← Chapters

အဆိပ်ကိုဖယ်ရှားပြီးသွားပြီ။

Vol. 10 Ch. 126

အဆိပ်ကိုဖယ်ရှားပြီးသွားပြီ။

Vol. 10 Ch. 126

ဟဲကျစ်ယန်သည် အဋ္ဌမအစ်ကို၏ ခန္ဓာကိုယ်မှ ကူကောင်ကို ဖယ်ရှားပေးနိုင်သည်ဟု ကြားလိုက်ရသဖြင့် မော့ကျိုးယွီတစ်ယောက် အလွန်ပျော်ရွှင်သွားပြီး အဋ္ဌမအစ်ကိုကို စောစောကုသနိုင်စေရန် ညဘက်သို့ ချက်ချင်းရောက်သွားစေချင်မိသည်။

ဘေးကင်းလုံခြုံစေရန်၊ ဟဲကျစ်ယန်သည် နေရာလွတ်သို့ ပြန်သွားပြီး မော့ချူဟန်အား ခေတ္တအိပ်ပျော်စေရန် စိတ်ငြိမ်ဆေး ထိုးပေးခဲ့သည်။

နောက်ဆုံးတွင် ညမှောင်သွားခဲ့ပြီး လူတိုင်း အနားယူရန် တဲကိုယ်စီထဲသို့ ဝင်သွားကြပြီးနောက် ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် နေရာလွတ်ထဲသို့ ဝင်ဖို့ မစောင့်နိုင်တော့ပေ။

မော့ချူဟန်က အိပ်ပျော်နေဆဲပင်။

သူမ၏ စိတ်ကို အသုံးပြုပြီး သူ့ကို ခွဲစိတ်ခန်းထဲ ပို့လိုက်သည်။

အဋ္ဌမအစ်ကိုထံမှ ကူအဆိပ်ကို ဖယ်ရှားရန် ခွဲစိတ်ကုသတော့မည်ဟု မော့ကျိုးယွီ ကြားသောအခါတွင် ပထမဦးဆုံး သူ့စိတ်ထဲ တွေးလိုက်မိသည်မှာ အဋ္ဌမအစ်ကိုအား သူ့ကဲ့သို့ ကိုယ်လုံးတီးချွတ်ရတော့မည်ဟုပင်။

ဒါကိုတွေးမိပြီး မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို ခွဲစိတ်ခန်းထဲက အမြန်တွန်းထုတ်လိုက်သည်။

“ကိုယ် အဋ္ဌမအစ်ကိုရဲ့ အဝတ်တွေကို ချွတ်ပေးလိုက်မယ်။ ပြီးမှ မင်းကို လှမ်းခေါ်လိုက်မယ်။”

ဟဲကျစ်ယန်က မျက်မှောင်ကြုတ်လိုက်သည်။

“ဒီကူကောင်က သူ့လက်မောင်းမှာ ရှိတာလေ။ သူ့အဝတ်တွေကို ချွတ်စရာ မလိုဘူး။”

မော့ကျိုးယွီက ရုတ်တရက် သူ့အမှားကို နားလည်သဘောပေါက်သွားပြီး သူမကို ဆက်မတွန်းတော့ပေ။

သို့သော်လည်း မော့ချူဟန်၏ အင်္ကျီကို ဖယ်ရှားဖို့ သူကိုယ်တိုင် အစပြုလုပ်ဆောင်ခဲ့သည်။

အဋ္ဌမအစ်ကိုသည် အလွန်ပိန်လှီသော အရိုးအရေနှင့်သာ ရှိသည်ကို မြင်လိုက်ရသဖြင့် မော့ကျိုးယွီသည် စိတ်နှလုံးနာကျင်သွားခဲ့သည်။

အဋ္ဌမအစ်ကိုသည် မိသားစုတွင် အသန်မာဆုံး ကိုယ်ခံပညာရှင်ဖြစ်ပြီး ကိုယ်ကာယအကြံခိုင်ဆုံးသူလည်း ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးက ဒီလိုကိုယ်ထည်မျိုးဖြစ်သွားအောင် ဒီနှစ်တွေအတွင်း သူ ဘာတွေကြုံတွေ့ခဲ့ရတာလဲဆိုတာကို ဘယ်သူ သိမလဲ။

ဒီထက်ပိုပြီး အများကြီး‌ တွေးဖို့ အချိန်မရှိဘူး။ ပြဿနာကို အရင်ဖြေရှင်းဖို့က အရေးကြီးသည်။

အဋ္ဌမအစ်ကိုကို အင်္ကျီချွတ်ရန် ကူညီပြီးနောက် မော့ကျိုးယွီသည် ဘေးနားတွင် ရပ်နေပေးခဲ့သည်။

ဟဲကျစ်ယန်သည် ထောင့်နားတွင် မိုက်မဲစွာ ရပ်နေသော မော့ကျိုးယွီကိုကြည့်ပြီး သူ့ကို ခေါ်ကာ ပိုးသတ်ထားသော ခွဲစိတ်ခန်းသုံးအဝတ်အစားများကို ဝတ်ဆင်စေလိုက်သည်။ ထို့နောက် သူ့ကို အလုံပိတ် ဖန်ပုလင်းကို ပေးလိုက်သည်။

“ဒါကို သေချာကိုင်ထား။ ကူပိုးကောင် ခေါင်းထွက်လာတာနဲ့ ဒီအထဲ မြန်မြန်ထည့်လိုက်နော်။ သူ့ကို လွတ်မသွားစေနဲ့။”

မော့ကျိုးယွီက ဖန်ပုလင်းကို ယူကာ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

နာကျင်မှုဒဏ်ကြောင့် မော့ချူဟန် နိုးလာမှာကို တားဆီးရန်အတွက် ဟဲကျစ်ယန်က သူ့ကို ထုံဆေးအချို့ ဦးစွာ ပေးခဲ့သည်။

ထို့နောက် ဟဲကျစ်ယန်သည် ခွဲစိတ်ခန်းသုံးကိရိယာဗန်းကိုယူ၍ သူ့ဘေးတွင် ထားကာ အလေးအနက် ခွဲစိတ်ရန် စတင်ခဲ့သည်။

အဋ္ဌမအစ်ကို၏ လက်မောင်းကို ငွေရောင်ဓားဖြင့် လှီးဖြတ်လိုက်ရာ ခွဲစိတ်ထားသည့် နေရာမှ သွေးများ စီးကျလာသည်ကို မော့ကျိုးယွီက စောင့်ကြည့်နေသည်။

ဟဲကျစ်ယန်သည် သွေးများကို မမြင်ရသလို ကူပိုးကောင်အား မသတ်ဖြတ်မိအောင် မော့ချူဟန်၏ အရေပြားအား တစ်ရစ်ချင်း ဖြတ်တောက်လိုက်သည်။

ငါးမိနစ်လောက်ကြာတော့ ဟဲကျစ်ယန်က လေးလေးနက်နက် ပြောလာသည်။

“ကူပိုးကောင်ကို ဖမ်းဖို့ အဆင်သင့်ပြင်ထားတော့။”

မော့ကျိုးယွီသည် သူ့အာရုံကိုစုစည်းပြီး ခွဲစိတ်ရာ နေရာကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်လိုက်သည်။

ဟဲကျစ်ယန်သည် လက်တစ်ဖက်တွင် ဇာဂနာကို ကိုင်ထားပြီး နောက်တစ်ဖက်တွင် ခွဲစိတ်ခန်းသုံးညှပ်ကို ကိုင်ကာ မော့ချူဟန်၏ ဒဏ်ရာအား ညင်သာစွာ ဆွဲဟလိုက်သည်။

အရှည် ( ၈ ) မီလီမီတာ သို့မဟုတ် ( ၉ ) မီလီမီတာခန့်ရှိသော အနက်ရောင်ကူပိုးကောင်တစ်ကောင်သည် သူတို့နှစ်ဦး၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ရုပ်သေးကူသည် ၎င်းပတ်ဝန်းကျင်ရှိ အန္တရာယ်ကို သတိပြုမိပြီး လက်ခံသူ၏ ခန္ဓာကိုယ်မှ ပျံထွက်ရန် ၎င်း၏ အတောင်ပံများကို ပင့်မြှောက်လိုက်သည်။

လျင်မြန်သော တုံ့ပြန်မှုဖြင့် မော့ကျိုးယွီသည် ဖန်းပုလင်း၏ အဝကို ရုပ်သေးကူ၏ ပျံသန်းရာလမ်းကြောင်းတွင် နေရာချထားလိုက်သည်။ ထို့နောက် သူသည် ဖန်ပုလင်း၏ အဖုံးကို တင်းတင်း ပြန်ပိတ်လိုက်သည်။

သူတို့ရဲ့ ကြီးကျယ်ခမ်းနားသော တာဝန်ကို ပြီးဆုံးသွားပြီးနောက် ဟဲကျစ်ယန်သည် မော့ချူဟန်၏ ဒဏ်ရာအား အမြန်ပြန်ချုပ်ပေးသည်။

ထိုအခါမှသာ မော့ကျိုးယွီသည် ဟဲကျစ်ယန်က သူ့ဒဏ်ရာများကို ဤနည်းဖြင့် ကုသပေးခဲ့ကြောင်း သိလိုက်ရသည်။

ဤကုသနည်းကို သူ တစ်ခါမှ မကြားဖူးသော်လည်း ဤနည်းဖြင့် ကုသထားသော ဒဏ်ရာများသည် သာမန်ကုသနည်းဖြင့် ကုသထားသော ဒဏ်ရာများထက် အဆပေါင်းများစွာ မြန်မြန်သက်သာကြောင်း သူ့စိတ်ထဲတွင် သိထားသည်။

ဟဲကျစ်ယန်သည် မော့ချူဟန်၏ ဒဏ်ရာကို ကုသပြီး ရောင်ရမ်းမှုကို လျော့ပါးစေသည့် အိုင်ဗွီဆေးရည် ချိတ်ပေးခဲ့သည်။

ဟဲကျစ်ယန်သည် သူမနဖူးမှ ချွေးများကို သုတ်ကာ ခွဲစိတ်ခန်းဝတ်စုံကို ချွတ်ပြီးနောက် သွေးရည်ကြည်အချို့ကို ဝယ်ယူရန် တာ့ပေါင်မောလ်ကို နှိပ်လိုက်သည်။

သူမဖုန်းပေါ်ရှိ တာ့ပေါင်အက်ပ်ကိုဖွင့်လိုက်သောအခါတွင် သူမ မြင်လိုက်ရသည့် မက်ဆေ့ချ်ဘောက်စ်ရှိ စာသားက သူမအား အံ့အားသင့်သွားစေခဲ့သည်။

သူမဆိုင်ရှိ ကုန်ပစ္စည်းရောင်းအားသည် ယနေ့တွင် အလွန်ကောင်းမွန်ခဲ့ပြီး ဝင်ငွေ ( ၁၀.၉ ) သန်း ရရှိခဲ့သည်။

သူမ စစ်ဆေးပြီးနောက် ဝယ်သူသည် အချိန်အတော်ကြာ မတွေ့မမြင်ရသော စုဆောင်းသူလေးမှလွဲ၍ အခြားသူ မဟုတ်ပေ။

စုဆောင်းသူလေးသည် သူမထံ စာတစ်စောင် ချန်ထားခဲ့သည်။ သို့သော် ဟဲကျစ်ယန်သည် သွေးရည်ကြည်ဝယ်ရန် အလျင်စလိုဖြစ်နေပြီး မော့ချူဟန်၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေသောကြောင့် သူမ အားလပ်သောအချိန်မှ စာပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

ကလေးကူသည် လက်ခံကိုယ်မှ ထွက်ခွာလာပြီးနောက် ဆယ်ရက်အထိသာ အသက်ရှင်နိုင်သည်။

တစ်နည်းဆိုရသော်၊ ဤဆယ်ရက်အတွင်း ကလေးကူသည် မိခင်ကူဆီသို့ အောင်မြင်စွာ ပြန်မသွားနိုင်ပါက သေဖို့ကလွဲလို့ အခြားရွေးချယ်စရာမရှိတော့ပေ။

ကလေးကူကို ကြာကြာလေး အသက်ဆက်ရှင်ဖို့ ကြိုးစားနေရတဲ့ အကြောင်းရင်းက မော့ချူဟန်အပေါ် ကူပိုးကောင် အသုံးပြုသူကို ရှာတွေ့ဖို့ ဒီသဲလွန်စကို အသုံးချနိုင်မယ်လို့ သူမ ထင်ထားတာကြောင့်ပါပဲ။

ကလေးကူအား လူ့ခန္ဓာကိုယ်မှ ထွက်ခွာပြီးနောက် အချိန်အတော်ကြာ အသက်ရှင်စေလိုပါက ၎င်းကို အာဟာရဖြည့်တင်းပေးရန်အတွက် လူ့ခန္ဓာကိုယ်မှ လတ်ဆတ်သော လူ့သွေးလိုအပ်ကြောင်း “ကူပိုးကောင်စွယ်စုံကျမ်း” တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဟဲကျစ်ယန်သည် မမျှော်လင့်ထားသော အခြေအနေများကို ရှောင်ရှားရန်အတွက် လက်ခံကိုယ်မှ ထွက်သွားသော ကလေးကူကို အာဟာရဖြည့်တင်းပေးရန် သွေးအသုံးပြုရန် စီစဉ်ခဲ့သည်။

သို့သော် မော့ကျိုးယွီက ဒါကို နားမလည်ဘဲ ကလေးကူကို ထုတ်ယူပြီး မီးရှို့လိုက်လိမ့်မယ်ဟု တွေးထင်ခဲ့သည်။

ဟဲကျစ်ယန်က ပုလင်းထဲကို သွေးအများကြီး လောင်းထည့်လိုက်မယ်လို့ ဘယ်သူထင်မိမှာလဲ။

“မင်း ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ။”

ဟဲကျစ်ယန်က သူမ၏ ရည်ရွယ်ချက်ကို မော့ကျိုးယွီအား ရှင်းပြသည်။

သူမ၏ ရှင်းပြချက်ကိုကြားပြီး‌နောက် မော့ကျိုးယွီသည် သူမအား စိတ်ရင်းမှန်ဖြင့် လက်မထောင်ပြခဲ့သည်။

“မင်း စေ့စေ့စပ်စပ် တွေးတတ်တာ ကံကောင်းတာပဲ။ မဟုတ်ရင် အဋ္ဌမအစ်ကိုအပေါ် ကူပိုးကောင် အသုံးပြုခဲ့တဲ့သူကို တွေ့ခဲ့ရင်တောင်မှ ကိုယ်တို့က သူ့ကို ဘယ်သူမှန်း သိမှာ မဟုတ်ဘူး။”

မော့ကျိုးယွီသည် တောင်ပိုင်း ရှင်းကျန်းရှိ ကူပိုးကောင်မွေးမြူထားသူများအကြောင်း ဒဏ္ဍာရီအချို့ကို ကြားဖူးသည်။

ဒီလူတွေကို တွေ့နိုင်ခဲသော်လည်း သာမန်လူများလို ပေါ်လာတတ်သည်။ ဒါပေမယ့် သူတို့၏ ကူပိုးကောင်မွေးမြူထားသူဟူသည့် အစစ်အမှန် သဘာဝကို ထုတ်ဖော်ပြောလိုက်သည်နှင့် သူတို့၏ နာမည်ဂုဏ်သတင်းကြောင့် တစ်ယောက်တည်းဆိုရင်တောင် လူတိုင်း ဖိန့်ဖိန့်တုန် ကြောက်လန့်ကြသည်။

သွေးရည်ကြည်ကို ပုလင်းတစ်ဝက်လောက်အထိ ဖြည့်ပြီးနောက် ဟဲကျစ်ယန်သည် ကလေးကူကို ထည့်ထားသော ပုလင်းကို ဂရုတစိုက် သိမ်းဆည်းခဲ့သည်။

မော့ကျိုးယွီသည် မေ့မြောနေဆြဖြစ်သော မော့ချူဟန်အား လက်ညှိုးညွှန်ပြီး မေးလိုက်သည်။

“အဋ္ဌမအစ်ကိုဆီက ကူပိုးကောင်ကို ဖယ်ရှားပြီးပြီဆိုတော့ သူ ဘယ်တော့လောက် နိုးလာလောက်လဲ။”

ဟဲကျစ်ယန်က နံရံပေါ်မှ နာရီကြီးကို မော့ကြည့်ပြီး ပြောလိုက်သည်။

“သူ့အခြေအနေက အားလုံး ပုံမှန်ဖြစ်နေပါပြီ။ သူ တစ်နာရီမပြည့်ခင်မှာ နိုးလာလိမ့်မယ်။ အိုင်ဗွီဆေးရည်ချိတ်ထားတာ ကုန်သွားတာနဲ့ ကျွန်မတို့ သူ့ကို ဒီထဲကနေ အမြန်ထုတ်ဖို့ လိုအပ်တယ်။”

မော့ကျိုးယွီဟာ အနည်းငယ် စိတ်လွတ်နေသေးသော်လည်း ယင်းက သူ့အတွေးတွေကို မထိခိုက်စေခဲ့ပေ။

မော့ကျိုးယွီ အချိန်အတော်ကြာ နှုတ်ဆိတ်နေသည်ကိုမြင်တော့ ဟဲကျစ်ယန်က မေးလိုက်မိသည်၊ “အဋ္ဌမအစ်ကိုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့လူအကြောင်းကို ရှင် စဉ်းစားနေတာလား။”

မော့ကျိုးယွီက ခေါင်းညိတ်သည်။

“အဋ္ဌမအစ်ကိုကို ကူအဆိပ်သင့်စေခဲ့တဲ့လူက တောင်ပိုင်း ရှင်းကျန်းက လူတွေနဲ့ မဆိုင်လောက်ဘူး။

တောင်ပိုင်း ရှင်းကျန်းက လူတွေက မော့မိသားစုကို ခါးခါးသီးသီး မုန်းတီးကြတယ်၊ ကိုယ်တို့မော့မိသားစုက တာ့ရွှင်းတိုင်းပြည်ကို ကျူးကျော်တဲ့ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ် တားဆီးခဲ့ပြီး သူတို့ တစ်ကြိမ်ထက် တစ်ကြိမ် ဆုံးရှုံးမှုတွေ ပိုများခဲ့ကြတယ်။

ဒါပေမယ့် အဲဒီအနက်ရောင်ဝတ်လူတွေရဲ့ ကိုယ်ခံပညာက တောင်ပိုင်း ရှင်းကျန်းက လူတွေရဲ့ ကိုယ်ခံပညာ အရိပ်အခြည် မရှိဘဲ ကိုယ်တို့ အလယ်ပိုင်းလွင်ပြင်မှ ဆင်းသက်လာပုံပဲ။”

ဤအချက်ဖြင့် မော့ကျိုးယွီသည် ဤလူများကို တောင်ပိုင်း ရှင်းကျန်းမှ စေလွှတ်လိုက်ခြင်း ဖြစ်နိုင်ခြေကို ငြင်းဆန်နိုင်ခဲ့သည်။

နှစ်ယောက်သား တစ်ချိန်တည်း တိတ်ဆိတ်သွားကြသည်။

မူလက ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ နှစ်ဦးစလုံးသည် လုပ်ကြံသတ်ဖြတ်မှုနောက်ကွယ်မှ လူမှာ နန်ရွေ့ ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော် မော့ချူဟန်၏ အခြေအနေကို သုံးသပ်ကြည့်လျှင် ဤလူမသိသူမသိ သွေးထိုးလှုံ့ဆော်သူသည် တောင်ပိုင်း ရှင်းကျန်းလူမျိုးများနှင့် ပူပေါင်းထားမှန်း သိသာပေသည်။

ထိုအခြေအနေမျိုးတွင် နန်ရွေ့တစ်ဦးတည်းကို နောက်ကွယ်မှ ကြိုးကိုင်သူအဖြစ် သတ်မှတ်၍ မရတော့ပေ။

အထူးသဖြင့် ဟဲကျစ်ယန်သည် သမိုင်းအကြောင်းများစွာကို သိရှိထားသည်။ ရည်မှန်းချက် ကြီးကြီးမားမားရှိသူများသည် သူတို့၏ အာဏာကို ခိုင်ခံ့စေရန် ပြည်ပရန်သူများနှင့် ပူးပေါင်းဖို့ ရွေးချယ်ကြပေလိမ့်မည်။

အတိုချုပ်ပြောရလျှင် လက်ရှိအချိန်တွင် သူတို့နှစ်ဦးသည် ကြိုးကိုင်သူ၏ အထောက်အထားကို အတိအကျ မမှန်းဆနိုင်ပေ။ သူတို့သည် မော့ချူဟန် သတိပြန်လည်လာရန် စောင့်ဆိုင်းပြီး သူ့ထံမှ အသုံးဝင်တဲ့ အချက်အလက်များကို ရလာဖို့ မျှော်လင့်ထားသည်။

လောလောဆယ် အဖြေမှန်ကို ရှာမတွေ့သေးသဖြင့် သူတို့နှစ်ယောက်စလုံး ဒီအကြောင်းကို ဆက်မပြောဖို့ သဘောတူခဲ့ကြသည်။

***

All Chapters