← Chapters

ကြင်ယာတော်ယွမ်၏ သားအရင်း

Vol. 10 Ch. 122

ကြင်ယာတော်ယွမ်၏ သားအရင်း

Vol. 10 Ch. 122

ဒါကိုကြားတော့ ဖေးမားမားက ရှက်စိတ်တွေ ပိုတိုးလာခဲ့သည်။

“ဒါတွေအားလုံး ကျွန်မရဲ့ အမှားတွေပါပဲ။ ဒီကျွန်အိုကြီးက အမှားလုပ်ခဲ့မိတယ်။”

ခေတ္တတန့်သွားပြီးနောက် ဖေးမားမားက ဆက်ပြောပြလာခဲ့သည်၊ “ပြောရရင် မင်းသားချီက ကြင်ယာတော်ယွမ်ရဲ့ သားအရင်း မဟုတ်ပေမယ့် ဒီကျွန်အိုကြီးရဲ့ အသုံးမကျတဲ့ တူပါ။”

ဒါကိုကြားတော့ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ ပြိုင်တူ မျက်လုံးပြူးသွားခဲ့သည်။

ဒီသတင်းက သူတို့အတွက် အရမ်းအံ့အားသင့်ဖို့ကောင်းပြီး အချိန်တစ်ခုလောက်အထိ ဒီသတင်းကို ချေဖျက်ဖို့ ကြိုးစားလိုက်ရသည်။

ဒါပေမယ့် မကြာခင်မှာပဲ သူတို့စိတ်တွေ ကြည်လင်သွားပြီး ပထမဆုံး တွေးမိသွားတာက တတိယမင်းသားအစစ်က ဖေးနန်ယွီ ဖြစ်နိုင်လောက်သည်။

ဟုတ်ပါတယ်၊ ဒါက သူတို့ရဲ့ မှန်းဆချက်သာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို ဖေးမားမား ရှင်းပြတာ နားထောင်ဖို့ လိုအပ်နေပါသေးသည်။

ဖေးမားမားက သက်ပြင်းချပြီး ဆက်ပြောပြခဲ့သည်၊ “လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက ဆရာသခင်တစ်ယောက်က ကြင်ယာတော်ယွမ်ရဲ့ ဗိုက်ထဲက ကလေးက သမီးမိန်းကလေးဖြစ်တယ်လို့ ဟောခဲ့တယ်။

ကြင်ယာတော်ယွမ်က သူမရဲ့ ရာထူးနေရာ ခိုင်မာဖို့အတွက် ကလေးလဲဖို့ အကြံတစ်ခု ရလာတယ်။ အဲဒီအချိန်အတွင်း သူမလို ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီး အများကြီးကို လျှို့ဝှက်ရှာဖွေဖို့ လူအများကို စေခိုင်းခဲ့တယ်။

ကြင်ယာတော်ယွမ်က သူမ သမီးမိန်းကလေး မွေးဖွားတဲ့အခါမှာ သားယောကျာ်းလေးမွေးတဲ့ မိသားစုကို ရှာပြီး ကလေးချင်းလဲမယ်လို့ သူမ ကြံစည်ခဲ့တယ်။

ဒါပေမယ့် ကြင်ယာတော်ယွမ်က မမျှော်လင့်ဘဲ မတော်တဆမှုအချို့ ဖြစ်ပွားခဲ့တယ်။ လမစေ့ဘဲ ကလေးမွေးဖွားလိုက်တော့ ကြိုတင်ပြင်ဆင်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက အဆင်မပြေတော့ဘူး။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ မော့သခင်မကြီးက နံနက်စောစောမှာ သားယောကျာ်းလေး မွေးဖွားခဲ့တယ်ဆိုတဲ့ သတင်းကို ဒီကျွန်အိုကြီး ရရှိခဲ့တယ်။

အလျင်လိုနေတဲ့ ကြင်ယာတော်ယွမ်က ဒါကို ကြားတော့ မော့မိသားစုအပေါ် သူမ အာရုံစိုက်ထားခဲ့တယ်။

အဲဒီအချိန်မှာပဲ အထိန်းတော်ရှုနဲ့ ဒီကျွန်အိုကြီးက ကြင်ယာတော်ယွမ်ကို ကလေးမွေးဖွားဖို့ ကူညီပေးတဲ့ လက်သည်အမျိုးသမီးကို လာဘ်ထိုးပြီး ကြင်ယာတော် ကလေးမွေးဖွားပြီးနောက် သတင်းကောင်းကို ချက်ချင်းမကြေငြာဘဲ ကလေးကို ကျွန်တော်မျိုးမတို့ဆီ ချက်ချင်းပေးဖို့ ပြောခဲ့တယ်။

နောက်တော့ မွေးကင်းစ သခင်လေးကို တိတ်တဆိတ် နန်းတော်ထဲကနေ ခေါ်ထုတ်သွားပြီး ကလေးချင်းလဲဖို့ မော့စံအိမ်တော်ကို သွားဖို့ စီစဉ်ခဲ့တယ်။”

ထိုသို့ပြောနေရင်း ဖေးမားမားသည် ပို၍ပင် အပြစ်ရှိသလို ခံစားလာရသည်။

“အဲ့တာက ကျွန်တော်မျိုးမရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ပါပဲ။ ကျွန်တော်မျိုးမရဲ့ ယောင်းမကလည်း တစ်နေ့ကတင် သားယောကျာ်းလေး မွေးဖွားထားတာဆိုတော့ ကျွန်တော်မျိုးမရဲ့ တူကို မင်းသားတစ်ပါးဖြစ်အောင် လုပ်ပြီး စည်းစိမ်ချမ်းသာ ပြည့်ပြည့်စုံစုံ ဘဝမျိုးကို ရရှိစေချင်ခဲ့တယ်။ အဲ့လိုဆို ကျွန်တော်မျိုးမလည်း ဖေးဘိုးဘွားတွေကို ဂုဏ်ယူဝံ့ကြွားစွာ မျက်နှာချင်းဆိုင်နိုင်လိမ့်မယ်လို့တွေးခဲ့မိတယ်။

ဒါနဲ့ နန်းတော်ထဲကနေ ထွက်လာပြီးတာနဲ့ အစောင့်တွေကို အဝေးလွှတ်ပြီး မော့မိသားစုဆီကနေ ကလေးကိုယူဖို့ ကျွန်တော်မျိုးမမှာ ကိုယ်ပိုင်အကြံရှိတယ်လို့ သူတို့ကို ပြောလိုက်တယ်။

မော့စံအိမ်တော်မှာ အစောင့်အကြပ် ထူထပ်စွာ ချထားတာမို့ အောင်မြင်ဖို့ ခက်ခဲတယ်လို့ အစောင့်တွေက ယူဆခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါကြောင့် သူတို့က ကျွန်တော်မျိုးမ ပြောတာကို ကြားပြီးတဲ့အခါမှာ သူတို့ စိတ်သက်သာရာ ရသွားခဲ့ကြတယ်။

အစောင့်တွေထွက်သွားတာနဲ့ ကျွန်တော်မျိုးမက သခင်လေးကို အိမ်ကို ပြန်ခေါ်သွားခဲ့တယ်။ ကျွန်တော်မျိုးမရဲ့ အစ်ကိုနဲ့ ယောင်းမကို အကျိုးအကြောင်းရှင်းပြပြီးတော့ ကျွန်တော်မျိုးက သခင်လေးကို သူတို့ဆီမှာ ထားခဲ့ပြီး တူလေးကို ခေါ်ပြီး ပြန်လာခဲ့တယ်၊ အခု မင်းသားချီကိုပေါ့။

ကျွန်တော်မျိုးမ ကြင်ယာတော်ယွမ်ရဲ့ နန်းဆောင်ကိုပြန်ရောက်တော့ သူမကို အမှန်အတိုင်း မပြောခဲ့ဘူး။ ကြင်ယာတော်ယွမ်က ကျွန်တော်မျိုးမ မော့မိသားစုက ကလေးကို ယူပြီး ပြန်လာခဲ့တယ်လို့ပဲ ထင်ခဲ့တယ်။

အရာအားလုံးကို စနစ်တကျ စီစဉ်ပြီးတဲ့နောက်မှာ ကြင်ယာတော်ယွမ်က မင်းသားလေးတစ်ပါး မွေးဖွားခဲ့ကြောင်း ဧကရာဇ်မင်းထံ လျှောက်တင်ဖို့ လူတစ်ဦး စေလွှတ်ခဲ့တယ်။

ဧကရာဇ်မင်းက အဲဒီသတင်းကိုကြားကြားချင်းမှာပဲ ဧကရီနဲ့ မယ်တော်ကြီးကိုပါခေါ်ပြီး မင်းသားလေးကို ကြည့်ဖို့ ရောက်လာခဲ့တယ်။

ကြင်ယာတော်ယွမ်က ကျွန်တော်မျိုးမနဲ့ အထိန်းတော်ရှုကို သူ့ကလေးကို မွေးဖွားပေးခဲ့တဲ့ လက်သည်အမျိုးသမီးကို နှုတ်ပိတ်ဖို့ အမိန့်ပေးခဲ့တယ်။ ကျွန်တော်မျိုးမတို့က သူ့ခေါင်းကို ပိုးဖြူစနဲ့ အုပ်ပြီး အဆုံးသတ်ဖို့လုပ်တဲ့အချိန်မှာ အဲဒီလက်သည်အမျိုးသမီးက ကျယ်ကျယ်လောင်လောင် ရယ်မောခဲ့ပြီး ကြင်ယာတော်ယွမ်က အစကတည်းက သားယောကျာ်းလေး မွေးဖွားခဲ့တာဖြစ်ကြောင်း၊ ကျွန်တော်မျိုးမတို့က ဒီလိုစွန့်စားမှုမျိုးကို လုပ်ဆောင်ခဲ့တာ ရူးမိုက်ကြောင်း ပြောခဲ့တယ်။

လက်သည်အမျိုးသမီးက ကျွန်တော်မျိုးတို့ကို တမင်သက်သက် လှောင်ပြောင်ကဲ့ရဲ့ချင်လို့ ပြောခဲ့တာဖြစ်မယ်လို့ထင်ခဲ့တယ်၊ ဒါပေမယ့် သူမ ပြောခဲ့တာတွေက အမှန် ဟုတ် မဟုတ် သေချာချင်လို့ နောက်တစ်နေ့မှာ ကျွန်တော်မျိုးမ ခွင့်တောင်းပြီး အိမ်ပြန်လာခဲ့တယ်။

ကျွန်တော်မျိုးမရဲ့ ယောင်းမ ရင်ခွင်ထဲက ကလေးလေးကို မြင်လိုက်တာနဲ့ လက်သည်အမျိုးသမီးပြောခဲ့တာတွေက အမှန်ဖြစ်ကြောင်း သိလိုက်တယ် - ကြင်ယာတော်ယွမ်က တကယ်ပဲ မင်းသားလေးတစ်ပါး မွေးဖွားခဲ့တယ်။

ကျွန်တော်မျိုးရဲ့ အပြစ်တွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် ကျွန်တော်မျိုးမရဲ့ အစ်ကိုကို တတိယမင်းသားရဲ့ နာမည်မှာ “နန်” ဆိုတဲ့ စကားလုံး ထည့်သွင်းပြီး နာမည်မှည့်ပေးဖို့ အကြံပြုခဲ့တယ်။ ကျွန်တော်မျိုးမရဲ့ အစ်ကိုက “နန်” ဆိုတဲ့ စကားလုံးက အခြားသူများကို အလွယ်တကူ မနာလိုဖြစ်စေနိုင်တယ်လို့ ယူဆတာကြောင့် “နန်” ဆိုတဲ့ စကားလုံးကို “နန်ယွီ” လို့ အစားထိုးခဲ့တယ်၊ နောက်တော့ သူ့ကို “ဖေးနန်ယွီ” လို့ အမည်မှည့်ခေါ်ခဲ့တယ်။

ဒီအကြောင်းကို ကျွန်တော်မျိုးမရယ်၊ အစ်ကိုကြီးနဲ့ ယောင်းမပဲ သိခဲ့ကြတယ်။ နောက်နောင် ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြဖို့ တိုင်ပင်ခဲ့ကြတယ်။

အမှန်တရားကိုရှာတွေ့ပြီးနောက်မှာ ကျွန်တော်မျိုးမက ကိုယ့်ကိုယ်ကိုယ် ဘေးဒုက္ခမရောက်စေဖို့အတွက် တတိယမင်းသား အစစ်အမှန်ကိုခေါ်ပြီး ညတွင်းချင်း အပြေးပြောင်းဖို့ အစ်ကိုကြီးနဲ့ ယောင်းမကို တောင်းဆိုခဲ့တယ်။ အခုအချိန်အထိ သူတို့ရဲ့ သတင်းကို မကြားခဲ့တော့ဘူး။

နောက်ပိုင်း ကြင်ယာတော်ယွမ်က မော့မိသားစုရဲ့ ကိုးယောက်မြောက် သခင်လေးက သားယောကျာ်းလေးဖြစ်ကြောင်း ကြားလိုက်ရချိန်မှာ အဲဒီဆရာသခင်ရဲ့ လိမ်လည်ခြင်းကို ခံလိုက်ရကြောင်းကို သူမ သိလိုက်တယ်။

ဒါပေမယ့် ဧကရာဇ်နဲ့ တခြားသူတွေက တတိယမင်းသားလေးကို မျက်မြင်တွေ့ခဲ့ဖူးပြီဖြစ်တာကြောင့် အဲဒီအချိန်မှာ သူ့ကို ပြန်ပြောင်းဖို့ မဖြစ်နိုင်တော့ဘူး။

ကြင်ယာတော်ယွမ်က သခင်လေးကို သူ့သားအရင်းလို့ အမြဲထင်ခဲ့တယ်။ သခင်လေးအပေါ် ထားတဲ့ ကြင်ယာတော်ယွမ်ရဲ့ သဘောထားက အရမ်းကွာခြားကြောင်း သခင်လေး သတိပြုမိမှာပါ။”

ဖေးမားမား ပြန်ပြောတာတွေက ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ အရင်က လုံးဝ မတွေးထားဖူးတဲ့ ကိစ္စတွေပင်။

ယခုတော့ ဖေးနန်ယွီသည် တကယ့် တတိယမင်းသားဖြစ်ပြီး ကြင်ယာတော်ယွမ်၏ သားအရင်း ဖြစ်သည်။

ဒီလိုဆို နောက်ထပ် မေးခွန်းအသစ်တစ်ခု ထပ်ထွက်လာခဲ့သည်။

“နန်ချီက ဒီအကြောင်းကို ဘယ်လိုသိသွားတာလဲ” မော့ကျိုးယွီက မေးလိုက်သည်။

ဖေးမားမားက ဤမျှ ကြီးမားသော လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြီးပြီဖြစ်သဖြင့် အခြား မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိတော့ပေ။

“ဒီနှစ် အစောပိုင်းက သခင်လေး အောင်ပွဲခံပြီးပြန်လာကြောင်းကို ကြင်ယာတော်ယွမ်ကြားတော့ ကြင်ယာတော်က ကျွန်တော်မျိုးမနဲ့ အထိန်းတော်ရှုကိုခေါ်ပြီး သခင်လေးကို နန်းတော်ထဲ ဆင့်ခေါ်ဖို့ ဘယ်လိုအကြောင်းပြချက်ကို သုံးရမလဲဆိုတာကို ဆွေးနွေးခဲ့တယ်။ အဲဒီအချိန် ကြင်ယာတော်ကို လာရောက်ဂါရဝပြုတဲ့ မင်းသားချီက ဒီအကြောင်းကို ကြားသွားခဲ့တယ်။

သူက ကြင်ယာတော်ယွမ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး စကားတစ်ခွန်းမှ ထုတ်မပြောဖို့ ခြိမ်းခြောက်ခဲ့တယ်၊ မဟုတ်ရင် သူ သေသွားခဲ့ရင်တောင် ကြင်ယာတော်ယွမ်ရဲ့ မျိုးနွယ်စုကို သူနဲ့အတူ ဆွဲခေါ်သွားမယ်လို့ပြောခဲ့တယ်။

ပိုဆိုးတာက အဲဒီရက်ပိုင်းအတွင်းမှာပဲ မင်းသားချီက အထိန်းတော်ရှုကို ညှင်းပန်းနှိပ်စက်ပြီး မေးမြန်းဖို့ ခေါ်ဆောင်သွားခဲ့တယ်။ ကံကောင်းထောက်မစွာပဲ ကျွန်တော်မျိုးမက နန်းတော်ကနေ အလုပ်ကိစ္စနဲ့ အပြင်သွားရလို့ နန်းဆောင်ကို ပြန်ရောက်တာ နောက်ကျခဲ့တယ်၊ အထိန်းတော်ရှုကို မင်းသားချီရဲ့ လူတွေ ခေါ်ဆောင်သွားကြောင်းကို ကျွန်တော်မျိုးမ ကြားလိုက်တာနဲ့ မကောင်းတဲ့ ခံစားချက်တွေ ရလာခဲ့တယ်။

ဒါနဲ့ ကျွန်တော်မျိုးမလည်း စုဆောင်းထားမိတဲ့ အဖိုးတန်ပစ္စည်းတွေကို ထုပ်ပိုးသိမ်းဆည်းပြီး တော်ဝင်နန်းတော်ကနေ ညတွင်းချင်း ထွက်ပြေးလာခဲ့တယ်။

အဲဒီနောက် နှစ်ဝက်ကျော်တဲ့အထိ ကျွန်တော်မျိုးမ မင်းသားချီရဲ့ လူတွေ လက်ကနေ ထွက်ပြေးရှောင်တိမ်းခဲ့တယ်။ အဲဒီနေရာကနေ ထွက်ပြေးလွတ်မြောက်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရပေမယ့် ကျွန်တော်မျိုးမရဲ့ ပစ္စည်းတွေကို လုယက်ချင်တဲ့ ဒေသခံလူဆိုးတွေနဲ့ တွေ့ခဲ့ရတယ်။”

ဒါကိုပြောရရင် ဖေးမားမားမှာ စိုးရွံ့ကြောက်လန့်မှုတွေ ရှိနေတုန်းပါပဲ။

“တကယ်လို့ သခင်လေးသာ ကျွန်တော်မျိုးမကို မကယ်ခဲ့ဘူးဆိုရင် အဲဒီလူတွေလက်ထဲမှာ ကျွန်တော်မျိုးမ အသက်ဆုံးရှုံးသွားရလောက်တယ်။”

ဖေးမားမား၏ အရှင်သခင်အပေါ် လိမ်လည်လှည့်စားမှုနှင့် ပတ်သက်ပြီးတော့ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့က သူမအပေါ် စာနာစိတ် လုံးဝ မရှိပေ။

သို့ရာတွင် ဖေးမားမား အသက်ရှင်နေမှဖြစ်မည်ကို သူတို့ သိပေသည်။

ဖေးမားမား အသက်ရှင်နေမှသာလျှင် မင်းသားချီရဲ့ အထောက်အထား အစစ်အမှန်ကို ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။

အခု သူတို့ ပြည်နှင်ဒဏ်ပေးခံရသည့် လမ်းခရီးတွင် ရှိနေတာဖြစ်သည့်အတွက် ဖေးမားမားကို သူတို့နှင့် အတူ ခေါ်သွားလို့ မရဘူး။ မင်းသားချီရဲ့ လူတွေ ဖေးမားမားကို ရှာတွေ့သွားမယ်ဆိုရင် ဒါက ဘေးဥပဒ်ဖြစ်သွားလိမ့်မည်။

နန်ချီကို မကြောက်ပေမယ့် ဘယ်သူက ငြိမ်းငြိမ်းချမ်းချမ်း မနေထိုင်ချင်မှာလဲ။

အထူးသဖြင့် ယခုအချိန်တွင် မော့မိသားစုသည် တာ့ရွှင်းမင်းဆက်နှင့် ဘာမှ မဆိုင်တော့ပေ။ မော့ကျိုးယွီသည် ထိုရွှံ့ရေထဲသို့ မဆင်းချင်ပါ။

ဒါကိုတွေးရင်း မော့ကျိုးယွီသည် ဖေးမားမားကို အသက်ရှင်စေချင်ဆုံးသူက ဖေးနန်ယွီ ဖြစ်လိမ့်မည်ဟု ခံစားရသည်။

ဒီကိစ္စမှာ သူ့ကို ကျေးဇူးအတင်ခံလိုက်တာ အကောင်းဆုံးပဲ။

ဖေးမားမားသည် ဖေးနန်ယွီ၏ လက်ထဲတွင် ရှိနေလျှင် သေချာပေါက် အသက်ရှင်လိမ့်မည်။

“ဖေးမားမား ခင်ဗျား ဖေးနန်ယွီကို တွေ့ချင်လား။”

ဖေးမားမား၏ မျက်လုံးတွေက ပြူးကျယ်သွားပြီး “သခင်လေးက နန်ယွီကို သိတယ်လား” မသေချာမရေရာ မေးလိုက်မိသည်။

မော့ကျိုးယွီက ခေါင်းညိတ်လိုက်သည်။ “တကယ်လို့ ကျွန်တော် ထင်တာ မမှားရင် ဖေးနန်ယွီက အခု မြို့တော်မှာ ရှိနေလောက်တယ်။”

ထို့နောက် ဖေးမားမားသည် မော့ကျိုးယွီရှေ့မှာ လေးနက်စွာ ဒူးထောက်အရိုသေပေးနေသည်ကို တွေ့လိုက်ရသည်။

“ဒီကျွန်အိုကြီး သိသမျှ အကြောင်းစုံကို သခင်လေးကို ပြောပြပြီးပါပြီ။ သခင်လေးရဲ့ အကျင့်စရိုက်ကို ကျွန်တော်မျိုးမ ယုံကြည်ပါတယ်၊ ဒီကိစ္စကို ထုတ်ဖော်မပြောဖို့ ကျွန်တော်မျိုးမ တောင်းဆိုချင်ပါတယ်၊ အစစ်အမှန် တတိယမင်းသားရဲ့ နေရာကို သခင်လေး သိတယ်ဆိုရင် ဒီကျွန်အိုကြီးက သူ့ကို ကိုယ်တိုင်ရှာပြီး ပြောပြဖို့ ရည်ရွယ်ထားပါတယ်။”

ထိုသို့ပြောပြီးနောက် ဖေးမားမားသည် မတ်ထပ်ထရပ်ကာ ထွက်သွားဖို့ပြင်သည်။

မော့ကျိုးယွီက သူမကို တားပြီး “ခဏနေဦး၊ ဖေးမားမား တစ်ယောက်တည်း မြို့တော်ကို ပြန်သွားဖို့ မလုံခြုံဘူး။ ဖေးမားမားကို လိုက်ပို့ပေးဖို့ ကျွန်တော် လူထည့်ပေးလိုက်မယ်” ဟု ပြောလိုက်သည်။

***

All Chapters