အခန်း (၂၃၁-၂၃၂)
Vol. 20 Ch. 231-232
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၃၁
အဒေါ်ရှုက ထိုအခြေအနေကို သိပ်ပြီး ဂရုမစိုက်ဘဲ ကျန်းယွင်ရဲ့ အရှေ့မှာ ဒူးထောက်လုနီးပါး ဖြစ်နေခဲ့သည်။
“ ရှောင်းယွင်၊ နင် ဒီလောက်ကြီး ရက်စက်လို့ မရဘူး။ နင် ဘာလို့ ဒီလောက် ရက်စက်နိုင်ရတာလဲ။ နင်က ဘာလို့ ကိုယ့်ယောက်ျားကို သတင်းပေးနိုင်ရတာလဲ။ နင့်မှာ နှလုံးသား မရှိဘူးလား။ နင် တပေါင်ကို ထပ်ပြီး မလိုချင်တော့ဘူးလား။”
အခန်းထဲရှိ ထိုဆူညံသံတွေက ရဲတွေကို စိတ်ရှုပ်သွားစေခဲ့သည်။
ရဲသားကြီးက သူ့မျက်ခုံးသူ ပွတ်ပြီး ပြောလိုက်သည်။ “လူခွဲလိုက်ကြ။”
သူတို့ကို လူစု မခွဲဘူးဆိုရင် ကောင်းတော့မည် မဟုတ်ပါ။ မိသားစုတွေ အများကြီး ကြားထဲရှိ ကိစ္စတွေက အကုန်လုံး ရောသွားခဲ့ပြီ ဖြစ်သည်။ ဒါက အရမ်းကို ဆူညံပြီး လူတွေက ပစ္စည်းတွေကို လုယူနေသည့် သမဝါယမ စျေးကြီးနှင့် တူနေခဲ့သည်။
ရဲတွေ ရောက်လာပြီး သူတို့ကို လူစု ခွဲလိုက်ကြသည်။ စွန်းလင်မယားကို တစ်ဖက်သို့ ခေါ်သွားပြီး ရှုလဲ့ကိုတော့ တစ်ယောက်တည်း ထိန်းသိမ်းထားခဲ့သည်။ မိသားစုဝင်တွေကို အဲ့နေရာမှာ ထားခဲ့ပြီး စကားပြောဖို့ အချိန်အနည်းငယ် ပေးခဲ့သည်။
စွန်းမိန်ရဲ့ဘက်က ညှိနှိုင်းဖို့ ပိုလွယ်ကူသည်။ သူမရဲ့ မိဘတွေကို သူတို့က ဘာလို့ ဖမ်းခဲ့လဲဆိုတာ သူမက ရဲတွေကို မေးလိုက်သည်။
ရဲသားကြီးက ရှင်းပြဖို့ ခက်ခဲသည့် မျက်နှာမျိုး ဖြစ်နေခဲ့သည်။ “ငါတို့က လူတစ်ယောက်ကို ဖမ်းဖို့ သွားတာ။ မင်းအမေက သူ့ကို ပိုက်ဆံ မပေးရသေးလို့ သူက ရှုလဲ့ဆီကနေ ယွမ်နှစ်ရာ လိုချင်တယ်ဆိုပြီး ပြောနေတာ။ ပြီးတော့ ရှုမိသားစုရဲ့ မိန်းမကလည်း သဘောမတူဘူး။ သူတို့က ရန်တွေ ဖြစ်ပြီး သွေးတွေ ထွက်လုနီးပါးပဲ။ နင့်အဖေကလည်း သူတို့နဲ့ ညှိဖို့ လာတာဆိုပြီး ရန်ဝင်ဖြစ်ကြတာ။ ငါတို့ ပြီးခါနီးမှ အချိန်မှီလေး ရောက်သွားကြတာ။”
စွန်းမိန်က တွေဝေသွားခဲ့သည်။ “ သူတို့က ဘယ်လောက်ကြာကြာ နေမှာလဲ။”
ရဲသားကြီး - “အနည်းဆုံး ငါးရက်လောက်ပေါ့။ ငါတို့လူတွေက သူတို့ကို တားဖို့ သွားပေမယ့်လည်း မင်းအမေက ဘာအကြောင်းပြချက်မှ မရှိဘဲ လူတိုင်းကို ရိုက်နေတာလေ။”
ပိုပြီး တိတိကျကျ ပြောရရင် စုစန်းမိန်ရဲ့ အပြုအမူက ရဲတစ်ယောက်ကို ကိုယ်ထိလက်ရောက် လုပ်တာမျိုး ဖြစ်သည်။
ငါးရက်လောက် ထိန်းသိမ်းဖို့ဆိုတာ မတရားတာမျိုး မဟုတ်ပါပေ။
စွန်းမိန်က စိတ်သက်သာရာရပြီး သက်ပြင်းချခဲ့သည်။ တကယ်လို့ ဒါက ငါးရက်ပဲဆိုရင် ဒါက အမှန်ပဲ ဖြစ်သည်။ အရင်ဆုံး သူမက အိမ်မှာပဲ နေပြီး ငါးရက် ကြာပြီးနောက်မှာ ပညာတတ် လူငယ်တွေဆီ သွားမည် ဖြစ်သည်။ အဆိုးဆုံးကတော့ သူမက ကျေးလက်ကို တစ်ယောက်တည်း သွားလိမ့်မည် ဖြစ်သည်။ အရင်နှစ်တွေတုန်းက လူအချို့သည် အရမ်း အစောကြီး ထွက်သွားခဲ့ကြသည်။ တစ်နှစ်အတွင်းမှာ သူတို့က နှစ်သစ်ကူးနေ့ ရောက်သည့်အခါတိုင်း သွားကြမယ်ဆိုတာ သူမ ကြားထားပြီး ဖြစ်သည်။
သူမရဲ့ မိဘတွေက ကျိန်ဆဲနေဆဲဖြစ်သော်လည်း စွန်းမိန်ရဲ့ စိတ်ကတော့ တစ်နေရာကို ရောက်နေခဲ့သည်။
စုစန်းမိန်က ငိုပြီး ပြဿနာ ရှာခဲ့သော်လည်း နောက်ဆုံးမှာတော့ သူမတို့ကို ငါးရက်လောက် ထိန်းသိမ်းထားမယ်ဆိုတဲ့ သတင်းကို ကြားခဲ့ရသည်။ သူမက ပြာယာခက်သွားခဲ့သည်။
စွန်းမိန်ရဲ့ အဖေကလည်း ပိုပြီးတောင် တွေဝေသွားခဲ့သည်။
သူသည် ငါးရက်လောက် အချုပ်ကျပြီး သူပြန်ထွက်လာသည့်အခါ သူက နှစ်ရက်လောက် အလုပ်ပျက်ရတော့မည် ဖြစ်သည်။
သူတို့ရဲ့ နှစ်သစ်ကူး ပိတ်ရက်က တစ်ရက်တည်း ပေးသည့်အတွက် သူနောက်ကျတာက ကိစ္စမဟုတ်သော်လည်း သူတို့ အချုပ်ကျသွားလို့ နောက်ကျသွားခဲ့ရင် အရာအားလုံးက ပြီးသွားလိမ့်မည် ဖြစ်သည်။
စွန်းမိန်ရဲ့ အဖေက သူ့ကိုယ်သူ သံတိုင်တွေ အနောက်သို့ ဝင်သွားကာ မျက်နှာပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့သည်။ “တပ်သား။ ငါ့ကို ကူညီပေးပါ။ ငါ့မှာ အလုပ်တစ်ခုနဲ့ ထောက်ပံ့ပေးစရာ မိသားစုတစ်စုလည်း ရှိနေလို့ပါ။ မင်း ငါ့ကို သုံးရက်လောက်ပဲ ချုပ်ထားလို့ ရမလား။ ကျေးဇူးပြုပြီး သုံးရက်လောက်ပါပဲ။”
သုံးရက်လောက်ပဲဆိုရင် သူလည်း အလုပ်ပျက်ရမည် မဟုတ်ပါ။ အထဲရှိ သတင်းတွေသာ ပြန့်သွားရင်တောင် သူ့ရဲ့ မိန်းမက သူ့ကို ပါဝင်ခိုင်းတာလို့ ပြောလို့ရသည်။
ရဲသားကြီး - “မင်း ဘာတွေ စဥ်းစားနေတာလဲ။ ငါတို့က စည်းမျဥ်းအတိုင်းပဲ လုပ်နေတာ။ မင်းလုပ်ခဲ့တာတွေက တော်တော်လေး ဆိုးတာကိုး။”
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ရှုမိသားစုက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ရှုမိသားစုကို ဓားပြတိုက်မှုနှင့် တရားစွဲလို့တောင် ရသည်။
လူတစ်ယောက်ရဲ့အိမ်ကို ဓားပြတိုက်ဖို့ သွားတာဆိုရင် အပြစ်ပေးခံရဖို့ကို စောင့်နေရရုံသာ မဟုတ်ဘူးလား။
စွန်းမိန်ရဲ့ အဖေက မြေပေါ်ကို လဲကျသွားကာ အရာအားလုံး ပြီးသွားပြီ ဖြစ်သည်။
သူက ထောင်ကျသွားပြီး သူထွက်လာသည့်အခါ နောက်ထပ် အလုပ်တစ်ခု ရှာဖို့ဆိုတာ သူ့အတွက် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
မိသားစု တစ်ခုလုံးရဲ့ ဝင်ငွေကလည်း မရှိတော့ဘူး။ ငါတို့တွေ ဘယ်လို ဆက်ပြီး အသက်ရှင်ရမှာလဲ။
တစ်ဖက်မှာလည်း ရှုမိသားစုက ပြဿနာတစ်ခုကို ရှာနေခဲ့သည်။
ပိုပြီး တိတိကျကျ ပြောရရင် အဒေါ်ရှုက ပြဿနာ ရှာနေခဲ့သည်။
သူမသည် ကျန်းယွင် အရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်နေခဲ့သည်။ “ ရှောင်းယွင်၊ ရှုလဲ့ကို ခွင့်လွှတ်ပေးပါ။ နင် မကွာရှင်းချင်ဘူးမလား။ နင် ငါတို့ကို တရားမစွဲသ၍ ငါတို့ သဘောတူပါတယ်။”
ကျန်းယွင်ရဲ့ အမေက သူမကို ဆွဲထုတ်သွားခဲ့သည်။ “အဲ့အကြောင်း စိတ်တောင် စိတ်မကူးနဲ့။”
ဘာကိစ္စကြောင့် သူမရဲ့ သမီးက ကွာရှင်းချင်ရတာလဲ။ ဆက်ဆံရေးကို ဖြတ်တောက်ပစ်ရုံသာ ဖြစ်သည်။ ရှုလဲ့လို လူမျိုးက ထောင်ထဲကို ဝင်သင့်သည်။
ငြင်းပြီး အဒေါ်ရှုက သူမရဲ့ မြေးကို မြန်မြန် ဆွဲကွာ သနားသဖွယ် လုပ်ပြခဲ့သည်။ “တပေါင်ကို ကြည့်လိုက်။ တပေါင်ကို ကြည့်ပါဦး။ ရှောင်းယွင်၊ တပေါင်လေး အဖေမရှိတော့အောင်အထိ နင်က ရက်စက်ပြီလား။ နင့်မှာ တပေါင်ရဲ့ တစ်ဘဝလုံး အဖေမရှိဘူးဆိုတဲ့ ဂုဏ်သတင်းမျိုး ခံစားရအောင် လုပ်ဖို့အထိ နင့်မှာ အဲ့လို နှလုံးသားမျိုး ရှိတာလား။”
ကျန်းယွင် ရင် နာသွားခဲ့ရသည်။ သူမသည် သူမရဲ့ လည်ချောင်းထဲကနေ စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ပြောထွက်အောင် မနည်း လုပ်နေရသည်။ “တပေါင်ကို ကျွန်မ ဂရုစိုက်မှာပါ။”
အဒေါ်ရှု - “နင် ဘာတွေ ပြောနေတာလဲ။ နင်က ကလေး အဖေ မဟုတ်ဘူး။ တပေါင်က ငါတို့ ရှုမိသားစုရဲ့ အဓိကပဲလေ။ ရှုလဲ့က သူ့ရဲ့ အဖေပဲလေ။ တပေါင်၊ တပေါင်။ ဒီကို လာပြီး နင့်အမေကို ပြောလိုက်။ သူ့ကို တရားမစွဲဖို့ ပြောလိုက်။”
ကျန်းယွင်က သူမသားရဲ့ ခေါင်းလေးကို ကိုင်ပြီး ပြောလိုက်သည်။ “တပေါင်၊ ငါ့ကို ရှင်းပြခွင့်ပေး….”
“ငါ နင်ပြောတာ မကြားချင်ဘူး။ နင်က မကောင်းတဲ့ မိန်းမပဲ။ ငါ နင်နဲ့ မနေချင်ဘူး။”
တပေါင်က ကျန်းယွင်ရဲ့ လက်ကို ဖယ်ထုတ်ပြီး သူ့ရဲ့ အကြည့်တွေဟာ နာကျဥ်းချက်အပြည့် ဖြစ်နေခဲ့သည်။
ကျန်းယွင်က မှင်သက်သွားခဲ့သည်။ “တပေါင်။”
ရှုတပေါင်က သူ့အဖွားရဲ့ အနောက်ဘက်ကို ပြေးသွားခဲ့သည်။ “ငါ နင့်ကို မလိုချင်ဘူး။ နင်က ငါ့အပေါ်မှာ မကောင်းဘူး။ နင်က အမြဲ ငါ့ကို ဒါလုပ်ဖို့၊ ဟိုဟာလုပ်ဖို့ဆိုပြီးပဲ ပြောနေတာ။ ငါ နင့်ကို မလိုချင်ဘူး။ ငါ့အဖေကို ပြန်သွားခေါ်ပေး။ ငါ့အဖေနဲ့ အဖွားကိုပဲ လိုချင်တယ်။ ငါ့မျိုးရိုးနာမည်က ရှုပဲ။”
ကျန်းယွင်သည် သူမရဲ့ ဘေးနားရှိ အရာအားလုံးက အေးစက်သွားသလို ခံစားခဲ့ရသည်။ 'ဒါက သူမရဲ့သားလား။ ဒါဟာ သူမ အတော်လေး ကြိုးစားပြီး မွေးခဲ့ရတဲ့ ကလေးလား။ '
သို့သော် ကျန်းယွင်ရဲ့ အမေကတော့ သူမရဲ့ ခမည်းခမက်တွေကို ရွံရှာစွာ ကြည့်ပြီး သူမရဲ့ သမီးကို ခေါ်ပြီး လှည့်ထွက်ခဲ့သည်။
“ငါတို့ လက်မလျှော့ဘူး။ နင့်ကလေးရဲ့ မျိုးရိုးနာမည်က ရှုပဲ။ အဲ့တော့ နင်တို့တွေ သူ့ကို ပျိုးထောင်ပေးရမယ်။”
ဒီလို ကျေးဇူးမသိတတ်သည့် ကလေးတစ်ယောက်ကို ဘာကြောင့် ပျိုးထောင်ပေးရမှာလဲ။
ကျန်းယွင်ရဲ့ အမေက ကျန်းယွင်ကို ဆွဲခေါ်သွားပြီး အဒေါ်ရှုကို အနောက်မှာ ထားခဲ့ကာ သူမရဲ့ မျက်နှာက ချွေးတွေ စိုနေခဲ့သည်။
အဒေါ်ရှုက စိတ်ရှုပ်နေသလို ကြောက်လည်း ကြောက်နေခဲ့သည်။ “နင် ဘာလို့ အဲ့လို ပြောရတာလဲ။ ဒါက နင့်အမေလေ။”
ရှုတပေါင်ကို ကြည့်ရတာ တွေဝေသွားခဲ့သည်။ “ဒါပေမယ့် အဖွား၊ ဒါကို အဖွားပဲ ပြောတာလေ။”
ရုတ်တရက်ဆိုသလို အဒေါ်ရှုက သူမရဲ့ မြေးကို ပြောခဲ့သမျှ စကားတိုင်းကို မှတ်မိသွားခဲ့သည်။
“နင့်အမေက နင့်ကို ပေးမဆော့ဘူး။ သူက ဘယ်လောက် ဆိုးလဲဆိုတာ ကြည့်လိုက်ဦး။”
“နင့်ရဲ့ မျိုးရိုးနာမည်က ရှုပဲ။ ငါတို့ မိသားစုထဲမှာ နင့်အဖေနဲ့ ငါက အနီးကပ်ဆုံးပဲဆိုတာ မှတ်ထား။”
“နင်က တကယ်တော်တဲ့ ကောင်လေးပဲ။ တပေါင်။ နင့်အမေက ဘယ်လိုလုပ် ဒီလောက် ကျက်သရေတုံးပြီး အမြဲ နင့်ရဲ့ အမှားတွေကိုပဲ ရှာနေတာ။”
အဒေါ်ရှုက လဲကျသွားသည့်အခါ လူတစ်ယောက်ရဲ့ အသံကို ကြားခဲ့ရသည်။
“သေစမ်း။ ဘာလို့ ဒီမိန်းမကြီးက မူးလဲသွားရတာလဲ။ ဒါက ပြဿနာတွေ တိုးလာရုံပဲမလား။”
ရှုလဲ့နှင့် တစ်ခြံတည်း နေနေကြသည့် လူတွေအတွက်ကတော့ ဒီနေ့က အတော်လေးကို ကြည့်ကောင်းသည်။
ပထမဆုံးအနေဖြင့် စွန်းမိသားစုက ပိုက်ဆံတောင်းဖို့ ပြန်ရောက်လာပြီး ကြာပွတ်ပေါ်မှာ စျေးကို တင်ကာ ရှုမိသားစုနှင့် စပြီး ရန်ဖြစ်ခဲ့ကြသည်။ အဒေါ်ရှုက ကြားဝင်ဖို့ လုပ်လိုက်သည့်အခါ သူတို့ကြားထဲကို ရဲလေးယောက် ရောက်လာခဲ့သည်။
ရဲလေးယောက်က လူတိုင်းကို ခေါ်သွားပြီး အနောက်မှာ အဖိုးကြီးရှုကိုသာ ထားခဲ့သည်။ အကြောင်းမှာ အဖိုးကြီးရှုက ကျန်းမာရေး မကောင်းဘဲ အိပ်ရာထဲတွင် လဲနေခဲ့သည်။
ကျန်နေတဲ့သူတွေကို ရဲစခန်းသို့ ခေါ်သွားခဲ့သည်။
ရှုလဲ့ကိုလည်း ခေါ်သွားခဲ့သည်။
သတင်းက တောမီးလို ပြန့်သွားခဲ့သည်။
“သူ့မိန်းမက သဘောတူမှာ မဟုတ်ဘူးလို့ ငါပြောသားပဲ။ သူ့အတွက် ကျန်းယွင် လုပ်ပေးခဲ့တာကို ကြည့်ဦးလေ။”
“ဒါမှမဟုတ်လည်း သူ အဲ့ဒါနဲ့ ထိုက်တန်လို့နေမှာပေါ့။ မိန်းမအပေါ်မှာပဲ မှီခိုနေရတဲ့သူလိုလူက အပြင်ဘက်မှာ ပြဿနာ တက်ဖို့ကို သေသလိုပဲ မေးမှာတဲ့လား။”
“သူက အဲ့ဒါနဲ့ တန်ပါတယ်။ သူ့ကို ထောင်ချသင့်တယ်။ ဒီလူက ဘယ်လိုလူလဲ။ သူက ငါတို့ရဲ့ ဂုဏ်ရှိတဲ့ နေရာကို ဖျက်စီးပစ်တာ။”
ဝမ့်ရင်းက ကိစ္စ တစ်ခုလုံးကို အစကနေ အဆုံးအထိ သိနေခဲ့ပြီး ချမ့်တုန် ပထမဆုံး ပေးသည့် သတင်းရဲ့ အကူအညီဖြင့် သူက မှန်ကန်တဲ့ အဆုံးသတ်တစ်ခုကို မြန်မြန်ပဲ ရှာနေခဲ့သည်။
“သူနဲ့ တန်တာပဲလေ၊ ဟုတ်တယ်။”
ဝမ့်ရင်းက လက်ခုပ်တီးလိုက်သည်။ ဒါက ကောင်းတဲ့ အရာတစ်ခု မဟုတ်ဘူးလား။ ရှုလဲ့က ဖမ်းခံလိုက်ရပြီ။ ကျန်းယွင်ကလည်း သူ့အမေတွေအိမ်ကို ပြန်သွားပြီ။ ပြီးတော့ စွန်းမိန်က ကျေးလက်ကို သွားပြီဆိုပေမယ့် ဒါ သူ့ရဲ့ အနာဂတ်က အရမ်းကြီး မဆိုးတော့မယ့်ပုံပဲ။
စွန်းမိန်ရဲ့ မိဘတွေဖြစ်သည့် ရှုရွှမ်းရဲ့ အမည်ခံ တတိယမြောက် အဒေါ်နှင့် ဦးလေးအတွက်ကတော့ ဝမ့်ရင်းသည် လုံးဝ သဘောကျတဲ့ပုံစံမျိုး မပြခဲ့ပါ။
“အဲဲဒါကောင်းတယ်။ သူတို့ နှစ်ယောက်လုံး ထောင်ထဲကို သွားရမှာ။ သူတို့ရဲ့ သမီးကိုတောင် ပြန်ရောင်းစားတဲ့ သူတို့လို လူတွေကို သင်ခန်းစာတစ်ခု ပေးရမှာပဲ။”
စွန်းမိန်က သနားဖို့ကောင်းသော်လည်း အခုဆိုရင် သူမက သူမ မိဘတွေ အနိုင်ကျင့်တာကို ခံခဲ့ရသည်။ တကယ်တော့ သူတို့မှာ သနားညှတာစိတ် လုံးဝကို မရှိပါ။
ရှုရွှမ်းက ဝမ့်ရင်းရဲ့ လက်ထဲကို ပြင်ထားသော ပဲလိပ်ကို ထည့်ပြီး ပြောလိုက်သည်။ “ဒီကိစ္စတွေ နောက်ရက် နည်းနည်းလောက်နေရင် အဆုံးသတ်သွားမှာကို စိုးရိမ်မိတယ်။”
ရှုလဲ့က ထောင်ထဲကို သွားပြီး ဒါဟာ ပြန်ပေးဆွဲတာနှင့် ပတ်သက်ပြီး သူဘာမှမလုပ်သည့် အရာအတွက် ဖြစ်သည်။ အခုဆိုရင် သူ့ရဲ့ အပေါင်းအဖော်တွေက အမှောင်ထဲမှာ မျက်မမြင်လို စမ်းတဝါးဝါး ဖြစ်နေသည်။ ထို့အပြင် သူတို့ရဲ့ သတိကလည်း လုံးဝ မကြီးပါ။
သူတို့က အဲ့ကိစ္စကို လုပ်မယ်ဆိုရင် သူတို့ကို ရဲတွေက မြန်မြန်ပဲ ဖမ်းမိသွားကြလိမ့်မည် ဖြစ်သည်။
ဝမ့်ရင်းက သူမရဲ့ လက်ဖဝါးကို လေဖြင့် မှုတ်လိုက်သည်။ “အဲ့ကောင်ကို မြန်မြန် ဖမ်းလိုက်ကြ။ သူ့ကို ဖမ်းမိသွားရင် ကျွန်မတို့လည်း နေလို့ကောင်းသွားမှာ။”
အဲ့လိုမှမဟုတ်ရင် သူမက အဲ့သူခိုးအဖွဲ့ ပြဿနာတွေ ပိုရှာမှာကို အမြဲတမ်း စိုးရိမ်နေရမှာပင်။
ရှုရွှမ်းက သူတို့ မိသားစုရဲ့ အဓိက ကိစ္စ အကြောင်းကို ပြန်ပြောလိုက်သည်။ “နှစ်သစ်ကူး ညစာ စားပွဲအတွက် ဘာစားချင်လဲ။”
ဒီနေ့က ၂၉ ရက်နေ့ဖြစ်ပြီး မနက်ဖြန်က ၃၀ရက်နေ့ ဖြစ်သည်။ လူတွေက ဒီနေ့ကတည်းကနေ စတင်ပြီး ပြင်ဆင်နေမှာ သေချာသော်လည်း သူတို့ရဲ့ မိသားစုမှာ လူအနည်းငယ်သာ ရှိသည့်အတွက် သူတို့မှာ မနက်ဖြန် ညအတွက် စားစရာ ပြင်ဆင်ဖို့ အချိန် မရှိပါ။
ဝမ့်ရင်းသည် သူမ ဟင်းပွဲတွေကို မှာနေရင်း လက်ချောင်းများဖြင့် ရေတွက်နေခဲ့သည်။ “ကျွန်မတို့မှာ ငါးပုတ်သင်တစ်ကောင် ကျန်သေးတယ်ဆိုတော့ ငါးပုတ်သင်ခေါက်ဆွဲ လုပ်စားရအောင်။ ပြီးတော့ ဘဲသားကို ဘဲကင် လုပ်မယ်။ အိမ်မှာ ကြက်သားလည်း ရှိသေးတယ်။ ဒါပေမယ့် ကြက်သားကြော်တော့ မစားချင်ဘူး။ အဲ့တော့ ကြက်သားလုံး လုပ်စားကြရအောင်။”
ရှုရွှမ်း - “နောက်ထပ် ဟင်းပွဲနှစ်ပွဲကို ထပ်ထည့်ဦး။ တစ်ပွဲက ရတနာရှစ်မျိုး ထမင်းနဲ့၊ နောက်တစ်ခုက ပင်လယ်စာ အစုံ ကြာဇံပြုတ်။”
ရတနာရှစ်မျိုး ဆန်ပူတင်းကိတ်ကို ချမ့်တုန်ရဲ့ စိတ်ကြိုက် အရသာဖြစ်အောင် လုပ်ပေးထားသည်။ တကယ်တမ်းမှာတော့ ချမ့်တုန်သည် တောင်ပိုင်းမှ လာတဲ့သူဖြစ်ပြီး တရုတ် နှစ်သစ်ကူးအတွက် ရတနာ ရှစ်မျိုး ကောက်ညှင်းဆန်ကို စားချင်နေခဲ့သည်။ ပင်လယ်စာ ကြာဇံပြုတ်က ရှုရွှမ်းရဲ့ အရိုးရှင်းဆုံး ပုံစံဖြစ်ကာ ပုံမှန် ပါဝင်ပစ္စည်းတွေကိုပဲ သုံးထားသည်။
ပုစွန်အစား ပုစွန်ခြောက်နှင့် ကမာနှင့် ဆန်ပြုတ်ကို ထည့်ထားသည်။ ကြက်ဥနှင့် ပဲပင်ပေါက်ကိုလည်း ထည့်ထားခဲ့သည်။ ကြာဇံပြုတ်က ရိုးရှင်းသော ပါဝင် ပစ္စည်းများဖြင့် ပြုလုပ်ထားသော်လည်း သူ့ရဲ့ အရသာက တော်တော်လေးကို ကောင်းသည်။ ဒါဟာ မကြာသေးခင်ကမှ ဝမ့်ရင်း အတော်လေးကို သဘောကျခဲ့ရသည့် ဟင်းပွဲတစ်ပွဲ ဖြစ်သည်။
နှစ်သစ်ကူး ညစာ စားပွဲအတွက် စောစောစီးစီး ပြင်ဆင်မှုတွေကို စလုက်ခဲ့ကြပြီး ရှုရွှမ်းနှင့် ချမ့်တုန်က အလုပ်ရှုပ်နေခဲ့ကြသည်။ အိမ်မှာလည်း ပါဝင်ပစ္စည်းတွေ လုံလုံလောက်လောက် ရှိနေပြီး သူတို့နှစ်ယောက် ချက်ပြီး စားဖို့အတွက် လုံလောက်သည်။
သူတို့က အဆင်ပြေသော်လည်း အခြားမိသားစုတွေက သူတို့အလုပ် သူတို့လုပ်ရင်း ရှုမိသားစုရဲ့ အကြောင်းကို အတင်းတုပ်နေခဲ့ကြသည်။
ထိုအချိန်တွင် ထောင်ကျနေသည့် ရှုလဲ့ကလည်း အနည်းငယ် တုန်လှုပ်နေခဲ့သည်။
ကျန်းယွက် သူ့ကို တရားစွဲလား မစွဲလားဆိုတာက ပြဿနာကြီးတစ်ခု မဟုတ်သော်လည်း တကယ်လို့ အဲ့လူတွေ မခံနိုင်ဘဲ ထွက်လာလို့ ဖမ်းခံခဲ့ရရင် သူကလည်း အဆုံးသတ်သွားလိမ့်မည် ဖြစ်သည်။
ရှုလဲ့သည် ထိုဖြစ်နိုင်ချေကို တွေးမိလိုက်သည့် အချိန်တိုင်း ကြောက်စိတ်ဖြင့် သူ့ရဲ့ ခြေထောက်တွေ ပျော့ခွေသွားခဲ့သည်။
သူသည် စစ်ဆေးဖို့ ခေါ်သွားခံရသည့်အခါ ဘာတွေပဲ ဖြစ်နေပါစေ ပထမဆုံး သူက ဒီကနေ ထွက်လို့ရအောင် ကြိုးစားရမယ်ဟု တွေးနေခဲ့သည်။ တကယ်လို့ သူသာ ထွက်လို့ မရခဲ့ရင် ဒီလူတွေကို အလောတကြီး မလုပ်ခိုင်းဖို့ သူ့ရဲ့ မိဘတွေကို သတင်းပေးလိမ့်မည် ဖြစ်သည်။
သို့သော် ရဲတွေက သူ့အကြောင်းကို မေ့သွားခဲ့ပုံရသည်။ ဘယ်သူကမှ စစ်ဆေးဖို့ ရောက်မလာခဲ့သလို သူ့ဆီကို လာတွေ့ဖို့လည်း ခွင့်မပြုခဲ့ပါ။
ရှုလဲ့က ထောင်ကျမြဲ ကျနေခဲ့သည်။
သူက ဒီလိုမျိုး တစ်ရက်မက ဖမ်းခံရမှာ။
နောက်ဆုံးမှာတော့ ရဲစခန်းက သတင်းတွေ ရသွားခဲ့သည်။
“ခေါင်းဆောင်၊ အဲ့လူတွေ လှုပ်ရှုားနေကြပြီ။ သူတို့က လူနာ နှစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ မနက်ဖြန် မနက်ကျရင် သူတို့က လူတစ်စုကို ခေါ်သွားဖို့ စီစဥ်နေကြတာ။”
ရဲသားကြီးရဲ့ မျက်လုံးတွေ ပြူးသွားခဲ့သည်။ “ဟုတ်ပြီ။”
'သူတို့ကိုပဲ စောင့်ကြရအောင်။'
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၃၂
မျက်နှာတွင် အမာရွတ်ရှိနေသည့်လူနှင့် သူ့အဖွဲ့က အတွင်းပိုင်း ပြဿနာတွေ စနေခဲ့ကြသည်။
တိတိကျကျ ပြောရရင် ထိုအတွင်းပိုင်း ပြဿနာသည် ရှုလဲ့ မရောက်လာခင်ကတည်းက ရှိနေခဲ့ပြီး ဖြစ်သည်။
ဒီအချိန်မှာ ရောက်လာသည့် လူတွေကြားထဲတွင် လူများစွာက ရှုလဲ့နှင့် ဘာအဆက်အသွယ်မှ မရှိကြပါ။ ထုံးစံအတိုင်း သူတို့မှာ ဘယ်မှ သွားစရာ မရှိသည့်အတွက် သူတို့က ဒီခရိုင် သေးသေးလေးဆီ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
မျက်နှာ အမာရွတ်နှင့်လူရယ်၊ သူ့အဖွဲ့ရယ်က ရှုလဲ့နှင့် ရင်းနှီးသော်လည်း ဒီတစ်ခေါက် ရှုလဲ့ရဲ့ လုပ်ဆောင်ချက်တွေက သူတို့အတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
'အို၊ ငါတို့တွေ ပိုက်ဆံ အတူတူ ရှာတုန်းကတော့ ညီအကိုကောင်းတွေတဲ့။ ဒါပေမယ့် အခု ငါတို့ မင်းရဲ့ အကူအညီကို လိုနေတော့ မင်းက ဘယ်သူ့ဆီမှာ သွားနေနေတာလဲ။'
ကြင်နာပြီး ရိုးသားပုံရသည့် အဖွဲ့ထဲရှိ လူတစ်ယောက်က တီးတိုးပြောလိုက်သည်။ “နေ့တိုင်း ပေါင်မုန့်ကြမ်းကြီး စားနေရတာ ငါ့မျက်နှာတွေတောင် နွားရုပ်ပေါက်နေပြီ။ ပြီးတော့ ဒါက တရုတ် နှစ်သစ်ကူး ဖြစ်နေတာတောင် ငါတို့မှာ ဘာမှ စားစရာ မရှိဘူး။”
လေးယောက်မြောက် ကလေးဖြစ်သည့် လူပုလေးက ရှုရွှမ်းအတွက် ပြောပေးခဲ့သည်။ “အကိုရှုမှာလည်း အဲ့လို အခက်အခဲမျိုး ရှိတယ်။ သူတို့ မိသားစုမှာက ပိုက်ဆံ သိပ်ပြီး များများစားစား မရှိဘူး။ တကယ်လို့ သူသာ အများကြီး ဝယ်နေမယ်ဆိုရင် သံသယတွေ တိုးလာကြမယ် မဟုတ်ဘူးလား။”
ရိုးသားတဲ့သူက ဘာတစ်ခွန်းမှ ဝင်မပြောသော်လည်း သူ့စိတ်ထဲမှာတော့ မကျေမနပ် ဖြစ်နေခဲ့သည်။
'ဘာလို့ ဒီလူတွေက အရေးမပါတဲ့ ဒီစီးပွားရေးကြီးကို လုပ်ချင်နေကြတာလဲ။ ဒါတွေ အားလုံးက ကောင်းကောင်း စားသောက်ရဖို့ မဟုတ်ဘူးလား။'
ရိုးသားတဲ့လူက သူ့ကိုယ်သူ ဥပမာ ယူလိုက်သည်။ သူကိုယ်တိုင်က တောင်ပေါ်ရှိ အရမ်း ဆင်းရဲသော မိသားစုမှ လာတဲ့သူဖြစ်ပြီး သူ့ညီအကိုတွေ တစ်ယောက်ကမှ အိမ်ထောင်မပြုနိုင်ကြပါ။ သူတို့သည် လယ်ထဲဆင်းပြီး အလုပ်လုပ်သည့်အခါ အဝတ် ဗလာဖြင့် အလုပ်လုပ်ရသည်။ အကြောင်းမှာ သူတို့ရဲ့ အိမ်တွင် ဘောင်းဘီတွေသာ လုံလုံလောက်လောက် ရှိသည့်အတွက် သူတို့က ဖြစ်နိုင်သမျှ အဝတ်တွေ အများကြီး ဝတ်နိုင်ကြမည် ဖြစ်သည်။
တစ်ယောက်တည်း နှစ်တွေအကြာကြီး ကုန်ဆုံးပြီး နောက်ဆုံးမှာတော့ သူသည် တောင်ပေါ်ရှိ မိသားစု တစ်စုမှ အမျိုးသမီးတစ်ယောက် ရခဲ့သည်။ ဒါဟာ သူ့အတွက် ကမ္ဘာအသစ် တစ်ခုဆီ သွားဖို့အတွက် တံခါး ဖွင့်ပေးသလို ဖြစ်နေခဲ့သည်။
တကယ်လို့ သူတို့က မိန်းမတစ်ယောက် ဝယ်ချင်ရင်တောင် သူတို့ ညီအကိုတွေ တစ်ယောက်ကမှ မတတ်နိုင်ကြပါ။ ထို့ကြောင့် သူက အခြားသူတွေနှင့် ပေါင်းပြီး လူရောင်းစားတဲ့ စီးပွားရေးထဲကို ဝင်ပါလာခဲ့သည်။
ထိုကိစ္စတွေ နှစ်အနည်းငယ် ကြာပြီးနောက် ထိုလူဟာ သူ့ရဲ့ အကိုတွေအတွက် ဇနီးတစ်ယောက်စီ ရှာပေးခဲ့သည်။ ယုတ္တိရှိရှိ ပြောရရင် သူသည် ဟိုးအရင်ကတည်းက ရပ်လိုက်သင့်ပြီ ဖြစ်သော်လည်း ပိုက်ဆံတွေ အများကြီး ရပြီးနောက် သူသည် ပိုက်ဆံ နည်းနည်းလေးကို ဂရုမစိုက်နိုင်တော့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် သူ ကောင်းကောင်း စားနေရသ၍ သူ့ရဲ့ တစ်မိသားစုလုံးကလည်း ဆာလောင်ကြမည် မဟုတ်ပါ။ သူသည် သူရှာနိုင်သလောက် သုံးနိုင်မည် ဖြစ်သည်။
ရိုးရိုးသားသား ပြောရရင် သူသည် ဘယ်တုန်းကမှ မမှားခဲ့ဖူးပါ။
အခြားသူတွေကလည်း အတူတူပဲ ဖြစ်သည်။
ထို့ကြောင့် လူတိုင်းက ရှုရွှမ်းနှင့် ပတ်သက်ပြီး တိုင်ကြားချက် အများကြီး ရှိနေခဲ့ကြသည်။
တစ်ယောက်ယောက်က သူ့ကို လှောင်ရင်တောင် သူတို့က ပြောကြလိမ့်မည် ဖြစ်သည်။ “ရှုလဲ့က ရှောင်ပြေးဖို့ ကြိုးစားနေရုံပဲလား။ သူ ငါတို့နေဖို့ ဒီမှာ စီစဥ်ပေးတာ ငါတို့ကို နောက်မှ ရောင်းဖို့နေမှာ။”
မျက်နှာတွင် အမာရွတ်နှင့်လူက ဆူလိုက်သည်။ “နင် ဘာတွေ ပြောနေတာလဲ။ သူသာ ငါတို့ကို ရောင်းရင် သူလည်း လွတ်မှာ မဟုတ်တော့ဘူး။ ငါတို့ အားလုံးက အတူတူတွေချည်းပဲ။ အဓိပ္ပါယ် မရှိတာတွေ ပြောနေတာ ရပ်လိုက်တော့။”
ထိုလူက အခြားလူ အနည်းငယ်နှင့် တစ်ယောက်တည်း အလုပ် လုပ်နေရသူဖြစ်ပြီး သူက အမာရွတ်နှင့်လူကို မကြောက်ဘဲ နှာခေါင်းရှုံ့လိုက်သည်။
သို့သော် ပြဿနာကို ဖြေရှင်းပြီး ရှုလဲ့ကိုယ်တိုင်က ထိုကိစ္စကို သတိထားမိသည်။
ထိုအခြေအနေက ရှုလဲ့ အဖမ်းခံရတဲ့အထိ ဆက်ဖြစ်နေခဲ့သည်။
ဘယ်သူကမှ သူတို့အတွက် စားစရာတွေ တောက်လျှောက် မယူလာပေးဘဲ သူတို့ အထင်သေးခဲ့သည့် ရှုလဲ့ကသာ သူတို့ပြောစကားကို နားထောင်ပေးပြီး ရှုလဲ့က သူတို့ကို ဒေါသထွက်ကာ သူတို့နှင့် ပတ်သက်ပြီး ဘာမှ ဂရုမစိုက်တော့မှာကို တွေးနေခဲ့သည်။
အချိန်အတော်ကြာ စောင့်နေခဲ့သော်လည်း ရှုလဲ့က ရောက်မလာသည့်အတွက် နောက်ဆုံးမှာတော့ ဟန်ဆောင်ဖို့ အလွယ်ဆုံးဖြစ်သည့် လူပုလေး လောင်စီကို အပြင်ထွက်ဖို့ ပြောခဲ့ကြသည်။
လေးယောက်မြောက် ညီအကိုက မေးမြန်းဖို့ ထွက်သွားပြီးနောက် မြန်မြန်ပဲ ပြန်ပြေးလာခဲ့သည်။
“အကိုရှု အဖမ်းခံလိုက်ရတယ်။”
“ဘာ”
လူတိုင်းရဲ့ ရင်ထဲမှာ လေးလံသွားခဲ့သည်။
ရှုလဲ့ရဲ့ ဖမ်းခံရတာက သူတို့ရဲ့ ကိစ္စကြီးနှင့် ပတ်သက်ပြီး ဘာမှ မဆိုင်တာကို သူတို့ နားလည်သွားပြီးနောက် သူတို့လည်း စိတ်သက်သာရာ ရခဲ့ကြသည်။
“ဒီငတုံးကတော့။”
ရှုလဲ့က လုံးဝ စိတ်လွတ်သွားပြီဟု လူတိုင်းနီးပါး တွေးနေခဲ့ကြသည်။ ဒီလိုကိစ္စအတွက်နဲ့ သူက ဘယ်လို အဖမ်းခံလိုက်ရတာလဲ။
သူက ဉာဏ်ကောင်းတဲ့လူတစ်ယောက်နဲ့ တူတာတောင် သူက ဘယ်လိုလုပ် ဒီပြဿနာလိုမျိုး အလွယ်လေး ဖြစ်သွားရတာလဲ။
ရိုးသားတဲ့သူက သူ့ရဲ့ မျက်လုံးထဲမှာ မကောင်းတဲ့ ခံစားချက်မျိုး ရှိနေခဲ့သော်လည်း သူက ဘာကိုမှ မပြောခဲ့ပါ။ ရှုလဲ့နှင့် မရင်းနှီးသည့် တစ်ခြားလူတွေက တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်နေခဲ့ကြသည်။
“လောင်တောင်၊ မင်းရဲ့ သတင်းပေးက ဖမ်းခံလိုက်ရပြီဆိုရင် နောက်ပိုင်း ငါတို့တွေလည်း ပါဝင်ပတ်သက်လာမှာ သေချာတယ်။ မနက်ဖြန်လောက် ငါတို့ ဘာလို့ မထွက်သွားကြတာလဲ။”
ရှုလဲ့ ထောင်ကျသွားပြီးနောက် ဘာဆက်ဖြစ်မလဲဆိုတာ ဘယ်သူကမှ သိမနေတာကို တွေးကြည့်ဖို့ လွယ်သည်။ တကယ်လို့ သူ့ကို စစ်ဆေးနေချိန် ပြန်ပေးဆွဲသည့် အမှုသာ ပေါ်သွားခဲ့ရင် သူတို့အားလုံးက ဒီနေရာမှာ ရှိနေခဲ့ပြီး အားလုံးလည်း တစ်ခါတည်း ဖမ်းခံရမည် ဖြစ်သည်။
“ကိစ္စကြီးကို မနက်ဖြန်မှ လုပ်ရအောင်။ ပြီးရင် ငါတို့ အားလုံး လမ်းကြောင်းတွေ ခွဲပြီး သွားလို့ရတယ်။ မင်းတို့ရော ဘယ်လိုထင်လဲ။”
မျက်နှာတွင် အမာရွတ်နှင့်လူက အံကြိတ်ပြီး ပြောလိုက်သည်။ “ခွဲပြီး ပြန်ဆုတ်ကြမယ်။ အဲ့လူတွေကို ငါတို့နဲ့ ထပ်ပြီး ဝင်မပါစေချင်ရုံပဲ။”
ခွဲသွားချင်တယ်။
သို့သော် မျက်နှာတွင် အမာရွတ်နှင့်လူက ဒီကိစ္စနှင့် ပတ်သက်ပြီး လုပ်နိုင်တာ ဘာမှ မရှိဘူးဆိုတာကို သိနေခဲ့သည်။
ထိုနေရာတွင် သူတို့အတွက် ပြေလည်အောင် ဆောင်ရွက်ပေးမည့် နယ်ခံတစ်ယောက် မရှိနေဘဲ သူတို့ အပြင်လူတွေက တကယ် မလုံခြုံတာ သိသာနေခဲ့သည်။
လက်ထဲတွင် ပိုက်ဆံရှိတာက ကောင်းသော်လည်း နယ်ခံတွေ မရှိဘဲနဲ့ သူတို့ စားစရာ လက်မှတ်တွေ ရကြလိမ့်မည် မဟုတ်ပါ။ သူတို့က ရှုလဲ့ ထွက်လာတဲ့အထိ စောင့်နေစရာ လိုလို့လား။
မျက်နှာတွင် အမာရွတ်နှင့်လူက အဲ့ဒါနှင့် ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှ မရှိခဲ့ပါ။
လေးယောက်မြောက် အစ်ကိုက ရှုလဲ့ကို သူ့မိန်းမနှင့် အခြား လိမ်ခံခဲ့ရသည့် မိန်းမငယ်တစ်ဦး စုစုပေါင်း မိန်းမနှစ်ယောက်က တရားစွဲထားကြောင်း ပြောခဲ့သည်။ သူ့မှာ လူတကာနှင့် ဆက်ဆံထားသည့် ဆက်ဆံရေးမျိုးတွေ ရှိကြောင်းကို နှစ်ယောက်လုံးက ပြောပြခဲ့သည်။
ထိုပြစ်မှုက ပြဿနာအသေးလေးတစ်ခု မဟုတ်ပါ။ အထူးသဖြင့် နစ်နာသူတစ်ယောက်ကိုယ်တိုင် ပါဝင်နေသည့်အခါ နှစ်ပေါင်းများစွာ ထောင်ကျနိုင်သည်။
နှစ်အနည်းငယ် ကြာပြီးနောက် ရှုလဲ့ ထောင်ကနေ လွတ်လာသည့်အခါ ဘယ်သူကများ သူ့ကို စောင့်နေမှာလဲ။
မျက်နှာတွင် အမာရွတ်နှင့်လူက ကောင်းကျိုးနှင့် ဆိုးကျိုးများကို ခနခန တွက်နေခဲ့ပြီး နောက်ဆုံးမှာတော့ အခြားသူတွေရဲ့ အတွေးတွေကို နားထောင်ပေးခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ရှုလဲ့က သေသူတစ်ယောက်ဖြစ်ပြီဖြစ်ကာ သူတို့က သုံးနှစ်ကနေ ငါးနှစ်အတွင်း ဒီခရိုင်ကို ထပ်ပြီး ပြန်လာတော့မည် မဟုတ်ပါ။
ဒီကိစ္စမှာ ဘာလို့ အဲ့ဒါကို ကြီးမားအောင် မလုပ်တာလဲ။
“အခု စီစဥ်စရာရှိတာတွေ စီစဥ်ရအောင်။ လောင်စီ၊ မင်းနဲ့ ကျောင်းဟွာတို့က သားအမိပုံစံ ဟန်ဆောင်ပြီး နေရာတွေကို သွားထောက်လှမ်းကြ။”
“ရိုးသားတဲ့သူ၊ မင်းနဲ့ သူနဲ့ကလည်း လင်မယားပုံစံ ဟန်ဆောင်ပြီး နေရာတွေကို ထောက်လှမ်းဖို့ သွားကြ။”
“ကျန်တဲ့လူတွေက ဆေးတွေပြင်ပြီး ကားတစ်စီး သွားရှာကြ။”
မျက်နှာတွင် အမာရွတ်နှင့်လူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဒီတစ်ခေါက် ငါတို့ ကိစ္စကြီး တစ်ခုကို လုပ်ဖို့ စပြီဆိုတာနဲ့ တစ်ခြားအရာတွေအတွက် အချိန် မဖြုန်းနဲ့။ တစ်ယောက်ယောက်နဲ့ ဆက်သွားပြီး ကားတစ်စီး သွားငှားကြ။”
အလုပ် ကိုယ့်ဘာသာ မလုပ်သည့် လူတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် အဆက်အသွယ်တွေ ရှိနေရင်တောင် သူတို့က ကားကြီးတစ်စီးတော့ ငှားနိုင်ကြလိမ့်မည် ဖြစ်သည်။
“မှတ်ထားကြ။ သတိထား။ ငါတို့ ဒါကို လုပ်ရတော့မှာ။ ပြီးတော့ ဒီကိစ္စ အောင်မြင်မြင်၊ မမြင်မြင် ငါတို့တွေ ထွက်သွားရမယ်။”
“မှတ်ထားကြ။”
ထိုလူအဖွဲ့က ဘေးနားပတ်လည်ကို စောင့်ကြည့်ရင်း အလုပ်ရှုပ်နေချိန်မှာ နှစ်သစ်ကူးအချိန်သို့ ရောက်လာပြီ ဖြစ်သည်။
ဒါဟာ ဝမ့်ရင်းအတွက် နှစ်သစ်ကူးကို မြို့မှာ ကျင်းပရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
နေခင်းပိုင်းလောက်ကနေစပြီး မာမိသားစုနှင့် လျှိုမိသားစုမှ ကလေးတွေ ရောက်လာပြီး သွားကြပြီ ဖြစ်သည်။ အဒေါ်မာရဲ့ ဒုတိယချွေးမ လုပ်ထားသည့် သကြားကိတ်က မထူဘဲ နူးညံ့သည်။
အထဲကို အပေါက်လေး ဖောက်ပြီး အထဲတွင် ထည့်ထားသော အဖြူရောင် သကြားတွေက ရေလို ကျလာခဲ့သည်။ အဲ့ဒါကို ခေါင်းကို မော့ပြီး ဆွဲရမှာ။ ပါးစပ်ထဲ ရောက်ရင် ပူပြီး အပြင်က အပေါ်ယံကလည်း နူးညံ့ပြီး အာဟာရ ပြည့်သလို ဝါးလို့လည်း ကောင်းသည်။
မာမိသားစုမှ ရောက်လာသည့် ကောင်လေးရဲ့ နာမည်က မြည်းဥလေး ဖြစ်သည်။ သူသည် ရှက်ရှက်ဖြင့် ဝမ့်ရင်းရဲ့ လက်ထဲသို့ သကြားကိတ်ကို ထိုးပေးကာ ထွက်ပြေးသွားခဲ့သည်။
ဝမ့်ရင်းက တားလိုက်ပြီး အိမ်တွင် လုပ်ထားသော ကန်စွန်းဥကြော်နှင့် အသားလုံးတွေကို ပန်းကန်လုံး တစ်ဝက်လောက် ထည့်ပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ်….”
ကလေးရဲ့ မျက်နှာက နီရဲနေပြီး ပြေးထွက်သွားခဲ့သည်။
ကြော်ထားသည့် ကန်စွန်းဥလုံးတွေက ချိုပြီး မွှေးကာ အသားလုံးတွေကလည်း အရွက်နည်းပြီး အသား များသည်။ မာမိသားစုရှိ ကလေးတွေကလည်း အများကြီး စားခဲ့ကြသည့်အတွက် သူတို့ရဲ့ ပါးစပ်တွေမှာ ဆီတွေ ကွက်နေခဲ့ကြသည်။
ငါးနှစ်အရွယ် ယန်တန်က မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ကာ သူ့အစ်ကိုကို တိုးတိုးလေး မေးလိုက်သည်။ “အစ်ကို၊ စောနက ဒေါ်လေးဝမ့်ကို ဘာပေးလိုက်တာလဲ။”
ဒေါ်လေးဝမ့်က ဘာလို့ သူတို့ကို အသားတွေ ပေးလိုက်တာလဲ။
အဲ့အသားလုံးတွေက အရမ်း အရသာရှိတယ်။ အိမ်က ငါတို့ဦးလေး လုပ်ထားတာထက်တောင် ပိုပြီး စားလို့ကောင်းတယ်။
မြည်းဥလေး - “အဲဲဒါ ငါ့အမေ သွားပို့ခိုင်းထားတဲ့ သကြားကိတ်မုန့်လေ။”
အကြီးဆုံးမိန်းမရဲ့ နွားထီးဥက အကြီးဆုံးဖြစ်ပြီး သူမက ကြားဖြတ်ပြောခဲ့သည်။ “ငါ့အဖွားပြောတာ မှန်တယ်လို့တော့ ငါထင်တာပဲ။ ဒေါ်လေးဝမ့်က လက်ဆောင် တစ်ခုခုပေးရင် ပြန်ပြီး ပေးတတ်တဲ့ သူမျိုးပဲ။ အရင်က ငါ့အဖွား သူ့ကို ကြက်ဥတွေ ပေးတုန်းက သူက ငါတို့ကို အပြန်အလှန်အနေနဲ့ အသား ပန်းကန် တစ်ဝက်လောက် ပြန်ပေးသေးတယ်။ အဲ့ဒါကို ပဇီ အသားလို့ ခေါ်တယ်လို့ ငါ ကြားလိုက်တယ်။ ပြီးတော့ အဲ့ဒါက အရသာရှိတယ်။”
ယန်တန်က ဖြတ်ပြောလိုက်သည်။ “ညီလေး၊ ငါတို့တွေ နှစ်သစ်ကူး အချိန်အတွင်းမှာ သေတဲ့အကြောင်းတွေ မပြောသင့်ဘူးလို့ အဖွားက ပြောတယ်။”
နျိုတန်က ပြောခဲ့သည်။ “အို၊ အဲ့ဒါက အရသာ ရှိလွန်းလို့ အဲ့ဒါ မရှိဘဲနဲ့တောင် ငါ မနေနိုင်ဘူး။”
ယန်တန့် - …..
“ဒါနဲ့ ဒီတစ်ခေါက် သူ့ကို ငါတို့က သကြားကိတ်မုန့် ပေးလို့ သူက ငါတို့ကို အပြန်အလှန်အနေနဲ့ ကန်စွန်းဥနဲ့ အသားလုံးတွေ ပြန်ပေးတယ်။”
မြည်းဥလေး - “ဒါပေမယ့် ဒေါ်လေးဝမ့်ရဲ့ စားစရာတွေက အရသာရှိတုန်းပဲလို့ ငါထင်တယ်။”
အရင်တစ်ခေါက်က သူနှင့် သူ့ရဲ့ အကိုကြီးက ဝက်သားဟင်း တစ်ပန်းကန်လုံးကို လျက်လုနီးပါး ဖြစ်ခဲ့ရသည်။ ဦလေးက သူ့ရဲ့ ဟင်းချက်စွမ်းရည်က မဆိုးပါဘူးဟုတောင် လောင်းခဲ့သော်လည်း မြည်းဥလေးရဲ့ အမြင်မှာတော့ ဒါက အတော်လေးကို ကောင်းတာထက်ကို ပိုသည်။
အဒေါ်ဝမ့်ရဲ့ စားစရာတွေက သူတို့ရဲ့ စားစရာတွေထက်တောင် ပိုစားကောင်းတယ်။ အဲ့ဒါတွေက ပါဝင်ပစ္စည်းတွေ တူနေရင်တောင် သူ့ဟာက ပိုကောင်းတယ်။
ယန်တန့်က သူ့ရဲ့ ညီအကိုနှစ်ယောက် ပြောတာကို တွေဝေစွာဖြင့် နားထောင်ပြီး သူ့ရဲ့ ဦးနှောက်လေးက မြန်မြန်ပဲ အလုပ်လုပ်နေခဲ့သည်။
'ငါ့အစ်ကို ပြောပုံအရဆို ဒေါ်လေးဝမ့်က သူ့ဆီကို ပို့လိုက်တဲ့ လက်ဆောင်တွေအပေါ် မူတည်ပြီး လက်ဆောင်တွေ အမြဲ ပြန်ပေးတယ်။ '
ယန်တန့်က သူ့ရဲ့ လက်သီးလေးကို ဆုတ်ထားခဲ့သည်။
ခနကြာပြီးနောက် ဝမ့်ရင်းက ချမ့်တုန်နှင့် ရှုရွှမ်းကို စကားပြောနေခဲ့သည်။ မိသားစုထဲတွင် စားဖိုမှူး နှစ်ယောက်တောင် ရှိနေခဲ့ပြီး ဝမ့်ရင်းကပါ ကိုယ်ဝန် ရှိနေခဲ့ပြီ ဖြစ်သည်။ အရင်နှစ်တွေတုန်းက သူမသည် နှစ်သစ်ကူး ညစာအတွက် ပြင်ဆင်နေသည့်အခါ ဟင်းသီးဟင်းရွက်တွေ ပြင်ဆင်နေခဲ့သော်လည်း ဒီနှစ်မှာတော့ သူမမှာ မီးမွှေးပေးဖို့ အလုပ်တောင် ရှိမနေခဲ့ပါ။
“ဘာလို့လဲ။”
ဝမ့်ရင်းသည် သူမရဲ့ တံခါးဝမှာ ကောင်လေး တစ်ယောက် လာရပ်နေတာကို တွေ့ခဲ့ရသည်။
“ယန်တန့်လား။ မင်း ဘာဖြစ်လို့လဲ။”
တင်းကျောက်တိက မင်းကို တစ်ခုခု ထပ်ပြီး ပို့ခိုင်းလိုက်လို့များလား။
အဲ့ကိစ္စကြောင့် မဟုတ်ဘူးဆိုရင် မြည်းဥလေးက ဘာလို့ အခုထိ မပြန်သေးတာလဲ။
ဝမ့်ရင်းသည် ကိုယ်ဝန်ရှိနေသည့်အတွက် အခုဆိုရင် သူမက ကလေးတွေကို ပိုပြီး သည်းခံလာနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမက ယန်တန့်ကို ဝင်လာဖိူ့ လက်ခါပြလိုက်သည်။
“အပြင်မှာ အေးတယ်။ အထဲဝင်ပြီး လာပြော။”
ယန်တန်က ပြေးဝင်လာပြီး ဝမ့်ရင်းကို မေးလိုက်သည်။ “ဒေါ်လေးဝမ့်၊ အသားတွေကို ကန်စွန်းဥနဲ့ လဲလို့များ ရနိုင်မလား။”
သားအစ်ကိုက အသားလုံးတွေက အရသာရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် အသားလုံးတွေက ကန်စွန်းဥတွေလောက် အရသာမရှိဘူးလို့ သား ထင်လို့ပါ။
နူးညံ့တယ်။ ချိုပြီး မွှေးလည်း မွှေးတယ်။
ယန်တန့်သည် သူ့ရဲ့ အနောက်ကနေ အသားလုံးတွေကို ထုတ်လိုက်ကာ ရတနာတစ်ခုနှင့် ကမ်းလှမ်းနေသလို လုပ်နေခဲ့သည်။
“ ဒီမှာပါ။ သား ကန်စွန်းဥလုံးတွေနဲ့ လဲချင်လို့ပါ။”
ဝမ့်ရင်း - …..
ထိုအချိန်မှာပဲ မာတနိုင်ရဲ့ ဝမ်းနည်းသည့် အသံက အပြင်ကနေ ရောက်လာခဲ့သည်။ “အသားတွေ ဘယ်မှာလဲ။ ငါ့ရဲ့အသားတွေ ဘယ်မှာလဲ။”
အဒေါ်မာသည် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမရဲ့ အိမ်တွင် ရှိနေသည့် အသားတွေ ပျောက်သွားမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။
“ဘယ်သူလဲ။ ငါ့ရဲ့ အသားတွေကို ဘယ်သူ ခိုးသွားတာလဲ။”
အဒေါ်မာရဲ့ မျက်လုံးတွေက နီရဲနေခဲ့ပြီး ချက်ချင်း သူမရဲ့ တားဂတ်တစ်ခုကို ရောက်သွားခဲ့သည်။
“အဲ့မိန်းမကြီး အဒေါ်ရှု၊ နှစ်သစ်ကူးအချိန် ငါ့ဆီကို ငါ့အသားတွေ ခိုးဖို့ ရောက်လာတာဖြစ်မယ်။”
သူက ထွက်ပြီး ရှုမိသားစုကို ပြဿနာရှာဖို့ လုပ်လိုက်သည်။
ပြောရရင် ရှုလဲ့ကို မနေ့က ဖမ်းသွားပြီးနောက် အဒေါ်ရှုက မူးလဲသွားကာ ခနကြာပြီးနောက် အိမ်ကို ပြန်ပို့ခြင်း ခံခဲ့ရသည်။ အဲ့ကတည်းက သူမရဲ့ အသံကို မကြားခဲ့ရပါ။ ဒီနေ့က နှစ်သစ်ကူးနေ့ဖြစ်ပြီး အခြား မိသားစုတွေက ခြံထဲတွင် ပျော်ရွှင်စွာဖြင့် သူတို့ရဲ့ ဟင်းပွဲတွေကို လဲနေစဥ်မှာ ရှုမိသားစု တစ်စုတည်းသာ ဘာမှ မရှိ ဖြစ်နေခဲ့သည်။
အပြင်ဘက်တွင် အဒေါ်မာက ပြဿနာရှာတော့မည့် အသံကို ဝမ့်ရင်း ကြားသည့်အခါ သူမက ခေါင်းကို ထုတ်ပြီး အော်ပြောလိုက်သည်။
“အသားက ဒီမှာ။”
သူမမှာ ဘာစကားမှ ပြောစရာ မရှိတော့ဘဲ ထိုမြည်းဥလေး ဘာလုပ်လဲဆိုတာကို မသိလိုက်ဘူး ဖြစ်သွားခဲ့သည်။
ရှုရွှမ်းက ထုံးစံအတိုင်း ကန်စွန်းဥလုံးတွေကို လုပ်ပေးပြီး မြည်းဥလေးကို ကျွေးလိုက်သည်။
“ဟောဒီမှာ၊ မင်း နောက်တစ်ခါ အိမ်ကနေ မခိုးလာနဲ့။ မင်းအိမ်က ပစ္စည်းတွေကို သူတို့ဆီ မပြောဘဲ ယူလာမယ်ဆိုရင်လည်း ခိုးတယ်လို့ သတ်မှတ်ခံရလိမ့်မယ်။”
ယန်တန့်က ကြောက်ပြီး သူ့ခေါင်းလေးကို အနည်းငယ် ခါပြခဲ့သော်လည်း ဝမ့်ရင်းက သူ့ကို ကန်စွန်းဥလုံးတွေ တစ်ပန်းကန်ကြီး ပေးတာကို မြင်သည့်အခါ သူ့ရဲ့ ကြောက်စိတ်တွေ ပျောက်သွားခဲ့ရသည်။
အဒေါ်မာက မြန်မြန် ရောက်လာသည့်အခါ သူမရဲ့ မြေးဖြစ်သူက အသားကို ဆွဲထားပြီး ကန်စွန်းဥလုံးတွေ ကိုင်ပြီး အဆက်မပြတ် စားနေတာကို တွေ့ခဲ့ရသည်။ ဘာတွေ ဖြစ်နေလဲဆိုတာကို ဘယ်လိုလုပ် သူမက မသိဘဲ နေပါ့မလဲ။
ကောင်စုတ်လေး ယန်တန့်က ရောက်လာပြီး အိမ်က အသားတွေ ဘယ်က ရောက်လာလဲဆိုပြီး မေးတာဟာ အံ့သြစရာ မရှိတော့ပေ။ သူမရော ကန်စွန်းဥလုံးတွေကို ကြိုက်လားဟု မေးလိုက်သည်။
အဲ့တော့ ဒီမှာစောင့်နေ။
“ကောင်စုတ်လေး။ စောင့်နေ။”