ဒီည သူ့ကိုသတ်ဖို့ အခွင့်အရေးရှာလိုက်မယ်
Vol. 10 Ch. 123
ဖေးမားမားသည် သူ့အသက်ကို ကာကွယ်ပေးဖို့ အခွင့်ကောင်းတစ်ခုကို လက်ခံလိုက်ရတာကြောင့် သဘာဝအတိုင်း စိတ်ကျေနပ်သွားခဲ့သည်။ သူမ တော်ဝင်နန်းတော်မှ ထွက်ပြေးလာသည့် လမ်းတစ်လျှောက်လုံး ပင်ပန်းဆင်းရဲကြီးစွာရောက်ခဲ့ပေသည်။ သူမ၏ ကောင်းမွန်တဲ့ ကံတရားကြောင့်သာ မဟုတ်ရင် သူမ အပြစ်ဒဏ်ခံရဖွယ်ရှိမည်မှာ ကြာလောက်ပေမည်။
“ဒါဆိုရင် သခင်လေးကို ဒီကျွန်အိုကြီးက အထူးကျေးဇူးတင်ရှိပါတယ်” ဟူ၍ ဖေးမားမားက ပြောလိုက်သည်။
မော့ကျိုးယွီက ဖေးမားမားက သူ့ကို ခေါ်ဝေါ်သည့် နာမ်စားအား ပြင်ပေးဖို့ ရည်ရွယ်ချက် မရှိပေ။ နောက်တော့ သူတို့ဟာ အနာဂတ်မှာ ပြန်တွေ့ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးလေ။
မော့ကျိုးယွီသည် ခပ်လှမ်းလှမ်းမှ လျန့်ဟောက်တို့အား အကြည့်တစ်ချက်ဖြင့် အချက် လှမ်းပြလိုက်သည်။
လျန့်ဟောက်က နားလည်သဘောပေါက်ပြီး သူ့လူတွေကို မော့ကျိုးယွီဆီသို့ အမြန်လျှောက်လာဖို့ ဦးဆောင်ခဲ့သည်။
မော့ကျိုးယွီသည် သူ့အရှိန်ကို တမင်နှေးကွေးကာ ပြည်နှင်ဒဏ်ပေးခံရသည့် အဖွဲ့နှင့် တတ်နိုင်သမျှ အကွာအဝေးတစ်ခုကို ထားရှိလိုက်သည်။
ဟဲကျစ်ယန်သည် ဟယ်မိသားစု၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။
ယခု ပြည်နှင်ဒဏ်ပေးခံရသော အဖွဲ့တွင် ဟယ်မိသားစုသည် မော့မိသားစုနှင့် ပြေလည်မှု မရရှိခဲ့ပေ။ ပြည်နှင်ဒဏ်ယာဉ်တန်းနှင့် အဝေးတွင် ဖေးမားမားနှင့် စကားပြောနေတာဖြစ်သော်လည်း သတိထားနေရဆဲဖြစ်သည်။
ဟယ်ကျီယွမ်က ဒီအကြောင်းကို နားစွန်နားဖျား ကြားသွားပြီး နောက်ပိုင်းတွင် မလိုလားအပ်သော ပြဿနာများကို ဖိတ်ခေါ်လာမည့် အဖြစ်များကို မလိုချင်ပေ။
ဟုတ်ပါတယ်၊ ဟယ်ကျီယွမ်သည်လည်း သူတို့ရှိနေရာဆီသို့ မကြာခဏ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်နေခဲ့သည်။
သူ ဘာသတင်းမှ မရနိုင်မှန်း သိပေမယ့် စိတ်အနှောင့်အယှက်ဖြစ်နေတုန်းပါပဲ။
ကြည့်ရတာ ဟယ်ကျီယွမ်ကို သူတစ်ယောက်တည်း အသက်ရှင်ကျန်တဲ့အထိ သို့မဟုတ် အပြင်လူများကို အဓိပ္ပါယ်မရှိတဲ့စကားများကို မပြောနိုင်စေရန် အခြားနည်းလမ်းတစ်ခုကို ရှာဖွေဖို့ လိုအပ်ပေမည်။
ဟဲကျစ်ယန်သည် ဟယ်ကျီယွမ်၏ ပါးစပ်ကို ဘယ်လိုပိတ်ရင် ကောင်းမလဲလို့ စဉ်းစားနေချိန်မှာ လျန့်ဟောက်တို့က သူမတို့အနားကို ချဉ်းကပ်ရောက်ရှိလာပြီးပြီဖြစ်သည်။
ထိုလူတွေက မော့ကျိုးယွီအား သိုင်းသမားလက်ဟန်ဖြင့် အရိုအသေပေးကာ “နဝမသခင်လေး” ဟု ခေါ်ဆိုပြီးနောက် သူတို့ကို အမိန့်ပေးလာမှာကို စောင့်ဆိုင်းနေခဲ့သည်။
မော့ကျိုးယွီက ဖေးမားမားကို ညွှန်ပြပြီး “ဒါက ကြင်ယာတော်ယွမ်ရဲ့ အနီးကပ်အစေခံပဲ။ တချို့သော ကိစ္စရပ်တွေကြောင့် သူ မင်းသားချီရဲ့ လက်ထဲကနေ ထွက်ပြေးနေရတယ်။ သူမကို မြို့တော်ကို ပြန်ပို့ပေးဖို့ မင်း လူနှစ်ယောက်လောက် ထည့်ပေးလိုက်ပါ။”
“ကိစ္စမရှိဘူး။ ကျွန်တော် သွားဖို့ ဆန္ဒရှိတယ်” စုန့်ချောင်နှင့် ဝမ်တာ့လီတို့က တစ်ပြိုင်တည်း ပြောလာခဲ့သည်။
အဆုံး၌ ဒီမှာ ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိတယ်။ မော့ကျိုးယွီက ဖေးမားမားကို ဒီမှာ အကြာကြီး ဆက်မနေစေချင်ဘူး။
ဟဲကျစ်ယန်ကို သူ ငွေတောင်းတာ ဒါ ပထမဆုံးအကြိမ်ပဲ။
“ကိုယ် သူတို့ကို လမ်းတစ်လျှောက် သုံးစွဲဖို့ ခရီးစရိတ် ပေးလိုက်ချင်တယ်။”
ဟဲကျစ်ယန်သည် အစကတည်းကပင် သူမမှာ တွန့်တိုတဲ့ စိတ်ထားမျိုး မရှိဘူး။ ထို့အပြင် တော်ဝင်ဘဏ္ဍာတိုက်မှ ရရှိလာတဲ့ ငွေတစ်ဝက်သည် မော့ကျိုးယွီ၏ ကြိုးပမ်းမှုကြောင့် ဖြစ်လေ၏။ ထုံစံအတိုင်း မော့ကျိုးယွီလည်း သုံးစွဲပိုင်ခွင့် ရှိပေသည်။
စကားတစ်ခွန်းမှ မပြောဘဲ၊ ဟဲကျစ်ယန်သည် သူမ၏ အင်္ကျီလက်ထဲကနေ ငွေ ၂၀၀ တန်ဖိုးရှိသည့် ငွေလက်မှတ်ကို ထုတ်ပြီး စုန့်ချောင်ကို ကမ်းပေးလိုက်သည်။
“ဒါကို ရှင်တို့ လမ်းခရီးမှာ သုံးဖို့အတွက် ယူသွားလိုက်။ ပြီးတော့ ခရီးသွားရတာ ပိုအဆင်ပြေစေဖို့အတွက် မြင်းလှည်း တစ်စီးလောက် ဝယ်လိုက်ချေ။”
စုန့်ချောင်က ထိုငွေလက်မှတ်ကို ပြန်ပေးလိုက်သည်။
“နဝမသခင်လေး ကျွန်တော်တို့ နယ်စပ်ကနေ ထွက်လာတုန်းက ပိုက်ဆံတွေ ပြန်ပါလာခဲ့ပါတယ်။”
ဖေးမားမားကလည်း မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“မြို့တော်ကိုသွားဖို့ လုံလောက်တဲ့ ခရီးစရိတ် ဒီကျွန်အိုကြီးမှာ ရှိပါတယ်။ သခင်လေးက အခု ဒီလို အရေးပေါ် အခြေအနေမျိုးမှာ ရှိနေတဲ့အတွက် လက်ထဲမှာ ငွေအနည်းငယ် ချန်ထားတာ အကောင်းဆုံးပါပဲ။”
သူ ပေးထားတဲ့ ငွေကို သူတို့က ငြင်းပယ်ခဲ့တာကို တွေ့လိုက်ရတော့ မော့ကျိုးယွီသည် ဟဲကျစ်ယန်အား ငွေလက်မှတ်ကို ပြန်သိမ်းထားခိုင်းလိုက်သည်။ လတ်တလောတွင် သူတို့ဟာ ဘုရင်မင်းမြတ်က သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ထားပြီး ပြည်နှင်ဒဏ်အပေးခံရသော လူများ ဖြစ်ပေသည်။
“ဒါဆိုရင် လမ်းခရီးမှာ သတိထားသွားကြ။”
ဖေးမားမား၏ ထင်ထင်ရှားရှားရှိလွန်းတဲ့ ဆံပင်ဖြူတွေကို တစ်ချက်ကြည့်လိုက်သည်။
နန်ချီသည် သူမအား လုပ်ကြံသတ်ဖြတ်ရန် စေလွှတ်လိုက်လျှင် သူတို့၏ ပစ်မှတ် ဖော်ထုတ်ဖို့ ကနဦး လက္ခဏာအဖြစ် သတိပြုမိစေမည့်အရာမှာ ထိုဆံပင်ဖြူများပင် ဖြစ်သည်။
လုံခြုံရေးအရ ဟဲကျစ်ယန်သည် ဖေးမားမားအား ချက်ချင်း ထွက်ခွာခွင့်မပြုခဲ့ပေ။
အဲဒီအစား သူမသည် တာ့ပေါင်မောလ်တွင် လျှော်နက်ဆံပင်ဆိုးဆေး တစ်ထုပ်ကို ဝယ်ယူခဲ့သည်။ ဒီလျှော်နက်က ခေါင်းလျှော်လိုက်ရုံနဲ့ ဆံပင်ကို နက်မှောင်သွားစေပါသည်။
ဟဲကျစ်ယန်သည် လျှော်နက်ဆံပင်ဆိုးဆေးကို နေရာလွတ်ရှိ ကြွေပုလင်းလေး တစ်ခုထဲ ပြောင်းထည့်ပြီး ဖေးမားမားကို ပေးလိုက်သည်။
“မားမား ဒါနဲ့ ခေါင်းလျှော်လိုက်ပါ။ ဒါနဲ့ ခေါင်းလျှောက်လိုက်တာနဲ့ ချက်ချင်းဆိုသလို ဆံပင်တွေ နက်မှောင်သွားလိမ့်မယ်။ အဲဒီအခါကျရင် သင့်လျော်တဲ့ အဝတ်အစားကိုပါ လဲလိုက်ပါ။ ဒီလိုသာဆို ပိုပြီး အန္တရာယ်ကင်းလိမ့်မယ်။”
ဖေးမားမားသည် ကြွေပုလင်းလေးကို ကျေးဇူးတင်စွာ လက်ခံခဲ့ပြီး စိတ်ပါလက်ပါ ကျေးဇူးတင်စကားဆိုခဲ့သည်။
“ကျေးဇူးပါ သခင်မလေး။ ဒီကျွန်အိုကြီးက ကျွန်တော်မျိုးမရဲ့ ထင်ရှားပေါ်လွင်လွန်းတဲ့ ဆံပင်ဖြူတွေကြောင့် တစ်လမ်းလုံး စိတ်ဒုက္ခရောက်နေခဲ့ရတယ်။ ဒီလိုသာဆို ကျွန်တော်မျိုးမ ပိုပြီး လုံခြုံသွားပါလိမ့်မယ်။”
အရာအားလုံးကို စီစဉ်ပြီးတာနဲ့ မော့ကျိုးယွီက ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်သည်။
“အခု အချိန်လင့်နေပြီ။ မင်းတို့တွေ စောစောလေး ခရီးထွက်သင့်တယ်။”
စုန့်ချောင်နှင့် ဝမ်တာ့လီတို့သည် အမိန့်ကို လက်ခံပြီး ဖေးမားမားကို အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။
လျန့်ဟောက်နှင့် အခြားလူနှစ်ယောက်သည် ယာဉ်တန်းနှင့် ခပ်လှမ်းလှမ်းတွင် နေရာယူကာ ဆက်လက်လိုက်ပါစောင့်ကြပ်ပေးခဲ့သည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် ပြည်နှင်ဒဏ်ပေးခံရသည့် အဖွဲ့ကို အမှီလိုက်ဖို့ သူတို့အရှိန်ကို မြှင့်လိုက်သည်။
လမ်းတွင် ဟဲကျစ်ယန်က တိုးတိုးလေး ပြောလိုက်သည်၊ “ကျွန်မ အခုနတုန်းက ဟယ်ကျီယွမ်က ဒီဖက်ကို စိုက်ကြည့်နေတာကို တွေ့လိုက်တယ်။”
မော့ကျိုးယွီ၏ အကြည့်တွေက နက်ရှိုင်းသွားခဲ့၏။ “သူ နန်ရွေ့ရဲ့ အကြောင်းတွေကို ကိုယ့်ကို ပြောပြလိုက်ရင် ကိုယ်က သူ့အသက်ကို ချမ်းသာပေးလိမ့်မယ်လို့ သူက ထင်နေတာလေ။ ကြည့်ရတာ ကိုယ်တို့ ဒီလူကို ဆက်ထားလို့ မဖြစ်တော့ဘူး။”
သူကလည်း သူမနှင့် အတွေးချင်းထပ်တူကြနေတာကိုမြင်တော့ ဟဲကျစ်ယန်က မေးလိုက်၏၊ “ရှင် ဒီကိစ္စအတွက် ဘယ်လိုစီစဉ်ထားလဲ။”
မော့ကျိုးယွီက လည်ချောင်းရှင်းသလို အသာလေး ချောင်းဟန့်လိုက်သည်၊ “ဒီည ကိုယ် သူ့ကို သတ်ဖို့ အခွင့်အရေးရှာလိုက်မယ်။”
မော့ကျိုးယွီပြောတာကိုကြားတော့ ဟဲကျစ်ယန်က ဖမ်းဝမ်ရှိရာဆီသို့ သူ့အလိုလို လှမ်းကြည့်လိုက်မိသည်။
“ဒီလိုလုပ်လိုက်မယ်ဆိုရင် အစ်ကိုကြီးဖမ်းအတွက် ဒုက္ခရှာပေးသလိုများ ဖြစ်သွားနိုင်မလား။”
လမ်းခရီးတစ်လျှောက် ဖမ်းဝမ်က သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်။ သူမတို့၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကြောင့် တစ်စုံတစ်ဦးကို ဒုက္ခပေးသလို ဖြစ်စေပါက တရားမျှတမှု မရှိပေ။
မော့ကျိုးယွီက မျက်ခုံးပင့်လိုက်သည်၊ “မင်းမှာ ပိုကောင်းတဲ့နည်းရှိလား။”
ဟဲကျစ်ယန်က ခေါင်းညိတ်သည်၊ “ကျွန်မတို့ မြို့တော်ကနေ စထွက်လာချိန်တုန်းက အစ်ကိုကြီးဖမ်းကို ကိုက်တဲ့ ငွေလက်စွပ်မြွေကို ရှင် မှတ်မိသေးလား။”
“ကိုယ် မှတ်မိတယ်” မော့ကျိုးယွီက ပြန်ဖြေသည်။
ဟဲကျစ်ယန်က ဆက်ပြောသည်၊ “သိပ်မကြာခင်တုန်းက ကျွန်မ အားလပ်ချိန်ရတုန်းလေး ငွေလက်စွပ်မြွေဆီက အဆိပ်ကို ထုတ်ယူပြီး အဆိပ်နှစ်မျိုး ပြုလုပ်ခဲ့တယ်။ တစ်မျိုးကို ‘မူးယစ်ရီဝေ’ လို့ခေါ်တယ်၊ အဲ့ဆေးရဲ့ အာနိသင်က လူတစ်ဦးရဲ့ အသိဉာဏ်ကို အချိန်တိုအတွင်း ထုံထိုင်းသွားစေတယ်။ အဲ့ဆေးထဲကို တခြားအရာနည်းနည်းလောက်ထည့်လိုက်ရုံနဲ့ လူတစ်ဦးကို တစ်သက်လုံးစာ ရူးသွပ်သွားစေလိမ့်မယ်။”
မော့ကျိုးယွီ၏ မျက်လုံးတွေက လင်းလက်တောက်ပသွားခဲ့သည်၊ “အဲ့လိုဆို ကိုယ် ဒီည လှုပ်ရှားလိုက်မယ်။”
သူတို့ပြောပြီးသည်နှင့် ပြည်နှင်ဒဏ်ပေးခံရသည့် အဖွဲ့၏ ယာဉ်တန်းကို လိုက်မီသွားခဲ့သည်။ သူတို့နှစ်ယောက်စလုံး ဒီအကြောင်းကို ဆက်မပြောတော့ဘဲ ရပ်လိုက်ကြသည်။
ထိုည အနားယူသောနေရာသည် ယခင်ကကဲ့သို့ တောင်ခြေရင်းတွင်ရှိပြီး ညစာစားပြီးနောက် လူတိုင်း စောစောအနားယူရန် ကိုယ်စီ တဲထဲသို့ ဝင်သွားကြသည်။
ဟဲကျစ်ယန်သည် လျန့်ဟောက်တို့တွေ ဘယ်လိုနေထိုင်ကြမလဲဆိုတာကို တွေးမိပေသည်။ သူတို့သည် ယာဉ်တန်းနှင့် အနည်းငယ် ဝေးကွာနေသော်လည်း ထိုနည်းတူ အပြင်ဘက်တွင် စခန်းချခဲ့ရသည်။
သူမက မော့ကျိုးယွီကို ပြောလိုက်သည်၊ “နိုင်ငံခြားကုန်သည်တွေဆီက ဝယ်ယူထားတဲ့ အကြောင်းပြချက်နဲ့ ကျွန်မရဲ့ နေရာလွတ်ထဲက တဲတစ်လုံး ဝယ်ပြီး ရှင် သူတို့ကို သွားပို့ပေးလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ။”
မော့ကျိုးယွီက လျန့်ဟောက်တို့တွေ အပြင်မှာ အနားယူနေရတဲ့ ကိစ္စကို လျစ်လျူမရှုခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာ ဒီကိစ္စအတွက် ကောင်းမွန်တဲ့ အဖြေကို ရှာမတွေ့သေးဘူး။
“ကောင်းသားပဲ။ တဲရဲ့ ဇာစ်မြစ်ကို ဖြေရှင်းဖို့ ကိစ္စ ကိုယ့်လက်ထဲ အပ်ထားလို့ရတယ်။”
မော့ကျိုးယွီ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ဟဲကျစ်ယန်သည် တာ့ပေါင်မောလ်တွင် ရှေးခေတ်ခြေလျင်တပ်သားများ အသုံးပြုသည့် တဲနှင့် ဆင်တူသည့် တဲတစ်ခုကို အမြန်ရွေးချယ်လိုက်သည်။
အဆိုပါတဲသည် ရှေးခေတ်ခြေလျင်တပ်သားများ၏တဲများနှင့် နှိုင်းယှဉ်ပါက သေးငယ်သည့်အပြင် သိမ်းဆည်းရလွယ်ကူခြင်းပင်ဖြစ်သည်။
မော့ကျိုးယွီသည် တဲကိုယူ၍ စစ်ဆေးပြီးနောက် ညဖက် လူလစ်ချိန်တွင် လျန့်ဟောက်တို့အုပ်စုဆီ သွားပို့ပေးခဲ့သည်။
သူပြန်ရောက်သောအခါတွင် သူ့မိသားစုဝင်များ အနားယူသည့်နေရာကို မှတ်သားပြီး ကင်းစောင့်ပေးနေခဲ့သည်။
လူအများစုက အိပ်ပျော်နေပြီဖြစ်သော်လည်း ဟယ်ကျီယွမ်သည် သစ်ပင်အောက်တွင် ထိုင်ကာ ခေါင်းငုံ့ပြီး တစ်ခုခု ပြုလုပ်နေခဲ့သည်။
မော့ကျိုးယွီသည် သစ်ပင်ပေါ် ပေါ့ပေါ့ပါးပါး ခုန်တက်ပြီး လရောင်အားကိုးဖြင့် အောက်ကို ငုံ့ကြည့်လိုက်သည်။ ဟယ်ကျီယွမ်က သူ့အင်္ကျီအနားစကို စုတ်ဖြဲပြီး လက်ညှိုးကိုကိုက်ကာ အဝတ်စပေါ်တွင် တစ်စုံတစ်ခုကို ရေးသားနေသည်ကို သူတွေ့လိုက်ရသည်။
မော့ကျိုးယွီ၏ မျက်ဝန်းနက်တွေက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ သူက ဟယ်ကျီယွမ်၏ လုပ်ရပ်များကို လရောင်အားကိုးဖြင့် ပို၍ ရှင်းရှင်းလင်းလင်း မြင်ရအောင် အာရုံစိုက်ပြီး ကြည့်နေခဲ့သည်။
ဒါပေမယ့် အလင်းရောင်အားမကောင်းသည့်အပြင် အကွာအဝေးက အနည်းငယ်ဝေးနေသောကြောင့် ဟယ်ကျီယွမ် ရေးသားထားသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သို့တိုင် မော့ကျိုးယွီက ဟယ်ကျီယွမ် ရေးတဲ့ အကြောင်းအရာ အပြည့်အစုံက ဒီနေ့ ဖေးမားမားနဲ့ တွေ့ဆုံတဲ့ အကြောင်းရင်းနှင့် ဆက်စပ်မှုရှိမရှိ တကယ် သိချင်နေခဲ့မိသည်။
***