← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 20 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 20 Ch. 235-236

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၃၅

ပျောက်သွားသည့် ကလေးက သူမဦးလေး မိသားစုမှ ကလေးဖြစ်သည်။ သူက မီးပန်းတွေ ဝယ်ဖို့ ထွက်သွားတာဟု ပြောခဲ့သော်လည်း သူက ဟိုဘက်ကို ကွေ့လိုက်တာနှင့် ပျောက်သွားခဲ့သည်။ သူမက ထွက်ပြီး ထိုအကြောင်းကို မေးခဲ့သော်လည်း မီးပန်းရောင်းသည့် လူကြီးက သူတို့လည်း ကလေးကို မတွေ့လိုက်ဘူးဟု ပြောခဲ့သည်။

ဝမ့်ရင်းက ကျန်းလင်းကို ထိန်းထားပေးလိုက်သည်။ “မထွက်သွားနဲ့ဦး။ ငါ့ကို နည်းနည်းလောက် ပြောပြ။ ပြီးရင် ငါတို့တွေ အတူတူ သွားရှာကြမယ်။”

“ကျန်းနာ၊ မင်း အမျိုးတွေရဲ့ ကလေးတွေကို ဒီနေရာ အရင် ခေါ်လာခဲ့။ သူတို့ကို လျှောက်မပြေးစေနဲ့။” ဝမ့်ရင်းကလည်း ရင်တွေတုန်လာခဲ့သည်။ ရဲတွေက လမ်းတွေကို စပိတ်နေပြီဟု သူတို့ကို ပြောလိုက်တာကို ဘာလို့ အခုထိ အဲ့လူတွေကို မဖမ်းမိသေးတာလဲ။

တစ်ဖက်တွင် သူတို့ အနည်းငယ်သာ သိထားသည့် ရဲတွေကလည်း စိတ်လှုပ်ရှားနေခဲ့ကြသည်။

မျက်နှာပေါ်တွင် အမာရွတ်နှင့် လူရယ်၊ သူ့အဖွဲ့ရယ် လူစုခွဲလိုက်တာနှင့် ရဲတွေက ထိုလူတွေကို ပစ်မှတ်ထားခဲ့ကြသည်။ လူတစ်ယောက်ကို ပျမ်းမျှ သုံးယောက်ကနေ ငါးယောက်အထိ ပစ်မှတ်ထားပြီး မကြာခင်မှာပဲ ထိုလူတွေကို ဖမ်းမိခဲ့သည်။

သို့သော် လူနှစ်ယောက်ကတော့ ပျောက်နေဆဲ ဖြစ်သည်။

သူတို့နောက်ကို လိုက်နေသည့် ရဲသားကြီးက အရမ်း ဒေါသထွက်ကာ ပြန်ရောက်လာခဲ့သည်။ “အဲဲဒါက မိန်းမ တစ်ယောက်ပဲ။ သူ့ကို ငါတို့ မျက်ခြေဖျက်ဖို့ သူက အဝတ်တွေ လဲပြီး ခြေရာဖျောက်သွားတယ်။ သူနဲ့ အတူတူ ပါလာတဲ့ နောက်ထပ် ယောက်ျားကလည်း အဲ့မှာ ရှိနေတာ။ သူတို့က လင်မယားတွေလို ဟန်ဆောင်နေကြတယ်။”

ရဲသားကြီးက စားပွဲခုံကို ရိုက်ပြီး ပြောလိုက်သည်။ “အဲ့ကောင်တွေကို မြန်မြန် သွားရှာစမ်း။”

တစ်ယောက်လောက် လွတ်သွားရင် နောက်ပိုင်းကျ သူတို့ကို ဖမ်းဖို့ ပိုခက်သွားလိမ့်မည်။

ထိုအချိန်မှာပဲ လူငယ် လင်မယား တစ်တွဲက သကြားစက်ရုံ ထောင့်နားကနေ လမ်းလျှောက်ကာ ထွက်လာခဲ့သည်။ သူတို့ တစ်ယောက်စီက ကလေး တစ်ယောက်ကို ကိုင်ထားခဲ့သည်။ သူတို့က ပျော်ဖို့ ထွက်လာသည့် အခြားသော မိသားစုတွေလိုမျိုးပဲ ဖြစ်သည်။

“သေစမ်း၊ လောင်တောက်က ဘာလို့ အခုထိ ရောက်မလာသေးတာလဲ။ သူက တကယ်ကို သုံးစားလို့ မရတဲ့ကောင်ပဲ။”

“ကလေးကို ငါတို့တွေလည်း ဟိုဟိုဒီဒီ ခေါ်သွားလို့ မရဘူး။ သူက ဝလို့ ကိုင်ထားရတာတောင် အဆင်မပြေဘူး။ ငါတို့က ဘယ်လို အိမ်ပျက်ကြီးဆီ သွားပြီး ခနလောက် သွားနားလို့ ရတော့မှာလဲ။”

ထိုအကြံကို ပေးခဲ့သည့်သူက အထဲရှိ အမျိုးသမီး ပြန်ပေးသမား ဖြစ်သည်။ သူမ ကိုင်ထားသည့် ကောင်လေးက သိုးမွှေး ဦးထုပ်ကို ဝတ်ထားကာ သူသည် ချမ်းသာသည့် မိသားစုမှ ကလေးဆိုတာ သိသာနေခဲ့သည်။ သူ့ကို သေချာ ကျွေးမွေးထားခဲ့သည့်အတွက် ကောင်လေးက အရမ်း လေးပြီး သူမက လမ်းနည်းနည်းလောက် လျှောက်ပြီးတာနှင့် မောနေခဲ့သည်။

ယောက်ျားကြီးက ဒေါသတကြီး ပြောလိုက်သည်။ “ဟင့်အင်း။ ငါတို့ အဲ့နေရာကို ပြန်မသွားဘူး။ ဒီနှစ်ကောင် နိုးလာပြီး ပြဿနာရှာရင် ငါတို့တွေ ဘယ်လို လုပ်ကြမလဲ။ အဲ့ဒါအပြင် အဲ့နေရာက တစ်ခုခု လွဲနေတယ်လို့ ငါခံစားနေရတယ်။ အဲ့နေရာက အရင်ကလို အရမ်း တိတ်ဆိတ်နေတယ်လို့ နည်းနည်း ခံစားမိနေတယ်။”

အမျိုးသမီး ပြန်ပေးသမား - “အဲ့တော့ ငါတို့တွေ ဘာလုပ်မှာလဲ။”

ထိုလူက အံကိုကြိတ်ပြီး ပြောလိုက်သည်။ “အရင်ဆုံး ဟိုဟိုဒီဒီ လိုက်ကြည့်ရအောင်။ တကယ်လို့ ငါတို့တွေ မြို့က ထွက်သွားလို့ မရဘူးဆိုရင် သကြားစက်ရုံထဲမှာပဲ ငါတို့တွေ ပုန်းကြမယ်။ အခြေအတွေ မကောင်းရင် ငါတို့ လူတွေအနောက်ကနေ ပြေးပြီး ထွက်သွားကြမယ်။”

အမျိုးသမီး ပြန်ပေးသမား - “ကောင်းပြီလေ။ သွားကြမယ်။”

သူတို့နှစ်ယောက်က တံတိုင်းနားတစ်လျှောက် လမ်းလျှောက်သွားခဲ့ကြသည်။ ဒါက တရုတ် နှစ်သစ်ကူး ဖြစ်ပြီး လူများစွာက သူတို့ရဲ့ ဆွေမျိုးနှင့် မိတ်ဆွေထံ သွားရောက် လည်ပတ်နေခဲဲကြသည်။ သူတို့က ကလေးတွေကို ကိုင်ထားကြရုံသာမက သူတို့တွေက ဘာကိုမှ မပြောနိုင်ခဲ့ကြပါ။

….

ထိုအချိန်မှာပဲ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က ကျန်းလင်းကို ထိုအကြောင်းမပြောခင် အကျဥ်းချုပ် ဆွေးနွေးခဲ့ကြသည်။ “ဒီကို ကြည့်။ အခု နင့်ဦးလေးကို သွားရှာ။ တစ်ယောက်က ရဲကိုခေါ်ပြီး တစ်ယောက်က စက်ရုံ လုံခြုံရေး ဌာနကို ဆက်သွယ်။ ကလေး ပျောက်နေတဲ့အကြောင်း သူတို့ကို ပြောပြီး နင့်မောင်လေးက ဒီနေ့ ဘာဝတ်ထားလဲဆိုတာကိုပါ ရှင်းပြလိုက်။ သူ့ကို ရှာဖို့ စက်ရုံက တစ်ယောက်ယောက်ကို အကူအညီ တောင်းထား။”

နှစ်သစ်ကူးနေ့မှာ ဘက်စ်ကားဂိတ်တွေကို ပိတ်ပြီး မြို့ကနေ လူအနည်းငယ်ကသာ ထွက်သွားနေကြသည်။ အရေးအကြီးဆုံးကတော့ သူတို့က လုံးဝကို အဝေးကြီး မသွားနိုင်ကြပါ။

“လူအရေအတွက်က ထူးဆန်းနေတယ်။ ဒီကနေ ထွက်ဖို့ ငါတို့ ကူညီမယ်။ အို၊ သူတို့ အိပ်ပျော်နေရင် မင်းတို့ ပိုပြီး ဂရုစိုက်သင့်တယ်။ ပြန်ပေးသမားတွေက သူတို့ကို မခေါ်သွားခင် ကလေးတွေကို ဆေးတွေ တိုက်တယ်လို့ ငါကြားထားတယ်။”

“တကယ်လို့ ဒါကို တစ်ယောက်ယောက် ရှာတွေ့ရင် ရဲ ဒါမှမဟုတ် လုံခြုံရေးကို ဆက်သွယ်ထား။ သူတို့ကို ထိပ်တိုက် ရင်ဆိုင်မတွေ့နဲ့။”

ကျန်းလင်းက အချိန်အတော်ကြာ လန့်နေခဲ့သည်။ သို့သော် ဝမ့်ရင်း ပြောတာကို ကြားသည့်အခါ သူမက ချက်ချင်း အရူးတစ်ယောက်လို ခေါင်းငြိမ့်ပြလိုက်ပြီး အရင်တုန်းက သဘောမတူမှု အားလုံးကို မေ့လိုက်သည်။

“ငါလည်း လိုက်သွားလိုက်မယ်။”

ကျန်းနာကလည်း ကြောက်နေခဲ့ပြီး ခပ်မြန်မြန်ပဲ ကလေး အားလုံးကို အိမ်သို့ ပြန်ပို့ခဲ့သည်။ “လမ်းမှာ ဘယ်သူနဲ့မှ စကားမပြောနဲ့။ လက်တွေကို ကိုင်ထား။ နောက်မှာ ဘယ်သူ့ကိုမှ မထားခဲ့နဲ့။ မင်းတို့ အိမ်ပြန်ရောက်ပြီးရင် အပြင် မထွက်ကြနဲ့တော့။”

သူမက ကလေးတွေ ရှာဖို့အတွက် ကျန်းလင်းကို ကူညီပေးခဲ့ပြီး သူတို့ကို ပြန်ပို့ပေးဖို့ အချိန် မရှိခဲ့ပါ။

ကလေးတွေကလည်း အရမ်းကို ကြောက်နေခဲ့ပြီး မြန်မြန် ပြန်သွားခဲ့သည်။

ဝမ့်ရင်းက ရှုရွှမ်းရဲ့ လက်ကို ကိုင်ပြီး ပန်းခြံထဲကို မသွားဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုအစား သူမက တံခါးမှာ ရပ်ပြီး လူတွေ သွားလိုက်၊ လာလိုက် လုပ်နေတာကို ငေးကြည့်နေခဲ့သည်။

ရှုရွှမ်းက ဝမ့်ရင်းကို အနောက်မှာထားပြီး ကာကွယ်ပေးကာ ပြောလိုက်သည်။ “မင်း အရင်ဆုံး ပြန်သွားရင်ကော။ ကိုယ် သူ့ကို ရှာလိုက်မယ်။”

ဝမ့်ရင်းက သူမရဲ့ ခေါင်းကို ခါပြလိုက်သည်။ “ဒါက အဆင်ပြေပါတယ်။ ကျွန်မ ဘယ်မှ မသွားဘူး။ ကျွန်မ ဒီကနေပဲ ငေးကြည့်နေရုံပါပဲ။”

သူမကို ပြန်သွားခိုင်းလိုက်ရင် စိတ်ဖိစီးသွားလိမ့်မည်။ အဲ့ဒါကြောင့် သူမကို ဒီမှာနေဖို့ စောင့်ခိုင်းတာကပဲ ပိုကောင်းသည်။

မကြာခင် သကြားစက်ရုံကို စုပေါင်းတော့မည် ဖြစ်သည်။

ရဲကလည်း ကလေးတွေ ပျောက်နေတာကို ကြားထားပြီး သူတို့ရဲ့ အင်အားတွေကို မြန်မြန် ပြန်စုလိုက်သည်။

စက်ရုံရှိ ရုပ်ရှင်ရုံက ရှင်းပြီးပြီ ဖြစ်ကာ အိမ်တိုင်းက အဲ့ဒါကို မသွားခင် အရင်ဆုံး ကလေးတွေကို နေရာ အတည်တကျ ထားလိုက်သည်။ ထို့အပြင် ထိုလူကုန်ကူးသမားက အထင်သေးခံရမည် ဖြစ်သည်။ ဘယ်သူ့ဆီမှာ ကလေး မရှိတာလဲ။ နှစ်သစ်ကူးနေ့မှာ လူတွေ ပြန်ပေးဆွဲတာက တကယ်ကို အကျင့်ပျက်သည့် အရာတစ်ခု ဖြစ်သည်။

“သူ့ကို ဖမ်းမိရင် အရင်ဆုံး ရိုက်ပစ်မယ်။”

“ငါ အရမ်း ဒေါသထွက်တာပဲ။ နှစ်သစ်ကူးရက်ဆိုတာ တကယ် ကျက်သရေရှိတဲ့ရက်ပဲ။ ဒီလိုနေ့မျိုးမှာ ဒီလို ကိစ္စမျိုးကို လုပ်စရာလား။ နင်တို့တွေ ပြန်ပေးဆပ်ရမှာ မကြောက်ဘူးလား။”

“မကောင်းတဲ့ဟာတွေ။”

အစပိုင်းမှာတော့ ကျန်းလင်းရဲ့ ဦးလေးက မိဘမဲ့တွေဆီ သွားလည်ခဲ့သော်လည်း အခုဆိုရင် သူက မြန်မြန် ပြေးသွားကာ ကျန်းနာရဲ့ မိသားစုဝင်တွေက ကူညီဖို့ကို ထွက်လာခဲ့ကြသည်။

စုံစမ်းစစ်ဆေးရေး ပြီးသွားသည့်နောက် ပျောက်နေတဲ့ ကလေးနှစ်ယောက်က ကျန်းလင်းနှင့် သကြားစက်ရုံရှိ နောက်ထပ် အလုပ်သမား တစ်ယောက်ရဲ့ ကလေးတွေ ဖြစ်ကြောင်းကို သိသွားခဲ့ကြသည်။ မိသားစုတွေက ငိုမဲ့မဲ့ ဖြစ်နေခဲ့ကြသည်။ အကြောင်းမှာ သူတို့ရဲ့ ကလေးတွေကို ရှာမတွေ့ခဲ့သော်လည်း ကံကောင်းစွာဖြင့် စက်ရုံထဲရှိ လူတိုင်းက သူတို့အတွက် ကူပြီး ရှာဖို့အတွက် ထွက်လာခဲ့သည်။

ဝမ့်ရင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ “ဒီခေတ် အလုပ်လုပ်နေကြတဲ့ လူတွေက ရိုးရှင်းပြီး ရိုးသားနေကြတုန်းပဲ။” လမ်းမနှင့် လမ်းကြားထဲရှိ လူတိုင်းက အတော်လေးကို သတိပေးထားပြီး လူတစ်ယောက်ကို ဖမ်းရုံသာ ဖမ်းခဲ့သည်။

သို့သော် သူတို့နှစ်ယောက်က အချိန်အတော်ကြာ မပုန်းနေခဲ့ပါ။

အစပိုင်းမှာတော့ သူတို့က သကြားစက်ရုံထဲမှာ ပုန်းနေတာက အလုံခြုံဆုံး နေရာဟု တွေးနေခဲ့သည်။ စက်ရုံကြီးထဲရှိ နှစ်သစ်ကူးနေ့ ဖြစ်သည့်အတွက် အထဲမှာ သူတို့ကို ရှာဖို့ဆိုတာ စစ်ဆေးတဲ့သူတွေအဖို့ မလွယ်ကူပါ။

မကြာခင် အဲ့ဒါက မအောင်မြင်ဘူးဆိုတာကို ဘယ်သူက သိမှာလဲ။ စက်ရုံထဲရှိ လူတိုင်းက စုလိုက်ပြီး အချို့သော လူတွေက ကလေးတွေကို ဖွက်ထားမယ်ဟု တွေးခဲ့ကြသည်။ အကြောင်းမှာ သူတို့က ကစားနေသည့်အတွက် အဖွဲ့လေး တစ်ဖွဲ့နဲ့တင် သူတို့ကို တစ်ယောက်ချင်း ရှာဖို့ လာခဲ့သည်။

အပြင်ဘက်ရှိ ဆူညံသံတွေကို ကြားသည့်အခါ လူကြီးက ဓားတစ်ချောင်းကို ယူပြီး ကလေး တစ်ယောက်စီရဲ့ ခြေထောက်ထဲကို ထိုးလိုက်သည်။

အမျိုးသမီး ပြန်ပေးသမား - “နင် ဘာလုပ်နေတာလဲ။”

ယောက်ျားဖြစ်သူ - “ သူတို့ မသေပါဘူး။ သူ့ခြေထောက်ကို ထိုးရုံပါပဲ။ တကယ်လို့ ငါတို့ ပြေးသွားရင် သူတို့က ကလေးတွေကို ကယ်ဖို့ စောင့်နေရမှာ။ စကားပြောနေတာ ရပ်ပြီး သွားတော့။”

အမျိုးသမီး ပြန်ပေးသမားက ထိုအမျိုးသား နောက်ကနေ ထော့နဲ့ထော့နဲ့နှင့် လိုက်သွားခဲ့သည်။

ကလေးနှစ်ယောက်ကလည်း ဓားဖြင့် ထိုးခံရသည့် အရှိန်ကြောင့် နိုးလာကာ အကျယ်ကြီး စအော်ငိုခဲ့သည်။

ထိုငိုသံက လူတွေကို ဆွဲဆောင်ပြီး ချက်ချင်းဆိုသလို သူတို့ထဲရှိ လူအချို့က ပျော်ရွှင်သွားခဲ့ကြသည်။

“ ဒီမှာဟေ့၊ ဒီမှာ။”

“ဘုရားရေ။ ဘယ်လိုဖြစ်လို့ အဲ့မှာ သွေးအိုင်ကြီး ဖြစ်နေရတာလဲ။”

“မြန်မြန်၊ မြန်မြန်။ သူ့ကို အရင် ဆေးရုံပို့လိုက်ကြ။”

“မဟုတ်ဘူး။ ဘာလို့ သူ့ကို အရင်ဆုံး လူနာဆောင် မပို့တာလဲ။”

“သေစမ်း။ ငါတော့ အဲ့ပြန်ပေးသမားတွေကို သတ်မိတော့မယ်။”

လူအုပ်ကြီးက ချက်ချင်း စိတ်ရှုပ်သွားခဲ့ပြီး ကလေးကို လူနာဆောင်ဆီ သယ်ပို့ပေးခဲ့သည်။

တံခါးနားမှာ ရပ်နေသည့် ဝမ့်ရင်းရဲ့ ရင်တွေ နာသွားခဲ့သည်။ “ ကျွန်မ တစ်ချက်လောက် ကြည့်လိုက်မယ်။”

သူက တကယ်ကို မကောင်းဆိုးဝါး တစ်ယောက်ပဲ။ သူက ထွက်သွားတာတောင် လူတွေကို နာကျင်အောင် လုပ်ချင်နေသေးတာ။

ရှုရွှမ်းက ဝမ့်ရင်းကို လူနာဆောင်ဆီ အပြေး သွားပို့ခဲ့သည်။ အရင်ဆုံး ရောက်လာသည့် ကျန်းလင်းက အထဲမှာ ငိုနေခဲ့သည်။ ကလေးတွေရဲ့ မိသားစု နှစ်စုကလည်း အပြင်မှာ ငိုနေခဲ့ကြသည်။

ဝမ့်ရင်းက ကျန်းလင်းက ထိန်းမရအောင် ငိုနေတာကို မြင်သည့်အခါ သူမကို ဆွဲခေါ်သွားခဲ့သည်။ “ငါ အဲ့ဒါကို လုပ်လိုက်မယ်။”

ဝမ့်ရင်းက ဒဏ်ရာတွေကို လုပ်ရိုးလုပ်စဥ်အတိုင်း ကုပေးခဲ့သည်။ ကလေးနှစ်ယောက်လုံးရဲ့ အပြင်ပိုင်း ဒဏ်ရာတွေကို ကုပေးခဲ့သည်။ နှစ်ယောက်လုံးရဲ့ ပေါင်တွေကို ဓားနဲ့ ထိုးလိုက်သည်။ ဒါက ကံကောင်းတာလား၊ ကံမကောင်းတာလား ဆိုတာကို မသိတော့ဘူး။ သွေးထွက်နှုန်းက ကြောက်စရာကြီး။ ဒါပေမယ့် ဒါက ပြဿနာကြီးတော့ မဟုတ်ပေ။

ဝမ့်ရင်းက ကလေးနှစ်ယောက်ကို ဂရုစိုက်ဖို့ အလောတကြီး လုပ်ခဲ့ပြီး ကလေးနှစ်ယောက်အပေါ်ကို ဝိဉာဥ်စမ်းရေ နှစ်ပုလင်းအား တိတ်တဆိတ် လောင်းချပေးခဲ့သည်။

ဝမ့်ရင်းက အခြေအနေကို ဖြေရှင်းပြီးတာနှင့် သတင်းတွေက အပြင်ဘက်ကနေ ရောက်လာခဲ့သည်။

“အဲ့ကောင်တွေကို ဖမ်းမိပြီ။ သူတို့ကို ဖမ်းမိပြီ။”

“ဒါတွေ ဖြစ်နေပြီ။”

ကလေး ပျောက်သွားသည့် မိသားစု နှစ်စုက ချက်ချင်း ပြေးလာခဲ့ကြသည်။

“အဲ့ကောင်တွေကို သတ်ပစ်။”

အစပိုင်းမှာတော့ ပြန်ပေးသမား နှစ်ယောက်က ကလေးကို ဒဏ်ရာရအောင် လုပ်လိုက်ရင် အဲ့ကိစ္စက အာရုံစိုက်မှုကို သေချာပေါက် လွှဲပေးနိုင်မယ်ဟု တွေးထားခဲ့သည်။ ကလေးသာ အဆင်ပြေနေခဲ့ရင် သူက သူတို့ရဲ့ ပုံစံတွေကို ပြောပြကာ အဲ့ဒါက သူတို့ကို လွတ်အောင် လုပ်ဖို့အတွက် ခက်ခဲသွားလိမ့်မယ်ဟု စိုးရိမ်နေခဲ့သည်။

သို့သော် ထိုလုပ်ရပ်က လူတိုင်းကို ဒေါသထွက်စေမယ်ဟု ဘယ်သူကမှ မမျှော်လင့်ထားခဲ့ပါ။

ဒါက ပတ်ဝန်းကျင်အသစ် ဖြစ်နေသော်လည်း အဲ့မှာ ဓားကို သုံးရဲသည့် ပြန်ပေးသမားတွေက ရှိနေဆဲ ဖြစ်သည်။

လူတိုင်းက ထိုလူနှစ်ယောက်ကို ကြည့်နေခဲ့ကြသည်။

တကယ်လို့ သူတို့တွေ သံသယဝင်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ တစ်ယောက်ယောက်ကို တွေ့တယ်ဆိုတာနဲ့ သူ့ကို စပြီး တိုက်ခိုက်လိုက်ကြ။

တစ်ယောက်ယောက်က တစ်ခုခု လွဲနေတာကို တွေ့သည့်အခါ ပြန်ပေးသမား နှစ်ယောက်က သကြားစက်ရုံကနေတောင် ထွက်မသွားကြသေးပါ။ သူတို့ကို မေးခွန်းမေးဖို့ ခေါ်လိုက်သည့်အခါ သူတို့ကို အစောင့်တွေက ဖမ်းလိုက်ပြီး သူတို့ရဲ့ အသက်ရှုသံတွေ ရပ်လုနီးပါး ဖြစ်သွားခဲ့ရတာ သူတို့ရဲ့ ပုံစံအမှန်တွေ ပေါ်လာခဲ့သည်။

“အကျဥ်းချုပ် ပြောရရင် သူ့ကို ဖမ်းပြီး ရိုက်လိုက်ကြတယ်။”

ကိစ္စတစ်ခုလုံးကို ကြည့်နေသည့် ကျန်းနာက ဝမ့်ရင်းကို ပြောပြဖို့အတွက် ရောက်လာခဲ့သည်။ “ဒါက ရိုက်ခံရတာ ကြောက်စရာကြီး။”

အဆင်သင့် ရပ်နေသည့် ရဲက ကူကယ်ရာမဲ့ ဖြစ်နေကာ ဘယ်သူကမှ အသတ်မခံရဘူးဆိုတာ သေချာအောင် ကြည့်ပြီးရင်း ကြည့်နေခဲ့သည်။

ကျန်းလင်းရဲ့ ဦးလေးဖြစ်သူ သကြားစက်ရုံရှိ လက်ထောက် ဒါရိုက်တာတွေကို သူ့ရဲ့ ကိစ္စနှင့် ပတ်သက်ပြီး ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ကို အပြင်းအထန် ရိုက်ဖို့ သွားခဲ့သည်။

ဝမ့်ရင်း - “သူတို့နဲ့ ထိုက်တန်တာ ရတာပဲလေ။”

အပြစ် ကျူးလွန်တဲ့သူတွေမှာ အဲ့ဒါကို လုပ်ဖို့အတွက် အကြောင်းပြချက်တွေ ရှိသော်လည်း ပြန်ပေးသမားတွေက လုံးဝ လူစိတ်နှင့် အခက်အခဲ မရှိသည့် လူတွေသာ ဖြစ်သည်။

ဝမ့်ရင်းက အချိန်အကြာကြီး ကလေးနှစ်ယောက်ကို စောင့်ကြည့်နေခဲ့သည်။ သူတို့ သက်သာလာတာကို မြင်သည့်အခါ ကလေးတွေကို ဆေးရုံခေါ်သွားဖို့ သူတို့ မိသားစုကို ပြောလိုက်သည်။

“ကလေးတွေက မြန်မြန် သက်သာလာလိမ့်မယ်။ ဒါပေမယ့် ကျေနပ်နေလို့တော့ မရဘူး။ ဒီအခြေအနေတွေ နည်းနည်း ငြိမ်သွားတဲ့အထိ ကလေးတွေကို ဆေးရုံမှာ ရက်နည်းနည်းလောက် ထပ်ထားဖို့ အကြံပေးချင်ပါတယ်။”

အခုချိန်မှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အရာတွေ ဘာဆို ဘာမှ ရှိမနေဘူးဆိုသော်လည်း ဝမ့်ရင်းက ထိုအကြောင်းနှင့် ပတ်သက်ပြီး သံသယတွေကို မဖျောက်နိုင်ခဲ့ပါ။

အရင်ဆုံး ကလေးကို ပြန်ပေးဆွဲပြီးနောက် ဓားဖြင့် ထိုးလိုက်သည်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေက ကောင်းကောင်း ကုသပြီးပြီး ဖြစ်သော်လည်း ကလေးတွေ ကြောက်နေဦးမှာကို သူမ စိုးရိမ်နေခဲ့သည်။

ထိုသတင်းကို ကြားပြီးနောက် ဆရာဝန်ယန့်က ပြေးလာပြီး သဘောတူလိုက်သည်။ “ဆရာဝန်ဝမ့် ပြောတာ မှန်တယ်။ ဆေးရုံကို သွားပြီးရင် ကလေးကို ကောင်းကောင်း အကြံပေးဖို့ သတိထားပါ။ သူ သက်သာသွားမှ ပြန်ဆင်းခဲ့။”

ဒါဟာ ခြံဝန်းထဲရှိ မိသားစုတွေရဲ့ ပတ်ဝန်းကျင်ကို ရှောင်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလည်း ဖြစ်သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကလေး ပြန်ရောက်လာရင် ကလေးက အတိတ်ကို ခနခန ပြန်သတိရနေရင် အဲ့ဒါက မကောင်းဘူး။

ကျန်းလင်းရဲ့ အဒေါ်က သူတို့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်ပြီး အခြား မိသားစုတွေကလည်း မျက်ရည်တွေဖြင့် သူတို့ရဲ့ ကလေးတွေကို ဆေးရုံသို့ ပို့ပေးခဲ့သည်။

ဝမ့်ရင်းက စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ “နောက်ဆုံးတော့၊ သူတို့ အားလုံးကို ဖမ်းမိသွားခဲ့ပြီ။”

ဒီလောက် အချိန်အကြာကြီး ကုန်ဆုံးပြီး နောက်ဆုံးတော့ သူတို့တွေ မုန်လာဥကို ဆွဲနှုတ်ပြီး ရွှံ့ထဲကနေ ဆွဲထုတ်လိုက်ကာ ထိုမသမာသည့် လူတွေ အကုန်လုံးကို ထောင်ထဲသို့ ပို့လိုက်သည်။

၁၉၇၄ ခုနစ်ရဲ့ နွေဦးကတော့ ထိုပွဲကြီးဖြင့် စတင်ခဲ့သည်။

အကြောင်းမှာ ထိုကိစ္စတွင် ပါဝင်နေသည့် နေရာ များစွာမှ လူများစွာကို အတူတူ ဖမ်းခေါ်သွားပြီး ထိုကိစ္စကို အယူခံဝင်ဖို့ အတော်လေး အားထုတ်ခဲ့ကြသည်။

ဒါတွေဟာ ဆယ့်ငါးကြိမ်မြောက်အထိ မရောက်သွားဘဲ နောက်ဆုံးမှာတော့ အမှန်တရားကို နားလည်သွားခဲ့သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၃၆

ချမ့်တုန်မှာ သတင်းအချက်အလက် အများကြီး ရှိပြီး သူက ဝမ့်ရင်းနှင့် စကားပြောသည့်အခါ သူက ဒေါသထွက်နေဆဲ ဖြစ်သည်။ “အဲ့လူတွေက မကောင်းဘူး။ သူတို့က ဒါတွေကို လုပ်နေတာ နှစ်တွေ ကြာခဲ့ပြီ။ သူတို့က ပြေးပြီး အမှုတွေကို ကျူးလွန်နေတာ။ သူတို့က မရေမတွက်နိုင်တဲ့ ကလေးတွေ အများကြီးကို ပြန်ပေးဆွဲခဲ့ကြတာ။ တစ်ချို့လူတွေက သူတို့ကိုတောင် မမှတ်မိကြဘူး။”

“ အသက်ငယ်ပုံရတဲ့ မြို့က ကလေးတွေကို ပြန်ပေးဆွဲတဲ့သူက တစ်ခြားမြို့တွေ၊ တပ်မဟာတွေဆီကို ရောင်းလိုက်တာ။ ပိုကြီးတဲ့ ကလေးတွေကိုတော့ တောင်ပေါ်ကို ရောင်းလိုက်တာ။ ဇနီးငယ်ငယ်လေးတွေကိုတော့ တောင်ပေါ်ကို အကုန်လုံး ရောင်းလိုက်တယ်။”

“ရှုလဲ့ကလည်း ကောင်းတဲ့လူ မဟုတ်ဘူး။ အဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ပျောက်သွားတဲ့ ကလေးက နေရာ ရှာဖို့ ဆက်သွယ်ခဲ့တဲ့ တစ်ယောက်ပဲ။ ငါတို့ခြံနဲ့ အနီးဆုံး တစ်ယောက်ကလည်း နိုင်ငံပိုင်စားသောက်ဆိုင်ကပဲ။ ပြီးတော့ သူက သူ့လိုပဲ နိုင်ငံပိုင်စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်တာပဲ။”

“ရှုလဲ့က ခွေးလိုကောင်။ သူက သုံးနှစ် ကလေး တစ်ယောက်ကို ပြန်ပေးဆွဲသွားတာ။ မိသားစုကတော့ သူ့ကို လိုက်ရှာနေတုန်းပဲ။”

ဒီလို ကိစ္စတွေကို ကြားရတာ သူ့ရဲ့ ဒေါသကို မထိန်းနိုင်တော့ဘူး။

ဝမ့်ရင်း - “ဟုတ်ပြီ။ အခုတော့ ကျွန်မတို့ ဒါတွေကို သေချာ စုံစမ်းပြီးသွားပြီဆိုတော့ ကလေးကို ရှာတွေ့ဖို့ မျှော်လင့်ပါတယ်။”

ကလေး တစ်ယောက်က ပျောက်နေရင် တရားခံက မိတ်ဆွေတစ်ယောက်ယောက်ပဲ။ ကလေးကို ရှာမတွေ့ရင် မိဘတွေက ပြဿနာကြီးတစ်ခု ဖြစ်လိမ့်မည်။

သူ သူ့ကိုယ်သူ အရင်က နှစ်သိမ့်နိုင်တယ်ဆိုပေမယ့် အခုတော့ အမှားတွေအတွက် သူ အပြစ်တင်ပြီး ရှုလဲ့လို မကောင်းတဲ့ ကောင်မျိုးနဲ့ သူငယ်ချင်း လုပ်ခဲ့မိတဲ့ သူ့ကိုယ်သူပဲ စိတ်ပျက်မိသည်။

မျှော်လင့်ထားသလိုပဲ သတင်းတွေကို အတည်ပြုပြီးနောက် ရဲစခန်းက ဖြောင့်ချက်အတိုင်း အခြေခံကာ ကလေးတွေကို ရှာဖို့ လူတွေ စလွှတ်ခဲ့ပြီး ကလေးတွေ ပျောက်သွားသော မိသားစုတွေကလည်း သတိပေးခဲ့ကြသည်။

ညနေပိုင်း ဝမ့်ရင်း အလုပ် ဆင်းသည့်အခါ ရှုရွှမ်းက သူမကို ကြိုဖို့ ရောက်လာတာကို တွေ့ခဲ့ရသည်။

ဝမ့်ရင်း - “ရှင့်ကို အဲ့အကြောင်း မပြောဖို့ ကျွန်မ ပြောသားပဲ။ ကျွန်မ ဒီနေ့ ကျန်းနာနဲ့ စျေးသွားဝယ်ဖို့။ ပြီးရင် ကျွန်မတို့ ရှင့်ကို စားသောက်ဆိုင်မှာ လာတွေ့မယ်။”

ဝမ့်ရင်းက ကျန်းနာကို ကူညီပြီးကတည်းက ကျန်းလင်းသည် ဝမ့်ရင်းကို ကသိကအောက် အပြုအမူမျိုးဖြင့် ပစ္စည်းတွေ ပို့ပေးနေခဲ့သည်။

သူမက အဆင်ပြေပြီး ဝမ့်ရင်းကို တဝမ်ပေါင် လက်ဖက်ရည်၊ မုယောစပါး ရောထားသော နို့နှင့် သာမန် နို့များကို ပေးနိုင်ခဲ့သည်။

ဝမ့်ရင်းက အဲ့ဒါကို လက်ခံရတာက ရှက်ဖို့ ကောင်းတယ်ဟု ခံစားခဲ့ရသည့်အတွက် ဝမ့်ရင်းက အဲ့ဒါကို လက်ခံရတာက ရှက်ဖို့ ကောင်းတယ်ဟု ခံစားခဲ့ရသည့်အတွက် သူမက လက်ဆောင် တစ်ခုခု ပြန်ပေးသင့်တယ်ဟု တွေးမိခဲ့သည်။ ဒါဟာ ကျန်းလင်းအတွက် မဖြစ်သင့်သော်လည်း သူမက ကျန်းလင်းရဲ့ ဝမ်းကွဲအတွက် တစ်ခုခု ပြင်ပေးလို့ ရသည်။ သူက အခုချိန်ထိ ဆေးရုံမှာပဲ ရှိသေးကာ လွန်ခဲ့သော ရက်ပိုင်းကတည်းက ဆေးကုသမှု ခံနေခဲ့ရပြီး ဖြစ်သည်။ ဝမ့်ရင်းက သူ့အတွက် အရုပ်တစ်ရုပ် ဝယ်ပေးဖို့ တွေးနေခဲ့သည်။

ထို့ကြောင့် သူမက ရှုရွှမ်းကို လာမကြိုဖို့ ပြောခဲ့သည်။ သူမက ကျန်းနာနှင့် စျေးဝယ်ထွက်ခဲ့ပြီးနောက် သူ့ကို ရှာဖို့အတွက် စားသောက်ဆိုင်ကို ထွက်လာခဲ့သည်။

သို့သော် ရှုရွှမ်းက မျက်မှောင်ကို ကြုတ်လိုက်သည်။ “ကိုယ် စိတ်ပူလို့ပါ။”

“ဒီနေ့ ရဲက အဲ့မိသားစုတွေရဲ့ အခြေအနေတွေကို သတင်းပေးတယ်။”

တိတိကျကျ ပြောရရင် နေ့လည်ပိုင်းမှာ သူတို့ကို ပြောဖို့ လူတစ်ယောက်ကို ခေါ်လိုက်သည်။ ရှုရွှမ်းက ခေါ်ထားသည့် စားသောက်ဆိုင်က စားပွဲထိုးကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူပြန်လာပြီးနောက် သူက ဘာစကားမှ မပြောဘဲ ဓားတစ်ချောင်းကို ယူဖို့ မီးဖိုချောင်းထဲသို့ ဝင်သွားခဲ့သည်။

ဝမ့်ရင်းက ငေးကြည့်နေခဲ့သည်။ “အရာအားလုံး အဆင်ပြေရဲ့လား။”

ရှုရွှမ်းက ခေါင်းကို ခါပြလိုက်သည်။ သူက လူတွေ ရပ်ကာ အရွယ်ရောက်ပြီးသား ယောက်ျား တစ်ယောက်က ရှိုက်ကြီးတငင် ငိုနေတာကို ကြည့်နေခဲ့သည်။

ငိုပြီးနောက် လူတွေက ကိစ္စတွေကို ဖြေရှင်းဖို့ ရုန်းကန်ကြရမည် ဖြစ်သည်။

ရှုလဲ့ ဝင်လာပြီးနောက် ထိုလူတွေက သူတို့ရဲ့ နာကျဥ်းချက်တွေအတွက် ဘာထွက်ပေါက်မှ မရှိခဲ့ပါ။ ထို့ကြောင့် သူတို့က ရှုမိသားစုရဲ့ ကျန်ရှိနေသေးသော မိသားစုဝင်တွေဆီသာ တိုက်ရိုက် သွားလို့ရသည်။

ဝမ့်ရင်း အခြေအနေတွေကို မသိဘဲ ဘာမှ မပြင်ဆင်ဘဲ ပြန်လာမှာကို ရှုရွှမ်းက စိုးရိမ်နေသည့်အတွက် သူက သူမကို ကြိုဖို့အတွက် မြန်မြန် ရောက်လာခဲ့သည်။

ဝမ့်ရင်းသည် သူမ ဘာကိုမှ မဝယ်ဘူးဟု ကျန်းနာကို ပြောပြီး ရှုရွှမ်းရဲ့ အနောက်သို့ လိုက်သွားခဲ့သည်။.

“ရှုလဲ့ဆီကနေ ဘာသတင်းတွေများ ကြားသေးလဲ။ သူ့ကို လုံးဝ အပြစ်မပေးဘူးဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား။”

ရှုရွှမ်း -“သူက ထောင်ကျခံရမှာ။ ဒီကိစ္စအတွက် အဆိုးဆုံးကတော့ သူ့ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရမှာလို့တော့ ကြားထားတယ်။ တကယ်လို့ အဲ့ထက် ပိုဆိုးမယ်ဆိုရင်တော့ ပြောဖို့တောင် ခက်တယ်။”

ဝမ့်ရင်းက အနည်းငယ် သိချင်သွားခဲ့သည်။ “သူက နှစ်တွေ အကြာကြီး အလုပ် လုပ်နေတာဆိုတော့ သူ့မှာ စုထားတဲ့ ပိုက်ဆံတွေလည်း ရှိမှာပဲလေ ဟုတ်တယ်မလား။ သူ့ပိုက်ဆံကို ဘာလို့ ဘယ်သူကမှ မတွေ့ကြရတာလဲ။”

“ကိုယ်တို့ သူ့ဆီက ရှာတွေ့တယ်။ အစတုန်းက ကိုယ်တို့ သူ့ကို ရှာမတွေ့ဘူး။ ဘာလို့လဲဆိုတော့ သူက နှုတ်လုံတယ်။ နောက်ပိုင်း ကိုယ်တို့ ကျန်းယွင်ကို ခေါ်လိုက်တယ်။ သူတို့က လင်မယားတွေဆိုတော့ ကျန်းယွင်က သူ့ကို ရှာဖို့ ရဲတွေကို ကူညီပေးခဲ့တာ။”

ရှုရွှမ်းက ပြောစရာ စကားမရှိ ဖြစ်နေခဲ့သည်။ “သူ့မှာ စုထားတဲ့ပိုက်ဆံ ယွမ်တစ်ထောင် ရှိတယ်။ သူက အဲ့ဒီ့ ပိုက်ဆံတွေကို ပျက်စီးနေတဲ့ အိမ်က မီးဖိုပျက်ထဲမှာ ဖွက်ထားတာ။ ကျန်းယွင်က သူ့ကို ရှာဖို့ ကူပေးပြီးတော့ သူက ရဲတွေကို အကုန်လုံး ပြောလိုက်တယ်။ သူက အဲ့ဒီ့ ပိုက်ဆံတွေနဲ့ ဟောင်ကောင်ကို ကူးဖို့ စီစဥ်ထားတာ။”

ဝမ့်ရင်း - “ဟောင်ကောင်ကျွန်းကို သွားဖို့လား။ ကျွန်မတို့နဲ့ မိုင်တွေ အများကြီး ဝေးတာလေ။”

သူမတို့က မြောက်ပိုင်းမှာ နေကြသူတွေဖြစ်ပြီး တောင်ပိုင်းကို ရထားဖြင့် နေ့ရော၊ ညရော သွားရင်တောင် ရက်တွေ အတော်လေးကြာကြီး ဟောင်ကောင်ကျွန်းကို သွားတဲ့အကြောင်း ပြောနေစရာ မလိုပါ။

ရှုရွှမ်း - “အဲ့လူက ဉာဏ်ကောင်းပေမယ့် တုံးလည်း တုံးတယ်။ ကျောင်းမှာဆို သူက သာမန် ကျောင်းသားထဲ ပါပေမယ့် သူ့ရဲ့ အရည်ချင်းတွေကို အသိအမှတ် ပြုတာ မခံရဘူးဆိုပြီး သူက ခံစားနေရတာ။”

ဝမ့်ရင်း - “ဟုတ်တယ်။ ကျွန်မ သိတယ်။”

သူက ပိုးပန်းတဲ့ စာတွေကိုတောင် pinyin နဲ့ ရေးတာကို အဲ့လောက်ကြီး ယုံကြည်မှု လွန်ကဲနေလို့ ရလို့လား။

“ရဲတွေက သူ့မှာ ရှိသမျှ အရာအားလုံးကို စစ်ပြီးပြီ။ သူက ပိုင်ဆိုင်တာတွေကို နည်းနည်းလောက်ပဲ ရေးထားတာ။ ခရိုင်မှာ သူခံစားရတဲ့ အဓိက အရာက သူ့ကို ပြန်ထိန်းဖို့ပဲ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူက မယုံနိုင်လောက်အောင် လုပ်နိုင်စွမ်း ရှိလိမ့်မယ်။ သူက ယွမ်တွေ ထောင်နဲ့ချီ ယူသွားပြီး ဟောင်ကောင်ကျွန်းမှာ အိမ်တစ်လုံး ဝယ်ပြီး ကောင်းတဲ့ ဘဝတစ်ခုမှ နေချင်တာ။”

ဝမ့်ရင်း - “….”

ယွမ်တစ်ထောင်နဲ့ ဘာလုပ်နိုင်မှာလဲ။

ဒီလူက ဟောင်ကောင်ကျွန်းကို ကောင်းကင်ဘုံလို့များ တကယ်ကြီး ထင်နေတာလား။ ၁၉၈၀ ဝန်းကျင်က ခရိုင် တစ်ခုကို ယုံနေတဲ့ ဒီလူတွေက ရွှေထွက်တဲ့ မြေနဲ့ ပန်းကန်ဆေးရင်း တစ်လကို ယွမ်သုံးသောင်းလောက် ရှာတာကို ဘယ်လိုတောင် ကွာခြားနေရတာလဲ။

ဝမ့်ရင်းသည် ဘာကိုမှ ထပ်ပြီး မပြောချင်တော့ပါ။ ဒီလူက ကလိမ်ကကျစ် အတွေးနှင့် လူတစ်ယောက်ဆိုတာ သိသာသည်။

ရှုရွှမ်းက ဝမ့်ရင်းကို စားသောက်ဆိုင်သို့ ခေါ်လာခဲ့သည်။ ရှုရွှမ်းက သူ့ရဲ့ အလုပ်တွေ ပြီးသွားသည့်နောက် သူတို့နှစ်ယောက်က အိမ်ကို အတူတူ ပြန်လာခဲ့ကြသည်။

သူမတို့ နောက်ကျမှ အိမ်ပြန်လာရင် ခြံထဲက အခြေနေတွေ ဖြေရှင်းပြီးသွားလိမ့်မယ်လို့ ထင်ထားပေမယ့် သူမတို့ ရောက်တော့ ရှုမိသားစုရဲ့ အိမ်နားမှာ လူတွေ စုနေတာကို တွေ့လိုက်ရသည်။ ညဘက် မီးတွေ ထွန်းထားတဲ့အချိန် အဲ့မှာ လူတွေ အများကြီး ရှိနေပေမယ့် ဘာစကားမှ သိပ်မပြောကြဘဲ ငိုလိုက်ယိုလိုက် ဖြစ်နေတဲ့ အသံတွေပဲ ရှိသည်။

အဒေါ်လျှိုက အရမ်းကို ကြောက်နေခဲ့သည်။ သူတို့ ပြန်လာတာကို သူမ မြင်သည့်အခါ သူမက သူတို့ကို မြန်မြန် သွားနှုတ်ဆက်ပြီး ဝမ့်ရင်းကို သူမရဲ့ အိမ်သို့ ပို့ပေးသလို ကာကွယ်ပေးခဲ့သည်။

“အပြင်ကို ထွက်မလာနဲ့။ ဒါတွေက ရပ်ဦးမှာ မဟုတ်ဘူး။”

ဝမ့်ရင်းသည် လူတိုင်း အပြင်ဘက်မှာ စုနေတာကို တွေ့ရပြီး ရှုမိသားစုရဲ့ အိမ်ထဲမှာတော့ ဘာတွေ ဖြစ်နေလဲဆိုတာကိုတော့ မမြင်နိုင်ခဲ့ပါ။ သူမက အသာလေး မေးလိုက်သည်။ “ဘာတွေ ဖြစ်နေတာလဲ။”

ထိုအကြောင်းကို တွေးလိုက်တိုင်း အဒေါ်လျှိုရဲ့ နှလုံးဟာ ခုန်နေဆဲ ဖြစ်သည်။ “လူတွေက နေ့လည်ပိုင်းမှာ ရောက်လာကြတာ။ ကလေးတွေ ပျောက်သွားတဲ့ မိသားစုတွေ လေးစုလုံးက ဒီကို ရောက်လာကြတယ်။ အစတုန်းကတော့ သူတို့က ပြဿနာရှာလိုက်၊ ငိုလိုက်၊ ကျိန်ဆဲလိုက်နဲ့။ အဒေါ်ရှုနဲ့ သူ့ယောက်ျားက ရှုတပေါင်ကို ခေါ်ပြီး အထဲမှာ ပုန်းနေတာ။ အဲ့ဒါအပြင် ထွက်လာဖို့ကိုလည်း ငြင်းနေကြတာ။ ဘာတွေဖြစ်နေလဲဆိုတာကို လူတိုင်းက မြင်လည်းမြင်တော့ သူတို့က စပြီး ပစ္စည်းတွေကို ဖျက်စီးပစ်တော့တာပဲ။

တကယ်လို့ သူမသာ သူတို့ကို မတားဘူးဆိုရင် ဒီလူတွေက ရှုမိသားစုရဲ့ အိမ်နှစ်အိမ်လုံးကို ဖျက်စီးပစ်လိမ့်မည် ဖြစ်သည်။

အဒေါ်လျှိုက ရှုမိသားစုနှင့် တစ်ခြံတည်းမှာ နှစ်တွေ အကြာကြီး နေနေခဲ့ပြီး ဖြစ်သည်။ သူမက ထိုမိသားစုကို မကြိုက်သော်လည်း ဒီလို ရုတ်တရက် ပြောင်းလဲမှုကြောင့် သူမက တုန်လှုပ်နေဆဲ ဖြစ်သည်။

“ရဲက နှစ်ခါတောင် လာသွားပေမယ့် သူတို့ကတော့ ထွက်မသွားကြသေးဘူး။ သူတို့က ဒီနေရာကို လာပြီး ဖျက်စီးနေကြတာ။ ဒီမိသားစု နှစ်စုက ရှုတပေါင်ကို အပြင် ထွက်လာစေချင်ပေမယ့် သူတို့ကိုတော့ တားထားရတယ်။”

ရှုမိသားစုရဲ့အိမ်က လုံးဝကို ဖျက်စီးခံလိုက်ရပြီး အိမ်ထဲရှိ အသုံးဝင်သော ပစ္စည်းတွေ အားလုံးကိုလည်း ဖျက်စီးထားပြီး ဖြစ်သည်။

အဒေါ်လျှိုက သက်ပြင်းချလိုက်သည်။ “ဘယ်လိုတောင် ဆိုးရွားလိုက်တာလဲ။”

ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ အိမ်ကို ပြန်ရောက်လာသည့်အခါ သူတို့ တစ်ယောက်မှ စကားတွေ မပြောခဲ့ကြပါ။

ရှုမိသားစုက လုံးဝကို ဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။ သူတို့ အိမ်ထဲရှိ အရာအားလုံး အစိတ်စိတ်အမွှာမွှာ ဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။ အကြောင်းမှာ သူတို့ အားလုံးက အသက်ကြီးပြီး ရောက်လာတဲ့ လူတွေက သူတို့ကို မရိုက်ခဲ့ကြပါ။

သို့သော် ရဲစခန်းက ထိုကိစ္စကို ပေါ့ပေါ့ဆဆ မကိုင်တွယ်ရဲဘဲ ထိုနေရာကို စောင့်ကြည့်ဖို့ လူနှစ်ယောက်ကို လွှတ်ပေးပြီး သူတို့ကို ဖြောင်းဖျနေခဲ့သည်။

ရှုလဲ့က ဖမ်းခံလိုက်ရပြီး ဖြစ်သော်လည်း ထိုလူတွေ အရမ်း ဒေါသထွက်ပြီး သူ့ကို အချုပ်ခန်းထဲသို့ ခေါ်သွားမှာ ကြောက်နေခဲ့သည်။

လမ်းထဲရှိ ရုံးနှင့် အဒေါ်လျှိုကလည်း လူတွေကို ဖြောင်းဖျဖို့ ကူညီပေးခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ကို ထားခဲ့ဖို့သာ ဖြောင်းချခဲ့တော့သည်။

အဒေါ်ရှုကလည်း ထိုခြံထဲမှာ ဆက်ပြီး မနေရဲတော့ပါ။

သူမကို စောင့်ရှောက်ပေးဖို့ ငိုပြီး ရဲဌာနကို တောင်းဆိုခဲ့သည်။ “ကျွန်မ ဒီမှာ မနေချင်တော့ဘူး။”

သူတို့ မျက်လုံးတွေက နီရဲပြီး ညသန်းခေါင်ပြီး ရောက်လာကာ သူတို့ကို သတ်မလားဆိုတာကို ဘယ်သူက သိမှာလဲ။

အဒေါ်ရှုသည် ထိုရက်တွေဟာ သူမ နိုးထလို့ မရနိုင်သည့် အိပ်မက်ဆိုး တစ်ခုလို ခံစားနေခဲ့ရသည်။

ဘယ်နေရာမှာမှ မရှိသည့် ပြန်ပေးသမားတစ်ယောက်က သူမရဲ့သား ဘယ်လိုလုပ်ပြီး ဖြစ်လာရတာလဲ။

ဒါက အရမ်းကို လက်ခံလို့ရသည့် လမ်းကြောင်း တစ်ခုဟုတောင် သူက ပြောခဲ့ပြီး သူက လူတွေ ဘယ်နှစ်ယောက်လောက် ပြန်ပေးဆွဲပြီး သူက ဘယ်လောက်တောင် နှလုံးသား မရှိလိုက်သည့် လူလဲဟု ပြောနေခဲ့သည်။

အစပိုင်းမှာတော့ အဒေါ်ရှုက ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဖို့အတွက် လူတစ်ယောက်ကို ရှာချင်ပြီး သူမက အဲ့ဒါကို ယုံကြည်ဖို့ ငြင်းနေခဲ့သည်။

သို့သော် နစ်နာသူတွေက သူမရဲ့ တံခါးဆီကို ရောက်လာသည့်အခါ အဒေါ်ရှုက နောက်ဆုတ်သွားခဲ့သည်။

အခုဆိုရင် ရဲတွေက ဒါမှန်တယ်ဟု ပြောရင်တောင် အဒေါ်ရှုရဲ့ တရားလွန် ယုံကြည်မှုတွေက ပျောက်သွားပြီ ဖြစ်သည်။

ရဲသားတွေက ရဲစခန်းကနေ လူတစ်ယောက်ကို ပြန်ခေါ်လာဖို့က နဂိုကတည်းက မဖြစ်နိုင်ပါ။ ရဲစခန်းက ဧည့်ဂေဟာ မဟုတ်ပါ။ ထို့အပြင် အဲ့မှာလည်း သူတို့အဖို့ နေစရာ နေရာ မရှိပါ။

အဒေါ်ရှုက ထင်ရာစိုင်းပြီး အကုန်လုံးကို လုပ်နေခဲ့သည်။ “ဒါဆိုလည်း ငါတို့ကို ကျန်းမိသားစုဆီ ပို့ပေး။”

အခုဆိုရင် သူမက ဘာကိုမှ ဂရုမစိုက်တော့ဘဲ ကျန်းယွင်ကိုသာ ရှာချင်နေခဲ့သည်။

အခုဆိုရင် ရှုလဲ့က ထောင်ကျနေပြီး သူမ မှီခိုလို့ရသည့် တစ်ယောက်တည်းသောသူက သူမရဲ့ ချွေးမဖြစ်သူ ကျန်းယွင်သာ ဖြစ်သည်။

ရဲက အတွင်းကြောင်းတွေကို သိနေခဲ့သည်။ ကျန်းယွင်သည် အရင်တုန်းက သူတို့နှင့် ကိစ္စများစွာ ပတ်သက်ဖူးပြီး သက်သေများစွာကိုလည်း ပေးခဲ့သည်။ သူတို့က ထိုအရှက်မရှိသည့် မိန်းမကြီး ပြောသံကို ကြားပြီး ကွာရှင်းပြီးသား သူမရဲ့ ချွေးမဖြစ်သူကို ရှာချင်နေသည့်အတွက် လူတိုင်းက သူမကို အထင်သေးခဲ့ကြသည်။

“မနေ့က တပ်သားကျန်းက သတင်းစာထဲမှာ ကြေညာတစ်ခု ထည့်လိုက်တယ်။ သူမက နင့်သားနဲ့ လုံးဝ ကွာရှင်း ပြတ်ဆဲလိုက်ပြီလို့ ပြောထားတယ်။ နင် အဲ့ဒါကို မသိဘူးလား။”

ကျန်းယွင်က ရှုတပေါင်ရဲ့ ကံတရားအကြောင်းကို မဆုံးဖြတ်ရသေးသော်လည်း သူမရဲ့ မိဘတွေက အဲ့ဒါကို သေချာ မြင်ထားပြီး ဖြစ်သည်။ သူတို့က ဆုံးဖြတ်ချက်ကို ချက်ချင်းနီးပါး လုပ်ခဲ့ရပြီး သူမနှင့် ရှုလဲ့တို့ ကွာရှင်းလိုက်ကြောင်း ကြေညာချက်ကို သတင်းစာထဲမှာ ထည့်ဖို့ တရုတ်နှစ်သစ်ကူးကို အခွင့်အရေး ယူခဲ့သည်။

ဆက်ဆံရေးကို ရပ်လိုက်တာနှင့် ထုံးစံအတိုင်း သူတို့က မိသားစုနှစ်စု ပြန်ပြီး ဖြစ်သွားကြလိမ့်မည် ဖြစ်သည်။

အဒေါ်ရှုရဲ့ မျက်လုံးတွေက နီရဲနေခဲ့သည်။ “ဘာ”

တကယ်ကြီး ကျန်းယွင်က သူမရဲ့သားနဲ့ ဆက်ဆံရေး ဖြတ်ဆဲလိုက်ပြီလား။ ဘာလို့လဲ။

“ဘယ်လိုတောင် နှလုံးသား မရှိလိုက်တာလဲ။ သူမက သူ့ရဲ့သားကိုတောင် မလိုချင်တော့ဘူးလား။ ငါ့ကို အဲ့နေရာ ခေါ်သွား။ ငါ အဲ့ကောင်မကို ဒီကိစ္စ မေးချင်တယ်။ ငါ သူ့ကို တိုင်ချင်တယ်။ သူမက လင်နဲ့ သားကို စွန့်ပစ်သွားတာ။”

အဒေါ်ရှုက ရူးနေပြီး သူမရဲ့ချွေးမ သစ္စာဖောက်တာကို မခံနိုင်ပါ။

အဒေါ်လျှိုက ဒါတွေကို ဆက်ပြီး မထိန်းနိုင်တော့ပါ။ “ပါးစပ်ပိတ်ထားစမ်းပါ။ နင်တို့လို မိသားစုမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ ပထမဆုံး နင်က လူတွေကို လိမ်တယ်။ ဆယ်နှစ်လောက် နစ်နာသူဖြစ်အောင် လုပ်တယ်။ အခု နင့်ရဲ့သားက ပြန်ပေးသမား ဖြစ်နေပြီ။ နင်က ဘယ်လိုလုပ် သူတို့ကို ပြောရဲရတာလဲ။ နင်က တကယ်ကို အရှက်မရှိတာပဲ။”

အဒေါ်မာက အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး အခုဆိုရင် သူမကလည်း ဝင်ပြီး ကျိန်ဆဲနေခဲ့သည်။ “ဒါတော့ ဟုတ်တယ်။ နင်တို့မိသားစုက တန်ဖိုးကို မရှိဘူး။ ဘယ်လိုလုပ် နင်က အဲ့ဒါကို ပြောရဲရတာလဲ။ တကယ်လို့ နင် ထွက်သွားချင်ရင် အခု ထွက်သွားလိုက်။ ဒီမှာ ဆက်မနေနဲ့တော့။ နင့်ရဲ့ အရှက်သိက္ခာတွေကိုပါ ယူသွားလိုက်တော့။”

အဒေါ်မာက အရမ်းကို ဒေါသထွက်နေသည့်အတွက် သူမရဲ့ အငယ်ဆုံးသားဟာ မကြာသေးခင်ကမှ အမည်မသိ ချိန်းတွေ့မှုတွေကို သွားနေခဲ့ပြီး သူတို့ တစ်ယောက်ချင်းစီက လှည့်ထွက်သွားခဲ့ကြသည်။

လူတွေအားလုံး မကြိုက်ခဲ့သည့် အကြောင်းကတော့ သူတို့ရဲ့ ခြံဝန်းထဲမှာ သူတောင်းစားတစ်ယောက်က ရှိနေခဲ့သည်။

အခုဆိုရင် အဒေါ်မာက အဒေါ်ရှုနှင့် သူမရဲ့ မိသားစု အားလုံးက ထိုခြံဝန်းထဲကနေ ထွက်သွားဖို့ကိုသာ မျှော်လင့်နေခဲ့သည်။

အကောင်းဆုံး လုပ်သင့်သည့် အရာကတော့ သူတို့ကို မောင်းထုတ်ပြီး သူမတို့ရဲ့ မိသားစုတွေကြားထဲကနေ ခွဲထုတ်ဖို့ ဖြစ်သည်။

အဒေါ်ရှုကလည်း ရူးတော့မည် ဖြစ်သည်။ သူမက အခြားသူတွေ ပြောတာကို နားထောင်ဖို့ ငြင်းခဲ့ပြီး ကျန်းယွင်ကို သွားရှာဖို့သာ အတင်း လုပ်နေခဲ့သည်။

ရဲသားတွေက တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ပြီး ထိုလူကို အဝေးသို့ ပို့ပစ်ဖို့အတွက် ဘယ်သူ့မှာမှ ဆန္ဒ ရှိမနေခဲ့ပါ။

ကျန်းမိသားစုရဲ့ ခံယူချက်က ရှင်းသည်။ ကျန်းယွင်ရဲ့ ခံစားချက်တွေကို ကြည့်လိုက်ရင် အကြီး နှစ်ယောက်ကို ဆက်ဆံရေးအား အဆုံးသတ်ကာ ကလေးကို စွန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က ရှုလဲ့ရဲ့ လုပ်ရက်တွေကို လိုက်မည် မဟုတ်ပါ။ ထို့အပြင် ကလေးတွေကို ပြန်ပေးဆွဲသည့် တာဝန်ခံကိုလည်း ထောင်ထဲမှာသာ သေတဲ့အထိ ထားဖို့က လုံလောက်သည်။ ထုံးစံအတိုင်း သူတို့က သူတို့ရဲ့သမီးကို မကောင်းသည့် ထိုမိသားစုရဲ့ အဝေးမှာ ထားချင်နေခဲ့သည်။

အဒေါ်ရှုက ရက်ပေါင်းများစွာ ပြဿနာတွေ ရှာနေခဲ့ပြီး သူမက ကျန်းယွင်ရဲ့ မိဘတွေဆီ သွားလည်ဖို့အတွက် ရှုတပေါင်ကို ခေါ်သွားခဲ့သည်။

ကံမကောင်းစွာဖြင့် ကျန်းယွင်မိဘတွေရဲ့ အိမ်ကို သေချာ စောင့်ကြပ်ထားပြီး လုံခြုံရေး ဌာနက ချက်ချင်း သူတို့ကို လာတားခဲ့သည်။ အဒေါ်ရှုက ကျန်းယွင်ရဲ့ အရှေ့မှာ ဘာလုပ်ရပ်မှတောင် မလုပ်နိုင်ခဲ့ပါ။

အဒေါ်ရှုမှာ ဘာရွေးချယ်စရာမှ မရှိနေခဲ့ပါ။ မိသားစုမှာ ဘာဝင်ငွေမှမရှိ၊ သားက ထောင်ကျနှင့် ကျန်းယွင်ကလည်း သူမအတွက် ထပ်ပြီး မှီခိုလို့ မရနိုင်တော့ပါ။

All Chapters