အခန်း (၂၂၅-၂၂၆)
Vol. 19 Ch. 225-226
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၂၅
စွန်းမိန်က မှင်သက်နေခဲ့သည်။
သူမက မူးပြီး မြေပေါ်ကို ဒူးထောက်ကျသွားခဲ့သည်။ သူမရဲ့ စိတ်ထဲမှာလည်း ထိုလူ ပြောခဲ့သမျှ စကားတွေကို အပြည့် ပြန်ကြားယောင်နေခဲ့သည်။
'ရှုလဲ့မှာ ဇနီးရော ကလေးရောနဲ့ မိသားစု တစ်စုရှိတယ်….'
သူမက အော်ပြီး ထလာကာ ဒေါသထွက်နေသည့် မိန်းမကြီး တစ်ယောက်လို ပြေးထွက်သွားခဲ့သည်။ လူတစ်ယောက်က သူမကို ဘာလို့ ဒီလိုမျိုး လိမ်ရလဲဆိုတာ သူမ တကယ်ကို နားမလည်တော့ပါ။
စွန်းမိန်ရဲ့ အဖေက သူ့ရဲ့သမီး အရူးတစ်ယောက်လို ဖြစ်နေတာကို မြင်သည့်အခါ သူက စုစွန်းမိန်ကို ခေါ်ပြီး သူမရဲ့ အနောက်ကနေ လိုက်သွားခဲ့သည်။
မိသားစုဝင် သုံးယောက်က စားသောက်ဆိုင်ရဲ့ တံခါးဆီ ပြေးသွားခဲ့ကြပြီး သူ့ရဲ့ အကြီးဆုံး အစ်ကိုက အတူတူ စောင့်ဖို့အတွက် လူအနည်းငယ်ကို ခေါ်လာခဲ့သည်။
စွန်းမိန်ရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့စွာဖြင့် သေချာသည့် ဆုံးဖြတ်ချက် တစ်ခုကို ပြနေခဲ့သည်။ အရာအားလုံးကို နောင်တရကာ သူမရဲ့ ဦးလေးကို ဟိုတယ်ရဲ့ ဝင်ပေါက်သို့ ဆွဲခေါ်ပြီး မေးလိုက်သည်။ “ရှုလဲ့ဆိုတဲ့ကောင် ဘယ်မှာလဲ။ အဲ့ကောင် ဘယ်မှာလဲ။”
ဦးလေးစွန်းမိန် - “မိန်ကျီ အရင်ဆုံး စိတ်ကိုလျှော့။ ငါတို့ အဲ့ကိုရောက်ရင် ဘာလုပ်ရမလဲဆိုတာကို ဆွေးနွေးဖို့ လိုတယ်။”
ဒီလို ကိစ္စတစ်ခုခုက နင့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရင် ဘာကိုမှ မလုပ်ခင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်နေအောင် လုပ်ကို လုပ်ရမယ်။
ခြေတစ်လှမ်း နောက်ကျပြီး ရောက်လာသည့် စုစန်းမိန်က အမောတကြီး ပြောလိုက်သည်။ “ငါတို့က ဘာကို ဆွေးနွေးရဦးမှာလဲ။ သူက ငါ့မိသားစုကိုတောင် လိမ်ရဲတယ်ဆိုတော့ သူ့ကို အလုပ်သမားတန်းလျားဆီ ပို့ပစ်ရမယ်။ ဒီငါးဆယ်အရွယ် ကောင်မှာ ယောက်ျားနဲ့ မိန်းမ ကိစ္စတွေ ရှိနေတာဆိုတော့ သူ့ကို အလကား စားလို့ရအောင် ပို့ပစ်မယ်။”
စွန်းမိန်၏ဦးလေးက မျက်မှောင်ကြုတ်ကာ အမြဲတမ်း အနည်းငယ် တုံးအနေပုံရသည့် သူ့ရဲ့ ခယ်မကို အထင်သေးကာ ကြည့်နေခဲ့သည်။
တစ်ဖက်မှာတော့ စွန်းမိန်ရဲ့ အဖေက မြန်မြန်ပဲ နားလည်သွားခဲ့သည်။
သူ့ရဲ့ မိသားစုကို လိမ်ညာခဲ့သည့် ရှုလဲ့ကို လွှတ်ပေးဖို့က မဖြစ်နိုင်သော်လည်း အပြင်မှာ အဲ့ကိစ္စတွေ ရှိနေတာကို သူက သတင်းပို့ခဲ့မယ်ဆိုရင် စွန်းမိန်ကရော ဒီကိစ္စမှာ ပါဝင်နေတာလားဆိုသည့် မေးခွန်းတစ်ခုကလည်း ရှိလာလိမ့်မည် ဖြစ်သည်။
ရှုလဲ့တွင် မိန်းမတစ်ယောက် ရှိသော်လည်း သူက သူမကို လိမ်ညာခဲ့သည်။ သူ့မိန်းမက ဘယ်လို တုံ့ပြန်မလဲဆိုတာ သူတို့ စဥ်းစားရမည်။
စွန်းမိန်ရဲ့ အဖေက အသက်ကို ဝအောင်ရှူပြီး ပြောလိုက်သည်။ “အကိုကြီး၊ ငါတော့ အဲ့နည်းကိုပဲ တွေးမိတယ်။ အရင်ဆုံး အဲ့ကိုသွားပြီး ပြဿနာတစ်ခု လုပ်ရအောင်။ အနည်းဆုံးတော့ ရှုလဲ့က ငါ့သမီးကို ဖျားယောင်းတယ်ဆိုတာ အခြားသူတွေကိုလည်း သိစေရမယ်။ ပြီးတော့ ငါ့ရဲ့စွန်းမိန်က တမင်တကာ အဲ့ကောင်ကို ကပ်တာမဟုတ်ဘူးဆိုတာရောပဲ။”
ကိစ္စတွေကို ဘယ်လို သေသေချာချာ ဖြေရှင်းမလဲဆိုတာကို ကြည့်မယ်ဆိုရင် စွန်းမိန် အဖေရဲ့ အရေးအကြီးဆုံး လုပ်ရမည့် အရာက သူ့ရဲ့ မကောင်းတဲ့ ဂုဏ်သတင်းကို ဖုံးဖို့ဖြစ်သည်။ သို့မှသာ သူ အဲ့ကို ရောက်တာနှင့် ပြဿနာကြီးတစ်ခု ရှာမည်ဖြစ်ပြီး ရှုလဲ့ကို သူ့ရဲ့ အပြစ်တွေ ဝန်ခံဖို့ လုပ်မည် ဖြစ်သည်။
တကယ်လို့ နောက်ပိုင်း တံခါးပိတ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ဆွေးနွေးမှု လုပ်ခဲ့ရင်တောင် အစပိုင်းမှာ လုပ်လိုက်တဲ့ စကားတွေကိုတော့ ချန်ထားလို့ရမှာ မဟုတ်ဘူး။
“သူ့မိန်းမ ဘာတွေးမလဲဆိုတာကိုလည်း ငါတို့ စောင့်ကြည့်ရမယ်။ တကယ်လို့ သူက ဒီကိစ္စကို ငါတို့ ဖုံးဖိပေးထားတာ လိုချင်တယ်ဆိုရင် သူက မိန်ကျီကို လျော်ကြေး ပေးရမယ်။”
လျော်ကြေးအကြောင်း ကြားသည့်အခါ စုစန်းမိန်က မြန်မြန် ကြားဖြတ်ပြောခဲ့သည်။ “အဲဲဒါမှန်တယ်။ အနည်းဆုံး ယွမ်တစ်ရာပဲ။”
သူတို့သမီးရဲ့ ဂုဏ်သတင်းဟာ ဖျက်စီးခံလိုက်ရပြီး ဖြစ်ပြီး သူမက လှည့်စားခံခဲ့ရသည်။ နောက်ပိုင်းမှာ သူမအတွက် လက်ထပ်ရန် စီစဥ်ပေးဖို့ ခက်ခဲသွားမည် ဖြစ်သည်။ သူမသည် ရှုလဲ့ လုပ်ခဲ့သည့် အရာအတွက် လျော်ကြေး ပြန်တောင်းမည် ဖြစ်သည်။
စွန်းမိန်ရဲ့ အဖေက စုစန်းမိန်ရဲ့ စကားတွေကို ကြားဖြတ် မပြောခဲ့ပါ။ သူက ဆက်မပြောခင် သူ့ရဲ့မိန်းမ ပြောလို့ပြီးတဲ့အထိ စောင့်နေခဲ့သည်။ “ဒါဆို ဒါက အလုပ်မဖြစ်ဘူးလို့ ငါတို့က ပြောလိုက်ရင် ဒါကို သတင်းပို့လိုက်ကြမယ်။”
ဒါက သူပြောခဲ့တာ ဖြစ်သော်လည်း သူ့ရဲ့ ဂုဏ်သတင်းကို ကာကွယ်ပြီး ယွမ်တစ်ရာ ရခဲ့ရင် ဒါကို သတင်းမပေးလည်း အဆင်ပြေတယ်ဟု စွန်းမိန်ရဲ့ အဖေက တွေးနေခဲ့သည်။
ယွမ်တစ်ရာနဲ့ဆိုရင် သူ့သားက မိန်းမယူဖို့ ပိုက်ဆံ လောက်သွားပြီ။ သူ့သမီးကိုတော့ နွေရာသီရောက်မှ ကျေးလက်ကို ပို့လိုက်မည်။
လူအနည်းငယ်က ထိုအကြောင်းကို ဆွေးနွေးပြီးနောက် သူတို့က ကျူးလွန်ခံရသူ စွန်းမိန်ကို ဘေးဖယ်ပြီး ထွက်သွားခဲ့ကြသည်။
နောက်ဆုံးစကားကတော့ “သွားကြမယ်။ ပိုကြာလေ၊ ပိုကောင်းလေပဲ။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ထားလိုက်တော့” ဟုသာ ဖြစ်သည်။
လူတစ်စုက စွန်းမိန်ကို အလယ်မှာထားပြီး ဝန်းထဲကို ပြန်သွားခဲ့ကြသည်။
ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က အိမ်မှာ ဝက်သားကင်စားဖို့ ပြင်နေခဲ့ကာ မွှေးကြိုင်နေသည့် အနံ့က ခြံထဲမှာ ပြန့်နေခဲ့သည်။
ပြဿနာရှာဖို့ ရောက်လာတဲ့လူတွေကတောင် အပြင်ကို ထွက်လာတာနှင့် ထိုအနံ့ကို ရနေခဲ့ကြသည်။
“သေစမ်း၊ ဒီကောင်က တကယ်ကြီး အသားတွေ စားနေတာပဲ။”
သူတို့ ပိုပြီးတောင် ဒေါသထွက်လာခဲ့သည်။
သူက အကျယ်ကြီး အော်ခေါ်လိုက်သည်။ “ရှုလဲ့ဆိုတဲ့ကောင် ဘယ်မှာလဲ။ ဘယ်မှာလဲရှုလဲ့။ အဲ့ကောင်ကို ဒီနေရာဆီ ထွက်လာဖို့ပြောလိုက်။”
ရှုလဲ့သည် မိတ်ဆွေတွေဆီ စားစရာပို့ပြီးလို့ ပြန်ရောက်လာကာ ကျန်းယွင်က ပန်ကိတ်တွေ လုပ်ရင်း အိမ်နားမှာ အော်နေသည့် အသံကို ကြားလိုက်ရသည်။
ရှုတပေါင်က တံခါးနောက်မှာ ပုန်းပြီး မီးရှူးမီးပန်းထဲမှ ယမ်းမှုန့်တွေကို ထုတ်နေခဲ့သည်။ ထို့နောက် အဲ့ဒါတွေကို အမွှေးတိုင်ဖြင့် မီးညှိလိုက်သည်။ မီးပွားလေးတွေထဲမှာ အပြာရောင်မီးပွားတွေ ထွက်လာကာ သူက အတော်လေးကို ပျော်နေခဲ့သည်။
ရုတ်တရက် ဒေါသတကြီးနဲ့ ပြေးလာတဲ့ လူအုပ် တစ်အုပ်ကို တွေ့လိုက်ရကာ သူက အိမ်ထဲကို ပြေးဝင်သွားခဲ့သည်။
ရှုတပေါင်ကို မြင်ပြီးနောက် စွန်းမိန်ရဲ့ အလွန်အကျွံ လုပ်မယ့် မျှော်လင့်ချက်တွေက နောက်ဆုံးမှာတော့ ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ရှုလဲ့မှာ တကယ်ပဲ မိန်းမနှင့် ကလေး ရှိတယ်ဆိုတာကို သိရှိခဲ့ရသည်။
အခုဆိုရင် ကလေးက အတော်လေးကို ကြီးနေပြီ။ သူတို့ လက်ထပ်ထားတာ ဆယ်နှစ်လောက်တောင် ရှိနေမှာကိုတောင် စိုးရိမ်မိသည်။
“ရှုလဲ့၊ နင် ဒီကို ထွက်လာစမ်း။”
စွန်းမိန်သည် ဒေါသထွက်နေသည့် လူတစ်ယောက်လို ရှုမိသားစုရဲ့ အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်။
“ရှုလဲ့၊ ဒီကို ထွက်လာခဲ့စမ်း။ နင်က လူလိမ်ပဲ။ နင့်လိုကောင်က ငါ့ကို အများကြီး ခံစားရအောင် လုပ်သွားတာ။”
အာခေါင်ခြစ်အော်တဲ့အသံကြောင့် ခြံဝန်းထဲရှိ လူတိုင်းက စိုက်ကြည့်နေခဲ့သည်။
“ဘုရားရေ၊ ဘာတွေဖြစ်နေတာလဲ။”
“ရှုမိသားစုက ဘာဖြစ်လို့လဲ။ သူတို့နားမှာ ဘာလို့ လူတွေ ဒီလောက်အများကြီး ဝိုင်းနေကြတာလဲ။”
“ဒါက ကောင်မလေးတစ်ယောက် ပြဿနာရှာနေပုံပဲ။”
“ထွက်ပြီး တစ်ချက်လောက် သွားကြည့်ကြရအောင်။”
“အဖွား၊ နေ့လည်စာ မစားတော့ဘူးလား။”
“အရင်ဆုံး အဲ့ဒါကို မီးဖိုပေါ် တင်ထားလိုက်။”
လျှိုမိသားစုနှင့် မာမိသားစုရှိ လူတိုင်းက တစ်ပြိုင်နက်တည်း ထွက်လာခဲ့ကြပြီး လျှိုမိသားစုမှ ကလေးနှစ်ယောက်ကတောင် သူတို့ရဲ့ ပန်းကန်တွေကို ကိုင်ပြီး ထွက်လာခဲ့ကြသည်။
ဝမ့်ရင်းက နားစွင့်နေခဲ့ပြီး သီးမွှေးစားရသလို ခံစားနေရသည်။ “ကျွန်မ….”
သူမရဲ့ စကားတွေ ပြောလို့မပြီးခင်မှာပဲ ရှုရွှမ်းက သူမကို ပုတ်လိုက်သည်။ “မင်းက တံခါးနားမှာ ထိုင်ပြီး ကြည့်နေ။ အပြင်ကိုတော့ ထွက်လို့မရဘူး။”
ဝမ့်ရင်း - ....
'ပြီးရော၊ အဲ့ဒါဆိုလည်း ကျွန်မ အပြင်မထွက်ဘူး။ '
ဝမ့်ရင်းက ပြတင်းပေါက်ကို မှီပြီး စိတ်ဝင်တစားနှင့် ပျော်စရာတွေကို ကြည့်နေခဲ့သည်။
စွန်းမိန်ရဲ့ ငိုသံက အတော်လေးကို ရင်ကွဲနာကျဖို့ ကောင်းနေသည့်အတွက် သူမနှင့် အချိန်အတော်ကြာ ရှိခဲ့ဖူးသည့် ရှုလဲ့ကတောင် သတိမထားမိခဲ့ပါ။
သို့သော် ရှုလဲ့က အဲ့ဒါကို မကြားသော်လည်း ထိုအရေးကြီးသည့် ကိစ္စက ဘာလဲဆိုတာ သိနေသည့်အတွက် သူက ခပ်မြန်မြန် အခန်းအောက်မှာ ဝင်ပုန်းလိုက်သည်။
'ထွက်လာခိုင်းတာလား။ ဘာအတွက် ထွက်လာခိုင်းတာလဲ။ ဖမ်းခံရဖို့အတွက် စောင့်နေတာလား။ '
သူမသားရဲ့ အပြစ်ရှိသည့် ပုံစံကို မြင်ရသည့်အခါ အဒေါ်ရှုသည် တစ်ခုခု မှားနေပြီဆိုတာ သိသွားခဲ့သည်။ သူမက ခြေဆောင့်ပြီး ကျန်းယွင်ရဲ့ အနောက်ကနေ လိုက်သွားခဲ့သည်။
ကျန်းယွင်သည် ထုံးစံအတိုင်း သူမက ဆရာမတစ်ယောက်ဆိုတာကို သတိထားနေရဆဲ ဖြစ်သည်။ သူမသည် နားမလည်သည့် အကြည့်မျိုးဖြင့် အပြင်ကို ထွက်သွားခဲ့ပြီး လူတစ်စုကို မြင်သည့်အခါ သူမရဲ့ စိတ်ကို ထိန်းဖို့အတွက် ပြင်ဆင်ခဲ့သည်။
“မင်းက ဘယ်သူလဲ။ ငါ့ယောက်ျားဆီက ဘာလိုချင်လို့လဲ။”
စွန်းမိသားစုရှိ လူတိုင်းက စုစန်းမိန်နှင့် စွန်းမိန်ကို ကြည့်နေခဲ့ကြသည်။
စွန်းမိန်က ငိုပြီး မေးလိုက်သည်။ “ရှုလဲ့ ဘယ်မှာလဲ။ သူ့ကို ခေါ်ပေးပါ။ သူက ကျွန်မကို အချိန်အကြာကြီး လိမ်ထားတာ။ အဲ့ဒါကြောင့် သူထွက်လာပြီး ကျွန်မကို ဖြေရှင်းချက်တစ်ခုခု ပေးဖို့ လိုအပ်လို့ပါ။”
ကျန်းယွင်က မျက်မှောင်ကို ကြုတ်လိုက်သည်။ “မင်းက ဘယ်သူများလဲ။ ငါ့ယောက်ျားက မင်းကိုတောင် မသိလောက်ဘူး။ ငါ မင်းအတွက် ဘာဖြေရှင်းချက်ကို လုပ်ပေးရမှာလဲ။”
ဒီလူတွေက တကယ်ကို စိတ်ကုန်ဖို့ကောင်းတယ်ဟု သူမရဲ့ စိတ်ထဲတွင် တွေးနေခဲ့သည်။ ဖြေရှင်းချက်တစ်ခု တောင်းဖို့အတွက်နဲ့ ဒီလူတွေက ဘယ်လိုလုပ် တစ်ခြားလူတစ်ယောက်ရဲ့ အိမ်ထဲကို ပြေးဝင်လာနိုင်ရတာလဲ။ ဒါကြီးက စိတ်ပျက်စရာ မကောင်းဘူးလား။ တကယ်လို့ တစ်ယောက်ယောက်က မသိရင် သူမရဲ့ ယောက်ျားက ဒီအမျိုးသမီးနှင့် ကိစ္စ တစ်ခုခု ရှိနေတယ်ဟု တွေးကြလိမ့်မည် ဖြစ်သည်။
စွန်းမိန်သည် ဘယ်လိုငိုရမလဲဆိုတာကိုသာ သိပြီး အသုံးမကျဘူးဟု စုစန်းမိန်က တွေးနေခဲ့သည်။
စုစန်းမိန်က အရှေ့ကို ထွက်လာပြီး သူမရဲ့ သမီးကို ဆွဲခေါ်သွားပြီး သူမရဲ့ အသံအကျယ်ကြီးဖြင့် စတင် ဆဲတော့သည်။
“နင်တို့ မိသားစုက ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောရဲရတာလဲ။ နင့်ယောက်ျားက ငါ့သမီးကို လိမ်ခဲ့ပြီး သူက ကောင်စီခရိုင်က တပ်သားတစ်ယောက်တဲ့။ ပြီးတော့ သူ့မိဘတွေက အထက်တန်း အရာရှိတွေတဲ့။ သူက ငါ့သမီးနဲ့တွဲဖို့ အတင်းလုပ်ခဲ့တာ။ ငါ့သမီးက သူ့ကို မချိန်းတွေ့ချင်ဘူး။ ဒါပေမယ့် သူက ငါ့သမီးကို ဆက်တိုက် နှောက်ယှက်နေတာလေ။ နင်က သူ့မိန်းမ၊ ဟုတ်တယ်မလား။ ငါတို့က နင့်ယောက်ျားကို ထွက်ခဲ့ဖို့ ခေါ်နေတာလေ။ ငါတို့စွန်းမိသားစုကို ပြဿနာ လွယ်လွယ်နဲ့ လာရှာလို့တော့ ဘယ်ရမလဲ။ နင့်ယောက်ျားက လှေနံနှစ်ဖက်နင်းနေတာ။ တစ်ဖက်က သူ့မှာ ကလေးလည်းရှိတယ်။ ပြီးတော့ သူက အခြား တစ်ဖက်မှာ ဘယ်လောက် သူအဆင်ပြေပါတယ်ဆိုပြီး လာကြွားနေတာ။ ဘယ်လိုတောင် အရှက်မရှိရတာလဲ။”
အစတုန်းက ပြဿနာရဲ့ အတွင်းထဲရှိ အသေးစိတ် ကိစ္စတွေကို စုံစမ်းဖို့ ရောက်လာခဲ့သည့် အိမ်ထောင်စု ထိန်းသိမ်းရေးရုံးမှ အဒေါ်လျှိုက ပြောလိုက်သည်။
စုစန်းမိန်က ကျန်းယွင်ကို တင်းကြပ်စွာ ကိုင်ထားပြီး သူမကို အရာအားလုံး ပြောပြဖို့ ပြောနေခဲ့သည်။
“နင့်ရှုလဲ့က ပြဿနာပဲ။ သူက တပ်ခွဲ မိသားစုရဲ့ သားတဲ့။ ပြီးတော့ သူက ကောင်စီခရိုင်မှာ လက်ထောက် ခေါင်းဆောင်တစ်ယောက်ဆိုပြီး ပြောခဲ့သေးတာ။ သူက စက်ရုံတာဝန်ခံရုံးမှာ လက်ထောက်ခေါင်းဆောင် တစ်ယောက်ဆိုပြီးတောင် ဟန်ဆောင်ထားသေးတယ်။ အာ့၊ ကံကောင်းလို့ပေါ့။ ငါ လူတစ်ယောက်ကို မေးမိလို့၊ သူတို့က ခရိုင်အဖွဲ့မှာ အဲ့လိုဌာနမျိုး မရှိဘူးဆိုပြီး သူတို့က ပြောပြတာ။ သူက တကယ်ကို အရှက်မရှိတဲ့ ကောင်မျိုးပဲ။”
ခြံထဲတွင် လူအုပ်ကြီးက ကြည့်နေခဲ့ကြသည်။
“သူ့ကို ထွက်လာဖို့ ပြောလိုက်။ အပျက်ကောင်၊ သူကများ ငါ့သမီးကို လိမ်ရဲတယ်။ ဘာမှ မရှိတဲ့ ကောင်စုတ်။ ဟေ့၊ ထွက်ပြီး ငါ့ကို လာတွေ့စမ်း။ ထွက်လာပြီး ဒီမိသားစုနဲ့ ရင်ဆိုင်လိုက်စမ်း။ အပျော်အပါး လိုက်စားတဲ့ ယောက်ျားတစ်ယောက်က လူတွေကို လိမ်ပြီး မထွက်လာရဲဘူး။ တကယ်လို့ ငါတို့ ဒီကိစ္စကိုသာ စောစောစီးစီး မသိခဲ့ရင် သေချာပေါက် ဒါက သောင်းကျန်းမှုတစ်ခုပဲ ဟုတ်တယ်မလား။”
“အားလုံးပဲ။ လာပြီး ငါတို့အတွက် တရားမျှတမှု ရှာပေးကြပါ။ ငါတို့ သူ့ကိုဖမ်းပြီး ရိုက်ပစ်ကြမလား။”
စုစန်းမိန်က စကားကို အလောတကြီးနှင့် မြန်မြန် ပြောနေသည့်အတွက် အဒေါ်ရှုနှင့် ကျန်းယွင်က သူမကို ကြားဖြတ်ပြောဖို့ အချိန်တောင် မရခဲ့ကြပါ။
စုစန်းမိန် စကားပြောလို့ ပြီးသွားချိန်မှာ ခြံထဲတွင် ဖြစ်နေသည့် ရုတ်ရုတ်သဲသဲ ကိစ္စက လူအနည်းငယ်ကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့သည်။
ထိုခြံထဲရှိ လူတွေသာမက ဘေးခြံရှိ အိမ်နီးနားချင်းတွေ အားလုံးကလည်း ကြည့်ဖို့အတွက် တံခါးနား လာစုပြီး နောက်ကျမှ ရောက်လာသည့် လူအချို့က ထိုကိစ္စကို ကြည့်ဖို့ နံရံတွေပေါ်ကိုတောင် တွယ်တက်ချင်စိတ် ဖြစ်နေခဲ့ကြသည်။
“ဝိုး၊ ဒီကိစ္စက မိုက်လိုက်တာ။ အံ့သြစရာကြီးဟယ်။”
“ရှုမိသားစုက ရှုလဲ့ကို ကြည့်ရတာ ခန့်ချောကြီးဆိုတော့ သူက ဘယ်လိုလုပ် တစ်ခြားမိန်းမနဲ့ ပတ်သက်မှုတွေ မရှိနိုင်မှာလဲ။”
“အဲဲဒါတော့ ဟုတ်ပါတယ်။ တကယ်ကို ငါလည်း သေချာ မပြောပြနိုင်ဘူး။”
“ဒီအကြောင်းမှာ ဘာက အရမ်း သိသာနေလို့လဲ။ ဒီလူက နေစရာအိမ်ရဖို့ သူ့အလုပ်ကို ကောင်းရတယ်။ သူ့မိန်းမလုပ်စာ ထိုင်စားတယ်။ သူ့မှာ လူစိတ် မရှိတာ သိသာနေတာပဲလေ။”
“နင်ပြောတာ ဒါပဲလေ။ ဒါပေမယ့် ဒါက အရမ်း မလွန်ဘူးလား။ စားစရာ၊ သောက်စရာတွေ အားလုံးက ကျန်းယွင် ရှာထားတာချည်းပဲ။ သူကတော့ ဒီလိုမျိုး ကိစ္စတွေကို လုပ်နေတယ်။ တကယ်ကို လွန်လွန်းတယ်။”
“အဲဲဒါတော့ မှန်တယ်။ စောင့်ကြည့်ကြရအောင်။ သူက တစ်ပြိုင်နက်တည်း ငါးနှစ်ကောင် ဖမ်းချင်နေတာလေ။ ကျန်းယွင်လည်း ပြဿနာတစ်ခုခု ရှာမှာကိုတော့ ငါ စိုးရိမ်မိတယ်။”
စုစန်းမိန်က ဦးအောင် ရှုမိသားစုကို အငြင်းပွားစရာ စကားတွေ ပြောပြီး ကျန်းယွင်ကို နိုးနိုးကြားကြား ဖြစ်လာအောင် လုပ်ပေးခဲ့သည်။
ကျန်းယွင်သည် မထင်မှတ်သော ကိစ္စတစ်ခုကြောင့် မှင်သက်နေခဲ့သည်။
တစ်ဖက်မှာတော့ အဒေါ်ရှုက ငြိမ်ပြီး ထိုလူတွေကို သူမ စိတ်ထဲရှိသလို စပြီး ဆဲဆိုခဲ့တော့သည်။
“နင်ပြောတဲ့ စောက်ပြဿနာဆိုတာ ဘာလဲ။ ငါ့သားက လူကောင်းတစ်ယောက်။ ပြီးတော့ ငါ့သားက ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ နင်ပြောတာတွေက အမှန်တွေမလို့လား။ နင်တို့မှာ ဘာသက်သေတွေ ရှိလို့လဲ။”
အဒေါ်ရှုက ထိန်းမရအောင် ငိုနေသည့် စွန်းမိန်ကို အငြိုးထားကာ ကြည့်လိုက်သည်။ “နင့်သမီးကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ ငါတော့ အဲ့လိုပဲ ထင်တယ်။ သူက ငါ့သားကို မြှူစွယ်တဲ့ မိန်းမပျက် တစ်ယောက်သာသာပဲ ဟုတ်ရင်ဟုတ်မှာပေါ့။ ဘာလို့ဆို ငါ့သားက ကြည့်ကောင်းတယ်လေ။ ဘာပဲဖြစ်ဖြစ် သူပြောတာ အမှန်ပဲလေ။ နင့်ရဲ့သမီးက မိန်းမပျက် တစ်ယောက်မလို့ ငါ့သားကို ဖျက်စီးတာလို့ ပြောတာ။”
“နင်က အဓိပ္ပါယ် မရှိတာတွေ ပြောနေတာပဲ။ နင့်သားကမှ ပျော်တော်ဆက်။”
“နင်ကမှ စောက်ဓိပ္ပါယ်မရှိတာတွေ လာပြောနေတာ။ နင့်သမီးကမှ မကောင်းတဲ့ကောင်မ။”
“လူယုတ်မာကောင်။”
“နင်က ခွေးမ။”
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၂၆
အဒေါ်ကြီး နှစ်ယောက်က ခါးထောက်ပြီး တစ်ယောက်ကို တစ်ယောက် ဆဲနေခဲ့ကြသော်လည်း တာဝန်ရှိသည့် မိန်းမနှစ်ယောက်ကတော့ ဘာစကားမှ မပြောခဲ့ကြပါ။
စွန်းမိန်က ငိုပြီးရင်း ငိုနေခဲ့သည်။ ထိုအချိန်မှာ ကျန်းယွင်က သူမရဲ့ မျက်နှာတွင် ဘာခံစားချက်မှ မရှိပါ။
အဒေါ်ရှုသည် သူမကို ဆူပြီးနောက် သူမရဲ့ စိတ်တွေ လွတ်သွားခဲ့သည်။ သူမက ချွေးမဖြစ်သူကို ပုတ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ ရှောင်းယွင်၊ သူတို့ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့။ ရှုလဲ့က ဘယ်လိုလူလဲဆိုတာ နင်မသိဘူးလား။ နင်တို့ နှစ်ယောက်က အချစ်တစ်ခုတည်းကိုပဲ အခြေခံခဲ့တာ။ တကယ်လို့ အဲ့ဒါက နင့်အတွက်သာ မဟုတ်ဘူးဆိုရင် ရှုလဲ့က ဘယ်လိုလုပ် ရှိနိုင်တော့မှာလဲ။ နင် သူ့ကို ယုံကြည်ရမယ်လေ။”
အတိတ်အကြောင်းကို ပြောသည့်အခါ ကျန်းယွင်ရဲ့ မျက်လုံးတွေသည် အစတုန်းက သုန်မှုန်နေရာမှ တဖြည်းဖြည်း ပြန်ပြီး တောက်ပလာခဲ့သည်။
ဟုတ်တယ်၊ တကယ်လို့ ရှုလဲ့သာ မကူညီဘူးဆိုရင် သူက သူ့အလုပ်ကို ဆုံးရှုံးရမှာ မဟုတ်ဘူး။ သူတို့နှစ်ယောက်က ဒီအထိ ရောက်လာပြီး ကလေး တစ်ယောက်လည်း ရပြီးပြီ။ ဒီလို အချစ်မျိုးကို ဘယ်သူကမှ ယှဥ်နိုင်မှာ မဟုတ်ဘူး။
ကျန်းယွင်က စွန်းမိန်ကို ထပ်ပြီး ကြည့်လိုက်သည့်အခါ သူမကို ရန်သူတစ်ယောက်လို မုန်းတဲ့စိတ်ဖြင့် ကြည့်ခဲ့သော်လည်း ထူးဆန်းစွာဖြင့် သူမကို အနည်းငယ် သနားနေခဲ့သည်။
သူမက စွန်းမိန်ကို မြေပေါ်မှ ထဖို့ ကူညီပေးခဲ့ပြီး ထိုအပြုအမူကြောင့် သူမဘေးရှိ လူတိုင်းကို မှင်သက်သွားစေခဲ့တာ သေချာသည်။
“ဘုရားရေ၊ ဒါက ဘာအတွက်လဲ။”
“ကျန်းယွင်၊ နင့်ခေါင်းကို မြည်းက ကန်တာကို ခံလိုက်ရတာတော့၊ မဟုတ်ဘူးမလား။”
သူတို့က အဲ့ဒါကို ဘယ်လောက်ပဲ ဖုံးကွယ်ဖို့ ကြိုးစားနေပါစေ၊ စွန်းမိန်ရဲ့ မိသားစုက ဖြေရှင်းချက် တစ်ခုခု တောင်းဖို့ ရောက်လာတယ်ဟုသာ လူတိုင်းက မြင်ကြလိမ့်မည် ဖြစ်သည်။ ငိုနေတဲ့ ကောင်မလေးက သူမရဲ့ မိဘတွေအတွက် အခုလို ငိုနေတာမျိုး မဖြစ်နိုင်တာ ဟုတ်တယ်မလား။ ဒါတွေကပဲ သူမနှင့် ရှုလဲ့ရဲ့ ကြားထဲမှာ တစ်ခုခု ဖြစ်နေတယ်ဆိုတာကို သက်သေပြနေတာ မဟုတ်ဘူးလား။
ဘာလို့ ကျန်းယွမ်က ဒီလောက်ထိ တည်ငြိမ်နေရတာလဲ။
ဝမ့်ရင်းက စိတ်ဝင်တစားကြည့်ရင်း ဖရုံစေ့တွေကို စားနေကာ သူမရဲ့ လက်ထဲမှာလည်း ဖရုံစေ့နှင့် မြေပဲစေ့ ပန်းကန်ကို ကိုင်ထားကာ မှတ်ချက်ပေးဖို့ကို မေ့မနေခဲ့ပါ။
“ရှူး၊ ဒီလောက် စိတ်ပျက်ဖို့ကောင်းတဲ့ ဒီလူမှာ ကျက်သရေ ရှိသေးတာလား။ ဒီကိစ္စတွေ အကုန်လုံး ပြီးသွားရင်တောင် သူ့မိန်းမက ဘယ်လိုလုပ် သူ့ကို ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။”
လူတိုင်းက သတိလက်လွတ် ဖြစ်နေတယ်ဆိုသည့် အချက်ကို သက်သေပြပြီး ကျန်းယွင်က ပိုပြီးတောင် ဒေါသမထွက်ခဲ့ပါ။ စွန်းမိန်ကို ကူညီကာ ထူပေးပြီးနောက် သူမကို ကြည့်ရတာ သနားပြီး ကိုယ်ချင်းစာဖို့တောင် ကောင်းနေခဲ့သည်။
“တပ်သား၊ ငါနဲ့ ငါ့ယောက်ျားမှာ အရမ်း နက်ရှိုင်းတဲ့ ပတ်သက်မှုမျိုး ရှိတယ်ဆို မင်းနားလည်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ငါတို့ လင်မယားက ဖြစ်သလို နေတဲ့ လူမျိုးတွေလည်း မဟုတ်သလို ရပ်တကာ ရွာတလှည့် ပတ်ပြီး အချိန်ဖြုန်းနေတဲ့ လူတွေလည်း မဟုတ်ပါဘူး။ ငါတို့က တစ်ယောက်ကို တစ်ယောက် ရိုးရိုးသားသား ရှိကြတဲ့ သူငယ်ချင်းကောင်းတွေဆိုလည်း ဟုတ်သလို ချစ်ရသူတွေဆိုလည်း ဟုတ်ပါတယ်။”
လူတိုင်း - … ငါဖြင့် နေ့လည်စာတောင် မစားရသေးတာကို ဘာလို့ နည်းနည်းလေး ရင်ပြည့်သလို ဖြစ်နေရတာလဲ။
“နင့်ရဲ့ နည်းလမ်းတွေက နင့်ကိုယ်နင်ပဲ နာကျင်စေလိမ့်မယ်။ နင့်ရဲ့ မိသားစုကို နင် ဘယ်လို ပြောထားလဲ ငါမသိဘူးဆိုပေမယ့် ငါ့အတွက်တော့ ငါ့ယောက်ျားကို ဘယ်တော့မှ သံသယဝင်မှာ မဟုတ်ပါဘူး။”
ကျန်းယွင်က ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် ပြောလိုက်သည်။ “သူ ငါ့ကို ဘယ်လောက် ချစ်လဲဆိုတာ အခြားသူတွေကမှာ သိမှာမဟုတ်ဘူး။”
လူတိုင်း - ….
'မင်း ဘာပြောခဲ့တာလဲဆိုတာ မင်း ပြန်နားထောင်ချင်လား။ '
ဝမ့်ရင်းကလည်း သွားကိုက်တဲ့ပုံစံမျိုး ဖြစ်နေခဲ့ပြီး ရှုရွှမ်းရဲ့ဘက်ကို လှည့်ကာ ငြီးလိုက်သည်။ “ကျန်းယွင်ရဲ့ နာမည်က မှားနေတာလား။ သူ့ရဲ့နောက်ဆုံး နာမည်က ဝမ်ဖြစ်ရမှာ။”
သူ့ရဲ့ မျိုးရိုးနာမည်က ဝမ်ဖြစ်ပြီး သူ့ရဲ့ ကြီးလာသည့် အချိန်မှာ ပေးတဲ့ နာမည်က ပေါင်ချွမ်း ဖြစ်သည်။
ဝမ့်ရင်းရဲ့ လွှမ်းမိုးမှု များလာသည့်အောက်မှာ အခုဆိုရင် ရှုရွှမ်းရဲ့ ဝမ့်ရင်း တွေးတဲ့ပုံစံအတိုင်း အတော်ကို တွေးလာနိုင်ပြီ ဖြစ်သည်။
ဒီပြဿနာ မတိုင်ခင်တုန်းက ကျန်းယွင်ရဲ့ ပုံစံသည် တောရိုင်း အရွက်တွေကို ခူးရတာ ကြိုက်တဲ့လူဆိုတာ ဝမ့်ရင်း ပြောဖူးတာကို သူက ကြားထားခဲ့ပြီး ဖြစ်သည်။ အခုဆိုရင် သူမက ဝမ်ပေါင်ချွမ်းဟုခေါ်သည့် မိန်းမကြီး တစ်ဦး၏ ဘဝဇာတ်ကြောင်းကို ပြောနေကြောင်း သူက သိလိုက်ရသည်။
ရှုရွှမ်းက ဝမ့်ရင်းဆီ လမ်းလျှောက်သွားပြီး ပြတင်းပေါက်ကနေ သူမရဲ့ အိမ်ကို ကြည့်လိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက လူတစ်ယောက်အပေါ်ကို ရောက်သွားခဲ့သည်။
သူ့ပုံစံက အနည်းငယ် ပျော်သလိုလို ဖြစ်သွားခဲ့သည်။
ဝမ့်ရင်းက ရှုရွှမ်းကို မကြည့်နိုင်ခဲ့ပါ။ အကြောင်းမှာ အပြင်ဘက်ရှိ အခြေအနေက တင်းမာနေသောကြောင့် ဖြစ်သည်။
ကျန်းယွင်သည် သူမရဲ့ ပုံစံကို ဉာဏ်ကောင်းသည့် ပုံစံမျိုးဖြင့် ဖော်ပြပြီးနောက် စွန်းမိသားစုထဲရှိ လူတိုင်းက စိတ်လှုပ်ရှားလာခဲ့ကြသည်။
'ဒါက မင်းတို့ကောင်တွေအတွက် တော်တော်လေးကို ပြီးပြည့်စုံတယ်လေ၊ ဟုတ်တယ်မလား။ '
စုစန်းမိန်သည် အတော်လေး ဒေါသထွက်ကာ အသက်တောင် သေသေချာချာ မရှူနိုင်တော့ပါ။ သူမက မထိန်းနိုင်ဘဲ ပြဿနာရှာချင်နေပြီ ဖြစ်သည်။
ကျန်းယွင်ပြောတာကို ကြားပြီးနောက် စွန်းမိန်က ငိုနေတာကို ရပ်ပြီး ဖြူဖျော့ဖျော့ မျက်နှာဖြင့် ထိုနေရာမှ ရပ်လိုက်သည်။
ကျန်းယွင်သည် သူမက အဓိက အကြောင်းအရာကို ပြောနိုင်လိုက်တယ်ဟု တွေးမိခဲ့သည်။ သူမက စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ရင်ထဲကပါ အကြံ ပေးလိုက်သည်။
“မင်းက ငယ်ပါသေးတယ်။ ရှုလဲ့က ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်ဆိုတာ ငါသိပေမယ့် ဘဝဆိုတာ အကြာကြီးပဲဆိုတဲ့ အရာကို မင်းလည်း သိထားသင့်တယ်။ မင်း အခုလိုမျိုးတွေ လုပ်နေလို့ မရဘူး။ မင်း အချစ်ဆိုတဲ့အရာကို နားမလည်သေးသ၍ ငါ မင်းရဲ့ အမှားကို အပြစ် မတင်ပါဘူး။ ဒီကိစ္စအကြောင်း မင်းရဲ့ မိသားစုကို သေသေချာချာ ရှင်းပြသင့်တယ်။”
စုစန်းမိန် - …..
နောက်ဆုံးမှာတော့ သူမက နားလည်သွားခဲ့ပြီ ဖြစ်သည်။
ထိုမိန်းမက ဒီအရာကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း ဖြစ်သည်။
သူမရဲ့ ယောက်ျားက အဖြစ်မရှိဘူးဆိုတာကို သူမက သိနေသော်လည်း သူ့ကို ကာကွယ်ပေးဖို့အတွက် သူမက တစ်ယောက်တည်းပဲဆိုတဲ့ ပုံစံမျိုး ဟန်ဆောင်ခဲ့သည်။
စုစန်းမိန်ရဲ့ မျက်ဝန်းတွေက နာကျည်းမှုတွေ ပြည့်သွားခဲ့သည်။ သူမသည် ဒီလောက် အရှက်မရှိ၊ ယုတ်မာပြီး မြွေဟောက်လို အဆိပ်ပြင်းသည့် လင်မယားမျိုးကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပါ။
ယောက်ျားက အရှက်မရှိဘဲ မိန်းမလုပ်စာ ထိုင်စားကာ သူ့မိန်းမကလည်း အရမ်းကို အရှက်မဲ့ပြီး သူ့အပေါ်ကို ရည်ရွယ်ချက်ရှိရှိ မကောင်းတဲ့အရာတွေ ပုံချခဲ့သည်။
စုစန်းမိန်က အော်ပြီး ပြေးသွားကာ သူမရဲ့ သမီးကို ဆွဲပြီး မေးလိုက်သည်။ “စာက ဘယ်မှာလဲ။ စာ ဘယ်မှာလဲလို့။ ထုတ်ပြီး အဲ့ကောင်မကို ပြလိုက်လေ။ ထုတ်ပြီး အဲ့စာကို လူတိုင်းကို ပြလိုက်။”
စွန်းမိန်သည် ဆက်တိုက် ဖြစ်သွားတဲ့ ပြဿနာတွေကြောင့် မှင်သက်သွားခဲ့ရသည်။ ထုံးစံအတိုင်း သူမအမေရဲ့ စကားကို နားထောင်ပြီး တုန်ရီစွာ သူမရဲ့ အိတ်ကပ်ထဲရှိ စာတွေကို ထုတ်လိုက်သည်။
ဒါတွေဟာ ရှုလဲ့ သူမဆီကို ရေးပို့ခဲ့သည့် စာတွေဖြစ်ပြီး စုစုပေါင်း ဆယ်စောင်မကပါ။
စုစန်းမိန်က စာတွေကို ကျန်းယွင်ရဲ့ မျက်နှာဆီ ပစ်လိုက်ပြီးနောက် ဘေးနားရှိ လူတွေရဲ့ အကြည့်တွေက သူမဆီကို ဝိုင်းလာခဲ့သည်။ “နင် မြင်လား။ ဒါတွေက ရှုလဲ့ ငါ့သမီးကို ရေးပြီး ပို့ခဲ့တဲ့ ပိုးပန်းစာတွေပဲ။ ငါတို့ မိသားစုပေါ်ကို အပြစ်တွေ လာပုံချဖို့ မကြိုးစားနဲ့။”
စုစန်းမိန်သည် နောက်ဆုံးစကားအား ချက်ချင်းဆိုသလို မှင်သက်နေသည့် ကျန်းယွင်ကို ဒေါသတကြီး ပြောလိုက်သည်။
အိမ်ထဲမှာ ပုန်းနေသည့် ရှုလဲ့က တစ်ခုခု လွဲနေတာကို ခံစားမိခဲ့ပြီး အဒေါ်ရှုကလည်း မှင်သက်သွားခဲ့သည်။
ပိုးပန်းတဲ့စာတွေတဲ့။ ချက်ချင်းဆိုသလိုပဲ လူအုပ်က ပိုပြီး အုပ်အုပ်ကြွကြွ ဖြစ်လာခဲ့သည်။
“ဟဲ့၊ ဒီရှုမိသားစုရဲ့ ကလေး ကျောင်းတုန်းကဆို အမှတ်တွေက အရမ်းအရမ်း ကောင်းတာကို သူက ဘာလို့ ဒီလို စိတ်ပျက်စရာကောင်းတဲ့အရာကို လုပ်ရတာလဲ။”
“ငါလည်း စာတွေ ရေးတုန်းပါပဲ။ အခုတော့ ငါက အဲ့လို မဟုတ်ပါဘူး။”
“ရှုလဲ့ကို ထောင်ထဲ ထည့်လို့ရမယ်လို့ နင်ထင်လား။ ဒါက အပျော်အပါး လိုက်စားရုံပဲ မဟုတ်ဘူးလား။”
“ဘာ အဓိပ္ပါယ်မရှိတဲ့ဟာတွေ ပြောနေတာလဲ။ သူက အဲ့လို လုပ်မယ့်သူလို့ ငါမထင်ဘူး။ ကျန်းယွင်က ဒီလို ရက်စက်တဲ့ လူတစ်ယောက်နဲ့ မတူပါဘူး။”
ကျန်းယွင်က တကယ်ကို မှင်သက်သွားခဲ့သည်။ စွန်းမိန် ပြောသမျှ အရာတိုင်းကလည်း အမှားတွေ ဖြစ်နိုင်သည်။ ဒါက အမှန်တွေ ဖြစ်နေခဲ့ရင်တောင် ဒါဟာ ရှုလဲ့လုပ်ထားသည့် အမှားလေး တစ်ခုသာ ဖြစ်တယ်ဟု သူမကိုယ်သူမ နှစ်သိမ့်ရုံသာ လုပ်နိုင်သည်။
သို့သော် ပိုးပန်းထားတဲ့ စာတွေဟာ…..
ဒါ တစ်စုံတစ်ယောက် ပိုင်ဆိုင်တဲ့အရာတွေ မဟုတ်လား။
အဒေါ်ရှုက သူမရဲ့သားကို စကားပြောဖို့တောင် ကြိုးစားခဲ့သည်။ “ ရှောင်းယွင်၊ တပေါင်ကို ကြည့်ပါဦး။ နင့်ရဲ့ နောက်ကွယ်မှာ ရှုလဲ့က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး အရာတွေကို လုပ်နိုင်မှာတဲ့လဲ။ ဒီစာတွေက အတုတွေ ဖြစ်နိုင်တာပဲလေ။ ဟုတ်တယ်။ အဲ့စာတွေက အတုတွေပဲ ဖြစ်ကိုဖြစ်ရမယ်။”
ကျန်းယွင်က တတွတ်တွတ် ပြောနေခဲ့သည်။ “တကယ်လား။”
“ဒါက အမှန်တွေ ဖြစ်ကို ဖြစ်ရမယ်။ မင်းမသိဘဲနဲ့ ရှုလဲ့က တစ်ခြား လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ပိုးပန်းတဲ့စာတွေ ရေးပေးနိုင်မှာလဲ။ ဒါတွေ အားလုံးက အလိမ်အညာတွေ။ အမှန် မဟုတ်ဘူး။”
ကျန်းယွင်သည် ခနလောက် ရပ်နေခဲ့ပြီး နောက်ထပ် စက္ကန့်အနည်းငယ် ကြာပြီးနောက် စုစန်းမိန်ကို တွန်းကာ သူမရဲ့ လက်ထဲရှိ စာတွေ အကုန်လုံးကို ဆွဲယူခဲ့သည်။
သူမသည် စာရွက်ပေါ်မှာ အဲ့ဒါကို တိုက်ကြည့်ဖို့အတွက် မျက်လုံးပြူး၊ မျက်စံပြူးဖြင့် သေချာ ရှာနေခဲ့သည်။
နောက်ဆုံးမှာတော့….
ကျန်းယွင်က အရူးတစ်ယောက်လို ငိုလိုက်၊ ရယ်လိုက် ဖြစ်နေခဲ့သည်။ စာရွက်ပေါ်ရှိ အကြောင်းအရာသည် သူမကို ပိုးပန်းတုန်းက စာတွေကို ကူးချထားတာတွေ ဖြစ်သည်။
Pinyin စာလုံးတွေကို သူတို့က နားမလည်ရင်တောင် ဒါတွေက အတိအကျကို တူနေခဲ့သည်။
“ရှုလဲ့၊ ဒီကို နင် ထွက်လာခဲ့။”
ကျန်းယွင်သည် လူတစ်ယောက် အော်သံကို ဝိုးတိုးဝါးတား ကြားလိုက်သည်။ ဘယ်သူ အော်နေတာလဲ။
'အို၊ အဲ့ဒါက သူမပဲ။ '
ကျန်းယွင်သည် အခန်းနှစ်ခန်းကို ဖြတ်ပြီး သူမရဲ့ ဒေါသထွက်နေသည့် အော်သံကို ပြန်ကြားနေခဲ့ရသည်။ “ရှုလဲ့၊ ဒီကို ထွက်လာခဲ့။ ထွက်လာပြီး သေချာ လာရှင်းပြစမ်း။”
အနီးအနားရှိ လူတွေက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ဒီလောက် စိတ်ဝင်စားဖို့ကောင်းသည့် ပွဲတစ်ခုမှာ အတက်အကျတွေ ဒီလောက်အပြည့် ဖြစ်နေမည်ဟု ဘယ်သူကမှ မထင်ထားခဲ့ကြပါ။
ထျန်းမင်က သူမရဲ့ ယောင်းမကို တိုးတိုးလေး မေးလိုက်သည်။ “ငါတို့ အမေက ခြံကို မစီမံဘူးလား။ သူက ဘာလို့ ဒီကိစ္စကို ဘာမှ မလုပ်တာလဲ။”
သူမရဲ့ ယောင်းမ ကဲယွဲ့က တီးတိုးလေး ပြောခဲ့သည်။ “နည်းနည်းလောက် ထပ်စောင့်ကြည့်ဦး။”
ဒီလို ပွဲကောင်းမျိုးက ရုပ်ရှင်တွေထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းသည်။ သူမက ဒီကိစ္စကို ဒီတိုင်း မပြီးစေချင်ခဲ့ပါ။
လူတိုင်းက သူတို့ရဲ့ စိတ်ကို ထိန်းပြီး အဓိကလူ ထွက်လာတာကို စောင့်နေခဲ့သည်။
အများကြီး မျှော်လင့်ပြီးနောက် ရှုလဲ့က အိမ်ထဲမှာ ဆက်ပြီး ပုန်းမနေနိုင်တော့ပါ။
ကျန်းယွင်က ရူးလုနီးနီး ဖြစ်နေကာ စွန်းမိသားစုထဲရှိ လူတွေကလည်း ဒေါသတကြီး ကြည့်နေခဲ့ကြသည်။ သူတို့က ပိုကြီးတဲ့ ပြဿနာတစ်ခု ရှာမှာကို တကယ် လန့်နေခဲ့သည်။
ထိုအချိန်မှာ သူလည်း အဲ့ဒါကို နောင်တရနေခဲ့သည်။ သူသည် အခြားအရာကို နောင်တရနေတာမျိုး မဟုတ်ဘဲ စွန်းမိန်နှင့် ဘယ်လိုလုပ်ပြီး ပတ်သက်မိရတာလဲဆိုတာကို နောင်တရနေတာမျိုး ဖြစ်သည်။
သူက ထုတ်ကြွားလို့ရမယ့် ဇနီးတစ်ယောက်ကို ရှာချင်ရုံသာ ဖြစ်သည်။
အခုကျမှ ဘာလို့ ဒီပြဿနာက ဖြစ်လာရတာလဲ။
ရှုလဲ့ ထွက်လာသည့်အခါ သူသည် သနားဖို့အတွက် မြန်မြန် တောင်းပန်လိုက်သည်။ “ ရှောင်းယွင်၊ ကိုယ် တောင်းပန်ပါတယ်ကွာ။ ဒါပေမယ့် ဒီမှာ ဖြစ်နေတဲ့ ကိစ္စအတွက် မင်း ကိုယ်ပြောတာကို နားထောင်မှ ဖြစ်မယ်။”
စုစန်းမိန်က ထေ့ငေါ့ကာ ပြောလိုက်သည်။ “အဲဲဒါကို ဒီမှာပဲ ရှင်းပြလိုက်လေ။ အတူတူ နားထောင်ကြမယ်။”
ရှုလဲ့ - “…အဒေါ်၊ ခဗျားမှာ ပြောစရာ တစ်ခုခု ရှိတယ်ဆိုရင် အထဲဝင်ပြီးမှ ငါ့ကို ပြောလို့ရမလား။”
စွန်းမိန်က ထိုလူကို နာကျင်နေသည့် ပုံစံမျိုးဖြင့် ကြည့်လိုက်သည်။ သူတို့သည် လွန်ခဲ့သော နှစ်ရက်ကမှ အတူတူ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး ရှိနေခဲ့သော်လည်း အခုချိန်မှာ သူက သူ့မိန်းမကို တည်တည်ငြိမ်ငြိမ် ထားပြီး သနားညှာတာဖို့အတွက် တောင်းပန်နေခဲ့သည်။
ဒီကောင်က ဘယ်လိုလူမျိုးလဲ။
ကျန်းယွင် - “အရင် စကားပြောကြရအောင်။ ကျွန်မ နားထောင်နေတယ်။”
ရှုလဲ့က ဘယ်လောက်ပဲ ထက်မြက်နေပါစေ၊ သူသည် လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး ဘာကိုမှ တွေးမရ ဖြစ်နေခဲ့သည်။
သူ ဒါကို ဘယ်လို ရှင်းပြရမလဲ။ တကယ်လို့ သူသာ ကျန်းယွင်ကို လိမ်ပြောရင် စွန်းမိန်က သူ့ကို အရင် ထုတ်ပြောမှာပဲလေ။ တကယ်လို့ သူက စွန်းမိန်ကို ငြိမ်အောင် ထိန်းမယ်ဆိုရင် သေချာပေါက် ကျန်းယွင်နဲ့ ကွဲမှာပဲ။
ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သူက တိတ်တဆိတ်နဲ့ ကောင်းကင်ကို မေးရုံသာ မေးနိုင်သည်။ ဘယ်လိုဖြစ်လို့ စွန်းမိန်က သူ့ရဲ့ အလိမ်တွေကို တွေ့ပြီး သူ့အိမ်ကို ရောက်လာရတာလဲ။
ထိုအချိန်တွင် လူအုပ်ထဲတွင် ထိုကိစ္စကို စိတ်လှုပ်ရှားစွာ ထိုင်ပြီး စောင့်ကြည့်နေသည့် ယောက်ျားတစ်ယောက် ရှိနေခဲ့သည်။ သူသည် ရုတ်တရက် လူအုပ်ထဲကနေ လူတစ်ယောက်ကို တိုးပြီး ရောက်လာကာ သူ့ရဲ့ နားထဲမှာ ကြားလိုက်ရသည့် အရာတစ်ခုကို ပြောခဲ့သည်။
အဖိုးကြီးစုန့် - “ဟဟ၊ ဒါက ပိုပြီးတော့တောင် စိတ်ဝင်စားဖို့ ကောင်းသေးတယ်။”
အခုဆို သူက အသက်ရလာပြီဆိုတော့ အခြားသူတွေနဲ့ ဒီလို စိတ်လှုပ်ရှားစရာတွေကို ကြည့်ရတာ ကြိုက်သည်။
သူတို့ အရှေ့မှာ ဖြစ်နေတဲ့ စိတ်လှုပ်ရှားမှုကြီးကိုဆို ပြောမနေပါနဲ့တော့။
ရှုလဲ့က ထိုအမျိုးသမီး နှစ်ယောက်ကို မထိန်းနိုင်တော့ဘဲ ဒီကိစ္စက ပြီးလုနီးပါး ဖြစ်နေပြီကို စုစန်းမိန်က တွေ့ခဲ့ရသည့်အတွက် သူမက အရှေ့ကို လာဖို့ လမ်းရှာကာ အလျော်ပေးဖို့ ကိစ္စအကြောင်းကို စပြီး ဆွေးနွေးချင်နေခဲ့သည်။
သူမက မကောင်းတဲ့လူအဖြစ် နေရတာ လုံလောက်ပြီ ဖြစ်ပြီး အခုဆိုရင် စွန်းမိန်ရဲ့ အဖေက မကောင်းတဲ့လူအဖြစ် ပြောင်းလဲဖို့ အချိန်ကျလာပြီ ဖြစ်သည်။
စွန်းမိန်ရဲ့ အဖေ - “ ရှောင်ရှု၊ ဒီကိစ္စအတွက် မင်း ငါတို့ကို အလျော်ပေးရမယ်။ မင်းရဲ့ အိမ်ထဲကို သွားပြီး ငါတို့ စကားပြောကြရအောင်။”
ရှုခဲ့က စိတ်ထဲကနေ ကျိန်ဆဲနေခဲ့ကာ နောက်ဆုံးမှာတော့ ထိုပြဿနာရဲ့ အဓိက အပိုင်းကို ရောက်လာခဲ့ပြီ ဖြစ်သည်။
'အဲ့တော့ ဒါတွေ အားလုံးက ပိုက်ဆံအတွက်လား။'
'ဟုတ်တယ်။ သူက ပိုက်ဆံပေးရမယ်။'
'ဒါပေမယ့် သူက ဒီကိစ္စကို မျိုသိပ်ထားမယ်လို့တော့ မထင်နဲ့။ '
'သေစမ်း။ မကြာခင် သူက အဲ့ကပ်စေးနဲတဲ့မိန်းမ စွန်းမိန်ကို တောင်တွေဆီ ရောင်းစားတော့မှာ။'