အခန်း (၂၃၃-၂၃၄)
Vol. 20 Ch. 233-234
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၃၃
တရုတ် နှစ်သစ်ကူး အချိန်အတွင်းမှာ ကလေးတွေကို ရိုက်ဖို့ဆိုတာ ဓလေ့နှင့် မညီသည့်အတွက် အချိန်ရမှ ရိုက်ရန် ထိုကိစ္စကို မှတ်စုစာအုပ်လေးထဲမှာသာ မှတ်တမ်းတင်ထားခဲ့ရသည်။
အကြောင်းမှာ ယန်တန်က ကန်စွန်းဥလုံးများစွာကို ယူပြီး မာမိသားစုကလည်း စွံပလွံသီး အရသာ အပြား အချို့ကို ပေးခဲ့သည်။
လျှိုမိသားစုက ဝက်ခေါင်းနှင့် ဝက်အူမကြီး အချို့ကို ပို့ပေးခဲ့သည်။ ဝမ့်ရင်းက ငါးကြော်နှင့် ကြက်သားလုံးကြော် အချို့ ပြန်ပို့ပေးခဲ့သည်။
ထိုနေ့လည်ခင်းမှာ လူတွေက သွားလိုက်၊ လာလိုက်နှင့် လက်ဆောင်အတွက် စားစရာတွေကို လဲနေခဲ့ကြသည်။
နှစ်သစ်ကူး ညစာစားပွဲကို အဆင်သင့်ပြင်ပြီးနောက် အိမ်တိုင်း မီးရှူးမီးပန်းတွေ စဖောက်ကြသည့်အခါ နောက်ဆုံးမှာတော့ ဝမ့်ရင်းက စိတ်လျှော့ကာ သူမရဲ့ စားစရာတွေကို စားဖို့အတွက် ညစာစားပွဲမှာ ထိုင်လိုက်သည်။
အိမ်ချက် ငါးပုတ်သင်ကလည်း အတော်လေး လတ်ဆက်ပြီး အရသာရှိလိုက်သည်။ ငါးပုတ်သင် တစ်ဝက်ကို ချက်ပြီး ကျန်တဲ့ တစ်ဝက်ကို ငါးပုတ်သင် ခေါက်ဆွဲ လုပ်လိုက်သည်။ ငါးဟင်းရည်က ရွှေဝါရောင်ရှိပြီး အဲ့ဒါက ပျစ်ပြီး အရသာရှိသည်။
ဘဲကင်က နီရဲပြီး မွှေးကြိုင်နေခဲ့သည်။ သကြားနှင့် နှပ်ထားသည့် ဘဲအရေခွံ အရသာက အံ့သြဖို့ ကောင်းသည်။
ကိုယ် ကြက်သားလုံးကြော်နဲ့ နောက်ဆုံးအချိန်ကျမှ ဝက်အူတွေကို ထည့်ချက်လိုက်သည်။
ရှုရွှမ်းနှင့် ချမ့်တုန်ရဲ့ လက်ထဲတွင် ဆန်အရက် နွေးနွေးလေး ကိုင်ထားစဥ် ဝမ့်ရင်းကတော့ ရေနွေး တစ်ခွက်ကို ကိုင်ထားခဲ့သည်။ သူတို့သုံးယောက်လုံးက ရေဒီယိုကို ပျော်ရွှင်စွာ နားထောင်ပြီး နှစ်သစ်ကူးကို ဆင်နွှဲနေခဲ့ကြသည်။
ချမ့်တုန်က စားနေရင်း ပြောလိုက်သည်။ “နောက်နှစ် ငါတို့မှာ ကလေးတစ်ယောက် တိုးလာတော့မယ်။ ဒါနဲ့ မင်းတို့ ကလေးကို ဘာနာမည် ပေးမှာလဲ။”
ဝမ့်ရင်းနှင့် ရှုရွှမ်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ သူတို့သည် ထိုအကြောင်းနှင့် ပတ်သက်ပြီး ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါ။
ရုတ်တရက် ချမ့်တုန်ရဲ့ အတွေးထဲသို့ ရောက်လာခဲ့သည်။ “ငါ့မှာ နာမည်လှလှလေး နည်းနည်းတော့ ရှိတယ်။ ဒီမှာ မင်းတို့ နောက်မှပဲ ရွေးကြပေါ့။ မင်းတို့အတွက် အဲ့ဒါကို တွက်ချက်ပေးဖို့ လူတစ်ယောက် ငါရှာပေးမယ်။”
ဝမ့်ရင်း - “ဆရာ ဒီလောက်ထိ အရမ်းကို အယူသီးမယ်လို့ ကျွန်မ မထင်ထားမိခဲ့ဘူး။”
ချမ့်တုန် - “ဒါကလည်း အရမ်း သီးခြားဆန်ပါတယ်။ မင်းတို့ ခနစောင့်နေကြဦး။ ငါ ဟိုနားဒီနားမှာ လိုက်မေးလိုက်ဦးမယ်။”
ဝမ့်ရင်းက ဂရုမစိုက်ခဲ့ပါ။ “ဒါတွေက အဆင်ပြေပါတယ်။”
“ပြောတာ နားထောင်ပါဦး။ ဟမ်၊ ဒီငါးခေါက်ဆွဲက တော်တော်လေး စားကောင်းတာပဲ။”
ဝမ့်ရင်း ဘက်အခြမ်းရှိ တက်ကြွသည့် ဘဝနှင့် ယှဥ်ကြည့်ရင် သကြားစက်ရုံရဲ့ ဝန်ထမ်း လိုင်းခန်းမှာ ရှိနေသည့် ကျောက်ကျွင်းတို့ရဲ့ မိသားစုကလည်း အရမ်းကြီး ပျော်ဖို့ကောင်းမနေခဲ့ပါ။
ကျောက်ကျွင်းသည် မကြာသေးခင်ကမှ စိတ်အခြေအနေ ကောင်းမနေခဲ့ပါ။ သူ့ရဲ့ အမည်မသိ ချိန်းတွေ့မှုတွေဟာ မအောင်မြင်ရုံသာမက ဒါကလည်း အားလပ်ရက် ဖြစ်နေခဲ့သည်။ နောက်ဆုံးမှာတော့ ကျောက်တုန်နှင့် ကျောက်ရှီက အိမ်ထဲမှာ ပုန်းနေတာကို ရပ်လိုက်ပြီး လူတစ်ယောက်နှင့်အတူ ကစားဖို့အတွက် အပြင်ကို ထွက်လာခဲ့ကြသည်။
ရလဒ်အနေဖြင့် ထိုကစားမှုကြောင့် ပြဿနာ တက်ရပြီး တစ်ခါတစ်လေ အခြားမိသားစုတွေကို အိမ်သို့ ရောက်လာအောင် ဆွဲဆောင်စေခဲ့သည်။
ထိုနေရာတွင် နှစ်သစ်ကူးပွဲဆိုပြီးလည်း ရှိမနေခဲ့ပါ။
“ငါ့ရဲ့ အဝတ်တွေ ဘာဖြစ်ကုန်လဲဆိုတာ ကြည့်လိုက်ဦး။ မင်းတို့ကောင်တွေက လူတွေကို မီးရှူးမီးပန်းတွေနဲ့ ပစ်တဲ့နေရာမှာ တကယ်ကို တော်ကြတာပဲ။ ငါတို့ရဲ့ အင်္ကျီ အသစ်တွေက ဝတ်တာ ရက်နည်းနည်းလေးပဲ ရှိသေးတာကို မင်းတို့က အပေါက်ဖြစ်အောင် လုပ်လိုက်ကြတယ်။”
မျက်နှာရှည်ရှည်နှင့် မိန်းမတစ်ယောက်က တံခါးကနေ သူမရဲ့ ကလေးကို ကာဖို့အတွက် ဖြေရှင်းချက် တစ်ခုကို လုပ်လိုက်သည်။
သူ့ရဲ့ ဘဝနှစ်ခုလုံး ပေါင်းလိုက်တာထက် မကြာခင်က ဖြစ်သွားသည့် ကိစ္စက ကျောက်ကျွင်းကို ပိုပြီး မျက်နှာပျက်စေခဲ့သည်။ သူက ပြုံးပြီး ထိုလူဆီ တစ်ယွမ် ပေးလိုက်သည်။
သူသည် ကျောက်တုန်ရဲ့ မျက်နှာကို သုန်မှုန်စွာ ကြည့်လိုက်သည်။
“မင်း ငါ့ကို လွှတ်ပေးလို့ မရဘူးလား။”
ကျောက်တုန်က မျက်နှာကို လွှဲပြီး ဘာကိုမှ မပြောခဲ့ပါ။
ထိုအပြုအမူက ကျောက်ကျွင်းကို အတော်လေး ဒေါသထွက်စေခဲ့သည်။ “ငါ မင်းကို ပြောခဲ့ပေမယ့် မင်းက ဘာလို့ နားမထောင်ရတာလဲ။ ဒီလိုမျိုး ဘယ်နှစ်ခါလောက် ဖြစ်နေမှာလဲ။ မင်းက ဘာလို့ သူများတွေဘက် မီးရှူးမီးပန်းတွေ အမြဲတမ်းလိုလို ပစ်နေရတာလဲကွာ။”
ကျောက်တုန်က ဘာစကားမှ မပြောခဲ့ပါ။
ကျောက်ရှီကတော့ အသက်တောင် မရှူရဲတော့ပါ။
ကျောက်ကျွင်းက အတော်လေး ဒေါသထွက်လာသည့်အတွက် သူ့ရဲ့ ရင်ဘက်က အောင့်လာခဲ့သည်။ သူက ကျောက်တုန်ကို ခါးပတ်ဖြင့် နှစ်ချက် ရိုက်လိုက်သည်။ “မင်း ငါ့ကို ပြောမှာလား။ မပြောဘူးလား။ ငါက မင်းကို မွေးခဲ့တာကို မင်းက အခုတော့ ငါ့ရဲ့ ရန်သူ ဖြစ်လာပြီ၊ ဟုတ်တယ်မလား။ ငါက မင်းတို့ နှစ်ယောက်အတွက် အဖေဆိုလည်း ဟုတ်တယ်၊ အမေဆိုလည်း ဟုတ်တယ်။ မင်းတို့ ငါ့ကို အပြန်အလှန်အနေနဲ့ မျက်နှာကောင်းရအောင်တောင် မလုပ်ပေးနိုင်ကြဘူးလား။ ငါက မင်းအဖေလား၊ မင်းက ငါ့အဖေလား။ ဒီနှစ်တွေအတောအတွင်း ငါ မင်းတို့အတွက် ဘယ်လောက်တောင် ခက်ခဲခဲ့ရလဲဆိုတာ မသိကြဘူးလား။”
နှစ်ချက်လောက် ရိုက်ခံရပြီးနောက် ကျောက်တုန်သည် ဘာကိုမှ မပြောခဲ့သော်လည်း ကျောက်ကျွင်းရဲ့ စကားတွေက သူ့အတွက် ခလုတ်တစ်ခု ဖွင့်လိုက်သလို ဖြစ်နေပုံရသည်။
ကျောက်တုန်က သူ့အဖေကို မကျေနပ်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ “သားအတွက်လား။ အဖေက သားတို့အတွက် ဘာများ လုပ်ပေးလို့လဲ။ အဖေက နောက်မိန်းမ ရှာချင်နေရုံပဲ။ အဖေကိုက ပျင်းနေတာ။ သားတို့အတွက်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အဖေက ဒါတွေကို ကိုယ့်ဘာသာ နှစ်သိမ့်ဖို့ လုပ်ပေးနေရုံပဲ။ သားနဲ့ ညီမလေးကို အကြောင်းပြချက် တစ်ခုအနေနဲ့ လုပ်နေတာကို ရပ်လိုက်ပါတော့။”
ကျောက်ကျွင်းသည် သူ့ရဲ့ အတိတ်ဘဝတုန်းက အတော်လေး ထူးချွန်သည့် သူ့ရဲ့ ဒီသားဖြစ်သူကို တွေဝေနေတဲ့ အကြည့်မျိုးဖြင့် ကြည့်လိုက်သော်လည်း သူက ဒီဘဝမှာတော့ လုံးဝ ပုန်ကန်တတ်သည့် သားတစ်ယောက် ဖြစ်နေခဲ့သည်။
ကျောက်တုန် - “သား ဘာလို့ တစ်ခြားလူကို မီးရှူး ပစ်လိုက်လဲဆိုပြီး ဘာလို့ မမေးရတာလဲ။ သား အဖေ့ကို ပြောပြမယ်။ အဲ့ဒါတွေက အဖေ့ကြောင့်ပဲ။ အဖေက သားကို ဟာသတစ်ခုဖြစ်အောင် လုပ်တယ်။ အဲ့လူတွေက သားကို လှောင်ကြတယ်။ အဲ့တော့ သားက ဘာလို့ သူတို့ကို မီးရှူးနဲ့ မပစ်ရမှာလဲ။”
ကျောက်တုန်က သူ့အဖေကို ရွံရှာသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ လူတွေက ခနလေးအတွင်းမှာပဲ များလာခဲ့သည်။
ကျောက်ကျွင်းက အရည်အချင်း မပြည့်မှီတဲ့ အဖေတစ်ယောက်ဟု တွေးခဲ့သော်လည်း အဲ့မတိုင်ခင် လွန်ခဲ့သော တစ်ခဏ အချိန်တုန်းက ကျောင်းတွင် သူ့အနားမှာ အမေ မရှိဘဲ သူ့အဖေက သူ့အတွက် မိထွေးတစ်ယောက် ရှာဖို့အတွက် အမည်မသိ ချိန်းတွေ့မှုကို နေ့တိုင်း သွားနေတယ်ပြီး ပြောသည့်အခါ ကျောက်တုန်က သူ့အဖေကို အတော်လေး မုန်းနေခဲ့သည်။
အဲ့ဒါသာမက ထိုအတန်းဖော်တွေကလည်း တစ်ခါတစ်လေ သူ့ကို လက်ညှိုးထိုးပြီး သူတို့ရဲ့ နှာခေါင်းတွေကို အုပ်ထားခဲ့ကြသည်။
အကြောင်းမှာ ကျောက်ကျွင်းက သူတို့ရဲ့ အဝတ်တွေကို သေချာပြောင်အောင် မလျှော်ပေးသလို သူတို့ရဲ့ ညစ်ပတ်သည့် အဝတ်တွေကိုလည်း သေသေချာချာ မခြောက်မခံပေးထားသည့်အတွက် သူတို့ရဲ့ အင်္ကျီပေါ်မှာ အမြဲလိုလို အနံ့တွေ ရှိနေခဲ့သည်။
ကျောက်တုန်ကိုယ်တိုင်က ထိုအနံ့ကို မရသော်လည်း အခြားသူတွေကတော့ ထိုအနံ့ကို ရကြသည်။
ကျောင်းကလည်း အထိမ်းအမှတ် ခန်းမကြီးထဲသို့ ခရီးတစ်ခု ထွက်ရန် စီစဥ်ပေးခဲ့သည်။ အခြား ကလေးတွေက စားစရာနှင့် ပိုက်ဆံတွေ ယူလာစဥ် သူကတော့ ဘေးနားမှာ ကြောက်ပြီး တစ်ယောက်တည်း ရပ်နေခဲ့ရသည်။ သူ့မိသားစုက အဆင်ပြေသော်လည်း သူ့မှာ ပိုက်ဆံရော၊ စားစရာရော မရှိပါ။ ကျောက်ကျွင်းက အတော်လေးကို အလုပ်ရှုပ်နေပြီး သူ့အတွက် အရာရာ ပြင်ဆင်ပေးဖို့ မေ့နေခဲ့သည်။
ဒါတွေက ကိစ္စအသေးလေးတွေသာ ဖြစ်သော်လည်း ထိုပြဿနာ အသေးလေးတွေ တဖြည်းဖြည်း စုလာသည့်အခါ နောက်ဆုံးမှာတော့ ကျောက်တုန်ရဲ့ ရင်ထဲတွင် လှိုင်းကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။
ကျောက်တုန်က အရွယ်ရောက်လာခဲ့ပြီ ဖြစ်သည်။
သူသည် ညသန်းခေါင်ကြီး လူတွေကြားထဲ အလှောင်ခံရင်း အရွယ်ရောက်လာခဲ့ရလုနီးပါး ဖြစ်ခဲ့ရသည်။
ကံမကောင်းစွာဖြင့် ကျောက်ကျွင်းသည် သူ့ရဲ့သား အရွယ်ရောက်လာတာကို သတိမထားမိခဲ့ပါ။
ကျောက်တုန် - “အဖေ သားကို ရိုက်မှာလား၊ မရိုက်ဘူးလား။ မရိုက်ရင်လည်း သွားအိပ်တော့မယ်။”
ဘာနှစ်သစ်ကူးပွဲလဲ။ နှစ်သစ်ကူးပွဲဆိုတာက ဘာလဲ။ ဒီမိသားစုထဲမှာ ပွဲကျင်းပဖို့ ပျော်စရာတွေဆိုတာတွေက ရှိသေးလို့လား။
ကျောက်တုန်က ဘာကိုမှ ဂရုမစိုက်ဘဲ အိပ်ရာပေါ်တွင် လှဲကာ အိပ်ပျော်သွားတာသည့်အခါ ကျောက်ကျွင်းက သူ့သားကို ဘာပြောရမှန်းမသိဘဲ စိုက်ကြည့်နေခဲ့သည်။
....
အိမ်နီးချင်းတစ်ယောက်က သေချာ နားထောင်ပြီး ထိုအသံကို ကြားသည့်အခါ သက်ပြင်းချခဲ့သည်။
“ဘယ်လို ကံဆိုးမှုတွေပါလိမ့်။”
မိသားစုက အဆင်ပြေသော်လည်း ကျောက်ကျွင်းက အမျိုးသား လူမျိုးကြီး ဝါဒကို ကိုင်ဆွဲထားသည့် လူတွေထဲက အနည်းငယ် ဖြစ်သည်။ သူသည် အိမ်အလုပ် လုပ်တဲ့နေရာမှာ သိပ်မတော်သလို သူ့ရဲ့ ကလေးနှစ်ယောက်ကိုလည်း သိပ်ပြီး ဂရုမစိုက်ခဲ့ပါ။ သူသည် နောက်ထပ် ဇနီးတစ်ယောက် ရှာတာကိုပဲ စိတ်အားထက်သန်နေခဲ့သည်။
အခု သူ့သားက သူ့ဆီကနေ စိမ်းကားသွားမှာကို ငါစိုးရိမ်မိတယ်။
“အမေ၊ စားဖို့အချိန်ကျပြီ။”
အိမ်နီးချင်းက မြန်မြန် ထပြီး တွေးနေတာကို ရပ်လိုက်သည်။ သူက ထိုအကြောင်းကို ထပ်ကာထပ်ကာ တွေးနေခဲ့ရင်တောင် ဒါက အခြားသူရဲ့ ဘဝတစ်ခုသာ ဖြစ်သည်။
လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင် ဘဝတစ်ခုမှာ ရှင်သန်နေခဲ့ကြသည်။
ကျောက်မိသားစု ဘဝသည် အခြားသူတွေထက်တော့ ပိုပြီး မဆိုးပါ။ အဖေဖြစ်သူမှာ သူ့ရဲ့ ပင်စင်လစာ၊ အိမ်ရှိပြီး လက်ထောက်ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်သည်။ တကယ်လို့ သူက ဇနီးတစ်ယောက် မရှာနိုင်ခဲ့ရင်တောင် မိသားစုကတော့ ကောင်းကောင်း နေလို့ရနေဆဲ ဖြစ်သည်။
အဲ့အဒါအပြင် သူက မိန်းမ ရှာချင်တယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်တယ် မဟုတ်ဘူးလား။
သို့သော် ဒီကျောက်ကျွင်းကတော့ အံ့ဩဖို့ကောင်းသည်။ သူက အရှုပ်တွေကြားထဲမှာပဲ အဝတ်တွေကို လျှော်ပြီး စားစရာတွေကို ချက်သည်။ သူသည် လူတွေနှင့် တွေ့သည့်အခါ ပြုံးရွှင်တဲ့ ပုံစံမျိုးဖြင့် ပေါ်လာခဲ့သော်လည်း လူတွေက သူ့ကို နည်းနည်းလေး မေးလိုက်သည့်အခါ သူက ဟန်ဆောင်နေရုံသာဖြစ်ပြီး မိသားစုရဲ့ ကိစ္စတွေမှာ ဘယ်တုန်းကမှ ဝင်မပါတာကို လူတိုင်းက သိနေခဲ့သည်။
အိမ်နီးချင်းတွေကို မဆိုထားနှင့် ကျောက်ကျွင်းနှင့် သိပြီးသား လူတွေကတောင် အံ့ဩခဲ့ကြရသည်။
ပြီးတော့ သူက အနားယူထားတဲ့ စစ်သား တစ်ယောက်ပဲလေ။ ဒါမျိုး စစ်တပ်ထဲမှာ မဖြစ်သင့်ဘူး။ တပ်ထဲမှာဆိုရင် ငါတို့က အကုန်လုံး လုပ်ရတာပဲလေ။ သူ အိမ်ကို ပြန်လာပြီးမှ ဘယ်လိုလုပ် အခုလိုမျိုးကြီး ဖြစ်နေရတာလဲ။
အကြောင်းကတော့ ကျောက်ကျွင်းရဲ့ အတိတ်ဘဝမှာ အခုလိုမျိုးတွေ မဟုတ်နေခဲ့ပါ။ တကယ်တမ်းမှာတော့ သူသည် တပ်ထဲမှာ အလုပ်ကောင်းတစ်ခု လုပ်ခဲ့ရသည်။ သူသည် အတိတ်ဘဝမှာတုန်းက စစ်တပ်ကနေ အနားယူလိုက်သည့်အခါ သူကလည်း သူ့ရဲ့ ကိုယ်ပိုင် အလုပ်တစ်ခုကို လုပ်ခဲ့ရသည်။
သို့သော် ဒါကတော့ ဟုတ်မနေခဲ့ပါ။
သူက ဘဝနှစ်ခုမှာ နေခဲ့ရတာ။
အခုဆိုရင် ကျောက်ကျွင်းမှာ သူ့အတိတ်ဘဝရဲ့ လေးနက်ဆုံး အမှတ်တရတွေ ရှိနေခဲ့သည်။
ဝမ့်ရင်းက ဆယ်စုနှစ်များစွာ သူ့ကို နေ့တိုင်း ပြုစုခဲ့ရပြီး သူ့က ထိုအရာကြောင့် ပျက်စီးနေခဲ့ရပြီး ဖြစ်သည်။
သူ့ရဲ့ အတိတ်ဘဝမှာ ဝမ့်ရင်းရဲ့ အနစ်နာခံပေးမှုကြောင့် မိန်းမတွေအပေါ် ကျောက်ကျွင်းရဲ့ နားလည်မှုက ဝမ့်ရင်းလိုပဲ ဖြစ်မယ်ဟု တွေးနေခဲ့သည်။
သူမက အိမ်အတွင်းရော၊ အပြင်ဘက်ရောရှိတဲ့ ကိစ္စတွေကိုပါ စီမံပြီး ကလေးတွေကို စာပြပေးကာ ဘာညည်းညူတာမျိုးမှ မရှိဘဲ ဂရုစိုက်ပေးခဲ့သည်။
ထိုအရာတွေကြောင့် ကျောက်ကျွင်းသည် မိန်းမတွေ အားလုံးက အခုလိုပဲ ဖြစ်သင့်တယ်ဟု တွေးထားခဲ့သည်။
တကယ်လို့ အခြားသူတွေက အဲ့ဒါကို မလုပ်နိုင်ရင် သူမက မိန်းမကောင်းတစ်ယောက် မဟုတ်ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။
မိန်းမကောင်း တစ်ယောက်က ချွေတာ၊ ကြီးမြတ်၊ နူးညံ့၊ နာခံကာ အသိပညာ ကြွယ်ဝသင့်သည်။
ကျောက်ကျွင်းမှာ အဲ့လို အတွေးမျိုး ရှိနေခဲ့သည်။ သူသည် သွားခဲ့သမျှ ဘယ်အမည်မသိ ချိန်းတွေ့မှုကိုမှ မကျေနပ်ခဲ့ဘဲ အိမ်အလုပ်တွေကို သူက နှောင့်နှေးစေခဲ့သည်။ ထို့အပြင် သူက ကိစ္စကြီး တစ်ခုကို လုပ်နေရသလို အိမ်အလုပ်တွေကိုလည်း လုပ်နေရတယ်ဟု ခံစားနေခဲ့ရသည်။
အချိန်တွေ ကျော်လွန်သွားသည့်အခါ အခုလိုမျိုး ဖြစ်လာခဲ့သည်။
နှစ်သစ်ကူးပွဲမှာ မီးရှူးမီးပန်းတွေ ဖောက်နေခဲ့ကြပြီး မိသားစုတိုင်းက နှစ်သစ်ကူး ညစာစားပွဲမှာ ဖက်ထုပ်တွေ လုပ်ပြီး စားနေခဲ့ကြသည်။
ကျောက်မိသားစုအိမ်ကတော့ မြေအောက်ခန်းလိုမျိုး ခြောက်သွေ့နေခဲ့သည်။
ကျောက်တုန်နှင့် ကျောက်ရှီတို့က အနည်းငယ် စားပြီး အိပ်ပျော်သွားခဲ့ကြကာ ခံစားချက်မဲ့စွာ ထိုင်နေသည့် ကျောက်ကျွင်းကို ထားပြီး အပြင်ဘက်ကနေ မီးပန်း ဖောက်သံတွေ နားထောင်နေခဲ့သည်။
ပြတင်းပေါက်က ဝင်လာသည့် မီးပန်းတွေရဲ့ အလင်းရောင်က ကျောက်ကျွင်းရဲ့ အရိပ်ကို လက်ခနဲ ဖြစ်သွားစေသည်။
ကျောက်တုန်က တွေဝေစွာ ကြည့်လိုက်သည့်အခါ သူ့အဖေရဲ့ ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျနေတာကို တွေ့လိုက်သည်။ သူက ပြန်လှည့်ပြီး ဟာသတစ်ခုလို ခံစားခဲ့ရသည်။
သူ့အဖေက ဘာလို့ ငိုနေရတာလဲ။
နှစ်သစ်ကူးရက် မနက် အစောပိုင်းမှာ လူများစွာက အိမ်ထဲနှင့် သကြားစက်ရုံ အလုပ်သမား အိမ်ရာကနေ ထွက်လာခဲ့ကြသည်။
ဘယ်လိုပဲ ဖြစ်နေပါစေ လူတိုင်းက နှစ်သစ်ကူး တွေ့ဆုံပွဲအတွက် ပြေးလွှားနေခဲ့ကြပြီး အိမ်တိုင်းမှာ လူအုပ်ကြီးတွေ ရှိနေခဲ့သည့်အတွက် သူတို့ လမ်းပေါ်မှာ လမ်းလျှောက်နေတာကို ဘယ်သူကမှ သတိမထားမိပါ။
ဒီနေ့မှာ ကလေးက ပြန်ပေးဆွဲခံခဲ့ရပြီး လူကြီးတွေကတော့ ကလေးဟာ ဟိုနားဒီနား လျှောက်သွားပြီး ဆော့ကစားနေတယ်ဟုသာ တွေးမိခဲ့ကြသည်။
မျက်နှာတွင် အမာရွတ်နှင့်လူက ခြေဟန်လက်ဟန် ပြပြီး နှစ်ဖွဲ့ ခွဲလိုက်ကာ တစ်ဖွဲ့က အိမ်ဟောင်းတွေရှိရာ နေရာသို့ သွားပြီး ကျန်တစ်ဖွဲ့က သကြားစက်ရုံသို့ သွားခဲ့ကြသည်။
သူတို့က ထိုအကြောင်းကို အားလုံးထံ သတင်းပေးပြီး ဖြစ်သည်။ သကြားစက်ရုံသည် ကလေးတွေ အများကြီး ရှိသည့် မိသားစုကြီးများနှင့် သတိထားတာ သိပ်မရှိသော အကြီးဆုံး စက်ရုံကြီး ဖြစ်သည်။ နှစ်သစ်ကူးနေ့မှာ လုံခြုံရေးအင်အားကလည်း ထင်သလောက် မလုံလောက်နေခဲ့ပါ။
“မြန်မြန်လုပ်ပြီး ပြန်လာခဲ့။ ကားက မြို့အပြင်နားကို ရောက်နေပြီ။ လူတွေကို ခေါ်ပြီး ကိုယ့်ဘာသာပဲ အဲ့ကို သွားနှင့်ကြ။”
“ရပြီ။”
တစ်ဖက်ရှိ ရဲစခန်းကလည်း လူတွေစုထားကြောင့် သတင်း အစအနကို သူတို့ ရထားခဲ့ကြသည်။
ခရိုင်ထဲရှိ ရဲအင်အား အားလုံးနီးပါးကို စုထားပြီး အနည်းငယ်ကိုတော့ တပ်ခွဲတွေဆီကနေ လူခန ငှားထားခဲ့ရသည်။
လူများစွာက သူတို့ရဲ့ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုတ်ထားခဲ့ကြသည်။
“ငါတို့ရဲ့ ရည်ရွယ်ချက်က တစ်ယောက်မှ မကျန်အောင် လုပ်ဖို့ပဲ။ သူတို့ အားလုံးကို ဖမ်းလိုက်ကြမယ်။”
“ရထားပါ။”
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၃၄
နှစ်ပေါင်းများစွာ ကြာပြီးသည်အထိ နန့်ရှောင်မြို့ရှိ လူတွေသည် ၁၉၇၄ ခုနှစ်ရဲ့ နွေဦးရာသီပွဲတော် အကြောင်းကို ပျော်ရွှင်စွာ ပြောနေကြဆဲ ဖြစ်သည်။
ထိုနေ့ဟာလည်း အခြားနှစ်တွေနှင့် ဘာမှ ခြားနားခြင်းမျိုး မရှိဘဲ စတင်ခဲ့သည်။
ဝမ့်ရင်းနှင့် ရှုရွှမ်းတို့သည် သူတို့ရဲ့ အရှေ့တွင် နေသည့် ချမ့်တုန်တို့ မိသားစုကလွဲလို့ ဘယ်သူနှင့်မှ သွားပြီး နှုတ်ဆက်တာမျိုး မရှိခဲ့ပါ။ ချမ့်တုန်ကလည်း ဂရုမစိုက်ဘဲ သူတို့ လင်မယားက နှစ်သစ်ကူးပွဲကို အထူးတလည် အလောတကြီး လုပ်စရာ မလိုဘူးဟု ပြောခဲ့ပြီး သူ့မှာ သူ့တပည့်တွေကို ပေးဖို့အတွက် နှစ်သစ်ကူး ပိုက်ဆံလည်း မရှိပါ။
“နောက်နှစ်ကျရင် မင်းကလေးကို ဒီနေရာ စောစော ခေါ်လာတော့မှ ငါ ကလေးကို ဂရုစိုက်ပေးမယ်။”
ရှုရွှမ်းကလည်း တိတိကျကျ ပြောကာ သူ့ဆရာနှင့် ငြင်းခုန်နေခဲ့သည်။ “နောက်နှစ်မှ မဟုတ်ဘူး။ ဒီနှစ်ထဲမှာပဲ။”
နောက်နှစ်မှာ ကလေးက တစ်နှစ်တောင် ပြည့်ဦးမည် မဟုတ်ပါ။ သူသည် မနက်ပိုင်း သူ့မိန်းမကို စောစော ထစေချင်ပြီး နှစ်သစ်ကူး ပိုက်ဆံ တောင်းဖို့အတွက် ကလေးကို ခေါ်သွားချင်နေခဲ့သည်။ သို့သော် မဖြစ်နိုင်ပါ။
ချမ့်တုန်က သူ့ရဲ့ တပည့်ကို ကြည့်လိုက်သည်။ 'ဒီကောင်က ဘာလို့ ပြောနေတာကို နားမလည်နိုင်ရတာလဲ။ '
သို့သော် ဒါက အံ့ဩစရာတော့ မဟုတ်ပါ။ ဒီနှစ်တွေမှာ ရှုရွှမ်းက ပိုပိုပြီး ကြင်နာတတ်လာခဲ့သည်။
ဒီလူက အရည်အချင်းတွေ ရှိသော်လည်း တကယ်ကို ဒေါသကြီးသည်။
အခုဆိုရင် သူသည် အရင်ကလိုမျိုး လူတွေကို အလွယ်တကူ မချုပ်ထားတော့ပါ။ ဒါတွေအားလုံးဟာ ဝမ့်ရင်းရဲ့ လေ့ကျင့်ပေးမှုကို ကျေးဇူးတင်ရလိမ့်မည် ဖြစ်သည်။
ဝမ့်ရင်း - “ဆရာ၊ မနက်ဖြန်ကျရင် ဆရာ စောစောစီးစီး ထစရာ မလိုဘူး၊ ဟုတ်တယ်မလား။ ဆိုင်ကလည်း ပိတ်ထားတာလေ။ မနက်ဖြန် မနက်ကျရင် မီးပန်းတွေ လုက်ရအောင်။ ပြီးရင် ဆရာက ဖက်ထုပ်တွေ စားဖို့ လာခဲ့လေ။”
ချမ့်တုန်က လက်ခါပြလိုက်သည်။ “ဟင့်အင်း။ နောက်မှ ငါ့အတွက် ဖက်ထုပ်တွေ ယူလာခဲ့ပေး။ မနက်ဖြန် မနက်ကျရင် ငါမလာတော့ဘူး။”
ခဏရပ်ပြီးနောက် ချမ့်တုန်က ပြောလိုက်သည်။ “မနက်ဖြန် မနက်ကျရင် မင်း နောက်ဘက်ခြံထဲကို လာစရာ မလိုဘူး။ နေ့လည်စာ ငါ့ဘာသာ လုပ်လိုက်မယ်။”
ချမ့်တုန် ထွက်သွားပြီးနောက် ဝမ့်ရင်းက ရှုရွှမ်းကို မေးလိုက်သည်။ “ဆရာ ဘာဖြစ်တာလဲ။ ရှင်ကရော မနက်ဖြန် ဘာလို့ မသွားတာလဲ။”
စောနကလေးတင် ချမ့်တုန် ဘာမှမပြောတာကို သူမ မြင်သည့်အတွက် သူမက မမေးခဲ့ပါ။
ရှုရွှမ်းက ဒယ်အိုးနှင့် ပန်းကန်တွေကို ဆေးပြီး ကျန်တာကို စုကာ ဘီဒိုထဲ ထည့်သိမ်းထားလိုက်သည်။ သူ့ရဲ့ လက်တွေက အလုပ်ရှုပ်နေရင်း သူမကို ပြန်ပြောခဲ့သည်။ “မနက်ဖြန် မနက်ကျရင် မင်း တွေ့မှာပါ။ နှစ်သစ်ကူးမှာ လာနှုတ်ဆက်မယ့် လာတွေ အများကြီး မင်းတွေ့လိမ့်မယ်။ အထူးသဖြင့် မင်းတို့ သကြားစက်ရုံက လူကြီးတွေ လာကြလိမ့်မယ်။ သူတို့ လာမှာကိုတော့ ကိုယ်လည်း စိုးရိမ်မိတယ်။ ဆရာက သူတို့နဲ့ တွေ့ရတာ ပျော်မှာ မဟုတ်ဘူး။”
ချမ့်တုန်က သူ့မိသားစုရဲ့ ပိုင်ဆိုင်မှု အားလုံးကို လှူပစ်ခဲ့သည်။ သကြားစက်ရုံမှ ခေါင်းဆောင်များသည် မူလ အလုပ်သမားများ ဖြစ်ကြပြီး နှစ်အတော်ကြာ သူတို့ရဲ့ ဆက်ဆံရေးက ပိုပြီးတောင် ကသိကအောက် ဖြစ်နေခဲ့သည်။
အခုဆိုရင် သကြားစက်ရုံရဲ့ မူလ ခေါင်းဆောင်ငယ်က စားသောက်ဆိုင်မှာ သာမန် စားဖိုမှူးတစ်ယောက် ဖြစ်လာပြီး လူတိုင်း မျက်နှာလို မျက်နှာရ လုပ်နေသည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။
ချမ့်တုန်ကတော့ ပွင့်လင်းသည်။ ကမ္ဘာပေါ်ရှိ ဘယ်အရာကမှ မပြည့်စုံပါ။ ထိုခေါင်းဆောင်တွေက ထုံးစံအတိုင်း ချမ့်တုန်ကို တရင်းတနှီး လာရောက် နှုတ်ဆက်ကြချိန်မှာ မှန်ကန်သည့် မျှခြေတစ်ခုကို ရှာတွေ့ခဲ့သည်။ ဒါဟာ သူတို့ စကားတွေထဲမှာ ရောင့်ရဲမှု အရိပ်အယောင် ဒါမှမဟုတ် သတိထားပြီး ချဥ်းကပ်တာ ဖြစ်နေခဲ့ရင်တောင် ဒါတွေက ချမ့်တုန်အတွက် စိတ်မသက်မသာ ဖြစ်စေသည်။
ဒါတွေက နှစ်သစ်ကူးနေ့တိုင်း ဖြစ်နေကြဖြစ်ကာ သကြားစက်ရုံရှိ ခေါင်းဆောင်တွေက စက်ရုံထဲရှိ မိဘမဲ့များနှင့် မုဆိုးမများဆီ လာလည်ပြီး ကိုယ်ကျိုးကို မငဲ့ဘဲ စက်ရုံကို လှူဒါန်းခဲ့သည့် မူလပိုင်ရှင်ဖြစ်သူ သူ့ဆီကိုလည်း လာလည်ကာ သူ့ကို လက်ဆောင်အဖြစ် ဆန်နှင့် ဂျုံမှုန့်တွေကို ပေးကာ သူနှင့်အတူ စကား အနည်းငယ် ပြော၍ မထွက်သွားခင်မှာ သူတို့ ခေါင်းဆောင်တွေဟာ ချမ့်တုန်နှင့် ဓာတ်ပုံ ရိုက်ကြမည် ဖြစ်သည်။
ရှုရွှမ်း - “သကြားစက်ရုံတင်မကဘူး နိုင်ငံပိုင် စားသောက်ဆိုင်က ခေါင်းဆောင်တွေနဲ့ တစ်ခြား ဆရာ့ရဲ့ အဆက်အသွယ် ရှိတဲ့သူတွေကလည်း လာလည်ကြတယ်။”
အခြေအနေတွေ အဆိုးဆုံး ဖြစ်နေသည့် နှစ်နှစ်အတွင်း ချမ့်တုန်ရဲ့ နေရာကို လူတွေ မလာကြတော့သော်လည်း အခြေအနေတွေ အနည်းငယ် တိုးတက်လာပြီးနောက် ထိုလူတွေက အဲ့ပတ်ဝန်းကျင်ကို ပြန်ပြီး စတင် ပြောင်းရွှေ့လာခဲ့သည်။
ဝမ့်ရင်းက ခြေဟန်လက်ဟန်ပြလိုက်သည်။ “ရပြီ။ ဒါဆို မနက်ဖြန်ကျရင် မသွားကြရအောင်။ ဖက်ထုပ်တွေ စားပြီး လမ်းလေး သွားလျှောက်ရအောင်။”
ဘေးပတ်ဝန်းကျင်မှာ ဘာအမျိုးမှ မရှိပေမယ့် သူငယ်ချင်း၊ မိတ်ဆွေတွေတော့ ရှိသည်။ တရုတ် နှစ်သစ်ကူးဆိုတဲ့ အဓိပ္ပါယ်က ဆွေမျိုး၊ အပေါင်းအသင်းတွေဆီ အလည်သွားသည်။
ဖရုံစေ့၊ မြေပဲနှင့် သကြားလုံးတွေကို အိတ်ကပ်ထဲသို့ စာအိတ် အနီလေးနဲ့ ထည့်ပေးပြီး မီးဖုတ်ထားတဲ့ ကန်စွန်းဥ တစ်လုံးကို ဝယ်ပြီး သွားလေရာ ယူပြီး စားလို့ရသည်။ လမ်းပေါ်မှာရှိတဲ့ ဆိုင်တွေ အားလုံးက ပိတ်ထားပေမယ့် တရုတ် နှစ်သစ်ကူးအတွင်း တားမြစ်ချက်တွေက သက်တောင့်သက်သာ ရှိတဲ့အတွက် လူအချို့က သွားရည်စာတွေ ရောင်းသည်။ ပြီးတော့ သွားရည်စာ တစ်ချို့ကို ယူပြီး ပန်းခြံထဲ လမ်းလျှောက်သွားလို့ရသည်။ ဒါမှမဟုတ်လည်း အချို့ စက်ရုံတွေကတောင် သုံးရက်ဆက်တိုက်လောက် ရုပ်ရှင်တွေ ပြသေးသည်။
ရှုရွှမ်းက ခေါင်းငြိမ့်ပြခဲ့သည်။ သူနှင့် ဝမ့်ရင်းသည် ထိုသို့သံားရန် မသင့်တော်ဘူးဟုလည်း ခံစားခဲ့ရသည်။
သကြားစက်ရုံနှင့် နိုင်ငံပိုင် စားသောက်ဆိုင်ရဲ့ ခေါင်းဆောင်တွေဟာ ထိုနေရာမှာ ရှိနေခဲ့သည်။ တကယ်လို့ သူတို့သာ ထပ်တွေ့ကြမယ်ဆိုရင် ပြဿနာတွေ ရှုပ်လာလိမ့်မည် ဖြစ်သည်။
အပြင်ထွက်ပြီး ကိုယ့်ဘာသာ ပျော်စရာ ရှာနေတာက ပိုကောင်းသည်။
အစီအစဥ်ချပြီးနောက် ဝမ့်ရင်းနှင့် ရှုရွှမ်းက နောက်နေ့ မနက် စောစောစီးစီး ထပြီးနောက် မီးပန်းတွေကို ပြင်ကာ စားဖို့အတွက် ဖက်ထုပ်တွေကို ပြင်ခဲ့ကြသည်။ ဖက်ထုပ်တွေ စားပြီးနောက် သူတို့သည် ခြံထဲရှိ အိမ်တိုင်းကို လိုက်လည်ခဲ့ကြသည်။
မာမိသားစုမှာ ကလေးတွေ အများကြီး ရှိသည်။ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ ဖက်ထုပ်ကို အိုးထဲသို့ မထည့်ခင် အချိန်အတော်ကြာကတည်းက အငယ်ဆုံး တစ်ယောက်ကလွဲလို့ မာမိသားစုရှိ ကျန်နေသည့် ကလေး ငါးယောက်က ရောက်လာပြီး ပျော်ရွှင်စရာ နှစ်သစ်ကူးပါဟု အော်သွားခဲ့ကြပြီး ဖြစ်သည်။
ဝမ့်ရင်းက တစ်ယောက်ချင်းစီကို သကြားလုံး နှစ်လုံးနှင့် ဖရုံစေ့ လက်တစ်ဆုပ်စာကို ပေးခဲ့သည်။
ဒီရက်တွေက ဒီလိုမျိုးပဲ ဖြစ်သည်။ အချို့လူတွေက ကံကောင်းစေသည့် ပိုက်ဆံ ပေးသော်လည်း အချို့ အိမ်နီးချင်းတွေက သကြားလုံးနှင့် နေကြာစေ့ ပေးတာက အတော်လေး ကောင်းတယ်ဟု သတ်မှတ်ကြသည်။ ထိုပစ္စည်းတွေကို ဝယ်ရသည့် ကုန်ကျစရိတ်ကလည်း အတူတူပဲ ဖြစ်သည်။
မာမိသားစုရဲ့ ကလေးတွေက သူတို့ရဲ့ အိတ်ကပ်တွေထဲ စားစရာတွေကို ထည့်ကာ ပျော်ရွှင်စွာ ထွက်သွားခဲ့ကြသည်။
ဖရုံစေ့ကို ခွာလိုက်သည့်အခါ သူ့ရဲ့ အနံ့က အရသာရှိပုံ ရသည်။ ဒါတွေကို အနောက်ခြံထဲရှိ အဖိုးချမ့်က လှော်ထားတာ ဖြစ်သည်။ ထိုထဲမှာ အရသာ ငါးမျိုး ပါဝင်ပြီး အတော်လေး မွှေးကြိုင်နေခဲ့သည်။
ထို့နောက် လျှိုမိသားစုက ရောက်လာခဲ့သည်။ လျှိုမိသားစုရှိ ကလေးနှစ်ယောက်က ရှက်ရှက်ဖြင့် “နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ။” ဟု ပြောခဲ့ကြသည်။ ဝမ့်ရင်းက တစ်ယောက်ချင်းစီအတွက် စာအိတ် အနီလေး ပတ်ပေးခဲ့သည်။
တကယ်လို့ သူတို့က ဒါကို ခွဲခြား ဆက်ဆံတယ်ဆိုပြီး ပြောမယ်ဆိုရင် ဒါက ဒီလို ရှိတယ်။ အဓိကကတော့ အဒေါ်လျှိုက သူမကို အရင်တုန်းက အများကြီး ကူညီပေးခဲ့တာဆိုတော့ ထုံးစံအတိုင်း သူမတို့တွေ ခွဲခြားလို့ မရဘူး။
ကလေးတစ်ယောက်ကို နှစ်ဆင့်နဲ့ သကြားလုံး နှစ်လုံးရယ်၊ ဖရုံစေ့ လက်တစ်ဆုပ်စာရယ်။
တစ်မနက်ခင်းလုံး အလုပ်ရှုပ်ပြီးနောက် သူတို့ နှစ်ယောက်က သူတို့ရဲ့ ပစ္စည်းတွေကို ထုပ်ပိုးခဲ့သည်။ လျှိုမိသားစုမှာ အမျိုးတွေ အများကြီး မရှိသော်လည်း မာမိသားစုမှာတော့ ဘေးအိမ်က ဆရာမာ တစ်ယောက်တော့ ရှိသည်။
သို့သော် မာယုံကျင်းက သူ့ဆရာကို ပညာတွေ သူ့ကို မသင့်ပေးသည့်အတွက် နားကျည်းနေဆဲ ဖြစ်ကာ သူ့မိသားစုဆီ သွားဖို့ကို အကြောက်ကန် ငြင်းနေခဲ့သည်။
ထို့ကြောင့် ဝမ့်ရင်း ထွက်သွားတာကို မြင်သည့်အခါ သူက သူမကို မေးခွန်း အနည်းငယ် မေးခဲ့သည်။
ဝမ့်ရင်းက ဖော်ဖော်ရွေရွေ ပြောခဲ့သည်။ “အိမ်မှာက ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ အပြင်ထွက်ပြီးပဲ လမ်းလျှောက်ကြရအောင်။”
အဒေါ်လျှို - “ဒါနဲ့၊ ဝမ့်ရင်း ဒီနှစ်ရော ရုပ်ရှင်တွေ ပြဦးမှာလား။ သူတို့က ဘာတွေ ပြနေတာလဲ။”
ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ “ကျွန်မတို့ စက်ရုံက နေတဲ့နေရာမှာ ပြဇာတ်ကမယ်တဲ့။ သူတို့ပြောတာတော့ အဲ့ဒါက ပန်းကလေးတဲ့။”
ထိုသည်က မြောက်ကိုရီးယား ရုပ်ရှင်တစ်ကား ဖြစ်သည်။ အခုခေတ်မှာ ရုပ်ရှင်တွေဟာ အရင်ခေတ်က ရုပ်ရှင်တွေ ပြန်ပြန်ပြီး ပြနေတာနှင့် အတူတူပဲ ဖြစ်သည်။ ဝမ့်ရင်းက “ပန်းကလေး” ဆိုသည့် ရုပ်ရှင်ကို နှစ်ခါပြန် ကြည့်ပြီးပြီ ဖြစ်သည်။ သို့သော် ထိုရုပ်ရှင်က ခြံထဲရှိ လူတွေအတွက်တော့ အသစ်လို ဖြစ်နေဆဲ ဖြစ်သည်။ ထို့အပြင် ကလေးတွေကလည်း ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။
“ဟုတ်ပြီ။ နေ့လည်စာ စားပြီးသွားရင် ထိုင်ခုံ သွားယူရအောင်။ အဲ့ဒါမှာ ညအထိ ကြည့်လို့ရမှာ။”
အေးစက်နေသည့် ဆောင်းတွင်းမှာတောင် သူတို့က ရုပ်ရှင်တစ်ကားကို ကြည့်ဖို့အတွက် စိတ်လှုပ်ရှားနေခဲ့ကြသည်။
ကလေးတစ်ယောက်က မအောင့်နိုင်ဘဲ ချက်ချင်း ထအော်လိုက်သည်။ “အခုသွားပြီး ထိုင်ခုံ သွားယူမယ်။ အရင်ဆုံး နေရာယူပြီး နေ့လည်စာ စားပြီးရင် ပြန်သွားလို့ ရတယ်လေ။”
ထိုစကားကို ပြောပြီးနောက် သူက ပြေးထွက်သွားခဲ့သည်။
ရှုရွှမ်းနှင့် ဝမ့်ရင်းတို့ကလည်း အတူတူ ထွက်လာခဲ့ကြသည်။ သူတို့က ဟိုနားဒီနား အနည်းငယ် လမ်းလျှောက်ဖို့ စီစဥ်ခဲ့ကြပြီး ကစားဖို့ ပန်းခြံထဲကို သွားခဲ့ကြသည်။ ပန်းခြံထဲမှာ လှည့်လို့ရတဲ့ဟာနဲ့ လူတွေ ဆော့နေတယ်ဆိုပြီး ကြားထားသည်။
သူတို့နှစ်ယောက်က ပန်းခြံထဲကို လမ်းလျှောက်သွားပြီး ရှုရွှမ်းက ဝမ့်ရင်းရဲ့ လက်ကို ကိုင်ထားခဲ့သည်။ ဒီနေ့ဟာ နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့ဖြစ်ပြီး သူတို့တွေကို အတော်လေး တရင်းတနှီး စိုက်ကြည့်နေမည့် ဘယ်သူမှ ရှိမနေခဲ့ပါ။
ယောက်ျားနှစ်ယောက်က သကြားစက်ရုံရဲ့ ထောင့်နား လမ်းလျှောက်သွားသည့်အခါ သူတို့သည် လူတစ်ယောက်က သကြားလုံးများ တိတ်တဆိတ် ရောင်းနေတာကို တွေ့ခဲ့ရသည်။
တရုတ် နှစ်သစ်ကူး အချိန်အတွင်းမှာ ဒါတွေက သာမန် စားနေကြသွားရည်စာတွေ ဖြစ်ပြီး အချို့လူတွေက ထိုအချိန်မှာ ပိုက်ဆံရှာဖို့ အခွင့်အရေး ယူကြသည်။
လူအချို့က ဝယ်နေတာကို မြင်သည့်အခါ ဝမ့်ရင်းကလည်း လောဘကြီးသွားခဲ့သည်။ ရှုရွှမ်းက သူမကို ဘယ်တုန်းကမှ သကြားလုံးတွေ အများကြီး စားခွင့်မပြုခဲ့ပါ။ ဒါတွေကို သူမဘာသာ လုပ်ဖို့ မျှော်လင့်ချက်ကလည်း မဖြစ်နိုင်ပါ။ ထိုနေရာတွင် ဝဥကို တုတ်ဖြင့် ထိုးထားတာမျိုးလည်း ရှိနေခဲ့သည်။
ရှုရွှမ်းက ဝမ့်ရင်းကို အခုလိုမျိုး မြင်သည့်အခါ သူမ ဘာလုပ်မလဲဆိုတာကို သူက သိနေခဲ့ပြီး ဝဥ နှစ်ချောင်း သွားဝယ်ဖို့ လုပ်လိုက်သည်။ နောက်ဆုံးမှာတော့ သူက သကြားကို ထိန်းတယ်ဆိုသည့် အဓိပ္ပါယ်ကို နားလည်ပြီး သူကိုယ်တိုင် အဲ့ဒါကို မလုပ်နိုင်ခဲ့ပါ။
ဝမ့်ရင်း ကိုယ်ဝန်စရှိပြီးနောက် သူမရဲ့ အသားရည်က ပိုပြီး ဖြူကာ နီနီလေး ဖြစ်လာခဲ့ပြီး သူမက ပိုပြီးတောင် ငယ်သွားသလို ဖြစ်နေခဲ့သည်။ ဒီလို ဖြူဖွေးဥနေသည့် လူတစ်ယောက်ကို ကြည့်လိုက်သည့်အခါ သူ့ကိုယ်သူ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ဝဥနှစ်ချောင်းပေးပါ။”
ဝမ့်ရင်းက မုန့်တွေကို ပျော်ရွှင်စွာ စားပြီး လမ်းအနည်းငယ် လျှောက်လာသည့်အခါ သူမ ကျန်းနာကို တွေ့လိုက်ရသည်။
ကျန်းနာက အတော်လေးကို စိတ်ရှုပ်နေခဲ့သည်။ သူမရဲ့ ဘေးနားမှာ ကလေး ခုနှစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက် ရှိနေခဲ့ပြီး ကလေးတွေရဲ့ အသက်ကလည်း သိပ်ပြီး မကွာကြပါ။ သူတို့ရဲ့ ဆူညံသံတွေက ကျန်းနာကို မူးနောက်လာစေခဲ့သည်။
“အစ်မရင်း၊ အစ်မရင်း။”
ဝမ့်ရင်းက ပျော်ရွှင်စွာ ရောက်လာခဲ့သည်။ “နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ ရှောင်းနာရေ။ နင် ဒီမှာ ဘာလုပ်နေတာလဲ။”
ကျန်းနာက အကူအညီ ရဖို့အတွက် တောင်းပန်နေသလို ဖြစ်နေခဲ့သည်။ “ဒါက ညီမ အမျိုးတွေရဲ့ ကလေးတွေပါ။ အမေက သူတို့ကို စားစရာတွေ ဝယ်ဖို့ ခေါ်သွားခိုင်းလို့။”
သူတို့ရဲ့ မိသားစုမှာ သမီး တစ်ယောက်သာ ရှိသော်လည်း နှစ်ဖက်လုံးရှိ အမျိုးတွေက အတော်ကို များပြီး သူတို့ ရောက်လာသည့်အခါ လူအုပ်လိုက်ကြီး ဖြစ်နေခဲ့သည်။
သူမရဲ့ မျက်နှာက လုံးလုံးလေး ဖြစ်နေပြီး လူကြီးတွေရဲ့ မျက်လုံးထဲမှာတော့ သူမက ကလေးလေး တစ်ယောက်အဖြစ်သာ ရှိနေသေးသည်။ ထို့ကြောင့် ကလေးတွေ အားလုံးကို သူမဆီ အပ်ကာ သူတို့နှင့်အတူ ကစားဖို့ ခေါ်သွားရန် တောင်းဆိုခဲ့သည်။
ကျန်းနာက ဝမ့်ရင်းနှင့် စကား ပြောချင်သည့်အတွက် ထုံစံအတိုင်း သူမက ကလေးတွေကို ပိုက်ဆံပေးကာ ပြောလိုက်သည်။ “ဟိုမှာ သကြားလုံးတွေ ရောင်းတဲ့ ဆိုင်ရှိတယ်။ အဲ့ကိုသွားပြီး နည်းနည်းလောက် သွားဝယ်လိုက်ဦး။”
ကလေးတွေက ပျော်ပြီး တစ်စီတစ်တန်းကြီး ပြေးသွားခဲ့ကြသည်။
ကျန်းနာက စိတ်သက်သာရာရပြီး သက်ပြင်းချကာ နောက်ဆုံးမှာတော့ သူမရဲ့ နားတွေ အေးသွားခဲ့ပြီ ဖြစ်သည်။
ဝမ့်ရင်းက ပြုံးပြီး သူမနှင့် စကားတွေ ပြောခဲ့သည်။ ထို့အပြင် ဒါက နှစ်သစ်ကူး ဖြစ်သည့်အတွက် အားလုံးက အတူတူပဲ ဖြစ်သည်။
ကျန်းနာ - “ညီမတို့ မိသားစုက အရမ်းကို ပျော်ဖို့ ကောင်းနေတာ။ ညီမရဲ့ ဝမ်းကွဲတစ်ယောက်က ကွာရှင်းတော့မယ်လို့ ကြားထားတာ။ အဲ့လူကြီးက တကယ်ကို မကောင်းတဲ့သူပဲ။ သူက ညီမ အစ်မနဲ့ နေပြီး သူ့အပေါ်မှာလည်း ဖောက်ပြန်တယ်။ ညီမလေ အရမ်း ဒေါသထွက်တာပဲ။ သူလွတ်လာရင် အဖေက သူ့ကို သွားရိုက်မယ်လို့ ပြောပေမယ့် အမေကတော့ သမီးကို နားမထောင်ဖို့ပြောပြီး အပြင်ကို ပထုတ်လိုက်တာ။ ဘယ်လိုတောင် ဆိုးရွားလိုက်တဲ့လူလဲ….”
ဝမ့်ရင်း - ….
“ဒါဆို ညီမ အစ်မက ကျန်းယွင်လား။”
ကျန်းနာက အံ့ဩစွာ မေးလိုက်သည်။ “အစ်မရင်း၊ ဘယ်လိုဖြစ်ပြီး သိနေရတာလဲ။”
ဒါဟာ တိုက်ဆိုင်မှု တစ်ခုပဲဟု ဝမ့်ရင်းကလည်း တွေးလိုက်သည်။ တကယ်တမ်း ကျန်းယွင်နှင့် ကျန်းနာက ဆွေမျိုးတွေဆိုတာကို ဘယ်သူကများ သိနေမှာလဲ။
“အစ်မတို့ မိသားစု နှစ်စုက တစ်ခြံတည်းမှာနေတဲ့ အိမ်နီးချင်းတွေလေ။”
လူကြီးတွေက ကျန်းနာကို နားမထောင်စေချင်လို့ အပြင်ကို ပထုတ်လိုက်သည်။ သူမက ဝမ့်ရင်း ထိုစကား ပြောတာကို ကြားသည့်အခါ သူမက ရုတ်တရက် စိတ်လှုပ်ရှားသွားကာ အသေးစိတ် မေးဖို့အတွက် ရောက်လာခဲ့သည်။
ဝမ့်ရင်းက သူမကို လက်ခါပြလိုက်သည်။ “အဲဲဒါတွေ မေ့ထားလိုက်ပါ။ အစ်မတို့ အလုပ်တွေ ပြန်သွားရမယ့် နောက်ထပ် ရက်တွေအကြောင်း ပြောရအောင်။”
ရှုလဲ့ရဲ့ ပြဿနာက တစ်ခုတည်း မဟုတ်ဘူး။ ပြန်ပေးသမားကို ဖမ်းမိတာနှင့် တစ်ပြိုင်နက် ကျန်းနာက သူမက အဲ့ဒါကို မကြားချင်ဘူးဆိုတာ သိသွားမှာကို စိုးရိမ်မိသည်။
ရုတ်တရက်ဆိုသလို ကျန်းနာက ဝမ့်ရင်းရဲ့ အင်္ကျီလက်ကို လှမ်းဆွဲပြီး မေးလိုက်သည်။ “အစ်မရင်း၊ အဲ့လူက ကျန်းလင်းလို့ အစ်မထင်လား။”
“တကယ်လား။ သူရော ဘာတွေလုပ်နေတာလဲ။ သူ့ကြည့်ရတာ ဘာလို့ အဲ့လောက်တောင် စိတ်ရှုပ်နေရတာလဲ။”
ကျန်းလင်းကလည်း သူတို့ကို သကြားလုံး ရောင်းသည့် ဆိုင်ကို ဖြတ်လာတုန်းက တွေ့လိုက်သည်။
မမျှော်လင့်ထားဘဲ ကျန်းလင်းက သူတို့ကို ထုံးစံအတိုင်း လစ်လျူမရှုခဲ့ဘဲ ထိုအစား သူတို့နောက် လိုက်လာခဲ့သည်။
“ဝမ့်ရင်း၊ ကျန်းနာ။ နင်တို့တွေ ဖရုံသီးပုံစံ ဆံပင် လုံးလုံးလေး ညှပ်ထားတဲ့ ကောင်လေးကို တွေ့မိသေးလား။ သူက လေးနှစ်လောက်ပဲ ရှိသေးတာ။ သူက အစိမ်းရောင် အင်္ကျီလေးနဲ့ သိုးမွှေး ဦးထုပ်လေး ဆောင်းထားတယ်။”
ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သူတို့ရဲ့ ရင်ထဲမှာ တုံ့ခနဲ ဖြစ်သွားသည်။
“ဟင့်အင်း။”
ကျန်းလင်းက လဲကျလုနီးပါး ဖြစ်သွားကာ သူမရဲ့ မျက်လုံးထဲမှာလည်း မျက်ရည်တွေ ဝဲနေခဲ့သည်။