ညစာစားပွဲမှာ မင်းအရည်အချင်းတွေကို ပြသမှာလား။
Vol. 10 Ch. 129
“အမေ သမီးတို့က မိသားစုဝင်တွေပဲလေ၊ အမေ ဒီလိုပြောလိုက်တာက သူစိမ်းဆန်သလို ခံစားရတယ်” ဟဲကျစ်ယန်သည် သခင်မကြီးမော့၏ လက်ကို ဆုပ်ကိုင်ပြီး နှစ်သိမ့်စကားဆိုလိုက်သည်။
မော့ကျိုးယွီက သူ့အမေရဲ့ စိတ်နေစိတ်ထားကို သတိတာကြောင့် ဒီကိစ္စကို သခင်မကြီးမော့အား ပြောပြဖို့ ရွေးချယ်ခဲ့သည်။
သခင်မကြီးမော့သည် ဘဝ အတက်အကျ၊ အနိမ့်အမြင့် အမျိုးမျိုးကို မြင်တွေ့ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး သူမ၏ စိတ်နေစိတ်ထားသည် သာမန်အမျိုးသမီးများကဲ့သို့ မရိုးရှင်းပေ။
မော့ချူဟန်၏ အတွေ့အကြုံနှင့် ပတ်သက်၍ မသေချာ မရေရာသလို ဆိုခဲ့ပါက သူမသည် ဒါကို လုံးဝ ယုံကြည်မှာ မဟုတ်ပေ။
ထို့ကြောင့် မော့ကျိုးယွီသည် အမှန်အတိုင်းပြောပြရန် ရွေးချယ်ခဲ့သည်။
ဒီလိုနည်းနဲ့ဆို သူ့အမေ ဝမ်းနည်းပူဆွေးပြီး တစ်နေ့လုံး ဟိုတွေးဒီတွေး စဉ်းစားနေမှာထက် ဒါက ပိုကောင်းပါလိမ့်မည်။
ထို့အပြင် မော့ကျိုးယွီသည် သူနှင့် ဟဲကျစ်ယန်တို့ တွေးထားသော ဇာတ်လမ်းကို မိခင်ဖြစ်သူအား ပြောပြခဲ့ပြီး အခြားသူများကို ဒီလိုပဲ ပြောဖို့ သူ့မိခင်အား ပြောထားခဲ့သည်။
အများကြီး ရှင်းပြနေစရာ မလိုဘူး၊ သခင်မကြီးမော့က သူ့ရည်ရွယ်ချက်ကို သဘောပေါက်နားလည်ပေသည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့က သခင်မကြီးမော့ကို နှစ်သိမ့်ပေးခဲ့ကြပြီး အဌမမရီးကလည်း တဲထဲရှိ သူမ၏ နေရာမှာ မော့ချူဟန်အား လှဲလျောင်းအိပ်စက်စေခဲ့သည်။
သူမ၏ မျက်လုံးထဲတွင် မျက်ရည်စများ ကျန်ရှိနေဆဲပင်။
“ယောကျာ်း၊ ရှင် တိုက်ပွဲမှာ ကျသွားတယ်ဆိုတဲ့သတင်းကို ကျွန်မ စရတုန်းက ကျွန်မ ဆောက်တည်ရာမဲ့သွားခဲ့တယ်၊ ကျွန်မ ရှင့်ကိုယ်စား ရှင့်အမေကို ပြုစုလုပ်ကျွေးပေးသင့်တယ်ဆိုတဲ့အသိသာ မဝင်ခဲ့ရင် ကျွန်မ ရှင့်နောက်ကို လိုက်ခဲ့တော့မလို့လေ…”
ထိုစကားကိုပြောရင်း အဌမမရီးသည် မော့ချူဟန်၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး တဖန် ငိုကြွေးပြန်သည်။
“ယောကျာ်း၊ ကျွန်မ ရှင့်ကို ဘယ်လောက်တောင် လွမ်းနေလဲဆိုတာကို ရှင်သိရဲ့လား… ဝူးဝူးဝူး…”
မော့ချူဟန်သည် သူ့လက်တွေကို မြှောက်ပြီး သူ့ချစ်ဇနီးလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပေးလိုက်သည်။ ထို့နောက် သူသည် သူမ၏ ခြောက်သွေ့ကြမ်းတမ်းနေသော ဆံပင်လေးများကို အသာသပ်တင်ပေးပြီး “ဒါက ကိုယ်မှားတာပါ။ ကိုယ် အသက်ရှင်နေသေးသမျှ ကာလပတ်လုံး ကိုယ် မင်းအပေါ် သေချာပေါက် လုပ်ပေးပါ့မယ်…”
အဌမမရီးက သူမ၏ မျက်နှာကို သူ့ရင်ဘတ်နှင့် အကြိမ်ကြိမ် ပွတ်တိုက်လိုက်သည်။
“ရှင် ကောင်းကောင်း အသက်ရှင်ရမယ်။ တကယ်လို့ တစ်ယောက်ယောက် သေရမယ်ဆိုရင် ကျွန်မပဲ အရင်သေမယ်။ ကျွန်မ ရှင့်ကို ဆုံးရှုံးရမယ့် ဝေဒနာကို ထပ်မခံစားချင်တော့ဘူး။”
“ကောင်းပါပြီ၊ ကိုယ် ကောင်းကောင်း အသက်ရှင်နေထိုင်မယ်လို့ မင်းကို ကတိပေးတယ်။”
…
မော့မိသားစုမှ လူတိုင်းအတွက် ဤညဟာ အိပ်မပျော်သော ည တစ်ည ဖြစ်သည်။
လူတိုင်း မနက်စောစော အိပ်ယာထချိန်မှာ လူတိုင်းနီးပါး မျက်လုံးအောက်မှာ အမည်းရောင်အကွင်းကြီးတွေ ရှိကြသည်။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီသည် တဲမှ ထွက်လာပြီး ဖမ်းဝမ်ကို အရင်ဆုံး သွားရှာခဲ့သည်။
ဖမ်းဝမ်က သူတို့တွေ သူ့ဆီ ရောက်လာလိမ့်မည်ဟု တွေးထားတာကြောင့် သူ ထပြီး အဖွဲ့ကို အလျင်စလို သွားရှာဖို့ မတိုက်တွန်းဘဲ နေရာမှာပဲ ထိုင်စောင့်နေခဲ့သည်။
မော့ကျိုးယွီက ဟဲကျစ်ယန်ကို သူ့ဘေးမှာ ထိုင်ခိုင်းလိုက်သည်။
“အစ်ကိုကြီးဖမ်း၊ ကျွန်တော့်ရဲ့ အဌမအစ်ကို မသေသေးဘူးဆိုတာ မနေ့ညက အစ်ကိုလည်း မြင်လိုက်တယ်မလား။”
“ဒါက မင်းတို့ မော့မိသားစုအတွက် တကယ့်ကို သတင်းကောင်းပဲ။ ဂုဏ်ပြုပါတယ်” ဖမ်းဝမ်က ထိုသို့ပြောပြီးသည်နှင့် ဟဲကျစ်ယန်ဆီသို့ လှမ်းကြည့်လိုက်သည်။
“ညီမလေး၊ ငါ နင့်ရဲ့ ဟင်းချက်လက်ရာကို မမြည်းရတာ ကြာပြီ။ နင် ဒီည ညစာအတွက် ပညာပြချင်လား။”
“ဒါက ပြဿနာမရှိဘူး၊ အစ်ကိုကြီးဖမ်းနဲ့ တခြားအရာရှိတွေ ဒီည ညစာကို စိတ်ကျေနပ်စေရမယ်လို့ ညီမ အာမခံတယ်။”
ဖမ်းဝမ်သည် ထက်မြက်သူတစ်ဦးဖြစ်ပြီး မော့ချူဟန် အသက်ရှင်လျက် ပြန်ရောက်လာသည့် ကိစ္စ အသေးစိတ်များကို စေ့စေ့စပ်စပ် မလေ့လာချင်ပေ။
သူသည် နိယာမတစ်ခုကို အမြဲအောက်မေ့သတိရသည် - ကိစ္စတစ်ခုကို သင် ပိုသိလေ၊ အသေစောလေ ဆိုသည်ကိုပင်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ဟာ ဖမ်းဝမ်ရဲ့ ရည်ရွယ်ချက်ကို တစ်ချက်ကြည့်လိုက်သည်။ မူလက သူတို့သည် အဖွဲ့တွင် နောက်ထပ် လူတစ်ယောက် ထပ်ပိုလာကြောင်းကို ဖမ်းဝမ်အား အသိပေးလိုခြင်းသာ ဖြစ်သည်။
အခုတော့ အားလုံးပြေလည်သွားပြီ။ အကြောင်းကိစ္စတွေကို ဖုံးကွယ်ရန် ဆင်ခြေတွေရှာဖို့ အချိန်ဖြုန်းနေစရာ မလိုတော့ဘူး။
ပြည်နှင်ဒဏ်ပေးခံရသည့် အဖွဲ့တွင် အထူးအခြေအနေများမရှိလျှင် အကျဉ်းသားများအား မည်သည့်ယာဉ်မျှ စီးနင်းခွင့်မပြုပါ။
မော့ချူဟန်၏ လက်ရှိအခြေအနေကို သုံးသပ်ကြည့်လျှင် သူသည် လမ်းပေါ်ရှိ အဓိကအဖွဲ့နှင့် လိုက်ပါဖို့ အားနည်းလွန်းသည်။
ဖမ်းဝမ်သည် လူကောင်းတစ်ဦးဖြစ်ပြီး မော့ကျိုးယွီသည် ဤအကြောင်းအရာကို ပြောလာလိမ့်မည်ကို သိသောကြောင့် မော့ချူဟန်အား နွားလှည်းစီးခွင့်ပြုပေးမည်ဖြစ်ကြောင်း အစပြုပြောလာဲ့သည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် သဘာဝအတိုင်း သူတို့၏ ကျေးဇူးတင်စိတ်ကို ဖော်ပြလိုကြသည်။
မရီးတွေက စောစောထပြီး လူတစ်ဦးစီအတွက် ဆန်ပြုတ်အပြင် ပေါက်စီအကြီးကြီးနှင့် ကြက်ဥ တစ်လုံးကျ ချက်ပြုတ်ထားသည်။
အားလုံး မနက်စာစားပြီးတာနဲ့ ဖမ်းဝမ်ဟာ အပြေးအလွှား ခရီးဆက်ပါတော့သည်။
မော့ချူဟန်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို တွေးတောကြည့်ရာ သူသည် အာဟာရ ပြင်းထန်စွာ ချို့တဲ့နေသည်။
ဟဲကျစ်ယန်မှာ သူ့အတွက် နည်းလမ်းများစွာ ရှိပေသည်။
ယခုအချိန်တွင် လူအများရှေ့တွင် မော့ချူဟန်၏ ခန္ဓာကိုယ်အား အာဟာရဖြည့်တင်းပေးရန်၊ ဤခေတ်တွင် လူတိုင်း အသိအမှတ်ပြုထားသော ဂျင်ဆင်းနှင့် လင်ဇီးကဲ့သို့သော ဆေးဖက်ဝင်ပစ္စည်းများကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။
သူမသည် ဤဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ဖော်ရန် အခွင့်အလမ်းတစ်ခု ရှာရန် လိုအပ်နေသည်။
ကံကောင်းထောက်မစွာပင် ယနေ့ ပြည်နှင်ဒဏ်ပေးခံရသည့် အဖွဲ့သည် အခြားမြို့တစ်မြို့ကို ဖြတ်သွားခဲ့သည်။
မူလက သူတို့သည် မြို့ထဲသို့ ဝင်ရန် မလိုအပ်သော်လည်း ဖမ်းဝမ်သည် လောဘကြီးပြီး ဟဲကျစ်ယန် ချက်ပြုတ်ပေးသော ဟင်းပွဲများကို စားချင်သည်ဟု မနက်စောစောတုန်းက ပြောခဲ့ကာ အခု တစ်နေကုန် ထိုအကြောင်းကိုပဲ တွေးနေလေသည်။
ထို့ကြောင့် သူတို့ ထိုနေရာသို့ ဖြတ်သွားသောအခါတွင် ပင်မတပ်များကို စောင့်ဆိုင်းနေဖို့ အမိန့်ပေးကာ ဟဲကျစ်ယန်နှင့် အရာရှိတစ်ဦးကို ရိက္ခာများ ဝယ်ယူရန် မြို့ထဲသို့ ခေါ်သွားခဲ့သည်။
မြို့ကိုသွားတဲ့အခါ ဟဲကျစ်ယန်မှာ ဝယ်စရာတွေ အများကြီး ရှိနေမည်ကို သိသောကြောင့် မော့ကျိုးယွီသည် မော့ချူဟန်အား လှည်းပေါ်ကနေ ကူချပေးပြီး သူမအား ကိုယ်တိုင် မောင်းနှင်သွားစေခဲ့သည်။
ဖမ်းဝမ်သည် မော့မိသားစုကို အကျဉ်းသားများအဖြစ် မဆက်ဆံတော့ဘဲ ဟဲကျစ်ယန်ကို သဘာဝအတိုင်း ငွေကုန်ကျခံစေလိမ့်မည် မဟုတ်ပေ။
“ညီမလေး၊ ဒီမှာ ငွေငါးလျန်း။ ဒီည ငါတို့ညီအစ်ကိုတွေ ညစာအတွက် နင့်လက်ထဲ အပ်ခဲ့လိုက်မယ်” ထိုသို့ပြောပြီး သူက ငွေကို ဟဲကျစ်ယန်လက်ထဲ ထည့်ပေးလိုက်သည်။
ဤကာလအတွင်း သူတို့မိသားစုအပေါ် ဖမ်းဝမ်၏ ဂရုစိုက်မှုကို ထည့်သွင်းစဉ်းစားကာ ဟဲကျစ်ယန်သည် သူ့ပိုက်ဆံကို လက်မခံခဲ့ပေ။
“အစ်ကိုကြီးဖမ်း၊ ဒါက ညီမတို့ရဲ့ ဧည့်ခံမှုလို့ သဘောတူထားကြတယ်လေ၊ ဘယ်လိုလုပ်ပြီး အစ်ကိုကြီးဆီကနေ ပိုက်ဆံ လက်ခံလို့ဖြစ်မလဲ။”
ဟဲကျစ်ယန်က ငွေကို တိုက်ရိုက်ပြန်တွန်းပေးခဲ့သည်။
ဒီလိုဆိုတော့လည်း ဖမ်းဝမ်သည် သူမနှင့် ငြင်းခုံခြင်း မရှိခဲ့ဘူး။
“ဒါဆိုရင် အစ်ကိုကြီးက နင်တို့အပေါ် မယဉ်ကျေးတော့ဘူး။”
ဟဲကျစ်ယန်က တစ်ယောက်တည်း ဈေးဝယ်ထွက်ရတာကိုကြိုက်မှန်း သူသိသည်။ ဖမ်းဝမ်က တာဝန်ကျ အရာရှိကို လမ်းဘေးလက်ဖက်ရည်ဆိုင်ကို ခေါ်သွားပြီး လက်ဖက်ရည်သောက်ရင်း စောင့်နေကြသည်။
ဟဲကျစ်ယန်သည် ဤမြို့သို့ ဝင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မော့ချူဟန်အတွက် အာဟာရဖြစ်စေသော ထုတ်ကုန်အချို့ကို ဝယ်ယူရန် ဖြစ်သည်။
ဖမ်းဝမ်နှင့် လမ်းခွဲလာပြီးနောက် သူမသည် လူသူကင်းမဲ့သော လမ်းကြားတစ်ခုထဲသို့ နွားလှည်းကို ဦးတည်မောင်းနှင်စေခဲ့သည်။
သူမသည် နွားလှည်းထဲသို့ တန်းဝင်ကာ သူမ၏ အသိစိတ်ဖြင့် တာ့ပေါင်မောလ်ကနေ ဂျင်ဆင်း နှစ်ပင်နှင့် လင်ဇီး နှစ်ပင်တို့ကို ဝယ်ယူလိုက်သည်။
ဆိုရိုးစကားအတိုင်း၊ ဆေးဖက်ဝင် ဖြည့်စွက်စာများသည် အာဟာရဖြည့်စွက်စာများကဲ့သို့ ကောင်းမွန်ခြင်း မရှိသော်လည်း မော့ချူဟန်၏ ခန္ဓာကိုယ်သည် အားနည်းလွန်းလှသည်။
ဟဲကျစ်ယန်သည် ဆေးဖက်ဝင် ဖြည့်စွက်စာများနှင့် အာဟာရ ဖြည့်စွက်စာများကို တစ်ချိန်တည်း အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် သူမသည် အသားစားခို နှစ်ကောင်နှင့် ကြက်မဲ တစ်ကောင်ကိုပါ ဝယ်ယူခဲ့ပြီး မော့ချူဟန်အတွက် ဂျင်ဆင်း၊ လင်ဇီးတို့နှင့် ရော၍ စွပ်ပြုတ်ချက်ပေးဖို့ စဉ်းစားထားသည်။
ထို့အပြင်၊ သူမသည် မော့ချူဟန် နေ့တိုင်း အချိန်မှန် သောက်သုံးဖို့ရန်အတွက် လူသားများ၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့် ဆေးအမျိုးအစားများစွာ နေရာလွတ်ဆေးဆိုင်မှ ထုတ်ယူခဲ့ပြီး ကြွေပုလင်းငယ်တစ်ခုထဲသို့ လောင်းထည့်ယူဆောင်လာခဲ့သည်။
ဟဲကျစ်ယန်သည် ရှားရှားပါးပါး ဈေးဝယ်လို့ရသည့် အခွင့်အလမ်းရှိနေသဖြင့် ၎င်းကို သဘာဝအတိုင်း လက်လွှတ်မခံခဲ့ပေ။
ဟဲကျစ်ယန်သည် ရာသီအလိုက် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အသားငါးမျိုးစုံနှင့် ဆော့စ်နဲ့ ချက်ပြုတ်ထားတဲ့ အစားအစာတချို့ကိုပါ ဝယ်ယူခဲ့သည်။
ဧည့်သည်များကို ကျွေးမွေးဧည့်ခံခြင်းသည် သဘာဝအားဖြင့် ပို၍ ကျေနပ်စရာကောင်းသည်။
ဟဲကျစ်ယန်သည် တာ့ပေါင်မှ ဝူလျန့်ယဲ့ တစ်ဗူးဝယ်ပြီး ဝိုင်ပုလင်းထဲသို့ လောင်းထည့်လိုက်သည်။
ရိက္ခာများပြင်ဆင်ပြီးတော့ လှည်းတစ်ဝက်လောက် ပြည့်သွားသည်။ သေသေချာချာ စစ်ဆေးပြီးနောက် ဘာမှ မကျန်တော့တာကို တွေ့လိုက်ရတော့ ဟဲကျစ်ယန်သည် ဖမ်းဝမ်တို့နှင့် ပြန်တွေ့ရန် လက်ဖက်ရည်ဆိုင်သို့ နွားလှည်းကို တန်းတန်းမတ်မတ် မောင်းနှင်သွားခဲ့သည်။
ဖမ်းဝမ်သည် ဟဲကျစ်ယန်၏ အမြန်ဝယ်ယူမှုနှင့် ရင်းနှီးပြီးသားဖြစ်သည်။
ဟဲကျစ်ယန်သည် စောစောပြန်လာပြီး ညစာပြင်ဆင်ရန် အချိန်ပိုရဖို့ စဉ်းစားထားသောကြောင့် လှည်းကို ခပ်မြန်မြန် မောင်းနှင်လာပြီး ဖမ်းဝမ်နှင့် တာဝန်ကျ အရာရှိကို လှည်းပေါ် ထိုင်ခိုင်းလိုက်သည်။
ဖမ်းဝမ်သည် လှည်းထဲသို့ ဝင်လိုက်သည်နှင့် သူ လုံးဝ အံ့အားသင့်သွားသည်။
ဟဲရှီက တကယ် ချမ်းသာကြွယ်ဝပြီး အင်အားကြီးပေသည်။ သူမသည် အမှန်တကယ်ပင် ပစ္စည်းတွေ အများကြီး ဝယ်ယူလာခဲ့သည်။
ခုနက သူ ထုတ်ပေးတဲ့ ငွေငါးလျန်းကို ပြန်တွေးကြည့်တော့ ထိုငွေဖြင့် ဒီပစ္စည်း တစ်ဝက်လောက်ကိုတောင် မဝယ်နိုင်မှာ စိုးရွံ့မိသည်…။
ဟဲကျစ်ယန်သည် ဖမ်းဝမ်၏ အတွေးတွေကို သတိမထားမိဘဲ နွားလှည်းကို မြို့ပြင်သို့ အမြန်မောင်းနှင်လိုက်သည်။
ကောင်းကင်ကို မော့ကြည့်ပြီးနောက် ဖမ်းဝမ်သည် သူတို့ကို တစ်နာရီလောက် လျှောက်ခိုင်းပြီးနောက် အနားယူ စခန်းချဖို့ အမိန့်ပေးခဲ့သည်။
ပန်းတိုင်ကို စိတ်ထဲမှာ ထားပြီးတော့ အဓိကအဖွဲ့သည် လမ်းပေါ်၌ ပို၍ပင် အရှိန်အဟုန်ပြင်းစွာ ချီတက်လာခဲ့သည်။
တစ်နာရီကြာပြီးနောက် ဖမ်းဝမ်သည် မြစ်ကမ်းဘေးတွင် တစ်ညတာအိပ်စက်အနားယူရန် ရွေးချယ်ခဲ့သည်။
ဒီနေ့ညမှာ အရာရှိတွေကို ညစာကျွေးမယ်ဆိုတာကို မရီးတွေက သိနေတော့ အဖွဲ့လိုက် နေရာချပြီးနောက် ဟဲကျစ်ယန်ကို ဟင်းချက်လာကူပေးကြသည်။
***