← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 19 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 19 Ch. 217-218

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၁၇

အပြင်ဘက်မှ ဝမ့်ရင်း၏ အသံကို ကြားလိုက်သည့်အခါ အခန်းထဲရှိ လူတိုင်း စိုးရိမ်သွားခဲ့ကြသည်။

“အဒေါ်လျှိုရှိလား။”

အဒေါ်လျှိုက မြန်မြန် တုံ့ပြန်ပြီး တံခါးလိုက်ကာကို ဖွင့်လိုက်သည်။ “ငါဒီမှာရှိတယ်။”

ဝမ့်ရင်းသည် ငါးဟင်းပန်းကန် တစ်ပန်းကန်ကို ကိုင်ပြီး အပြင်ဘက်မှာ ရပ်နေခဲ့သည်။ “ကျွန်မတို့ အိမ်မှာ ငါးပုတ်သင် ချက်လို့။ အဒေါ်လျှိုတို့ကို နည်းနည်း လာပေးတာပါ။”

ထိုငါးပုတ်သင်က ညသန်းခေါင်ကြီး တန်းစီလာသည့် လူတစ်ယောက်က ဝယ်လာခဲ့ခြင်း ဖြစ်သည်။ သေချာတာကတော့ ဝမ့်ရင်းက ထိုအရာနှင့် ပတ်သက်ပြီး ကပ်စေးမနဲပါ။

အဒေါ်ရှုသည် ရုတ်တရက်ကြီး ရှက်သလိုလို ခံစားလိုက်ရသည်။ “ငါတို့အိမ်မှာလည်း နည်းနည်း ရှိပါတယ်။ မလိုပါဘူး။ နင်က ကိုယ်ဝန်ကြီးနဲ့လေ။ နင်က ငါးတွေ ပိုစားတာ ပိုကောင်းတယ်။”

သူမက ထိုစကားကို ပြောသည့်အခါ ယန်ယန်နှင့် ယွဲ့ယွဲ့ရဲ့ အစပိုင်းတွင် ပျော်နေကြသည့် ကလေးတွေရဲ့ မျက်လုံးတွေက ချက်ချင်းဆိုသလိုပဲ မှိုင်သွားခဲ့သည်။

'ဝိုး၊ ဝိုး၊ ဝိုး။ ငါ ငါးစားချင်တယ်။ ငါ့အိမ်နီးချင်းရဲ့ ငါးကင်ကို စားချင်တာ။ '

ဝမ့်ရင်းသည် ဘာစကားမှ မပြောဘဲ အဒေါ်လျှိုထံ ပန်းကန်ကို ထိုးပေးလိုက်သည်။ “စမ်းစားကြည့်ပါ။ ကျွန်မအိမ်မှာ ရှိပါသေးတယ်။”

အဒေါ်လျှိုက ဝမ့်ရင်း ပန်းကန်ကို ထိုးပေးတာ မြင်သည့်အခါ သူမက မြန်မြန် ပြန်လှည့်ပြီး မငြင်းရဲတော့ပါ။ ဝမ့်ရင်းက ကိုယ်ဝန်ရှိနေခဲ့ပြီး ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် ဖြစ်နေချိန်မှာ သူမ ဂရုမစိုက်မိဘူးဆိုရင် ဘာများ ဖြစ်သွားမလဲ။

သူမက ဝမ့်ရင်းကို နေ့ခင်းပိုင်း လာဖို့အတွက် ခေါ်ခဲ့သည်။ ထိုအချိန်တွင် သူမရဲ့ မိသားစုက ကန်စွန်းဥလုံးတွေ လုပ်ပေးမည် ဖြစ်သည်။

အိမ်မှာရှိသည့် ကလေးလေး နှစ်ယောက်က ထပ်ပြီး မစောင့်နိုင်တော့ပါ။

“အဖွား၊ ငါ့ကို အဲ့ဒါလေး ကျွေးပါ။”

'ငါးဟင်းက အရသာရှိလိုက်တာ။ '

'ဟင်းရည်က နီရဲရဲကြီး မဖြစ်နေဘူး။ ရွှေအိုရောင်လေး။'

အဒေါ်လျှိုက တစ်လုပ် စားလိုက်သည့်အခါ ငါးက နူးညံ့ပြီး ဟင်းရည်က ပျစ်နှစ်ကာ အရသာရှိတာကို ခံစားမိခဲ့သည်။ လူကြီးတွေကလည်း ထိုဟင်းကို စမ်းစားကြည့်ခဲ့ပြီး ကလေးတွေက ပန်းကန်ကို ပြောင်အောင်တောင် လျှက်ချင်နေခဲ့သည်။

“ဒါက အရမ်း အရသာရှိတာပဲ။ နောက်ပိုင်းကျရင် ဒါကို ဘယ်လိုချက်လဲဆိုတာ ငါလေ့လာချင်တယ်။”

လတိုင်း ရည်မှန်းချက်ကြီးမားတဲ့ အစီအစဥ်တွေကို လုပ်မယ်။

ယန်ယန် - “နင် အဲ့ဒါကို မလုပ်နိုင်ဘူး။ နင်က အိုးကို မလှန်နိုင်ဘူးဆိုပေမယ့် ငါကတော့ လုပ်နိုင်တယ်။

ယွဲ့ယွဲ့က လက်မခံသော်လည်း သူမရဲ့အစ်ကို ပြောတာ မှန်နေတယ်ဆိုတာလည်း သိနေခဲ့သည်။ ခနလောက် တိတ်ဆိတ်နေပြီးနောက် သူမက ပြောလိုက်သည်။ “ဒါဆို ငါလည်း ငါးဟင်း ချက်တတ်တဲ့သူကိုပဲ လက်ထပ်ချင်တယ်။”

သူမသည် သူမရဲ့ အဖေက တော်တယ်ဟု တွေးလေ့ရှိသော်လည်း အခုဆိုရင် သူမရဲ့ အဖေသာ ဟင်းချက်နိုင်မယ်ဆိုရင် သူမက နေ့တိုင်း ငါးဟင်း စားနိုင်မည်မလား။

အဒေါ်ဝမ့်ရင်းရဲ့ ဗိုက်ထဲက ကလေးလေးလိုပဲ သူမက နေ့တိုင်း ကောင်းကောင်း စားနိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် အဒေါ်ဝမ့်ရင်းရဲ့ ယောက်ျား ဦးလေး ရှုရွှမ်းကလည်း အတော်လေးကို ခန့်ညားသည်။

'အို၊ ထားလိုက်စမ်းပါ။ အမေက ငါ့လောက် မတော်ဘူး။ ပြီးတော့ အဖေ့ကိုလည်း အစားထိုးလို့ မရဘူး။ အဲ့တော့ အချိန်တစ်ခု ရောက်လာတဲ့အခါမှ ငါလည်း ဟင်းချက်တတ်တဲ့ ယောက်ျားတစ်ယောက်ပဲ ရှာပြီး လက်ထပ်လိုက်မယ်။ '

ကလေးနှစ်ယောက် ပြောနေသည့် စကားတွေက မိသားစုထဲရှိ လူတိုင်းကို ရယ်မောစေခဲ့သည်။ ထျန်းမင်ကလည်း သူမရဲ့ ယောက်ျားကို စသလိုလိုနှင့် ကြည့်လိုက်သည်။

လျှိုမိသားစုရဲ့ အကြီးအကဲဖြစ်သူ လျှိုကျီကောက သူ့ရဲ့ နှုတ်ခေါင်းကို ဆွဲပြီး စိတ်မလုံမလဲဖြစ်ကာ ပြောလိုက်သည်။ “ဒါဆိုလည်း နောက်ရက်ကျမှ ငါ လိုက်မေးပေးမယ်။”

'မင်းသမီးကို တစ်ခြား ယောက်ျားတစ်ယောက်က ဆွဲဆောင်နေတာကို တကယ်ကြီး ခွင့်ပြုပေးလို့ မရဘူးလေ၊ ဟုတ်တယ်မလား။ '

လျှိုမိသားစုက စိတ်အားထက်သန်နေပြီး မာမိသားစုကလည်း ငါးအကြောင်းကို စပြောနေခဲ့ကြသည်။

မာတလင်က သူမရဲ့ တတိယမြောက် ကလေးကို ခေါ်လာခဲ့သည်။ “ဒီရက်ပိုင်းမှာ သူတို့တွေ ငါးကို ဘယ်လို ချက်မလဲဆိုတာ သွားမေးလိုက်။ ပြီးရင် ငါတို့ရဲ့ ကြော်ထားတဲ့ မုန့်ကြိုးလိမ်တွေကို ယူသွားဖို့ မမေ့နဲ့ဦး။”

မာယုံကျင်းကိုတော့ စည်းရုံးလို့ မရပါ။ “အမေ၊ ငါ အိမ်မှာ ရှိနေတာနဲ့တင် လုံလောက်နေပါပြီ။ ငါကလည်း စားဖိုမှူးတစ်ယောက်ပဲလေ။”

ချမ့်တုန်နှင့် ဖြစ်ပျက်သည့် ပြဿနာ ပြီးသွားသည့် နောက်ပိုင်းတွင် မာတလင်သည် သူမရဲ့ အကြီးဆုံး သားဖြစ်သူအပေါ် အထင်သေးလာခဲ့သည်။

'ဒီကောင်စုတ်လေးကတော့၊ တစ်ခြားသူတွေ ဘာကို မသိဘူးလဲဆိုတာ နင် မသိဘူးလား။ နင်က နင့်ရဲ့ အမေကို အရမ်း အရှက်ရအောင် လုပ်နေတာပဲ။ ပြီးတော့ နင်က စကားလေး ပြောဖို့ကို ကြောက်နေတုန်းလား။ '

“နင်က ဘာမှကို သုံးစားလို့ မရဘူး။ နင်က နှစ်တွေ အများကြီး အချိန်တွေ ဖြုန်းပြီး အဆင့်၃ရှိတဲ့ လက်မှတ် တစ်ခုကိုပဲ ရအောင် လုပ်နိုင်တယ်။”

မာယုံကျင်းသည် အဲ့နှစ်က အဆင့် ၃ စာမေးပွဲကို ကျပြီးကတည်းက နှစ်တိုင်း စာမေးပွဲ ကျခဲ့သည်။ ဒီနှစ်မှသာ သူသည် အောင်ဖို့အတွက် အနိုင်နိုင် လုပ်ခဲ့ရသည်။ အခုဆိုရင် သူ့ကိုယ်သူ စားဖိုမှူး တစ်ယောက်လို့တောင် ခေါ်လို့မရတော့ဘဲ နိုင်ငံပိုင် စားသောက်ဆိုင်မှာ အချိန် အနည်းငယ်သာ စားဖိုမှူး တစ်ယောက်အဖြစ် လုပ်ရတော့သည်။

မာယုံကျင်းသည် သူ့အမေက သူ့ကို အော်လိုက်သည့် အသံကို ကြားရသည့်အခါ သူက နောက်ကို ပြန်ပြီး တွန့်ဆုတ်သွားခဲ့သည်။

သူက ပွစိပွစိ လုပ်လိုက်သည်။ “ဒါတွေ အားလုံးက အမေ့ရဲ့ အပြစ်တွေပဲလေ။ တကယ်လို့ အမေသာ ဆရာချမ့်ကို ရအောင် ယူနိုင်ရင် အဆင့်သုံးကို မပြောနဲ့ ကျွန်တော်လည်း အဆင့်နှစ်ကို ရောက်နေမှာ။”

သူတို့က ခြံဝန်းတစ်ခုထဲမှာ နေထိုင်နေခဲ့ကြသည်။ ရှုရွှမ်းတို့ ပြောင်းလာပြီးတဲ့နောက် မာယုံကျင်းက သူ့ကို အမြဲတမ်း ရှောင်နေခဲ့သည်။ အကြောင်းမှာ သူသည် သူ့ကိုမြင်တိုင်း ရင်ကွဲနာကျရသည်။

တကယ်လို့ သူ့အမေသာ ပိုပြီး အားပေးမယ်ဆိုရင် သူလည်း အခုချိန်မှာ ရှုရွှမ်းလို ဖြစ်လာမှာပဲလေ။

အခုချိန်မှာ သူက အကြီးဆုံး စားသောက်ဆိုင်မှာ မရှိနေသော်လည်း ဒီတစ်ခေါက် ရှုရွှမ်း ရထားသည့် နှစ်သစ်ကူး လက်ဆောင်က သူ့ထက် နှစ်ဆလောက် များတယ်ဆိုတာ သိနေခဲ့သည်။ မာယုံကျင်းသည် ထိုအကြောင်းကို တွေးမိလိုက်တိုင်း အားကျနေသည်။

မာတလင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “နင်က သူတို့နဲ့ အတူတူပဲလို့ ထင်နေတာလား။ သူတို့နဲ့ တူတူပဲ။ အခု ငါးဟင်း သွားချက်။ တကယ်လို့ နင် သူ့လို အရသာရှိအောင် ချက်နိုင်ရင် ငါ နင့်ကို လက်ခံပေးမယ်။ တကယ်လို့ ငါက ငါ့ ဂုဏ်သတင်းကို ရင်းနှီးရမယ်ဆိုရင်တောင် ငါက နင့်အတွက် လမ်းတစ်ခု လုပ်ပေးမယ်။ နင် အဲ့ဒါကို လုပ်နိုင်လား။”

မာယုံကျင်းက ရုတ်တရက် စကားပြောနေတာ ရပ်သွားခဲ့သည်။ သူက ဘာလုပ်နိုင်မှာလဲ။

'ငါးကို ဘယ်လို ချက်ထားလဲဆိုတာ သူ မသိဘူး။ ဒါပေမယ့် ထွက်လာတဲ့ အနံ့ကတော့ လုံးဝကို ညှီနံ့မထွက်တာ အံ့ဩဖို့ကောင်းတယ်။ ဒါက တကယ် စိတ်ပျက်ဖို့ကောင်းတယ်။ သူတို့က ဒီနေရာက မြစ် ဒါမှမဟုတ် ပင်လယ်နားမှာ မဟုတ်ဘူးဆိုရင် ရှုရွှမ်းက ဘယ်လိုလုပ် ငါးကို ချက်တဲ့နေရာမှာ ဒီလောက် တော်နေရတာလဲ။ '

မာတလင်က သူမရဲ့ အကြီးဆုံးသားကို ဖိနှိပ်ကာ သူမရဲ့ ဒုတိယ ချွေးမ တင်းကျောက်တိကို လမ်းပြဖို့ လှည့်လိုက်သည်။ “ ရှောင်းစန်က ငါးချက်တာကို သွားလေ့လာနေပြီ။ သူ လေ့လာနိုင်သည်ဖြစ်စေ၊ မလေ့လာနိုင်သည်ဖြစ်စေ နင်သူ့ကို အဲ့နေရာဆီ ယဥ်ယဥ်ကျေးကျေး ခေါ်သွားသင့်တယ်။ အရင်တစ်ခေါက်တုန်းက သူ ငါတို့ရဲ့ မြည်းဥလေးကို အဖျားကျသွားအောင် ကူညီပေးဖို့ ကြက်ဥတွေ ပေးသေးတယ်။ ငါတို့တွေ ပုံမှန် အခြေခံလေးတွေ ဆက်သွားဖို့ ဒီဆက်ဆံရေးကို ထိန်းထားဖို့ လိုတယ်။”

မာတလင်က ချမ့်တုန်ရဲ့ လက်ထဲမှာ အတော်လေးကို ဆုံးရှုံးမှုကြီး တစ်ခုကို ခံစားခဲ့ရပြီး အခုဆိုရင် နောက်ဆုံးအနေဖြင့် နားလည်သွားခဲ့သည်။ 'တကယ်လို့ နင် လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို တွေ့ခဲ့မယ်ဆိုရင် နင် သူတို့ကို အရင် နှစ်သိမ့်ပေးဖို့ လုပ်သင့်တယ်။ ဒီလို ထိပ်တိုက်တွေ့လိုက်တော့ရော နင့်အတွက် ဘာကောင်းလို့လဲ။ နင် ဘာကိုမှ ရမှာ မဟုတ်သေးဘူး။ '

'လူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ လုပ်တာက ပိုကောင်းတယ်။ အဲ့လိုမှ နောက်ပိုင်းကျရင် သူတို့အတွက် ကောင်းတဲ့အရာတွေ ဖြစ်လာရင်လည်း ဖြစ်လာနိုင်တယ်။ '

မာတလင်က ဉာဏ်မကောင်းသော်လည်း သူမက မကောင်းတဲ့စိတ် မရှိပါ။ ဝမ့်ရင်းက သူမကို အခွင့်ယူခွင့် မပေးခဲ့သော်လည်း သူမရဲ့ စိတ်ထဲမှာ တစ်ခုခု တွေးနေပုံရပြီး တစ်ခါတစ်လေ သူမရဲ့ ကလေးတွေက သူမကို မြင်သည့်အခါ သကြားလုံးတွေ လာပေးလိမ့်မည် ဖြစ်သည်။

ဒါက လုံလောက်သည်။

မာတလင်သည် သူမရဲ့ တတိယမြောက်သားကို ကြည့်ပြီး စိတ်ထဲကနေ ကျိန်ဆဲနေခဲ့သည်။.

အခုဆိုရင် သူမရဲ့ မိသားစုထဲတွင် အကြီးဆုံး ကိစ္စကတော့ သူမရဲ့ တတိယမြောက် သားအတွက် ဇနီးတစ်ယောက် ရှာပေးရန် ဖြစ်သည်။

သို့သော် ဒါတွေကို ပြောနေရုံဖြင့် လုပ်ရန်တော့ မလွယ်ကူပါ။

တတိယမြောက် သားကလည်း မငယ်တော့ဘဲ သူက နှစ်ဆယ်ပြည့်နေပြီ ဖြစ်ပြီး ယာယီ အလုပ်သမား တစ်ယောက်အဖြစ်သာ ရှိနေဆဲ ဖြစ်သည်။ သူသည် ကျေးလက်ဒေသကို နှစ်အနည်းငယ် သွားခဲ့သည်။ ထို့နောက် သူက ဖျားသည့်အတွက် မြို့ကို ပြန်လာပြီး ပုံမှန် အလုပ်တစ်ခုကို အခုထိ ရှာမတွေ့သေးပေ။

မာတလင်က စိုးရိမ်နေခဲ့သည်။

ဝမ့်ရင်းသည် ပျော်ရွှင်စွာဖြင့် ငါးပုတ်သင် တစ်ကောင်ကို ကုန်အောင် စားပြီး ထမင်းနှင့် ဟင်းရည်ကိုတောင် စားခဲ့သည်။ သူက သူ့အတွက် ငါးအသား အနည်းငယ်ကို ချန်ထားပြီး နေ့လည်ပိုင်း ရှုရွှမ်းက သူမအတွက် စားစရာတွေ ထပ်ယူလာမှာကို စောင့်နေခဲ့သည်။

သူမသည် လွန်ခဲ့သော ရက်ပိုင်းတုန်း အားလပ်ရက် ခရီးထွက်နေခဲ့သည်။ သူမက အိမ်မှာ ရေဒီယို နားထောင်ပြီး စားနေခဲ့သည်။ သူမရဲ့ ဘဝက အတော်လေးကို အားနေခဲ့သည်။

ရှုရွှမ်းကတော့ အားလပ်ရက် မရခဲ့ပါ။ သူသည် တရုတ် နှစ်သစ်ကူးအတွက် သုံးရက်သာ ပိတ်ရက် ရခဲ့သည်။ သုံးရက်ပြီးသွားသည့်နောက် သူက ပိုပြီး အလုပ်များလာမှာ သေချာသည်။

သို့သော် ကံမကောင်းစွာဖြင့် သူက ချက်ပြုတ်ရုံသာ ချက်ပြုတ်ရသည်။ မကြာသေးခင်က သူသည် ထိုနေရာကို မနက်ပိုင်း ခနတဖြုတ်၊ နေ့လည်ပိုင်း နှစ်နာရီလောက်နှင့် ညနေပိုင်း နှစ်နာရီလောက်သာ သွားသည်။ သူသည် အဲ့လိုမျိုးပဲ ရှုပ်ယှက်ခက်နေခဲ့သည်။

ဝမ့်ရင်းက ထိုနေရာမှာ အားလပ်ချိန်တွေ ရှိနေခဲ့သည်။ သို့သော် ဘေးခြံထဲရှိ အခြေနေတွေကလည်း အဆင်မပြေနေကြပါ။

ငါးအနံ့က လေနံ့ပါလာပြီး ဘယ်သူကမှ မစားနိုင်ပါ။

မနက်ပိုင်းတုန်းက မျက်နှာတွင် အမာရွတ်ရှိနေသည့် လူကြီး သကြားလုံး ပေးလိုက်သည့် ကောင်လေးက သူ့ရဲ့ ပေါက်စီကို တို့လိုက်၊ ထိလိုက် လုပ်ပြီး အဲ့ဒါကို မစားချင်ခဲ့ပါ။ အဲ့ဒါက ဒီနေ့မှာတော့ ခြံထဲမှာ ကောင်မလေးအသစ် နှစ်ယောက်က ငါးဟင်းကို ချက်နေသည့်အတွက် ကောင်လေးရဲ့ အမေက သူ့ကို နှမ်းကိတ် နှစ်ခုနှင့် သစ်တော်သီးကိတ်ကို ပေးပြီး စားခိုင်းလိုက်သည်။

ဒါက ဒီခြံဝန်းနှင့် တူတူပဲ ဖြစ်သည်။ ဒါဟာ ကလေးတွေ အချင်းချင်း အကြိမ်အနည်းငယ် စားကြ သောက်ကြတာက ပြဿနာတစ်ခု မဟုတ်သော်လည်း ဘယ်သူကမှ အဝေးကြီး မသွားကြပါ။ တကယ်လို့ သူတို့တွေသာ အလကား စားဖို့သာ သွားခဲ့မယ်ဆိုရင် သူတို့က သူတို့အတွက် စားစရာတွေ ယူလာလိမ့်မည် ဖြစ်သည်။

ကောင်လေးက ဆံပင်စည်းထားသည့် ကောင်မလေး ထျန်းထျန်းရဲ့ အိမ်ကို သွားခဲ့သည်။

တင်းစစ်ထျန်းက သူမရဲ့ သူငယ်ချင်း ရောက်လာတာကို မြင်သည့်အခါ ထိုင်ခုံပေးပြီး သူမရဲ့ လက်ထဲရှိ ငါးဟင်းကို စားလိုက်သည်။ တင်းစစ်ထျန်းရဲ့ အဖေ တင်းယန်က စစ်မှုထမ်းဟောင်း တစ်ယောက် ဖြစ်သည်။ သူက လူကောင်ကြီးပြီး သန်မာတဲ့ လူတစ်ယောက် ဖြစ်သော်လည်း သူက ကလေးတွေကိုတော့ ရက်ရောသည်။ သူက ကလေးတွေကိုလည်း ထမင်း တစ်ပန်းကန် ပေးလိုက်သည်။

တင်းစစ်ထျန်းက သူမရဲ့ ထမင်းပန်းကန်ကို တစ်ကြိုက်တည်း စားပြီးနောက် မေးလိုက်သည်။ “တယွမ်၊ နင် ဘာလို့ ဒီနေ့မနက် လာပြီး ငါတို့နဲ့ မကစားတာလဲ။ ငါတို့က စစ်တိုက်တဲ့ဂိမ်းထဲမှာ ဆော့ဖို့ လူတစ်ယောက် လိုနေတာ။”

တယွမ်က ငါးကို သူ့ရဲ့ ပါးစပ်ထဲ ထည့်ပြီး စကားကို ဝိုးတိုးဝါးတား ပြောလိုက်သည်။ “ငါ နင့်ကို ရှာနေတာ။ ဒါပေမယ့် အဲ့မှာ လူကြီးတစ်ယောက် ရှိနေတယ်။ သူ့ရဲ့ မျက်နှာက အမာရွတ်ကြီးနဲ့ လူတစ်ယောက်။ သူက ရှုတပေါင်ရဲ့ အဖေကို သွားရှာဖို့ ငါ့ကို လာပြောတာ။ ငါက ရှုတပေါင်ကို ရှာဖို့ အနောက်ခြံထဲကို ရောက်လာတာ။ ဒါပေမယ့် သူ့ကိုတော့ ရှာမတွေ့ဘူး။ ပြီးတော့၊ ပြီးတော့၊ ငါမေ့သွားပြီ….”

တင်းစစ်ထျန်းက လေးလေးနက်နက် ပြောခဲ့သည်။ “ဒါနဲ့ တယွမ်၊ တကယ်လို့ နင် နောက်တစ်ခေါက် မလာဘူးဆိုရင် မင်း ငါ့ကို ပြောရမယ်။ အဲ့လိုမှ မဟုတ်ရင် ငါတို့ မင်းရဲ့ နေရာကို ထိန်းရလိမ့်မယ်။ ငါတို့ အဓိက အင်အားကို အခုထိ မဖမ်းမိသေးဘူး။ တကယ်လို့ နင်မလာရင် အဓိက အင်အားကို ဖမ်းဖို့ စစ်သားတွေကို တစ်ခြားသူတွေ လုပ်သွားလိမ့်မယ်။”

တယွမ် - “ဟုတ်ပါပြီ…. ငါသိပါတယ်။”

တင်းစစ်ထျန်းရဲ့ အဖေ တင်းယန်က ထိုအချိန်မှာ ရုတ်တရက်ကြီး ကြားဖြတ်ပြောခဲ့သည်။ “တယွမ်၊ မျက်နှာမှာ အမာရွတ်ကြီးနဲ့လူက ရှုတပေါင်ရဲ့ အဖေကို စကားပြောဖို့ မင်းကို ပြောတယ်လို့ မင်းပြောတယ်မလား။ မင်း ဘာပြောခဲ့လဲ။”

တယွမ်က သူ့ရဲ့ မျက်လုံးဖြင့် ကြည့်ပြီး ပြောခဲ့သည်။ “သူက သူ့အဖေရဲ့ အိမ်မှာ တစ်ခုခု ဖြစ်နေလို့ သူ့ရဲ့ အမျိုးတွေက သူတို့နဲ့ နေစေချင်တယ်လို့ ရှုတပေါင်ရဲ့ အဖေကို ပြောခိုင်းလိုက်တယ်။”

တင်းယန်က ခွေးခြေခုံကို အနီးကပ် ဆွဲလိုက်သည်။ “အို၊ သူ တစ်ခြား ဘာတွေ ထပ်ပြီး ပြောသေးလဲ။”

တယွမ်က ခေါင်းကို စောင်းပြီး ပြောလိုက်သည်။ “မဟုတ်ဘူး….။ ဒါနဲ့ ငါက တပေါင်ရဲ့ အဖေကို ရှာဖို့ သွားခဲ့တာ။ ဒါပေမယ့် သူက အိမ်မှာ မရှိဘူး။ သူ့ရဲ့ အဖွားက အရမ်း ဒေါသကြီးတယ်။ အဲ့ဒါကြောင့် ငါ ဘာမှ ထပ်ပြီး မပြောဘဲ ပြန်လာတာ။”

တင်းယန်ရဲ့ ပုံစံက ရုတ်တရက် ထူးဆန်းသွားခဲ့သည်။ “တစ်ဖက်လူက တစ်ခုခု ထပ်ပြောသေးလား။ သူက မင်းကို တစ်ခုခု ပေးလိုက်သေးလား။”

တယွမ် - “သူ ငါ့ကို သကြားလုံး တစ်လုံးတော့ ပေးတယ်။ ဒါပေမယ့် ဘာမှတော့ ထပ်ပြီး မပြောဘူး။”

တင်းယန်ရဲ့ မျက်လုံးက ရုတ်တရက် အရောင် တောက်သွားခဲ့သည်။ “ထျန်းထျန်း၊ အိမ်မှာ နေပြီး အိမ်ကို သေချာ စောင့်ကြည့်ထား။ ဒီနေ့လည်ကျရင် အဖေ သွားစရာ တစ်ခုခု ရှိတယ်။”

တင်းယန်က နေ့လည်ပိုင်းမှာ သူ့ခေါင်းဆောင်ရဲ့ အိမ်ကို ပြေးသွားခဲ့ပြီး ခေါင်းဆောင်ကနေ ရဲသားကြီးဆီကို ထွက်သွားခဲ့သည်။

ရဲသားကြီးက အံ့ဩသွားပြီး မေးလိုက်သည်။ “ဒီအချိန်မှာ သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ။”

ရှုလဲ့မှာ ပြဿနာ တစ်ခု ရှိနေတယ်ဟု သတ်မှတ်ပြီးကတည်းက ရဲသားကြီးက သူ့ရဲ့ အထက်လူကြီးတွေကို သတင်းတွေ ပေးခဲ့သည်။ သူတို့တွေက အထူးသဖြင့် မရင်းနှီးသည့် စာနှစ်ခုကို လက်ခံပေးခဲ့ပြီး မကြာသေးခင်ကမှ စစ်သားတွေကို အငြိမ်းစား ယူခိုင်းခဲ့သည်။

အစပိုင်းမှာတော့ လူနှစ်ယောက်က ရဲစခန်းကို ပြောင်းဖို့အတွက် မျှော်လင့်ထားခဲ့သော်လည်း အငြိမ်းစား ရဲအရာရှိက သူတို့ကို စောင့်ပြီး ယာယီ တာဝန်တွေ ပေးဖို့ တာဝန်ပေးကာ သူတို့ကို ရှုလဲ့ရဲ့ ဘေးခြံထဲကို ပြောင်းပေးတာက ပိုကောင်းလိမ့်မယ်ဟု တွေးနေခဲ့သည်။ ဒါက ရှုလဲ့ကို မျက်စိဒေါက်ထောက် ကြည့်ဖို့သာ ဖြစ်သည်။

အချိန်တောင် တစ်လပြည့်တော့မယ်။ အဲ့မှာ သတင်းတွေ ရှိသေးလား။

တင်းယန်က သူသိနေတာတွေကို မြန်မြန်ပဲ ဝေမျှခဲ့သည်။ “ကလေး ပြောနေတုန်းက ငါ အာရုံ မစိုက်မိဘူးဆိုပေမယ့် ငါ့အထင် ဒါက တော်တော်လေး နီးစပ်တယ်။ တကယ်လို့ သူက ရှုလဲ့ရဲ့ ကြံရာပါ မဟုတ်ဘူးဆိုရင် သူ အထဲကို ဝင်သွားတုန်းက သူက ဘာလို့ လိုက်မဝင်သွားတာလဲ။”

အငြိမ်းစား ရဲအရာရှိကလည်း အတော်လေးကို စိတ်လှုပ်ရှားနေသော်လည်း သူက လူသစ်တွေထက် သူပိုင်တာကို ထိန်းထားနိုင်တာက ပိုကောင်းလိမ့်မည် ဖြစ်သည်။ “မင်း အရင် ပြန်သွားလိုက်။ သူတို့ကို သတိမပေးနဲ့ဦး။ ငါ သွားပြီး အခြေအနေကို မေးလိုက်မယ်။ ဒီလူက ထွက်သွားတာ တစ်လတောင် မပြည့်သေးဘဲ ပြန်လာပြီ။ အဲ့မှာ အကြောင်းပြချက် တစ်ခုခု ရှိကို ရှိရမယ်။”

တင်းယန်က ယုံကြည်ချက်အပြည့်နှင့် ထွက်သွားပြီး ရဲသားကြီးကလည်း ဖုန်းတွေကို များစွာ ခေါ်ထားခဲ့သည်။

သူ အဲ့ဒါက ဘာလို့လဲဆိုတာ ရှာတွေ့ဖို့ သိပ်ပြီးတောင် မကြာလိုက်ပေ။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၁၈

ထိုသည်က သူ စုံစမ်းစစ်ဆေးမှု လုပ်နေချိန်အတွင်း ဖန်တီးထားသည့် အမှုခင်း ဖိုင်တွဲကြောင့် ဖြစ်ရတယ်ဆိုတာ ရှာတွေ့ခဲ့သည်။ သူသည် ဖိုင်တွဲကို ပေးပြီးနောက် ခရိုင် အနီးအနားရှိ ရဲစခန်းများစွာကလည်း ထိုအကြောင်းကို သေချာ သိသွားခဲ့ကြသည်။

လူတိုင်းက နန့်ရှောင်မြို့သည် အကျိုးအမြတ်တွေ ရဖို့အတွက် ထိုအရာကို မှီခိုနေရကြောင်း တွေးမိလိုက်သည့်အခါ မပျော်မရွှင် ဖြစ်နေခဲ့ရသည်။

အဲ့ကိစ္စက လူတိုင်းနဲ့ ဆိုင်တယ်။ တကယ်လို့ သူသာ သူတို့ အားလုံးကို တစ်ပြိုင်နက်တည်း ဖမ်းမိခဲ့မယ်ဆိုရင် အဲ့ဒါက သူတို့တွေသာ အသုံးမကျ ဖြစ်သွားအောင် လုပ်လိမ့်မယ်မလား။

ထို့ကြောင့် ခရိုင် အနီးအနားရှိ ရဲစခန်းများစွာက ရဲသားကြီးရဲ့ ပြန်ပေးသမားကို အခွင့်အရေးယူပြီး ဖမ်းဖို့ကို စောင့်နေမည့် နည်းလမ်းကို မလိုက်နာခဲ့ကြသော်လည်း အရင်ဆုံး စုံစမ်း စစ်ဆေးမှု တစ်ခုကို သေချာ လုပ်ဖို့သာ စီစဥ်ထားခဲ့သည်။ တကယ်လို့ ရာဇဝတ်သားတွေကို ရှာတွေ့ခဲ့ရင် ဒါဟာ သူတို့ရဲ့ ကိုယ်ပိုင် မှတ်တမ်းတစ်ခုသာဖြစ်ပြီး အခြားသူတွေနှင့် ဆိုင်မည် မဟုတ်ပါ။

ရလဒ်အနေဖြင့် တကယ်တမ်းမှာလည်း သူတို့က တစ်ခခုခုကို ရှာတွေ့ခဲ့ကြသည်။

ကာစီနိုဝိုင်းတွေကို အရင်ဆုံး စုံစမ်းစစ်ဆေးခဲ့ကြသည်။ ဘယ်အချိန်မဆို လောင်းကစားသမားတွေ အဆက်မပြတ် ရှိနေခဲ့ကြသည်။ လူတိုင်းရဲ့ ဘဝတွေက ခက်ခဲနေခဲ့သော်လည်း သူတို့ရဲ့ လက်တွေကို မထိန်းချုပ်နိုင်ဘဲ မိသားစုက စားစရာတွေ စားဖို့ အတော်လေး ဆင်းရဲနေကြရင်တောင် လောင်းကစားကို လုပ်ကြမည် ဖြစ်သည်။

နယ်ခံ ရဲစခန်းတွေက ထိုအကြောင်းကို တွေးလိုက်ပြီး တရုတ် နှစ်သစ်ကူး မတိုင်ခင် အထူး ဆောင်ရွက်ချက်တွေကို စီမံ လုပ်ဆောင်ကြလိမ့်မည် ဖြစ်ပြီး သဲလွန်စတွေရဲ့ အနောက်ကို လိုက်ပြီး လူတွေကို ဖမ်းလိမ့်မည် ဖြစ်သည်။

သူပြောင်းသွားသည့်အခါ သူ့ဘေးနားရှိ လူတွေကလည်း ထိုနည်းလမ်းကို လိုက်ခဲ့ကြသည်။ အခုဆိုရင် နန့်ရှောင်မြို့ အနားကို မပြောင်းသွားဘဲ ရည်ရွယ်ချက်ရှိရှိ ပြန်ပေးသမားကို စောင့်ကြလိမ့်မည် ဖြစ်သည်။

ရဲသားကြီး - …..

'ဒီလူတွေ ဒီကို ပြေးလာတာ အံ့ဩစရာ မရှိတော့ဘူး။ အခြားနေရာတွေက ဒီမှာလောက် ထပ်ပြီး မလုံခြုံတဲ့ပုံ ရတယ်။ '

'ဟုတ်ပါပြီ။ အခု စောင့်နေဖို့ မလိုတော့ဘူး။ '

'အခုတော့ မင်းက ဒီမှာ ရှိနေပြီ။ ဘာလို့ ဒီမှာ မနေတာလဲ။ ပြီးတော့ မင်းအတွက် နှစ်သစ်ကူးမှာ အလကားရမယ့် ထောင်ထမင်း၊ ထောင်ဟင်းတွေ ရှိနေသေးတယ် '

လူနာ နှစ်ရဲ့ ၂၇ ရက်မြောက်နေ့ကို ရောက်လာခဲ့ပြီ ဖြစ်ပြီး တရုတ် နှစ်သစ်ကူးပွဲရောက်ဖို့ သုံးရက်သာ လိုတော့သည်။ သူ့မှာ တာဝန်တွေ ရှိရှိ၊ မရှိရှိ ဘယ်သူကမှ အလုပ် လုပ်ဖို့ စိတ်ကူးတွေ မရှိကြတော့ချေ။

အခု မင်းမှာ လုပ်စရာ တစ်ခုခုရှိတယ်လို့ ပြောတယ်မလား။ နှစ်သစ်ကူးပြီးသွားရင် ဘာကို မစောင့်နိုင်ဘူးလား။

တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားပြီးနောက် တရုတ် နှစ်သစ်ကူးပွဲသည် စိတ်ပန်းဖြေဖို့အတွက် ရှားပါးသည့် အချိန်တစ်ခု ဖြစ်ပြီး အိမ်ထောင်စုတိုင်းကလည်း နှစ်သစ်ကူး ညစာအတွက် ပြင်ဆင်နေကြပြီ ဖြစ်သည်။

စားသောက်မှုပုံစံကို ကန့်သန့်ထားသည့် ဆောင်းတွင်းတစ်တွင်း ပြီးသွားပြီးနောက် ချမ့်တုန်က တံခါးမင်းတုန်း တစ်ခုလောက် မပိန်သွားခဲ့သော်လည်း သူသည် ပေါင်အတော် ကျသွားပြီး သူ့ဗိုက်ကလည်း အတော်လေးကို လှုပ်နေခဲ့သည်။

ဆရာချမ့်ရဲ့ သွေးခုန်နှုန်းကို တိုင်းပြီးနောက် ဝမ့်ရင်းက အတော်လေးကို ကျေနပ်နေခဲ့ပြီး သူ့အတွက် ရက်အနည်းငယ် ထိန်းချုပ်ဖို့ကို ညွှန်ပြခဲ့သည်။

ချမ့်တုန်သည် ပျော်ရွှင်စွာဖြင့် ဆရာမာကို အတူတူ သောက်ဖို့ ဖိတ်ခေါ်လိုက်သည်။

ဆရာမာက အံ့ဩသွားကာ မေးလိုက်သည်။ “မင်း ဒီနှစ် နှစ်သစ်ကူး လက်ဆောင်တွေကို မပြင်ဘူးလား။”

အရင်နှစ်တွေတုန်းက ထိုလူအိုကြီးသည် အသီး အချို့နှင့် ဖရုံစေ့တွေကို ပွဲအတွက် ပြင်ဆင်ကာ လူနာ နှစ်သစ်ကူး အချိန်အတွင်း လာလည်သည့် ကလေးတွေကို ပေးဖို့ စောင့်နေလိမ့်မည် ဖြစ်သည်။ ထို့အပြင် ချမ့်တုန်သည် အိမ်အတွက် ပျားလိမ္မော် နှစ်အိုးကို စားစရာအဖြစ်လည်း ဝယ်လာခဲ့သည်။

ဆရာမာသည် ချမ့်တုန်ရဲ့ ပိုင်ဆိုင်မှုတွေကို အသားကျပြီး လွန်ခဲ့သော နှစ်တွေကတည်းက သူသည် အတော်လေး သိချင်နေခဲ့သည်။

ချမ့်တုန်က နှာခေါင်းရှုပ်လိုက်သည်။ “ငါ့ရဲ့ တပည့်က ဒီမှာ မဟုတ်ဘူးလား။ ငါ့အတွက်ငါ ပြင်ဆင်ဖို့အတွက် လိုသေးတာလား။”

ရှုရွှမ်းက သူ့ကို သိပ်ပြီး လေးစားပုံ မရဘဲ ဝမ့်ရင်းက သူ့ရဲ့ စားသောက်မှုပုံစံကို ထိန်းချုပ်ထားသော်လည်း ဒါက လုံးဝ ကွာခြားသည်။ အကြောင်းမှာ သူ့တွင် သူ့ကို ဂရုစိုက်နေသည့် လူငယ်တွေ ရှိနေခဲ့သည်။

ဒီနှစ် ချမ့်တုန် ဝတ်နေသည့် အဝတ်တွေက ဝမ့်ရင်း ဝယ်ပေးထားခဲ့တဲ့ အဝတ်တွေ ဖြစ်သည်။ သူမက သူနှင့်အတူ အိမ်ကို အသီးအချို့ကိုလည်း ဝေပေးခဲ့သည်။ လွန်ခဲ့သော အချိန်အနည်းငယ်တုန်းက ရှုရွှမ်းသည် ငါးနှင့် အသီးအရွက် အချို့ကို ယူဖို့အတွက် သူ့ကို ကူပေးခဲ့သည်။

ချမ့်တုန်က သူ့ရဲ့ သူငယ်ချင်းဟောင်းကြီးကို ကိုးရို့ကားရားဖြင့် ပြောလိုက်သည်။ “ငါ့မှာ ဒါတွေ မလိုဘူးလို့ သူတို့ကို ပြောခဲ့ပေမယ့်လည်း သူတို့က အဲ့ဒါကို ငါ့အတွက် ပြင်ပေးထားတာတဲ့။ ငါ့ရဲ့ တပည့်က ငါ့အတွက် မြေပဲမျိုးစုံနဲ့ သစ်အယ်သီးတွေ လှော်ပေးထားတယ်။ ငါ့တပည့်ရဲ့ ဇနီးကလည်း သူတို့တွေ ငါးအရေခွံကို မြေပဲရယ်၊ သကြားရယ်နဲ့ ရောပြီး ကြောထားတဲ့ဟာကို လုပ်ထားတယ်လို့ ပြောတယ်။ သူတို့က အဲ့လိုတွေ အဲ့လိုတွေ ပြောနေပေမယ့် အဲ့ဒါတွေဟာ ဘယ်နေရာမှာမှ မရောင်းဘူးဆိုပေမယ့် အဲ့ဒါတွေက အဆင်ပြေပါတယ်။ ပြီးတော့ ငါးပုတ်သင်ကိုလည်း ငါ့ဘာသာ ချက်လိုက်လို့ ရတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ငါ့အတွက် အိမ်မှာ ချက်ထားတဲ့ ငါးဟင်း တစ်ပန်းကန်ကို လုပ်ပေးတာ။ အဲ့ဟင်းကလေ ငါ့ရဲ့ စားသောက်ဆိုင်က လောင်လျှို ချက်တာထက်တောင် ပိုကောင်းသေးတယ်။”

ဆရာမာ - …

'ပါးစပ် ပိတ်ထားစမ်းပါ။ မင်းရဲ့ အမျိုးမျိုးဖြစ်နေတဲ့ စိတ်က ငါ့ဆီကိုပါ ရောက်လာတော့မယ်။ '

ဆရာမာက သူများထက်သာအောင် မလုပ်နိုင်ပါ။ “ငါ့တပည့်ကလည်း အတော်လေး တော်တယ်။ ဟိုတစ်လောတုန်းကလည်း သူက ငါ့ကို သူ့မြို့ကနေ ယူလာတဲ့ အနီရောင် ထင်းရှူးစေ့တွေ ယူလာသေးတယ်။ သူတို့တွေ အဲ့အသီးတွေ ခူးဖို့အတွက် အတော်လေးကို ဒုက္ခရောက်ခဲ့တယ်ဆိုပြီး ငါကြားထားတယ်။”

ချမ့်တုန် - “မင်းတပည့်လား။ မာယုံကျင်းလား။”

ဆရာမာရဲ့ မျက်နှာက ညှိုးကျသွားသည်။ “မင်းက ရန်ဖြစ်ချင်နေတာလား၊ ဟုတ်တယ်မလား။”

မာယုံကျင်းက ဒီလောက် စိတ်ပျက်ဖို့ကောင်းတဲ့ လူတစ်ယောက်လေ။ သူက မင်းရဲ့ စည်းမျဥ်းတွေကို လိုက်နာလား၊ မလိုက်နာဘူးလားဆိုတာကို မင်းမသိဘူးလား။

အဖိုးကြီး နှစ်ယောက်က ဝက်သားပြုတ်နှင့် ဝိုင်ကို သောက်နေရင်း အချင်းချင်း စကားများနေခဲ့ကြသည်။ ထိုရက်အနည်းငယ်သည် နှစ်တစ်နှစ်မှာ အငြိမ်းချမ်းဆုံး အချိန်တစ်ခု ဖြစ်တယ်ဟု တွေးနေခဲ့ကြသည်။ ကလေးတွေက သူတို့ရဲ့ ပိုက်ဆံတွေကို အပြင်ထွက်ဖို့ ယူသွားပြီး ပျော်ကြလိမ့်မည် ဖြစ်သည်။ အဖွားကြီးနှင့် သူတို့က အလုပ်တွေ အားနေကြပြီ ဖြစ်သည်။ သူတို့က ဝိုင်အနည်းငယ် သောက်ဖို့ အတူတူ လူစုခဲ့ကြသည်။ 'အို၊ သာယာလိုက်တဲ့ နေ့လေးပါလား။ ဒီလိုဟာအတွက်နဲ့ ဒါကို နတ်ဘုရား တစ်ပါးကတောင် လဲနိုင်မှာ မဟုတ်ဘူး။ '

ချမ့်တုန်သည် မာမိသားစု အိမ်ရဲ့ လိုက်ကာနားက လမ်းလျှောက်ကာ ဖြတ်သွားသည့် လူတစ်ယောက်ကို မြင်သည့်အခါ သူသောက်နေရတာက ပိုပြီး ပျော်နေခဲ့သည်။

“အို၊ ငါတို့ဆရာချမ့်မှာ သာယာတဲ့ ဘဝတစ်ခု ရှိနေတာပဲ။”

ချမ့်တုန်ကလည်း ပြုံးသွားခဲ့သည်။ သူက ဖန်ခွက်လွတ် တစ်ခွက်ကို ကောက်ယူပြီး ဖြည့်လိုက်သည်။ “မင်း ဒီကို ရောက်လာဖို့ အချိန်က ဘယ်လိုရလာတာလဲ။”

ရောက်လာတဲ့လူက မျက်နှာကြီးကြီးနှင့် သူရှာနေသည့် အကိုကြီး တစ်ယောက် ဖြစ်သည်။ ထိုအကိုကြီးဖြစ်သူက သူနှင့် သက်တူရွယ်တူ ရှိသော်လည်း သူ့ရဲ့ မျက်လုံးက အနည်းငယ် မှေးနေခဲ့ပြီး သူ့ရဲ့ လက်တွေထဲရှိ တစ်ချောင်းက အနည်းငယ် တုန်နေခဲ့ပြီ ဖြစ်သည်။

ဒါပေမယ့် ဒီလူကြီးက သာမန်လူတစ်ယောက်ပဲလို့ မင်း တွေးလိုက်ရင် မှားသွားလိမ့်မည်။ ဒီလူကြီးရဲ့ မျိုးရိုး နာမည်က စုန့်။ နောက်ပြီး အရင်တုန်းက အချိန်မှာဆို သူက လန်ချားမောင်းတဲ့ လူတစ်ယောက်အဖြစ် လုပ်ခဲ့တာ။ အစပိုင်းတုန်းကဆို သူက တစ်ယောက်တည်း အလုပ် လုပ်နေပေမယ့် နောက်ပိုင်းကျတော့ သူက ညီအကိုတွေနဲ့ အဖွဲ့တစ်ဖွဲ့ လုပ်လိုက်သည်။ အဲ့လူတွေက အချင်းချင်း ရိုင်းပင်းကူညီတဲ့ လူတွေချည်းပဲ စုထားတာတွေ။ ဒီလူကြီးရဲ့ အကြောင်းက ဘယ်လောက် နက်နဲလဲဆိုတာ ဘယ်သူကမှ မသိကြပါ။ ပတ်ဝန်းကျင် အသစ်မှာဆို ရှားပါးတဲ့ အရာက အဲ့ဒါပဲလေ။ အဖိုးကြီးစုန့်က ချက်ချင်း သူ့ရဲ့ ညီအကိုတွေနဲ့ အဖွဲ့ကို ဖျက်သိမ်းလိုက်သည်။ ပြီးတော့ သူတို့တွေ တစ်ကွဲတစ်ပြားစီ ဖြစ်သွားပြီးတဲ့နောက်ပိုင်း သူတို့အားလုံးက ကိုယ့်ဘာသာပဲ ကောင်းကောင်း နေကြဖို့ စီစဥ်လိုက်ကြသည်။

အဖိုးကြီးစုန့်က စက်ဘီးပြင်ဆရာအဖြစ် လုပ်ကိုင်နေသည်။ တကယ်လို့ သူသာ ကောင်းကောင်း စားမယ်ဆိုရင် သူ့မိသားစု တစ်စုလုံးကလည်း ဆာလောင်ကြမည် မဟုတ်ပါ။

“ငါ ဘာလို့ ဒီမှာ ရှိနေလဲဆိုတာ မင်း မသိဘူးလား။” အဖိုးကြီးစုန့်က ဝိုင်ခွက်ကို သူ့ရဲ့ မေးစေ့နားသို့ မြှောက်ပြီး ချမ့်တုန်ကို နောက်ထပ် တစ်ခွက် ထပ်ပြီး ထည့်ပေးဖို့ ပြောလိုက်သည်။ “မင်းပြောလိုက်တဲ့ အဲ့ဒါက အဲ့နေရာမှာ သဲလွန်စတစ်ခုတော့ ရှိတယ်။”

ချမ့်တုန် - “ဘာသဲလွန်စတွေလဲ။ မဖြစ်နိုင်တာပဲလေ။ အချိန် ခနလေးပဲ ရှိသေးတာကို လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ပြီး လှည့်ထွက်သွားမှာလဲ။”

အဖိုးကြီးစုန့် - “ယုံချင်ယုံ၊ မယုံချင်နေ။ ဒီနေ့မနက် ရထားပေါ်မှာ လူ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ပါတယ်။”

ချမ့်တုန်က ရုတ်တရက် အားအင်အပြည့် ဖြစ်သွားခဲ့သည်။ အဖိုးကြီးစုန်ရဲ့ ခွက်ကို ဖြည့်ပေးပြီးနောက် သူက မေးလိုက်သည်။ “အဲ့တော့၊ အကိုကြီး။ ငါတို့တွေ ဒါနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်တယ်လို့ ထင်လဲ။”

သူ့ရဲ့ ကျယ်ပြန့်သည့် အဆက်အသွယ်တွေကလွဲလို့ သူသည် ဒီလို အလကားလူတွေနဲ့ ရင်ဆိုင်ရသည့်အခါ သူ့မှာ ဘာလုပ်ရမလဲဆိုသည့် အတွေးမျိုး မရှိပါ။ သူသည် ထိုလူတွေကို ဖမ်းပြီး ရဲစခန်းကို ပို့ပေးနိုင်သော်လည်း တကယ်တမ်း သူတို့ကို မဖမ်းဘဲ နေမယ်ဆိုရင် သူတို့ကို အပြစ်ပေးဖို့က ခက်သွားလိမ့်မည်။

ချမ့်တုန်သည် ထိုပြန်ပေးသမားတွေကို ဖမ်းပြီး သူတို့ရဲ့ လက်ကျန် ဘဝကို ထောင်ထဲမှာ ကုန်ဆုံးသွားအောင် လုပ်ပေးတာက အကောင်းဆုံး ဖြစ်သည်ကိုသိပြီး ဒါက သူ့ကို သက်သာအောင် လုပ်နိုင်မည်ဟု တွေးနေမိခဲ့သည်။

ပြီးတော့ သူ့တပည့်ရဲ့ မိန်းမကလည်း ကိုယ်ဝန်ကြီးနဲ့။ တကယ်လို့ ဒီလူတွေ အကုန်လုံးက သူ့လို အဖိုးကြီး တစ်ယောက်က ဘာမှ မလုပ်နိုင်ဘူးလို့ တွေးနေရင်ရော သူဘာလုပ်သင့်လဲ။ တကယ်လို့ သူတို့တွေ သူ့တပည့်ရဲ့ ကလေးကို လုပ်ဖို့ ကြိုးစားလာရင်ရော သူဘာလုပ်သင့်လဲ။

အဖိုးကြီးစုန့်က တစ်ငုံ သောက်လိုက်ပြီး မျက်မှောင်ကို ကြုတ်ကာ တီးတိုးပြောလိုက်သည်။ “မင်း ဒီလောက်ထိ တွေးဖို့လိုတယ်လို့ ငါမထင်ဘူး။ ဒီလူအုပ်စုက ရထားပေါ်က ဆင်းတာနဲ့ ပစ်မှတ်ထားခံရတော့မှာ။ ပြီးတော့ စောင့်ကြည့်နေတဲ့သူတွေဆိုလို့ ငါတို့ပဲရှိတာ မဟုတ်ဘူး။ ငါ တခြား စောင့်ကြည့်နေတဲ့ လူတွေကိုလည်း တွေ့လိုက်တယ်။”

အစပိုင်းမှာတော့ ချမ့်တုန်က ပျော်ရွှင်နေတယ်ဆိုသော်လည်း သူက ထိုအကြောင်းကို သေချာတွေးပြီး ခေါင်းကို ခါပြလိုက်သည်။

“ဒီကို ရောက်လာတဲ့လူတွေက ညှိလို့လွယ်တယ်။ ငါက ငါ့ခြံထဲက လူတစ်ယောက်အကြောင်း စိုးရိမ်နေရုံပါ။ အဲ့ကောင်က အလကားကောင်။ ပြီးတော့ မင်း သူ့ကို ကြည့်ရင်တောင် သူက လူကောင်းတစ်ယောက် မဟုတ်ဘူး။ သူက မကောင်းတဲ့ အရာတစ်ခုခု လုပ်မှာကို စိုးရိမ်နေတာ။ ငါတို့ ခြံထဲမှာက ကလေးတွေ အများကြီး ရှိတယ်။”

အဖိုးကြီးစုန့်က ရယ်ပြီး ပြောလိုက်သည်။ “ဒါက မရိုးရှင်းဘူးလား။”

သူသည် သူ့ဘေးနားရှိ တူကို ကောက်ကိုင်ပြီး ဆီနီနီဖြင့် စိမ်ထားသည့် အဖြူရောင် အသားပိုင်းကို ယူလိုက်သည်။ “တကယ်လို့ မင်း စိုးရိမ်နေရင် သူ့ကို တစ်ခုခု လုပ်ခွင့်သာ ပေးလိုက်။ သူ့ကို အိမ်မှာရော အပြင်မှာရော ရှိသမျှ အရာရာတိုင်းကို ဝင်ပါခွင့်ပေးလိုက်။ ပြီးရင် သူ့ကို မယိုးမယွဖြစ်အောင် လုပ်လိုက်။ ငါတော့ ပုပ်နေတဲ့ ကြက်သွန်ဖြူကို ထုတ်လိုက်ပြီ။ သူ့မှာ လိုတဲ့အခါ ထုတ်သုံးလို့ရတဲ့ လှည့်ကွက်တွေ အများကြီး ရှိတယ်။ တကယ်လို့ ငါသာ သူနဲ့ ပြဿနာမဖြစ်ဘူးဆိုရင် သူက လူတိုင်းကို စွန့်ပစ်ရဲပြီး နောက်ဆုံး ထွက်ပြေးသွားလိမ့်မယ်။”

ချမ့်တုန်က သူ့ရဲ့ပေါင်သူ ရိုက်ပြီး ပြောလိုက်သည်။ “အဲဲဒါတော့ မှန်တယ်။ ဒီကောင်က ရက်စက်တယ်လို့ ငါထင်တယ်။ သူက သူ့မိန်းမ၊ ကလေးနဲ့ အမေရဲ့ အကြောင်းကိုတောင် ဂရုမစိုက်ဘူး။ တကယ်လည်း သူက ထွက်ပြေးသွားဖို့ စီစဥ်နေတာလည်း ဖြစ်နိုင်တယ်။”

အဖိုးကြီးစုန့်က ခြေဟန်လက်ဟန် ပြလိုက်သည်။ “ဒီကလေးက တကယ်ကို လက်ခံလို့မရဘူးပဲ။ သူက သူ့မိန်းမနဲ့ ကောင်းကောင်း မနေရုံတင်မကဘူး အပြင်မှာလည်း သူ့လူတွေ ရှိနေသေးတယ်။ အဲ့မှာ တံခါးက နှစ်ပေါက်ရှိရုံတင်မကဘူး လက်ခံလို့မရတဲ့ ကောင်မလေး တစ်ယောက်ကိုလည်း သွားအမိဖမ်းသေးတယ်။”

ချမ့်တုန်က ရွံသလို ကြည့်လိုက်သည်။ “သူ့ရဲ့ ဒီလို ကြက်ကလေးလောက်နဲ့ သူက လူတစ်ယောက်ကို ဘယ်လို အမိဖမ်းလို့ ရမှာလဲ။ သူ့မိန်းမလိုမျိုး ဘယ်လိုလူကများ ကန်းနေလို့လဲ။”

အဖိုးကြီးစုန့် - “ဒါမှမဟုတ် ဒီကောင်မလေးက အပေါ်ယံပဲလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ။ ဒီပုပ်နေတဲ့ ကြက်သွန်ဖြူက သူက တပ်သားတစ်ယောက် ဆိုပြီး လူတွေကိုတောင် လိမ်ထားတာ။ အမြဲတမ်း သူက ကောင်မလေးကို ညစာနဲ့ ရုပ်ရှင်တွေ ကြည့်ဖို့လောက်ပဲ ဆက်ဆံနေတာ။ သူက လူတွေကို လိမ်နေတာ။”

ချမ့်တုန် - “အဲဲဒါ ဘာကိုပြောချင်တာလဲ”

“ငါတို့ ဒါကို သူ့ဆီ ပေါ်သွားအောင် လုပ်ပေးကြမလား။”

အဖိုးကြီးစုန်က တုံးအနေသည့် ဆရာမာကို ကြည့်ပြီး လက်ညှိုးထိုးပြခဲ့သည်။ “အဲဲဒါနဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ဖို့ ဖျားယောင်းခံရတဲ့ မင်းရဲ့ ဝမ်းကွဲရဲ့ မိသားစုကို ဘာလို့ သွားမမေးတာလဲ။ ပြီးတော့ မိသားစု နှစ်စုလုံးမှာ မကျေနပ်တာတွေ ရှိနေတော့ ဒါတွေ အားလုံးက အဓိပ္ပါယ်ရှိတယ်။”

ချမ့်တုန် - “မင်း ကျေးဇူးပြုပြီး ဖျားယောင်းဖို့အကြောင်း မပြောလို့ ရနိုင်မလား။”

ဆရာမာမှ အားငယ်စွာ ပြောလိုက်သည်။ “ငါ ဘာကိုမှ မပြောနိုင်ဘူး။ ဟိုးအရင်ကတည်းက ချမ့်တုန်နဲ့ သူနဲ့ ငါ့ကို ဆန့်ကျင်ဖို့ လုပ်နေတာကို ငါ့ဝမ်းကွဲက မဖမ်းမိနိုင်ဘူး။”

ချမ့်တုန် - “ငါ့ကို ထပ်ပြီး မဖျားယောင်းဖို့ ငါ သူ့ကို ပြောထားပြီးသားပဲလေ။”

အဖိုးကြီးစုန့် - “ဒါက အကြောင်းမဟုတ်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ မင်း ဝမ်းကွဲရဲ့ ဦးနှောက်မပါတဲ့ တပည့်ကို လွှတ်ထားလိုက်။ ဆရာမာရဲ့ တပည့်နာမည်က မာယုံကျင်း၊ ဟုတ်တယ်မလား။ သူ့ကိုပဲ လုပ်ခိုင်းလိုက်။”

ဆရာမာ - “သူက ထပ်ပြီး ငါ့တပည့်အနေနဲ့ ရှိတော့မှာ မဟုတ်ဘူး။”

ဆရာမာသည် မဆွေးနွေးခင် ခနလောက် တုံ့ဆိုင်းသွားခဲ့သည်။ “အဲဲဒါကို မေ့ထားလိုက်ရအောင်။ တကယ်လို့ ငါတို့တွေ တစ်ခုခုကို ဖော်ထုတ်ဖို့ ကြိုးစားနေရင် ငါတို့ ဒီလူငယ် မျိုးဆက်တွေကို ဝင်ပါဖို့ ခွင့်ပြုတော့မှာ မဟုတ်ဘူး။ မာယုံကျင်းရဲ့ မိသားစုမှာ ကလေးတွေ အများကြီး ရှိတယ်။ တကယ်လို့ ရှုလဲ့က တကယ် သူတို့ကို မနာလိုနေတာကို ဆက်ထိန်းထားရင် သူတို့ ဘာဆက်ဖြစ်ကြမှာလဲ။”

အဖိုးကြီးစုန့် - “ဒါက မှန်တယ်။ ပြီးရင် ငါ လူတစ်ယောက် ရှာလိုက်မယ်။”

“ဒါက ပတ်ဝန်းကျင် အသစ်လေ။ တကယ်လို့ အဲ့မှာ ပတ်ဝန်းကျင် အဟောင်းသာ ရှိနေရင် ငါဖမ်းမိသမျှ ပြန်ပေးသမားတွေ ဘယ်သူ့ကိုမဆို မီးရှို့ပစ်မယ်။ ဘယ်လိုမှ လက်ခံလို့မရတဲ့ မကောင်းတဲ့ကောင်တွေ။ ဒီနှစ်တွေမှာ သူတို့က ထောင်ထဲမှာ နေပြီး အလကားရတဲ့ စားစရာတွေကို စားနေရမှာ။”

All Chapters