အခန်း (၂၄၁-၂၄၂)
Vol. 21 Ch. 241-242
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၄၁
ဝမ့်ရင်းကလည်း စိုးရိမ်နေခဲ့သည်။ သူမရဲ့ သမီးသည် ငယ်ငယ်ကတည်းက မြှူစွယ်တဲ့နေရာမှာ အတော်လေး ပါရမီပါတာကို ပြထားပြီး ဖြစ်သည်။ သကြားစက်ရုံမှာ ကလေးထိန်းဖို့အတွက် ဝမ့်ရင်းသည် အမျိုးသမီးကြီး မစ္စရှုကို သူမမြေးရဲ့ ကိစ္စတွေကြောင့် အမြဲ အလုပ်မရှုပ်စေချင်ဘူးဟု တွေးမိသည့်အတွက် သူမက ထောင်ထောင်ကို အလုပ်သို့ ခေါ်သွားခဲ့သည်။
ရလဒ်အနေဖြင့် ရက်အနည်းငယ် ကလေးထိန်းကျောင်း တက်ပြီးသည့်နောက် ဝမ့်ရင်းက သူမကို လာခေါ်ဖို့ ရောက်လာသည့်အခါ ထောင်ထောင်ကို မောင်လေးတွေ၊ ညီမလေးတွေက သူမကို အရုပ်ပေးသလိုကို ဘေးနားမှာ ဝိုင်းနေခဲ့သည်။
ထောင်ထောင်က လက်တွေကို ဖြန့်ပြီး ထိုင်ခုံပေါ်မှာ မှီနေခဲ့သည်။ တကယ်လို့ ကလေးထိန်းကျောင်းမှာဆိုတဲ့ စိတ်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူမက လှည့်စားတတ်တဲ့ ကောင်လေးတွေကြားမှာ လှဲနေတာမျိုး ဖြစ်နေလိမ့်မည်။
ထောင်ထောင်လေးက သူမရဲ့အမေက သူမကို ဘယ်လို သင်ပေးမလဲဆိုတာကို လုံးဝ သတိမထားမိဘဲ သူမက ရှုရွှမ်းရဲ့ လည်ပင်းကို ဖက်ကာ သူမကို သတို့သမီးဟု ခေါ်ခဲ့သည်။
ရှင်းဟွာက နှစ်တွေအကြာကြီး အလွတ်တမ်း ဆရာဝန် တစ်ယောက်အနေဖြင့် လုပ်ကိုင်နေခဲ့ပြီး သူမက အဲ့အကြောင်းကို အခြားသူတွေအား ပြောပြထားပြီး ဖြစ်သည်။ ပျော်ပွဲရွှင်ပွဲကို ကြည့်ဖို့အတွက် ပွဲကို ရောက်လာကြသည့် လူတွေကလည်း သူမကို ချီးကျူးခဲ့ကြသည်။
“ထျန်းမိသားစုက ဒီကောင်မလေးက တော်လိုက်တာ။ လှလည်း လှတယ်။ လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။”
“နင်က ပေါက်ကရတွေ ပြောနေတာ ဟုတ်တယ်မလား။ ခုနစ်ခုမြောက် တပ်မဟာထဲမှာရှိတဲ့ ကောင်မလေးတွေက ဘယ်လိုလုပ် ဆိုးဆိုးရွားရွားတွေ ရှိမှာလဲ။”
လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ဝတ်ရည်စုတ် ပန်းများ စိုက်ပျိုးခြင်းရဲ့ ကျေးဇူးကြောင့် ခုနစ်ခုမြောက် တပ်မဟာရဲ့ ဝင်ငွေက အတော်လေးကို တိုးလာခဲ့သည်။ ရွာရဲ့ မူလတန်းကျောင်းကို ဒီနှစ် နွေရာသီမှာ အုတ်နှင့် တိုင်များဖြင့် ပြန်အစားထိုး ဆောက်ခဲ့ကြသည့်အတွက် ထိုကျောင်းက တောင်ပပြီး ကြည်နူးဖို့ ကောင်းသည်။
ခုနစ်ခုမြောက် တပ်မဟာထဲရှိ ကောင်မလေးတွေက ထုံးစံအတိုင်းပဲ အနီးအနားရှိ တပ်မဟာထဲတွင် ရေပန်းစားလာကာ လူတိုင်းကလည်း သူတို့ကို လက်ထပ်ဖို့ ကြိုးစားနေခဲ့ကြသည်။
ထျန်းရှင်းဟွာလို လူတစ်ယောက်ကို လက်ထပ်ပြီး တပ်မဟာထဲ ဝင်ဖို့ဆိုတာက မထင်ထားလောက်အောင် ခက်ခဲသည်။ တပ်မဟာ အဖွဲ့သားတွေက ထုတ်လုပ်ရေး အဖွဲ့ရှိ လူတွေနှင့် လက်ထပ်တာမျိုးကို မကြိုက်ကြပါ။ ဒါဟာ လွန်ခဲ့သော နှစ်အနည်းငယ်က ထျန်းရှင်းဟွာရဲ့ ကိုယ်ပိုင် အောင်မြင်မှုနှင့် အဖွဲ့ရဲ့ အားထုတ်မှုတွေရဲ့ ကျေးဇူးကြောင့်သာ နောက်ဆုံးမှာတော့ သူမက တပ်မဟာထဲ လက်ထပ်ဖို့ အကြံကို ရသွားခဲ့သည်။ ရှင်းဟွာကိုယ်တိုင်ကို ဆေးခန်းသို့ ပြောင်းခြင်းကိုတောင် ခံလိုက်ရသည်။
စားနေရင်းနဲ့ ဝူကွေ့ဟွာကို ဝမ့်ရင်းကို သေသေချာချာ ကျေးဇူးတင်ဖို့ ရောက်လာခဲ့သည်။ “ဝမ်ရင်း၊ ဒါတွေက နင့်ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါ့သမီးလေးက ဒီနေ့ သူရှိနေတဲ့ နေရာမှာ ရှိနေနိုင်မှာ မဟုတ်ဘူး။ ရှင်းဟွာက နင့်ကို ဆရာမလို့ ခေါ်သင့်တယ်။ ဒီဝိုင်ခွက်က ငါတို့ တစ်မိသားစုလုံးရဲ့ နင့်အပေါ် ဂုဏ်ပြုမှုပဲ။”
တကယ်လို့ ဝမ့်ရင်းကသာ လူတိုင်းအတွက် ဆေးဖက်ဝင် အပင်တွေကို စိုက်ဖို့အတွက် နည်းလမ်း တစ်ခုကိုသာ ရှာမတွေ့ခဲ့ဘူးဆိုရင်၊ ဝမ့်ရင်းကသာ ရှင်းဟွာကို ဗဟုသုတတွေ မပေးခဲ့ဘူးဆိုရင် သူတို့ရဲ့ မိသားစုက ဒီနေ့ နေနေရသလို ကောင်းမွန်တဲ့ ဘဝမှာ ဘယ်လိုလုပ်ပြီး နေလို့ရမှာလဲ။
ဝူကွေ့ဟွာကို ခေါ်သွားပြီးနောက် သူမရဲ့ မျက်လုံးထဲက မျက်ရည်တွေ ကျလာခဲ့သည်။
အခုချိန်မှာတော့ သူမက အရင်နှစ်တွေတုန်းက အကြောင်းကို တွေးခဲသည်။ သူမက ထိုအချိန်တုန်းက ခက်ခဲသည့် အချိန်များကိုသာ မှတ်မိနေခဲ့သည်။ ထိုအချိန်တုန်းက ရှင်းဟွာက အိမ်မှာ ရှိနေခဲ့ပြီး ပျင်းရိတဲ့ တပ်မဟာထဲမှ ယောက်ျားတစ်ယောက်က သူမကို လက်ထပ်ခွင့် တောင်းခဲ့ကာ သူက တင်တောင်းငွေအဖြစ် ယွမ်တစ်ရာကို ပေးနိုင်တယ်ဟု ပြောခဲ့သည်။
ဝူကွေ့ဟွာသည် အောင်သွယ်တော်က ဘာနဲ့တူလဲဆိုတာ သူမက မေ့နေခဲ့ပြီဖြစ်သော်လည်း ထိုအချိန်တုန်းက သူမ ခံစားခဲ့ရသည့် ဒေါသကို မှတ်မိနေဆဲ ဖြစ်သည်။
သူမရဲ့ သမီးက ပန်းလေးတစ်ပွင့်လို လှပပြီး အခြားသူတွေက သူမကို ယွမ်တစ်ရာနှင့် လာဝယ်ကြမည် ဖြစ်သည်။
သူမကို ပိုပြီး ဒေါသထွက်နေသည့် အရာကတော့ သူမသည် ယွမ်တစ်ရာဆိုသည့် စကားကို ကြားသည့်အခါ သူမရဲ့ နှလုံးခုန်သံတွေ ရပ်သွားသလို သေသေချာချာ ခံစားမိခဲ့သည်။
ထိုအခိုက်အတန့်မှာ သူမရဲ့ တုံ့ဆိုင်းမှုနှင့် လောဘက သူမကို အတော်လေး အပြစ်ရှိသလို ခံစားနေခဲ့ရသည်။ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ သူမက သူမရဲ့ သမီးကို ဆက်ပြီး ကျွေးမွေးထားဦးမည် ဖြစ်သည်။
အဲ့လိုက ဘာနည်းလမ်းမှ မရှိဘူး။ ငါတို့က ဆင်းရဲပြီး သနားဖို့ကောင်းတယ်။
ကျေးလက်ဒေသက ဘဝတွေဆိုတာ အမြဲတမ်း ဆင်းရဲမှုတွေနဲ့ ပြည့်နေတာ။ ဒီနေ့လို ကောင်းမွန်တဲ့ ဘဝမျိုးမှာ နေရမယ်လို့ ဘယ်သူကများ တွေးထားမှာလဲ။
လွန်ခဲ့သော နှစ်နှစ်တုန်းက တပ်မဟာရဲ့ ဝတ်ရည်စုတ်ပန်း အထွက်နှုန်းက သုံးကြိမ်တိုင် တိုးချဲ့ထားခဲ့ပြီး ဖြစ်သည်။ သူတို့က ဝမ့်ရင်းရဲ့ အကြံကို နားထောင်ပြီး အခြား ဆေးဖက်ဝင် အပင်များကို စစရိုက်ပြီး အဲ့ဒါတွေကို ရောင်းထုတ်ဖို့အတွက် ပြင်ဆင်ခဲ့သည်။
ရွာထဲမှာလည်း စက်ရုံကို တည်ဆောက်ထားခဲ့သည်။ ဒါကို စက်ရုံဟု ခေါ်သော်လည်း တကယ်တမ်းမှာတော့ ဒါက အလုပ်ရုံတစ်ခုသာ ဖြစ်သည်။ ဒါဟာ မြေနေရာကို အခွင့်အရေးယူပြီး ပိုကောင်းတဲ့ ဆေးဖက်ဝင် အပင်များကို ထုတ်လုပ်ခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်က ဝူကွေ့ဟွာနှင့် သူမရဲ့ မိသားစုက အလုပ်ကြိုးစားပြီး ပိုက်ဆံတွေ စုခဲ့ကြသည်။ သူတို့က သူတို့ စားချင်သလို အသားနှင့် ငါးကို အများကြီး မစားနိုင်သော်လည်း အနည်းဆုံးတော့ သူတို့က ဗိုက်ဆာတဲ့ဒဏ်ကို ထပ်ပြီး ခံရတော့မှာတွေကို စိုးရိမ်ဖို့ မလိုတော့ပါ။
ရှင်းဟွာက သူမရဲ့ အမျိုးသားကို ဆွဲပြီး ဝမ့်ရင်းကို အရိုအသေ ပေးခဲ့သည်။
ဝမ့်ရင်းက လူနှစ်ယောက်ကို ကူဖို့အတွက် အပြေးလေး သွားခဲ့ပြီး ချမ့်ယုကလည်း သူမကို ကူညီပေးခဲ့သည်။
ဝမ့်ရင်းက သူမကို မှတ်မိမိ၊ မမှတ်မိမိ၊ ချမ့်ယုက သူ့ကို ဝမ့်ရင်းရဲ့ အကြီးဆုံး တပည့်အဖြစ် သူ့ကိုယ်သူ သတ်မှတ်ခဲ့သည်။
ထို့အပြင် ရှင်းဟွာက သူမရဲ့ ဂျူနီယာ ညီမလေး ဖြစ်သည်။
ချမ့်ယုက ဝမ့်ရင်းနှင့် ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့သည်။ ဒီတစ်ခေါက် စားစရာတွေကို ရှုရွှမ်းနှင့် သူ့လူတွေက ပြင်ဆင်ပေးခဲ့သည်။ စားပွဲပေါ်ရှိ ဟင်းပွဲတွေ အားလုံးက ကြည့်ရတာ ကောင်းပြီး အရသာရှိပုံရသည်။
ဝမ့်ရင်း - “ဘာလို့ နင့်ဆရာမက ဒီမှာ မရှိနေတာလဲ။”
အခုဆိုရင် ဝမ့်ရင်းကြောင့် အဖွဲ့ထဲရှိ လူတွေက ချမ့်ရှုဖန်းနှင့် ချမ့်ယုကို ပိုပြီး အဆင်ပြေပြေ ဆက်ဆံလာကြကာ သူတို့ကို ဘယ်သူကမှ ထပ်ပြီး လက်ညှိုးမထိုးရဲတော့ပါ။
ချမ့်ယု - “ဒီနေ့ ရောက်လာတဲ့ တစ်ချို့လူတွေက တစ်ခြား အဖွဲ့တွေထဲကလို့ ဆရာမက ပြောတယ်။ အဲ့တော့ သူက လာမှာ မဟုတ်ဘူး။ အိမ်မှာ မနေ့က ကျန်နေသေးတဲ့ ငါးဟင်းတွေ ကျန်သေးတယ်။ အဲ့တော့ အိမ်မှာ သူ အဲ့ဒါ စားရတာလည်း သူ့အတွက်က အဆင်ပြေပါတယ်။”
ဝမ့်ရင်းက ဘာမှ မပြောခဲ့ပါ။ ချမ့်ရှုဖန်းက ချမ့်ယုကို အမြဲ သဘောကျခဲ့သည်။ ကံဆိုးမိုးမှောင် ကျသည့်အချိန်မှာ ချမ့်ယုက ငယ်ငယ်လေး ရှိသေးသည်။ သူက ခံစားနေခဲ့ရသော်လည်း ကလေးတွေက စားစရာတွေကို အမြဲတမ်း မှတ်မိသော်လည်း ရောက်တာမျိုးတွေတော့ မပါခဲ့ပါ။ ခက်ခဲသည့် အချိန်တွေ ပြီးသွားသည့်နောက် သူက ဟိုခုန်၊ ဒီခုန် လုပ်နေဆဲ ဖြစ်သည်။
သို့သော် ချမ့်ရှုဖန်းကတော့ မတူပါ။ သူမက ထိုကဲ့သိုသော အရာတွေကို ကြောက်သည်။
တစ်ချိန်လုံး လူတွေက တပ်မဟာကို ဝေဖန်နေခဲ့ကြပြီး ဒါဟာ မနှစ်ကရဲ့ ဒုတိယ နှစ်ဝက်မှာသာ ဖြစ်သည့်အတွက် သူတို့က အချိန်တိုင်း သွားဖို့အတွက် ချမ့်ရှုဖန်းကို တောင်းဆိုနေခဲ့သည်။
ချမ့်ယုသည် ချမ့်ရှုဖန်း သည်းခံခဲ့ရသည့် အရာတွေကို အပြည့်အဝ နားမလည်ခဲ့ပါ။
ဝမ့်ရင်း - “ ထောင်ထောင်ရဲ့ အဖေက မီးဖိုချောင်ထဲမှာ ယုန်ခြေထောက်တွေ ကင်ထားတာ၊ နှစ်ချောင်း ကျန်သေးတယ်။ တစ်ခု မြန်မြန် သွားယူလိုက်။ အဲ့ဒါကို ပျားရည်ရယ်၊ သစ်ကြားပိုးခေါက်ရယ်နဲ့ ပွတ်ထားတာ။”
ချမ့်ယုက ထိုစကားကို ကြားသည့်အခါ သွားရည်ကျနေခဲ့သည်။ “ဟုတ်ကဲ့။”
ထျန်းရှင်းဟွာရဲ့ မင်္ဂလာဆောင်က ရိုးရှင်းပြီး အသက်ဝင်သည်။ ရောက်လာကြသည့် ဆွေမျိုးနှင့် သူငယ်ချင်းတွေက စားပွဲခုံတွေမှာ ထိုင်ပြီး သူတို့ရဲ့ စားစရာရှိတာတွေကို စားခဲ့ကြသည်။ ရှင်းဟွာကို လာကြိုဖို့ စက်ဘီးစီးလာတဲ့သူက သူမကို တပ်မဟာဆီ ပြန်ခေါ်သွားခဲ့သည်။
“ရှင်းဟွာ တွေ့ခဲ့တဲ့ ဒီကောင်လေးက တကယ်ကို လူကောင်းလေးပဲ။ သူ့ရဲ့အိမ်မှာ စက်ဘီးတောင် ရှိတယ်။”
“ရှင်းဟွာရဲ့ အမေက ကြင်နာတတ်တဲ့ လူတစ်ယောက်ဆိုတာ ဘာလို့ ငါ့ကို မပြောတာလဲ။ သူက ရေဒီယိုသေတ္တာကို လက်ဆောင်အနေနဲ့တောင် သူ့သမီးကို ပေးခဲ့သေးတာ။”
ဝူကွေ့ဟွာက သူ့သမီးကို အရမ်း ရက်ရောတာ။ သူ့သမီးကို ရေဒီယိုသေတ္တာ ပေးရုံတင်မကဘူး၊ သူမကို တင်တောင်းငွေအဖြစ် ပေးခဲ့တဲ့ လက်ဆောင်တွေ အားလုံးကို လက်ဖွဲ့ငွေအနေနဲ့ ပြန်ပေးသေးတာ။ သူမက အိပ်ရာခင်းကြီး တစ်ခုကိုလည်း လုပ်ပေးခဲ့သည်။
လူတိုင်းက ထျန်းရှင်းဟွာ ထွက်သွားတာကို ကြည့်နေခဲ့ပြီး ဝူကွေ့ဟွာက မျက်ရည်တွေကို သုတ်ကာ လှည့်ထွက်သွားဖို့ လုပ်လိုက်သည်။
ရုတ်တရက်ဆိုသလို ဟွန်းသံ သဲ့သဲ့ ကြားလိုက်ရကာ ရွာ အဝင်ပေါက်မှာ စစ်ကားတစ်စီးက ပေါ်လာခဲ့သည်။
ထိုခေတ်တုန်းက ကားတွေက အရမ်းကို ရှားပါးပြီး စစ်တပ်မှ ကားတွေကိုသာ ခွင့်ပြုသည်။ အရှေ့မှာရှိတဲ့ အစိမ်းရောင် စစ်ပစ္စည်းများက ကျနေခဲ့သည်။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေပြီး ဘယ်သူကမှ မလှုပ်ရဲသလို လှည့်ပြီးတော့သာ ထွက်သွားချင်နေခဲ့သည်။
ထို့အပြင် အချို့လူတွေသည် သူတို့ရဲ့ တစ်ဘဝလုံးမှာ ကားကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပါ။ တကယ်လို့ သူတို့က ကားတစ်စီးကို ထိနိုင်ခဲ့ရင်တောင် သူတို့ရဲ့ တစ်ဘဝလုံး ကြွားနိုင်တော့မည် ဖြစ်သည်။
စစ်ကားကြီးက ရွာထဲကို မောင်းဝင်လာသည့်အခါ မကြာခင်မှာပဲ လူများစွာက ထွက်သွားခဲ့ကြသည်။
ဦးဆောင်လာသည့် အဖွဲ့မှာ အသက်လတ်ပိုင်းရှိသည့် ယောက်ျားနှစ်ယောက်၊ စစ်ဝတ်စုံ ယူနီဖောင်းနှင့် တစ်ယောက်၊ နောက်တစ်ယောက်က မျက်မှန်တွေ ဝတ်ထားသည့် လူတွေက အတော်လေးကို နူးညံ့ကြသည်။
ထျန်းယိုဖုက အရှေ့ကို မြန်မြန် ထွက်သွားပြီး တွေဝေနေခဲ့သည်။ သူသည် လာရောက် စုံစမ်းမယ့် လူတွေ လာမယ်ဆိုသည့် အကြောင်းကို နည်းနည်းမှ မကြားထားသေးပါ။ တကယ်လို့ တစ်ယောက်ယောက်က ရောက်လာခဲ့ရင်တောင် လူတိုင်းကလည်း စစ်ကားကို သုံးနိုင်မည် မဟုတ်ပါ။
သူက ထိုလူတွေကို တွေ့ဖို့ သွားခဲ့သည်။ စစ်ကားပေါ်မှ ဆင်းလာသည့် လူများအနက် တပ်မဟာရဲ့ အတွင်းရေး လက်ထောက်တစ်ယောက် ပါနေခဲ့သည်။ သူ စစ်ကားပေါ်မှ ဆင်းလာသည့်အခါ တပ်မဟာရဲ့ အတွင်းရေး လက်ထောက်က ဘေးကို လဲကျပြီး အန်ခဲ့သည်။
ကားပေါ်ကနေ ဆင်းလာသည့် လူကြီးလူကောင်းက အတွင်းရေး လက်ထောက်ရဲ့ ကျောကို ပွတ်ပေးပြီး တစ်ခုခု ပြောခဲ့သည်။ အတွင်းရေးက သူ့ရဲ့ ပါးစပ်ကို မြန်မြန် သုပ်လိုက်ပြီး သူ့ရဲ့ ခါးမှာ ချိတ်ထားသည့် ရေဗူးမှ ရေကို သောက်ကာ အလျင်အမြန် သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။
လူကြီးက ခေါင်းခါပြခဲ့သော်လည်း စစ်ဝတ်စုံနှင့် အခြား တစ်ယောက်က ဘာကိုမှ မပြောခဲ့ပါ။ သူက အံကို တင်းကြပ်စွာ ကြိတ်ပြီး ကားဘေးနားတွင် ရပ်နေရင်း တစ်ဖက်ရှိ တီးတိုးပြောနေသော်လည်း အရှေ့ကို ထွက်မလာရဲဘဲ စိုးရိမ်တကြီး လိုက်ရှာနေသည့် လူအုပ်ကို ကြည့်နေခဲ့သည်။
တပ်မဟာ အတွင်းရေး လက်ထောက်က အနားကိုလာတဲ့ ထျန်းယိုဖုကို မိတ်ဆက်ပေးခဲ့သည်။ “ယိုဖု၊ ဒီခေါင်းဆောင် နှစ်ယောက်က သူတို့ရဲ့ အမျိုးတွေကို ရှာဖို့ ဒီကို ရောက်လာကြတာ။ သူတို့တွေက ဒီမှာ သိပ်မကြာကြီး ရှိနိုင်မှာ မဟုတ်ဘူး။ မင်း….”
တပ်မဟာရဲ့ အတွင်းရေး လက်ထောက်က စကားပြောလို့ မပြီးခင်မှာပဲ စစ်ဝတ်စုံနှင့် လူကြီးက ပြောလိုက်သည်။ “အကိုကြီး ယိုဖု၊ ငါပါ။ ဝမ့်ယုံဖု။”
ထျန်းယိုဖုက ခနလောက် မှင်သက်သွားခဲ့သည်။ “ယုံဖုလား။ မင်းက ယုံဖုလား။ ယုံဖု၊ မင်းက ဘာလို့….”
ဝမ့်ယုံဖုရဲ့ မျက်ဝန်းတွေက မျက်ရည်တွေ ဝဲလာခဲ့သည်။ “ငါ ပြန်လာပြီ”
အတိတ်မှာ ဖြစ်ခဲ့သည့် အရာအားလုံးက ထိုစကားထဲမှာ သွားစုနေခဲ့သည်။ ထိုစကားကို ဘာနှင့်မှ နှိုင်းယှဥ်လို့ မရခဲ့ပါ။ - ငါပြန်လာပြီ။
ထျန်းယိုဖုမှ မေးဖို့ မေးခွန်းတွေ အများကြီး ရှိနေခဲ့သည်။ ဝမ့်ယုံဖုက ဘာလို့ အကြာကြီးနေမှ ပြန်ရောက်လာတာလဲ၊ ဒီနှစ်တွေမှာ သူက ဘာလို့ စာတစ်စောင်မှ မပို့တာလဲ၊ အိမ်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သူက သိနေရဲ့လားဆိုသည့် မေးခွန်းတွေ အများကြီးကို မေးနေခဲ့သည်။ သို့သော် သူက ဝမ့်ယုံဖုရဲ့ တုန်ရီနေသည့် အသံကို ကြားသည့်အခါ မေးနေတာကို ရပ်လိုက်သည်။
ထျန်းယိုဖုက ဝမ့်ယုံဖုရဲ့ လက်ကို တင်းကြပ်စွာ ကိုင်ပြီး ပြောလိုက်သည်။ “ဟုတ်ပါပြီ။ မင်းပြန်လာတာကိုပဲ ငါ ဝမ်းသာတယ်ကွာ။ ဒီနေ့ မင်းပြန်လာတာ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ မင်း ဝမ့်ရင်းရဲ့ မိသားစုကလည်း ဒီမှာပဲ ရှိနေတာ။”
ဒါဟာ တိုက်ဆိုင်မှုတစ်ခုဆိုသော်လည်း ဝမ့်ယုံဖုက အံ့သြသွားပုံ မရပါ။ သူသည် ပြန်မလာခင် အိမ်က အခြေအနေတွေကို စုံစမ်းထားပြီးဖြစ်ကြောင်းကို ထျန်းယိုဖုက ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။
“မင်း မင်းရဲ့ မြေးမလေးနဲ့ အခုထိ မတွေ့ရသေးဘူးမလား။ သူ့နာမည်က ထောင်ထောင်တဲ့။ ကလေးမလေးက အရမ်း ချောပြီး၊ သူ့မိဘတွေနဲ့ တူတယ်။ သူက တော်တော်လည်း ချစ်ဖို့ကောင်းတယ်။”
“ဝမ့်ရင်းက ကြင်နာတတ်တဲ့ ကောင်မလေးပဲလေ။ သူက ငါတို့ ရွာအတွက် စားဝတ်နေရေး အဆင်ပြေအောင် နည်းလမ်းတစ်ခု ရှာပေးခဲ့တာ။ လူတိုင်းကလည်း သူ့ကို ကျေးဇူးတင်နေကြတာ။ ရှေးနှစ်တွေတုန်းက သူလည်း မြို့ကိုတောင် သွားလိုက်သေးတာ။”
“မင်း ပြန်လာတော့ သူလည်း တော်တော်လေးကို ပျော်သွားမှာပါ။”
….
ထျန်းယိုဖုက စကားတွေ အများကြီး ပြောပြီး တပ်မဟာ အတွင်းရေး လက်ထောက်ကတောင် အရမ်းကို စိတ်ဝင်စားပြီး သူ့နားကိုတောင် မလာခဲ့ပါ။
သို့သော် တပ်မဟာရဲ့ အတွင်းရေး လက်ထောက်က ဂုဏ်ယူနေခဲ့သည်။ ဒီအချိန်မှ ရောက်လာခဲ့ကြသည့် လူနှစ်ယောက်မှာ မျက်မှန် တပ်ထားသည့် တစ်ယောက်က သေချာပေါက် လက်ထောက် ခေါင်းဆောင် ဒါမှမဟုတ် တစ်ခုခု ဖြစ်ကိုဖြစ်ရမည်။ ထို့အပြင် စစ်ဝတ်စုံနှင့် နောက်တစ်ယောက်ကလည်း ရာထူးအကြီးပိုင်းထဲကလူ ဖြစ်ဟန်တူသည်။
သာမန် စစ်သားတစ်ယောက်က ဘယ်လိုလုပ်ပြီး စစ်ကားကို စီးဖို့အတွက် အခွင့်အရေး ရနိုင်မှာလဲ။
တပ်မဟာ အတွင်းရေး လက်ထောက်က နောက်ပိုင်းမှာ သူက တပ်မဟာရဲ့ အဖွဲ့များကို ထပ်ပြီး လျစ်လျူရှုလို့ မရနိုင်ဘူးဟု တွေးနေခဲ့သည်။
ရှေ့လတွေတုန်းက အခြား တပ်မဟာတွေက ထျန်းယိုဖုကို မပွင့်မလင်းရော၊ သိအောင်ရော ညှပ်ချခဲ့ကြသည်။ အချို့တွေက သူ့ကို ဝေဖန်ဖို့အတွက် ရောက်လာခဲ့ကြပြီး ခုနစ်ခုမြောက် တပ်မဟာက ဝတ်ရည်စုတ် ပန်းများနှင့် ဆေးဖက်ဝင် အပင်တွေကြောင့် အဆင်ပြေသည့် အချိန်တစ်ခုကို ရလာခဲ့တာဟု ပြောနေခဲ့သည်။ ထျန်းယိုဖုနှင့် မြေခွေးအိုကြီးတို့ ရည်ရွယ်ချက်ရှိရှိ တူးခဲ့ကြသည့် တောင်ပေါ်ရှိ ငါးကန်ကတောင် သူ့ဘက်မှာ အတော်လေး ရောက်နေခဲ့သည်။ အစပိုင်းမှာတော့ ငါးကန်လေး သေးသေးလေး ဖြစ်သော်လည်း အခုဆိုရင် အဲ့တုန်းက အရွယ်အစားထက် ငါးဆ၊ ခြောက်ဆလောက် ပိုကြီးလာခဲ့ပြီ ဖြစ်သည်။
ထျန်းယိုဖုက ခေါင်းမာသည့် လူတစ်ယောက် ဖြစ်သည်။ သူက ငါးကန်ပတ်လည်မှာ ခြံစည်းရိုး တစ်ခုကို ဆောက်ပြီး ထိုအရာကို စောင့်ကြည့်ဖို့အတွက် ဘေးမှာ အိမ်တစ်လုံးကို ဆောက်ဖို့ လူတစ်ယောက်ကို ခန့်ထားခဲ့သည်။
ထိုအရာကြောင့် ဘေးနားရှိ အဖွဲ့တွေကို အတော်လေး မနာလို ဖြစ်စေခဲ့သည်။
အရင်ကဆို လူတိုင်းမှာ ခက်ခဲသည့် အချိန်တစ်ခု ရှိခဲ့ကြပြီး ဘာကိုမှ ထုတ်ပြလို့ မရခဲ့ကြသော်လည်း အခုကရော ဘယ်လို ဖြစ်သွားပြီလဲ။
ခုနစ်ခုမြောက် တပ်မဟာက ချမ်းသာပြီး ရွာထဲမှာလည်း ကျောင်းတစ်ကျောင်းနှင့် ငါးကန်တွေလည်း ရှိနေခဲ့ပြီ ဖြစ်သည်။
သူတို့ရဲ့ အဖွဲ့တွေက ဘယ်လိုလုပ်ပြီး ပစ္စည်းကောင်းတွေ အားလုံးကို ယူသွားရတာလဲ။
အဖွဲ့ခေါင်းဆောင် များစွာက မကျေနပ်ဘဲ ခုနစ်ခုမြောက် တပ်မဟာရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူဖို့ တပ်မဟာကို စစ်ဆေးဖို့အတွက် ပြင်ဆင်နေခဲ့ကြသည်။
အခု သူတို့တွေ စုပေါင်း လုပ်ဖို့အတွက် ပြောနေကြတာ မဟုတ်ဘူးလား။ တပ်မဟာရဲ့ လူယုံတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင် တပ်မဟာကိုပဲ ဘာလို့ ဂရုစိုက်နေရတာလဲ။
ဒါတွေ အားလုံးကို ညီညီမျှမျှနှင့် ဝေမျှသင့်သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၄၂
တပ်မဟာ အတွင်းရေး လက်ထောက်က အစပိုင်းမှာ ဒါတွေက အတူတူပဲဟု တွေးထားခဲ့သည်။ အရင်ကဆို သူတို့က ခုနစ်ခုမြောက် တပ်မဟာရဲ့ ဝင်ငွေတွေကို လိုချင်စိတ် ဖြစ်နေခဲ့ကြသော်လည်း တကယ်လို့ တစ်ခုခု ဖြစ်သွားပြီး သူတို့တွေ အားလုံး ယူသွားခဲ့ရင် သူတို့ရဲ့ ခေါင်းဆောင်မှုတွေက တင်းမာသွားမယ်ဟု ဆိုလိုတာ ဖြစ်မှာကို သူ စိုးရိမ်နေခဲ့သည်။
သို့သော် ခုနစ်ခုမြောက် တပ်မဟာသည် ဘာပြဿနာမှ မတက်ဘဲ နှစ်တွေအများကြီး အလုပ်တွေ ကြိုးစားနေတာကို မြင်ရသော်လည်း တပ်မဟာရဲ့ အတွင်းရေး လက်ထောက်က အချိန်ကျလာပြီဟု ခံစားခဲ့ရသည်။
ဘဏ္ဍာအဖြစ် သိမ်းရမှာက သိမ်းရမည် ဖြစ်သည်။ ခုနစ်ခုမြောက် တပ်မဟာရဲ့ ဝင်ငွေကို တပ်မဟာထဲရှိ လူတိုင်းထံသို့ ဝေမျှသင့်သည်။
တပ်မဟာ အတွင်းရေး လက်ထောက်က ဒီနှစ်မှာ ဝတ်ရည်စုတ်ပန်းမှ ရလာသည့် ဝင်ငွေတွေ အားလုံးကို လက်လွှဲပေးဖို့ အကြောင်း ပြောဖို့အတွက် ထျန်းယိုဖုနှင့် စကားပြောရန် အခွင့်အရေးတစ်ခု ရှာဖို့အတွက် တွေးနေခဲ့သည်။
သို့သော် အခုဆိုရင်…..
တပ်မဟာ အတွင်းရေး လက်ထောက်ကတော့ အဲ့လိုမျိုး မတွေးခဲ့ပါ။
သူတို့တွေက သူတို့ရဲ့ အဖွဲ့တွေထဲမှာတော့ လုပ်နိုင်စွမ်း ရှိကြသည့်လူတွေ ဖြစ်သည်။
ဝမ့်ယုံဖုက လူတွေကို အနားနားသို့ ဆွဲခေါ်ခဲ့သည်။
“သူက လန်ယွဲ့၊ အင်ဂျင်နီယာပဲ။ ဒီတစ်ခေါက်တော့ ငါက သူနဲ့ ဒီမှာ ရှိနေမယ်။”
လန်ယွဲ့က ပိန်ပြီး သူ့ရဲ့ ပါးပေါ်မှာလည်း နေလောင် အကွက်တွေ ရှိနေခဲ့သော်လည်း သူ့ရဲ့ ပုံစံကိုတော့ လျှော့အောင် မလုပ်နိုင်ခဲ့ပါ။ တကယ်လို့ ဒါက ပြင်းထန်တဲ့ ထိခိုက်မှုတစ်ခု၊ နယ်တွေကြားရှိ နူးညံ့သည့် အခြေအနေတွေက သူ့ရဲ့ နူးညံ့ပြီး ပညာရှင်ဆန်မှုကို ပုံဖော်နေခဲ့ရင် ဒါက ပိုပြီးတော့တောင် ခွဲခြားလို့ ရနေခဲ့ပြီ ဖြစ်သည်။
ဘာတွေ ဖြစ်နေလဲဆိုတာကို ထျန်းယိုဖုက နားမလည်ခဲ့ပါ။ သူ့ရဲ့လက်က ရောက်လာခဲ့သော်လည်း သူက အဲ့ဒါကို ရှက်ရှက်နှင့် ပြန်ဆုတ်သွားခဲ့သည်။ သူက လန်ယွဲ့ရဲ့ လက်ကို မကိုင်ခင်မှာဘဲ အကြိမ်များစွာ သူ့လက်သူ ဘောင်းဘီနှင့် သုပ်လိုက်သည်။ “မင်္ဂလာပါ၊ မင်္ဂလာပါ။”
ယိုဖုက သူ့ကို အတော်လေး လေးလေးနက်နက် နှုတ်ဆက်လိုက်ကတည်းက ထိုလူက ကိစ္စကြီး တစ်ခုကို လုပ်ကို လုပ်ရမည်။
လန်ယွဲ့ - “မင်္ဂလာပါ။ ငါ ဒီမှာ ရှိနေတယ်ဆိုတာ ငါလည်း ဒီမှာ လူတစ်ယောက်ကို ရှာချင်လို့ပါ။”
လန်ယွဲ့က တစ်ခုခုကို တွေ့နေခဲ့ပြီး သူ့ရဲ့ အသံထဲမှာ မျှော်လင့်ချက်နှင့် ဝမ်းနည်းမှု အရိပ်အယောင်တွေနှင့် ပြောခဲ့သည်။ “သူ့နာမည်က ချမ့်ရှုဖန်းပါ။”
လန်ယွဲ့ရဲ့ စိတ်ထဲမှာ လေးလံနေခဲ့ပြီး သူ့မှာ လက်တွေ့မဆန်တဲ့ အတွေးတွေ ရှိနေမလားဆိုတာကို သူ မသိနေခဲ့ပါ။
ဒီလို ဂုဏ်ယူရသည့် လူတစ်ယောက်ဖြစ်သည့် ချမ့်ရှုဖန်းကို ရာထူးလျှောချလိုက်သည်။ ဒီတစ်ခေါက်မှာ သူက သုတေသနဌာနကို ပိတ်ပြီး ထွက်လာရုံသာ ဖြစ်ပြီး ချမ့်ရှုဖန်းကို ရှာဖို့အတွက် တာဝန်တွေကို ပြီးသွားဖို့သာ သူက တောင်းဆိုခဲ့သည်။
သို့သော် ပီကင်း အော်ပရာ အဖွဲ့ရှိ လူတွေက ရှောင်ဖို့ ကြိုးစားခဲ့ပြီး ချမ့်ရှုဖန်းရဲ့ တပည့်တွေကလည်း သူတို့ ပြောမယ့်အကြောင်းကို ကြေးများနေခဲ့သည်။ တပည့် တစ်ယောက်ကတောင် ငိုနေခဲ့ပြီး ချမ့်ရှုဖန်းနှင့် သူ့ရဲ့ ရင်းနှီးသည့် မိတ်ဆွေ ဆက်ဆံရေးကို ဖော်ပြခဲ့သည်။
လန်ယွဲ့က အရှုံးမပေးခဲ့ပါ။ သူက လူတွေကို မေးခဲ့ပြီး နောက်ဆုံးမှာတော့ အမှန်တရားကို ရှာတွေ့ခဲ့သည်။
သူမရဲ့ တပည့်တွေက စွန့်ပစ်တာကို ခံရပြီး သူမရဲ့ အသံက ပျက်စီးသွားကာ သူမရဲ့ ပိုင်ဆိုင်မှု အားလုံးကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းခဲ့သည်။ သူမ ထွက်သွားသည့်အခါ သူမကို လာတွေ့ဖို့အတွက် ဘယ်သူကမှ သူမကို လာပြီးတော့တောင် မတွေ့ခဲ့ဘူးဟု ပြောလို့တောင် ရသည်။ သူမရဲ့ အနောက်ကို အဝတ် အပြဲ အချို့ကိုသာ ပို့ပေးခဲ့သည်။
လန့်ယွဲ့က ရင်နာပြီး ပေကျင်းမှာ တစ်စက္ကန့်လေးတောင် မနေနိုင်တော့ပါ။ သူက အခြားသူတွေရဲ့ အကြံဉာဏ်ကို လျစ်လျူရှုပြီး ချမ့်ရှုဖန်းကို ရှာဖို့အတွက် ဒီနေရာကို ချက်ချင်း ရောက်လာခဲ့သည်။
ဝမ့်ယုံဖန်းအတွက်ကတော့ သူ့ကို လုပ်ငန်းစဥ်ရဲ့ အလယ်ပိုင်းမှာ ထည့်ပြောခဲ့သည်။ အကြောင်းမှာ လန်ယွဲ့ရဲ့ သုတေသနတွေက ယုံကြည်လို့ရသည့် အဆင့် တစ်ခုမှာ ရှိနေခဲ့ပြီး သူသွားချင်သည့် အချိန်တိုင်း လူတစ်ယောက်က သု့အတွက် သွားလာဖို့ကို စီစဥ်ပေးရမည် ဖြစ်သည်။
လန်ယွဲ့က နန့်ရှောင်ခရိုင်ကို လာနေတယ်ဆိုသည့် အကြောင်းကို ဝမ့်ယုံဖုက ကြားသည့်အခါ သူက ထိုလူကို ခေါ်သွားဖို့အတွက် ကူညီပေးခဲ့သည်။
လန်ယွဲ့က ဒီကိုလာသည့် လမ်းတစ်လျှောက်လုံး မအိပ်ခဲ့ပါ။ သူတွေးနိုင်သမျှ အရာအားလုံးကတော့ ကျေးလက်ဒေသမှာ ချမ့်ရှုဖန်းက ဘယ်လို ဘဝမျိုးနှင့် နေနေလဲဆိုတာသာ တွေးနေခဲ့သည်။
သူမက အရိုက်ခံရမှာလား။ ဒါမှမဟုတ် သူမက…..
လန်ယွဲ့က အများကြီးတောင် မတွေးရဲခဲ့ပါ။
ထျန်းယိုဖုသည် တစ်ဖက်လူက ချမ့်ရှုဖန်းကို ရှာနေတယ်ဆိုသည့် သတင်းကို ကြားသည့်အခါ သူက စိတ်သက်သာရာ ရသွားခဲ့သည်။ “ဒီလိုလူ ရှိတယ်။ သူမက တောင်ရဲ့ အနောက်ဘက်မှာ နေတာ။ သူမနဲ့တွေ့ဖို့ ငါ မင်းကို ခေါ်သွားပေးရမလား။”
လန်ယွဲ့က သူ့ရဲ့ စိတ်ရှုပ်နေသည့် အသံရှူသံကိုတောင် ခံစားမိလုနီးပါး ဖြစ်နေခဲ့သည်။ “သူမ အဆင်ပြေရဲ့လား။”
ထျန်းယိုဖုက သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေး အကြောင်းကို ကြားသည့်အခါ တွေဝေသွားသော်လည်း သူက ဆက်ပြောနေဆဲ ဖြစ်သည်။ “အရာအားလုံးက အဆင်ပြေပါတယ်။ တပ်သား ချမ့်ရှုဖန်းက ဒီမှာ ပညာရေးကို ပြန်ပြင်ပေးဖို့ ရှိနေတာ။ ပြီးတော့ သူက ထုံးစံအတိုင်း ငါတို့ရဲ့ တပ်သား အလုပ်သမားတွေ အဖွဲ့မှာလည်း ဝင်ပါထားတယ်။”
ထျန်းယိုဖုရဲ့ သတိထားပြီး ဖြေလိုက်သည့် အဖြေက လန်ယွဲ့ကို လုံးဝ သံသယ ဖျောက်မပေးနိုင်ခဲ့ပါ။
ထျန်းယိုဖုက လန်ယွဲ့ရဲ့ ပုခုံးကို ပုတ်ပေးပြီး ထျန်းယိုဖုထံ စာရွက်စာတမ်း တစ်ခုကို လက်ဆင့် ကမ်းပေးခဲ့သည်။ “အစ်ကိုယိုဖု၊ ဒါက ချမ့်ရှုဖန်းရဲ့ မှတ်တမ်းတွေပဲ။ ဒါကို ကျေးဇူးပြုပြီး လက်ခံပေးပါ။ တပ်သား ချမ့်ရှုဖန်းရဲ့ ကိစ္စကို ပေကျင်းမှာ ဒီထက်ပိုပြီး စုံစမ်းစစ်ဆေးဖို့လည်း လိုသေးတယ်။ အဲ့ဒါကြောင့် ဒီတစ်ခေါက်မှာ ငါတို့က သူ့ကို့ လာခေါ်ဖို့ ဒီကို ရောက်လာတာပါ။”
ထျန်းယိုဖုက စာရွက်စာတမ်းတွေကို ယူပြီး ထိုအရာကို စစ်ဆေးပြီးနောက် မှန်ကန်တယ်ဆိုတာကို တွေ့သည့်အခါ စိတ်သက်သာရာရပြီး သက်ပြင်းပါ ချခဲ့သည်။
“သူမက တကယ်ကို အဆင်ပြေနေတာပဲ။ သူမက ဒီကို သူ့ရဲ့ တပည့်တစ်ယောက်နဲ့ အတူတူ ရောက်လာတာပါ။ သူ့ရဲ့ တပည့်မလေးက ငါတို့ အဖွဲ့ထဲမှာ တော်တော်လေးကို လူသိများပြီး သူ့ဘဝလေးကလည်း တော်တော် အဆင်ပြေပါတယ်။”
ချမ့်ယုက ကိုယ်ခံပညာမှာ ကျွမ်းကျင်ပြီး သူမ တောင်ပေါ်မှာ သိုးတွေ စကျောင်းပြီး ဝမ့်ရင်းရဲ့ အဆက်အသွယ်တွေကို ကျေးဇူးတင်ကတည်းက တပ်မဟာထဲရှိ လူတိုင်းက သူ့ကို နှုတ်ဆက်ရတာကိုပဲ ပျော်နေခဲ့ကြသည်။ ချမ့်ယုက ကလေးများ အကြားတွင် ဆရာမတစ်ယောက်လို ဖြစ်နေခဲ့သည်။ တစ်ခါတစ်လေ ကလေးတွေက ယုန်နှင့် ရစ်ငှက်များကို ဖမ်းဖို့အတွက် ကူညီပေးခဲ့သည့်အတွက် သူမကို အတော်လေး လူသိများသည်။
ထို့အပြင် ငါးကန်တွေကိုလည်း ချမ့်ယုဆီ လက်လွှဲပေးထားသည့်အတွက် အခုဆိုရင် ထျန်းယိုဖုက ချမ့်ယုကို အဖွဲ့ထဲရှိ သာမန် အဖွဲ့သားတစ်ယောက်နှင့် မထူးမခြားနားစွာ ဆက်ဆံပေးခဲ့သည်။
ချမ့်ယုရဲ့ ဘဝက အဆင်ပြေပြီး ချမ့်ရှုဖန်းကလည်း အရမ်းကြီး မဆိုးရွားနေခဲ့ပါ။
ထျန်းယိုဖုက လူအုပ်ကြီးရဲ့ အရှေ့မှာ ရှိနေသည့် ချမ့်ယုကို ခေါ်လိုက်သည်။ “ချမ့်ယု၊ ဒီကို လာခဲ့။”
ချမ့်ယုက ပျော်ရွှင်စွာ ပြေးလာခဲ့သည်။ “ဦးလေးယိုဖု၊ ဘာတွေ ဖြစ်နေတာလဲ။”
ထျန်းယိုဖုက လန်ယွဲ့ကို ညွှန်ပြပြီး ပြောလိုက်သည်။ “ဒါက နင့်ရဲ့ ဆရာမဆီလာတာ။ သူ့ကို ခေါ်သွားပေးလိုက်။”
ချမ့်ယုက နှာခေါင်းရှုံ့ပြီး ခေါင်းစ၊ ခြေအဆုံး ကြည့်လိုက်သည်။ “သူက ဘယ်သူလဲ။ ကျွန်မရဲ့ ဆရာမက သူ့ကို မသိပါဘူး။”
သူမက ပေကျင်းကနေ သူမရဲ့ ဆရာမနှင့် ထွက်လာတုန်းက ဆရာမမှာ မိသားစုလည်း မရှိသလို၊ ညီအကို၊ မောင်နှမလည်း မရှိဘူးဟု ပြောထားသည့်အတွက် သူမရဲ့ ဆရာမကို ရှာနေတဲ့ ဒီလူက ဘယ်သူများလဲ။
လန်ယွဲ့က ဘေးနားမှာ စကားပြောဖို့ လုပ်နေသည့် ချမ့်ယုကို ဆွဲခေါ်ပြီး ညှင်သာစွာ ပြောလိုက်သည်။ “ဒါက အဆင်ပြေပါတယ်။ ငါ့ကို မင်းပဲ ခေါ်သွားပါ။ သူ့ဆရာနဲ့ ငါ့ကြားမှာ နားလည်မှုလွဲနေတာတစ်ခု ရှိတယ်။ တကယ်လို့ မင်းက စိတ်ပူတယ်ဆိုလည်း မင်း ငါနဲ့နေပြီး ငါ့ကို စောင့်ကြည့်နေလို့ ရပါတယ်။ အဲ့လိုဆိုရင်ရော ဘယ်လိုလဲ။”
ချမ့်ယုက ရိုင်းတယ်ဟု သူက မထင်သလို ချမ့်ယုက အရမ်း စိတ်ရှုပ်ဖို့ကောင်းတယ်ဟုလည်း သူ မထင်ထားခဲ့ပါ။
တကယ်တမ်းမှာတော့ ချမ့်ရှုဖန်းမှာ ဒီလို သစ္စာရှိပြီး သူမ ဘဝရဲ့ အောက်ဆုံး အခြေအနေကို ရောက်နေခဲ့ချိန် သူမနှင့် အတူ တက်တက်ကြွကြွ ရှိနေပေးသည့် ကလေး တစ်ယောက် ရှိနေတာကိုပဲ ပျော်နေခဲ့သည်။
ချမ့်ယုက သူမရဲ့ ခေါင်းကို စောင်းပြီး ပြောလိုက်သည်။ 'ဒါဆိုလည်း ပြီးရောလေ။ '
သို့သော် ခနလေးအတွင်းမှာပဲ ချမ့်ယုက ထပ်ပြီး ပြန်လှည့်ကာ မေးလိုက်သည်။ 'အာ ရှင်က ငါ့ဆရာမကို ရွှေလက်စွပ် ပေးခဲ့တဲ့ တစ်ယောက်လား။ '
လန်ယွဲ့က တွေဝေသွားခဲ့သည်။ 'ဟုတ်တယ်'
ချမ့်ယုက 'အို့' ဟုပြောကာ အနည်းငယ် စိတ်ပျက်သည့် အပြုအမူဖြင့် ထိုလူနှင့်အတူ တောင်အောက်ခြေသို့ ခေါ်သွားခဲ့သည်။
ဒါတွေက ပြီးသွားခဲ့ပြီ ဖြစ်သည်။ တကယ်လို့ ရွှေလက်စွပ် ပိုင်ရှင် ရောက်လာခဲ့ရင် ဆရာမကလည်း သူနှင့်အတူ လိုက်သွားမှာ သေချာသည်။
ဝမ့်ယုံဖုက လူနှစ်ယောက်ကို လန်ယွဲ့ရဲ့ အနောက်ကို လိုက်သွားဖို့ စီစဥ်ပေးခဲ့သည်။
သူက ကားနားမှာ စောင့်နေခဲ့ပြီး လန်ယွဲ့သွားတာကို ကြည့်နေခဲ့သည်။
ထျန်းယိုဖုကလည်း ပျော်နေပုံ ရသည်။ “သွားကြရအောင်၊ ယုံဖု။ ကောင်မလေးရင်းနဲ့ တွေ့ဖို့ ငါ မင်းကို ခေါ်သွားမယ်။ ပြီးတော့ သူရော၊ သူ့အမျိုးသားရော ဒီမှာ ရှိနေတာမလို့။ ဪ ပြီးတော့ မင်းရဲ့ မြေးမလေးရောပဲ။”
ဝမ့်ယုံဖုက အရမ်းကို တက်ကြွနေသော်လည်း သူ့ရဲ့ ခေါင်းကို ခါပြခဲ့သည်။ “အကိုယိုဖု၊ ငါ ငါ့အကိုကြီး ဝမ့်ယုံရွှင်းနဲ့ သူ့သား ဝမ့်ယောင်ကျုံးအကြောင်း မေးချင်တယ်။ ဒီနှစ်ထဲမှာပဲ သူ့သားက လွတ်လာတယ်ဆိုတာ ဟုတ်လား။ အခုရော သူတို့ ဘယ်မှာ နေနေကြတာလဲ။”
“ငါ့မှာ သူ့တို့ကို ပြောစရာတစ်ခု ရှိလို့။”
အစတုန်းက ဝမ့်ယောင်ကျုံးကို ထောင်ခြောက်နှစ်ချဖို့ အပြစ်ဒဏ် ချထားခဲ့သော်လည်း သူက ဒီနှစ် နွေဦးမှာပဲ လွတ်လာခဲ့သည်။
ဝမ့်ရင်း တွေးထားသလိုပဲ ထိုဝမ်းကွဲမှာ သွားစရာ မရှိသည့်အတွက် သူလွတ်လာသည့်အခါ သူ့ရဲ့ အဖွဲ့ဆီကို တည့်တည့်မတ်မတ် ပြန်လာခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်က ဝမ့်ယုံရွှင်း ပြန်လာပြီးနောက် သူက တပ်မဟာထဲရှိ ပျက်စီးနေသည့် အိမ်တစ်လုံးမှာ အခြေချ နေထိုင်ခဲ့သည်။ နှစ်နှစ်ကျော် ကုန်ဆုံးသွားပြီးနောက် တပ်မဟာထဲရှိ ဘဝတွေက တိုးတက်လာပြီး သူကလည်း သူ့ရဲ့ မိသားစုကို ကျွေးမွေးလာနိုင်ခဲ့သည်။ သူတို့က မချမ်းသာသော်လည်း သူတို့က အငတ်နေရတာမျိုး မရှိသလို အေးခဲနေရတာမျိုးလည်း မရှိပါ။
သို့သော် ကိစ္စတွေက ဝမ့်ယောင်ကျုံး လွတ်လာသည့်အခါ ပြောင်းလဲသွားခဲ့သည်။ ဝမ့်ယောင်ကျုံးက ထောင်ထဲမှာ ခြောက်နှစ် နေခဲ့ရသည်။ သူပြန်လွတ်လာပြီးနောက် အပြင်မှာ အတော်လေး သတ္တိနည်းသော်လည်း သူ အိမ်ကို မပြန်လာခင်မှာလည်း သူ့အပြုအမူတွေကတော့ အလားတူပဲ ဖြစ်သည်။
သူက မိသားစုရဲ့ မျှော်လင့်ချက်တစ်ခုဟု ခံစားနေရဆဲဖြစ်ပြီး ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့က သူ့အပေါ် ဘယ်လောက်တောင် ကောင်းမလဲဆိုတာကို တွေးနေခဲ့သည်။
ဝမ့်ယောင်ကျုံး အိမ်ကို ရောက်လာသည့်အခါ သူသည် လယ်ထဲမှာလည်း ဘာအလုပ်မှ မလုပ်သလို၊ အိမ်မှာလည်း ဘာအိမ်အလုပ်မှ မလုပ်ဘဲနှင့် လှဲနေခဲ့သည်။
သိပ်မကြာခင်မှာပဲ ဝမ့်ယုံရွှင်းက သူ့သားအပေါ်မှာ ထပ်ပြီး စိတ်မရှည်တော့ပဲ အရင်တုန်းက သူ့သားအပေါ် မျှော်လင့်ချက် အများကြီး ထားထားခဲ့တာတွေကိုလည်း ဖြည့်ဆည်းပေးလိုက်ပြီး ဖြစ်သည်။
ဝမ့်ယောင်ကျုံးက မရောင့်မရဲ ဖြစ်လာတာတွေ များလာခဲ့ပြီး ဝမ့်ယုံရွှင်းက ဘေးနားရှိ အရာအားလုံးကို ပြောင်းလဲမယ့် သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကလည်း ပျောက်သွားခဲ့ပြီ ဖြစ်သည်။
သူ့ကို ထောက်ပံ့ပေးဖို့ ထိုပြောင်းလဲလို့ မရသည့်အရာကို မျှော်လင့်နေခဲ့ပြီး သူ့ကို ပြန်ပြီး ကူညီပေးဖို့ဆိုတာက အိပ်မက်သပ်သပ်သာ ဖြစ်သည်။
သို့သော် ဝမ့်ယောင်ကျုံးကတော့ အလုပ်မလုပ်ဘဲ သူက ဘာကို အလုပ်ရှုပ်နေရတာလဲ။
အဖြေကတော့ ထိုလူက သူလွတ်လာပြီးနောက် မိန်းမတစ်ယောက် ရှာချင်နေခဲ့တာ ဖြစ်သည်။
အခုဆိုရင် ဝမ့်ယောင်ကျုံးက သူ့ရဲ့ အသက် နှစ်ဆယ်ထဲ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူသည် တပ်မဟာထဲတွင် ထိုအသက်ရောက်တဲ့အထိ အိမ်ထောင်မကျသေးသည့် လူနည်းစုထဲက တစ်ယောက်သာ ဖြစ်ပြီး ဝမ့်ယောင်ကျုံးကလည်း အိမ်ထောင်ပြုချင်နေခဲ့ပြီ ဖြစ်သည်။
သို့သော် သူ့ရဲ့ ဂုဏ်သတင်းအရ ခုနှစ်ခုမြောက် တပ်မဟာထဲတွင် သူက ကောင်းမွန်သည့် ဘဝတစ်ခု ရှိနေခဲ့ရင်တောင် သူက သူနှင့်အတူနေမည့် ဇနီးတစ်ယောက်ကို ရှာနိုင်မည် မဟုတ်ပါ။
အစတုန်းက ဝမ့်ယုံဖုရဲ့ ဒေါသကို နှစ်သိမ့်ပေးမည့် မူလ ရည်ရွယ်ချက်နှင့်အတူ ဝမ့်ယောင်ကျုံး လွတ်ပြီးနောက် ဘာတွေ ဖြစ်လာခဲ့လဲဆိုတာကို ထျန်းယိုဖုက အကျဥ်းချုပ် ပြန်ပြောပြခဲ့သည်။
ထို့အပြင် သူတို့တွေက တစ်မိသားစုထဲမှ ညီအကိုတွေ ဖြစ်သည်။ ဝမ့်ရင်းက သူမရဲ့ ဒေါသကို ပြထားပြီး ဖြစ်သည်။ လွန်ခဲ့သော နှစ်တွေတုန်းက ရှုရွှမ်းနှင့် ဝမ့်ရင်းက သူတို့ဆီ အလည်လာဖို့တောင် ပြန်မလာဘဲ သူမက ဘာမေးခွန်း တစ်ခုမှတောင် မမေးခဲ့ပါ။ ရှုမိသားစုက ဝမ့်ရင်းကို ကောင်းကောင်း ဆက်ဆံသည်။ အခုဆိုရင် သူတို့က မြို့ကို ပြောင်းသွားခဲ့ကြပြီ ဖြစ်သည်။ ရှုရွှမ်းက တတိယအဆင့် စားဖိုမှူးတစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရပြီဆိုသည့် သတင်းကိုလည်း ကြားခဲ့ရသည်။ သူ့မှာ ကောင်းမွန်သည့် ဘဝတစ်ခု ရှိနေပုံ ရသည့်အတွက် ဘာလို့ ညီအစ်ကို နှစ်ယောက်က အိုးကွဲတစ်ခုလို နေနေရမှာလဲ။
ထျန်းယိုဖုက ပါးနပ်စွာ ပြန်ပြောခဲ့သည်။ “ယုံဖု၊ အခုဆို မင်းက တပ်သားတစ်ယောက်တောင် ဖြစ်နေပြီ။ ရင်းရဲ့ ဒီလုပ်ရပ်တွေ အားလုံးက အဲ့ကိစ္စတွေကို မေ့ဖို့ပဲ။ ဒီလူနှစ်ယောက် လူ့အဆင့်အတန်းထဲမှာ မရှိကြပေမယ့် သူတို့က သင်ခန်းစာတွေလည်း ရနေပြီးပါပြီကွာ။”
ဝမ့်ယုံဖုက နှာခေါင်းကို ရှုံ့လိုက်သည်။ “အစ်ကိုယုံဖု၊ မင်းပြောတာ မှန်ပါတယ်။ ဒါပေမယ့် အရင်ဆုံး ငါ ဝမ့်ယုံရွှင်းနဲ့ တွေ့ဖို့ လိုနေတုန်းပဲ။”
'ဒီအစ်ကိုအရင်းကို တွေ့ရမယ်။ သူ့ရဲ့ တစ်မိသားစုလုံးကို ရက်စက်ပြီး တစ်မိသားစုလုံးကို ဖျက်စီးပစ်ခဲ့တဲ့ ဒီအကိုကို တွေ့ချင်တယ်။ '
ထျန်းယို - “မင်းက ဘာလို့ ရင်းမိန်းကလေးကို အရင် သွားမတွေ့ရတာလဲ။”
ဝမ့်ယုံဖုက ရပ်ပြီး ပြောလိုက်သည်။ “တစ်မိနစ်လောက် စောင့်ပေးပါ။”
အခုချိန်မှာ သူက သူ့သမီးနှင့် တွေ့ဖို့အတွက် အရမ်းကို ရှက်နေခဲ့သည်။
သူ့ရဲ့ဘဝက တိုးတက်လာခဲ့ပြီး အထူးသဖြင့် လွန်ခဲ့သော နှစ်တွေတုန်းကမှ ခုနှစ်ခုမြောက် တပ်မဟာထဲမှာ အိမ်ပျက်တွေ များလာခဲ့ပြီ ဖြစ်သည်။ လူငယ်တွေရဲ့ မျိုးဆက်မှာ မိန်းမရှာဖို့အတွက် ဘာပြဿနာမှ မရှိဘဲ လးတွေက ပိုပိုပြီး တပ်မဟာကနေ ခွဲထွက်လာကြသည်။ အသစ် ဆောက်လုပ်ထားသော အိမ်တွေ အားလုံးက မြို့စွန်တွေမှာ တည်ရှိနေခဲ့ပြီး တောင်ဘက်မှာ ရှိနေသည့် အိမ်ဟောင်းတွေ အများကြီးကိုလည်း ရှင်းထုတ်ပြီး ဝတ်ရည်စုတ်ပန်းတွေ စိုက်ပျိုးဖို့ ပြန်ပြီး ရည်ရွယ်ခဲ့သည်။
ဝမ့်ယုံဖုက အဖွဲ့ခေါင်းဆောင်ရဲ့ အနောက်ကနေ လိုက်သွားခဲ့သည်။ ဝမ့်ယုံဖုက လူတွေကို သူ့အနောက်မှ မလိုက်ဖို့ ပြောခဲ့သည်။ လူအုပ်ထဲ ဝမ့်ရင်း မရှိနေတာကို တွေ့သည့်အခါ ထျန်းယိုဖုက ဝမ့်ရင်းကို ပြောဖို့အတွက် လူတစ်ယောက်ကို ပြောလိုက်သည်။
“အရင် သူ့ကို အိမ်ဆီ သွားခိုင်းလိုက်။ နောက်မှ ငါတို့ အဲ့ကို သွားကြမယ်။”
နှစ်များစွာ ကြာပြီးတော့မှာ လူအများရှေ့မှာ တစ်ယောက်ကို တစ်ယောက် ပြန်တွေ့ဖို့ဆိုတာ အဖေရော၊ သမီးရောအတွက် မကောင်းပါ။