← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 20 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 20 Ch. 239-240

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၃၉

ဝမ့်ရင်း ကိုယ်ဝန်ရပြီးကတည်းက အားလုံးက သူမကို သေသေချာချာ ဂရုစိုက်ပေးခဲ့ကြသည်။

ထို့အပြင် သူမရဲ့ ကိုယ်ဝန်ကြောင့် ဝမ့်ရင်းကလည်း ကိစ္စတစ်ခုကို ရှာတွေ့ခဲ့သည်။ သူမရဲ့ ကိုယ်ဝန် လရင့်လာသည်နှင့်အမျှ သူမရဲ့ ရွှေလက်ချောင်းကလည်း တဖြည်းဖြည်း ခြောက်သွေ့လာခဲ့သည်။

ကလေး မွေးပြီးသည့်နောက် သူမရဲ့ ရွှေလက်ချောင်းက လုံးဝ ပျောက်ကွယ်သွားတော့မည်ဟု သူမ ခန့်မှန်းမိခဲ့သည်။

သို့သော် သူမက လုံးဝ ဝမ်းနည်းနေခြင်းမျိုး မရှိပါ။ သူမ အချိန် ခရီးသွားပြီးကတည်းက သူမသည် စားဝတ်နေရေးအတွက် သူမကိုယ်သူမပဲ မှီခိုနေခဲ့ရသည်။ သူမမှာ ရွှေလက်ချောင်း ရှိရှိ၊ မရှိရှိ ဒါက သူမအတွက် သိပ်ပြီး အားထုတ်စရာ မရှိတော့ပါ။

မေလ အကုန်မှာ ဝမ့်ရင်းက နေ့စေ့၊ လစေ့ ဖြစ်နေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုကလည်း အရမ်း စိတ်လှုပ်ရှားနေသည့်အတွက် သူမက အပ်ချုပ်တာကို ရပ်လိုက်ပြီး တစ်နေလုံး ဝမ့်ရင်းကိုပဲ ကြည့်နေခဲ့သည်။

ဝမ့်ရင်းက မေလကုန်မှာ လှုပ်ရှားမှုကို စခဲ့သည်။

အကြောင်းမှာ သူမရဲ့ မွေးဖို့ရက်ထက် ဆယ်ရက်ကျော်နေခဲ့ပြီ ဖြစ်သည်။ အစပိုင်းမှာတော့ ရှုရွှမ်းက သူမနှင့် အတူတူ နေဖို့အတွက် ခွင့်ယူခဲ့သည်။ နောက်ပိုင်းမှာတော့ သူက အလုပ်ကြောင့် ခွင့်ယူလို့ မရနိုင်ဘဲ အလုပ်ကို ပြန်သွားခဲ့ရသည်။ သို့သော် အိမ်မှာ တစ်ခုခု သတင်းထူးရင် သူ့ကို ဆက်သွယ်ဖို့အတွက် သူ့ရဲ့ အိမ်နီးချင်းကို ပြောခဲ့သည်။

ထို့နေ့လည်ပိုင်းမှာ ဝမ့်ရင်းက ရှုရွှမ်း သူမအတွက် အထူး လုပ်ပေးထားသည့် ကြက်အရိုး အစပ်ချက်ကို စားနေခဲ့သည်။

ဝမ့်ရင်း ကိုယ်ဝန်ရပြီး တစ်နှစ်နီးပါး ပြည့်ခါနီး အချိန်ကတည်းက သူမရဲ့ စားချင်စိတ်တွေက တည်ငြိမ်နေဆဲ ဖြစ်ပြီး သူမရဲ့ အရသာတွေကလည်း အနည်းငယ် ပြောင်းနေခဲ့သည်။ သူမက အချိုတွေကို ကြိုက်သော်လည်း အခုဆိုရင် သူမက ငရုတ်သီးကို သဘောကျနေခဲ့ပြီ ဖြစ်သည်။ အဲ့ဒါတွေက ချိုလား၊ ချဥ်လား၊ ပူလား၊ စပ်လားက ကိစ္စမရှိဘဲ ငရုတ်သီးတွေ ပါနေသ၍ သူမက သဘောကျသည်။

ရှုရွှမ်းကလည်း သူ့မိန်းမကို အလိုလိုက်ပေးရတာ ပျော်နေခဲ့သည်။ သူမက ဝမ့်ရင်း အများကြီး စားပြီး ဗိုက်အောင့်မှာကို သူက အနည်းငယ် စိုးရိမ်နေခဲ့သည်။ သို့သော် ဆေးရုံမှာ မေးပြီးတဲ့နောက် သူမ အဆင်ပြေတယ်ဆိုတာ သိနေသည့်အတွက် သူက သူမအတွက် အဆာပြေ စားစရာတွေ စပြီး လုပ်ပေးနေခဲ့သည်။

တစ်နေ့ လေးနပ်စားတာက ပုံမှန်ပဲ။ ပြီးတော့ ကိုယ်တို့တွေ အိမ်မှာလည်း အဆာပြေမုန့်တွေ အမျိုးမျိုး ထားထားသင့်သည်။

ရုတ်တရက်ဆိုသလို ဝမ့်ရင်းကလည်း လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ထိုကြက်ရိုး အစပ်ချက်ကို စားချင်နေခဲ့သည်။ ဒါဟာ သူမမှာ ကလေးတစ်ယောက် ရှိနေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပြီး တစ်ခါတစ်လေ သူမရဲ့ မူလတန်းကျောင်းကို ပြန်သွားလေ့ရှိသည်။

ထိုအချိန် ကျောင်းဆင်းသည့်အခါ လမ်းပေါ်တွင် အစပ်ချောင်းတွေ၊ ကြက်ရိုးတွေ ရောင်းနေတာကို အမြဲတမ်း မြင်ခဲ့ရသည်။ သူမက အစပ်ချောင်းနှင့် ကြက်ရိုး အစပ်ချောင်းတွေကို ယွမ်အနည်းငယ် ပေးပြီးတော့သာ ဝယ်နိုင်ခဲ့သည်။

အချဥ်ရည်တွေကို အပေါ်ကနေ လောင်းချပြီး ငရုတ်ဆီ တစ်ဇွန်းကို ထည့်ကာ အဲ့ဒါကို သားသတ်လွတ် ပဲလိပ်ဖြင့် ရောချက်ထားတဲ့ဟာနှင့် ရောလိုက်သည်။ အချိုအရသာ အနည်းငယ်ပါသည့် အစပ်ချောင်းတွေက မွှေးပြီး စပ်သည်။

ဝမ့်ရင်းက ကြက်ရိုးတွေကို စားရင်း တစ်ခုခု လွဲနေတယ်ဟု ခံစားခဲ့ရသည်။ သူမ အနည်းငယ် လှုပ်လှုပ်ရှားရှား လုပ်လိုက်သည့်အခါ ကိုယ်ဝန်က အနည်းငယ် နာကျင်လာရတာကို ခံစားမိခဲ့သညိ။

အမျိုးသမီးကြီး မစ္စရှုကလည်း ဝမ့်ရင်းအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ပြင်ဆင်ပေးခဲ့ပြီး ရှုရွှမ်းကို မြန်မြန် သွားရှာဖို့ သူမရဲ့ အိမ်နီးချင်းတွေကို သွားခေါ်ခဲ့သည်။

ဆေးရုံကို ပို့ပြီးနောက် ဝမ့်ရင်းသည် သူမရဲ့ မွေးလမ်းကြောင်း ပွင့်လုနီးပါး ဖြစ်သည်အထိ နာရီ အနည်းငယ် စောင့်နေခဲ့သည်။ ထို့နောက်မှာတော့ သူမကို မွေးခန်းထဲသို့ ပို့လိုက်သည်။

အမျိုးသမီး မစ္စရှုကတောင် အံ့ဩသွားခဲ့ရသည်။ ရှုရွှမ်း စကားတွေ ဒီလောက်အများကြီး ပြောနေတာကို သူမ ဘယ်တုန်းက မြင်ဖူးလို့လဲ။

ရှုရွှမ်းက မေးခွန်းတွေ ဆက်တိုက် မေးနေခဲ့ပြီး သူနာပြုကို အတော်လေး စိတ်အနှောက်ယှက် ပေးနေခဲ့သည်။

အစပိုင်းမှာတော့ သူနာပြုသည် ဒီလူက ကြည့်ကောင်းပြီး သူမရဲ့ ရင်တွေ အတော်ကို ခုန်နေတယ်ဟု တွေးမိခဲ့သည်။ သို့သော် အခုဆိုရင် သူက ဘာလို့ ဒီလောက်ထိ စကားတွေ များနေရတာလဲဟု တွေးနေမိခဲ့ပြီ ဖြစ်သည်။

“တပ်သား၊ နင့်မိန်းမက အဆင်ပြေမှာပါ။ သိပ်ပြီး တွန်းအားမပေးနဲ့။”

ဆေးရုံထဲကို ဝင်ပြီး သိပ်မကြာခင်မှာပဲ သူမရဲ့ မွေးလမ်းကြောင်း ပွင့်သွားတာ။ အရာအားလုံးကလည်း ချောချောမွေ့မွေ့ပင်။ ပြီးတော့ ကလေးရဲ့ အနေအထားကလည်း မှန်တယ်။ အဲ့ဒါကို ဒီလူက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေလဲတော့ သူမလည်း မသိတော့ဘူး။

ရှုရွှမ်း - “ဒါပေမယ့် ကျွန်တော်တို့ ဒီမှာ ရှိနေတာက ဆယ်မိနစ်တောင် ကျော်နေပြီ။”

သူနာပြုက သူ့ကို မပြောဆိုခင်မှာပဲ အမျိုးသမီးကြီး မစ္စရှုက သူမရဲ့သားကို ဆွဲခေါ်ပြီး ပြောခဲ့သည်။ “ထိုင်နေ။”

ဆယ်မိနစ်လောက်နဲ့ ကလေးကို ဘယ်လိုလုပ် မွေးလို့ရမှာလဲ။

ရှုရွှမ်းရဲ့ အာရုံစိုက်တာကို လွှဲဖို့အတွက် အမျိုးသမီးကြီး မစ္စရှုက မေးလိုက်သည်။ “နင့်မှာ အချိန်ရတယ်ဆိုရင် ကလေးအတွက် နာမည် တစ်ခုလောက် ထိုင်စဥ်းစား။”

သူက နာမည်များစွာကို ထိုင်တွေးနေခဲ့ပြီး အားလုံးက ချမ့်တုန် သူ့ကို အကြံပေးထားသည့် နာမည်တွေသာ ဖြစ်သည်။ ရှုရွှမ်းက ဘာမှ လုပ်စရာ မရှိသည့် အချိန်တိုင်း အဘိဓာန်ကို ကြည့်နေပြီး သူက အဲ့ဒါကို ဖြဲပစ်လုနီးပါး ဖြစ်နေခဲ့သည်။ အခုချိန်မှာ ကလေးက မွေးတော့မည် ဖြစ်ပြီး နာမည် အပြည့်အစုံကို မဆိုထားနှင့် သူက အိမ်နာမည်ကိုတောင် မတွေးရသေးပါ။

ရှုရွှမ်းရဲ့ စိတ်က ထိုအကြောင်းတွေ တွေးဖို့အတွက် အချိန် မရှိဘဲ ဒီလို အရှုပ်တွေနဲ့ ရှိနေခဲ့သည်။ သူက ကလေးအကြောင်းကိုတောင် ထပ်ပြီး မတွေးတော့ပါ။ ဝမ့်ရင်းကို မွေးခန်းထဲသို့ ပို့လိုက်သည့်အခါ သူ့ရဲ့ စိတ်ထဲမှာ ဝမ့်ရင်းရဲ့ ဖြူဖျော့နေသည့် မျက်နှာကိုသာ အပြည့် မြင်နေခဲ့ရသည်။

သူတို့ စကားပြောနေရင်း ချမ့်တုန်ကလည်း ရောက်လာခဲ့သည်။

ဝမ့်ရင်းက မွေးခါနီးဖြစ်နေတာကို ရှုရွှမ်း ကြားသည့်အခါ ချက်ချင်းဆိုသလိုပဲ သူက ဟင်းချက်ရင်း တန်းလန်းဖြစ်နေချိန် ပန်းကန်တွေကိုပါ ဒီတိုင်း ပစ်ထားခဲ့သည်။ ဆေးရုံကို အပြေးလေး မသွားခင် ချမ့်တုန်က သူ့အတွက် ဆေးပေးခဲ့သည်။

“ မွေးပြီလား။”

နောက်ထပ် ပြဿနာတစ်ခု ရှိနေခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုက ချမ့်တုန်ကို ကြည့်ပြီး ပြောလိုက်သည်။ “ဒီလောက် စောသေးတာကို။”

ဒါက ညှစ်ရဦးမှာ။ အနည်းဆုံးတော့ ခနလောက် ညှစ်ရမှာပဲ။

ချမ့်တုန်က ထိုင်ခုံမှာ ထိုင်ပြီး စိတ်လေးစွာ နေနေခဲ့သည်။

အချိန်အတော်ကြာ စောင့်နေပြီး နောက်ဆုံးမှာတော့ မွေးခန်းထဲကနေ ကလေးငိုသံကို ကြားခဲ့ရသည်။

သူနာပြုက အနှီးဖြင့် ထုပ်ထားသည့် ကလေးကို ကိုင်ပြီး ထွက်လာခဲ့သည်။ “ဂုဏ်ယူပါတယ်။ ဒါက ခြောက်ပေါင်၊ ငါးအောင်စရှိတဲ့ သမီး မိန်းကလေး တစ်ယောက်ပါ။”

အမျိုးသမီးကြီး မစ္စရှုက ကလေးကို မြန်မြန် ခေါ်လိုက်သည်။ သူမက ရှုရွှမ်းရဲ့ စိုးရိမ်မှုအကြောင်းကို ငြီးတွားနေခဲ့သော်လည်း အခုချိန်မှာတော့ ပထမဆုံး ငိုခဲ့တဲ့သူမှာ မစ္စရှုသာ ဖြစ်သည်။

“တော်လိုက်တဲ့လူလေး၊ လိမ္မာတယ်။”

ရှုရွှမ်းက သူနာပြုကို ဆွဲခေါ်ပြီး မေးလိုက်သည်။ “ကျွန်တော့် ဇနီးရော ဘယ်လိုနေသေးလဲ။”

သူနာပြု - “သူမလည်း အဆင်ပြေပါတယ်။”

ရှုရွှမ်း - “ဒါဆို အဆင်ပြေပါတယ်။ ကျွန်တော် သူမနဲ့ တွေ့လို့ရနိုင်မလား။”

ထိုအချိန်မှာပဲ ဝမ့်ရင်းကို ခေါ်လာခဲ့ပြီ ဖြစ်သည်။ သူမရဲ့ ဆံပင်တွေက ချွေးတွေ စိုပြီး ကပ်နေခဲ့သည်။ သူမကို ကြည့်ရတာ အိပ်ငိုက်နေပုံရသည်။

ရှုရွှမ်းက ဝမ့်ရင်းရဲ့ လက်ကို တင်းကြပ်စွာ ကိုင်ပြီး အနည်းငယ် ချော့ပြောနေခဲ့သည်။ “အခုလို ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်ကွာ။”

ဝမ့်ရင်းက ဘာစကား တစ်ခွန်းမှ မပြောဘဲ ပြုံးပြပြီး မျက်လုံးများ မှိတ်ကာ အိပ်ပျော်သွားခဲ့သည်။

ရှုရွှမ်းက ဝမ့်ရင်းကို လူနာဆောင်ထဲမှာ စောင့်နေခဲ့ပြီး သူ့ရဲ့ ရင်ထဲကနေ အကျယ်ကြီး မပြောခဲ့သည့် စကားမှာ ကိုယ်တို့ နောက်ထပ် ကလေးတစ်ယောက် ဘယ်တော့မှ ထပ်မယူတော့ဘူး ဆိုတာပင်။

ကလေးတစ်ယောက် ရတာကပဲ လုံလောက်နေပြီဟု ရှုရွှမ်းက တကယ်ကို ခံစားမိနေခဲ့သည်။ ကလေးတစ်ယောက် မွေးတာက ဝမ့်ရင်းကို အတော် ပင်ပန်းရအောင် လုပ်ခဲ့ပြီး ဖြစ်သည်။ တကယ်လို့ သူတို့မှာ နောက်ထပ်တစ်ယောက် ရှိလာခဲ့ရင်တောင် ဝမ့်ရင်းကို နှစ်ခါပြန် ခံစားခွင့်ပြုဖို့ဆိုတာ သူ့အတွက် ခံစားနိုင်မည် မဟုတ်ပါ။

အမျိုးသမီးကြီး မစ္စရှုက ကလေးကို လက်ထဲမှာ တင်းကြပ်စွာ ချီထားပြီး ချမ့်တုန်ကတောင် ကလေးကို ကြည့်ဖို့ ရောက်လာခဲ့သည်။ သူက ကိုယ်ပေါ်မှာ ဆီနံ့တွေ ရှိနေလားဆိုတာ သိရအောင် သူ့ကိုယ်သူ တစ်ချက် နမ်းကြည့်လိုက်သည်။ အဖိုးတန် ဒီကလေးလေးက မီးခိုးနံ့တွေ ရှူမိမှာကို သူ စိုးရိမ်နေခဲ့သည်။

ဝမ့်ရင်းက အိပ်ပျော်နေခဲ့သည်။ ရှုရွှမ်းက သူမရဲ့ ပါးကို ကိုင်ပြီးနောက် သူ့ရဲ့ သမီးလေးကို ကြည့်ဖို့အတွက် ခြေဖျားထောက်ပြီး သွားခဲ့သည်။

ကလေးလေးရဲ့ ခေါင်းပေါ်မှာ ဆံပင်တွေက ဖွာပြီး နီကြောင်ကြောင်လေး ဖြစ်နေခဲ့သည်။

ရှုရွှမ်းက သူ့ရဲ့ လက်ကို ဆန့်ထုတ်ပြီး သူ့ရဲ့ သမီးကို ညှင်သာစွာ ထိပြီး နူးညံ့သည့် ဘောလုံးလေးလိုပဲ သူ့ရဲ့ နူးညံ့သည့် အသံကတော့ ငိုညည်းနေခဲ့သည်။

ရုတ်တရက်ဆိုသလို ရှုရွှမ်းရဲ့ ရင်ထဲမှာ နွေးထွေးမှု တစ်ခုက ဖြတ်သန်း စီးဆင်းသွားသလို ခံစားခဲ့ရသည်။ ဒါဟာ သူ့မှာ သွေးသားအရင်းတစ်ယောက် ရှိတယ်ဆိုတဲ့ ဖော်ပြမရဘဲ မှော်ဆန်သည့် အရာတစ်ခု ဖြစ်သည်။

အမျိုးသမီးကြီး မစ္စရှုက ကလေးကို သူမရဲ့ လက်ထဲမှာ ချီထားကာ ပြောလိုက်သည်။ “နင်တို့နှစ်ယောက် အတူတူ အချိန်ကုန်လိုက်ကြဦး။ ရေနွေးနဲ့ စားစရာတွေ ဘယ်မှာ ရနိုင်လဲဆိုတာ ငါ တစ်ချက် သွားကြည့်လိုက်ဦးမယ်။ နောက်မှာ ငါ ပြန်လာပြီး ဝမ့်ရင်းအတွက် စားစရာ တစ်ခုခု လုပ်ပေးမယ်။ အရင်ဆုံး ငါတို့အားလုံး တစ်ခုခု စားလို့ရတယ်။”

ရှုရွှမ်းက သူ့ရဲ့ သမီးဖြစ်သူကို မဝံ့မရဲ ကိုင်လိုက်သည်။ ကလေးက ဒီလောက် နူးညံ့တာ။ သူမအရိုးတွေ မဖွံ့ဖြိုးသေးမှာကို သူစိုးရိမ်နေတာ၊ ဟုတ်တယ်မလား။

ချမ့်တုန်ရဲ့ မျက်လုံးတွေက အားကျမှုအပြည့် ဖြစ်နေခဲ့သည်။ “ငါ့ကို တစ်ခါလောက် ပေးဖက်လို့ ရမလား။”

နူးညံ့သည့် ကလေးလေးကို လက်ထဲမှာ ချီထားရတာက သူ့အတွက် အရာရာ ပြီးပြည့်စုံတယ်ဟု ခံစားနေခဲ့ရသည်။

သို့သော် ရှုရွှမ်းက သူ့ဆရာ လေကြီးမိုးကြီး ပြောတာကို သိပ်မကြိုက်သည့်အတွက် သူက ကလေးကို အကြာကြီး မချီထားခဲ့ပါ။

ချမ့်တုန် - “တကယ်ကို သေးသေးလေးပဲ။”

မဟုတ်ဘူး…

ရှုရွှမ်း - “သေးရုံတင် ဘယ်ကမလဲ။”

ဒါက ချစ်ဖို့ကောင်းပြီး နူးညံ့တဲ့ ကလေးမလေးပဲ။

ချမ့်တုန်သည် ကြည့်ရုံသာ ကြည့်နေရသည့်အတွက် အတော်လေးကို အားကျနေခဲ့သည်။

ဝမ့်ရင်းတွင် အမေဘက်မှ မိသားစုဝင်တွေ မရှိသော်လည်း သူမ ဆေးရုံတက်နေရသည့် ရက်အနည်းငယ်အတွင်းမှာ ဆေးဝန်ထမ်းတွေကတောင် သူမ မိသားစုရဲ့ အမှားကို ရှာမရခဲ့ပါ။ အမျိုးသမီးကြီး မစ္စရှုက ဟိုပြေးလိုက်၊ ဒီပြေးလိုက်နှင့် အလုပ်ရှုပ်နေခဲ့ပြီး တုံ့ဆိုင်နေသည့် အရိပ်အယောင်မျိုးတောင် မရှိဘဲ သူမရဲ့ ချွေးမကို ဂရုစိုက်နေခဲ့သည်။ ထို့အပြင် သူမရဲ့ လက်ထဲမှာ သူမရဲ့ မြေးမလေးကို ချီထားကာ အတော်လေးကို ချစ်နေခဲ့သည်။

ရှုရွှမ်းဆိုလျှင် သူက ဆက်တိုက်ဆိုသလို ခွင့်ရက်တွေ ယူထားခဲ့သည်။ ဝမ့်ရင်းက သူမရဲ့ လက်ချောင်းတွေကို အနည်းငယ် လှုပ်ပြဖို့သာ လိုအပ်ပြီး သူမ ဘာလိုချင်လဲဆိုတာ ရှုရွှမ်းက သိနေခဲ့သည်။

ဝမ့်ရင်းက ခေါင်းအုံးကို မှီပြီး သူမ ဘေးနားရှိ ရှုရွှမ်းက သူမအတွက် အထူး လုပ်ပေးထားသည့် အရွက်နှင့် အသားတွေ ရောထားသည့် ကြက်ပြုတ်ရည်ကို သောက်နေခဲ့သည်။ အဲ့ဒါက ဘေးကုတင်ရှိ ကိုယ်ဝန်သည် အမျိုးသမီးများကို မနာလိုတောင် ဖြစ်စေသည်။

ဝမ့်ရင်း ဆေးရုံတက်နေရသည့် သုံးရက်အတွင်း လူတွေက သူမကို သတင်းမေးဖို့အတွက် ရောက်လာခဲ့ကြသည်။

ပထမဆုံး ရောက်လာသည့် ဆေးဝန်ထမ်းက ကျန်းလင်းကို ခေါ်လာခဲ့သည်။ သူမက ကြက်ဥ အလုံး နှစ်ဆယ်ကျော်၊ သကြားညို နှစ်ထုပ်နှင့် နို့တစ်ဗူးကို ရက်ရက်ရောရော ယူလာပေးခဲ့သည်။ ထို့နောက် ကျန်းနာကလည်း သကြားနှင့် ဥတွေကို ယူပြီး ရောက်လာခဲ့သည်။

သူမကို လက်ဆောင်အချို့ပေးသည့် ရှုရွှမ်းရဲ့ အလုပ်မှ လုပ်ဖော်ကိုင်ဖက်တွေ ရှိသော်လည်း ထိုလက်ဆောင် အားလုံးက ကိုယ်ဝန်သည် အမျိုးသမီးအတွက် အသုံးဝင်သည်။

ဝမ့်ရင်းက သူမရဲ့ သမီးဦးလေးကို ပထမဆုံး မြင်လိုက်ရသည့်အခါ အနည်းငယ် တွေဝေသွားခဲ့သည်။ သူမက အသိပြန်ကပ်လာပြီးနောက် ခိုင်မြဲသည့် နှောင်ကြိုးတစ်ခုက သူမကို မနေနိုင်တော့ဘဲ ကလေးကို ပွေ့ချီလိုက်သည်။

ရှုရွှမ်း - “ကလေးက ကိုယ်ရော၊ မင်းရောနဲ့ တူတယ်လို့ အမေက ပြောတယ်။ ဒါပေမယ့် ကိုယ်ကတော့ တကယ်ကို ဘယ်နေရာမှ တူတယ်လို့တော့ မမြင်မိဘူး။”

သူရော ဝမ့်ရင်းရော နှစ်ယောက်လုံးက ကြည့်ကောင်းသော်လည်း သူ့သမီးရဲ့ နီတာရဲ အသားအရည်လေးက သူတို့ဆီကနေ ရတယ်ဆိုတာကို သူက ရှင်းရှင်းလင်းလင်း မပြောနိုင်ခဲ့ပါ။

ဝမ့်ရင်း - “တကယ်တော့ သူတို့ပြောသလိုပါပဲ။ မျက်လုံးတွေက ကျွန်မနဲ့တော့ နည်းနည်း တူတယ်။ မျက်ခုံးကတော့ ရှင်နဲ့တူတယ်။ ပြီးတော့ သူ့နှုတ်ခမ်းလေးကလည်း ရှင့်လိုပဲ…”

ဝမ့်ရင်းသည် ကလေးရဲ့ မျက်လုံးတွေက သူမနှင့် တူသေယ်လည်း မျက်ခုံး၊ နှုတ်ခမ်းနှင့် မျက်နှာကျက တကယ်ပဲ ရှုရွှမ်းနှင့် တူတာလားဟု သူမက တွေးနေခဲ့သည်။

“သူက ကျွန်မနဲ့ သိပ်မတူဘူး။ ဒါပေမယ့် ရှင်နဲ့တော့ ပိုတူတယ်။”

ဝမ့်ရင်းပုံစံက ရိုးသားတဲ့ ပုံစံနှင့် ပန်းပွင့်ဖြူလေး တစ်ပွင့်လို အသွင်အပြင်မျိုး ရှိသော်လည်း ရှုရွှမ်းမှာက ပိုပြီး ခက်ထန်ပြီး အာရုံစိုက်စေသည့် အသွင်အပြင်မျိုး ရှိနေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက ရေနွေးကို ယူလာရင်း ထိုစကားကို ကြားသည့်အခါ သူမက သဘောတူခဲ့သည်။ “အဲဲဒါက သူနဲ့တူတယ်လို့ ငါပြောသားပဲ။ ဒါပေမယ့် နင်တို့ နှစ်ယောက်လုံးက ကြည့်ကောင်းနေတာဆိုတော့ ဘယ်သူနဲ့ပဲတူတူ ကိစ္စတော့ မရှိပါဘူး။”

ဝမ့်ရင်းက ပြုံးပြီး ပူဖောင်းတွေ မှုတ်နေသည့် ကလေးကို ခေါင်းငြိမ့်ပြခဲ့သည်။ အရာအားလုံးက အဆင်ပြေသည်။ သူမက အမြဲလိုလို သမီးမိန်းကလေး လိုချင်နေခဲ့ပြီး အခုဆိုရင် သူမရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့ပြီ ဖြစ်သည်။ သူမက ဘယ်သူနှင့်တူလဲဆိုတာကိုတော့ ဂရုမစိုက်ခဲ့ပါ။

အစပိုင်းမှာတော့ ရှုရွှမ်းက သူတို့နှင့် သိပ်မတူဘူးဟု တွေးနေခဲ့သော်လည်း ဝမ့်ရင်းက ထိုစကားကို ပြောပြီးနောက် သူတို့ကို ပိုပြီး ကြည့်မိလေလေ၊ သူတို့က တူတယ်ဟု ပိုပြီး တွေးမိလေလေ ဖြစ်နေခဲ့သည်။

ဝမ့်ရင်း - “ဒါနဲ့ ကျွန်မတို့ ကလေးရဲ့ အိမ်နာမည်ကို ကျွန်မ တွေးထားတာရှိတယ်။”

အမျိုးသမီးကြီး မစ္စရှုက ရှုရွှမ်းက ဆွဲဖယ်လိုက်ပြီး ပြောခဲ့သည်။ “အမေ့ကို မြန်မြန် ပြောပြပါဦး။ ရှေ့ရက်ကတည်းက ဒီကလေးအကြောင်း တွေးနေရင်း ငါ့မှာ ရူးနေရတာ။ သူ့ရဲ့ စာအုပ်ထဲမှာ သူရှာထားသမျှ အားလုံးက ရှားပါးတဲ့ ဟာတွေချည်းပဲ။ ငါတောင် အဲ့ဒါကို မမှတ်မိနိုင်ဘူး။ ပြီးတော့ သူက အဲ့ဒါတွေကို အိမ်နာမည်အနေနဲ့ သုံးချင်တယ်ဆိုပြီး ပြောနေတာ။”

ရှုရွှမ်းက သူ့ရဲ့ သမီးလေး မွေးလာတာကို မြင်သည့်အခါ သူက တကယ်ကို သူမအား နာမည်ပေးဖို့ တွေးနေခဲ့သည်။ သို့သော် အမျိုးသမီးကြီး မစ္စရှုက သူ ပြောသည့် နာမည်တွေကို တစ်ခုမှ မကြိုက်ပါ။

ရှုရွှမ်းက ရှားပါးသည့် အဲ့လိုနာမည်တွေကို သဘောကျပုံ ရပြီး စိတ်ပျက်စရာကောင်းသည့် အရာတွေ အားလုံးကို ရွေးနေခဲ့သည်။ အဓိပ္ပါယ်က အဆင်ပြေသော်လည်း ဒါက ကလေးကို လှည့်စားနေသလို ဖြစ်မနေဘူးလား။ ဒီလောက် ရှုပ်ထွေးသည့် နာမည်တွေနှင့် သူမ ကျောင်းသွားသည့်အရွယ် ရောက်လာသည့်အခါ အဲ့ဒါရဲ့ အဓိပ္ပါယ်က ဒုက္ခပေးသလို ဖြစ်မနေဘူးလား။

ဝမ့်ရင်းက အနည်းငယ် ဒေါသထွက်နေပုံရသည့် ရှုရွှမ်းကို တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။ “ထောင်ထောင်ဆိုတဲ့ အိမ်နာမည်က အဆင်ပြေတယ်လို့ ရှင်ထင်လား။”

သူမသမီးရဲ့ နားအနောက်မှာ မွေးရာပါ အမှတ် သေးသေးလေး တစ်ခု ရှိသည်။ အဲ့ဒါက နီနီရဲရဲလေး။ မက်မွန်သီးလေးနဲ့ တူသည်။

အမျိုးသမီးကြီး မစ္စရှုက အဲ့ဒါက နှစ်ခါပြန် ပြောပြီး သူမရဲ့ ပေါင်ကို ရိုက်လိုက်သည်။ “ဟုတ်ပြီ၊ ဟုတ်ပြီ။”

အမေနာမည်က ရင်း၊ သမီးနာမည်က ထောင်။ ဒါက လိုက်တယ်မလား။

ရှုရွှမ်းကလည်း ခေါင်းငြိမ့်ပြခဲ့သည်။ ထောင်ထောင်ဆိုတဲ့ နာမည်လေးက လှသားပဲ။

ဆေးရုံက ပြောထားသည့်အတိုင်း နေရမည့် ရက်လောက် နေပြီးတဲ့နောက် သူတို့ မိသားစုက ထောင်ထောင်ကို ဆေးရုံကနေ ပြန်ခေါ်လာခဲ့သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၄၀

သူမ အိမ်ပြန်ရောက်သည့်အခါ အမျိုးသမီးကြီး မစ္စရှုက ရေရွတ်နေခဲ့သည်။ “ဆောင်းတွင်းကြီး မမွေးတာပဲ ကျေးဇူးတင်လှပါပြီ။ ဆောင်းတွင်းကြီး မီးဖွားရတာ အရမ်းကို နာကျင်ရတာ။ အချိန်မှီလေးမလို့ တော်သေးတယ်။ ရာသီဥတုက အရမ်းလည်း မပူသေးဘူး။ ရာသီဥတုလေးက အနေတော်ပဲ။”

ဝမ့်ရင်း အိမ်ပြန်ရောက်လာပြီးနောက် သူမရဲ့ မီးဖွားပြီး စားချင်စိတ်တွေက အသည်းအသန်ကို စတင် ဖြစ်လာခဲ့သည်။ ရှုရွှမ်းကလည်း သူမအား တစ်နေ့ကို ဝက်အူနှင့် ပဲတွေ ရောချက်ထားတာ၊ ကြက်သားကို သီဟို၌စေ့နှင့် ချက်ထားတာ အစရှိသည့် ဟင်းတွေ များစွာကို ချက်ကျွေးခဲ့သည်။ ငါးဖမ်းဖို့အတွက် သူက တပ်မဟာထဲကို ပြန်ပြီး ခေါင်းဆောင်ကိုတောင် မေးခဲ့သည်။ အခုဆိုရင် တောင်ပေါ်ရှိ ငါးကန်လေးက အများပိုင်ဖြစ်ပြီး အဲ့ဒါကို ထျန်းယိုဖုက စီမံပေးခဲ့သည်။

သူက နှစ်တိုင်း ငါးတွေ မျိုးမသုန်းသွားအောင် စီစဥ်ပေးခဲ့ပြီး တစ်ယောက်ယောက်က ငါးတွေအကုန် ဖမ်းသွားပြီး သူတို့အတွက် ဘာမှ စားစရာ မရှိတော့မှာကို စိုးရိမ်နေခဲ့သည်။ ရှုရွှမ်းက အိမ်ကို ပြန်လာပြီး ငါးကြီး သုံးကောင်ကို ယူလာခဲ့ကာ သူက ထိုငါးတွေကို ဝမ့်ရင်း စားဖို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ပြင်ဆင်ပေးခဲ့သည်။

အစပိုင်းမှာတော့ ဝမ့်ရင်းသည် အမျိုးသမီးကြီး မစ္စရှုက ထိုအခြေအနေကို ကိုင်တွယ်ဖို့ အရမ်း အလုပ်ရှုပ်မှာကို စိုးရိမ်နေခဲ့ပြီး တကယ်လို့ သူမသာ မကူညီနိုင်ခဲ့ရင် ကူညီပေးဖို့ ခြံထဲရှိ မိန်းမငယ် တစ်ယောက်ကို ရှာဖို့ ပိုက်ဆံ သုံးလိမ့်မည် ဖြစ်သည်။

သို့သော် မထင်မှတ်ထားဘဲ ထောင်ထောင်က ထိန်းရ လွယ်ကူသည်။ ကလေးရဲ့ အိပ်ချိန်က အရမ်းကို အဆင်ပြေပြီး ကလေးကြောင့် ပင်ပန်းရတာ ဒါမှမဟုတ် နေ့၊ ည ပြောင်းပြန်ဖြစ်တာမျိုး မခံစားခဲ့ရပါ။

အမျိုးသမီးကြီး မစ္စရှုက သက်ပြင်းချလိုက်သည်။ “သူက ရှုမင်း ကလေးတုန်းကထက် ဂရုစိုက်ပေးရတာ တော်တော်ကို အဆင်ပြေတာ။ ကောင်စုတ်လေး ရှုမင်း ငယ်ငယ်တုန်းက တကယ်ကို ငမွှေထိုးလေး။ ရှုရွှမ်းလို မဟုတ်ဘူး။ ရှုရွှမ်းက အရမ်း အိပ်တာကလွဲလို့ သူ့မှာ တစ်ခြား ဘာပြဿနာမှ မရှိဘူး။ အရမ်း ဂရုစိုက်ရတာ လွယ်တယ်။ ရှုမင်းက နေ့ရော၊ ညရော ငိုပြီး ဂျီကျနေတာ။”

ရှုမင်းအကြောင်း ပြောနေရင်း ဝမ့်ရင်းက မြန်မြန် မေးလိုက်သည်။ “ကျွန်မရဲ့ ယောင်းမရော အတူတူပဲ ကိုယ်ဝန်ရနေတယ်လို့ ကြားထားတယ်။”

အမျိုးသမီးကြီး မစ္စရှုက အပျော်တွေ စုသွားခဲ့သည်။ “သူလည်း ကိုယ်ဝန်နဲ့ပဲ။ သမီးက ဒီမှာ မွေးနေတုန်း၊ သူ ကိုယ်ဝန်ရှိတာကို သိနေတာ။ တစ်နေ့ကမှ သူတို့ဆီကနေ စာကို ရလာတာဆိုတော့ ငါ့အထင် ကိုယ်ဝန်က အခုဆို လေးလထဲ ရောက်နေပြီ။”

ရှုမင်းက အနောက်မြောက်ပိုင်းကို ရောက်နေတာ နှစ်တွေ ကြာလှပြီဖြစ်ပြီး အစပိုင်းမှာပဲ သူ့ဘဝက ခက်ခဲခဲ့သည်။ နောက်ပိုင်းမှာတော့ သူက ပိုပြီး လုပ်နိုင်စွမ်း ရှိလာကာ လယ်ဒါရိုက်တာရဲ့ သမီးနှင့် လက်ထပ်ခဲ့သည်။ အခုဆို သူက ရှုရွှမ်းရဲ့ ထောက်ပံ့ငွေကို မလိုတော့ဘဲ ရံဖန်ရံခါ သူကတောင် ဒေသထွက် ပစ္စည်းတွေကို ပြန်ပို့ပေးခဲ့သည်။

အမျိုးသမီးကြီး မစ္စရှု - “ဒါက အရမ်းကို ဝေးတယ်။ ငါ အဲ့ကို မသွားနိုင်ဘူး။ အချိန်ရတော့မှ သူ့အတွက် ကလေး အဝတ်တွေ ချုပ်ပေးပြီး ပို့ပေးဖို့တော့ စီစဥ်ထားတယ်။ ဒါက ငါတို့ မိသားစု လုပ်ရပ်တွေရဲ့ ပုံစံတစ်ခု ဖြစ်လာမှာ။”

ရှုမင်းသည် ကလေးဘဝကတည်းက အပြောချိုပြီး လူတွေကို ချော့တဲ့နေရာမှာ ကျွမ်းကျင်သည်။ ထိုအချိန်တုန်းက သူ့အမေသည် ရှေ့ဖြစ်ဟော တစ်ယောက်ဆီ သွားသည့်အခါ ရှုမင်းက အပျော်မက်တဲ့သူတစ်ယောက်ဟု ကံပါလာတယ်ဟု ပြောခဲ့ကြောင်း ဝမ့်ရင်းကို ရှုရွှမ်းက တိတ်တဆိတ် ပြောပြခဲ့ဖူးသည်။

ဝမ့်ရင်းက ပြုံးပြီး ပြန်ပြောခဲ့သည်။ “နည်းနည်းလောက် ထပ်လုပ်ပေးလိုက်ပါ။ အို၊ ကျွန်မမှာ ကလေး တွန်းလှည်းနဲ့ ကလေး ပုခက်အတွက် အကြံလေးတစ်ခု ရှိတယ်။ ရက်ပိုင်းလောက်နေရင် ထောင်ထောင်အတွက် တစ်ခုလောက် လုပ်ပေးကြရအောင်။ တကယ်လို့ အဲ့ဒါက အကုန် အဆင်ပြေတယ်ဆိုရင် ကျွန်မတို့ ခဲအိုနဲ့ ယောင်းမဆီ တစ်ခုလောက် ပို့ပေးရအောင်။”

အမျိုးသမီးကြီး မစ္စရှု - “ဟုတ်ပါပြီ။ ဒါပေမယ့် အဲ့ဒါကို အလောတကြီး မလုပ်နဲ့။ ထောင်ထောင်က ငယ်သေးတယ်။ ငါတို့ သူ့ကို မမွေးခင် အဲ့ဒါကို လုပ်ဖို့ လိုတယ်ဆိုရုံပဲ။”

“မိန်းမတစ်ယောက်အတွက်ကတော့ မီးတွင်း ကာလမှာဆို သူ့ကိုယ်သူ ဂရုစိုက်ဖို့က အရေးအကြီးဆုံး အရာတစ်ခုပဲ။ နင်က ဆရာဝန်တစ်ယောက်ပဲဆိုတော့ သိပါတယ်။ တကယ်လို့ မီးနေသည်က အဲ့အချိန်မှာ ကောင်းကောင်း မနေရဘူးဆိုရင် နောက်ပိုင်း ရောဂါတွေ အလွယ်တကူ ဖြစ်လာနိုင်တယ်။ တကယ်လို့ အဲ့အချိန် ကောင်းကောင်းနေရင် အရင်က ရောဂါဟောင်းတွေကိုတောင် ပျောက်သွားအောင် လုပ်နိုင်တယ်။”

ဝမ့်ရင်းရဲ့ စိတ်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။ “အမေက အရမ်းကို ကြင်နာတာပဲ။”

ဒီအချိန်အခါမှာ သူမတွက် ဒီလို ပတ်သက်မှုနှင့် မိသားစု ရှိနေရတာကိုက ကံကောင်းသည်။

ဝမ့်ရင်းရဲ့ မီးတွင်းကာလက ဂျူလိုင်လ အစောပိုင်းထိပဲ ကြာခဲ့သည်။ ဂရုတစိုက် ကျွေးပြီး စောင့်ရှောက်မှုကြောင့် ထောင်ထောင်ကလည်း ဖြူဖွေး နုဖက်နေခဲ့သည်။ ဝမ့်ရင်းကို တွေ့ဖိုအတွက် လာကြသည့် ခြံထဲရှိ အိမ်နီးချင်းတွေက သူမကို မြင်လိုက်တိုင်း အဲ့အကြောင်း တစ်ခုခုကို ပြောကြလိမ့်မည် ဖြစ်သည်။

“ကလေးက ကြည့်ကောင်းပြီး ရှုရွှမ်းနဲ့ တူလိုက်တာ။”

တစ်ခါတစ်လေမှ လာလေ့ရှိသည့် ကျန်းလင်းကတောင် ဒုတိယအကြိမ် လာသည့်အခါ ကွဲပြားသည့် အမြင်တစ်ခုကို ဖော်ပြခဲ့သည်။

“နင့်ယောက်ျားထက် ပိုကြည့်ကောင်းတယ်။”

ဝမ့်ရင်း - “ဘယ်လိုပဲဖြစ်ဖြစ်၊ အားလုံးက အဆင်ပြေပါတယ်။ ရုပ်ရှင်တွေထဲမှာ သူ့ကို သရုပ်ဆောင်ခိုင်းဖို့ ငါတို့က မမျှော်လင့်ထားပါဘူး။ ကြည့်ကောင်းရုံနဲ့ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ရတာ မတူဘူးလေ။”

ကျန်းလင်းက ရယ်ပြီး ပြောလိုက်သည်။ “နင့်ကို ပြောဖို့ ငါမေ့နေတာ။ အခု ငါက သာမန် ဆရာဝန်တစ်ယောက် ဖြစ်သွားပြီ။”

သူမက ရင်ဘက်ကို ပုတ်ပြီး ပြောလိုက်သည်။ “အလုပ်သင်တစ်ယောက် မဟုတ်တော့ဘူး။”

ဝမ့်ရင်းက သူမကို ဂုဏ်ပြုပေးခဲ့သည်။ “ကောင်းလိုက်တာ။”

ကျန်းလင်း - “ငါ ပြောချင်တာက နောက်ပိုင်းကျရင် ငါက နင့်ကို ပုခုံးချင်း လာယှဥ်တော့မှာ။”

တကယ်တမ်းမှာတော့ ဆေးဌာနမှာဆို သူမရဲ့ ရာထူးက ဝမ့်ရင်းထက် အနည်းငယ် ပိုမြင့်သည်။ ဝမ့်ရင်းက ကိုယ်ဝန်နှင့် မီးဖွားဖို့အတွက် အချိန်အတော်ကြာ ယူခဲ့သည်။ ထိုအချိန်အတွင်း ဆရာဝန်ယန်အတွက် သူ့မှာ တစ်ခုခု လုပ်စရာရှိသည့်အခါ ဝမ့်ရင်းကို ရှာဖို့က အဆင်မပြေခဲ့ပါ။ အရင်ကလည်း ယန်ကျင်းက ကျန်းလင်းကို နှိုးဆော်ပေးထားသည့်အတွက် သူမက သူမကိုယ်သူမ တိုးတက်လာအောင် လုပ်ဖို့အတွက် စိတ်အားထက်သန်ကာ အတော်လေးကိုလည်း တက်ကြွနေခဲ့သည်။

တဖြည်းဖြည်းနဲ့ သူက ဆရာဝန်ယန်နဲ့ ချိန်းဆိုမှု တစ်ခုကိုလည်း လုပ်ထားသေးသည်။

ကျန်းလင်းက အရမ်းကြီး ပျော်မနေခဲ့ပါ။ ထိုအစား ဝမ့်ရင်းက အချိန်မှားပြီး ကလေးမွေးခဲ့တယ်ဟုတောင် ခံစားနေခဲ့ရသည်။ သူမက သကြားစက်ရုံမှာ အလုပ်ကို စလုပ်ခဲ့ရုံသာ ရှိသေးပြီး ကိုယ်ဝန်လည်း ရလာကာ သူမရဲ့ အလုပ်ကို ဘေးဖယ်ထားခဲ့သည်။ ဆရာဝန်ယန်သည် အရင်တုန်းက သူမကို အလုပ်သင် တစ်ယောက်အဖြစ်သာ သတ်မှတ်ထားသော်လည်း အခုဆိုရင် သူကလည်း သူမကို အသိအမှတ် ပြုခဲ့ပြီ ဖြစ်သည်။

ဝမ့်ရင်းက ကျန်းလင်းရဲ့ စကားတွေကို နားထောင်နေခဲ့သော်လည်း ဒေါသမထွက်ခဲ့ပါ။ သူမက ရင်းနှီးသည့် ပုံစံမျိုးဖြင့်ပဲ ပြောခဲ့သည်။ “ဒါဆိုလည်း အေးအေးဆေးဆေးပဲ ပြိုင်ကြတာပေါ့။ အဲ့ဒါအပြင် နောက်ပိုင်း တစ်ခြား အခွင့်အရေးတွေလည်း ရှိရင် ရှိလာမှာပဲလေ။”

ဝမ့်ရင်းက ကျန်းလင်းရဲ့ ယှဥ်ပြိုင်ချင်စိတ်ကို လွှမ်းမိုးသွားခဲ့သည်။ သူမက ပါးလေးကို ပွတ်ကာ ပြောလိုက်သည်။ “နင် အဲ့လို ပြောမယ်ဆိုတာ ငါသိသားပဲ။”

လွန်ခဲ့သော ခြောက်လက သူမသည် ဆေးရုံရဲ့ ဆေးအတိုင်ပင်ခံအတွက် အရေးအကြီးဆုံး ဖြစ်ခဲ့ပြီး တဖြည်းဖြည်းနဲ့ လူတစ်ယောက်ကို ညှင်သာပြီး တည်ငြိမ်တဲ့ အမူအယာဖြင့် ပြောလာနိုင်သည့် ဆရာဝန် တစ်ယောက်အဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

ဝမ့်ရင်းကို ထပ်ပြီး ကြည့်လိုက်သည့်အခါ တစ်ဖက်လူက တစ်ခါမှ ဒေါသ မထွက်ဖူးဘူးလားဟု ကျန်းလင်းက အနည်းငယ် တွေးမိခဲ့ရသည်။

သူမ လုံးဝ အနိုင်မယူနိုင်သေးဘူးလို့ ခံစားနေရသည်။

ဝမ့်ရင်းက သူမကို စကားနည်းနည်းဖြင့် နှစ်သိမ့်ပေးခဲ့သော်လည်း သူမကို ပညာပေးဖို့ သိပ်ပြီး မလုပ်ဘဲ စကားလမ်းကြောင်းကိုသာ ပြောင်းခဲ့သည်။

“ယန်ကျင်းကလည်း အိမ်ထောင်ပြုတော့မယ်ဆိုပြီး ငါကြားထားတာ၊ ဟုတ်လား။”

ယန်ကျင်းအကြောင်း ပြောသည့်အခါ ကျန်းလင်းက စိတ်ဝင်စားသွားခဲ့သည်။

“ဟုတ်တယ်။ သူ့ကို ဝါဒဖြန့်မယ့် ဌာနဘက် ပြောင်းလိုက်တယ်။”

ကျန်းလင်းက နှုတ်ခမ်းကို သပ်ပြီး ပြောလိုက်သည်။ “သူက ငါတို့ စက်ရုံက အလုပ်ရုံ ဒါရိုက်တာရဲ့ သားကို ရှာနေတာလေ။”

ဝမ့်ရင်းက အနည်းငယ် နားမလည် ဖြစ်သွားခဲ့ရသည်။ “သူ အရင်က ချိန်းတွေ့နေတဲ့တစ်ယောက်လား။”

ကျန်းလင်း - “သူက အဲ့အကြောင်း မပြောတော့ဘူး။ တကယ်တော့ ငါတို့က သူ့ကို ပိုကောင်းတဲ့ အလုပ်တစ်ခု မရှာပေးနိုင်တာကို မကျေမနပ် ဖြစ်နေတာလေ။”

ယန်ကျင်းရဲ့ အရွှေ့အပြောင်းက လူမသိသူမသိ ဖြစ်သွားခဲ့ရသည်။ ဝမ့်ရင်းအတွက်တော့ ရုံးမှာ ပြဿနာရှာတတ်သည့် လူတစ်ယောက် လျော့သွားရုံသာ ဖြစ်သည်။

သို့သော် ကျန်းလင်းကတော့ အတော်လေးကို မပျော်မရွှင် ဖြစ်နေခဲ့သည်။ သူမသည် ကျန်းလင်းကို ပါးရိုက်ချင်သည့် သူမရဲ့ စိတ်ကို ထိန်းထားခဲ့ရသည်။

ယန်ကျင်း ထွက်သွားသည့်အခါ သူမက ဆေးရုံရှိ လူတွေကို နှုတ်ဆက်စကားတောင် မပြောသွားခဲ့ပါ။ သူမက သူမရဲ့ ပစ္စည်းတွေကို သိမ်းပြီး ဘာစကား တစ်ခွန်းမှ မပြောဘဲ ထွက်သွားခဲ့သည်။

ကျန်းနာက ဝမ့်ရင်းကို တွေ့ဖို့အတွက် ရောက်လာခဲ့ပြီး သူမအကြောင်းကို အားရပါးရ အတင်းတုပ်နေခဲ့သည်။ “ဆရာဝန်ယန့်ကို ကြည့်ရတာ တော်တော်လေး သဘောမကျတဲ့ပုံပဲ။ သူနဲ့ ယန်ကျင်းက အချင်းချင်း သဘောကျနေတယ်ဆိုပြီး ငါကြားထားတာ။”

ယန်ကျင်းက လက်တွဲဖော်ကောင်းတစ်ယောက် ရှာဖို့ ဆုံးဖြတ်ထားသည့်အတွက် ထုံးစံအတိုင်း သူမက သူမအဒေါ်ရဲ့ စကားတွေကို စိတ်ထဲ မထည့်ခဲ့ပါ။

သို့သော် ကျန်းနာက သူမရဲ့ ရင်ဘက်ကို ပုတ်ကာ ကြောက်စိတ်ဖြင့် ပြောလိုက်သည်။ “သူသွားတာလည်း ကောင်းပါတယ်။ အဲ့လိုမှ မဟုတ်ရင် ကန်ကို စောင့်ရှောက်နေတဲ့ ကျောက်ကျွင်းနဲ့ ငါ့အကြောင်း ဘာတွေ လိုက်ပြောဦးမလဲဆိုတာကို အမြဲတမ်း တွေးနေခဲ့ရတာ။”

အကြောင်းမှာ ကျန်းနာက အချိန်အတော်ကြာ သူမကို ရှောင်နေတယ်ဆိုသည့် ကောလဟာလအချို့ကို သတင်း ဖြန့်ခဲ့သည်။

ကျန်းလင်းအနေနဲ့တော့ သူမက ပြန်ပေးသမားတွေ သူမရဲ့ မောင်လေးကို ပြန်ပေးဆွဲသွားသောကြောင့် ဝမ့်ရင်းနှင့် သိပ်ပြီး စိမ်းစိမ်းကားကား မရှိတော့ပါ။

ရုံးထဲရှိ မိန်းကလေးများအနက် ယန်ကျင်း တစ်ယောက်တည်းသာ ကျန်တော့သည်။

ဝမ့်ရင်းက ထိုအကြောင်းကို တွေးပြီး ပြောလိုက်သည်။ “ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိတယ်။ သူ သူနာပြု ဆက်မဖြစ်ချင်တော့တာလည်း ကောင်းပါတယ်။”

ကျန်းနာက သတိလက်လွတ် ဖြစ်နေပုံရသော်လည်း သူမက ပရော်ဖက်ရှင်နယ် စွမ်းရည်အရ ယန်ကျင်းက သူမထက် ပိုတော်သည်။ ယန်ကျင်းမှာ သူနာပြုဆိုသည့် ခေါင်းစဥ်အောက်မှာ ရှိသော်လည်း သူမရဲ့ အဆင့်က အနည်းငယ် အောက်ရောက်နေခဲ့သည်။

ကျန်းနာ - “ငါ့အမေကလည်း အဲ့လိုပဲ ပြောတယ်။”

ဘယ်လိုပဲဖြစ်ဖြစ် ယန်ကျင်းက သွားပြီပဲလေ။ ပြီးတော့ ဒေါသထွက်နေတဲ့ ဆရာဝန်ယန်ကလွဲလို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက ပျော်နေကြသည်။

ကျန်းနာက အိပ်ရာလေးပေါ်တွင် အိပ်နေသည့် ထောင်ထောင်ကို စနေခဲ့သည်။ “ထောင်ထောင်က သိပ်ကို ချစ်ဖို့ကောင်းတာပဲ။ တကယ်လို့ ငါလည်း အိမ်ထောင်ကျပြီးသွားရင် သမီးလေး တစ်ယောက် လိုချင်တယ်။”

လူတွေက ဝမ့်ရင်းကို တွေ့ဖို့ လာလိုက်၊ ပြန်လိုက် ဖြစ်နေသော်လည်း ဝမ့်ရင်းကို မနှောက်ယှက်ဘဲ သူမကလည်း သူမရဲ့ မီးနေသည် ကာလတစ်ခုကို အဆင်ပြေပြေပဲ ပြီးသွားစေခဲ့သည်။

ကလေးတွေက အမြဲတမ်း ကြီးမြန်သည်။ ဝမ့်ရင်းသည် မနေ့တုန်းက သူမရဲ့ သမီးလေးက မက်မွန်သီးလေးလို နီတာရဲလေး ဖြစ်နေတယ်ဟု ခံစားခဲ့ရသည်။ သို့သော် ထောင်ထောင်က သွားသေးသေးလေးတွေ ထွက်လာပြီး ဖြစ်ကာ ပထမဆုံးအကြိမ် လေးဖက်ထောက် သွားနေခဲ့ပြီတောင် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝမ့်မန်းထောင်ဟုခေါ်သော ကလေးမလေး ထောင်ထောင်က နှစ်နှစ်တောင် ပြည့်သွားခဲ့ပြီ ဖြစ်သည်။

၁၉၇၆ ခုနှစ်မှာ အရာအားလုံးက ဝမ့်ရင်းအတွက် မသိမသာ ပြောင်းလဲနေခဲ့သည်။

ပထမဆုံး ကိစ္စကတော့ ချမ့်ရှုဖန်းနှင့် ချမ့်ယုတို့က မြို့ကို ပြောင်းသွားခဲ့ကြပြီ ဖြစ်သည်။

ဇွန်လမှာတော့ ဝမ့်ရင်းနှင့် ထောင်ထောင်တို့က မင်္ဂလာပွဲ တစ်ပွဲ တက်ဖို့အတွက် အမျိုးသမီးကြီး မစ္စရှုကို ရွာသို့ ခေါ်သွားခဲ့သည်။ ဝူကွေ့ဟွာရဲ့သမီး ထျန်းရှင်းဟွာက သူမရဲ့ မိဘတွေ ရှိနေစဥ်မှာပဲ တပ်မဟာထဲရှိ လူကောင်းလေး တစ်ယောက်နှင့် အိမ်ထောင်ပြုခဲ့သည်။

နောက်ဆုံးမှာတော့ ဝူကွေ့ဟွာက စိတ်သက်သာရာရပြီး ပျော်ရွှင်စွာဖြင့် စားစရာများကို စားနေခဲ့သည်။ အခုဆိုရင် ခုနစ်ခုမြောက် တပ်မဟာထဲရှိ လူတွေရဲ့ ဘဝတွေက ပိုပြီး အဆင်ပြေလာခဲ့ကြသည်။ ဘယ်သူကမှ အရင်ကလို အရေးမပါသည့် ကိစ္စတွေအတွက် ရန်ဖြစ်မနေကြတော့ပါ။

တဖြည်းဖြည်းနဲ့ တပ်မဟာထဲရှိ လူတွေက စီမံခန့်ခွဲဖို့ ပိုပြီး လွယ်ကူလာတယ်ဟု ထျန်းယိုဖုကတောင် ပြောခဲ့သည်။

ဒါက ထိန်းချုပ်ဖို့ မလွယ်ဘူးလားဟု ဝမ့်ရင်းက တွေးလိုက်သည်။ သူတို့တွေ ဆင်းရဲတုန်းကဆိုရင် လူတွေရဲ့ လေကြီးမိုးကြီး စကားတွေကို နားထောင်ရတာက သူတို့ကို မကျေနပ်စေဘူးလေ။ အခုတော့ ကိစ္စတွေက နည်းနည်းလေး ပိုပြီးတော့ သက်သာရာရလာကြပြီ။ ဆက်ဆံရေးကောင်း တစ်ခုကို ထိန်းသိမ်းထားချင်တဲ့ သူတို့တွေအတွက်ကတော့ ဒါက ပုံမှန်ပဲ။

ထျန်းရှင်းဟွာရဲ့ ပါးလေးတွေက နီရဲနေခဲဲ့ပြီး သူမက ဝူကွေ့ဟွာမှ ဝမ့်ရင်းကို ခရိုင်မြို့ကနေ ဝယ်ခဲ့ဖို့အတွက် တောင်းဆိုထားသည့် အနီရောင် ဂါဝန်ရဲရဲလေးကို ဝတ်ထားခဲ့သည်။ သူမရဲ့ ပါးတွေက နီရဲနေခဲ့သည်။

နှစ်နှစ်သာ ရှိသေးသည့် ထောင်ထောင်လေးက ကလေးအသံဖြင့် ပြောနေခဲ့သော်လည်း သူမရဲ့ အမြင်တွေကို တိတိကျကျ ဖော်ပြနိုင်သည်။

“ဒါက လှလိုက်တာ။ ထောင်ထောင်လည်း အဲ့လို ဂါဝန်မျိုး ဝတ်ချင်တယ်။ ထောင်ထောင်လည်း သတို့သမီး ဖြစ်ချင်တယ်။”

ဝမ့်ရင်းက မြန်မြန် သွားပြီး သူမရဲ့ ပါးစပ်ကို ပိတ်လိုက်သည်။

အနီးအနားရှိ လူတစ်ယောက်နှင့် စကားပြောနေသည့် ရှုရွှမ်းက ခေါင်းကို ငုံ့ကြည့်လိုက်ပြီး သူ မကျေနပ်တာကို ဝမ့်ရင်း သိနေခဲ့သည်။

အဲ့ဒါက ဒီလောက်တောင် အသည်းအသန်မလို့လား။ သူမရဲ့သမီး စကားစပြောတတ်ကတည်းက ရှုရွှမ်း ထိုအကြောင်းကို ပြောလိုက်သည့် အချိန်တိုင်း သူမက အနာဂတ်မှာ အိမ်ထောင်ပြုချင်တယ်ဟု ပြောသည့်အခါ သူမရဲ့ ထိုစကားတွေက ရှုရွှမ်းရဲ့ ရင်ကို ဓားနဲ့ထိုးသလို ခံစားနေခဲ့ရသည်။ ဒါက အရမ်းကို ပိုလွန်းသည်။

ထောင်ထောင်က ကြည့်ပြီး ရှုရွှမ်းရဲ့ ပေါင်ကို ဖက်ဖို့ ခြေထောက်ကို ဆွဲလိုက်သည်။ “ဖေဖေ စိတ်မဆိုးပါနဲ့။ ထောင်ထောင်က သတို့သမီး ဖြစ်နေရင်တောင် ဖေဖေ့ကိုပဲ အချစ်ဆုံး။”

“ဖေဖေ ဟင်းချက်တာက အကောင်းဆုံးပဲ။”

“ဖေဖေ သမီးကိုချီ။”

မျက်နှာသေကြီးဖြစ်နေသည့် ရှုရွှမ်းက သူ့သမီးရဲ့ အသံချိုချိုလေးထဲ မျောသွားခဲ့တာကို လူတစ်စုက ကြည့်နေခဲ့ပြီး နှုတ်ခမ်းတွေ စေ့ထားကြသည်။

အရွယ်ရောက်လာသည့် ချမ့်ယုလေးက ဒီလို မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့သည်။ “ဒါ၊ ဒါ၊ ဒါ….”

ဝမ့်ရင်းက သူမရဲ့ လက်မကို ဖိချလိုက်သည်။ “မင်း ဒီလိုမျိုးကို အရင်က မမြင်ဖူးသေးဘူးလား။ ငါ့ကိုပြော။ တကယ်လို့ ဒါက အပေါ်ယံမှာ ယုတ္တိမရှိဘူးဆိုရင် ဒီကောင်မလေးက ဘယ်ကလာတယ်လို့ နင်ထင်လဲ။ ငါရော၊ ရှုရွှမ်းမှာရော ဒီလို ဗီဇမျိုး မရှိဘူး။”

ဒါက အပြောတင် မဟုတ်ပါ။ သူမရဲ့ ပုံစံက ရှုရွှမ်းထက် ပိုပြီ ပျော်တတ်သော်လည်း အဲ့ဒါက အကန့်အသတ် ရှိသည်။ ရှုရွှမ်းကို မဆိုထားနှင့် သူမက အပြင်မှာ ရှိနေသည့်အခါ သူမစကားရဲ့ အဓိပ္ပါယ်ကို စကား နှစ်လုံးထက် တစ်လုံးတည်းဖြင့်သာ ဖော်ကြတတ်သည့် သူ့ထက်တော့ ပိုအဆင်ပြေသည်။

သူတို့ရဲ့ သမီးလေးက အရမ်းကို ချွဲတတ်သည့် ကလေးလေး ဖြစ်သည့်အတွက် သူမ စကားပြောသည့် အချိန်တိုင်း သကြားလုံးက သူမရဲ့ လည်ချောင်းထဲ တစ်နေတာကို တွေ့ခဲ့ရသည်။

အမျိုးသမီးကြီး မစ္စရှုက တပ်ခါတလဲလဲ ကြည့်ပြီး နောက်ဆုံးမှာတော့ သိသွားခဲ့သည်။ “ဒါ နင့်အကိုကြီး ယူလာတဲ့ဟာမလား။ ရှုမင်းက ကလေးကတည်းက ဒါကို ကြိုက်တယ်။”

အမျိုးသမီကြီး မစ္စရှုနှင့် ဆက်ဆံရေးကောင်းရှိသည့် အမျိုးသမီးကြီးများကလည်း ကြားဖြတ်ပြောခဲ့သည်။ “ဟုတ်တယ်။ သူ့ရဲ့ ပုံစံလေးက ရှောင်မင်း ငယ်ငယ်ကနဲ့ တစ်ပုံစံတည်းပဲ။”

“ရှုမင်း ငယ်ငယ်တုန်းက ခေါင်းစွပ်လေးကို စွပ်ပြီး ပုရွတ်ဆိတ်တွေကို ကြည့်ဖို့အတွက် အမြဲတမ်း လမ်းဘေးလေးနားမှာ ထိုင်ထိုင်နေတတ်တာကို နင်တို့ မှတ်မိကြသေးလား။ ပြီးတော့ ရှုမင်းက သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာကို ငါသိတယ်။ ငါတို့ရွာမှာ မိန်းကလေးတွေပဲဖြစ်ဖြစ်၊ မိန်းမကြီးတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်နေပါစေ၊ သူ့နားက ဖြတ်သွားတာနဲ့ သူက လူတိုင်းကို ပွစိပွစိနဲ့ လိုက်ပြီး နှုတ်ဆက်နေသေးတာ။ သူကလေ တကယ် လူကြီးလေးတစ်ယောက်လိုပဲ။”

မျက်နှာလေး ပြန်ပွင့်လာသည့် ရှုရွှမ်းက ထိုစကားကို ကြားပြီးနောက် မျက်နှာ ပြန်ညှိုးသွားခဲ့သည်။

'ရှုမင်းလိုလား။ ဘာလို့ ကလေးက ရှုမင်းနဲ့ တူရမှာလဲ။ ကျောင်းမှာတုန်းကဆို ရှုမင်းက အပြောဆိုးလွန်းလို့ တော်တော်ကြီး ရိုက်ခံခဲ့ရတာ။ အဲ့တုန်းကဆိုရင် လူတွေက ရှုမင်းကို မရိုက်ရဲကြလို့ သူတို့အားလုံးက ရိုက်ဖို့ လာလာပြောကြတာ။ အဲ့ဒါကြောင့်ပဲ သူက စောစောစီးစီး လေ့ကျင့်ခန်းတွေ လုပ်ရင်းနှင့် ကိုယ်ခန္ဓာ ကောင်းကောင်း ဖွံ့ဖြိုးလာတာ။ '

All Chapters