← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 20 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 20 Ch. 229-230

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၂၉

ခရိုင်မြို့ရဲ့ အခြားတစ်ဖက်မှာတော့ ဘက်စ်ကားမှတ်တိုင်ရဲ့ မိသားစုဝန်း ရှိသည်။

ကျန်းယွင်အဖေရဲ့ မျက်နှာက မှုန်ကုတ်နေခဲ့သည်။ “နင်က ဘာလို့ နင့်အမေနဲ့ ငါပြောတာကို နားမထောင်တာလဲ။ ဒီလို ကောက်ကျစ်၊ ယုတ်မာ၊ လောဘကြီးပြီး အရှက်မရှိတဲ့ကောင်မျိုးကို လက်ထပ်ခဲ့ရတာလဲ။”

ကျန်းယွင်က အချိန်အတော်ကြာ ငိုခဲ့ရသည့်အတွက် သူမက မူးနေခဲ့သည်။

ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာကို သူမရဲ့ အမေက ကြားထားပြီး ဖြစ်သည်။ သူမသည် ဒေါသထွက်လို့ မူးလဲသွားခဲ့ရပြီး သူမရဲ့ ချွေးမဖြစ်သူက သတိရအောင် နှိုးပေးခဲ့ရသည်။ သတိရလာပြီးနောက် သူမရဲ့ အမေက သူမကို နှစ်ခါလောက် ရိုက်ပြီးနောက် နာကျင်စွာ ဖက်ပြီး ငိုလိုက်သည်။

“မင်း ဘာလို့ ဒီလောက် တုံးရတာလဲကွယ်။ ဘာလို့ အမေတို့ကို ဒီအကြောင်းတွေ မပြောခဲ့ရတာလဲ။ မင်းသာ အမေတို့ကို စောစော ပြောပြခဲ့ရင် ငါ မင်းအဖေရဲ့ အသိလူတွေနဲ့ မင်းအတွက် အားလုံးကို စုံစမ်းပေးမှာ။ မင်းက ဒီကောင်ကို ဒါအတွက်ကြောင့် လက်ထပ်ပြီး နှစ်တွေအကြာကြီး ဒါတွေ အားလုံးကို ခံစားခဲ့ရတာလား။ မင်း ငါ့ကို ပြောပါဦး။ မင်း ဘာလို့ ဒီလောက် တုံးအရတာလဲ အမေ့ကို ပြောပါဦးကွယ်။”

ကျန်းယွင် - “ငါ မသိဘူး… ငါ တကယ်ကို မသိတော့ဘူး။”

ယနေ့ လမ်းထဲမှာ သူမကို လူတစ်ယောက်က ဒီအကြောင်း ပြောပြခဲ့ပြီးနောက် ကျန်းယွင်သည် သံသယများစွာဖြင့် သူမနှင့် သူမယောက္ခမတို့ နေခဲ့တဲ့ အိမ်သို့ ကြိမ်ဖန်များစွာ ပြေးသွားခဲ့သည်။

သူတို့မိသားစုက အရှုံးပေးဖို့ ငြင်းခဲ့ပြီး လူတစ်ယောက်က ရှုလဲ့ကို ဒဏ်ရာရအောင် လုပ်ခဲဲ့ပြီး လျော်ကြေးအနေဖြင့် ယွမ်လေးရာကို ပေးရန် အတင်း ပြောနေခဲ့သည်။

သူမက ဒီကိစ္စကို တာဝန်ယူစရာ မလိုဘဲ နိုင်ငံပိုင် စားသောက်ဆိုင်ရှိ သူ့ရဲ့ အလုပ်ကို ရောင်းဖို့အတွက် သူက ဆန္ဒရှိကြောင်းကို အရင်ပြောခဲ့ပြီး ပိုက်ဆံက လောက်သည်။

သို့သော် အဲ့အချိန်တုန်းက ငယ်သေးသည့် ကျန်းယွင်မှာ ရှုလဲ့က ဘာကို ကြံစည်နေလဲဆိုတာကို တွေးကြည့်ဖို့ ဘာအကြံမှ မရှိဘဲ တုံ့ဆိုင်းမှုမရှိဘဲ ရှုလဲ့ရဲ့ ထောင်ချောက်ထဲသို့ ရောက်သွားခဲ့ရသည်။

သူမရဲ့ ယောက္ခမက ပိုပြီးတော့တောင် အပေါ်ယံသာ ရှိပြီး သူမက ဒီကိစ္စတွေကို တာဝန်ယူတာ မလိုချင်ဘူးဟု ပြောနေခဲ့သော်လည်း တစ်ခါတစ်လေ သူမကို ထိုမိသားစုသို့ ခေါ်သွားချင်နေခဲ့သည်။ ထိုမိသားစုသည် မောက်မာပြီး အကျိုးအကြောင်း ဆီလျော်မှု မရှိဘဲ တစ်ခါတည်းနှင့် ယွမ်တစ်ရာကို တောင်းနေခဲ့သည်။

ဒီလို မကောင်းတဲ့ လူတစ်ယောက် ဘေးနားမှာ ရှိနေရင် ကျန်းယွင်က သူမကိုယ်သူက ရှုလဲ့မိသားစုရဲ့ ကယ်တင်ရှင်ဟု မြင်ပြီး လေးလံတဲ့ တာဝန်တစ်ခုကို သူမက ပုခုံးပေါ် ထမ်းရွက်ပေးခဲ့သည်။

တကယ်လို့ ဒါက သူမကြောင့်သာ မဟုတ်ဘူးဆိုရင် ရှုလဲ့တို့ မိသားစုက အခုချိန်မှာ ကောင်းကောင်း နေရမှာဟု သူမက အမြဲ ခံစားနေခဲ့ရသည်။ အိမ်မှာ စားပွဲထိုးတစ်ယောက် လစာဖြင့် သူတို့တွေက သေချာပေါက် ကောင်းမွန်တဲ့ ဘဝမျိုးမှာ နေရမှာ သေချာသည်။

ထိုအပြစ်ရှိသည့် စိတ်ကြောင့် ကျန်းယွင်သည် သူမ ယောက္ခထီး၏ ဘာမှမလုပ်တဲ့ဒဏ်၊ သူမ ယောက္ခမ၏ လှည့်စားတဲ့ဒဏ်နှင့် သူမယောက်ျား၏ ပျင်းရိပြီး ဘာအလုပ်မှ မလုပ်တဲ့ဒဏ်တွေကို ခံစားခဲ့ရသည်။

ရလဒ်အနေဖြင့် နှစ်ပေါင်းများစွာ ကြာပြီးနောက် အရာအာလုံးဟာ တွက်ထားသည့်အတိုင်း ဖြစ်သွားခဲ့ရသည်။

ကျန်းယွင် အိမ်ကို ရောက်လာသည့်အခါ လူတစ်ယောက်က အဲ့မှာ နေနေနှင့်ပြီး ဖြစ်သည်။ သူမက ထိုအကြောင်းကို မေးလိုက်သည့်အခါ အိမ်ဟာ သူတို့အပိုင် ဖြစ်နေတာ ကြာပြီဖြစ်သော်လည်း သူတို့က ဒီအိမ်ကို လွန်ခဲ့သော လပိုင်းလောက်ကမှ ငှားခဲ့တာဟု ပြောခဲ့ကြသည်။

ငှားထားတာလား။

ကျန်းယွင်သည် ခေါင်စ၊ ခြေအဆုံး ရေခဲရေဖြင့် ပတ်ခံလိုက်ရသလို တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။

သူမသည် သူမ မိဘတွေရဲ့ အိမ်ကို တွေဝေစွာဖြင့် ပြန်သွားပြီး သူမ မိဘတွေအရှေ့မှာ ဒူးထောက်ကျသွားခဲ့သည်။

ဒီနှစ်တွေမှာ သူမ အလုပ်ကြိုးစားခဲ့တာတွေ၊ အလိမ်ခံရတာတွေကို သူမမိဘတွေဆီ ပြောပြလိုက်သည်။

သူမကို သူမအဖေက ပါးတစ်ချက် ရိုက်တယ်။ သူမအမေက နှစ်ချက် ရိုက်တယ်။ ပြီးတော့ အမေက သူမကို ဖက်ထားပေးသည်။

သူမအဖေက မျက်ရည်တွေ ဝဲလာခဲ့သည်။ “အဲဲဒါကြောင့် ငါ မင်းကို ထပ်ပြီး မဆူတော့တာ။ မင်း ငယ်ငယ်လေးကတည်းက အခုလိုမျိုးပဲ အမြဲ ခေါင်းမာတယ်။ ပြောရခက်တယ်။ ကျောင်းသား တစ်ယောက်လို ခက်ထန်နေတုန်းပဲ။ မင်း သူများတွေဆီက အကူအညီ မတောင်းတာတော့ ကောင်းပါတယ်။ ဒါပေမယ့် မင်း အဲ့အကြောင်းတွေကို မစဥ်းစားမိဘူးလား။ မင်းအမေနဲ့ ငါ တစ်ယောက်ယောက်ကိုပေါ့။”

“နှစ်တွေအများကြီး မင်းရဲ့ကျောင်းက ခနခန ဆန်၊ ဆီနဲ့ ဂျုံတွေ ပေးတယ်။ မင်းအမေက အဲ့ဒါတွေကို ကျောင်းပို့ပေးပြီး ကျောင်းနာမည်နဲ့ မင်းဆီ ပို့ပေးဖို့ မင်းတို့ရဲ့ ခေါင်းဆောင်ကို ဘယ်သူမှမသိအောင် ပြောခဲ့တာ။”

“မနှစ်တုန်းကဆို နင့်အမေက သူ့ကိုယ်သူတောင် မထိန်းနိုင်လို့ မင်းဆီ ယွမ်နှစ်ဆယ် ပေးတယ်။ အဲ့ဒါကို မင်းက ငါတို့ဆီ ပြန်ပေးခဲ့တယ်။ မင်းအမေနဲ့ ငါက အသက်တွေ ကြီးနေပြီဆိုတာ မင်း မတွေးမိဘူးလား။ မင်းမှာ ယောက်ျားနဲ့ ကလေးတစ်ယောက် ရှိနေတော့ မင်းက အိမ်ကိုတောင် ပြန်မလာချင်တော့ဘူးလား။ မင်းကို ချမ်းသာတဲ့ မိသားစုကလူနဲ့ ပေးစားဖို့ကို ငါ ဘယ်တုန်းကမှ မတွေးမိဖူးသလို မင်းရဲ့ ပညာရေးကို ငါ လျစ်လျူရှုဖူးလို့လား။ ဒါပေမယ့် မင်းက မင်းအမေနဲ့ ငါ့အပေါ်ကို အရမ်း ရက်စက်လိမ့်မယ်လို့ ဘယ်တုန်းကမှ ငါ မထင်ထားဘူး။”

ကျန်းယွင်က ထိုစွပ်စွဲချက်တွေကို မခံစားနိုင်တော့ဘဲ ဒူးထောက်ချလိုက်ကာ ပြောခဲ့သည်။ “အဖေ၊ အဲ့လိုတော့ မဟုတ်ပါဘူး။ သမီး အဖေတို့ကို တွေ့ရမှာ ရှက်လို့ပါ။ သမီးကို ထောက်ပံ့ပေးဖို့ တောင်းဆိုရမှာကို ရှက်လို့ပါ။ အရင်တုန်းက တစ်ခါတစ်လေ အဖေတို့ကို မြင်ချင်လို့ အဖေတို့ရဲ့ အလုပ်ရုံတွေကို ဘယ်သူမှ မသိအောင် လာလည်ဖူးပေမယ့် သမီး ကြောက်တယ်… ဆွယ်တာတစ်ထည် ထိုးပြီး အဖေ့ကို ပေးချင်ပေမယ့် တပေါင်က အဲ့ဒါကို ဖျက်စီးလိုက်တယ်။ အဖေ၊ သမီး တောင်းပန်ပါတယ်။”

ကျန်းယွင်ရဲ့ အမေက သူမရဲ့ သမီးကို ဖက်ပြီး ပြောခဲ့သည်။ “စကားပြောနေတာ တော်ပြီ။ ရပ်ကြတော့။ ရှောင်းယွင်က အမြဲတမ်း ဒီလိုပဲလေ။ ရှင်သိရဲ့သားနဲ့။ စကားလုံးတွေနဲ့ သူ့ကို ရင်နာရအောင် ဘာလို့ လုပ်နေတာလဲ။”

“အခု အရေးအကြီးဆုံး အရာက ဘာလုပ်ကြမလဲဆိုတာပဲ။”

ကျန်းယွင်ရဲ့ အမေက သူမကို ဖက်ပြီး ပြောလိုက်သည်။ “အခု သမီး ဒီမှာ ရှိနေပြီဆိုတော့ သမီးရဲ့ အစီအစဥ်တွေက ဘာလဲဆိုတာ အမေ မေးချင်တယ်။”

ကျန်းယွင်က သူမရဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး ပြောခဲ့သည်။ “သမီး ရှုလဲ့ကို ထောင်ထဲ ပို့ချင်တယ်။”

သူမက သူမဘဝရဲ့ အကောင်းဆုံး ဆယ်နှစ်တာကို ဒီလို လူမျိုးဆီမှာ ဖြုန်းခဲ့ပြီး ဖြစ်သည်။

သူမက ဖြေရှင်းချက်တစ်ခု တောင်းကို တောင်းရမည်။

နောက်ဆုံးမှာတော့ ကျန်းယွင်ရဲ့ အဖေက စိတ်သက်သာရာရကာ ပြောလိုက်သည်။ “အနည်းဆုံးတော့ မင်းက လုံးဝကြီး ရှုပ်ထွေးနေတာတော့ မဟုတ်ဘူးပဲ။”

ခနလောက် နားပြီးနောက် သူက ဆက်ပြောခဲ့သည်။ “ဘာကိစ္စတွေနဲ့ မင်း သူ့ကို တရားစွဲမှာလဲ။ အခုချိန် သူက ဘာအလုပ်မှ မရှိဘူး။ တကယ်လို့ သူမှာ ကိစ္စတွေ ရှိနေရင်တောင် အပြစ်ဒဏ်က မပြင်းထန်နေမှာကိုတော့ ငါစိုးရိမ်မိတယ်။”

ကျန်းယွင် - “အပြစ်က ကြီးလား၊ မကြီးဘူးလားဆိုတာ သမီး ဂရုမစိုက်ဘူး။ အခု သူက သမီးအပေါ်မှာ ဖောက်ပြန်ခဲ့တာဆိုတော့ အရင်ဆုံး သမီး သူ့ကို တရားစွဲမယ်။”

အမျိုးသမီးတစ်ယောက်ရဲ့ အတွေးအခေါ်တွေက အချစ်နယ်ကျွံ ပြီးသွားသည့်နောက်မှာ အမြဲတမ်းလိုလို သိသိသာသာ တိုးတက်လာတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အခုဆိုရင် ကျန်းယွင်ရဲ့ အတွေးအခေါ်က အတော်လေးကို ရှင်းရှင်းလင်းလင်း ဖြစ်နေခဲ့သည်။

“အရင်ဆုံး သူ သမီးအပေါ်မှာ ဖောက်ပြန်တဲ့အတွက် တရားစွဲရမယ်။ သမီးမှာ မျက်မြင်သက်သေတွေရော၊ ကိုယ်တွေ့ သက်သေတွေရော ရှိတယ်။”

သူမက စွန်းမိန်ဆီကနေ ပိုးပန်းစာ တစ်စောင်ကို ဆွဲယူပြီး ပြောလိုက်သည်။ “သက်သေက လုံလောက်တယ်။ သူက အဲ့ဒါကို ငြင်းနိုင်မှာ မဟုတ်ဘူး။”

“ဒါဆို ဒါတွေအားလုံးက စွန်းမိသားစုအပေါ်မှာပဲ မူတည်လိမ့်မယ်။ တကယ်လို့ သူတို့က တွေးတတ်ရင် သူတို့တွေက လာရာလမ်းအတိုင်း ပြန်သွားလိမ့်မယ်။ စွန်းမိန်က ဉာဏ်ကောင်းတယ်ဆိုရင် ရှုလဲ့က မိန်းမရှုပ်တယ်ဆိုပြီး ပြောလိမ့်မယ်။ အဲ့စကားက မိန်းမရှုပ်တဲ့ လူတစ်ယောက်အတွက် ပေါ့လျော့တာ ဖြစ်နိုင်သလို ကြီးလေးတာလည်း ဖြစ်နိုင်ပေမယ့် အနည်းဆုံးတော့ သူက နှစ်တွေအများကြီး ထောင်ထဲမှာ နေရမှာပဲ။”

ကျန်းယွင်ရဲ့ မိဘ နှစ်ယောက်လုံးက ဘက်စ်ကား မှတ်တိုင်မှာ အလုပ်လုပ်ပြီး အခုဆိုရင် နှစ်ယောက်လုံးက လက်ထောက် ခေါင်းဆောင်တွေ ဖြစ်နေကြပြီ ဖြစ်သည်။ ကျန်းယွင်ရဲ့ အဖေက သူ့သမီး အစီအစဥ်ကို ကြားပြီးနောက် သူက သဘောတူညီမှုတွေ စလုပ်ခဲသည်။

“ဟုတ်ပြီ။ မနက်ဖြန် မနက်ကျရင် ငါနဲ့ ရဲစခန်း လိုက်ခဲ့။ အရင်ဆုံး ဒီကိစ္စတွေကို ပြောပြီး ရှုလဲ့ကို ဖမ်းမယ်။ ပြီးရင်၊ နင့်ရဲ့ အမေကို ခေါ်သွားပြီး စွန်းမိန်လို့ခေါ်တဲ့ ကောင်မလေးကို တိတ်တဆိတ် သွားကြည့်။”

ပိုပြီး အသိပညာ ကြွယ်ဝသည့် ကျန်းယွင်ရဲ့ အဖေက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။ “စွန်းမိန်ရဲ့ မိဘတွေက မကောင်းဘူး။ သူတို့က ရှုလဲ့ဆီကို သွားတာ လျော်ကြေးအတွက် ညှိနှိုင်းဖို့တဲ့။ သူတို့က သူတို့ရဲ့ သမီးကို လူတစ်ယောက်လိုတောင် မဆက်ဆံကြတာ ရှင်းရှင်းလင်းလင်း မြင်နိုင်တာပဲ။ သူ့မိဘတွေဆီ သွားပြီး သူနဲ့ တိတ်တဆိတ် စကားပြောကြည့်။ သူ ကတိပေးထားတဲ့ ပိုက်ဆံကို သူမိဘတွေဆီက သူ ရမယ်ဆိုရင် ငါ အဲ့ပိုက်ဆံကို သူ့ဆီ ပေးလိုက်တယ်။ သူ့ကိုပဲ ပေးမှာ။ ပြီးတော့ နောက်ပိုင်း သူ ရွာဘက်ဆီ သွားမယ်ဆိုရင်တောင် ငါ သူ့အတွက် ပိုကောင်းတဲ့ နေရာတစ်ခု ရှာပေးနိုင်တယ်။”

“ရှုလဲ့ကို ပြင်းထန်တဲ့ အပြစ်မျိုး ပေးနိုင်မယ်ဆိုရင် ငါ သူ့ကို ပိုပေးမယ်။”

ကျန်းယွင်က သူမရဲ့ အဖေကို အလန့်တကြား ကြည့်လိုက်သည်။ “အဖေ…..”

သူမရဲ့ အဖေက အမြဲတမ်း သူမကို သဘောမကျဘူးဟု တွေးနေမိခဲ့သည်။

သူမက ခေါင်းမာပြီး ကောင်းမွန်တဲ့ အရာတွေကို ဘယ်လို ပြောရမလဲဆိုတာ မသိပါ။

ဒီရက်တွေမှာ သူမဆီမှာ သူငယ်ချင်းတွေ များများစားစား မရှိဘူး။ မိသားစုပဲ ရှိတော့တာ။

ကျန်းယွင်ရဲ့ အဖေသည် ရှေ့နှစ်တွေတုန်းက ကုန်ကားမောင်းသူအဖြစ် လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့ စိတ်ထဲမှာ မကောင်းတဲ့ စိတ်အနည်းငယ် ရှိနေခဲ့သည်။ “နင့်အဖေက ရက်စက်တယ်လို့ မတွေးပါနဲ့။ သူတို့ အနိုင်ကျင့်တာ မြင်ရတာ သူတို့က တော်တော်လေးကို အရှက်မရှိတာပဲ။ ဒီတစ်ခေါက် နင်က အမှန်တရားကို မတော်တဆ ရှာမတွေ့ခဲ့ဘူးဆိုရင် နောက်ပိုင်း နင် ဘယ်လို လုပ်မလဲဆိုတာ တွေးကြည့်ဖူးလား။”

အနာဂတ်မှာ ဘာဖြစ်မှာလဲ။

ကျန်းယွင်က တုန်ရီနေခဲ့သည်။

တကယ်လို့ သူမသာ အမှန်တရားကို မသိခဲ့ရင် သူမက နောက်ပိုင်း စွန်းမိန်ထက် ပိုဆိုးမှာ သေချာသည်။

စွန်းမိန်က ကျေးလက်ကို သွားရန် ရွေးလို့ရသော်လည်း သူမအတွက် အနာဂတ်က ရှင်းလင်းသွားလိမ့်မည် ဖြစ်သည်။

ဒါဟာ ရှုမိသားစုကို ကျွေးဖို့အတွက် အခြားသူရဲ့ အသွေးအသားတွေကို ညှစ်ထုတ်သလို ဖြစ်နေသည်။

ကျန်းယွင် - “သမီး အဖေပြောတာ နားထောင်မှာပါ။”

စကားပြောတာ အားမရတဲ့ ကျန်းယွင်ရဲ့ ယောင်းမက လွဲလို့ တစ်မိသားစုလုံးက သူတို့ရဲ့ ရန်သူကို နာကျဥ်းမှုကြောင့် ပြန်ပေါင်းစည်းသွားကြသည်။

“ပြီးတော့…. ငါ့ညီမရဲ့ ကလေး….”

ကျန်းယွင်ရဲ့ မျက်လုံးထဲတွင် ရင်နာစရာ အရိပ်အယောင် တစ်ခုကို ဖြတ်ခနဲ မြင်လိုက်ရသည်။

ဒီကိစ္စမှာ သူမ လက်မလွှတ်နိုင်တဲ့ တစ်ခုတည်းသော အရာက ရှုတပေါင်ပဲ။

ကလေးက အပြစ်မရှိသော်လည်း သူဟာ အလိမ်အညာ တစ်ခုရဲ့ ထုတ်ကုန်တစ်ခုသာ ဖြစ်သည်။

ကျန်းယွင်ရဲ့ အမေက သူမရဲ့ သမီးလက်ကို တင်းကြပ်စွာ စကားပြောနေတာ ရပ်ဖို့ တိတ်တဆိတ်နှင့် ခြေဟန်လက်ဟန် တစ်ခုကို ပြလိုက်သည်။ “အလောတကြီးနဲ့ ဆုံးဖြတ်ချက် တစ်ခုကို မချနဲ့။ အမေက နင်နဲ့အတူ ရှိနေမယ်။ ငါတို့ အဲ့အကြောင်းကို နောက်မှ အတူတူ စဥ်းစားကြမယ်။ အခုချိန်မှာ အရေးအကြီးဆုံး အရာက ရှုလဲ့ကို ထောင်ထဲ ပို့ဖို့ပဲ။ ရှုလဲ့ လုပ်ခဲ့တဲ့ အရာက ခွင့်လွှတ်လို့ မရဘူး။ နန်းနန်း၊ သဘောမတူဘူးလား။”

ကျန်းယွင်က သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ခေါင်းငြိမ့်ကာ သူမအမေရဲ့ လက်ပေါ်မှာ မှီလိုက်သည်။

တကယ်တမ်းမှာတော့ သူတို့ရဲ့ မိသားစုဟာ တောင်ပိုင်းမှ ရောက်လာခဲ့သည့်အတွက် ကျန်းယွင် လက်မထပ်ခင်မှာ သူမရဲ့ အမေက နန်းနန်းဟု အမြဲ ခေါ်လေ့ရှိသည်။

နောက်ဆုံးမှာတော့ အရာအားလုံး အဆင်ပြေသွားကာ ကျန်းယွင်ရဲ့ အမေက ကျန်းယွင်အတွက် ရေချိုးပြီး အိပ်ရာဝင်ဖို့ ခေါ်သွားရန် စီစဥ်ပေးခဲ့သည်။

သူတို့မိသားစုက ညမိုးချုပ်သည်အထိ အလုပ်ရှုပ်နေခဲ့သည်။

အဖေကျန်း - “မင်း ဘာလို့ ငါ့ကို စကားပြောခွင့် မပေးတာလဲ။ မင်း အရင်ကလည်း ရှုတပေါင်ဆီ တိတ်တိတ်လေး သွားလည်နေကြပဲလေ။ ပြီးတော့ သူက ဒီလောက် ငယ်ငယ်လေးနဲ့ မကောင်းတဲ့ အကျင့် အားလုံးကို လုပ်နေတာ။ သူ့ရဲ့ ဗီဇကို ပြောင်းမရမှာ ငါ စိုးရိမ်မိတယ်။ ပြီးတော့ သူက ရှောင်းယွင်နဲ့လည်း တော်တော်လေး ကောင်းတဲ့ ဆက်ဆံရေးတစ်ခု ရှိတဲ့ပုံ မပေါ်ဘူး။ မင်းက ဘာလို့ အဲ့ကလေးကို ရှောင်းယွင်က တာဝန်ယူပေးစေချင်တာလဲ။”

ကျန်းယွမ်ရဲ့ အမေ - “ ဒီနှစ်တွေ ပြီးသွားတဲ့နောက် နင်က ဘာလို့ ရှောင်းယွင်ရဲ့ ပုံစံကို မမြင်နိုင်ရတာလဲ။ သူက အပြောချိုတယ်။ ပြီးတော့ စကားကြမ်းကြမ်းတွေ မပြောဘူး။ တကယ်လို့ အခုချိန်မှာ ရှင်က သူ့ကို ကလေးကို မခေါ်လာဖို့ ဖြောင်းဖြဖို့ ကြိုးစားလိုက်ရင် သူက ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။”

ကျန်းယွင်ရဲ့ အမေက ခနလောက် ရပ်ပြီးနောက် သက်ပြင်းချလိုက်သည်။ “ကလေးတွေဆိုတာ အမေ တစ်ယောက်ရဲ့ အကြွေးလိုပဲ။ ငါတို့က သူ့ကို သေချာ မြင်နိုင်အောင် လုပ်ပေးတာက ပိုကောင်းတယ်။ သူက သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကိုပဲ ချတယ်။ ငါတို့က သူ့ဘဝအတွက် နေပေးရမလား။”

ရှုတပေါင်က ကျန်းယွင်ရဲ့ အကြွေးဖြစ်သော်လည်း ကျန်းယွင်ကလည်း သူတို့လင်မယားရဲ့ အကြွေးပဲ မဟုတ်ပါလား။

ကျန်းမိသားစုက မြန်မြန်ပဲ ပြုလုပ်ခဲ့သည်။ နောက်တစ်နေ့ မနက်စောစောမှာ ကျန်းယွင်ရဲ့ အဖေက ရဲစခန်းနှင့် တော်လှန်ရေး အဖွဲ့ဆီ သွားဖို့အတွက် စီစဥ်ထားခဲ့သည်။

သူတို့ နှစ်နေရာလုံးကို သွားရသည့် အကြောင်းမှာ ကျန်းယွင်ရဲ့ အဖေက ဒီကိစ္စကို ရဲစခန်းက မကိုင်တွယ်နိုင်မှာ စိုးရိမ်နေသောကြောင့် ဖြစ်သည်။

ဒါကလည်း ပုံမှန်ပဲ ဖြစ်သည်။ လွန်ခဲ့သော နှစ်တွေတုန်းက လှုပ်ရှားမှုများတွင် ရဲစခန်းနှင့် အခြေခံ လူတန်းစားတွေအတွက် လုပ်ဆောင်ရမည့် အရာများကို အဖွဲ့အစည်းများရဲ့ နေရာ များစွာမှာ တော်လှန်ရေး အဖွဲ့က အစားထိုးခဲ့သည်။

သို့သော် မထင်မှတ်ထားတာကတော့ ကျန်းယွင် အဖေ ရဲစခန်းကို ရောက်သည့်အခါ ထိုအခြေအနေ အကြောင်း ပြောပြဖို့ မိတ်ဆွေတစ်ယောက်ကို တွေ့ခဲ့ရသည်။

ပထမဆုံးအနေဖြင့် တစ်ဖက်လူက သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ “အဖိုးကြီးကျန်း၊ ဒါက ကောင်းတဲ့ အရာတစ်ခုပါ။ မင်းသမီးက သူ့စိတ်သူ ပြောင်းလိုက်ပြီ။ သူ့အတွက် ကောင်းတဲ့နေ့တွေ ဖြစ်လာတော့မှာ မဟုတ်ဘူးလား။”

သူတို့သည် နှစ်တွေအကြာကြီး သိနေခဲ့သည့် သူငယ်ချင်းဟောင်းတွေ ဖြစ်သည်။ ကျန်းယွင်က ယောက်ျားတစ်ယောက်အတွက် သူမရဲ့ မိဘတွေကို စွန့်ပစ်ခဲ့သည့် အချစ်ရူးတစ်ယောက် ဖြစ်ကြောင်းကို အားလုံးက သိနေခဲ့သည်။ သို့သော် သူ့ရဲ့အရှေ့မှာတော့ သူငယ်ချင်းဟောင်းတွေက ကျန်းယွင်ရဲ့ အဖေအတွက် ပျော်နေဆဲ ဖြစ်သည်။

လူတွေက အသက်ကြီးလာသည့်အခါ သူတို့ကို ဒုက္ခကနေ ကယ်တင်နိုင်သည့် သားသမီးတွေ ရှိတာက အကောင်းဆုံး အရာ ဖြစ်ကြောင်းကို သူတို့ နားလည်လာကြလိမ့်မည် ဖြစ်သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၃၀

ကျန်းယွင်ရဲ့ အဖေက သက်ပြင်းချခဲ့သည်။ “ဒါက မမှန်ဘူးလို့ ဘယ်သူပြောလဲ။ သူမ အိမ်ကို လုံလုံခြုံခြုံနဲ့ ပြန်လာဖို့ပဲ မျှော်လင့်တယ်။ သူ လက်မထပ်ရင်တောင် သူ အိမ်မှာ စားစရာ တစ်ခုခုတော့ ရှိမှာပဲ။ ဒါ သူမက တစ်ခြားသူရဲ့ အိမ်မှာ ကျွန်လို လုပ်နေရတာထက်တော့ ပိုကောင်းပါတယ်။”

“ဒါက ဟုတ်တယ်။ ဒါနဲ့ မင်း သမီး ယူထားတဲ့ လူရဲ့ နာမည်က ဘာတဲ့လဲ။”

ကျန်းယွင်ရဲ့ အဖေက ပြောခဲ့သည်။ “သူ့နာမည်က ရှုလဲ့။ သူက အိမ်ရာအဟောင်းတွေထဲမှာ နေတာ။ သူက အိမ်မှာ မိဘတွေနဲ့ပဲ နေနေတာ။ သူက နိုင်ငံပိုင် စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်နေတာ။ ပြီးတော့၊ တစ်ချို့သော အကြောင်းပြချက်တွေကြောင့်နဲ့ သူက ဒုက္ခရောက်ပြီး အလုပ်ကို ရောင်းလိုက်ရတာ။ အဖိုးကြီးကျန်း၊ မင်း ဒီကိစ္စကို ကိုင်ပေးလို့ရမလား။ အိမ်နီးချင်းတွေ အားလုံးက အဲ့ကိစ္စတွေကို မြင်ပြီးပြီ။ အဲ့လူက သူ့အိမ်ကို ကောင်မလေး ငယ်ငယ်လေး တစ်ယောက်ကို လာဖို့ ခန့်ထားပြီး သူ့ကိုလည်း မေးနေကြတယ်။ ဒါက ဘယ်လိုလုပ် လိမ်နေတာမျိုး ဖြစ်နိုင်မှာလဲ။”

သူငယ်ချင်းဟောင်းကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ “ဒါက အဆင်ပြေပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အမှုပဲလေ။ ပြီးတော့ မရှုပ်ထွေးစေနဲ့။ ကျန်တာကတော့ ငါတို့ စွန်းမိန်လို့ခေါ်တဲ့ ကောင်မလေးကို မေးဖို့တော့ လိုနေတုန်းပဲ။”

ကျန်းယွင်ရဲ့ အဖေသည် အရင်ဆုံး ကံတရားက သူ့ဆီ ရောက်လာပြီဟု သူ့ကိုယ်သူ တွေးနေခဲ့သည်။ နောက်ပိုင်းမှာတော့ သူ့မိန်းမနှင့် သူ့သမီးက ဒီကိစ္စကို စွန်းမိန်ဟုခေါ်သည့် ကောင်မလေးနှင့် ဆွေးနွေးဖို့ သွားကြလိမ့်မည် ဖြစ်ပြီး ထိုကိစ္စ နှစ်ခုလုံးကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။

သူငယ်ချင်းဟောင်းကြီးက နှုတ်ခမ်းကို သပ်ပြီး ပြောလိုက်သည်။ “ဒီ ရှုလဲ့ဆိုတဲ့ နာမည်ကို ကြည့်ရတာ ဘာလို့လဲမသိဘူး။ တော်တော်လေး ရင်းနှီးနေသလိုပဲ။”

ကျန်းယွင်ရဲ့ အဖေက ဘာကိုမှ မပြောနိုင်ခင်မှာပဲ သူငယ်ချင်းဟောင်းကြီးက သူ့ပေါင်သူ ရိုက်လိုက်သည်။

“ငါ တွေးနေတာ။ ရှုလဲ့၊ ရှုလဲ့။ အဲ့ဒါက သူ မဟုတ်လား။”

“အဖိုးကြီးကျန်း၊ ငါ့ကို ခနလောက် စောင့်ကွာ။ ငါ အဲ့ကိစ္စကို သတင်းသွားပေးလိုက်ဦးမယ်။ စောင့်ဦး။”

သူငယ်ချင်းဟောင်းကြီးက ရုံးထဲကို မြန်မြန် ပြေးသွားပြီး ခနကြာပြီးနောက် စက်ဘီးတစ်စီးကို ယူကာ ထွက်လာခဲ့သည်။ “လာခဲ့။ လောင်ကျန်း၊ ငါနဲ့ ရုံးချုပ်ကို လိုက်ခဲ့။”

ကျန်းယွမ်ရဲ့ အဖေ - ???

သူက ဘာကြောင့်လဲဆိုတာ နားမလည်သည့်အတွက် သူက သူ့သူငယ်ချင်း အနောက်ကနေ လိုက်သွားခဲ့သည်။

သူတို့နှစ်ယောက်က ရုံးချုပ်ကို ရောက်သည့်အခါ သူတို့ကို နှုတ်ဆက်ဖို့ ရဲသားကြီး တစ်ယောက်က ထွက်လာနေတာကို တွေ့ခဲ့သည်။

“အဖိုးကြီးကျန်း၊ မင်း ငါ့ကို အမှန်တွေ ပြောနေတာလား။ သူက အဲ့လူကို တကယ် ဖမ်းနိုင်မှာလား။”

ရဲသားဟောင်းကြီးသည် လွန်ခဲ့သော ရက်အနည်းငယ်မှာ ကောာင်းကောင်း မအိပ်ရသေးဘဲ တော်တော်လေးကို စိတ်ရှုပ်နေခဲ့သည်။ သူတို့ရဲ့ ကိုယ်ပိုင် အဖွဲ့ထဲရှိ လူတစ်ယောက်ကတောင် မကောင်းတဲ့ အရာတစ်ခုကို အကြံပေးရင်း ပြောခဲ့သည်။ “ရှုလဲ့က တံခါးဖွင့်ပြီး မိန်းမကို ထားခဲ့တယ်လို့ တစ်ချို့တွေကတောင် ပြောသေးတယ်။ မိန်းမတွေကို ဖမ်းပြီး ရှုလဲ့ကို ဖမ်းဖို့ သူတို့တွေရဲ့ ဖြောင့်ချက်တွေကို ယူဖို့ အကြံပေးသေးတယ်။”

သို့သော် ရဲသားဟောင်းကြီးက ထိုအကြံပြုချက်ကို ငြင်းလိုက်သည်။ ပထမဆုံးအနေဖြင့် လက်တွေ့မှာ ဒီလို မကောင်းတဲ့ အကျင့်ရှိသည့် လူတစ်ယောက်ကို ဖမ်းဖို့က ခက်ခဲသည်။ မင်း သူတို့ကို အိပ်ရာထဲမှာ မဖမ်းမိရင် အဆုံးသတ် တစ်ခု လုပ်ဖို့အတွက် ဘာနည်းမှ မရှိပေ။

ဒုတိယအနေဖြင့် ဒီကိစ္စထဲ လူတစ်ယောက်ကို ဆွဲခေါ်သွားဖို့ ဘာအကြောင်းမှ မရှိပါ။ ရှုလဲ့ရဲ့ အခြေအနေက အတော်လေးကို ရှုပ်ထွေးနေခဲ့ပြီး ဖြစ်ကာ အခြား မိတ်ဆက်လာသည့် ကိစ္စတွေက ရန်သူကို သတိပေးသလို ဖြစ်နေလိမ့်မည်။

ဒီလူရဲ့ အင်္ကျီ လက်အောက်မှာ တစ်ခြား လှည့်ကွက်တွေ ရှိနေဦးမလားဆိုတာ ဘယ်သူကများ သိမှာလဲ။

သူက အဲ့အကြောင်းကို စိုးရိမ်နေရုံပဲ။ သူ ရုတ်တရက်ကြီး အဲ့မှာ ဘာသဲလွန်စမှ မရှိဘူးလို့ပြောတဲ့ ဖုန်းတစ်လုံးကို ရလိုက်သည်။ တစ်ဖက်လူကို သတိမပေးဘဲ ရှုလဲ့ကို ဖမ်းဖို့အတွက် နည်းလမ်းတစ်ခုကို ရှာရမည်။

ရဲသားကြီးက စိတ်လှုပ်ရှားနေခဲ့သည်။

လောင်ကျန်းက ခေါင်းငြိမ့်ပြခဲ့သည်။ “အထဲကို သွားပြီး စကား ပြောကြရအောင်။”

သူ အိမ်ထဲကို ဝင်လာသည့်အခါ ရဲသားကြီးက လောင်ကျန်းရဲ့ လက်ကို လှမ်းဆွဲပြီး ပြောလိုက်သည်။ “မြန်မြန် ငါ့ကိုပြော။”

လောင်ကျန်းက ကျန်းယွမ်၊ ရှုလဲ့နှင့် စွန်းမိန်တို့ အကြောင်းကို အသေးစိတ် ပြောပြလိုက်သည့်အခါ ရဲသားကြီးရဲ့ မျက်လုံးတွေ ပြူးသွားခဲ့သည်။

“ဟုတ်ပြီ။ ဟုတ်ပြီ။ ထပ်ပြီး နှေးမနေနဲ့တော့။ အခု သွားကို သွားဖမ်းကြမယ်။”

ကျန်းယွင်ရဲ့ အဖေက ဘေးနားကနေ နားထောင်းပြီး တွေဝေနေခဲ့သည်။ ဒါက လူတစ်ယောက်ကို ဖမ်းဖို့ ဒီလောက်ကြီးက ပြဿနာကြီးက ဘယ်လိုလုပ် ရှိမှာလဲ။

ဒီအခန်းထဲက ရဲသားတွေကို ကြည့်လိုက်။ သူတို့ အားလုံးက ပြုံးနေတာ။ သူတို့က အဲ့လောက်ထိ လေးလေးနက်နက် ရှိကြတာလား။

အဖိုးကြီးကျန်းက ကျန်းယွင်ရဲ့ အဖေကို ဘာတစ်ခုမှ မပြောခဲ့ပါ။ တစ်ခြားသူတွေက ကျန်းယွင်ရဲ့ အဖေဆီ တီးတိုး သတိသွားပေးပြီး အခွင့်အရေးယူခဲ့သည်။ “မင်း ပြန်သွားပြီး မင်းသမီးကို သေချာ နေဖို့ ပြောတာက ပိုကောင်းလိမ့်မယ်။ သူ့ကို ဘာမှ ထပ်ပြီး ချည်နှောင်တာတွေ မလုပ်နဲ့။”

ရှုလဲ့ပါနေသည့် ကိစ္စက အသေးအဖွဲ့ မဟုတ်ပါ။ တကယ်လို့ နောက်ပိုင်းမှာ ကျန်းယွင်က သူမရဲ့ စိတ်ထဲမှာ ပျော့ကွက်တွေ ပြသခဲ့မယ်ဆိုရင် သူမကို အလွယ်လေး ပြန်ပြီး ပတ်သက်လို့ရသည်။

ထို့အပြင် သူတို့က လက်ထပ်ထားတာ ဆယ်နှစ်ရှိပြီ ဖြစ်သည်။ တကယ်လို့ သူတို့က ဘာမှမသိဘူးဟု ပြောချင်တယ်ဆိုရင် သူတို့က သက်သေ၊ အထောက်အထားတွေ တင်ပြဖို့ လိုအပ်လိမ့်မည် ဖြစ်သည်။

ကျန်းယွင်ရဲ့ အဖေက တုန်ပြီး အတော်လေးကို နိုးနိုးကြားကြား ဖြစ်နေခဲ့ကာ ခနအတွင်းမှာပဲ သူ့ရဲ့ ကျောပေါ်မှာ ချွေးတွေ စိုရွှဲလာခဲ့သည်။

သူက တုံ့ပြန်ပြီး တွေဝေစွာဖြင့် အိမ်ကို လမ်းလျှောက် ပြန်သွားရင်း လမ်းတစ်ဝက်မှာ သူ့နဖူးသူ ရိုက်လိုက်သည်။

ဒါက ဆိုးလိုက်တာ။ ငါ့သမီးနဲ့ ငါ့မိန်းမက စွန်းမိန်ကို တွေ့ဖို့ သွားကြပြီ။ မကောင်းတာ ဘာမှ ဖြစ်မလာဖို့ပဲ မျှော်လင့်တယ်။

….

ကျန်းယွင် အကြောင်းကို တွေးကြည့်ကြရအောင်။ ကျန်းယွင်ရဲ့ အမေက ကြင်နာသည့် လူတစ်ယောက် ဖြစ်သည်။ သူမက သူမရဲ့သမီးကို စွန်းမိန်တို့ မိသားစု ရှိရာ ခြံဝန်းထဲသို့ ခေါ်သွားခဲ့သည်။ ခနကြာပြီးနောက် သူမသည် ထိုနေရာတွင်ရှိသည့် လူတိုင်းနှင့် ရင်းနှီးပြီး စွန်းလင်မယားရဲ့ အကြောင်း အရာရာကို ရှာတွေ့ခဲ့သည်။

ပြန်လာပြီးနောက် သူမက သူမသမီးကို ပြောခဲ့သည်။ “ငါ ရှင်းရှင်းလင်းလင်း မေးပြီးသွားပြီ။ ပြီးတော့ အဲ့ဒါတွေက နင့်အဖေ ပြောပြတာတွေနဲ့ အကုန်နီးပါး တူတူပဲ။”

တကယ်တမ်းမှာတော့ ကျန်းယွင်ရဲ့အဖေ ပြောတာထက်တောင် ပိုဆိုးသေးသည်။ စွန်းမိန်ရဲ့ အဖေအပါအဝင် ခြံဝန်းထဲရှိ လူအချို့ဟာ စုစန်းမိန်လိုပဲ ဖြစ်သည်။ သူတို့ ခြံဝန်းထဲတွင် ထိုလင်မယားက ဆိုးဆိုးရွားရွား လူသိများကြသည်။

ကျန်းယွမ်ရဲ့ အမေ - “ဒါလည်း ကောင်းပါတယ်။”

စွန်းမိန်ရဲ့ မိဘတွေက ပိုဆိုးလေလေ၊ စွန်းမိန်က သူတို့ရဲ့ အခြေအနေကို သဘောတူဖို့ အခွင့်အရေး ပိုကြီးလေ ဖြစ်သည်။

သေချာတာကတော့ ကျန်းယွင်ရဲ့ အမေက စွန်းမိန်ကို ဦးဆောင်ခိုင်းဖို့ အချို့ ကလေးတွေကို တွေ့ခဲ့ပြီး ညှိနှိုင်းဖို့ သီးခြားနေရာ တစ်ခုကို သွားခဲ့ပြီး ဖြစ်သည်။

စွန်းမိန်က အိမ်ကို မနေ့ကလိုပဲ မှင်သေသေနှင့် ပြန်လာခဲ့ပြီး ဒီနေ့မှာတော့ သူမက လူသေတစ်ယောက် လမ်းလျှောက်လာတာနှင့် တူနေခဲ့သည်။

သူမရဲ့ ဘဝက အဆုံးသတ်သွားပြီဟု သူမ ခံစားခဲ့ရသည်။ သူမရဲ့ မိဘတွေက ပိုက်ဆံကို ယူသွားပြီး သူမရဲ့ ဂုဏ်သတင်းကို လုံးဝ ဂရုမစိုက်ခဲ့ကြပါ။ ရှုလဲ့က မကောင်းတဲ့လူတစ်ယောက် ဖြစ်နေတာတောင် သူမရဲ့ ကိုယ်ပေါ်ရှိ မကောင်းတဲ့ အရာတွေကို ရှင်းပစ်ဖို့ မလိုအပ်နေခဲ့ပါ။

ဒါက အဆင်ပြေသွားမှာ ဖြစ်သော်လည်း နွေရာသီရောက်ရင် သူမရဲ့ ယာယီအလုပ်ကို ရောင်းဖို့ သူမရဲ့ မိဘတွေက သူမကို မနေ့ညက ပြောခဲ့ကြသည်။ သို့မှသာ သူမက ကျေးလက်ဒေသဘက်ကို သွားနိိုင်မည် ဖြစ်သည်။

စွန်းမိန်သည် သူမရဲ့ မိဘတွေကို ကြည့်ပြီး သူတို့က အတော်လေးကို သူစိမ်းဆန်တယ်ဟု ခံစားခဲ့ရသည်။

အရင်ကဆို သူမဟာ သူမရဲ့ မိဘတွေ ဂုဏ်ကျက်သရေ တိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ သိသော်လည်း အခုဆိုရင် သူမသည် သူမရဲ့ မိဘတွေဆီ ကောင်းကျိုးတွေ မသယ်ပေးနိုင်ရင် သူတို့က သူမကို အမှိုက်တစ်ခုလို စွန့်ပစ်ကြတော့မယ်ဆိုတာ သူမ သိနေခဲ့သည်။

စွန်းမိန်သည် သူမရဲ့ အရှေ့မှာ ရှိနေသည့် ကျန်းယွင်ကို ကြည့်ပြီး ကျန်းယွင်ကလည်း စွန်းမိန်ကို ကြည့်နေခဲ့သည်။

သူတို့နှစ်ယောက်က လုံးဝ မတူကွဲပြားသည့် လူနှစ်ယောက် ဖြစ်သော်လည်း သူတို့ဟာ ယောက်ျား တစ်ယောက်အတွက်နှင့် အတူတူ ရောက်လာခဲ့ကြသည်။

ကျန်းယွင်တွင် တစ်မိလီယံမှာ တစ်ယောက်သာ ရှိသည့် မိဘမျိုးကို ပိုင်ဆိုင်ခဲ့ရသော်လည်း သူမက ဆယ်နှစ်လောက် အိမ်ထောင်ရေး ဖောက်ပြန်ခြင်းကို ခံခဲ့ရသည်။

တစ်ဖက်ရှိ စွန်းမိန်မှာတော့ မကောင်းတဲ့ မိဘတွေကို ပိုင်ဆိုင်ထားရပြီး သူမရဲ့ အနာဂတ်က မသေချာပါ။

ကျန်းယွင်ရဲ့ အမေက ပြောလိုက်သည်။ “ဒီကို လာရတဲ့ ငါတို့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ မင်း အရှေ့ကို ထွက်လာပြီး ရှုလဲ့ကို ဆန့်ကျင်ဖို့ သက်သေထွက်ဆိုပေးဖို့ မျှော်လင့်ပါတယ်။ ရှုလဲ့ကို ဆန့်ကျင်ပြီး မင်းသာ သက်သေပြနိုင်သ၍ ငါတို့ မင်းရဲ့ ဘဝကို ကူညီပေးမှာပါ။”

စွန်းမိန်က တီးတိုးပြောလိုက်သည်။ “ငါ့ကို ဘာနဲ့ ကူညီပေးမှာလဲ။”

ကျန်းယွင်ရဲ့ အမေ - “မင်းမိဘတွေရဲ့ လက်ထဲကနေ လွတ်အောင် ကူညီပေးမယ်။”

ကျန်းယွင်ရဲ့ အမေ - “ငါတို့ မင်းကို ပိုက်ဆံလည်း ပေးနိုင်တယ်။ အဲ့ပိုက်ဆံ ပမာဏက အများကြီးတော့ မဟုတ်ပေမယ့် မင်း ကျေးလက်ဘက်မှာ နေတဲ့အချိန် သုံးဖို့တော့ လုံလောက်မှာပါ။ အဲ့မှာ မင်း အလုပ် လုပ်ဖို့ အတော်လေး အဆင်ပြေတဲ့ နေရာ တစ်ခုဆီ သွားဖို့ ငါတို့ စီစဥ်ပေးနိုင်တယ်။ မင်းသိလား၊ ကျေးလက်မှာ အလုပ်လုပ်ရတာက မြို့မှာနဲ့ မတူဘူး။ တစ်ချို့ အဆင်ပြေတဲ့ နေရာတွေမှာဆို စားဖို့၊ သောက်ဖို့တွေ လုံလုံလောက်လောက် ရှိရုံတင်မကဘူး၊ ဘဝတွေက အရမ်းလည်း မခက်ခဲဘူး။”

"ဥပမာအနေဲ့၊ ခရိုင်မြို့ရဲ့ လက်အောက်မှာ တပ်မဟာ အဖွဲ့တစ်ဖွဲ့ ရှိတယ်။ သူတို့ ဟိုးရှေ့နှစ်တွေကတည်းက ဆေးဖက်ဝင် အပင်တွေကို စိုက်နေခဲ့ကြတာ။ အိမ်တိုင်း ဆေးဖက်ဝင် အပင်တွေကို စိုက်ပြီး ပိုက်ဆံစုဖို့ အဲ့ဒါတွေကိုပဲ မှီခိုနေခဲ့ကြတာလို့ ငါကြားထားတယ်။ သူတို့တွေက ကလေး အများစု ကျောင်းသွားဖို့အတွက် ကျောင်းတွေ ဆောက်ဖို့လည်း သေချာလုပ်ကြတာ။ "

အဲ့လို နေရာတစ်ခုက တကယ်ကို ကောင်းတဲ့ နေရာတစ်ခုပဲ။

စွန်းမိန်က ဘာစကားမှ မပြောခဲ့ပါ။

ကျန်းယွင်သည် သူမရဲ့ အမေက စိတ်လှုပ်ရှားနေတာကို မြင်သည့်အတွက် သူမရဲ့ လက်ကို ကိုင်ပြီး ပုတ်ပေးခဲ့သည်။ “ငါ မင်းကို ပြောမယ်။”

ကျန်းယွင်က စွန်းမိန်ရဲ့ အရှေ့မှာ ရပ်ပြီး ပြောခဲ့သည်။ “တပ်သားစွန်း၊ မနေ့က ငါပြောတာ မှားသွားပါတယ်။ နင် အဲ့ကိစ္စတွေကို စိတ်ထဲမှာ မထားဖို့ မျှော်လင့်ပါတယ်။”

စွန်းမိန်က ဘာကိုမှ မတုံ့ပြန်ခဲ့ပါ။

ကျန်းယွင်က သူမကို သတိပေးခဲ့သည်။ “နင့်ကို လိမ်တယ်ဆိုပြီး ပြောမိလို့လည်း တောင်းပန်ပါတယ်။”

မနေ့ကနေ ဒီနေ့အထိ ရှုလဲ့ရော၊ စပြောတဲ့သူတွေရော၊ သူမရဲ့ မိဘတွေရော ဘယ်သူကမှ စွန်းမိန်ကို တောင်းပန်ပါတယ်ဟု မပြောခဲ့ကြပါ။

ဒါတွေ အားလုံးဟာ သူမ အရမ်း တုံးအလို့ ဒါတွေ အားလုံးက သူမရဲ့ အပြစ်တွေပဲဟု လူတိုင်းက သူမကို အပြစ်တင်နေခဲ့ကြသည်။ ရလဒ်အနေဖြင့် အခုချိန်မှာ နစ်နာသူဖြစ်ခဲ့ရသည့် ကျန်းယွင်ကလည်း တောင်းပန်စကား ပြောခဲ့သည်။

စွန်းမိန်က ဖြည်းဖြည်းချင်း ရှိုက်ရင်း သူမရဲ့ ငိုသံက ပိုပိုပြီး ကျယ်လာခဲ့သည်။

ကျန်းယွင်က သူမအမေရဲ့ လက်ကို ကိုင်ပြီး သူမ ငိုပြီးတဲ့အထိ ငြိမ်ငြိမ်လေး စောင့်ပေးခဲ့သည်။

စွန်းမိန် - “ငါလုပ်မယ်။”

စွန်းမိန်က နှာခေါင်းကို ရှုံ့လိုက်သည်။ “ငါ အရှေ့ကို ဆက်လုပ်ချင်တယ်။ ရှုလဲ့ကို အပြစ်ပေးနိုင်မယ်ဆိုရင် ငါ ဘာမဆို လုပ်မယ်။”

ကျန်းယွင်ရဲ့ အမေက ပျော်သွားခဲ့သည်။ “ဟုတ်ပါပြီ။ ဒါဆို နေ့လည်၊ မဟုတ်ဘူး၊ အခု ငါတို့နဲ့အတူတူ ရဲစခန်းကို လိုက်လာပေးနိုင်မလား။”

စွန်းမိန်က ထိုကိစ္စကို နောင်တရသွားမှာ စိုးရိမ်နေခဲ့သည်။

စွန်းမိန်သည် သူမအိမ်နှင့် ပတ်သက်ပြီး ဘာနောင်တမှ မရှိဘဲ ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောလိုက်သည်။ “ငါ အဲ့ဒါကို လုပ်နိုင်ပါတယ်။”

သူမက သူမရဲ့ ပစ္စည်းတွေကို ယူဖို့ ပြန်မသွားခဲ့သလို ပြန်ပြီး ဘာစကား တစ်ခွန်းမှလည်း မပြောခဲ့ပါ။ သူမရဲ့ မိဘတွေက အိမ်မှာ မရှိဘဲ ပိုက်ဆံတောင်းဖို့ ရှုမိသားစု အိမ်ကို သွားကြပြီဆိုတာ သူမ သိနေခဲ့သော်လည်း သူမက သူမရဲ့ မိဘတွေဆီ အကြောင်းကြားဖို့ ရည်ရွယ်ချက် ရှိမနေခဲ့ပါ။

တကယ်တမ်းမှာတော့ စွန်းမိန်က သူမရဲ့ အနောက်မှာ ရှိနေတာက လုံးဝ သူမရဲ့အိမ် မဟုတ်ဘူးဟု ခံစားနေခဲ့ရသည်။

“အဒေါ်၊ ကျွန်မ လိုက်လာပြီးရင် ကျွန်မ နေဖို့အတွက် နေရာ တစ်ခု ရှာပေးမယ်လို့ မျှော်လင့်ပါတယ်။ နှစ်သစ်ကူးပြီးသွားရင် ပထမဆုံး ပညာတတ်လူငယ် အဖွဲ့နဲ့ လိုက်သွားမယ်။”

ကျန်းယွင်ရဲ့ အမေက ပြောလိုက်သည်။ “ရပါတယ်။ ကိစ္စမရှိပါဘူး။ ငါ့သားကို ပေးထားတဲ့ အိမ်ကလည်း တစ်ယောက်ခန်း။ ပြီးတော့ ဘယ်သူမှလည်း မရှိဘူး။ မင်း အဲ့ကို ပြောင်းနေလို့ ရတယ်။ မပူပါနဲ့။ ငါ မင်းကို ကတိပေးထားသမျှ အရာအားလုံး ငါပေးမှာပါ။”

လူများစွာက ရဲစခန်းဆီ ပြေးသွားခဲ့ကြသော်လည်း လူတစ်ယောက်က ရှုလဲ့ကို ဖမ်းဖို့အတွက် သွားပြီဆိုတာ ကြားသည့်အခါ သူတို့က ရောက်လာခဲ့ကြသည်။

ရဲတွေက စွန်းမိန် ပြောသမျှ ဖြောင့်ချက်တွေကို ယူထားပြီး ကျန်းယွင်ကိုလည်း သက်သေခံပေးခဲ့သည်။

သိပ်မကြာခင်မှာပဲ ဖမ်းဖို့ ထွက်သွားသည့် ရဲတွေက ပြန်ရောက်လာခဲ့သည်။

ရှုလဲ့ကို ဖမ်းမိခဲ့ရုံသာမက စွန်းမိန်ရဲ့ မိဘတွေကိုလည်း ဖမ်းမိခဲ့သည်။ အဒေါ်ရှုက တပေါင်ကို ခေါ်ပြီး ငိုလာကာ အနောက်ကနေ လိုက်လာခဲ့သည်။

စွန်းမိန်ရဲ့ အဖေက သူ့သမီးကို မြင်သည့်အခါ သူက ဒေါသထွက်သွားခဲ့သည်။ “စွန်းမိန်၊ ငါတို့ မိသားစုက ရှုလဲ့နဲ့ ဘာမှ မဆိုင်ဘူးဆိုတဲ့အကြောင်း လူတိုင်းကို ပြောပြလိုက်။ သူတို့က ဘာလို့ ငါတို့ကိုပါ ဖမ်းရတာလဲ။”

အစပိုင်းမှာတော့ စုစန်းမိန်က ကြောက်နေခဲ့သော်လည်း သူမရဲ့ သမီးကို မြင်သည့်အခါ သူမက ဆူပြီး ရိုက်ဖို့ ပြေးသွားခဲ့သည်။ “ဪ၊ နင်ကိုး။ နင့်ရဲ့ အဖေနဲ့ ငါ့ကို ဖမ်းခံရအောင် နင် လုပ်ခဲ့တာလား။ ကျေးဇူး မသိတတ်ဘဲ နှလုံးသားမရှိတဲ့ ခွေးမ။”

ရှုလဲ့က လန့်လာခဲ့သည်။ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်နေတာကို သူသိခဲ့ရသည်။ စွန်းမိန်နှင့် ကျန်းယွင်က တကယ်ကို အတူတူ ထိုင်နေခဲ့ကြသည်။ သူတို့ နှစ်ယောက်က ရန်လိုနေတဲ့ အနေအထား တစ်ခုမှာတောင် မဟုတ်ကြပါ။ သူတို့ နှစ်ယောက်က ရဲစခန်းမှာ ရလဒ်တစ်ခုကို အတူတူ စောင့်နေတယ်ဆိုတာ သိသာနေခဲ့သည်။

All Chapters