← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 19 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 19 Ch. 221-222

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၂၁

သို့သော် သူသည် ကလေးတွေနှင့် ဒုတိယ အိမ်ထောင်ကို မပြုချင်ပါ။

ကျောက်ကျွင်းရဲ့ စိတ်ထဲမှာ လှပသည့် အတွေးတစ်ခု ရှိနေခဲ့သည်။ ကလေးတွေကို ဂရုစိုက်ပေးသည့် လူတစ်ယောက်အနေဖြင့် သူသည် ကျောက်တုန်နှင့် ကျောက်ရှီရဲ့ အပေါ်မှာ သူ့ရဲ့ အာရုံစိုက်မှု အားလုံးကို ပေးနိုင်မှာလား။ သူသည် သူ့ရဲ့ ပိုက်ဆံတွေ အားလုံးကို တစ်ပါးသူရဲ့ သားသမီးတွေ အပေါ်မှာ လုံးဝ မသုံးချင်ပါ။

ထိုအတွေးကို ခနလောက် ဆက်တွေးခဲ့သော်လည်း အောင်သွယ်တော်က သူ့ကို လူအနည်းငယ်နှင့် မိတ်ဆက်ပေးခဲ့ပြီး နောက်ဆုံးမှာတော့ ဘာမှ ဖြစ်မလာခဲ့ပါ။

ထိုအချက်တွေကြောင့်ပဲ ကျောက်ကျွင်းသည် သူ့ရဲ့ တောင်းဆိုချက်တွေကို လျှော့ချဖို့ဆိုတာ ဝန်ခံရတော့မည် ဖြစ်သည်။

သူကိုယ်တိုင်က အနည်းငယ် ထပ်ပြီး ထိန်းထားနိုင်သည်။ သို့သော် ကလေးတွေကတော့ ထပ်ပြီး မစောင့်နိုင်တော့ပါ။

အခုဆိုရင် ကိစ္စတွေက အခုလို ဖြစ်လာပြီး ကျောက်မိသားစု ကိုယ်တိုင်ကလည်း အဲ့ဒါကို ထပ်ပြီး လိမ်နိုင်တော့ပါ။

ကျောက်တုန်နှင့် ကျောက်ရှီသည် သူတို့ရဲ့ အတိတ်ဘဝက တိုးတက်ဖို့ လမ်းကြောင်းတွေကနေ သွေဖယ်လာတာ သံသယဝင်ဖွယ် မရှိပါ။

သူ့ရဲ့ အတိတ်ဘဝတုန်းက ဒီလိုအချိန်မှာ သူသည် မြို့မှာ အလုပ်တွေကို ပြောင်းထားပြီး ဖြစ်သည်။ သူ အိမ်ကို ပြန်လာသည့်အခါ ကျောက်တုန်နှင့် ကျောက်ရှီသည် ရွာက မူလတန်းကျောင်းကို တက်နေသော်လည်း သူတို့က ထိပ်တန်း ကျောင်းသားတွေ ဖြစ်နေခဲ့သည်။ သူတို့တွေက စကားနားထောင်ပြီး တွေးခေါ်တတ်သည်။ ထို့အပြင် သူတို့က သူ့အပေါ်မှာလည်း အတော်လေး ချစ်ခင်ကြသည်။

အဲ့ဒါတွေက အခုလို ဟုတ်မနေခဲ့ပါ။ အခုချိန်တွင် ကလေး နှစ်ယောက်လုံးရဲ့ အဆင့်တွေက အတန်းထဲတွင် အောက်ဆုံးမှာ ရှိနေခဲ့ပြီး သူတို့တွေကလည်း အေးတိအေးစက် ဖြစ်ကာ သည်းခံနေခဲ့ကြရသည်။

ကျောက်ကျွင်းသည် မိန်းမတစ်ယောက်ကို အတော်လေး ရှာချင်နေခဲ့ကာ တကယ်လို့ အဲ့ဒါကသာ ဒုတိယ အိမ်ထောင် ဖြစ်နေခဲ့ရင်တောင် အရာအားလုံး အဆင်ပြေသွားမည် ဖြစ်သည်။ သို့သော် သူသည် သူ့ရဲ့ မိသားစုကို အဆင်ပြေအောင် လုပ်ပေးဖို့အတွက် မိန်းမတစ်ယောက် လိုအပ်သည်။

ရလဒ်အနေဖြင့် ဒီနှစ်မှာ ကျောက်ကျွင်းရဲ့ အချိန်ဇယားတွေက အတော်လေး ပြည့်နေခဲ့ပြီ ဖြစ်သည်။ နေ့တိုင်းနီးပါး အလုပ်ဆင်းတာနှင့် ပထမဆုံး သူလုပ်သည့် အရာဟာ ကောင်မလေး တစ်ယောက်ကို ချိန်းတွေ့မှုကနေ သွားတွေ့ဖို့ အပြေးလေး သွားတာသာ ဖြစ်သည်။

အောင်သွယ်တော်က သူ အရင်က ရှာတွေ့ထားသည့် ဖန်းတမိန် ဖြစ်သော်လည်း အခုဆိုရင် စက်ရုံထဲရှိ လူတွေက သူ့အတွက် အောင်သွယ်တော်တွေအဖြစ် ထပ်ပြီး မလုပ်ချင်တော့ပါ။

အကြောင်းပြချက် တစ်ခုကတော့ အရင်တုန်းက ကျောက်ကျွင်းသည် သူ့ရဲ့ သူဌေးကို မကျေမနပ် ဖြစ်ခဲ့ဖူးသည့် အချို့သော မိန်းမတွေနှင့် ပတ်သက်ပြီး ချေးများနေခဲ့သည်။ အခြား အကြောင်းပြချက်ကတော့ ကျောက်ကျွင်းရဲ့ ကလေးတွေက အဆင်မပြေတာကို လူတိုင်းက သိနေခဲ့သည်။

သူတို့က ကျောက်ကျွင်းကို စုံတွဲအနေနဲ့ အရင်တုန်းက မိတ်ဆက်ပေးခဲ့ဖူးတဲ့ ကုန်စည်ဌာနက လက်ထောက် အစ်မမာကို မမြင်ဘူးလား။ ကျောက်တုန်နှင့် ကျောက်ရှီတို့ ဝင်ပါလာပြီးကတည်းက သူတို့တွေက အစ်မမာရဲ့ ပြတင်းပေါက်ကို ကျောက်ခဲတွေနဲ့ ပစ်ခဲ့ကြတာရော မမြင်ဘူးလား။

နောက်ပိုင်းမှာ သူတို့ မရပ်ခင် ကျောက်ကျွင်းက သူတို့ကို ရိုက်ခဲ့သည်။

ကျောက်တုန်နဲ့ ကျောက်ရှီတို့ဟာ သူတို့ရဲ့ အမေကို ဆုံးရှုံးထားတဲ့အတွက် လူတိုင်းက စိတ်မကောင်း ဖြစ်နေခဲ့သော်လည်း ဘယ်သူကမှ သူတို့နှင့် မပတ်သက်ချင်တော့ပါ။

ကျောက်ကျွင်းသည် ကျွမ်းကျင်သည့် အောင်သွယ်တော် တစ်ယောက်ကိုသာ အရာအားလုံး ပုံအပ်နိုင်သည်။

ဖန်းတမိန်သည် ပိုက်ဆံကို ယူပြီး ကိစ္စတွေ ပြီးမြောက်အောင် လုပ်ပေးတတ်သည့် လူတစ်မျိုး ဖြစ်သည်။ သူမသည် ကျောက်ကျွင်းအတွက် လူများစွာနှင့် စီစဥ်ပေးထားခဲ့သည်။ ကျောက်ကျွင်းက ချေးများတာကို သိနေသည့်အတွက် သူမက သူမတွင် ရှိသမျှ သတင်း အချက်အလက် အားလုံးကို ထုတ်သုံးလုနီးပါး ဖြစ်နေခဲ့သည်။

အကြောင်းမှာ ကျောက်ကျွင်းသည် သူမက ကလေးတွေကို ဂရုစိုက်ပေးနိုင်ရမယ်ဆိုတာ သဘောတူခဲ့ပြီး ဖန်းတမိန်သည် မကြာသေးခင်ကမှ ကလေးတွေကို စောင့်ရှောက်ပေးနိုင်သည့် မိန်းမ တစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။

သို့သော် ရလဒ်က…..

ပထမဆုံးနေ့မှာတင် ကျောက်ကျွင်းက သားတစ်ယောက် ရှိနေသည့် မုဆိုးမ တစ်ယောက်နှင့် တွေ့ခဲ့သည်။ သူသည် မကျေနပ်ပါ။ အကြောင်းမှာ သူမသည် အဝလွန်နေပြီး အသံကို အကျယ်ကြီး ပြောခဲ့သည်။ အမြဲတမ်း သူ အထင်သေးခဲ့သည့် ဝမ့်လင်းလင်းက လှပပြီး နူးညံ့သော်လည်း ကျောက်ကျွင်းက အဲ့ဒါကို လက်မခံနိုင်ပါ။

နောက်တစ်နေ့မှာတော့ ကျောက်ကျွင်းသည် သမီးတစ်ယောက် ရှိနေသည့် မုဆိုးမ တစ်ယောက်နှင့် တွေ့ခဲ့သည်။ သူသည် မကျေမနပ် ဖြစ်နေဆဲ ဖြစ်ကာ သူမ လက်ထပ်တုန်းက အတော်လေး ငယ်တာကို ငြင်းနေခဲ့ပြီး သူမရဲ့ သမီးကလည်း ၁၂နှစ် ရှိနေနှင့်ပြီး ဖြစ်သည်။ အိမ်ကို သမီးငယ်လေးတစ်ယောက် ခေါ်လာတာက ပြဿနာတစ်ခု ဖြစ်နေခဲ့ပြီး သူမ နေဖို့နေရာကို ထောက်ပံ့ပေးရမည် ဖြစ်သည်။ နောက်ထပ် နှစ်အနည်းငယ် ကြာသည့်အခါ သူက မယားပါသမီးကို ခန်းဝင်ပစ္စည်းတစ်ခု ပေးရမည် မဟုတ်ပါလား။

တတိယမြောက်နေ့မှာ ကျောက်ကျွင်းက သင့်တော်သည့် မိန်းမတစ်ယောက်နှင့် တွေ့ခဲ့သည်။ သူမတွင် သုံးနှစ် အရွယ် သားတစ်ယောက် ရှိပြီး အားပေးကာ ရက်ရောပြီး သိက္ခာရှိသည့် ရုပ်ရည်မျိုး ရှိသည်။ သူမရဲ့ မိဘတွေမှာ အလုပ်ရှိပြီး သူမမှာ အိမ်ပိုင်နှစ်လုံး ရှိသည်။

ဒါပေမယ့်…..

“ငါ နင့်ကို အဲ့ကိစ္စ မဖုံးကွယ်ထားချင်ဘူး။ ငါက ငါ့ရဲ့ သေသွားတဲ့ ယောက်ျားကို ကွာရှင်းထားတာ။”

“သူက အရွယ်ရောက်ပြီးတဲ့ ယောက်ျားတစ်ယောက် ဆိုပေမယ့် သူက တစ်ခုခု လုပ်တော့မယ်ဆိုရင် အရမ်း နှေးတယ်။ ပြီးတော့ သူက သူ့အမေအတွက် ဒါတွေက ဘယ်လောက် ခက်ခဲလဲဆိုတာ ငါ့ကို ပြောဖို့ စိတ်ခုနေပြီး ငါ သူ့ကို အလျှော့ပေးဖို့ ပြောသေးတယ်။ ငါ အဲ့ဒါကို နှစ်တွေ နည်းနည်းလောက် ဒီတိုင်း ထားလိုက်တာ။ ဒါပေမယ့် ငါ အဲ့ဒဏ်တွေကို ထပ်ပြီး မခံနိုင်တော့ဘူး။ အဲ့ဒါကြောင့် ငါက ကွာရှင်းလိုက်တာ။”

“ငါ နင့်ကို ဘာအတွက်မှ လာတွေ့တာ မဟုတ်ဘူး။ ဒါပေမယ့် နင့်ရဲ့အမေ ဆုံးသွားတာ ငါတွေ့လိုက်တယ်။”

“ငါ နင့်ကို ဒါတွေ အခု ပြောမှဖြစ်မယ်။ ငါတို့ လက်ထပ်ပြီးရင် ကလေးတွေကို ကောင်းကောင်း စောင့်ရှောက်ပေးမယ်လို့ ငါကတိပေးတယ်။ ငါ နင့်ရဲ့ ကလေး နှစ်ယောက်ကို ဂရုစိုက်ပေးမယ်။ ပြီးရင် ကလေး သုံးယောက်လုံးကို သာတူညီမျှ ဆက်ဆံပေးမယ်။ ဒါပေမယ့် နင် အိမ်အလုပ်တွေကို ငါနဲ့အတူ ကူညီပြီး လုပ်ပေးရမယ်။ ငါ့မှာက အလုပ်တစ်ခု ရှိတယ်။ ငါက တစ်နေကုန် ကလေးတွေ ဘေးနားမှာ တစ်ချိန်လုံး ရှိနေပေးနိုင်တယ့် လူမျိုး မဟုတ်ဘူး။ ငါတို့ နှစ်ယောက်လုံးက ပိုက်ဆံရှာနေကြတာဆိုတော့ ငါတစ်ယောက်တည်း အိမ်အလုပ်တွေ အားလုံးကို လုပ်ဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး။ နင်ရော ဘယ်လိုထင်လဲ။”

ကျောက်ကျွင်းက ဘာကိုမှ မပြောချင်ခဲ့ပါ။

ညီညီမျှမျှ ပြောရရင် သူ့ရဲ့ အရှေ့မှာ ရှိနေသည့် လူက သူချိန်းတွေ့တာကနေ တွေ့ခဲ့သည့် လူတွေထဲမှာ အသင့်တော်ဆုံး လူတစ်ယောက် ဖြစ်နေတာကို သူ သိနေခဲ့သည်။

သို့သော် တစ်ဖက်လူက သူ့ရဲ့ နောက်ဆုံး အချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး အိမ်အလုပ်တွေ မျှဝေကာ လုပ်ရမည့် အကြောင်း ပြောသည့်အခါ ကျောက်ကျွင်းက မကျေမနပ် ဖြစ်နေခဲ့သည်။

သူက အိမ်အလုပ်တွေ လုပ်ဖို့ စိတ်ကူးမရှိပါ။

သူ့ရဲ့ အရင်ဘဝမှာတုန်းက သူ မြို့မှာ ရှိနေသည့်အခါ ဝမ့်ရင်းက သူ့အတွက် သန့်ရှင်းရေး လုပ်ပေးဖို့ အမြဲတမ်း မြို့ကို လာလိမ့်မည် ဖြစ်သည်။ နောင်ပိုင်းတွင် ဝမ့်ရင်းသည် ကလေးတွေကို မြို့သို့ ခေါ်လာပြီး သူက အိမ်အလုပ်တွေ လုပ်ဖို့အတွက် သိပ်ပြီး စိုးရိမ်စရာ မလိုပါ။

နေ့တိုင်း စားစရာတွေကို စားပွဲခုံပေါ် တင်ပေးထားတာ၊ အဝတ်တွေကို ပြောင်အောင် လျှော်ပေးတာ၊ ကလေးတွေ ကောင်းကောင်း ပြုမူနေတတ်အောင် ထိန်းပေးဖို့ဆိုတာက မိန်းမတစ်ယောက်ရဲ့ တာဝန် မဟုတ်ဘူးလား။

သူ့မှာ ရင်ဆိုင်ရမည့် လုပ်ငန်းတစ်ခု ရှိနေခဲ့သည်။

ထို့အပြင် ယောက်ျားတစ်ယောက်က အပြင်မှာ အလုပ်လုပ်ပြီး မိန်းမတစ်ယောက်က အိမ်ထဲမှာ အလုပ် လုပ်နေတာက အကောင်းဆုံး မျှချေညီတာမျိုး မဟုတ်ဘူးလား။ သူ့ရဲ့ ရုန်းကန်မှုတွေက မိသားစု တစ်စုလုံးအတွက်၊ သူမအတွက်နှင့် ကလေးတွေအတွက် မူလအစ တစ်ခုသာ ဖြစ်သည်။ သူက ဘာလို့ ဘဝမှာ အရေးမပါတဲ့ အရာတွေကို အရမ်းကြီး ကြေးများနေရတာလဲ။

ကျောက်ကျွင်းသည် ဘာကိုမှ မပြောခဲ့ပါ။

မိန်းမကြီးက သူမရဲ့ နှုတ်ခမ်းကို သပ်ပြီး သူမဟာ ကျောက်ကျွင်းရဲ့ အတွေးတွေကို မြင်နေသလို ဖြစ်နေခဲ့သည်။

သို့သော် သူမက ဂရုမစိုက်ခဲ့ပါ။ တကယ်လို့ ဒီလူက သူမကို လက်မခံချင်ဘူးဆိုရင် လက်ခံဖို့ ဆန္ဒရှိနေသည့် အခြား ယောက်ျားတစ်ယောက်တော့ ရှိနေလိမ့်မည် ဖြစ်သည်။ တကယ်လို့ အဲ့လိုလူ တစ်ယောက်မှ မရှိတော့ရင်တောင် သူမက ကလေးကို တစ်ယောက်တည်း ပျိုးထောင်နိုင်ပြီး သူမမှာ အလုပ်နှင့် အိမ်တစ်လုံးရှိကာ သူမရဲ့ ဘဝကို ကောင်းစွာ နေလို့ရနိုင်မည် ဖြစ်သည်။

သူမသည် မိသားစု ကျောထောက်နောက်ခံ မရှိသည့် လူမျိုးလည်း မဟုတ်ပါ။ သူမရဲ့ မိသားစု ကျောထောက်နောက်ခံက မချမ်းသာသော်လည်း သူမရဲ့ မိဘတွေက သူမ ကွာရှင်းဖို့ ထောက်ပံ့ပေးနိုင်ပြီး ထုံးစံအတိုင်း သူမရဲ့ ဘဝကို သူမ အလိုရှိတဲ့အတိုင်း ရွေးချယ်ဖို့ ထောက်ပံ့ပေးခဲ့သည်။

အခုဆိုရင် သူမက သကြားစက်ရုံမှာ တတိယအဆင့်ရှိ စက်ကိရိယာ တပ်ဆင်တဲ့သူတစ်ယောက် ဖြစ်ပြီး သူမရဲ့ လစာကလည်း သူမအရှေ့ရှိ ယောက်ျားထက်တော့ မဆိုးပါ။

ထို့အပြင် သူမက ဒီလူရဲ့ ကလေးနှစ်ယောက်ကို စောင့်ရှောက်ဖို့ ဘာစိတ်မှ မရှိသော်လည်း သူမက အိမ်အလုပ်တွေကို ဝေမျှကာ လုပ်ပေးဖို့ တောင်းဆိုတာကို အပြစ်လာတင်နေတာလား။

မျက်နှာလိုက်လိုက်တာ။

ထိုမိန်းမက ကျောက်ကျွင်းကို ထားပြီး ထွက်သွားခဲ့သည်။

အောင်သွယ်တော်က သူမရဲ့ ပေါင်ကို သူမဘာသာ ရိုက်ပြီး ပြောလိုက်သည်။ “လက်ထောက်ခေါင်းဆောင်ကျောက်၊ ငါ့ကို ပြောစမ်းပါဦး။ နင်က ဘာကို မကျေမနပ် ဖြစ်နေရတာလဲ။”

“ဒီအမျိုးသမီးမှာ အဲ့ဒါတွေ အားလုံး ရှိတယ်လေ၊ ဟုတ်တယ်မလား။ ရိုးရိုးသားသား ပြောရရင် သူတို့က မင်းအတွက် အရည်ချင်း မပြည့်မှီတဲ့သူတွေ မဟုတ်ဘူး။ သူ့မှာ လက်ခံလို့ရတဲ့ အလုပ်တစ်ခု ရှိတယ်၊ အိမ်တစ်လုံး ရှိတယ်။ ပြီးတော့ သုံးနှစ်အရွယ် သားတစ်ယောက်လည်း ရှိတယ်။ နင်က ဘာလို့ အဲ့ဒါကို သဘောမတူရတာလဲ။”

ကျောက်ကျွင်းသည် ခနလောက် ဘာကိုမှ မပြောဘဲ သူ့ရဲ့ မျက်နှာကို သုတ်လိုက်သည်။ “ငါ စောနက အမှား တစ်ခုကို လုပ်လိုက်မိတယ်။ သူနဲ့ ပြန်တွေ့ဖို့ မင်း ထပ်လုပ်ပေးလို့ ရနိုင်မလား။ ငါ သူမရဲ့ အခြေအနေတွေကို လက်ခံတယ်။”

သူသည် ထပ်ပြီး နှောင့်နှေးနေလို့ မရတော့ပါ။ တကယ်လို့ သူသာ အဲ့လို ဆက်လုပ်နေရင် ဒီလို အဆင်ပြေသည့် အခြေအနေမျိုး ရှိတဲ့သူကို ရှာနိုင်လောက်တော့မည် မဟုတ်ပါ။

ဝမ့်ရင်းရဲ့ ဘဝက ပိုပိုပြီး ကောင်းလာသော်လည်း သူက ဇနီးတစ်ယောက်တောင် မရှာနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား။

ဖန်းတမိန်က သူမရဲ့ ခြေထောက်ကို နင်းလိုက်သည်။ “မင်း အဲ့ဒါကို နည်းနည်းလောက် ပိုပြီး စောစောစီးစီး ပြောသင်တာ့။”

ဒီလူက ဘာဖြစ်နေတာလဲ။ သူက လူတွေ ဘေးနားမှာ ရှိနေတုန်းကတော့ ဘာမှ မပြောဘဲ အဲ့လူတွေ ထွက်သွားတော့မှ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြောသည်။

ဖန်းတမိန်က ကောင်မလေးကို ရှာဖို့ မြန်မြန် ပြေးသွားသော်လည်း သူမက နာရီဝက်တောင် မပြည့်ခင်မှာပဲ ပြန်လာခဲ့သည်။

သူမက မှုန်သုန်သုန် မျက်နှာထားဖြင့် ပြောလိုက်သည်။ “ငါ မလုပ်ချင်တော့ဘူး။”

သူမက ကျောက်ကျွင်းကို အမောတကော ပုံစံမျိုးဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဒီလူရဲ့ စိတ်က ခေါင်းမာတယ်။ သူက မြို့မှာ ကလေးထိန်း ရှာမယ့်အစား ကျေးလက်ကနေ သန်မာတဲ့ ယောက်ျားတစ်ယောက်ကို ရှာတာက ပိုကောင်းတယ်လို့ ပြောတယ်။”

ကျောက်ကျွင်း - ….

သူသည် သူ့ရဲ့ အသံကို ပြန်ထိန်းဖို့ လုပ်လိုက်သည်။ “ဒါက ငါ့ရဲ့ အမှားပါ။ စောနက ငါ သူ့ကို နားလည်မှုလွဲအောင် လုပ်မိလိုက်ပုံရတယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါ့ကို သူ့ဆီ ခေါ်သွားပေးပါ။ ငါ သူ့ကို လူချင်းတွေ့ပြီး တောင်းပန်ပါ့မယ်။”

ဒီလောက် အဆင်ပြေသည့် အနေအထားနှင့် သူမျိုးကို ထွက်သွားခွင့် ပေးလိုက်မယ်ဆိုရင် အရှက်ရစရာတွေ ဖြစ်ကုန်လိမ့်မည်။

ဖန်းတမိန်က သူမရဲ့ ခေါင်းကို ခါပြလိုက်သည်။ “ထားလိုက်တော့။ သူမက စောနကတင် တံခါးတွေကို ပိတ်ပြီး ကလေးနဲ့ သူ့မိဘတွေရဲ့ အိမ်ကို ပြန်သွားပြီ။ နင် သွားရင်တောင် သူမနဲ့ တွေ့လို့ရမှာ မဟုတ်တော့ဘူး။”

လက်တွေ့မှာတော့ ဖန်းတမိန်သည် ကျောက်ကျွင်းကို ပြဿနာထဲ ဝင်မပါစေချင်ခဲ့ပါ။ ကလေးတစ်ယောက်နှင့် ကွာရှင်းထားသည့် မိန်းမသည် သူမက မြို့က ဆွဲဆောင်မှုရှိသည့် ယောက်ျားတွေထက် မိသားစုက ပိုပြီး ချမ်းသာကာ၊ ရိုးသားဖြောင့်မတ်သော ကျေးလက် တပ်မဟာထဲရှိ ယောက်ျားတစ်ယောက်ကို ရွေးမယ်ဟု ဆုံးဖြတ်ထားခဲ့သည်။

သူမရဲ့ အရင်ယောက်ျားကလည်း အဲ့လိုလူတစ်ယောက် ဖြစ်ပြီး သူသည် ပြဿနာတွေထဲကို ဝင်ပါဖို့ အတော်လေး သတ္တိနည်းပြီး သူမက အတူတူ နေဖို့ ယောက်ျားတစ်ယောက်ကို ရှာရန် အဖြေထုတ်ခဲ့သည်။ အကြီးလေးက ကျောင်းကို သွားတာနှင့် သူမက အကြီးလေး ဖြစ်ချင်သလို နောက်ထပ် ကလေးတစ်ယောက်ကို ယူဖို့အတွက် ဆန္ဒရှိနေခဲ့သည်။

အောင်သွယ်တော်ဖန်းကလည်း ကျောက်ကျွင်းလို ကြေးများသည့် လူတစ်ယောက်နှင့် ယှဥ်ကြည့်မယ်ဆိုရင် ထိုအမျိုးသမီးသည် ညှိနှိုင်းဖို့ ခက်ခဲပုံရသော်လည်း သူမရဲ့ အခြေအနေက အတော်လေးကို မြင့်သည်။

သူမမှာ အလုပ်လည်း ရှိသလို လစာလည်း ရသည်။ ထို့အပြင် သူမက ကျေးလက်ဒေသရှိ ရိုးသားသော ယောက်ျားတစ်ယောက်ကို ရှာချင်နေသည်။ တစ်ခုတည်းသော တောင်းဆိုချက်သည် သူက ကြည့်ကောင်းရမည် ဖြစ်သည်။ အဲ့ဒါက မရိုးရှင်းဘူးလား။

သူမသည် မိနစ်အနည်းငယ် ကြာပြီးနောက် လူတစ်ယောက်နှင့် ရောက်လာခဲ့သည်။

ကျောက်ကျွင်း ပေးလိုက်သည့် အောင်သွယ်ကြေးနှင့် ယှဥ်လိုက်ရင် အဲ့ဒါက အနည်းငယ်သာ ရှိပြီး သူ အဲ့ဒါကို ရသည့်အခါ ကွာရှင်းပြီးသား မိန်းမဆီကနေ ရတဲ့ ပိုက်ဆံက ပိုလွယ်မလားဆိုတာကို သူမသိခဲ့ပါ။

ကျောက်ကျွင်းသည် အငြင်းခံရပြီး အိမ်ကို ပြန်လာခဲ့သည်။ အခြားမိသားစုတွေရဲ့ ပျော်ရွှင်စရာ ကောင်းသည့် အခြေအနေနှင့် ယှဥ်ကြည့်လိုက်ရင် သူ့ရဲ့ အေးစက်နေသည့် ကိုယ်ပိုင် မီးဖိုလေးက ပိုပြီးတောင် အထီးကျန်နေပုံ ရသည်။

ကျောက်တုန်နှင့် ကျောက်ရှီတို့က အခန်းထောင့်နားမှာ ပုံတွေပါသည့် စာအုပ်တစ်အုပ်ကို ဖတ်ရင်း လှဲနေကြသည်။ ကျောက်ကျွင်း ပြန်လာတာကို မြင်သည့်အခါ သူတို့ရဲ့ မျက်လုံးတွေကို ဖွင့်ကြည့်ခဲ့သည်။

ကျောက်ကျွင်းက စိတ်အခြေအနေ မကောင်းပါ။ ထို့ကြောင့် သူက ဘေစင်နားကို သွားပြီး ဆပ်ပြာကို ယူကာ ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

ကျောက်ရှီသည် သူ့ရဲ့ အနောက်တွင် ရှိနေသည့် သူမရဲ့ အကိုကို တိုးတိုးလေး ပြောလိုက်သည်။ “အဖေ ဘာဖြစ်လာတာလဲ။”

ကျောက်တုန် - “ငါ ဘာလုပ်လို့လဲ။ ချိန်းတွေ့တာ အဆင်မပြေလို့နေမှာပေါ့။”

အခုဆိုရင် ကျောက်တုန်က သိပ်ပြီး မတုံးအတော့ပါ။ သူက ထိုအရာကို သေသေချာချာ မြင်နိုင်နေပြီ ဖြစ်သည်။

တကယ်လို့ သူက ဘာပြဿနာမှ မရှာဘူးဆိုရင်တောင် သူ့အဖေက မိထွေးတစ်ယောက်ကို ရှာနိုင်လိမ့်မည် မဟုတ်ပါ။

သူ့အတွက် ပြဿနာရှာဖို့ မလိုအပ်ပါ။

ကျောက်ရှီသည် ပါးစပ်ထဲကို သကြားလုံးတစ်လုံး ထည့်ကာ ပြောလိုက်သည်။ “ငါတို့တွေ သူ့နောက်ကို လိုက်ဖို့ မလိုတော့ဘူးလား။”

သူမရဲ့အဖေ သွားချိန်းတွေ့တိုင်း သူမရဲ့ အစ်ကိုက အဖေရဲ့ အနောက်ကို လိုက်ဖို့ သူမကို ခေါ်သွားလေ့ရှိသည်။

ကျောက်တုန်သည် ရုပ်ပြစာအုပ်ရဲ့ စာမျက်နှာကို လှန်ပြီး ပြောလိုက်သည်။ “သွားစမ်းပါ။ သူက မိန်းမတစ်ယောက် ရှာနိုင်မှာမှ မဟုတ်တာ။”

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၂၂

လူနာ နှစ်သစ်ကူးလရဲ့ ၂၈ရက်နေ့မြောက် ဖြစ်သည်။

အသက်ဝင်နေသည့် အခြေအနေတွေက မနက်ပိုင်းမှာ စလာခဲ့သည်။ ဒီနှစ်မှာတော့ အဲ့ဒါကြီး ပိုနီးလာလေလေ၊ ပိုပြီး စိတ်လှုပ်ရှားလာလေ ဖြစ်သည်။

လမ်းတွေမှာ လူတွေနှင့် ပိတ်နေပြီး နှစ်သစ်ကူး လက်ဆောင်တွေ ထုတ်ပိုးဖို့ ပြေးလွှားနေတာ ဒါမှမဟုတ် အားလုံးက ပျော်ပွဲရွှင်ပွဲကို ဝင်ပါဖို့အတွက် စိတ်အား ထက်သန်နေကြသည်။ တကယ်လို့ အရင်နှစ်တွေကလို လမ်းမပေါ်မှာ သရုပ်ဖော်တဲ့သူတွေ အများကြီး မရှိခဲ့ရင်တောင် ပွဲလမ်းတွေနှင့် ဆူညံနေဆဲ ဖြစ်သည်။

ကလေးတွေက သုံးယောက်၊ ဒါမှမဟုတ် ငါးယောက်အဖွဲ့က မီးရှူးမီးပန်းတွေကို ယူပြီး လျှောက်ပတ်ပြေးနေကြသည်။ အချို့ကလေးတွေရဲ့ အင်္ကျီတွေမှာ မီးရှူးမီးပန်းတွေကြောင့် အပေါက်တွေ ဖြစ်လာကာ အကျယ်ကြီး အော်ငိုနေခဲ့ကြသည်။

မျက်နှာနှင့် ခေါင်းကို ကွယ်ထားသော ယောက်ျား တစ်ယောက်က လမ်းတွေကို ဖြတ်လျှောက်ပြီး ဟိုဟိုဒီဒီ ကြည့်နေခဲ့သည်။

လူတစ်ယောက်က နေကြာစေ့တွေကို ရောင်းနေခဲ့သည်။ ထို့အပြင် ဒါက လူနာ နှစ်ရဲ့ ၂၈ရက်မြောက်နေ့ ဖြစ်သည်။ တကယ်လို့ သူတို့က ရုံးထဲမှာ စုံစမ်းစရာတွေ ရှိနေရင်တောင် သူတို့က နှစ်သစ်ကူးကို ပါဝင် ဆင်နွှဲရဦးမည်၊ ဟုတ်တယ်မလား။ ထို့ကြောင့် အဲ့လူတွေက အနည်းငယ် ပိုပြီးတော့တောင် ရဲတင်းကြသည်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်က သူ့ကို အဲ့လို ကြည့်နေကာ သူ့ကို တီးတိုးပြောလိုက်သည်။ “တပ်သား၊ မင်းရော နေကြာစေ့လှော် ယူဦးမလား။”

ခေါင်းကို ကာထားသည့် လူက သူ့ရဲ့ မျက်လုံးထဲ လောဘကြီးသည့် အကြည့်မျိုးဖြင့် ကြည့်နေကာ ဒေါသတကြီး တီးတိုးပြောလိုက်သည်။ “တော်ပြီ။”

အရွယ်ရောက်ပြီးသည့် ကောင်လေးက အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။ ထိုလူက တကယ်ကို ရက်စက်သော လူတစ်ယောက် ဖြစ်သည်။

ခေါင်းကို ကာထားသော လူက လှည့်ပြီး အင်တင်တင်နှင့် မထွက်သွားခင် ခနလောက် စိုက်ကြည့်နေခဲ့သည်။

သူ့အနောက်ကနေ မလှမ်းမကမ်းကနေ လိုက်လာသည့် လူတစ်ယောက်က သူ့ကို ပြောလိုက်သည်။

'မဟုတ်ဘူး။ မင်းက ပြန်ပေးသမား တစ်ယောက်ပဲ။ မင်းအတွက် အရမ်း ခက်ခက်ထန်ထန်ကြီး စကားပြောတာ၊ ပြုမူတာတွေက တကယ်ရော အဆင်ပြေရဲ့လား။ '

'ဖရုံစေ့ ရောင်းတဲ့သူက မင်းကို စိုက်ကြည့်နေတာ မမြင်ဘူးလား။ '

သာမန်လူတွေသာဆို ဒီလိုနေ့မှာ အရမ်းကို ပျော်နေပြီး သူတို့က မကောင်းတဲ့ အရာတွေကို ရင်ဆိုင်ရသည့်အခါ သူတို့ရဲ့ ကိစ္စကို လုပ်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေကြသည်။

သူတို့အနောက်ကနေ လိုက်လာသည့် လူက သူ့ရဲ့ အပေါင်းအပါကို တီးတိုးပြောလိုက်သည်။ “ငါ လိုက်ပြီး မေးထားပြီးပြီ။ ပြီးတော့ ဒီလူက တာဝန်ရှိတဲ့ လူတွေထဲက တစ်ယောက်ပဲ ဖြစ်ပုံရမယ်။”

တကယ်လို့ ဒီလူက ပြန်ပေးသမားတစ်ယောက်အနေနဲ့ ဝင်ပါနေရင်တောင် သူက အဓိက အဖွဲ့ဝင် တစ်ယောက် မဟုတ်ပါ။

ဒါမှမဟုတ်လည်း ပြန်ပေးသမားတွေက ပိုပြီးတောင် အထင်သေးဖို့ကောင်းသည်။ သူတို့ရဲ့ အဓိက ပြန်ပေးသမားတွေက မိန်းမနှစ်ယောက်၊ လူပုလေး တစ်ယောက်နှင့် ကြည့်လို့ကောင်းသည့် လူငယ်တစ်ယောက်တို့ ဖြစ်သည်။

အကြောင်းမှာ သူတို့က အပြစ်ဒဏ် မခံရဘဲ ပြစ်မှုတွေကို ကျူးလွန်လို့ ရသည့်အတွက် သူတို့ကို အတော်လေး သတိမထားမိပုံရသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူတို့က ဘေးနားရှိ တပ်မဟာတွေမှ သတင်းဖိုင်တွဲများကို အတူတူ ထားရှိခဲ့သည်။ အနည်းဆုံး ကလေး အယောက် နှစ်ဆယ်မှ သုံးဆယ်လောက်အထိ ပြန်ပေးဆွဲခံထားရပြီး ကျေးလက်ဒေသမှာ ကလေး ဆယ့်နှစ်ယောက်လောက်က ပျောက်နေခဲ့သည်။ ဇနီးငယ်ငယ်လေးရဲ့ တွက်ချက်မှုက မပြီးသေးသော်လည်း အနည်းဆုံး ဆယ့်နှစ်ယောက်တော့ ရှိသည်။

ဒါ ဒီအနီးအနားမှာရှိတဲ့ ခရိုင်အနည်းငယ်ပဲ ရှိသေးတယ်။ ပြန်ပေးသမားအဖွဲ့က အခုလိုပဲ တစ်ခြားနေရာတွေမှာရော ပြစ်မှုတွေကို ကျူးလွန်နေလားဆိုတာ သူ သိချင်လိုက်တာ။

ဒါကို မုန်းစရာကောင်း၊ မကောင်း သူ ဘယ်လိုထင်လဲ။

ဒီလူတွေက အမြဲတမ်း အဲ့နားက နေရာတွေကို ထောက်လှမ်းဖို့ သတင်းပေးတွေကို သုံးတဲ့ ဒီလို နည်းလမ်းတွေကို သုံးပြီး အရင်တစ်ခေါက်ကလိုပဲ ကလေးတွေကို ဖျားယောင်းဖို့ လူပုလေးတွေကိုလည်း သုံးကြသည်။

မိန်းမနှစ်ယောက်က ရောက်လာပြီး သူတို့ရဲ့ ကလေးတွေ ပျောက်သွားလို့ သူတို့တွေကို ကူပြီး ရှာဖို့အတွက် ကလေးတွေကို ကူညီပေးပါဆိုပြီး လိမ်ပြောတဲ့ ကိစ္စတွေလည်း ရှိဖူးသေးသည်။

စိတ်တိုစရာအကောင်းဆုံး ကိစ္စတစ်ခုကတော့ ရက်စက်တဲ့ ပုံစံနဲ့ ယောက်ျားတစ်ယောက်ကို သူတို့ အဖွဲ့ထဲက မိန်းမ တစ်ယောက်နဲ့ စုံတွဲတွေအနေနဲ့ ဟန်ဆောင်ခိုင်းတဲ့ဟာပဲ။ ပြီးရင် သူတို့နှစ်ယောက်က လမ်းပေါ်မှာ ရန်ဖြစ်ကြပြီး ယောက်ျားက မိန်းမရဲ့ ဆံပင်ကို ဆွဲပြီး အဲ့မိန်းမက သူ့အပေါ် ဖောက်ပြန်နေပါတယ်ဆိုပြီး ပြောတာမျိုးပင်။

ဒီလို အတင်းတုပ်စရာ ကိစ္စမျိုးကို ကြည့်နေတဲ့ လူတစ်စု အမြဲတမ်း ရှိနေတယ်ဆိုတော့ သူတို့ရဲ့ အဖွဲ့ထဲမှာရှိတဲ့ လူတွေက အဲ့လို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ကလေးတွေကို အဝေး ခေါ်သွားကြသည်။

မိဘတွေက သူတို့ရဲ့ ကလေးတွေ ပျောက်သွားပြီဆိုတာကို သိလိုက်တာနဲ့ ဒီလူတွေက ထွက်ပြေးသွားကြပြီ။

သူတို့ရဲ့ အနောက်ကနေ လိုက်လူသည့် လူနှစ်ယောက်က အံကြိတ်ထားလိုက်သည်။

“ဘာလို့ ငါတို့ရဲ့ ခေါင်းဆောင်က သူတိူ့ကို မဖမ်းတာလဲ။ သူက ဒါကို မဆုံးဖြတ်ရသေးလို့လား။”

ဒီလူတွေ ဘယ်လောက်ပဲ သတိရှိပါစေ ကိစ္စမရှိဘူး၊ အရင်နှစ်တွေတုန်းက မျက်မြင်သက်သေတွေလည်း အဲ့မှာ ရှိသေးတယ်။ တကယ်လို့ သူတို့ကို ဖမ်းလိုက်ရင်၊ သူတို့က အမှန်တရားကို မသိကြတော့ဘူးလား။

“မင်းက တုံးလိုက်တာ။ အထက်အရာရှိတွေ ပြောတာကို မင်း မကြားဘူးလား။ ဒီလူက မထင်မှတ်ထားရအောင်ကို ပါးနပ်ကြတယ်။ ပြစ်မှုတွေ အများကြီး လုပ်ပြီးတော့မှ သူက ဘာလို့ ဒီနေရာကို လာရဲတော့မှာလဲ။ အဲ့ဒါတွေက ဘာလို့လဲဆိုတော့ သူတို့က ဘေးနားက ခရိုင်တွေမှာလည်း သူတို့ရဲ့ သတင်းပေးတွေ ရှိလို့လေ။ ငါတို့က သူတို့တွေ အားလုံးကို ဖမ်းမိချင်တာ။ သူတို့ကို ဖမ်းဖို့အတွက် ငါတို့မှာ တိကျတဲ့ သက်သေတွေကို ရဖို့ လိုတယ်။ အကောင်းဆုံးက ငါတို့တွေ သူတို့ အားလုံးကို လေးနက်တဲ့ ပြစ်မှုတွေနဲ့ ဖမ်းမိဖို့ပဲ။”

မုန်းစရာကောင်းတဲ့ ပြန်ပေးသမားတွေနဲ့ ယှဥ်လိုက်ရင် အဲ့သတင်းပေးတွေက အတော်လေး အရှက်မရှိကြပေ။

ပိတ်ရက်တွေမှာဆို သူတို့က လူတိုင်းလိုပဲ လူကောင်းတွေလို ဟန်ဆောင်နေကြတာ။ ဒါပေမယ့် သူတို့က တိတ်တိဆိတ် ပြန်ပေးသမားတွေရဲ့ နေရာတွေကို စုံစမ်းနေကြသည်။ သူတို့ ဘယ်မှာ ပုန်းနေလဲ။ သူတို့က ကလေးတွေကို ဘယ်လို ပြန်ပေးဆွဲကြလဲနဲ့ ပြီးတော့ သူတို့က အဲ့နေရာကနေ လုံလုံခြုံခြုံနဲ့ ဘယ်လို ထွက်သွားကြလဲဆိုတာတွေကိုလည်း စုံစမ်းနေကြတာ။ အဲ့သတင်းပေးတွေက အဲ့ကိစ္စတွေ အားလုံးအတွက် တာဝန်ရှိသည်။

တစ်ချို့ သတင်းပေးတွေက ပြန်ပေးဆွဲခံလိုက်ရတဲ့ ကလေးတွေရဲ့ ဆွေမျိုးတွေ၊ ဒါမှမဟုတ် သူငယ်ချင်းတွေလို့တောင် ပြောလို့ရသည်။

ဘယ်လောက်တောင် ရွံစရာကောင်းလိုက်လဲ။

ချဥ်းကပ်နေသည့်သူက သူ့ဒေါသသူ ထိန်းထားခဲ့ရပြီး ထိုလူက ပျက်စီးနေသည့် အိမ်ထဲကို လမ်းလျှောက်ကာ ဝင်သွားသည်အထိ လိုက်သွားခဲ့သည်။

သူတို့ လုပ်ရမည့် အရာတစ်ခုက ဒီနေရာကို သေချာ ကြည့်ထားပြီး သူတို့ တစ်ခုခု လုပ်သည့်အခါ ထိုလူတွေက သူတို့ကို ဖမ်းဖို့အတွက် အချက်ပြရမည် ဖြစ်သည်။

သို့သော် ချဥ်းကပ်တဲ့သူက သူ့ရဲ့ အပေါင်းအပါကို တီးတိုးပြောလိုက်သည်။ “ဒါပေမယ့် မင်းပြောတော့ သူတို့က ပုန်းနေတာဆို။ တကယ်လို့ သူတို့က ထပ်ပြီး ကလေးတွေကို ပြန်ပေးမဆွဲတော့ရင် သူတို့ကို ဘယ်လို လက်ပူးလက်ကြပ် ဘယ်လို ဖမ်းမိတော့မှာလဲ။”

ထိုပြဿနာက သူတို့ရဲ့ အနောက်ကို လိုက်နေသည့် လူငယ် နှစ်ယောက်ကို စိတ်ပူသွားစေရုံသာမက ရဲစခန်းကိုပါ စိတ်ပူသွားစေသည်။

ရဲသားကြီးက မျက်မှောင်ကို ကြုတ်လိုက်သည့်အခါ သူ့ကို အခြား ရဲစခန်းရှိ လူတွေက ဝိုင်းလိုက်ကြသည်။

ထိုကိစ္စက ပြဿနာ သေးသေးမွှားမွှား မဟုတ်ဘဲ သူတို့ရဲ့ ခရိုင်ထဲရှိ ရဲတွေ အားလုံးနီးပါးကို စုစည်းခဲ့ရသည်။

ဒီအမှုကို ကိုယ်တွယ်နေသ၍ ရဲစခန်းများစွာကလည်း ဒီနှစ်မှာ ဂုဏ်ထူးဆောင်ဘွဲ့တွေ ရကောင်း ရကြလိမ့်မည်။

“မင်းသာ ငါ့ကို မေးမယ်ဆိုရင် ငါတို့ သူတို့တွေ အားလုံးကို ဖမ်းပြီး စစ်မေးသင့်တယ်။ အဲ့လိုမှပဲ ငါတို့တွေလည်း သုံးသပ်ချက်တစ်ချို့ကို ရမှာ။”

“မင်း အဲ့ဒါကို မလုပ်နိုင်ဘူး။ မင်း လက်ပူးလက်ကြပ်နဲ့ သူတို့ကို မဖမ်းနိုင်ဘူးဆိုရင် မင်း သူတို့ရဲ့ အကြောင်းကိုပဲ ပြောလို့ရမှာ။”

“ သူတို့က အဲ့လို မလုပ်ရင် ဘယ်လိုလုပ်မလဲ။”

“…. ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ငါတို့တွေ ရန်သူကို သတိပေးလို့ မရဘူး။ ငါတို့တွေ သူတို့ကို လက်ပူးလက်ကြပ် ဖမ်းကို ဖမ်းမိရမယ်။ ငါတို့တွေ သူတို့ အားလုံးကို တစ်ခါတည်း ဖမ်းပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံမှုတွေကို ဖျက်စီးပစ်မယ်။”

“ဒါက လွယ်ပါတယ်ဆိုပြီး မင်းပြောနေပေမယ့် ထပ်ပြီး တစ်ယောက်ယောက်က ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။”

ရဲသားကြီးက စားပွဲခုံကို ခေါက်ပြီး စိတ်လည်း ပူနေခဲ့သည်။

ထိုအချက်ကြောင့်ပဲ အကောင်းဆုံး နည်းလမ်းကတော့ ဒီလူတွေကို အနည်းငယ် လန့်ပြီး ထွက်ပြေးချင်စိတ် ဖြစ်လာအောင် လုပ်ဖို့ ဖြစ်သည်။ ထိုနည်းဖြင့်သာ သူတို့ မထွက်သွားခင် သူတို့ရဲ့ ပုံစံတွေအရ သူတို့ဟာ ကလေး အချို့ကို သူတို့နှင့်အတူ ခေါ်သွားလို့ရနိုင်မယ်ဟု တွေ့မှာ သေချာသည်။

အဓိက အချက်ကတော့ သူတို့ကို အလောတကြီးဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ ဖြစ်သည်။

ထို့အပြင် ထိုနေရာတွင် ရှုလဲ့သာ ရှိနေခဲ့မယ်ဆိုရင် ထိုလူက အတော်လေးကို သတိကြီးသည်။ ဒီလူသာ အနားမှာ ရှိနေခဲ့ရင် ထိုပြန်ပေးသမားတွေကို တကယ် အယုံသွင်းလို့ ရကောင်းရနိုင်သည်။

တကယ်လို့ ဒီတစ်ခေါက်မှာသာ အခွင့်အရေးတစ်ခု ရှိခဲ့မယ်ဆိုရင် ဒါဟာ ရှုလဲ့ကို ဖမ်းဖို့အတွက် အဆင်ပြေမည် ဖြစ်သည်။

ရှုလဲ့သည် မနက်ပိုင်း အစောကြီး သူနိုးကတည်းက ခနခန နှာချေနေခဲ့သည်။

ကျန်းယွင် သူ့ကို ကြည့်ရတာ စိတ်ရှုပ်နေခဲ့သည်။ “ရှင် အအေးမိထားတာလား။ ရှင့်ကို ကြက်ဥနဲ့ ဂျင်းကိုရောပြီး လုပ်ပေးရမလား။”

ရှုလဲ့က သူ့ရဲ့ နှာခေါင်းကို ပွတ်လိုက်သည်။ “ဒါက အဆင်ပြေပါတယ်။”

ကျန်းယွင်သည် တကယ်ကို ငတုံးတစ်ယောက်ပဲဟု သူက တွေးနေခဲ့သည်။ တကယ်လို့ သူမသာ သူ့အတွက် တစ်ခုခု လုပ်ပေးမယ်ဆိုရင် အဲ့ဒါကို ပြင်ဆင်ပြီး သူ့ဆီကို ယူလာသင့်တယ် မဟုတ်ပါလား။ သူက အဲ့ဒါကို စားချင်လားဟု မေးချင်ယောင်ဆောင်ခဲ့သော်လည်း သူမမှာ အဲ့လိုစိတ်မျိုး လုံးဝ မရှိပါ။

“ငါ အပြင်ကို ခနလောက် ထွက်လိုက်ဦးမယ်။”

ရှုလဲ့သည် အဝတ်တွေကို မြန်မြန်ဝတ်ပြီး အိမ်ကနေ သူယူလာသည့် ဖုတ်ထားသည့် ဆန်ကိတ်တွေကို လူမသိသူမသိ ယူသွားခဲ့သည်။ ထို့နောက် ထိုလူတွေဆီ စားစရာ ပေးဖို့အတွက် ထွက်သွားခဲ့သည်။

ဒီလူတွေမှာ ပိုက်ဆံနှင့် လက်မှတ်တွေ ရှိသော်လည်း သူတို့က မီးကို စမမွှေးရဲပါ။ သူကသာ နေ့တိုင်း သူတို့ဆီ စားစရာတွေ ပို့ပေးခဲ့သည်။

ပန်ကိတ်တွေက မလုံလောက်တာ သေချာသည့်အတွက် ရှုလဲ့က စားသောက်ဆိုင်ကို သွားပြီး ဟင်းပွဲတွေ သွားဝယ်ကာ သူတို့ဆီ သွားပို့ပေးရမည် ဖြစ်သည်။

ရှုလဲ့က တံခါးကနေ ထွက်လာသည့်အခါ ဝမ့်ရင်းနှင့် ရှုရွှမ်းကို တံခါးနားမှာ တွေ့လိုက်သည်။

ဝမ့်ရင်းက သူမရဲ့ လက်ထဲမှာ သကြားလုံးတွေကို ကိုင်ပြီး ပျော်ရွှင်စွာ စားနေခဲ့သည်။

ရှုရွှမ်းသည် နှစ်ရက်လောက် သူမ သကြားလုံး စားတာကို တားဖို့အတွက် မနေ့ကတည်းက စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သော်လည်း လမ်းပေါ်မှာ သကြားလုံးတွေကို ရှာဖို့ မခဲယဥ်းပေ။

ဝမ့်ရင်းသည် ရှုရွှမ်းကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး နောက်ဆုံးမှာတော့ သူမ ရှုရွှမ်း၏စိတ်ကို ပျော့သွားအောင် လုပ်လိုက်သည်။

သကြားလုံးတွေကို ဝယ်ပြီးတဲ့နောက် ဝမ့်ရင်းက နှစ်လုံးကို စားပြီး ကျန်တဲ့တစ်လုံးကို ရှုရွှမ်းက စားလိုက်သည်။

ရှုလဲ့က မျက်မှောင်ကို ကြုတ်ပြီး သူတို့လင်မယားကို နှုတ်ဆက်လိုက်သည်။ “မင်းတို့ နှစ်သစ်ကူး လက်ဆောင် သွားဝယ်မလို့လား။”

ရှုရွှမ်းက ခေါင်းငြိမ့်ပြလိုက်သည်။

ရှုလဲ့သည် မကြာသေးခင်က ဘာလို့ စားစရာတွေ လိုက်ရှာနေလဲဆိုတာ သူ့ဆရာထံကနေ သူက သိထားပြီး ဖြစ်သည်။

အခု ရှုလဲ့ကို ကြည့်လိုက်သည့်အခါ အစတုန်းက သူ့ရဲ့ အမြင်မကြည်သည့် ပုံစံက ပိုပြီးတော့ ဒေါသထွက်လာခဲ့သည်။ ဒီကောင်စုတ်က သူ့ရဲ့ ကိုယ်ဝန်သည် ဇနီးကို စကား မပြောသင့်ဘူးဟုတောင် ရှုရွှမ်း ခံစားမိခဲ့သည်။

ရှုလဲ့သည် တစ်ဖက်လူက အရမ်း ပျော်နေတာကို မြင်သည့်အခါ စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။

သူက စကားပြောဖို့ ဟန်ပြင်လိုက်သည်။ “ကလေး မရဖို့က ပိုလွယ်တယ်။ ဒီနှစ်တွေမှာ မင်းရဲ့ ယောင်းမရယ်၊ ငါရယ် အပြင်ထွက်ပြီး ပျော်ဖို့ အချိန် သိပ်မရှိဘူး။ မင်းတို့တွေ ကလေးမွေးပြီးတာနဲ့ မင်းတို့လုပ်သမျှ အရာရာတိုင်း သူတို့ကိုပဲ ဦးစားပေးရမှာ။”

ဝမ့်ရင်း - ဟဟ နင့်လို ကလေးတွေကို ပြန်ပေးဆွဲတဲ့ လူတစ်ယောက်က ကလေးတွေကို ဦးစားပေးမယ်ဆိုတဲ့ စကားကို ပြောရဲသေးတယ်။

ရှုလဲ့သည် သူ့ရဲ့ ပစ္စည်းတွေကို ယူပြီး ထွက်မသွားခင် အနည်းငယ် စကားစမြည် ပြောခဲ့သည်။

ဝမ့်ရင်းက ရှုရွှမ်းရဲ့ နားနားကို ကပ်ပြီး ငြီးလိုက်သည်။ “ဒီလူက တကယ်ကို တော်တာပဲ။ ရှင် အကုန်လုံးကို ပြောလို့ မရနေပြန်ဘူး။”

သူမက ထိုအကြောင်းကို နောက်ပိုင်းမှ ရှာတွေ့ရင်တောင် ရှုလဲ့က လူအသားအသွင်ဖြင့် ဒီလို မကောင်းဆိုးဝါး တစ်ယောက်ဆိုတာကို အပြင်မှာတွေ့ရင် ဘယ်သူက သိမှာလဲ။

ရှုရွှမ်းက သူမရဲ့ လက်ကို တင်းကြပ်စွာ ကိုင်ထားပြီး ပြောလိုက်သည်။ “ဒီရက်တွေမှာ သူနဲ့ မတွေ့စေနဲ့။ အိမ်ထဲမှာပဲ နေကြရအောင်။ ကိုယ် မင်းအတွက် စားစရာတွေ ချက်ပြုတ်ပေးမယ်။”

ဆရာ့မှာ စီစဥ်ထားတာအချို့ ရှိပုံရပြီး မကြာသေးခင်ကမှ တစ်ယောက်ယောက်က သူတို့ရဲ့ ခြံဝန်းကို စောင့်ကြည့်ပြီး ရှုလဲ့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်နေကြောင်း ရှုရွှမ်းက ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။

ဝမ့်ရင်းက သေချာ နားထောင်ပြီး ပြောလိုက်သည်။ “ဟုတ်ပြီ။”

မိသားစုမှာ သီးသန့်ထားထားသည့် နေရာအပိုတွေ ရှိနေခဲ့ပြီး ဝမ့်ရင်းသည် မကြာသေးခင်ကမှ မတူညီသည့် စားစရာများစွာကို စားနေရသည်။

“ဒီနေ့ ခေါက်ဆွဲကို ဟင်းအနှစ်နဲ့ လုပ်ရင်ရော ဘယ်လိုလဲ။”

သူတို့ မနေ့တုန်းက အသားတွေကို စားထားတာဆိုတော့ ဒီနေ့ သူတို့တွေ ခေါက်ဆွဲပြုတ်ပူပူလေး စားသင့်သည်။

ရှုရွှမ်း - “ဟုတ်ပြီ။ မင်း ဘာခေါက်ဆွဲ စားချင်တယ်။ အရင်က ပေကျင်းခေါက်ဆွဲလား။ ဒါမှမဟုတ် ကြက်ဥ ခေါက်ဆွဲလား။ ထျန်းကျင်းခေါက်ဆွဲလား။ ဒါမှမဟုတ် အရင်က ထိုင်ယွမ်ခေါက်ဆွဲလား။”

ဒီခေါက်ဆွဲရဲ့ ဟင်းရည်ကို လုပ်ဖို့အတွက် အထူးပစ္စည်းတွေ လိုအပ်သည်။

ထိုရိုးရာပေကျင်းခေါက်ဆွဲ ဟင်းရည်ကို အပ်မှို၊ ကြွက်နားရွက်မှိုနှင့် ကြာဖူး၊ ကြက်ဥမွှေကြော်၊ ဝက်ဆီ ထုတ်ထားသည့် ဝက်သားတို့က လတ်ဆက်သော အရသာကို ရစေသည်။ ပါဝင်ပစ္စည်းခြောက်တွေကို စိမ်လိုက်ပြီးတာနှင့် ကော်မှုထည့်ပြီး ပစ်အောင်လုပ်ကာ ကော်မှုန့်ကို နှစ်ခါပြန် ထည့်လိုက်သည်။

ထို့နောက် ဟင်းရည်ကို လက်လုပ်ခေါက်ဆွဲပေါ်မှာ စမ်းပြီး လတ်ဆက်သော စီချွမ်း ငရုတ်ကောင်းဆီ တစ်ဇွန်းကို တင်လိုက်သည်။ အရသာက အနည်းငယ် စပ်ပြီး မွှေးကာ ခေါက်ဆွဲနှင့် ဟင်းရည်က နီနီလေး ဖြစ်နေခဲ့ကာ ပျစ်နှစ်ပြီး သွားရည်ကျစရာ ကောင်းနေခဲ့သည်။

ဟင်းရည်နှင့် ခေါက်ဆွဲကို သေသေချာချာ ရောလိုက်သည့်အခါ မနှံ့ဘဲ အနှစ်တွေ ကျန်နေမှာကိုတော့ ဂရုစိုက်ရသည်။ အဲ့လိုဆိုရင် ခေါက်ဆွဲ စားပြီးတဲ့အခါ အနှစ်တွေက ကျန်နေခဲ့လိမ့်မည် ဖြစ်သည်။ တကယ်ကို အရသာရှိသည့် ခေါက်ဆွဲတစ်ပန်းကန်ကို စားရသလို ဖြစ်စေလိမ့်မည်။

ရိုးရာပေကျင်းခေါက်ဆွဲနှင့် ယှဥ်ကြည့်လိုက်ရင် အရှေ့မြောက်ပိုင်းရှိ ကြက်ဥခေါက်ဆွဲ အနှစ်က အနည်းငယ် ပိုပြီးတော့ နည်းသည်။ သူတို့ရဲ့ ပြင်ဆင်မှုက ရိုးရှင်းပြီး အရှေ့မြောက်ပိုင်း လူတွေရဲ့ ဒေသစာကို မီးမောင်းထိုးပြသလို ဖြစ်နေသည်။ ပါဝင်ပစ္စည်းများနှင့် အရသာမှုန့်တွေ သိပ်ပြီး မပါဘဲ ရိုးရိုးရှင်းရှင်း ကြက်ဥနှင့် ပဲပိစပ်အနှစ်ကို ထည့်ရုံဖြင့် အဆင်ပြေသည်။

ပိုပြီး များများစားစား ရွေးချယ်ဖို့ဆို ကြက်ဥကြော်နှင့် ငရုတ်ပွအစိမ်း၊ ငရုတ်သီးမှုန့် ဒါမှမဟုတ် ငရုတ်ကောင်းမှုန့် စသည်တို့ကို ထည့်လို့ရသည်။ ပျစ်နှစ်တဲ့ အနှစ်မှာ ရွှေအိုရောင် ကြက်ဥအဖက်တွေပါပြီး အဲ့ဒါက ခေါက်ဆွဲကို အရသာရှိသည့် ဟင်းပွဲတစ်ခု ဒါမှမဟုတ် ပေါက်စီနဲ့ဆိုရင် မနက်စာ အဆာပြေ စားစရာအဖြစ် စားလို့တောင် ရသည်။

ထျန်းကျင်းစတိုင် တလုမြန် (ဆန်ခေါက်ဆွဲ ဟင်းရည်)က ပေကျင်းရိုးရာခေါက်ဆွဲနှင့် တူပုံရသော်လည်း ပါဝင်ပစ္စည်းတွေကတော့ မတူပါ။ အဓိက ပါဝင်ပစ္စည်းက ပုစွန်နှင့် ကစီဓာတ်တို့ ဖြစ်သည်။ တလုမြန် (ဆန်ခေါက်ဆွဲ ဟင်းရည်)တွင် ပါဝင်ပစ္စည်း သုံးမျိုးက မလုံလောက်ဘဲ ထိုနေရာတွင် ဟင်းပွဲ လေးပွဲနှင့် ပါဝင်ပစ္စည်း ရှစ်မျိုး (စားစရာ၊ ဌာပနာမုန့်နှင့် အခြား ဟင်းပွဲများ) ပါဝင်ပြီး ထိုအရာတွေကို ပြင်ဆင်ထားရမည် ဖြစ်သည်။ ပိုများတဲ့ ပါဝင်ပစ္စည်းတွေအတွက် တစ်ခါတစ်လေ ပစ္စည်းတွေ ၁၂မျိုးကျော်ကို ပြင်ဆင်ထားရသည်။

ထိုင်ယွမ် တလုမြန်မှာ အဓိကအားဖြင့် ဝက်သားကင်ကို သုံးသည်။ ထို့နောက် မှိုခြောက်ပန်းခြောက်များ၊ ပဲလိပ်ခြောက်နှင့် နှင်းပန်းကို အပေါ်က တင်လို့ရသည်။ ရှာလကာရည် အနည်းငယ်ကို အိုးဘေးနားမှာ ထည့်ပြီး မစားခင် ဟင်းရည်ကို ပျစ်အောင် တည်ရသည်။ နောက်ဆုံးမှ ကြက်သွန်မြိတ်ကို အပေါ်မှာ ထည့်ပြီး စိမ်ထားသော ခေါက်ဆွဲကို ထည့်ရသည်ပင်။

ဝမ့်ရင်းက ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် သူမရဲ့ ပါးစပ်ကနေ သွားရည်တွေ ကျနေခဲ့သည်။

All Chapters