အခန်း (၂၂၃-၂၂၄)
Vol. 19 Ch. 223-224
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၂၃
“ကျွန်မတို့ အိမ်မှာရော အကင်တွေ ရှိသေးလား။”
သူမက ထျန်းယွမ်ခေါက်ဆွဲကို အနှစ်နှင့် စားချင်နေခဲ့သည်။ တကယ်လို့ ဝက်သားကင်တွေသာ ရှိနေသေးရင် သူမက နှစ်သစ်ကူးအတွင်းမှာ ကြေးနီအိုးဖြင့် ဟော့ပေါ့ အတူတူ စားကြမည် ဖြစ်သည်။
ရှုရွှမ်း - “မသိဘူး။ ဒါပေမယ့် ဒါ ကိုယ် အဲ့ဒါကို လုပ်နိုင်မှာပါ။”
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ နှစ်သစ်ကူးအတွင်း သွားလည်စရာ ဘာအမျိုးမှ မရှိဘူးဆိုတော့ စားဖို့အပြင် ကိုယ်တို့ ဘာတွေ တွေးစရာရှိလို့လဲ။
စွန်းမိန် အလုပ်လုပ်သည့် စက်ရုံကလည်း ပိတ်ရက် ရှိသည့်အတွက် သူမက ဝန်ထမ်းတန်းလျားကနေ ထွက်သွားပြီး အိမ်ကို ပြန်သွားခဲ့သည်။
အိမ်ကို ရောက်လာပြီး ပထမဆုံးနေ့က အဆင်ပြေသည်။ စွန်းမိန်က ရှုလဲ့စကားရဲ့ မတူညီသည့် အဓိပ္ပါယ် အနည်းငယ်ကို သူ့အမေအား ပြောပြပြီး သူမရဲ့ ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ဖော်ပြခဲ့သည်။
“အမေ၊ ရှုလဲ့က သူ့အိမ်က အလုပ်တွေကို နည်းနည်းလောက် ထပ်ပြီး စောင့်ရမယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် သမီးကို တွန်းအားမပေးပါနဲ့။ အမေ ဘာကို ပြောချင်လဲဆိုတာ သမီးက ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ။ သမီး သေချာ ကောင်းကောင်း လုပ်ပါ့မယ်။ အဲ့ဒါတွေ ခနလောက် ပြီးသွားပြီဆိုရင် သမီးကို ယာယီ အလုပ် တစ်ခု ရှာဖို့အတွက် သူ့ကို ပြောလိုက်မယ်။ ရှုလဲ့က သမီးအပေါ် ဘယ်လောက်ကောင်းလဲဆိုတာ အမေ မသိပါဘူး။”
စွန်းမိန်က ပျော်ရွှင်စွာ ပြောလိုက်သည်။ “သမီး လက်ထပ်ပြီးသွားရင် သမီးရဲ့ အလုပ်ကို မောင်လေးဆီ ထားခဲ့လိုက်မယ်။ အိမ်မှာ အဖေက အလုပ်ရှိပေမယ့် မောင်လေးကို လက်လွှဲပေးလိုက်ရင် ပိုမကောင်းဘူးလား။ အဲ့ဒါက သမီးတို့ မိသားစုကို ကြပ်တည်းတာတွေ ဖြစ်နေတာကနေ ကယ်တင်ပေးလိမ့်မယ်။”
စွန်းမိန်ရဲ့အမေ စုစန်းမိန်က သူမရဲ့ သမီးကို ကြည့်ပြီး ပြောလိုက်သည်။”မင်း အဲ့ဒါကို သိထားတာ ကောင်းပါတယ်။ ငါတို့မိသားစုက တစ်ခြားသူတွေနဲ့ ဘာမှ ခြားနားနေတာ မဟုတ်ဘူး။ ငါတို့လည်း ရုန်းကန်နေရတာ။ တကယ်လို့ မင်းလုပ်တာ အဆင်မပြေတာတွေ ငါတွေ့ရင် ငါမင်းကို ဒီနှစ် ကျေးလက်ကိုသွားဖို့ စာရင်းပေးလိုက်မှာ။ ပေါ့ပေါ့တန်တန် နေမနေနဲ့။ မင်း လက်ထပ်ပြီးသွားရင် ငါတို့တွေ ရှုလဲ့နဲ့ စကားပြောပြီး ငါတို့တွေ ကျေးလက်ကို ထပ်ပြီး မသွားတော့ဘူး။ ငါတို့တွေ အဆင်ပြေတဲ့ ဘဝမှာ နေလို့ရတယ်။”
သူတို့ရဲ့ မိသားစုထဲတွင် ကလေးနှစ်ယောက်နှင့် စွန်းမိန်က ဟိုးအရင်တုန်းက ကျေးလက်ကို သွားခဲ့ကြရသည်။ သို့သော် စုစန်းမိန်က သူမရဲ့ သမီးအတွက် သာယာတဲ့ မိသားစု တစ်စုကို ရှာပေးချင်တာ၊ ဟုတ်တယ်မလား။ အခုထိ အဲ့ဒါက နှောင့်နှေးနေဆဲ ဖြစ်သည်။
သို့သော် အဲ့ဒါကို ထပ်ပြီး နှောင့်နှေးအောင် လုပ်ဖို့အတွက် ဘာနည်းလမ်းမှ မရှိတော့ပါ။ အငယ်ဆုံးသားက နောက်နှစ် ဘွဲ့ရတော့မည် ဖြစ်သည်။ တကယ်လို့ စွန်းမိန်က လက်မထပ်နိုင်ရင် နောက်နှစ် သူမက ကျေးလက်ကို သွားရမည် ဖြစ်သည်။
အနည်းဆုံးတော့ မိသားစုထဲရှိ လူတစ်ယောက်စီက ကျေးလက်ကို သွားရမည် ဖြစ်သည်။ တကယ်လို့ ကျေးလက်ကို သွားရမည့်သူက စွန်းမိန် မဟုတ်ဘူးဆိုရင် သူတို့သားက သွားရလိမ့်မည် ဖြစ်သည်။
စုစန်းမိန်က ကျေးလက်ကို သွားရမည့် အရေးကြီးသည့် ကိစ္စက တုံ့ဆိုင်းမှု မရှိဘူးဆိုတာ သိနေခဲ့သည်။ သူမရဲ့ သမီးက မကြာခင် ရှုလဲ့ကို လက်ထပ်ရမည် ဖြစ်သည်။
သူတို့သာ အတူတူ ရှိနေမယ်ဆိုရင် ပိုကောင်းလိမ့်မည် ဖြစ်သည်။ သူတို့ရဲ့ မိသားစုက အမြဲတမ်း ဆင်းရဲနေသည်။ တကယ်လို့ သူတို့က မိသားစုကောင်း တစ်ခုမှာ လက်ထပ်နိုင်မယ်ဆိုရင် အနာဂတ်မှာ သူတို့ရဲ့ ကံတရားက ပိုကောင်းလာမည် မဟုတ်ပါလား။
စုစန်းမိန်က အတော်လေးကို စိတ်လှုပ်ရှားနေခဲ့သည်။ သူမက သူမရဲ့ သမီးဖြစ်သူကို အိမ်မှာ ဟင်းချက်ဖို့ ပြောပြီးနောက် သူမရဲ့ အပ်ချည်နှင့် အပ်ကို အခြားသူတွေဆီ ကြွားဖို့အတွက် ထွက်သွားခဲ့သည်။
သူမရဲ့ အမေထံမှ လမ်းညွှန်ချက်များကို ရပြီးနောက် စွန်းမိန်က သူမရဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ပိုပြီး ဆုတ်ထားခဲ့သည်။
သူမက ရှုလဲ့ကို ခုံတန်းရှည်ဖြင့် ဆွဲထားရမှာဖြစ်ပြီး သူမရဲ့ အရည်အချင်းတွေကို သူမရဲ့ အမေအား မြင်စေချင်သည်။
သို့သော် စွန်းမိန်က နောက်တစ်နေ့မှာ သူမ မထက်မှတ်ထားသည့် ကိစ္စတစ်ခု ဖြစ်လာလိမ့်မယ်ဟု မထင်ထားခဲ့ပါ။
စုစန်းမိန်က တစ်နေကုန် အခြားသူတွေကို ကြွားနေပြီး နောက်တစ်နေ့မှာတော့ သူမက အခြားသူတွေနှင့် အတင်းတုပ်နေဆဲ ဖြစ်သည်။ နှစ်သစ်ကူး ပိတ်ရက်အတွင်းမှာတောင် သူမက ဟိုဟိုဒီဒီ ပြေးနေဆဲ ဖြစ်သည်။
သွားလည်မည့် မိသားစုတွေက သူတို့ရဲ့ ကိုယ်ပိုင် နှစ်သစ်ကူး ပစ္စည်းများကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့သော်လည်း သူတို့က စုစန်းမိန်ရဲ့ ကြွားလုံးတွေကို နားထောင်ဖို့ အချိန်ပေးရတာကိုက အနည်းငယ် စိတ်ရှုပ်ဖို့ ကောင်းနေခဲ့သည်။
ရုတ်တရက်ဆိုသလို သူမက တံခါးကို လူတစ်ယောက် လာခေါက်တဲ့အသံ ကြားလိုက်ရသည်။ သူမက မြန်မြန် ထရပ်ပြီး ပြောလိုက်သည်။ “ဒီကို သူတို့ လာနေကြပြီ။”
အဲ့ဒါက ဘယ်သူပဲဖြစ်ဖြစ်၊ သူမကို လာကယ်ကြ။
သူမ တံခါးကို ဖွင့်လိုက်သည့်အခါ တပ်သားတွေလို ဝတ်ထားသည့် လူနှစ်ယောက်က အပြင်ဘက်မှာ ရပ်နေခဲ့သည်။
“တပ်သား၊ ငါတို့က မင်းရဲ့ အိမ်ရာမှာရှိတဲ့ လျှစ်စစ်နဲ့ ရေ ထောက်ပံ့တဲ့ ကိစ္စတွေကို စုံစမ်းဖို့ ဒီကို ရောက်လာတာပါ။ ညသန်းခေါင်ကြီး လူတစ်ယောက်က ဝါယာကြိုးတွေကို ဖြတ်သွားတယ်ဆိုပြီး တစ်ယောက်ယောက်က သတင်း လာပို့သွားတယ်။”
အိမ်နီးချင်းက သူမရဲ့ ပေါင်ကို ရိုက်လိုက်သည်။ စောနက လူတစ်ယောက် လာနေတာကို မြင်သည့်အခါ သူမက လန့်နေခဲ့သော်လည်း တစ်ယောက်ယောက်က ဝါယာကြိုးတွေအကြောင်း မေးကြည့်အခါ သူမက စိတ်သက်သာရာ ရသွားသလို ခံစားခဲ့ရသည်။
“ခေါင်းဆောင်၊ ဒါက တကယ့် ကိစ္စပဲ။”
အိမ်နီးချင်းက အပြင်ဘက်ရှိ ဝါယာကြိုးတွေကို လက်ညှိုး ထိုးပြပြီး တိုင်လိုက်သည်။ “အဲဲဒါ ဘယ်ကကောင်မှန်းတော့ ငါလည်း မသိပါဘူး။ သူက ဝါယာကြိုးတွေကို ဖြတ်နေတာ။ အစတုန်းကတော့ တစ်ယောက်ယောက်က အဲ့ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ ငါ ထင်နေတာ။ သူတို့က ငါတို့ကို ဆန့်ကျင်ဖို့ တာဝန်တစ်ခု ရှိနေသလိုပဲ။ ငါ့ကို ပြောစမ်းပါဦး။ အဲ့လူက ပုံမှန်ရော ဟုတ်ရဲ့လား။ သူက ဓာတ်လိုက်မှာကိုတောင် မကြောက်ဘူး။ ပြီးတော့ အဲ့တစ်ယောက်က ငါတို့ဆီကလူ မဟုတ်ဘူးဆိုတာကို ငါ သိထားတယ်။ တစ်ခြားအိမ်တွေကိုလည်း အဲ့ဒါတွေက သက်ရောက်မှုရှိတယ်။ ဒါက အရမ်းကို အဆင်မပြေဘူး။ ငါ့ရဲ့ကလေးတွေက မီးရောင်အောက်မှာ သူတို့ရဲ့ အိမ်စာကို လုပ်ဖို့ အိမ်နီးချင်းတွေရဲ့ အိမ်ကို သွားရတယ်။ နောက်ဆုံးတော့ ငါတို့တွေ အဲ့ဒါကို ပြင်ပြီးပြီဆိုရင် အဲ့ဒါက ဘာဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်လိုက်လေ။ ထပ်ပြီး ဖြတ်ခံလိုက်ရပြန်တယ်။”
ကြည့်ကောင်းသည့် တပ်သားနှစ်ယောက်က မတုံ့ဆိုင်းဘဲ စာရွက်နှင့် ဘောပင်ကို ထုတ်ပြီး မှတ်စရာတွေကို စပြီး မှတ်ကြသည်။ အိမ်နီးချင်းတွေက တတွတ်တွတ် ပြောနေသည့်အခါ သူတို့က တစ်ခုချင်းစီကို အသေးစိတ် ချရေးခဲ့သည်။
“သူဌေး၊ ငါတို့ရဲ့ ဝါယာကြိုး ပြဿနာက ဖြေရှင်းလို့ ရပါ့မလား။ တရုတ်နှစ်သစ်ကူးပဲ ရောက်တော့မယ်။ ငါတို့ အဲ့ဒါကို ပြန်ဆက်ပြီးလို့ ထပ်ပြတ်သွားရင်ရော ဘယ်လိုလုပ်မလဲ။”
သူတို့ထဲရှိ လူတစ်ယောက်က ပြောခဲ့သည်။ “ငါတို့တွေ ဒီဟာကို အထက်ကို တင်ပြလိုက်ပါမယ်။ အဲ့ဒါပြီးရင် ငါတို့ ထည့်မတွက်တော့ဘူး။”
စုစန်းမိန်က ခနလောက် နားထောင်ပြီး နောက်ဆုံးမှာတော့ သူမက ကြားဖြတ်ပြောဖို့ အခွင့်အရေး တွေ့လိုက်သည်။
သူမ သားမက်ရဲ့ အရည်အချင်းတွေကို အိမ်နီးချင်းတွေရဲ့ အရှေ့မှာ ကြွားမယ်ဆိုရင် အလကားသာ ဖြစ်သည့်အတွက် အခုချိန်မှာ သူမက ကြွားဖို့ကို တွေးလိုက်သည်။
“မင်္ဂလာပါ၊ တပ်သား။ ကျွန်မကလည်း စက်ရုံက အလုပ်သမား တစ်ယောက်ရဲ့ မိသားစုဝင် တစ်ယောက်ပါ။” စိတ်အားထက်သန်စွာဖြင့် အရှေ့ကို တိုးထွက်လာခဲ့သည်။ “ငါတို့ မိသားစုနေတဲ့ အဆောက်အဦက အဲ့ဒီ့ ပြဿနာကို ကောင်စီခရိုင် အဖွဲ့ကို သတင်းပေးပြီးပြီလား။”
“ဟုတ်ကဲ့။ ငါတို့ စက်ရုံထဲက ပြဿနာတွေကို သတင်းပို့ပေးဖို့ လိုအပ်ပါတယ်။”
စုစန်းမိန်ရဲ့ အမြှီးက မြောက်ကြွမြောက်ကြွ ဖြစ်နေခဲ့သည်။ “ဒါဆို မင်းတို့ ဒီပြဿနာကို တပ်သား ရှုလဲ့ဆီ သတင်းပို့ပေးလို့ ရနိုင်မလား။”
သူမက ကြွားချင်သည့်အတွက် အကုန်လုံး အိတ်သွန်ဖာမှောက် ပြောပြခဲ့သည်။ “အဲဲဒါက မင်းတို့ရဲ့ စက်ရုံ ရုံးပိုင်းက လက်ထောက်တာဝန်ခံ ခေါင်းဆောင် ရှုလဲ့လေ။ သူ့မိဘ နှစ်ယောက်လုံးက ငါ့ခရိုင်ဌာနက တပ်သားတွေပဲ။”
စာရွက်နှင့် ဘောပင်ကို ကိုင်ထားသည့် လူနှစ်ယောက်က အနည်းငယ် မျက်မှောင်ကြုတ်နေခဲ့သည်။
“ရှုလဲ့လား။”
စုစန်းမိန်က အံ့ဩသွားခဲ့သည်။ “ဟုတ်တယ်လေ။ အဲ့ဒါ ရှုလဲ့လေ။ ငါ့ရဲ့ သားမက်လေးလေ။ တကယ်လို့ မင်းတို့ သူ့ကို ဒီအကြောင်း ပြောလိုက်ရင် သူက ဒီကိစ္စကို သေချာပေါက် မြန်မြန်ပြီးအောင် လုပ်မှာ။”
တပ်သားနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြောလိုက်သည်။ “တပ်သား၊ ငါတို့ ခရိုင် အဖွဲ့ထဲမှာ အဲ့လူ မရှိဘူး။”
စုစန်းမိန် - “ဘယ်လိုလုပ် အဲ့မှာ တစ်ယောက်မှ မရှိရတာလဲ။ သူ့မျိုးရိုးနာမည်က ရှုလေ။ အဲ့ဒီ့ ရှုရဲ့လေးက စာလုံးက ယန်လေ။ သူက စက်ရုံရဲ့ ရုံးပိုင်းမှာ လုပ်တာ။”
ဦးထုပ် ဆောင်းထားသည့် လူက မနေနိုင်ဘဲ ပြောလိုက်သည်။ “တပ်သား၊ ငါတို့ ခရိုင်အဖွဲ့ရဲ့ ကော်မတီမှာ စက်ရုံကိစ္စနဲ့ ပတ်သက်တဲ့ ရုံးဆိုပြီးတောင် မရှိဘူး။”
နောက်ထပ် လူတစ်ယောက်က ဆက်ပြောခဲ့သည်။ “ဒါကို စက်ရုံ ဖက်ဒရေးရှင်းလို့ ခေါ်တယ်။ ဒါက ခရိုင်အဖွဲ့ ကော်မတီရဲ့ အပိုင်ထဲက မဟုတ်ဘူး။ အဲ့ဒါက သီးသန့် ဌာန တစ်ခုပဲ။”
စုစန်းမိန်က အသက်ရှူတွေ မြန်လာခဲ့သည်။ “မဖြစ်နိုင်တာ။ ရှုဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်တောင် မရှိဘူးလား။ ငါ အဲ့ဒါကို အမှတ်မှားတာ နေမှာပါ။ ဒါမှမဟုတ် စက်ရုံ အုပ်ချုပ်ရေး ဌာနက မဟုတ်တာလည်း ဖြစ်မှာပါ။ သူက တစ်ခြား ဌာနကများလား။ ဟုတ်တယ်။ သူက တစ်ခြား ဌာနက ဖြစ်မှာပါ။”
ဦးထုပ်နဲ့လူက ပြောခဲ့သည်။ “ငါတို့ ခရိုင် ကော်မတီမှာ ရှုနာမည်နဲ့ လူတစ်ယောက်မှ မရှိဘူး။ ပြီးတော့ တပ်ခွဲ ဌာနတွေမှာလည်း အဲ့လိုနာမည်နဲ့ လူတစ်ယောက်မှ မရှိဘူး။”
“နင် အဲ့ဒါတွေ ဘယ်လိုသိလဲ။ နင်တို့ လူတိုင်းကို သိဖို့ မလိုပါဘူး။”
ဦးထုပ်နှင့်လူက ဒေါသတကြီး ပြောခဲ့သည်။ “ခရိုင် ကော်မတီမှာ အခုချိန် အဲ့လောက်လူတွေအများကြီး မရှိဘူး။ အဲ့မှာ စုစုပေါင်း လူတစ်ရာတောင် မရှိဘူး။ ငါက ဘာလို့ အားလုံးကို မသိရမှာလဲ။ တပ်ခွဲဌာနက ရယ်စရာ ကောင်းတာပဲ။ ငါက တပ်ခွဲဌာနဝန်းထဲမှာ နေတာလေ။ ငါ အဲ့ဌာနက လူတွေ အကုန်လုံးကို မသိနိုင်ဘူးဆိုပြီး မင်း ပြောခဲ့ပေမယ့် ငါက အဲ့တပ်သားတွေ အားလုံးကို သိတယ်။ တကယ်ကို အဲ့မှာ ရှုဆိုတဲ့ နာမည်နဲ့လူ တစ်ယောက်မှ မရှိတာပါ။”
ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
အိမ်နီးချင်းတွေက တွေဝေသွားပုံရသော်လည်း သူတို့က နွေလယ်ခေါင်မှာ ရေအေးအေးလေး သောက်လိုက်ရသလို ပျော်နေခဲ့သည်။
စုစန်းမိန်ရဲ့ မျက်နှာက ရှက်နေခဲ့သည်။ ထိုအချိန်မှာ ပြဿနာ တစ်ခုလုံးကို ကြည့်နေသည့် အိမ်နီးချင်းများသာမက အပြင်ဘက်က လူအုပ်ကြီးကလည်း စုသွားခဲ့သည်။
“အို၊ ဘာတွေဖြစ်နေတာလဲ။”
“ဒါက ဟာသပဲ။ အဲ့စွန်းမိသားစုက အဖွားကြီးက နေ့တိုင်း သူ့သမီးက တပ်သားမိသားစု တစ်စုထဲကို အဆင်ပြေပြေ ဝင်သွားမယ့်အကြောင်း အတင်းလာလာတုပ်နေတာလေ။ အဲ့တော့ ဘာဖြစ်လဲ။ သူက လူလိမ် တစ်ယောက်ပဲလေ။”.
“သူက တကယ့်ကို လူလိမ်တစ်ယောက်တော့ မဟုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား။ ကြည့်ရတာ သူ အမှတ်မှားသွားတာ ဖြစ်မှာပါ။”
“သူက ဌာနကိုတောင် အမှန်တိုင်း မပြောနိုင်တာကို ဘယ်လိုလုပ် လိမ်နေတဲ့သူ မဟုတ်ရမှာလဲ။”
“ငါ့ကို မပြောနဲ့။ ငါ့သမီးက မနေ့ကမှ ပြန်လာပြီး ငါ့ကို တစ်ခုခု ပြောခဲ့သေးတယ်။ စွန်းမိန်ရဲ့ ကောင်လေး ရေးထားတဲ့စာက အရမ်းကို စိတ်ပျက်ဖို့ကောင်းပြီး အဲ့ထဲမှာ pinyin တွေ အများကြီးပဲတဲ့။”
“…pinyin၊ ဘယ်တပ်သားက အဲ့လို ရေးလို့လဲ။”
“ကျွတ်၊ ကျွတ်၊ အဖွားကြီးစွန်းရဲ့ မျက်နှာကို ကြည့်လိုက်ဦး။ သူက အဲ့ဒါအတွက် ကြက်ဥပဲ ကြော်လို့ရမှာကိုတော့ ငါစိုးရိမ်မိတယ်တာ ဟုတ်တယ်မလား။”
“ဟဟ၊ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ခရိုင် ကော်မတီကပဲ ငါတို့အရှေ့မှာ ရှိနေသလို ပြောနေတဲ့သူက သူပဲ မဟုတ်လား။ မနက်ဖြန်ဆိုရင်ပဲ သူက ခရိုင် ကော်မတီ ဝန်းထဲကိုပဲ ပြောင်းတော့မလိုလိုနဲ့ ကြွားနေတာလေ။”
စုစန်းမိန်ရဲ့ မျက်နှာက သူမ အဆင်မပြေဘူးဆိုတာကို ပြနေခဲ့သည်။
'ငါ့သမီး ရှာလာတဲ့ သားမက် အလိမ်အညာပဲ။ '
ထိုသတင်းက သူမရဲ့ ခံစားချက်တွေကို လုံးဝ ယူကျုံးမရ ဖြစ်သွားစေခဲ့သည်။
သူမက ထိုလူနှစ်ယောက် ထွက်သွားတာကိုတောင် သတိမထားမိဘဲ တွေဝေစွာဖြင့် အိမ်ကို ပြန်သွားခဲ့သည်။
သူမအိမ်ပြန်ရောက်တော့ စွန်းမိန်က ူူမဆီ လာနေတာကို တွေ့လိုက်ရသည်။
“အမေ၊ စားစရာတွေက အဆင်သင့်ဖြစ်နေ….”
“တော်စမ်း။”
စုစန်းမိန်က စွန်းမိန်ကို ပါးရိုက်လိုက်သည်။
ရုတ်တရက်ဆိုသလို စွန်းမိန်က မျက်ရည်တွေ ကျလာခဲ့သည်။
“တုံးလိုက်တဲ့ ကောင်မ၊ နင် သူများတွေကို လိမ်သလို ဘာလို့ ငါ့ကို လာလိမ်ရတာလဲ။ ဒီနေ့ ငါ တော်တော်ကို မျက်နှာပျက်ခဲ့ရတယ်။”
စုစွန်းမိန်က သူမရဲ့ သမီးကို ဆွဲပြီး ဘာကိုမှ မတွေးဘဲ သူမကို ရိုက်နေခဲ့သည်။
စွန်းမိန်က မွန်းကြပ်လုနီးပါး ငိုနေခဲ့သည်။ “အမေ၊ သမီး အမေ့ကို ဘာလိမ်လို့လဲ။”
စုစန်းမိန်က သူမရဲ့ သမီးကို အော်ပြီး ရိုက်နေခဲ့ကာ နောက်ဆုံးမှာတော့ သူမက ဒေါသထွက်ကာ မေ့လဲသွားခဲ့သည်။
သူမ ပြန်ပြီး နိုးလာတော့ မှုန်သုန်သုန် မျက်နှာနဲ့ လူတစ်ယောက်က အိပ်ရာဘေးမှာ ထိုင်ပြီး ငါ့ကို စောင့်နေတယ်။
စုစန်းမိန်က ရုတ်တရက် မျက်ရည်တွေ ကျလာခဲ့သည်။ “စွန်းရယ်၊ ဒါ ငါ့အမှား မဟုတ်ပါဘူး။”
အဲ့အလိမ်အညာကောင်ကို စွန်းမိန် ဘယ်ကနေ ရှာလာလဲဆိုတာ သိတဲ့သူများ ရှိကြလား။
သူမက ဒါကို လက်ခံဖို့အတွက် အတော်လေးကို နာကျင်နေခဲ့သည်။
သူမရဲ့ ယောက်ျားက ဆေးလိပ်ကို ဖွာရင်း ခနအကြာမှာ ပြောလိုက်သည်။ “အဲ့လို မလုပ်ဘူး။ အဲ့လိမ်တဲ့ကောင်ကို ငါတို့တွေ ရှာရမယ်။”
သူတို့ အဲ့ကောင်ကို ရှာမတွေ့ရင် သူ့သမီးရဲ့ ဂုဏ်သဏ္ခာနဲ့ သူတို့ မိသားစု ဂုဏ်သိက္ခာက ပျက်စီးသွားလိမ့်မည်။
ထိုကိစ္စကို သိနေသည့်လူတွေက သူတို့က ကံမကောင်းဘဲ အလိမ်အညာတစ်ယောက်နှင့် တွေ့ရတယ်ဟု ပြောကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်မှာ သူ့သမီးက ပိုက်ဆံလိမ်ခံလိုက်ရတာ ဒါမှမဟုတ် စော်ကားခံလိုက်ရတာဟု မသိတဲ့သူတွေက တွေးကြလိမ့်မည် ဖြစ်သည်။
အဖိုးကြီးစွန်းက ဆေးလိပ်ကို ပြင်းပြင်း ရှိုက်နေခဲ့သော်လည်း သူ့ရဲ့ မျက်လုံးတွေက ပိုပြီးကို ဆုံးဖြတ်ချက် ချပြီးနေခဲ့ပြီ ဖြစ်သည်။ “ငါတို့ အဲ့ကောင်ကို ရှာပြီး သူ့ကို သတင်းပေးရမယ်။ အဲ့လိုမှ မဟုတ်ဘဲ သူ့ကို နောက်ပိုင်းမှ ရှာတွေ့ရင် စွန်းမိန်ရဲ့ ဘဝက ပြီးသွားလိမ့်မယ်။”
တကယ်လို့ အဲ့ဒါက လူသိမခံသည့် ဆက်ဆံရေးတစ်ခုသာ ဖြစ်နေခဲ့မယ်ဆိုရင် ဒါက အဆင်ပြေမည် ဖြစ်သော်လည်း သူ့မိန်းမက သူတို့ရဲ့ သမီးဟာ လူတစ်ယောက်နှင့် ချိန်းတွေ့နေတယ်ဆိုသည့် သတင်းကို ဖြန့်ထားကာ ဝန်းထဲရှိ လူတိုင်းက ထိုအကြောင်းကို သိနေခဲ့ပြီး ဖြစ်သည်။
တကယ်လို့ သူတို့က အဲ့ကောလဟာလတွေကို မစစ်ဘဲ ဒီတိုင်း လွှတ်ထားမယ်ဆိုရင် လူတွေက စွန်းမိန်ရဲ့ အကြောင်းကို အတင်းစတုပ်ရင် သိပ်မကြာခင် ပြီးသွားလိမ့်မည်။
စုစွန်းမိန်က မြန်မြန်ပဲ အဲ့ဒါကို အဖြေထုတ်ကာ သူမရဲ့ မျက်ရည်တွေကို သုတ်ပြီး ဒေါသတကြီး ပြောခဲ့သည်။ “အဲဲဒါကို ရှာရမယ်။”
သူမက ထိုလူလိမ်ကောင်ကို ရှာပြီး အသကုန် ရိုက်ပစ်မည် ဖြစ်သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၂၄
ဆောင်းတွင်းအလယ်၏ လမ်းထောင့် တစ်နေရာ၌ လူနှစ်ယောက် ပေါ်လာခဲ့သည်။ တကယ်လို့ တစ်ယောက်ယောက်ကသာ သတိထားမိခဲ့ရင် ဒီလူနှစ်ယောက်က စောနက လျှပ်စစ်ပြဿနာကို စုံစမ်းပေးဖို့ ရောက်လာသည့် တပ်သားတွေဆိုတာ သိသွားကြမည် ဖြစ်သည်။
ဦးထုပ်နှင့်လူရဲ့ ပုံစံက လေးနက်သည့် ပုံစံအဖြစ် ပြောင်းသွားကာ မျက်စောင်းထိုးကြည့်နေသည့် အဖိုးကြီးစုန့်ကို ပြုံးပြီး သတင်းပေးလိုက်သည်။
“ငါ မင်းပြောတဲ့အတိုင်း သတင်းဖြန့်ပြီးပြီ။”
နောက်ထပ် လူတစ်ယောက်က ရောက်လာပြီး ပြောလိုက်သည်။ “အဲ့မိန်းမကို ကြည့်ရတာ တော်တော် ယူကျုံးမရဖြစ်နေတဲ့ပုံပဲ။ ငါတို့တွေ ထွက်သွားတော့ သူက အဲ့သတင်းတွေကို တစ်ဝန်းလုံး လိုက်ဖြန့်ထားတယ်လို့ ငါတို့ ကြားထားတယ်။”
အဖိုးကြီးစုန့်က လူငယ်နှစ်ယောက်အား ကျေနပ်စွာဖြင့် အနီရောင် စက္ကူစာအိတ်လေးကို ပေးပြီး ပြောလိုက်သည်။ “ဒါက တရုတ် နှစ်သစ်ကူးဆိုတော့ မင်းအဖေနဲ့ တစ်ခြားသူတွေလည်း အလုပ်ရှုပ်နေမှာ သေချာတယ်။ ဒီမှာ မင်းတို့အတွက် နှစ်သစ်ကူး ပိုက်ဆံ။”
ဦးထုပ်နှင့်လူက စက္ကူအိတ်ကို ပျော်ရွှင်စွာဖြင့် လက်ခံလိုက်သည်။ “မင်းက အရမ်းကို ယဥ်ကျေးတာပဲ။ ဦးလေးစုန့်၊ တကယ်လို့ နောက်ပိုင်း ပြဿနာတစ်ခုခု ရှိတယ်ဆိုရင် ငါ့ဆီသာ ချက်ချင်း လာခဲ့။ ဒါပေမယ့် အဲ့ကောင်လေး ရှုလဲ့ဆိုတဲ့ နာမည်က တကယ်ကို ကောင်းပါတယ်။ သူက လိမ်တဲ့နေရာမှာ အရမ်း တော်လွန်းလို့ တကယ်ကြီး ငါ့ကိုတောင် အရူးလုပ်သွားတာ။”
စောနက သူပြောလိုက်သည့် ခရိုင်တပ်ခွဲ ကော်မတီ အဖွဲ့ဆိုတာတွေ အားလုံးက အဓိပ္ပါယ် မရှိသည့် အရာတွေ ဖြစ်သည်။
ခရိုင် ကော်မတီ အဖွဲ့ထဲမှာ ရှုဆိုတဲ့ နာမည်နဲ့လူ တစ်ယောက်မှ မရှိဘူးလား။
ရှိရင်လည်း ရှိမှာပဲ။ မရှိရင်လည်း မရှိလောက်ဘူးပေါ့။
ဒါပေမယ့် ခရိုင်ကော်မတီမှာ စက်ရုံရဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့ အဲ့လိုဌာနမျိုး မရှိတာတော့ သေချာသည်။
သူတို့ရဲ့ ရှင်းပြချက်က တစ်ဝက်က မှန်သလို တစ်ဝက်က မှားနေခဲ့သော်လည်း မိန်းကလေးရဲ့ မိသားစုဘက်က ထိုအခြေအနေကို သတိထားတာက ဘာပြဿနာမှ ရှိလိမ့်မည် မဟုတ်ပါ။
ကျွတ်စ်ကျွတ်စ်၊ ရှုလဲ့ဆိုတဲ့ နာမည်နဲ့လူက အံ့ဩဖို့ ကောင်းလိုက်တာ။ သူက သူ့ကိုယ်သူ အထင်ကြီးပြီး အလိမ်အညာတွေကို မပြောခင် ဘယ်တုန်းကမှ နှစ်ခါပြန် မစဥ်းစားဘူးပဲ။ တကယ်လို့ မင်းတို့သာ မေးခွန်း နည်းနည်းလောက် ထပ်မေးလိုက်ရင်တော့ အဲ့အချိန်တုန်းက စက်ရုံရဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့ ရုံးမျိုး မရှိဘူးဆိုတာ သူတို့ အဖြေရှာတွေ့ကြမှာပါ။ နိုင်ငံပိုင် စက်ရုံတွေကြားထဲမှာ စက်ရုံ သမဂ္ဂ တစ်ခုပဲ ရှိတာ။
အဖိုးကြီးစုန့်က ရယ်နေခဲ့သည်။ “ဒါက အမြင်ကျယ်ပြီး ဘာစိတ်မှမရှိတဲ့ သူတွေမှာရှိတဲ့ စိတ်ပျက်စရာ အရာပဲ။ သူတို့က သူ့တို့ကိုယ်သူတို့ အထင်ကြီးပြီး အကုန် လုပ်နိုင်တယ်လို့ ထင်နေကြတာလေ။”
'မင်း ခန့်မှန်းနေဖို့ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ရှုလဲ့က ကြည့်ကောင်းလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့။ သူ ကလေးတုန်းက တိုင်ခံထားရတာတွေ အများကြီး ရှိခဲ့လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါက သာမန် နှုတ်ဆက်တာ ဒါမှမဟုတ် သာမန် အမှတ်ရတာမျိုး ဖြစ်ရင်လည်း ဖြစ်နိုင်ပေမယ့် ဒီလို တိုင်ခံရတာတွေက သူ့ ဝမ်းသာတယ်လို့ ခံစားရတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ '
အထက်တန်းကျောင်းကနေ ဘွဲ့ရပြီးတာတောင် သူက သူ့ရဲ့ အချစ်စာတွေကို pinyin တွေထည့်ပြီး ရေးတုန်း။ သူက တစ်ခြားသူတွေထက် ပိုသာတယ်ဆိုပြီး တွေးဖို့ ယုံကြည်ချက်မျိုး ဘယ်ကနေ ရလဲဆိုတာတော့ သူလည်း မသိတော့ဘူး။ ဒါက သူ့မှာ မိသားစုနောက်ခံ ကောင်းလို့လည်း ဖြစ်နိုင်သည်။
အဖိုးကြီးစုန့်ရဲ့ အသံက အနည်းငယ် စိတ်ပျက်သလို ဖြစ်နေခဲ့သည်။ ရဲတွေက သူ့ကို ကြည့်နေတယ်ဆိုတာ သူက သိနေခဲ့သော်လည်း သူက ရိုးသားသည့်အတွက် ဘယ်သူကမှ သူ့ကို မရှာနိုင်ခဲ့ကြပါ။
ထိုလူနှစ်ယောက်က စောနလေးတင် လျှစ်စစ်လိုင်းတွေကို စစ်ဆေးဖို့ လက်ခံထားပြီးဖြစ်ကာ အဲ့ဒါက အဆင်ပြေသည်။ နောက်ပိုင်းတွင် လျှပ်စစ် လမ်းကြောင်းတွေကို စစ်ဆေးပေးမည့် လူတစ်စုလည်း ရှိလာမှာ သေချာသည်။ လူနာ နှစ်သစ်ကူးပွဲနှင့်အတူ အဓိက အဖွဲ့အစည်းတွေက လျှပ်စစ်လိုင်းတွေကို စုံစမ်း စစ်ဆေးတော့မည် ဖြစ်သည်။ တကယ်လို့ ဒီကိစ္စကို ရာထူးကြီးသည့် လူတစ်ယောက်က လာမေးမယ်ဆိုရင် ပုံမှန်ပဲ ဖြစ်သည်။
ချောင်းကြည့်နေသည့် လူနှစ်ယောက်အနေဖြင့် ဒါကို ကြည့်ပြီးရင်တောင် သူတို့က ရှာတွေ့ကြလိမ့်မည် မဟုတ်ပါ။
ထို့အပြင် သူတို့ကလည်း ဘာမှ လုပ်ကြလိမ့်မည် မဟုတ်ပါ။ ဒါဟာ စွန်းမိန်ဟုခေါ်သည့် ကောင်မလေး၏ အမေရဲ့ အမြဲတမ်း ကြွားနေခြင်းကြောင့် ဖြစ်သည်။ သူမ ကြွားနေသည့် ကိစ္စအတွက် ဘယ်သူကမှ သူမကို အပြစ်တင်လို့ ရနိုင်မည် မဟုတ်ပါ။
အဖိုးကြီးစုန့်က ဝိုင်အချို့ကို သောက်ရင်း အိမ်သို့ ပြန်လာခဲ့သည်။ ဒီနှစ် ဆောင်းတွင်းမှာ ဝိုင်နှင့် မြေပဲက အကောင်းဆုံး ဖြစ်သည်။ ဒါက အတော်လေးကို သက်တောင့်သက်သာရှိသည်။
စွန်းမိန်က လန့်သွားခဲ့သည်။ သူမ ချစ်ရတဲ့သူက ရုတ်တရက် တိမ်ပေါ်ကနေ ကျလာပြီး မြေပေါ်ကို မှောက်ယက်လေး ဖြစ်နေခဲ့သည်။
ဘယ်သူက ဒါကို ရပ်တည်ပေးမှာလဲ။
သူမက ခေါင်းကို အတင်း ခါနေခဲ့ပြီး မယုံနိုင် ဖြစ်နေခဲ့သည်။ “ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အမေ၊ အမေ မှားနေတာဖြစ်မှာပါ။ ရှုလဲ့က ဘယ်လိုလုပ် လူလိမ်တစ်ယောက်ဖြစ်နိုင်မှာလဲ။ သူ့ရဲ့ မိဘတွေနဲ့ တွေ့ဖို့ သမီးကို ပြန်လာခေါ်မယ်လို့ ကတိပေးထားတယ်။”
သူမကို သူမရဲ့ အမေက အိမ်ထဲမှာ ပိတ်ထားခဲ့သည်။ သူမ အမေရဲ့ စိတ်ထဲမှာ လက်ထပ်ပြီး ကောင်းမွန်တဲ့ မိသားစုတစ်စုထဲကို ဝင်သွားပြီး သူမရဲ့ မောင်လေးနှင့် မိဘတွေကို ကူညီပေးရမည်ဆိုသည့် အတွေးက ရှိနေခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူမသည် အမည်မသိလူများစွာဖြင့် ချိန်းတွေ့ကာ တပ်သား မိသားစုတစ်စုနှင့် လက်ထပ်ရဖို့ကို မျှော်လင့်နေခဲ့သည်။ လစာနှစ်ခု ရှိနေသည့် မိသားစု နှစ်စုကတောင် သူမအမေရဲ့ စိတ်တိုင်းကျ မဟုတ်ပါ။
နောက်ဆုံးမှာတော့ သူမက သူမအမေရဲ့ တောင်းဆိုချက်နှင့် ကိုက်ညီတဲ့သူကို ရှာတွေ့ခဲ့သည်။ သို့သော် သူမ ထိတ်လန့်စရာတစ်ခုနှင့် ကြုံခဲ့ရပြီး သူမ ရှာတွေ့ခဲ့သည့်သူက လိမ်ညာထားသည့် တပ်သား တစ်ယောက်ဟု ပြောနေကြသည် မဟုတ်ပါလား။
သူမက အဲ့ဒါကို လက်မခံနိုင်ခဲ့ပါ။
“အမေ၊ အဲ့အကြောင်ကို တွေးကြည့်ပါဦး။ ရှုလဲ့က ဘယ်လိုလုပ် လူလိမ်တစ်ယောက်ဖြစ်နိုင်မှာလဲ။ တကယ်လို့ သူက လိမ်ရင်တောင် သူက သမီးဆီကနေ ဘာကို လိုချင်လို့လဲ”
စွန်းမိန်ရဲ့ မျက်လုံးတွေက သေချာနေခဲ့သည်။ “လွန်ခဲ့တဲ့ ခြောက်လတုန်းက သမီးအတွက် အဆာပြေ စားဖို့အတွက်ဆိုပြီး ဆယ်ယွမ်ကျော်ကို သုံးပေးခဲ့တာ။ တကယ်လို့ သူသာ သမီးကို လိမ်ခဲ့မယ်ဆိုရင် သူက သူ့ပိုက်ဆံကို အဲ့လိုတွေ သုံးမှာမှ မဟုတ်တာ။”
စွန်းမိန်က ထိုအရာတွေ အားလုံးကို သူမရဲ့ စိတ်ထဲကနေ ကျိန်ပြောနေခဲ့သည်။ တကယ်တမ်းမှာတော့ ရှုလဲ့သာ အခုလိုမျိုး မရက်ရောရင် ဒီကိစ္စက တကယ်လားဟု သူမ သံသယ ဝင်နေလိမ့်မည် ဖြစ်သည်။ သို့သော် ရှုလဲ့က တကယ်ကို သူမအပေါ် ပိုက်ဆံရော ခွန်အားရော ထုတ်ပြခဲ့သည်။
“သူက သမီးဆီကို အချစ်စာတွေလည်း ရေးပေးသေးတယ်။ အဲ့ဒါတွေကို အနည်းဆုံး တစ်ပတ် တစ်ခါတော့ ပို့တယ်…. အမေ၊ လူလိမ်တစ်ယောက်က အဲ့လိုတွေ လုပ်ပေးမယ်လို့ အမေက ထင်နေတာလား။”
ထိုသည်က စွန်းမိန်အတွက် လက်မခံနိုင် ဖြစ်နေခဲ့သည်။ သူမ တန်ဖိုးအထားဆုံးက ရှုလဲ့ရဲ့ မိသားစု နောက်ခံနှင့် သူ့ရဲ့ ကျောထောက်နောက်ခံတစ်ခု ဖြစ်သော်လည်း အချို့သော နေရာတွေမှာ သူမက ရှုလဲ့အပေါ် မိန်းကလေးဆန်သည့် အတွေးမျိုးဖြင့် ပြောနေခဲ့သည်။
ထိုပတ်ဝန်းကျင်မှာ လက်ထပ်ပွဲကို ပုံမှန်အားဖြင့် နှစ်ခါ သို့မဟုတ် သုံးခါလောက် လာလည်ပြီးတဲ့နောက်မှာ သတ်မှတ်ကြတော့မည် ဖြစ်သည်။ စာထဲတွင်ပါသော ရှုလဲ့ရဲ့ ချိုသာသည့် စကားတွေက သူမ၏ နှလုံးသားကို လှုပ်ခါစေတာ သေချာသည်။
စွန်းမိန်သည် ရှုလဲ့က သူမကို ဘယ်တုန်းကမှ မထိရသေးဘူးဆိုသည့် စကားကို မပြောခဲ့ပါ။ သူတို့ အတူတူ ရှိနေသည့်အချိန်တိုင်း သူမရဲ့ မျက်နှာပေါ်မှာ ရှုလဲ့ကို လေးစားသည့် အကြည့်မျိုးဖြင့် ကြည့်ကာ သူပြောတာတွေကို သူမက နားထောင်လေ့ ရှိသည်။
စွန်းမိန်သည် ကိစ္စတစ်ခုလုံးအတွက်နှင့် ခရိုင်မြို့၏ ဦးတည်ချက်အကြောင်း ပြောလိုက်သည့် ရှုလဲ့ရဲ့ အကြောင်းပြချက်ကောင်း တစ်ခုကို နားမလည်ခဲ့ပါ။ သို့သော် သူမရဲ့ ရင်ထဲမှာတော့ ရှုလဲ့သည့် လူတစ်ရာမှာ တစ်ယောက်သာ ရှိသည့်သူဖြစ်တာမျိုး မဟုတ်ပါ။ ပါရမီဆိုတာ မိုင်တွေ ထောင်ပေါင်းများစွာ လိုက်ရှာရင်တောင် တွေ့မှာမဟုတ်ဘဲ မိုင်းပေါင်း သောင်းနဲ့ချီရှာလည်း မရှိနိုင်ပါ။
ဒါတွေအားလုံးက ဘယ်လိုလုပ် အလိမ်အညာတွေ ဖြစ်နိုင်မှာလဲ။
သူမက အချစ်စာတွေအကြောင်း မပြောပြခဲ့ရင် ဒါတွေက အဆင်ပြေမည် ဖြစ်သော်လည်း သူမ ထိုအကြောင်းကို ပြောပြီးတာနှင့် စုစန်းမိန်က ပိုပြီးတောင် ဒေါသထွက်လာခဲ့သည်။
“နင့်ပါးစပ် ပိတ်ထား။”
သူမက ဒေါသထွက်နေခဲ့သည်။ “နင်က ငါ့ကို ဘယ်လိုစိတ်နဲ့များ အချစ်စာတွေအကြောင်း လာပြောရဲနေရတာလဲ။ နင့်ကို ငါမေးပါရစေဦး။ နင် အဲ့စာတွေကို ရတုန်းက နင့် လုပ်ဖော်ကိုင်ဖက်တွေကို ကြွားခဲ့သေးလား။ နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အဲ့စာ ဖတ်ခိုင်းလိုက်သေးလား။ နင်က အရှက်မရှိဘူးလား။ ဒီလို နှစ်ကိုယ်ကြား ကိစ္စတွေကို လူတွေရှေ့မှာကြွားပြီး လူတိုင်းသိအောင် လုပ်ခဲ့တာ၊ ဟုတ်တယ်မလား။”
စွန်းမိန်သည် သူမရဲ့ ညှိနှိုင်းချက် မပြီးခင်မှာပဲ သူမ အမေရဲ့ ဆဲဆိုသံနှင့် ပွစိပွစိ လုပ်တဲ့အသံတွေကို ကြားခဲ့ရသည်။
“နင့်မှာ ဘာဦးနှောက်မှ မပါဘူး၊ ဟုတ်တယ်မလား။ တကယ်လို့ အဲ့ကောင်က တကယ် တပ်သားဆိုရင်လည်း နင့်ကို သူပေးတဲ့ အချစ်စာတွေမှာ pinyin နဲ့ ရေးမှာတဲ့လား။”
“နင့်မှာ ဝက်ဦးနှောက်လောက်ပဲရှိတာ။”
ထိုသည်က ပြဿနာ တစ်ခုလုံးတွင် စုစန်းမိန်း လက်မခံနိုင်ဆုံး ကိစ္စတစ်ခု ဖြစ်သည်။
ဝန်းထဲတွင် စုစန်းမိန် လိမ်ခံလိုက်ရသည့် သတင်းက မြန်မြန် ပျံ့သွားပြီးကတည်းက စွန်းမိန်ရဲ့ လုပ်ဖော်ကိုင်ဖက်များက စွန်းမိန်ရဲ့ စာထဲတွင် pinyin နှင့် ရေးထားသည့် အကြောင်းကိုသာ ပြောနေကြသည်။
ထိုသည်က စုစွန်းမိန်အတွက် အတော်လေးကို အရှက်ရဖို့ ကောင်းနေခဲ့သည်။
သူမ အပြင်ထွက်သည့်အခါ လူတွေက သူမကိုကြည့်ပြီး မေးခွန်းတွေ မေးမှာကို ကြောက်နေသည့်အတွက် သူမက မော့တောင် မကြည့်ရဲခဲ့ပါ။
စုစွန်းမိန်ရဲ့ မျက်လုံးတွေက နီရဲနေခဲ့ပြီး သူမက ခုံကို ရိုက်ပြီး သူမရဲ့ သမီးကို အော်နေခဲ့သည်။ “နင်က ငါတို့ တစ်မိသားစုလုံးကို အရှက်ကွဲအောင် လုပ်တဲ့ကောင်မပဲ။”
သူမက ဒေါသတကြီး ပြောဆိုနေခဲ့ကာ စွန်းမိန်က ရှိုက်ကြီးတငင် ငိုနေသည့်အတွက် မူးလဲတော့မလို ဖြစ်လာခဲ့သည်။
နောက်ဆုံးမှာတော့ စွန်းမိန်ရဲ့ အဖေက ပြောခဲ့သည်။ “ဟုတ်ပြီ။ စကားများနေတာ ရပ်တော့။ တကယ် အရေးအကြီးဆုံး အရာက အဲ့ကောင်ကို ရှာရမှာလေ။ ငါတို့ သူ့ကို ရှာတွေ့ပြီးသွားရင် သူက ရှောင်းမိန်ကို ဆွဲဆောင်ပြီး သူ့ကို လက်ထပ်ချင်ပေမယ့် ငါတို့သမီးက လက်မထပ်ချင်လို့ ငြင်းတာကို သူက လက်ခံလာအောင် ဒီလိုပုံပြင်တွေနဲ့ တွန်းအားပေးဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့ဆိုတဲ့အကြောင်း အတင်းအကြပ် ပြောခဲ့ရမယ်။”
သေချာတာကတော့ ထိုစကားတွေမှာ ဟာကွက်တွေ အများကြီး ရှိနေခဲ့သည်။ ထို့အပြင် စုစန်းမိန်က ထိုလူကို သူမရဲ့ သားမက်လေးဟုဆိုကာ ထိုအချိန် တစ်ခုလုံး အပြင်ဘက်မှာ ခေါ်ပြနေခဲ့ပြီးဖြစ်ကာ သူမရဲ့ သမီးက ဖိအားပေးခံရတာလည်း လုံးဝ ဖြစ်နိုင်မည် မဟုတ်ပါ။
ဒါပေမယ့် သူတို့က ဘာများ လုပ်နိုင်မှာလဲ။
တကယ်လို့ သူတို့သာ အဲ့ကောင်ကို မရှာဘူးဆိုရင် သူတို့ရဲ့ သမီးက ချမ်းသာတဲ့ လူတစ်ယောက်၊ လူလိမ် တစ်ယောက်ကို လက်ထပ်ချင်နေတာဟု သူတို့ရဲ့ မိသားစုကို အခြားသူတွေက လှောင်နေတာကို ခွင့်ပြုသလို ဖြစ်နေလိမ့်မည် မဟုတ်ပါလား။
ဒါဟာ ကလေးတစ်ယောက်က သူ့ရဲ့ အမေကို လိုက်ရှာတာနှင့် တကယ်ကို တူနေကာ လူကြီးတွေ့အဖို့ ရှက်ဖို့ကောင်းနေခဲ့သည်။
အဖိုးကြီးစုန့်က သူ့ရဲ့စီးကရက်ကို တစ်ဖွာပြီးတစ်ဖွာ ရှိုက်နေခဲ့ကာ သူ့ရဲ့ပုံစံက စိုးရိမ်စရာအပြည့် ဖြစ်နေခဲ့ပုံ ရသည်။
“နောက်ထပ် ရက်နည်းနည်းလောက် မင်းတို့တွေ အိမ်မှာ မနေရဘူးဆိုပြီး ငါ့ရဲ့ ညီအကိုနဲ့ တစ်ခြားလူတွေကို ပြောထားတယ်။ အပြင်ထွက်ပြီး သွားရှာကြ။ သတင်းတွေ မပြန့်သွားခင် အဲ့ကောင်ကို ရှာဖို့က အရေးကြီးတယ်။”
ဒီလောက် ရှက်စရာကောင်းသည့် သတင်းတွေ မပြန့်သွားဖို့ အချိန်တစ်ခုသာ လိုအပ်သည်။
သူတို့တွေ အဲ့ကောင်ကို အရင် ရှာတွေ့မှဖြစ်မည်။
စုစန်းမိန်သည် သူမရဲ့ သမီးကို ဆူပူပြီးနောက် စိုးရိမ်လာခဲ့သည်။ “ငါတို့က ဘယ်လိုလုပ် သူ့ကို ရှာတွေ့နိုင်မှာလဲ။ ကောင်စီခရိုင်က မသေးဘူး။ ပြီးတော့ အဲ့လူက ငါတို့ ခရိုင်ထဲကတောင် မဟုတ်ဘူး။”
သူမက ပြောနေရင်း စိတ်ထဲကနေ စွန်းမိန်ကို အသံ တိုးတိုးဖြင့် ကျိန်ဆဲနေခဲ့သည်။
တကယ်လို့ သူမသာ စောစောစီးစီး သိခဲ့ရင် သူမ သူ့ကို ကျေးလက်ပိုင်း လုပ်ဆောင်ဖို့အတွက် ပိုပြီးစောစော စာရင်းသွင်းပေးခဲ့သင့်သည်။ အဲ့လိုသာဆို ဒီပြဿနာက ဖြစ်လာမှာ မဟုတ်ဘူး။
အခုဆိုရင် တစ်မိသားစုလုံးနှင့် သူတို့သားကပါ အရှက်ရစရာ အခြေအနေ တစ်ခုကို ကြုံနေရပြီ ဖြစ်သည်။ သူ့ရဲ့သားက နောက်နှစ်ဆိုရင် ဘွဲ့ရပြီး အလုပ်ကို လွှဲပြောင်းယူတော့မည်ဖြစ်ကာ မကြာခင် လက်ထပ်မည် ဖြစ်သည်။ သူ့ရဲ့အစ်မက ဒီလို ပြဿနာ တစ်ခုကို ဖန်တီးလိုက်သည့်အတွက် ဘယ်သူက ဘာများ လုပ်နိုင်တော့မှာလဲ။
သူတို့ တစ်မိသားစုလုံးက စိုးရိမ်ကာ ငိုနေခဲ့ကြသည်။
“အဖိုးကြီးစွန်း၊ အဖိုးကြီးစွန်း။”
စွန်းမိန်ရဲ့ အဖေက ပြန်ပြီး တုံ့ပြန်ခဲ့သည်။
အပြင်ဘက်မှာရှိသည့် ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က တံခါးကိုဖွင့်ပြီး ပြောလိုက်သည်။ “အဲ့တော့ မင်းတို့တွေ အိမ်မှာ ရှိနေကြတာပဲ။ ငါ နေရာတိုင်း လိုက်ရှာခဲ့ပေမယ့် မင်းတို့ကို မတွေ့လို့။”
စွန်းမိန်ရဲ့ အဖေက နားကျည်းစွာ ပြုံးပြလိုက်သည်။ အိမ်မှာ တစ်ခုခု ဖြစ်ကတည်းက သူသည် ထုံးစံအတိုင်း တစ်ရက်တာ ခွင့်ယူခဲ့သည်။
အကြောင်းမှာ သူသည် အိမ်က ကိစ္စတွေကို မကိုင်တွယ်နိုင်သည့်အတွက် သူက စိတ်လှုပ်ရှားပြီး အလုပ်မှာ စိတ်မပါဘဲ သူ့အနားရှိ လူတွေက သူ့ရဲ့ နောက်ကွယ်မှာ သူ့ကို လှောင်ရယ်နေကြတယ်ဟု ခံစားနေခဲ့ရသည်။
“အဲ့မှာ ထိုင်ပြီးပဲ စောင့်မနေနဲ့။ မြန်မြန်ထပြီး သွားတော့။ မင်းရဲ့ အကြီးဆုံး အစ်ကိုက ရှုနာမည်နဲ့လူကို ရှာတွေ့ပြီလို့ ပြောတယ်။”
“ဘာ”
စွန်းမိန်ရဲ့ အဖေက ပျော်ပြီး အ့ဩသွားခဲ့သည်။ “မြန်လိုက်တာကွာ။”
နောက်လိုက် အလုပ်သမားက ပြောလိုက်သည်။ “အဲဲဒါတော့ ဟုတ်တယ်။ ဘယ်လို တိုက်ဆိုင်မှုမျိုးလဲ။ ဒီနေ့ မင်းအစ်ကိုက အကူအညီတောင်းဖို့ လူတစ်ယောက်ကို သွားပြောတော့ နောက်ဆုံး လူငယ် တစ်ယောက်ကို မေးလိုက်တာ။ အဲ့တစ်ယောက်ပြောတာ ဟုတ်တယ်။ သူက လုံးဝ ခရိုင်ထဲက မဟုတ်ဘူး။ သူက နိုင်ငံပိုင် စားသောက်ဆိုင်က စားပွဲထိုးသာသာပဲ။”
စုစန်းမိန်ရဲ့ စိတ်တွေဟာ တုန်လှုပ်လာခဲ့သည်။
စားပွဲထိုးလား။
နိုင်ငံပိုင် စားသောက်ဆိုင်ရှိ စားပွဲထိုးတွေကလည်း အတော်လေး အဆင်ပြေပုံရတယ် မဟုတ်ဘူးလား။
သူမက နောက်ပိုင်းကိစ္စတွေကို မတွေးနိုင်ခင်မှာ အလုပ်သမားက ဆက်ပြောခဲ့သည်။ “ဒါပေမယ့် အဲ့ကောင်က ဒီမှာ ထပ်ပြီး မရှိတော့ဘူး။ သူက သူ့ရဲ့ အလုပ်ကို ရောင်းပြီး အခုချိန်မှာ သူ့မိန်းမနဲ့ နေနေတာလို့ ကြားတယ်။ သူ့မှာ ကလေးနဲ့ မိန်းမ ရှိတယ်တဲ့။ ဒီနှစ်ဆို သူ့ရဲ့ကလေးက တော်တော်လေးကို ကြီးနေပြီ။ ပြီးတော့ သူ့မိန်းမကလည်း ဆရာမတဲ့။”
'မိန်းမထဘီနားခိုစားနေသလိုပဲ။ '
'သူ့မှာ မိန်းမနဲ့ ကလေးရှိတယ်။ '
စွန်းမိန်ရဲ့ မိသားစုက ချောက်နက်ထဲ ကျသွားသလို ခံစားနေခဲ့ရသည်။
စွန်းမိန်အဖေရဲ့ မျက်လုံးတွေက မဲနက်သွားပြီး မြေပေါ်ကို လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
သနားသော အကြည့်ဖြင့် ကြည့်နေသည့် အလုပ်သမားက သူ့ကို ကြည့်ပြီး ပြောလိုက်သည်။ “မြန်မြန်သွားကြ။ နိုင်ငံပိုင် ဟိုတယ် ဝင်ပေါက်အရှေ့မှာ မင်းအစ်ကိုက မင်းကို စောင့်နေတယ်။”
စွန်းမိန်ရဲ့ အဖေက ထိုလူကို သွားခိုင်းလိုက်ကာ ခေါင်းကို လှည့်ပြီး ထိုအရာကို ထပ်ခါတလဲလဲ သည်းခံရင်း စုစန်းမိန်ကို ပါးရိုက်လိုက်သည်။
“ငါ မင်းကို အိမ်မှာ စီမံခန့်ခွဲဖို့ ထားထားတာကို။ မင်းက မိန်ကျီအတွက် ဒီလိုလူတစ်ယောက် ရှာပေးခဲ့တယ်။”
စုစန်းမိန်ရဲ့ မျက်နှာမှာ လက်ရာကြီးတစ်ခု ပေါ်သွားပြီး စငိုနေခဲ့တော့သည်။
“အဲ့ကောင်က လူလိမ်တစ်ယောက်ဆိုတာကို ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။ သူက ဘာကို ရအောင်လုပ်ဖို့ ကြိုးစားနေတာလဲ။ သူ့မှာ မယားနဲ့ သားနဲ့ရှိတာကိုတောင် ငါတို့ မိန်ကျီဆီ အရှေ့ကို ဟန်ဆောင်ပြီး ရောက်လာသေးတယ်။ သူ့မှာ အရှက်မရှိဘူးပဲ။”