← Chapters

ကံကြမ္မာအလှည့်အပြောင်း

Vol. 12 Ch. 159

ကံကြမ္မာအလှည့်အပြောင်း

Vol. 12 Ch. 159

တန်ရှီယွမ်၏ အရှုံးသည် ခွမ်းရီအား ချန်ပီယံ ဟူသည့် ဂုဏ်ပုဒ်အား ပိုင်ဆိုင်စေသည်။

ရွှမ်ယွမ်ချန်သည် အန်လင်း၏ ရင်ကွဲ နာကျနေမှုအား သတိထား မိလိုက်သည်။ အန်လင်း၏ ပခုံးအား နှစ်သိမ့်သည့် အနေဖြင့် ပုတ်လိုက်ပြီးနောက် “အခုထိတောင် တန်ရှီယွမ်ကို စိတ်မဝင်စားဘူးလို့ ငြင်းနေတုန်းပဲလား။ မင်းရဲ့ အမူအရာ တွေကိုလည်း ကြည့်ပါဦးကွာ။ စိတ်မပူနဲ့။ ငါမိတ်ဆက် ပေးမယ်။”

အန်လင်းသည် ရွှမ်ယွမ်ချန်၏ စကားများကြောင့် ရှုံ့မဲ့ သွားလေသည်။

အဲဒီမိန်းမကို သောက်ဂရုမစိုက်ဘူးကွ။ ငါ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကြောင့် အခုလို ကြေကွဲ နေရတာ။

ဟမ် … ခဏလေး နေပါဦး။ ခွမ်းရီကို ချီကျောက်တုံး ၁၀တုံး ပေးလိုက် သေးတယ်လေ။ လခွမ်းဟေ့ … ဆုံးရှုံးမှုကြီးက …။

မရဘူး။ အနည်းဆုံးတော့ ထိုချီကျောက်တုံး ၁၀တုံးအား ပြန်တောင်း ရပေလိမ့်မည်။ ထို့ကြောင့် အန်လင်းသည် ခွမ်းရီထံသို့ ပြန်သွား လိုက်သည်။

အန်လင်း - “ချီကျောက်တုံးတွေ ပြန်ပေး”

ခွမ်းရီ - “မပေးနိုင်ဘူး”

အန်လင်းမှာ တုန်လှုပ် သွားမိသည်။ “မင်းက တာဝန်ကို ကျရှုံး သွားတာလေ။ အဲဒီ ချီကျောက်တုံး တွေက မင်းနဲ့ ထိုက်တန်နေဆဲလို့ ဘယ်လိုများ တွေးနေမိတာတုန်း။”

ခွမ်းရီသည် ပျင်းရိဟန်ဖြင့် “ကျုပ်ရဲ့ သရုပ်ဆောင်မှုက အရမ်းကို ကောင်းမွန် ပြီးသား။ တန်ရှီယွမ်က အခုလို လွယ်လွယ်ကူကူ ရှုံးနိမ့် သွားရလောက်တဲ့အထိ အားနည်းတဲ့သူ မဟုတ်ဘူး။ သေချာပေါက် တစ်ခုခုတော့ တစ်ခုခုပဲ။”

အန်လင်း - “တစ်ခုခု ရှိရှိ မရှိရှိ သောက်ဂရုမစိုက်ဘူးကွ။ လက်တွေ့မှာ မင်းက အနိုင်ရ သွားတယ်။ ဒီရလဒ်ကြောင့် ချီကျောက်တုံးတွေကို မင်းမရသင့်ဘူး။”

ခွမ်းရီ - “ဒါပေမဲ့ ကျုပ်က အကောင်းဆုံး ကြိုးစားခဲ့တယ်လေ။ ပြီးတော့ တာဝန်ကို ကျရှုံးခဲ့မယ်ဆိုရင် ချီကျောက်တုံးတွေကို ပြန်ပေးဖို့ လိုအပ်မယ်လို့လည်း မပြောထားဘူးလေ။ အဲဒီအပြင် တကယ်တမ်းမှာ ကျုပ်က စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်း ရရမှာ။ ခင်ဗျားကို ချီကျောက်တုံးတွေ ပြန်ပေး လိုက်မယ်ဆိုရင် ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံး ကိုးသောင်း နစ်နာသွားတာနဲ့ မညီမျှဘူးလား။ အဲလိုသာဆိုရင် ကျုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေ မိလိမ့်မယ်ဗျ။”

ခွမ်းရီသည် ထိုအကြောင်းအား မပြောခဲ့လျှင် အဆင်ပြေနိုင်သော်လည်း သူ၏ စကားများကြောင့် အန်လင်းမှာ ချက်ချင်း ဆိုသလို ဒေါသထွက် လွန်းသဖြင့် ပေါက်ကွဲတော့ မတတ် ဖြစ်ရသည်။ “ဘယ်လိုသောက်ကျိုးနည်း လော့ဂျစ်တုန်းဗျ။ ခင်ဗျားရဲ့ စကားအတိုင်း ဆိုရင် ကျုပ်အနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ဆုံးရှုံး သွားခဲ့ရသလဲ ခင်ဗျား သိသလား။”

ခွမ်းရီသည် အန်လင်းအား စူးစိုက်ကာဖြင့် ကြည့်လိုက်သည်။ “ဘယ်လောက်တုန်း”

အန်လင်းသည် အသက်ရှူနှုန်းများ ပြင်းထန်လာသည်။ “ခင်ဗျားသာ ရှုံးသွားမယ် ဆိုရင် ကျုပ်က စိတ်ဝိညာဉ် ကျောက်တုံး သုံးသိန်းတောင် ရမှာဗျ။ ခင်ဗျားကို ချီကျောက်တုံး ၁၀တုံး ပေးလိုက်တာတောင်မှပဲ ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းတိတိ အမြတ်ကျန် နေဦးမှာ။ ဒါပေမဲ့ ခင်ဗျား အနိုင်ရသွားတော့ ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်း ရှုံးသွားပြီ။ ပြီးတော့ ကျုပ်ပေးထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ပြန်ပေးဖို့လည်း ငြင်းနေသေးတယ်။ ခင်ဗျားရဲ့ လော့ဂျစ် အရဆိုရင် ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်းတောင် ရှုံးသွားတာဗျ။ သိရဲ့လား။”

ခွမ်းရီသည် တုန်လှုပ်မှုများအား ဖုံးကွယ် လိုက်နိုင်သော်လည်း သူ၏ မျက်လုံးများသည် ယခင်ထက်ပင် နီရဲ လာလေသည်။ သူ၏ ကိုယ်ခန္ဓာ သည်ပင်လျှင် တုန်ယင်လာခဲ့ပြီး “ဘုရား ဘုရား … ဘော်ဒါရေ …. မင်းအလောင်းအစားက ကြမ်းလိုက်တာကွာ … ငါသာ မင်းနေရာမှာ ဆိုရင် အဲလောက်တောင် ရှုံးသွားမယ်ဆိုရင် အစောကတည်းက သတ်သေ နေလောက်ပြီကွ။”

အန်လင်း၏ ရင်ဘတ်သည် ဒေါသကြောင့် ပိန်ချည်ဖောင်းချည် ဖြစ်လာလေသည်။ ငလူး …။ ခွမ်းရီ ပြောလိုက်သည့် စကားကြောင့် ယခုအခါတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်မည့် နည်းလမ်းများအား စတင်ကာ စဉ်းစားမိနေပြီ ဖြစ်သည်။

ခွမ်းရီ - “ဟူး … ခင်ဗျားက အဲလာက်ကြီး ကံဆိုးမိုးမှောင် ကျနေတာကို မြင်ရတော့လည်း ကျုပ်ကပဲ ချီကျောက်တုံး ငါးတုံး ပြန်ပေးလိုက်ပါ့မယ်ဗျာ။”

အန်လင်း _ “မရဘူး။ အကြောင်းပြန်ပေး။”

ခွမ်းရီ - “ကိစ္စတော့ မရှိပါဘူး။ ဒါပေမဲ့လည်း ကျုပ်အနေနဲ့ သခင်လေး ရွှမ်ယွမ်ကို ခင်ဗျားရဲ့ လာဘ်ထိုးမှု အစ်ကိုြောင်း သတင်းပေး လိုက်ရုံပေါ့။”

အန်လင်းမှာ မေ့လဲမတတ်ပင် ဖြစ်ရသည်။ “သောက်ခွေးဟေ့ …”

ထိုသို့ဖြင့် …

အန်လင်းသည် မျက်ရည် ချောင်းစီးလျက်ဖြင့် ရွှမ်ယွမ်ချန် ရှိရာသို့ ပြန်လည် ရောက်ရှိ လာလေသည်။ သူ၏ သိုလှောင် လက်စွပ်အားလည်း ရင်ကွဲနာကျစွာဖြင့် ကြည့်လိုက် သေးသည်။

စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲ ဖြစ်သည်။

မဟုတ်ဘူး။ ခဏလေး။ သုံးသိန်းခွဲ ဖြစ်သည်။

အန်လင်း၏ အမူအရာကြောင့် ရွှမ်ယွမ်ချန်မှာ နွေးထွေးစွာ ပြုံးလိုက်သည်။ “ကျောင်းသား အန်လင်းရေ … မင်းအတွက် ဘာစပရိုက် ပြင်ထားပေးလဲဆိုတာ ခန့်မှန်း ကြည့်ပါဦး။”

အန်လင်းသည် ပင့်သက် ရှိုက်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် “ဘာစပရိုက်တုန်း”

ထိုအချိန်တွင် သေးသွယ်၍ ကျက်သရေ တင့်လှသော အမျိုးသမီး တစ်ဦးသည် ရွှမ်ယွမ်ချန်၏ နောက်ကျောဘက်မှ ပေါ်ထွက်လာသည်။ သူမ၏ မျက်နှာလေးသည် အနည်းငယ် ဖျော့တော့နေဆဲ ဖြစ်သော်လည်း သူမ၏ နုနယ် ချည့်နဲ့သည့် အလှအပနှင့် ပေါင်းစပ်လိုက်သည့် အခါတွင် ဘေးမှ ကြည့်နေ ကြသူများမှာ ချက်ချင်းဆိုသလို သူမအား ကာကွယ်ပေးချင် စိတ်များပင် ပေါ်လာစေသည်။

“သခင်လေး အန် … က  ကျွန်မကို တွေ့ချင်လို့ဆို။” ဝတ်စုံဖြူနှင့် အမျိုးသမီးသည် မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲကာဖြင့် သူမ၏လက်အား အန်လင်းထံသို့ ဝှေ့ယမ်း ပြလာသည်။

သူမသည် ဂိုဏ်းအချင်းချင်း ချစ်ကြည်ရေး ပွဲစဉ်တွင် ငွေတံဆိပ်ဆု ရရှိသော တန်ရှီယွမ် ဖြစ်ပေသည်။

ခင်ဗျားနဲ့ တွေ့ချင်တယ် ဟုတ်လား။ ကျုပ်ကို စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်းခွဲ ဆုံးရှုံးရအောင် လုပ်ထားတဲ့ မိန်းမကို ကျုပ်က ဘာကိစ္စနဲ့ တွေ့ချင်ရမှာတုန်း။

အန်လင်းသည် ပြင်းထန်စွာ ထိုးနှက်ခံရ သကဲ့သို့ ခံစားရပြီး ရင်ဘတ်ထဲတွင် တင်းကျပ်လာကာ အသက်ရှူသံများ ပြင်းလာ တော့သည်။

ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်အား အသုံးပြုထားခြင်း၏ အစ်ကိုမျိုးဆက်မှာလည်း အလုံးစုံ ပြန်လည် ကောင်းမွန်သေးခြင်း မရှိသည့် အတွက်ကြောင့် သူ့အား ပြင်းထန်သည့် သက်ရောက်မှ ဖြစ်စေကာ အစွန်းတစ်ဖက်သို့ တွန်းပို့ နေသကဲ့သို့ပင်။ ထို့ကြောင့် နောက်ဆုံးတွင် အနောက်သို့ လဲကျသွားပြီးနောက် သတိလစ် သွားတော့သည်။

“ရွှမ်ယွမ်ချန် : …”

“တန်ရှီယွမ် : …”

“တပိုင်နှင့် ရှောင်ချိုး : …”

“သခင်လေးအန်ရဲ့ တာအိုနှလုံးသားက မာကြောပုံ မရသေးဘူး။ သူလေးစားရတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံရုံလေးပဲလေ။ အခုလိုမျိုး တုံ့ပြန်စရာ လိုလို့လား။” ရွှမ်ယွမ်ချန်သည် ခေါင်းယမ်း လိုက်ပြီးနောက် သက်ပြင်းချ လိုက်လေသည်။

တန်ရှီယွမ်၏ ချယ်ရီပန်းဖူး ကလေးနှင့်တူသော နှုတ်ခမ်းပါးလေးသည် အနည်းငယ် ပွင့်ဟလျက် ရှိနေပြီး သူမ၏ နူးညံ့သည့် သွင်ပြင်တွင် ရှက်ရွံ့မှုကြောင့် အနည်းငယ် နီမြန်း လာသည်။

အန်လင်းသည် သူမအပေါ် ထိုမျှလောက် အရူးအမူး စွဲလမ်းနေလိမ့်မည်ဟု မမျှော်လင့် ထားချေ။ ဤအဖြစ်အပျက်မှ တစ်ဆင့် အန်လင်း၏ ချစ်မေတ္တာနှင့် သဘောကျ လေးစားမှုအား သူမ ခံစားမိနိုင်သည်။

***

အမှောင်ထု အလယ်တွင် အချိန်မည်မျှ ကုန်ဆုံး သွားသည်ကို မသိ။ အန်လင်းသည် ဖြည်းညင်းစွာဖြင့် ပြန်လည် နိုးထလာသည်။ သူ၏မြင်ကွင်းထဲသို့ ပထမဆုံး ဝင်ရောက် လာသည်မှာ တပိုင်၏ ချစ်စဖွယ် မျက်နှာလေး ဖြစ်သည်။

“ငါသတိလစ်သွားတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။” မျက်လုံးများအား ပွတ်ကာဖြင့် မေးလိုက်သည်။

“နှစ်နာရီပါပဲ ဝုတ်” တပိုင်သည် သူ၏ခေါင်းအား ကုတ်လိုက်သည်။ “အစ်ကိုကြီးအန် … ဒါက အစ်ကိုကြီးအန်နဲ့ မတူဘူးနော်။ လှပတဲ့ အမျိုးသမီး ကျင့်ကြံသူနဲ့ ဆုံတွေ့ရုံလေးပဲလေ။ ဘယ်လိုဖြစ်ပြီး အဲလောက်အထိ စိတ်လှုပ်ရှား သွားရတာလား။ အချစ်စစ်များလား။”

အချစ်စစ် ဟုတ်လား။ မင်းမေကို အချစ်စစ်လိုက်။

တန်ရှီယွမ် ‌အကြောင်းကြားရသည့် အခါတွင် အန်လင်း၏ နှလုံးသားလုံးမှ ဆုတ်ညှစ် ခံရသကဲ့သို့ နာကျင် လာပြန်သည်။ “တပိုင်ရေ … ငါတို့ အခင်အမင်မပျက် ဆက်ရှိနေချင်ရင် ဒီအကြောင်းကို ထပ်မပြောနဲ့တော့။”

သို့သော်လည်း တပိုင်သ် ညအန်လင်း၏ စကားကို အမှုမထားဘဲ ဆက်ပြောလေသည်။ “အဲလို လုပ်လို့ မရဘူးဗျ။ ကျွန်တော်က ကြောက်တတ်တယ်။ ရွှမ်ယွမ်ချန်က သူမသွားခင်မှာ ပြောသွားတယ်ဗျ။ အစ်ကိုကြီးအန် နိုးလာရင် တန်ရှီယွမ်နဲ့တွေ့ဖို့ ခေါ်သွား ပေးလိုက်တဲ့။”

အန်လင်း၏ မျက်လုံးများမှာ ပြူးကျယ် လာတော့သည်။ “ငါက ဘာကိစ္စကြောင့် သူမနဲ့ တွေ့ရမှာတုန်း။”

တပိုင်သည် ‘သိနေတယ်နော်’ ဟူသော အပြုံးဖြင့် “အစ်ကိုကြီးအန်က သူမကို စိတ်မဝင်စားဘူးလား။ ရွှမ်ယွမ်ချန်နဲ့ တန်ရှီယွမ် တို့ကတော့ အဲလိုမျိုး ထင်နေကြတာဗျ”

အန်လင်းသည် ရင်ဘတ်အား ဆုပ်ကိုင် မိလိုက်သည်။ သူမထိန်းချုပ် နိုင်တော့ချေ။ သူ၏နှလုံးသားလေးမှာ ဆွဲညှစ်ခံထား ရသကဲ့သို့ နာကျင် လာပြန်သည်။

***

ပြိုးပြက်တိမ်တိုက် တောင်ထိပ်ရှိ ဝါးတောအုပ် အတွင်း …

တန်ရှီယွမ်သည် ရေနွေးကြမ်း ဖျော်စပ်လျက်ရှိသည်။ သူမ၏ လက်ချောင်း သွယ်သွယ်များသည် သွက်လက် ကျွမ်းကျင်ကြသည်။ သူမ၏ လှုပ်ရှားမှုများသည် ချောမွေ့ကာ မြန်ဆန် သွက်လက်သည်။

အန်လင်းသည် သူမ၏ မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံတွင် အနည်းငယ် တုန်လှုပ်ကာဖြင့် ထိုင်လျက် ရှိနေသည်။

တန်ရှီယွမ်သည် အန်လင်း၏ မသက်မသာ ဖြစ်မှုအပေါ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သခင်လေး အန်သည် ရှက်တတ်ပြီး ဖြူစင်သည့် ကောင်ငယ်လေး ဖြစ်နေမည်ဟု မည်သူက ထင်မိမည်နည်း။

တကယ်တမ်းမှာမူ အန်လင်းသည် တန်ရှီယွမ် အပေါ် စိတ်မဝင်စားသည့် အကြောင်းအား မည်သို့ ပြောပြရမည်ကို မသိသဖြင့် စိတ်ဖိစီး နေခြင်းသာ ဖြစ်သည်။

သူမ၏ စိတ်ခံစားချက်လေးများ နာကျင် သွားအောင်လည်း တဲ့တိုး ပြောမထွက်နိုင်ပေ။

သို့သော်လည်း မေးခွန်းများ ထပ်မံရောက်ရှိ လာပြန်သည်။ သူ့အနေဖြင့် မည်သို့ ရှောင်ရမည်နည်း။

တန်ရှီယွမ် - “သခင်လေး အန်က ရေနွေကြမ်း ကြိုက်ပါသလားရှင်”

အန်လင်းသည် တည်ငြိမ်စွာဖြင့် ခေါင်းယမ်း လိုက်သည်။ “မကြိုက်ဘူး”

ဤအခြေအနေမှ မည်သို့ ရုန်းထွက်ရမည်ကို သိသွားချေပြီ။ နှစ်ဦးနှစ်ဘက် စိတ်ဝင်စားသည့် အရာများ မရှိလျှင် လွတ်မြောက်နိုင်မည် ဖြစ်သည်။

ထိုသို့ဆိုလျှင် အနေအထားတစ်ခုလုံးသည် များမကြာမီတွင် ကိုးရိုးကားယားအခြေအနေသို့ ရောက်ရှိလာပေလိမ့်မည်။ ထိုနည်းဖြင့် တန်ရှီယွမ်သည်လည်း သူ့အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားမည် ဖြစ်ပြီး သူသည်လည်း ပျော်ရွှင်စွာဖြင့် နောက်ကြောင်းပြန်ဆုတ်နိုင်မည် ဖြစ်သည်။

အရမ်းတော် …

ထိုသို့ဖြင့် အန်လင်းသည် သူ့ကိုယ်သူ ချီးကျူး နေမိလေသည်။

တန်ရှီယွမ်၏ မျက်လုံးများသည် အန်လင်း၏ စကားများကြောင့် အရောင်လက် သွားသည်။ သခင်လေး အန်က အရမ်းကို ရိုးသားတဲ့ သူပါလား။

သူမကိုယ်တိုင် ဖျော်စပ်ပေးသည့် ရေနွေးကြမ်းကို သောက်သုံး နေစဉ်မှာတောင် အန်လင်းသည် သူမအား မျက်နှာချိုသွေး မြှောက်ပင့်ခြင်းများ မပြုချေ။ ထို့အစား ပုံမှန်အတိုင်းသာလျှင် ရှိနေလေသည်။ ဤကဲ့သို့ ရိုးသား ဖြောင့်မတ်သည့်သူ …။

တန်ရှီယွမ်သည် စိတ်မဆိုးသည့်အပြင် အန်လင်း၏ အပြုအမူများကြောင့် သူမ၏ စိတ်ဝင်စားမှု များသည် ပို၍ပင် တိုးလာသေးသည်။ “အဲဒါဆိုရင် သခင်လေးအန်ရဲ့ စိတ်ဝင်စားတဲ့ အရာလေးတွေနဲ့ ဝါသနာကို သိပါရစေလားရှင်”

အန်လင်းသည် လွန်စွာ လေးနက်ဟန်ဖြင့် “ခွေးစီးတာ”

ဟိဟိ … ဟိုကောင်မလေးကတော့ သေချာပေါက် ငါ့ရဲ့ ထူးဆန်းတဲ့ ဝါသနာကြောင့် ဆွံ့အ သွားတော့မှာပဲ။ ပြီးရင် ငါ့ကို စိတ်ဝင်စားတော့မှာ မဟုတ်တော့ဘူး။

တန်ရှီယွမ်သည် အန်လင်း၏ အဖြေကြောင့် အမှန်တကယ်ပင် အနည်းငယ် အံ့အားသင့် သွားမိသည်။

သို့သော်လည်း လျင်မြန်စွာပင် အသိပြန် ဝင်လာခဲ့ပြီး “သခင်လေးအန် ပြောတာက ဒီချစ်ဖို့ကောင်းတဲ့ ခွေးဖြူဖြူလေးကိုလား။ သခင်လေးအန်က တိရိစ္ဆာန်လေး တွေကို အရမ်းချစ်တတ်ပုံပဲနော် …။”

တိရိစ္ဆာန်ချစ်တတ်တဲ့ အမျိုးသားတွေက အရမ်းကို ကြင်နာတတ်ပြီး နူးညံ့တယ် ဆိုတာ တကယ်ပါပဲလား။ သခင်လေးအန် ကလည်း ခြွင်းချက် ဖြစ်ပုံမရဘူး။

တန်ရှီယွမ်သည် သူတို့နှစ်ဦး၏ စကားပြောခန်းတွင် ပို၍ ပို၍ စိတ်နစ်မြုပ် လာသည်ကို မြင်ရသည်ကြောင့် အန်လင်းမှာ ရှုံ့မဲ့လာတော့သည်။ ဒီမိန်းမက ဘာလို့များ အခုထိ ဒေါသမထွက် ရသေးတာတုန်း။

ဘယ်မတုန်း စိတ်အနှောင့်အယှက် ဖြစ်တာ။ ငါ့ရဲ့ အစီအစဉ်က ချို့ယွင်းချက် တွေများ ရှိသွား သေးသလား။

***

All Chapters