်ကို လူမှားနေတာပါ။”

သူမက ထိုသို့ပြောရင်း သူမ၏ လက်မောင်းထဲရှိ အထုပ်ကိုဖွင့်ကာ ကျေးဇူးတင်သည့် လက်ဆောင်အနေဖြင့် အမျိုးသမီး လက်ဝတ်ရတနာအချို့ကို ထုတ်ယူပြီး ပေးလာခဲ့သည်။

“ဒီအဘွားကြီးက လူကြီးမင်းရဲ့ အသက်ကို ကယ်တင်ပေးတဲ့ ကျေးဇူးအတွက် သိတတ်မှု ပြသတာလေးပါ။ ဒါကို ကျေးဇူးတင်လက်ဆောင်အနေနဲ့ လက်ခံပေးပါ။ ဒီအဘွားကြီးမှာ အရေးတကြီးလုပ်စရာရှိသေးလို့ လူကြီးမင်းကို မနှောင့်ယှက်တော့ပါဘူး။”

ထိုသို့ပြောပြီးနောက် ဖေးမားမားက လှည့်ထွက်ဖို့ပြင်သည်။

သို့သော်လည်း ဟဲကျစ်ယန်က သူမ၏ လမ်းကို ပိတ်ဆို့ထားဆဲပင်။

ဖေးမားမားသည် ယနေ့တွင် ဤကိစ္စကို ကျော်လွှားနိုင်မည် မဟုတ်ကြောင်း စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသောကြောင့် သူမသည် ဆက်လက် ဟန်ဆောင်မနေတော့ဘဲ နောက်ပြန်လှည့်ပြီး မော့ကျိုးယွီနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့သည်။

“အရှင်၊ ဒီကျွန်အိုကြီးက နန်းတော်ကနေ ရှောင်တိမ်းလာတာပါ။ အရှင် ဒီကျွန်အိုကြီးကို ဒီလိုမျိုး မြင်မိစေတဲ့အတွက် အရှက်ရမိပါတယ်။”

မော့ကျိုးယွီသည် ကြင်ယာတော်ယွမ်၏ နန်းတွင်းအစေခံများအပေါ် အမြဲတမ်း အမြင်ကောင်းရှိပေသည်။ အထူးသဖြင့် ကြင်ယာတော်ယွမ်၏ အနီးကပ်အစေခံများသည် သူ့အပေါ် နန်ချီနှင့် မခြား အထူးလေးစားစွာ ဆက်ဆံတတ်သည်။

ဖေးမားမားက နန်းတော်ကနေ ရှောင်တိမ်းလာခဲ့တယ်ဆိုတော့ ကြင်ယာတော်ယွမ် တစ်ခုခု ဖြစ်သွားတယ်လို့ အဓိပ္ပါယ်ရပေသည်။

ပြီးတော့ ဒီကိစ္စက နန်ချီနှင့် သက်ဆိုင်နေလိမ့်မည်။

ထို့ကြောင့် ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားကို သိရှိရန် စစ်စစ်ပေါက်ပေါက် မေးမြန်းရပေမည်။

ပင်မအဖွဲ့နှင့် သိပ်မနီးမဝေးတွင် လမ်းလျှောက်ရင်း မော့ကျိုးယွီက ဖေးမားမားအား မေးမြန်းရန် ကြံစည်လိုက်သည်။

“ဖေးမားမား ကြင်ယာတော်ယွမ် ဒုက္ခရောက်နေတာလား။”

နန်းတော်မှထွက်ရာလမ်းတွင် ဖေးမားမားသည် မရေမတွက်နိုင်သော အခက်အခဲများနှင့် အန္တရာယ်များ ကြုံတွေ့ခဲ့ရပြီး အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။

သူမ သိသော လျှို့ဝှက်ချက်များသည် သူမ သေပြီးနောက် မြေကြီးထဲကိုပဲ သယ်ဆောင်သွားရတော့မည်လားဟု အကြိမ်ကြိမ် တွေးတောနေမိသည်။

ယခု သူမ မော့ကျိုးယွီကို တွေ့သောအခါ ဖေးမားမားသည် အသက်ရှင်သန်နိုင်ဖို့ မျှော်လင့်ချက် အလင်းရောင်ကို မြင်ယောင်လာမိသည်။ သူမ အံတင်းတင်းကြိတ်ပြီး သူမ သိထားတာတွေကို မော့ကျိုးယွီအား ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။

ဒီလိုသာဆိုရင် သူမ မြေကြီးထဲ ရောက်သွားရင်တောင် နောင်တရစရာ မရှိတော့ဘူး။

သူမ၏ နှလုံးသားထဲတွင် ဤလျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောမီ ဖေးမားမားသည် ဟဲကျစ်ယန်ကို မသိစိတ်ဖြင့် အကြည့်ရောက်သွားခဲ့သည်။

မော့ကျိုးယွီက ရှင်းပြလိုက်သည်၊ “ဖေးမားမား စိတ်မပူပါနဲ့၊ ကျွန်တော့်ဇနီးက ကျွန်တော်တို့နဲ့ တစ်ဖက်တည်းပါပဲ။”

ဖေးမားမားက ဟဲကျစ်ယန်ကို အပြန်ပြန် အလှန်လှန် ကြည့်ပြီးနောက် ပြောပြလာခဲ့သည်၊ “အရင်တုန်းက ဒီကျွန်အိုကြီး အမှား တစ်ခု လုပ်ခဲ့မိတယ်။ အခုတော့ အဲဒီအကျိုးဆက်ကို ပြန်ခံစားနေရပြီ။”

ဒါကိုကြားတော့ မော့ကျိုးယွီ ပထမဆုံး တွေးမိလိုက်သည်မှာ ကလေးမွေးဖွားပြီးနောက် နန်ချီ အစားထိုးခံလိုက်ရတာကိုပါပဲ။

“ဖေးမားမား အခု ပြောမယ့် ကိစ္စတွေက မင်းသားချီနဲ့ သက်ဆိုင်လား။”

ဖေးမားမား အံ့အားသင့်သွားသည်။

“အရှင်က ဒီအကြောင်းကို ဘယ်လိုသိတာလဲ။”

မော့ကျိုးယွီက ဒီအကြောင်းကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိဘူး။

“နန်ချီက ကျွန်တော့်ကို လုပ်ကြံသတ်ဖြတ်ဖို့ လူတွေ စေလွှတ်လိုက်တယ်။ နောက်တော့ သူ ဖျင်းယွမ်ကောင်တီကို ဖြတ်သွားချိန်မှာ ကျွန်တော့်ကို စားသောက်ဆိုင် တစ်ဆိုင်မှာ ဧည့်ခံဖို့ ဖိတ်ခေါ်ပြီး ဝိုင်ထဲ အဆိပ်ခတ်ပြီး သတ်ဖို့ ကြံစည်ခဲ့တယ်…”

***

All Chapters