အခန်း (၂၄၃-၂၄၄)
Vol. 21 Ch. 243-244
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၄၃
ဝမ့်ယုံဖုက အိမ်ပျက်ကြီး တစ်အိမ်နား ရောက်တဲ့အထိ လမ်းလျှောက်သွားပြီး ရပ်လိုက်သည်။
ငါကြားတာကတော့ ချောင်းဆိုးသံနဲ့ လူနှစ်ယောက် အပြန်အလှန် စကားတွေ ပြောနေတဲ့ အသံတွေပဲ။
“အဖိုးကြီး၊ ခဗျား ဒီကနေ ထွက်သွားပြီးမှ ချောင်းဆိုးလို့ မရဘူးလား။ သေစမ်း၊ ခဗျားက ဘာလို့ မီးဖိုချောင်မှာ လာပြီး ချောင်းဆိုးနေရတာလဲ။”
“ဒါက ငါ့အိမ်၊ တကယ်လို့ မင်းမနေချင်ဘူးဆိုရင် ထွက်သွား။”
“ငါ့ကို ထွက်သွားဖို့ ဘယ်သူကများ လာပြောနေတာလဲ။ သေစမ်းကွာ။ ခဗျားလို ကျုပ်နဲ့ လာပြီး ပတ်သက်နေတဲ့ အရူးတစ်ယောက်ကြောင့်သာ မဟုတ်ဘူးဆိုရင် ကျုပ်က အခုချိန် ဘယ်လိုလုပ် လက်မထပ်နိုင်ဘဲ နေမှာလဲ။”
“မင်းက လက်ထပ်ဖို့ကို စိတ်ကူးယဥ်နေတာပဲ။ မင်းက ဘာမကောင်းတာတွေ လုပ်ဦးမလို့လဲ။”
“မင်းက ရိုက်ခံရအောင် လုပ်နေတာလား။ မင်းလို စိတ်ပျက်စရာ လူတစ်ယောက်ကြောင့်သာ မဟုတ်ရင်၊ မင်းသာ ဝမ့်ရင်းကို ဆန့်ကျင်ဖို့ အကြံတွေ မလုပ်ခဲ့ရငိ ငါတို့ မိသားစုလည်း အခုလို နေရမှာ မဟုတ်ဘူးကွ။ အခု သူကတော့ မြို့ကို ရောက်သွားပြီ။ ငါတို့မိသားစုက သူ့နားတောင် မကပ်နိုင်တော့ဘူး။”
“ငါက ဒါကို ဘယ်သူ့အတွက် လုပ်ပေးရမှာလဲ။ ငါက မင်းအတွက် လုပ်ပေးမှာ မဟုတ်ဘူး။”
ဝမ့်ယုံဖုက အဖေနှင့် သားကြားက တစ်ယောက်က လူကြီး၊ တစ်ယောက်က လူငယ်တို့က အချင်းချင်း အပြစ်တင်လိုက်၊ ကျိန်ဆဲလိုက် လုပ်နေတာကို နားထောင်နေထဲ့သည်။
ထျန်းယိုဖုက သက်ပြင်းချလိုက်သည်။ “ယုံဖု၊ ကြည့်ရုံပဲ ကြည့်လိုက်ပါ။”
တကယ်လို့ ဘယ်သူကမှ ဂရုမစိုက်ရင်တောင် ဒီလို ပစ္စည်းတွေကို စျေးကွက်ထဲ တင်မှာ မဟုတ်ဘူး။ အဲ့ဒါတွေက ပုပ်သွားမှာပဲလေ။
ဝမ့်ယုံဖုက အဲ့လို မထင်ခဲ့ပါ။ သူက အရှေ့ကို သွားပြီး တဲတဲလေး ဖြစ်နေသည့် သစ်သားတံခါးကို ကန်ပြီး ဖွင့်လိုက်သည်။ အသံကျယ်ကြီး တစ်သံဖြင့် တံခါးရဲ့ ပတ္တာက ပြုတ်သွားပြီး တံခါးတစ်ခုလုံးက မြေပေါ်ကို ကျသွားကာ ဖုန်ထသွားခဲ့သည်။
ဝမ့်ယောင်ကျုံးနှင့် ဝမ့်ယုံရွှင်းက ချက်ချင်းဆိုသလိုပဲ သူ့ကို မဆူခဲ့ကြပါ။ ပြန်မွေးဖွားလာသည့် အချိန်တွေ အတော်ကြာပြီးနောက် နှစ်ယောက်လုံးက လန့်သွားခဲ့ကြသည်။
စစ်ဝတ်စုံနှင့် လူတစ်ယောက်က ဖုန်တွေကြားထဲ ရပ်နေတာကို ဝမ့်ယုံရွှင်းက မြင်သည့်အခါ သူ့ရဲ့ မျက်လုံးတွေ ပြူးသွားခဲ့သည်။
“မင်း၊ မင်း၊ မင်းက ယုံဖုပဲ။”
ဝမ့်ယုံရွှင်းက အရမ်းကို ကြောက်နေသည့်အတွက် သူ့ရဲ့ ခြေထောက်တွေက တုန်လှုပ်နေခဲ့ပြီး ဒူးတွေဟာလည်း လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
“ယုံဖု… ယုံဖု၊ မင်း မသေသေးဘူးပဲ။ ယုံဖု။”
ဝမ့်ယုံဖုက သူ့ရဲ့ ဦးထုပ်နှင့် အင်္ကျီကို ချွတ်ပြီး ထျန်းယိုဖုထံ ပစ်ပေးလိုက်သည်။
ဝမ့်ယုံဖုက အရှေ့ကို မြန်မြန် လျှောက်သွားပြီး ဝမ့်ယုံရွှင်းရဲ့ အင်္ကျီ လည်ပင်းအစကို ဆွဲလိုက်သည်။
“ညီလေး၊ ငါ မင်းကို မတွေ့ရတာ နှစ်တွေတောင် တော်တော်ကြာသွားပြီ။”
သူကတော့ တည်ငြိမ်နေဆဲ ဖြစ်ကာ “မတွေ့တာ ကြာပြီ။”ဟု ပြောလိုက်သည်။ သို့သော် သူ့ရဲ့ လက်တွေက မြန်ပြီး ပြတ်သားသည်။ သူက ဝမ့်ယုံရွှင်းရဲ့ မျက်နှာကို ထိုးလိုက်သည်။
ထိုးသံ၊ ရိုက်သံတွေရဲ့ အသံတွေဖြင့် ဝမ့်ယုံဖုက ဘာစကားမှ မပြောဘဲ ဝမ့်ယုံရွှင်းကို သေလုနီးပါး ရိုက်ခဲ့သည်။
အစပိုင်းမှာတော့ ဝမ့်ယုံရွှင်းက အရိုက်ခံရင်း သူ့ညီရဲ့ နာမည်ကို ခေါ်ပြီး သူ့အမှားကို သိပါပြီဟု ပြောနေခဲ့သည်။ သို့သော် သိပ်မကြာခင်မှာပဲ သူက အနည်းငယ် ဂရုမစိုက်တော့ပါ။ အကြောင်းမှာ သူက မလုပ်ချင်တော့လို့ မဟုတ်ဘဲ သူ့ရဲ့ မျက်နှာက ဖူးယောင်ပြီး စကားတစ်ခွန်းကိုတောင် ပြီးအောင် မပြောနိုင်တော့လို့ ဖြစ်သည်။
ဝမ့်ယောင်ကျုံးက ဘေးနားမှာ ကပ်နေပြီး တုန်လှုပ်နေခဲ့သည်။
အခုလေးတင် သူက သူ့အဖေ သူ့နာမည်ကို ခေါ်နေသံကို ကြားလိုက်ရပြီး လူမသိအောင် ဝမ်းသာနေခဲ့သည်။
သူက ဝမ့်ရင်းကို စော်ကားခဲ့ရင်တောင် သူ့ရဲ့ ဒုတိယ ဦးလေးက ရောက်လာသည့်အတွက် အခုကနေစပြီး မိသားစုကို တာဝန်ယူဖို့ သူ့အပေါ် မှီခိုနိုင်မှာလား။
ထို့နောက် ဝမ့်ယုံဖုက ဒါဟာ မဖြစ်နိုင်ဘူးဟု ပြောဖို့ သူ့ရဲ့ လက်သီးကို အသုံးပြုခဲ့သည်။
ဝမ့်ယောင်ကျုံးရဲ့ လက်တွေက တုန်လှုပ်နေကြီး သူက ထွက်ပြေးချင်နေခဲ့သည်။
သူမှားသွားပြီဟု ခံစားမိခဲ့သည်။ 'ဝမ့်ရင်းကို အနိုင်ကျင့်တာတွေ အားလုံးက သူ့အဖေရဲ့ အကြံတွေ မဟုတ်ဘူးလား။ အဲ့ဒါကို ဘယ်လိုလုပ် သူ့အပေါ်မှာ အပြစ်တင်နိုင်ရမှာလဲ။ '
'သူ့ရဲ့ ဒုတိယ ဦးလေးက တကယ်ကို ရက်စက်သည်။ သူ့ရဲ့ အဖေက အရမ်း အသက်ကြီးနေတာတောင် သူက သူ့အဖေကို ရိုက်နေခဲ့သည်။ ဝမ့်ယုံဖုက သူ့ကိုရော ရိုက်ဦးမှာလား။ '
ဝမ့်ယောင်ကျုံးက ထွက်ပြေးချင်နေခဲ့သော်လည်း ဝမ့်ယုံဖုက သူ့ကို ခွင့်မပြုခဲ့ပါ။
သူက မူးနေသည့် ဝမ့်ယုံရွှင်းကို မြေပေါ်သို့ ပစ်ချပြီး ဝမ့်ယောင်ကျုံးကို တားဖို့အတွင် အရှေ့ကို ခြေလှမ်းတွေ လှမ်းသွားခဲ့သည်။
ဝမ့်ယောင်ကျုံးက အရမ်းတွေ ကြောက်လွန်းလို့ သူ့ရဲ့ ဘောင်းဘီထဲ သေးထွက်ကျတော့မလိုတောင် ဖြစ်နေခဲ့သည်။ သူက တုန်လှုပ်နေခဲ့ပြီး သူ့ကိုယ်သူ ခုခံခဲ့သည်။ “ဒုတိယဦးလေး၊ အမှားတွေ အားလုံးမှာ အဲ့ဒါရဲ့ ကျူးလွန်တဲ့သူတွေကိုယ်စီ ရှိတယ်လေ။ ဒါက ကျွန်တော့်ရဲ့ အမှားတွေ မဟုတ်ပါဘူး။ ကြည့်ပါဦး။ ဒီမှာ ကျွန်တော့်ရဲ့ အဖေက ရှိနေတာ။ ပြီးတော့ ကျွန်တော့်ရဲ့ အမေရောပဲ။ အဲ့တုန်းက ကျွန်တော့်ရဲ့ အမေက ဝမ့်ရင်းကို အနိုင်ကျင့်ရတာ ကြိုက်တာ။ သူ့ကို သွားရှာပါ။ သူက ဘေးနားက တပ်မဟာထဲမှာ ရှိတယ်။ ကျွန်တော် သူ့ဆီ ခေါ်သွားပေးမယ်။”
ထျန်းယိုဖုက သူ့ရဲ့ နားတွေကို ပိတ်ထားချင်ခဲ့သည်။
'ဒါကို သားတစ်ယောက်လို့ ခေါ်လို့ရသေးတာလား။ ဝက်မွေးတာကမှ ဒါထက် ပိုကောင်းသေးတယ်။ '
ဝမ့်ယောင်ကျုံးက သူ့ရဲ့ တာဝန်တွေ အားလုံးကို အခြားသူတွေထံ လွှဲချခဲ့သည်။ သူ အစော်ကားဆုံး လူတွေက သူ့ရဲ့ မိဘတွေ ဖြစ်နေခဲ့သည်။
ဝမ့်ရင်းအတွက်ကတော့ သူက သူမကို အပြစ်မတင်ရဲပါ။ ကွာခြားချက်က အရမ်းကို ကြီးမားပြီး သူ့မှာ သတ္တိလည်း မရှိနေခဲ့ပါ။
ဝမ့်ယောင်ကျုံးက လီချွမ်းကျင်အကြောင်းကို ပြောခဲ့သည်။ အကြောင်းမှာ သူက ဒီရက်စက်လွန်းတဲ့ ဒုတိယ ဦးလေးကို ဆွပေးချင်နေခဲ့သည်။
တကယ်တမ်းမှာတော့ သူလွတ်လာကတည်းက သူသည် လီချွမ်းကျင်ကို လိုက်ရှာနေခဲ့သည်။ သူ့အဖေက ငတုံး တစ်ယောက်သာ ဖြစ်ပြီး သူ့လုပ်ချင်သည့် အလုပ်ကိုဆို လုပ်ပေးတာ ရှားသည်။ တပ်မဟာက သူ့ကို လုပ်ခရမှတ် အနည်းငယ် ပေးသော်လည်း သူတို့က အမြဲတမ်း အနည်းဆုံး ရာခိုင်နှုန်း တစ်ခုပေါ်သာ အခြေခံသည်။ သူက လက်ထပ်ချင်နေခဲ့သော်လည်း သူ့အဖေရဲ့ မလောက်ငှသော လုပ်ခ ရမှတ်တွေက မလုံလောက်ပါ။ ထို့ကြောင့် ဝမ့်ယောင်ကျုံးရဲ့ ပထမဆုံး လုပ်ရမှာက လီချွမ်းကျင်ကို ရှာဖို့သာ ဖြစ်သည်။
သူက ဝမ့်ယောင်ကျုံးနှင့် လီချွမ်းကျင်တို့ နှစ်ယောက်လုံးဆီမှာ အကြွေးတင်နေခဲ့သည်။
သူက အဲ့ဒါကို အလျော်မပေးသင့်ဘူးလား။
ဒီလူကြီး နှစ်ယောက်လုံးက ရိုးကျိုးသင့်ရုံသာ ဖြစ်ပြီး သူတို့ သေတဲ့အထိ အလုပ်တွေ လုပ်ရမည် ဖြစ်သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူက ဘယ်လိုလုပ်ပြီး ဇနီးတစ်ယောက် ရနိုင်မှာလဲ။ ဇနီးတစ်ယောက် မရှိဘဲနဲ့ ဝမ့်မိသားစုရဲ့ စိတ်ပျက်စရာ ကိစ္စတွေနှင့် သူ့ရဲ့ ခေါင်းပေါ် ပုံချတော့မှာလား။
ရလဒ်အနေဖြင့် ဝမ့်ယောင်ကျုံးက လီချွမ်းကျင်ကို ရှာဖို့ ထွက်သွားခဲ့သော်လည်း သူ တံခါးကို မဝင်လာခင်မှာပဲ သူက အရိုက်ခံခဲ့ရသည်။
လီချွမ်းကျင်သည် သူမရဲ့ မိဘတွေ စီစဥ်ပေးထားသည့် မုဆိုးဖို တစ်ယောက်နှင့် အိမ်ထောင်ကျသွားခဲ့သည်။ ထိုလူမှာ သားလေးယောက် ရှိသည်။ သူတို့မှာ သားတွေ လုံလုံလောက်လောက် ရှိနေသော်လည်း အိမ်မှာ အလုပ် လုပ်ဖို့အတွက် လူတစ်ယောက်တော့ လိုနေဆဲ ဖြစ်သည်။
လီချွမ်းကျင်ရဲ့ ဘဝသည် သေပြီးရင်တောင် သူမက မလွယ်သလို၊ ခက်လည်း မခက်ခဲပါ။ သူမက လုပ်ခ ရမှတ်တွေ ရဖို့အတွက် လယ်ထဲရှိ အလုပ်ကို အကြာကြီး မှီခိုလို့ မရပါ။ သို့သော် သူမရဲ့ ဘဝကလည်း ခက်ခဲသည့်အတွက် သူမက အိမ်မှာ အရာအားလုံးကို ဂရုစိုက်ရမည် ဖြစ်သည်။
မိထွေးတစ်ယောက် ဖြစ်ရတာက တော်တော်လေးကို ခက်ခဲသည်။ လင်ပါသားတွေ အများကြီး ပါတဲ့သူကို လက်ထပ်ပြီးနောက် မိထွေးတစ်ယောက် ဖြစ်ရတာက ပိုပြီးတောင် ခက်ခဲသည်။ တစ်နေ့လုံး လီချွမ်းကျင်က အိမ်မှာပဲ အချိန်တွေ ကုန်နေခဲ့သည်။ သူမသည် ဝမ့်ယောင်ကျုံး လွတ်သွားပြီဆိုတာကို မသိနေရုံသာမက ဝမ့်ယုံရွှင်း လွတ်နေပြီဆိုတာကိုတောင် မသိခဲ့ပါ။
ဝမ့်ယောင်ကျုံးက အိမ်ကို ရောက်သွားခဲ့ပြီး လီချွမ်းကျင်ရဲ့ ယောက်ျား ရိုက်တာကိုပါ ခံခဲ့ရသည်။ သူက သူ့ရဲ့ လာရင်း ရည်ရွယ်ချက်ကိုတောင် မပြောပြခဲ့ရပါ။
ဝမ့်ယောင်ကျုံးသည် ဒါက လီချွမ်းကျင်ရဲ့ ရည်ရွယ်ချက်လား ဆိုတာကိုတောင် မသိသည့်အတွက် သူက လီချွမ်းကျင်ကိုသာ အပြစ်တင်နိုင်ခဲ့သည်။
“ဒုတိယဦးလေး ကျွန်တော့်ကို ယုံပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနစ်နှစ်လောက်တုန်းက ကျွန်တော်လည်း ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်လောက်ပဲ ရှိသေးတာဆိုတော့ တကယ်ကို ကျွန်တော် အစ်မရင်းကို အနိုင်မကျင့်ခဲ့တာပါ။ ကျွန်တော့်ရဲ့ အမေကိုပဲ သွားရှာလိုက်ပါ။ ဒါတွေ အားလုံးက သူ့အမှားတွေပဲ။ ဝမ့်ရင်းကို အိမ်အလုပ်တွေ လုပ်ဖို့အတွက် ဖိအားပေးခဲ့တာ။ သူ့ရဲ့ ပိုက်ဆံတွေကို ခိုးဖို့အတွက်နဲ့ သူရဲကောင်း ကလေးရဲ့ မွေးစာရင်းကိုတောင် အသုံးချခဲ့သေးတာ။ နောက်ပိုင်း အမေက သူ့အတွက် ဒုတိယအိမ်ထောင် တစ်ခုကို စီစဥ်ဖို့ ကြိုးစားခဲ့သေးတယ်။ သူ့ကို လက်ထပ်ခိုင်းပြီး မိထွေး တစ်ယောက် ဖြစ်စေချင်နေတာ။”
ဝမ့်ယောင်ကျုံးက ရိုက်ခံရမှာ ကြောက်သည့်အတွက် သူက အကုန်လုံး ထုတ်ပြောခဲ့သည်။
“ပြီးတော့ ငါ့အဖေ။ ငါ့အဖေက ဒေါ်လေး ထားခဲ့တဲ့ ယွမ်ငါးရာကိုလည်း ခိုးထားတာ။”
“ဦးလေး၊ ကျွန်တော် တကယ် ဘာမှ မလုပ်ခဲ့မိပါဘူး။”
သူက ကောင်းတဲ့အရာတွေလည်း ဘာကိုမှ မလုပ်ခဲ့တာ သေချာသော်လည်း သူက ဝမ့်ရင်းကို ဆန့်ကျင်တဲ့ ဘယ်အရာကိုမှ တကယ် မလုပ်ခဲ့ပါ။
ဝမ့်ယုံရွှင်းက မြေပေါ်မှာ လဲနေပြီး သူအပြစ်တင်ခဲ့သည့် ဝက်လိုကောင် ပြောသမျှကို နားထောင်ရင်း အတော်ကို ဒေါသထွက်ကာ သွေးတွေတောင် အန်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။
“မင်းက ခွေးမသားပဲ။”
ဝမ့်ယုံရွှင်းက ပြေးဝင်လာခဲ့သည်။ “မင်းက ခွေးမသား။ မင်းက တစ်မိသားစုလုံးကို ရှင်းပစ်ချင်နေတာပဲ။ ဒေါ်လေး ဆုံးသွားရင် ဝမ့်မိသားစုထဲမှာရှိတဲ့ ပစ္စည်းတွေ အားလုံးက မင်းအပိုင်ဆိုပြီး မင်းပဲ ပြောခဲ့တာလေ။ တကယ်လို့ ဦးလေးငယ် အသက်ရှင်နေသေးရင်တောင် သူက မင်းကို ဦးချနေရမှာဆို။”
ဝမ့်ယောင်ကျုံးက ပြောလေလေ၊ သူ့ရဲ့ အတွေးတွေက ပိုပြီး မှန်လာလေဟု ခံစားခဲ့ရသည်။ တကယ်လို့ သူ့ရဲ့ အဖေက သူ့ရဲ့ နားနားကို ဆက်ပြီး တီးတိုးမပြောခဲ့ရင် သူက အဲ့လိုမျိုး မတွေးမှာ သေချာသည်။
အဲ့တော့ သူ့ကို အပြစ်တင်လိုက်။
ဝမ့်ယုံဖုက အဖေနှင့်သား တစ်ယောက်ကို တစ်ယောက် ကိုက်နေတာကို ကြည့်ပြီး ဝမ့်ယောင်ကျုံးက ဝမ့်ယုံရွှင်းကို နှစ်ခါလောက် ပြေးကန်လိုက်သည်။
“ဦးလေး၊ ဒါက သူ့ရဲ့ အမှားတွေပဲ။ ဒါတွေ အားလုံးက ကျုပ်မိဘတွေရဲ့ အမှားပဲ။ အို့၊ ပြီးတော့ ကျုပ်ရဲ့ အစ်မလည်း ပါတယ်။ ဒုတိယအစ်မကလည်း ဝမ့်ရင်းကို အရင်က အနိုင်ကျင့်သေးတယ်။”
“ယုံဖု၊ ငါ မှားသွားပါတယ်။ ဒါပေမယ့် ငါက အဲ့လောက် မဆိုးပါဘူး။ ငါ ရင်းမိန်းကလေးအပေါ်မှာ အဲ့လိုတွေ လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ငါက ယောင်ကျုံးအတွက် တွေးမိနေရုံပါ။ တကယ်လို့ သူက ဒီလိုတွေ ဖြစ်မှာကို ငါ သိနေခဲ့ရင် ငါသူ့ကို ရေနှစ်သတ်မိရင်း သတ်မိမှာ။”
ဝမ့်ယုံဖုက ကျိုးအက်သံ ကြားသည်အထိ သူ့ရဲ့ လက်သီးကို ဆုတ်ထားပြီး မြေပေါ်ရှိ ပွစိပွစိ လုပ်နေသော ဝမ့်ယောင်ကျုံးကို ကန်လိုက်သည်။
သူက အရှေ့ကို သွားပြီး မြေပေါ်ရှိ ဝမ့်ယုံရွှင်းကို မလိုက်သည်။
“အစ်ကို၊ မင်းက ငါ့ရဲ့ စစ်မှန်တဲ့ အစ်ကိုကောင်း တစ်ယောက်ပဲ။ ငါ စစ်မှုထမ်းဖို့ ထွက်သွားတုန်းက မင်း ပြောခဲ့တာကို မှန်မိသေးလား။”
“အိမ်မှာ မင်းသွားရင် မင်းကို ကူညီပေးဖို့ ငါ့ကို ပြောတာ မင်း မှတ်မိသေးလား။ ငါ့ရဲ့ မိန်းမနဲ့ ကလေးတွေကို ကူပြီး စောင့်ရှောက်ပေးဖို့ မင်းပြောခဲ့တယ်လေ။ အကိုကြီး တစ်ယောက်အနေနဲ့ မင်းက ငတ်ပြီး သေရင်တောင် ဝမ့်ရင်းနဲ့ သူ့အမေကို ဂရုစိုက်ပါ့မယ်လို့ ပြောသေးတယ်လေ။”
“မင်းက အာချောင်နေတာပဲ၊ ဟုတ်တယ်မလား။”
“မင်း ငါ့ကို ဂရုမစိုက်စေချင်ပေမယ့် ငါတို့ မိသားစုမှာ စားဖို့နဲ့ သွားဖို့တွေလည်း ရှိသေးတယ်မလား။”
“မင်းက လူရော ဟုတ်သေးရဲ့လား။”
“ငါ့သမီးက မယားငယ် လုပ်ဖို့ လက်ထပ်ရမယ်လို့တောင် မင်း ပြောသေးတယ်နော်။ အဲ့ဒါကို မင်းက သူ့ကို ဘာမှ လုပ်ချင်စိတ် မရှိဘူးလို့တောင် ပြောနေသေးတယ်။”
“မင်းတို့ တစ်မိသားစုလုံးလည်း အဲ့ဒါနဲ့ တန်တယ်။ အခု မင်းမိန်းမက မိထွေးတစ်ယောက် ဖြစ်နေပြီ။ ပြီးတော့ မင်းသားက ပညာလည်း မတတ်သလို၊ ဘာအရည်ချင်းမှ မရှိနေဘူး။ မင်းမှာက သူတို့ လိုချင်တာတောင် ဘာမှ မရှိတော့ဘူး။ ဒါက ဝဋ်လည်တာပဲ။”
ဝမ့်ယုံရွှင်းက ထိုအကြောင်းကို ဘယ်တုန်းကမှ မတွေးမိခဲ့ပါ။ ထိုလွန်ခဲ့သော နှစ်တွေမှာ သူက ခက်ခဲတဲ့ အချိန်တစ်ခုကို ကျော်ဖြတ်ခဲ့ရသော်လည်း သူက ကံဆိုးတယ်ဟုသာ သူ့ကိုယ်သူ အမြဲတမ်း တွေးနေခဲ့သည်။ သို့သော် အခုဆိုရင် ဝမ့်ယိုဖုက သူ့ကို “ဝဋ်” ဆိုသည့် အရာနှင့် ဆက်တိုက် ပြောနေသည့်အခါ သူက လုံးဝကို မှင်သက်သွားခဲ့သည်။
ဒါက တကယ်ကို ဝဋ်တဲ့လား။
လီချွမ်းကျင်က ဝမ့်ရင်းကို ကလေးတွေပါတဲ့ ယောက်ျား တစ်ယောက်နဲ့ လက်ထပ်ဖို့ တွန်းအားပေးခဲ့ပေမယ့် နောက်ဆုံးတော့ သူမက ကလေး လေးယောက်ရဲ့ မိထွေးတစ်ယောက် ဖြစ်လာခဲ့သည်။
ဝမ့်ယောင်ကျုံးက မိသားစုရဲ့ အကျိုးနှင့် အဓိက အရာတွေကို ယူဖို့ ထိုလင်မယားအပေါ် မှီခိုနေခဲ့သည်။ သို့သော် နောက်ဆုံးမှာတော့ သူ့ဆီကနေ ထိုအရာတွေ အားလုံးက ဆုံးရှုံးသွားခဲ့ရသည်။
သို့သော် သူကိုယ်တိုင်မှာက သူလိုချင်သည့် ပုံစံနှင့် သိက္ခာမျိုး မရှိနေခဲ့ပါ။ သူ့ရဲ့ ကလေးတွေက ရည်မှန်းချက် မရှိဘဲ သူ့မိန်းမနှင့်လည်း ကွဲသွားပြီ ဖြစ်သလို မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးလည်း မရှိတော့ပြီ ဖြစ်ကာ အခုဆိုရင် သူက အသက်ရလာပြီး သူ့မှာ မှီခိုစရာ ဘယ်သူမှ ရှိမနေခဲ့ပါ။
ဝမ့်ယုံရွှင်းက သူ့ရဲ့ ညီလေးကို တွေဝေစွာဖြင့် ငေးကြည့်နေခဲ့သည်။ သူကလည်း အသက်ကြီးနေပြီ ဖြစ်သော်လည်း သူက ဖြောင့်မတ်ပြီး သန်မာတဲ့ ခန္ဓာကိုယ် တစ်ခု ရှိနေခဲ့သည်။ သူကိုယ်တိုင်က လုံးဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူက နှစ်ငါးဆယ်လောက် စီစဥ်နေခဲ့သော်လည်း နောက်ဆုံးမှာတော့ ဘာကိုမှ မရခဲ့ပါ။
သူ့အစီအစဥ်တွေကို ဆန့်ကျင်သည့် လူတွေ အားလုံးက ပိုကောင်းလာသော်လည်း သူနှင့် သူ့သားက ဒီပြဿနာထဲမှာ ရှိနေဆဲ ဖြစ်သည်။
သူအများကြီး ဂုဏ်ယူခဲ့ရသည့် သူ့သားက သူ့ညီရဲ့ သမီးကို လုံးဝ အရှုံးပေးလိုက်ရသည်။ ကောင်မလေး ဝမ့်ရင်းကလည်း ကောင်းမွန်တဲ့ မိသားစုနှင့် လက်ထပ်ဖို့ အနည်းငယ် စီစဥ်ပြီး မြို့ကို ပြောင်းသွားကာ သူမကိုယ်တိုင် ဂုဏ်သိက္ခာ တစ်ခုကိုတောင် ရခဲ့သည်။
သူကိုယ်တိုင်ကရော ဘယ်လိုလဲ။
ဝမ့်ယုံရွှင်းရဲ့ တိုက်ခိုက်ချင်သည့် စိတ်တွေက ပျောက်သွားခဲ့ပြီဖြစ်ကာ သူက အတော်လေး စိတ်ဓာတ်ကျသွားသည့်အတွက် သူ့ခေါင်းကိုတောင် မထောင်နိုင်တော့ပါ။
ဝမ့်ယုံဖုက ဝမ့်ယောင်ကျုံးကို အနည်းငယ် ကန်ပြီး သူ့ကို အော်အောင် လုပ်ခဲ့သည်။
“ဒီစကားကို မှတ်ထား။ ဒီဘဝမှာ ငါမင်းတို့ နှစ်ယောက်ကို ထပ်ပြီး မမြင်ချင်တော့ဘူး။ ငါ့မှာ မင်းလို အစ်ကိုမျိုး နောက်ထပ် ရှိတော့မှာ မဟုတ်ဘူး။ ငါ အိမ်ကို ရောက်ရင် ငါ့မိဘတွေရဲ့ အုတ်ဂူကို ရွှေ့ပေးမယ်။ ငါ မင်းတို့ နှစ်ကောင်ကို တွေ့တိုင်း ရိုက်ပစ်မယ်။”
ဝမ့်ယုံဖုက ထွက်သွားပြီး ဝမ့်ယောင်ကျုံးက ရပ်ပြီး ငိုနေခဲ့သည်။
အိမ်ထဲမှာ ခနလောက် ပုန်းပြီး နောက်ဆုံးမှာတော့ သူ့ဦးလေးငယ်က အိမ်ကို ပြန်လာမှာ မဟုတ်ဘူးဆိုတာ အတည်ပြုလိုက်ပြီ။
ဝမ့်ယောင်ကျုံးက မြေပေါ်မှာ ဝက်သေတစ်ကောင်လို လဲနေသည့် သူ့အဖေကို ပြောလိုက်သည်။ “အဖိုးကြီး၊ ထပြီး ကျုပ်အတွက် စားဖို့ ချက်ပေးဦး။”
ဘာသိက္ခာလဲ။ သူ့မှာ အဲ့လိုအရာတွေ မရှိပါ။ ဝမ့်ယောင်ကျုံးက စိတ်မဝင်စားသည့်ပုံစံဖြင့် ပုခုံကို တွန့်ပြပြီး သူက ဝမ့်ယုံရွှင်းလောက် ပြင်းပြင်းထန်ထန် မရိုက်ခံရတာကို ဝမ်းသာနေခဲ့သည်။
ဝမ့်ယုံရွှင်းက မူးဝေနေခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုတွေ အားလုံးကို သည်းခံနေခဲ့သည်။
မီးဖိုချောင်ထဲမှာ ရေနွေးငွေ့တွေဖြင့် ပြည့်နေခဲ့ပြီး သူ့ရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေနှင့် ပြည့်နေခဲ့သည်။
ဒါက ဝဋ်လည်တာပဲ။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၄၄
ထိုအချိန်မှာ ခန့်ညားသည့် ယောက်ျားတစ်ယောက်က စိတ်ရှုပ်နေသည့် ပုံစံဖြင့် ကျိုးပဲ့နေသော သစ်သားတံခါးမှ တွန်းဝင်လာခဲ့သည်။
ချမ့်ရှုဖန်းက မော့မကြည့်ဘဲ ချည်ပန်းထိုးနေခဲ့သည်။ “ရှောင်ယု၊ နင်ပြန်လာပြီလား။ အိုးထဲမှာ လျှော်ရွက်တွေ ရှိတယ်။ စောနလေးတင် မိုင်မောင့်က ယူလာတာ။ နင့်ကိုယ်နင်လည်း ကြည့်ပါဦး။ အရွယ်ရောက်တဲ့ မိန်းကလေးတစ်ယောက်တောင် ဖြစ်နေပြီလေ။ အမြဲတမ်း အရမ်း သူရဲကောင်းဆန်ဖို့ပဲ ကြိုးစားမနေနဲ့။ အဝတ်တွေကိုလည်း ကြည့်ဦး။ ဒူးမှာ ပြဲနေတဲ့ အပေါက်တွေက ပြန်ချုပ်ဖို့ ခက်တယ်။ ငါ နင့်အတွက် ပန်းပုံလေး ချည်ထိုးပေးမယ်။ တကယ်လို့ နင် အဲ့ဒါကို ထပ်ဖြဲရင် အဲ့ဒါကို နင်ကိုယ်တိုင် ချည်ထိုးဖို့ ငါတွန်းအားပေးမှာ။”
ချမ့်ရှုဖန်းက အပ်ချည်ကို ကိုက်ပြီး အဝတ်ကို ခါလိုက်သည်။ “ဒီကိုလာပြီး ဒါကို စမ်းဝတ်ကြည့်….”
ရုတ်တရက်ဆိုသလို အသံက ပြတ်သွားပြီး ချမ့်ရှုဖန်းက တွေဝေပြီး အဲ့နေရာမှာ ရပ်နေခဲ့သည်။
လန်ယွဲ့က ညှင်သာစွာ ပြောလိုက်သည်။ “ရှုဖန်း ငါပြန်လာပြီ။”
......
ထျန်းရှင်းဟွာရဲ့ မင်္ဂလာပွဲကို တက်ပြီးနောက် ဝမ့်ရင်းနှင့် ရှုရွှမ်းက သူတို့ရဲ့ သမီးလေးကို ခေါ်ပြီး အိမ်ကို အရင် ပြန်လာခဲ့သည်။ အကြောင်းမှာ ထောင်ထောင်က ယုန်တွေကို ကြည့်ဖို့အတွက် အိမ်ကိုပြန်ရင် အတင်းတွေ ပြောနေခဲ့သည်။
လွန်ခဲ့သော နှစ်တွေတုန်းက သူတို့သည် မြို့မှာနေပြီး ကျေးလက်ရှိ အိမ်က လူမရှိ ဖြစ်နေခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုက တကယ်လို့ အိမ်ထဲမှာ ဘယ်သူမှ မနေဘူးဆိုရင် အိမ်က ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူမက ထုံးစံအတိုင်း ထျန်းယိုဖုနှင့် ဆွေးနွေးခဲ့သည်။ လွန်ခဲ့သော နှစ်တွေမှာ ပညာတတ် လူငယ်တွေ အဲ့ကို အများကြီး ရောက်လာပြီး သိပ်မကြာခင်မှာပဲ သူတို့တွေ ထိုနေရာမှာ နေဖို့အတွက် နေရာကြီး တစ်ခုကို အရင်က ပြန်ပြီး ပြင်ဆင်ခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုက ပညာတတ် လူငယ်တွေ နေဖို့ သူမရဲ့ အိမ်ကို ငှားပြီး တပ်မဟာက နှစ်တိုင်း သူတို့ကို လုပ်ခရမှတ် အပိုတွေ ပေးခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုက ရောင့်ရဲမှု ရှိသည်။ သူမရဲ့ သားနှင့် ချွေးမက မြို့ကို ပြောင်းသွားခဲ့သော်လည်း သူမရဲ့ ကိုယ်ပိုင် အိမ်ထောင်စု စာရင်းကတော့ မရှိပါ။ နှစ်တိုင်း သူမ ရထားသည့် လုပ်ခ ရမှတ်နှင့် သူမက စားစရာတွေ ရနိုင်သည်။
မြို့မှာ နေရတဲ့ ဘဝတွေက အဆင်ပြေပေမယ့် စားဖို့၊ သောက်ဖို့အတွက် ပေးရမည်။ အသီးအရွက် လက်တစ်ဆုပ်စာတောင် ပိုက်ဆံတွေ ပေးရသည်။ အမျိုးသမီးကြီး မစ္စရှု မြို့ကို ပထမဆုံး ရောက်လာတုန်းက သူမ ရင်တွေနာခဲ့ရသည်။
အခုတော့ ကိစ္စတွေက ပိုအဆင်ပြေလာခဲ့သည်။ ရှုရွှမ်းရဲ့ အဆင့်က တက်သွားပြီးဖြစ်ကာ သူ့ရဲ့ လစာက ယွမ်ခြောက်ဆယ်၊ ခုနစ်ဆယ်လောက် ရသည်။ ဝမ့်ရင်းကလည်း ဆေးဌာနမှာ အတွေ့အကြုံတွေကို နှစ်တွေ အများကြီး လုပ်ကိုင်ထားပြီး သူမရဲ့ လစာက တစ်လကို ယွမ်လေးဆယ်လောက် ရသည်။
လူငယ် လင်မယားရဲ့ တစ်လဝင်ငွေက ယွမ်တစ်ရာကျော်သည့်အတွက် သူတို့မှာ ကလေး ထပ်ပြီး ရလာရင်တောင် သူတို့က ထောက်ပံ့ပေးနိုင်သေးသည်။
လွန်ခဲ့သော နှစ်နှစ်တုန်းက အမျိုးသမီးကြီး မစ္စရှုက တကယ်လို့ သူတို့မှာ နောက်ထပ် ကလေးတစ်ယောက် ရှိသင့်ကာ ထောင်ထောင်ကလည်း ကြီးလာပြီဟု ပြောခဲ့သည်။ ထိုရက်တွေမှာ အိမ်ထောင်စုတိုင်းမှာ ကလေးတွေ အများကြီး ရှိနေခဲ့ပြီး ကလေးတွေကြားရှိ အရွယ် ကွာခြားချက်က သူတို့တွေ အတူတူ ကစားလို့ ရနေဆဲ ဖြစ်သည်။
ရလဒ်အနေဖြင့် ဝမ့်ရင်း ဘာကိုမှ မပြောခင်မှာပဲ ရှုရွှမ်းက အရင် ငြင်းလိုက်သည်။
ရှုရွှမ်းက ထိုစကားကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး မနှစ်တုန်းက ထိပ်တန်း စားဖိုမှူးတစ်ယောက်အနေဖြင့် တန်ဖိုးထားခံဖို့ ခရိုင်မြို့ဆီ သွားသည့်အခါ သူက သားကြောဖြတ်ဖို့ ခရိုင်မြို့က ဆေးရုံကြီးဆီ သွားခဲ့သည်။
အခုချိန်မှာ သူက ထိုအကြောင်းကို ပြောဖို့ မလိုတော့ပါ။ အမျိုးသမီးကြီး မစ္စရှုက ထိုလူငယ် လင်မယားသည် ကလေး တစ်ယောက်ပဲ ယူဖို့အတွက် စီစဥ်ထားကြောင်း သိနေခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုက သူမရဲ့အိမ်ကို တပ်မဟာဆီ ငှားထားပေးခဲ့သည်။ သတိထား ဆုံးဖြတ်ပြီးနောက် သူမက ဝမ့်ရင်းရဲ့ အိမ်ကို ချမ့်ရှုဟွာဆီ နှစ်ခန်း ငှားပေးခဲ့သည်။
အခုဆိုရင် ချမ့်ရှုဟွာမှာ ထောက်ပံ့ပေးဖို့ သမီးသုံးယောက် ရှိနေသည့်အတွက် သူမက အိမ်တစ်လုံး မဆောက်နိုင်ပါ။ သူမက ဝမ့်ရင်းရဲ့ အိမ်မှာ နေဖို့ အဆင်ပြေရုံသာ ဖြစ်သည်။
ထောင်ထောင်က ရွာကို ပြန်လာသည့် အချိန်တိုင်း ပျော်နေခဲ့ပြီး အထူးသဖြင့် သူမက ဒီလိုအချိန်မှာ ပျော်နေခဲ့သည်။ အကြောင်းမှာ အစ်မမိုင်ယာရဲ့ အိမ်မှာ ယုန်နှစ်ကောင်ရှိပြီး မကြာခင်ကမှ ယုန်ဖြူလေးတွေ မွေးထားခဲ့သည်။ ထောင်ထောင်က သူမရဲ့ မျက်လုံးထဲမှာ ယုန်အိမ်ကို လိုချက်စိတ်ဖြင့် ကြည့်နေခဲ့သည်။
အခုဆိုရင် မိုင်ယာက ဆယ့်ခြောက်နှစ်အရွယ်ရှိသည့် အစ်မကြီးတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သူမက မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပြီး သူ့ရဲ့ အစ်မကြီး နှစ်ယောက် ထိန်းချုပ်တာကို အမြဲတမ်း ခံခဲ့ရသည်။ အခုတော့ ညီမလေး တစ်ယောက်က ပြန်လာသည့်အခါ သူမက ချက်ချင်းပဲ အစ်မကြီးတစ်ယောက်ပုံစံ ဖြစ်သွားခဲ့သည်။
“ယုန်လေး လိုချင်လို့လား။ တကယ်လို့ လိုချင်တယ်ဆိုရင် နောက်မှ ညီမလေးအတွက် ဦးလေးရှုကို တစ်ကောင် ယူပေးဖို့ ပြောလိုက်မယ်။ ဒါပေမယ့် တစ်ကောင်ပဲနော်။”
ထောင်ထောင်က အမွှေးပွ ယုန်ကလေးကို သူမရဲ့ လက်သေးသေးလေးဖြင့် ကိုင်ပြီး အကျယ်ကြီး ပြောခဲ့သည်။ “မမ၊ သမီးကို နှစ်ကောင် ပေးပါလား။ မမမိုင်ယာက အကောင်းဆုံးပဲ။ ထောင်ထောင်က မမမိုင်ယာကို သဘောအကျဆုံးပဲ။”
စကားတတ်သည့် ကလေးမလေးက မိုင်ယာ့ကို စကားတွေ အများကြီး ပြောနေခဲ့ပြီး သူမကလည်း အရမ်းကို စိတ်သက်သာရာ ရနေခဲ့သည်။ “နှစ်ကောင်က အဆင်ပြေပါတယ်။ ဒါပေမယ့် ထောင်ထောင်ကလည်း၊ ညီမလေးက မြို့မှာ ကျောင်းတက်ရဦးမယ်လေ။ ဘာလို့ နှစ်ကောင်တောင် လိုမှာလဲ။”
ထောင်ထောင်က သူမရဲ့ ရင်ဘက်ကို ပုတ်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ “အမေက ပြောတယ်။ ကြက်ဖနဲ့ ကြက်မက ဥတွေ ဥတော့ ကြက်ပေါက်လေးတွေ ထွက်လာတယ်တဲ့။ အဲ့ဒါကြောင့် သမီးက ယုန်ထီး တစ်ကောင်နဲ့ ယုန်မလေး တစ်ကောင် လိုချင်တာ။ အဲ့လိုဆို သမီးမှာ ယုန်တွေ အများကြီး ရှိလာတော့မှာ။”
မိုင်ယာက သူမရဲ့ ခေါင်းကို စောင်းပြီး ပြောခဲ့သည်။ “ညီမလေး ပြောတာ မှန်ပါတယ်။ မမရဲ့ ယုန်ကြီး နှစ်ကောင်က အထီးတစ်ကောင်၊ အမတစ်ကောင်လေ။ သူတို့ကို နှစ်လလောက် မွေးပြီးတော့ ယုန်ပေါက်လေး ထပ်မွေးကြတယ်။ ငါ့ရဲ့ အစ်မကလည်း ပြောတယ်။ ယုန်တွေက သားပေါက်တာ အရမ်း မြန်တယ်တဲ့။ မမသာ နောက်ထပ် နှစ်လလောက် သူတို့ကို ထပ်မွေးလိုက်ရင် ငါတို့မှာ နောက်ထပ် ယုန်ပေါက်လေးတွေ ထပ်ရမှာပဲ။”
ထောင်ထောင်ကို သူမရဲ့ အမေက အနည်းငယ် သင်္ချာ ပုစ္ဆာတွေ သင်ပေးသော်လည်း သူမက သူမရဲ့ လက်ချောင်းများဖြင့်သာ ရေတွက်နိုင်သည်။ သူမက ပါးစပ်ကို အကျယ်ကြီး ဟကာ တွေဝေစွာဖြင့် သူမရဲ့ လက်ချောင်းတွေကို ရေတွက်နေခဲ့သည်။
နှစ်လလောက်ဆိုရင် ယုန်ပေါက်လေးတွေ ထပ်ပြီး မွေးလာနိုင်သည်။ အဲ့နှစ်မှာဆို…..
သူမမှာ ယုန်ပေါက်လေးတွေ များသည်ထက် အများကြီး ရလာတော့မည် ဖြစ်သည်။
သို့သော် မိုင်ယာကလည်း ပြောခဲ့သည်။ “ညီမလေး မိဘတွေကိုလည်း မေးရမယ်လေ။ တကယ်လို့ သူတို့က ကလေးတစ်ယောက်ကို မွေးခွင့်မပြုဘူးဆိုရင် ညီမလေး တစ်ကောင်ထပ်ပြီး မွေးလို့မရတော့ဘူးလေ။”
မိုင်ယာကိုယ်တိုင်က ဒါကို သေချာ နားလည်သည်။ သူမက ယုန်တစ်ကောင်ကို မွေးချင်သည့်အခါ သူမရဲ့ အစ်မ နှစ်ယောက်က သဘောမတူခဲ့ပါ။ သူမက ယုန်တွေကို သေချာ ဂရုစိုက်နိုင်မှာ မဟုတ်ဘူးဟု သူမရဲ့ အကြီးဆုံး အစ်မက ပြောခဲ့ပြီး ဒုတိယ အစ်မကလည်း ယုန်တွေကို မွေးတာက အလကားပဲဟု ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ ထို့အပြင် တောင်ပေါ်မှာ ချမ့်ယုကို ယုန်တွေ ဖမ်းပေးဖို့ တောင်းဆိုတာက ပိုပြီး ကောင်းလိမ့်မယ်ဟု ပြောခဲ့သည်။ အဲ့ဒါမှ သူတို့က အသားတွေ ပိုပြီး စားရလိမ့်မည် ဖြစ်သည်။
မိုင်ယာက ဒေါသထွက်လုနီးပါးဖြစ်ပြီး ငိုမိတော့မည်။ သူမက ယုန်တွေကို စားဖို့သပ်သပ်ပဲ မွေးတာ မဟုတ်ဘူး။
ဒီလောက် ချစ်စရာကောင်းတဲ့ ယုန်လေးတွေကို သူမက မွေးချင်နေခဲ့သည်။
ထောင်ထောင်က သူမရဲ့ ခြေထောက်ကို ပွတ်ပြီး သူမရဲ့ စိတ်ကို ပြင်လိုက်သည်။ “မကြောက်ပါနဲ့။ သမီး ဖေဖေ့ကို နောက်မှ မေးလိုက်မယ်။”
သူမ မေမေ့ကိုတော့ မမေးရဲဘူး။ မြို့မှာဆို သူမ မွေးချင်တာ ဘာမှ မွေးလို့ မရဘူးဆိုပြီး မေမေ အရင်က ပြောခဲ့တာ။ တစ်ခြံတည်းနေတဲ့ မာမိသားစုက အကိုလေးတွေလိုပဲ သူတို့က ကြက်ကလေး နှစ်ကောင်ပဲ မွေးလို့ရတယ်။
ကြက်မွေးရတာက အရမ်းကို ဒုက္ခများသည်။ မာမိသားစုရဲ့ ညီအကိုတွေက ကြက်တွေကို ကျွေးဖို့ နေ့တိုင်း ပိုးကောင်လေးတွေ ရှာဖို့ သွားရသည်။
ထောင်ထောင်သည် ကြက်မွေးရတာ အရမ်း အလုပ်ရှုပ်သည့်အတွက် သူမက ကြက်မွေးရတာကို မကြိုက်ပါ။ ကြက်ဥတွေက အရသာရှိသော်လည်း ကြက်မွေးရတာကတော့ အရမ်းကို အလုပ်ရှုပ်သည်။
အိမ်ထဲမှာ ဝမ့်ရင်းက အဒေါ်ကျန်းဟွာနှင့် စကားပြောနေစဥ် ထောင်ထောင်က သူမအဖေရဲ့ ပေါင်ကို ဖက်ထားခဲ့သည်။
ရှုရွှမ်းက ငုံ့မကြည့်ဘဲ ဒါက ဘယ်သူလဲဆိုတာကို သိနေခဲ့သည်။ သူက အရပ်ရှည်ပြီး သူ့ရဲ့ သမီးကတော့ သေးသေးလေးသာ ရှိသေးသည်။ နှစ်နှစ်ရှိတာတောင် သူ့ရဲ့ သမီးက သူ့ရဲ့ ပေါင်ကို ကျော်တဲ့အထိ အရပ်တောင် မရှည်သေးပါ။
သူက ထောင်ထောင်ကို ချီပြီး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”
အများကြီး မတွေးဘဲနှင့် ဒါဟာ သူမက ဝမ့်ရင်းကို ရှောင်ရမည့် အရာတစ်ခုခု ရှိကို ရှိရမည်ဆိုတာ သိနေခဲ့သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူ့သမီးရဲ့ ပထမဆုံး လုပ်တာကတော့ သူမရဲ့ အမေကို သွားရှာမှာ သေချာသည်။ တကယ်လို့ သူမက သူ့ဆီကို လာခဲ့ရင် ဒါဟာ များသောအားဖြင့် ဝမ့်ရင်းက သူမ လုပ်မှာကို သဘောတူမှာ မဟုတ်လို့ ဖြစ်သည်။
ထောင်ထောင်က သူမရဲ့ အဖေကို တီးတိုး ပြောခဲ့သည်။ “ဖေဖေ၊ သမီးတို့တွေလေ အိမ်မှာ ယုန်လေး နှစ်ကောင် မွေးလို့ရနိုင်မလား။”
ရှုရွှမ်းက ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ “အို့၊ ထောင်ထောင်က ဘာလို့ ယုန်တွေ မွေးချင်နေရတာလဲ။ ယုန်တွေက နံတယ်ဆိုပြီး သမီးပဲ ပြောခဲ့တယ်မလား။”
ရှုရွှမ်းရဲ့ စကားတွေမှာ ဘာရည်ရွယ်ချက်မှ မရှိပါ။ နောက်ဆုံးတစ်ခေါက် ဒီကို ရောက်လာတုန်းက ကလေးမလေးသည် ယုန်တွေက နံတယ်ဆိုပြီး သူမက ညီးတွားနေခဲ့သည်။ သို့သော် ဒီတစ်ခေါက် သူမ ဒီကို ပြန်လာပြီး ယုန်လေးတွေ မွေးတာကို မြင်သည့်အခါ သူမက ထိုယုန်လေးတွေကို ချစ်မိသွားခဲ့သည်။
ဘယ်လိုပဲ ယုန်လေးတွေက ချစ်ဖို့ကောင်းနေပါစေ၊ သူမ သူတို့ကို မွေးရင် သူတို့က အနံ့ထွက်မှာပဲ။
ဝမ့်ရင်းရဲ့ ပိုးကောင်တွေကို ကြောက်တတ်တဲ့ စိတ်ကို အမွေရသည့် ကလေးမလေးက ရွံမှာမဟုတ်ဘူးဆိုတာ မတွေးမိခဲ့ပါ။
ထောင်ထောင်က ဘေးပတ်လည်ကို ကြည့်ပြီး ဘေးနားမှာ ဘယ်သူမှ မရှိတာကို တွေ့သည့်အတွက် သူမက သူမအဖေရဲ့ နားနားမှာ ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “မမမိုင်ယာက ပြောတယ်။ ယုန်တွေက နှစ်လလောက်ဆို ယုန်ပေါက်လေးတွေ မွေးတယ်တဲ့။”
ရှုရွှမ်း - “အဲ့တော့ ဘာဖြစ်လဲ။”
ထောင်ထောင်က သူ့ကို “ဘာလို့ ဒီလောက်တောင် တုံးရတာလဲ” ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်ပြီး ပြောလိုက်သည်။ “သမီးတို့မှာ ယုန်တွေ အများကြီး ရပြီဆိုတော့ အကောင်းအကြီးကြီးတွေကို သမီးတို့တွေ စားလို့ရပြီပေါ့”
ထောင်ထောင်က သူမရဲ့ လက်ချောင်းလေးဖြင့် ရေတွက်နေခဲ့သည်။ “ဖေဖေ၊ သမီးလေ ယုန်သားချက်၊ ယုန်ကင်နဲ့ ဆီအနီနဲ့ ယုန်သားလေးတွေ စားချင်တယ်။ ဟုတ်တယ်။ မေမေလည်း ကြိုက်မှာ။ သမီးတို့တွေ ယုန်သားနဲ့ ကြက်သွန်မြိတ်လည်း လုပ်လို့ရတယ်။”
ရှုရွှမ်း - “….”
ဒါဟာ သူ့သမီးရဲ့ ဒုတိယမြောက်ပုံစံ ဖြစ်သည်။ အခြား ကလေးတွေရဲ့ ပထမဆုံး စကားက “အဖေ” နှင့် “အမေ” ဖြစ်သော်လည်း သူ့သမီးလေးရဲ့ ပထမဆုံး စကားမှာ “ဖေဖေ” ဖြစ်သည်။
အကြောင်းမှာ အဲ့နေ့တုန်းက ဝမ့်ရင်းသည် နည်းနည်း အထိမခံ ဖြစ်နေပြီး သူမရဲ့ ကြက်ဥတွေ လိုနေခဲ့သည်။
ထောင်ထောင်ရဲ့ မျက်လုံးတွေက ပါဝင်ပစ္စည်းတွေကို မှတ်နေရင်း သားရည်ကျနေသလို သူမရဲ့ မျက်ဝန်းတွေက တောက်ပနေခဲ့သည်။
“ဖေဖေ၊ အိမ်ကို ယုန်နှစ်ကောင် ခေါ်သွားရအောင်။ နှစ်လလောက်ဆို သမီးတို့ အသားတွေ အများကြီး စားလို့ရပြီလေ။”
ရှုရွှမ်းက အနည်းငယ် ကူကယ်ရာ မဲ့သွားခဲ့သည်။ “အဖေတို့မှာ စားစရာ အသားတွေ မရှိလို့လား။”
အိမ်မှာ စားစရာ ပြတ်သွားတယ်ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါ။ ဝမ့်ရင်းနှင့် ထောင်ထောင်ကို ထည့်တွက်ရင် သူတို့က တစ်ရက်ကို သုံးနပ်လောက် စားကြသည်။ ရှုရွှမ်းမှာ အဲ့ဒါကို အချိန်အတော်ကြာ အသားကျနေခဲ့ပြီ ဖြစ်သည်။
သူတို့ရဲ့ လစာက တစ်လကို ယွမ်တစ်ရာသာ ရှိသော်လည်း သူတို့က အခြားမိသားစုတွေထက် ပိုပြီး အသုံးများသည်။
ထောင်ထောင် - “အသားတွေက မကုန်ပါဘူး။ ဒါပေမယ့် သမီး အဲ့ဒါကို စားချင်တာ။”
မကုန်ပေမယ့် လိုချင်တယ်။
ထောင်ထောင်က အရမ်းကို ဆုံးဖြတ်ချက် ခိုင်မာသည်။
“အဖေက အကောင်းဆုံးပါပဲ။ ထောင်ထောင်က အဖေ့ကို အချစ်ဆုံးလေ။”
ရှုရွှမ်း - “ဒါဆိုလည်း ပြီးတာပဲ။ သမီး ပြန်ရင် အဲ့ဒါတွေ သမီးနဲ့တူတူ ယူလာခဲ့။”
ဘာလို့လဲဆိုပြီး မမေးသင့်ပါ။ သူက စည်းကမ်းမရှိသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။
ထောင်ထောင်က လုံးဝ မချွဲခဲ့ပါ။ သူမ အဖေရဲ့ မျက်နှာကို နမ်းပြီး တခစ်ခစ် ရယ်ပြကာ မိုင်ယာကို ရှာဖို့ ထွက်သွားခဲ့သည်။ သူတို့နှစ်ယောက်က တောင်ပေါ်ရှိ ငါးကန်ကို သွားကြည့်ဖို့ သဘောတူထားခဲ့ကြသည်။
သူမထွက်သွားပြီး သိပ်မကြာခင်မှာပဲ ထောင်ထောင်က သူမရဲ့ ခြေထောက် သေးသေးလေးများဖြင့် ပြန်လာခဲ့သည်။
“အဖေ၊ အဖေ။ မေမေ့ရဲ့ အဖေက ပြန်လာနေပြီဆိုပြီး အပြင်မှာ လူတစ်ယောက်က ပြောနေတယ်။”
ရှုရွှမ်း - “ဘာကို အမေ့ရဲ့ အဖေလဲ။”
ထောင်ထောင်က အတော်လေးကို စိတ်လှုပ်ရှားနေသော်လည်း သူမက အဲ့ဒါကို မရှင်းပြနိုင်ခဲ့ပါ။ ကံကောင်းစွာဖြင့် လူနှစ်ယောက်က ထိုသတင်းကို ပေးဖို့အတွက် ရောက်လာခဲ့သည်။
ဒါကြောင့်ပဲ ကိစ္စတွေက ရှင်းလင်းသွားခဲ့သည်။
ဝမ့်ရင်းက ဘာကို ခံစားရမလဲဆိုတာ မသိတော့ဘဲ ခနလောက် မှင်သက်နေခဲ့သည်။
ရှုရွှမ်းသည် သူမ တစ်ခုခု ဖြစ်နေတာကို သတိထားမိပြီး သူမရဲ့ လက်ကို ကိုင်ထားခဲ့သည်။ “ဒါက အဆင်ပြေပါတယ်။ ဦးလေးယိုဖု ပြောတာကို နားထောင်ပြီး အိမ်မှာပဲ စောင့်နေကြရအောင်။”
သူက ဝမ့်ရင်းအဖေနှင့် ပတ်သက်သည့် သတင်း အနည်းငယ်ကို သိထားခဲ့သည်။ လွန်ခဲ့သော နှစ်တွေမှာ ဝမ့်ရင်း သူမရဲ့ မြို့ကို ပြန်လာသည့်အခါ သူမအမေရဲ့ အုတ်ဂူဘေးမှာ သူမက အုတ်ဂူအလွတ်တစ်လုံး ထားထားခဲ့သည်။ သူမသည် သူမရဲ့အဖေ ဆုံးပြီလား၊ အသက်ရှိသေးလားဆိုတာကို မသိသလို လက်ရှိ အခြေအနေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကိုလည်း သူမ မသိခဲ့ပါ။
ဝမ့်ရင်းက အားတင်းကာ ပြုံးလိုက်သည်။ “ဟုတ်တယ်။ ကျွန်မ အဆင်ပြေပါတယ်။ ဒါပေမယ့် အခု အစ်မရှုဖန်းက အားလုံး အဆင်ပြေသွားပြီ။”
ချမ့်ရှုဖန်းက သူမစိတ်ထဲမှာ သိခဲ့တဲ့သူ ဖြစ်နေမယ်ဆိုရင် အခုချိန်မှာ သူမက ပေကျင်းကို ပြန်လို့ရတာက ကောင်းတဲ့ အရာတစ်ခု ဖြစ်သည်။
ရှုရွှမ်းက ဝမ့်ရင်းရဲ့ ပုခုံးကို ဖက်လိုက်သည်။ “ဟုတ်တယ်။ အားလုံး အဆင်ပြေသွားမှာပါ။”
ချမ့်ရှုဖန်း ဘာတွေ ဖြစ်နေလဲဆိုတာတော့ သူတို့လည်း အခုထိ မသိသေးပေ။ ဝမ့်ယုံဖုက သူ မျှော်လင့်ထားသလို အစောကြီး ရောက်မလာခဲ့ပါ။ သူက သူ့အစ်ကိုနှင့် တူကို သွားရိုက်ပြီးနောက် တောင်ပေါ်ရှိ အုတ်ဂူမှာ ခနလောက် ဂါရဝပြုဖို့ သွားခဲ့သည်။
နောက်ဆုံး သူတို့ ရောက်လာသည့်အခါ ဝမ့်ယုံဖုရဲ့ လက်တွေက တံခါးကို တွန်းဖွင့်ရင်း တုန်လှုပ်နေခဲ့သည်။
သူ့ကိုယ်သူ ထိန်းထားခဲ့သော်လည်း တံခါးက သူ့အလိုလို ပွင့်သွားခဲ့သည်။
လူကောင်သေးသေး၊ ပြည့်ပြည့်လေးဖြစ်ကာ ဆံပင်ကို အနောက်မှာ စည်းထားသည့် ကလေးမလေးက သူမရဲ့ ခေါင်းကို ထွက်ကာ ကြည့်လိုက်သည်။ “ဦးလေးက ဘယ်သူလဲ။”
ဝမ့်ယုံဖုက သူ့အနောက်တွင် ရှိနေသည့် ထျန်းယိုဖုကို ကြည့်ကာ ထျန်းယိုဖုက သူ့ကို ခေါင်းငြိမ့်ပြခဲ့သည်။
ဝမ့်ယုံဖုရဲ့ လက်တွေက ထိန်းမရအောင်ကို တုန်လှုပ်နေခဲ့သည်။ “ဦးလေးက သမီးရဲ့ အမေကို လိုက်ရှာနေတာပါ။”
ထောင်ထောင်က “အို့” ဟုပြောကာ သူတို့ကို နှုတ်ဆက်ဖို့ ထွက်လာခဲ့သည်။ “ခေါင်းဆောင်ဖိုးဖိုးကြီးလည်း ဒီကို ရောက်နေတာပဲ။”
“သမီးအမေက ဒီမှာ ရှိပါတယ်။ ဝင်လာခဲ့ပါ။” သူမက လူကြီးလေးလို လမ်းပြခဲ့သည်။