← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 21 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 21 Ch. 245-246

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၄၅

ဝမ့်ယုံဖုက အခုချိန်တွင် လက်ထပ်ပြီးပြီဖြစ်သည့် ဝမ့်ရင်းကို မြင်သည့်အခါ မျက်ရည်တွေ ထိန်းမရအောင် ကျလာခဲ့သည်။

ဝမ့်ရင်းသည် သူမက မိသားစု ပြန်ဆုံစည်းသည့် ခက်ခဲတဲ့ မြင်ကွင်းတစ်ခုကို တောင့်ခံနိုင်မယ်ဟု တွေးထားခဲ့သော်လည်း သူမသည် မူလပိုင်ရှင်ရဲ့ ဖခင်ကို မြင်သည့်အခါ သူမရဲ့ မျက်ရည်တွေကို မထိန်းနိုင်ဘဲ မျက်ရည်တွေ ဝဲလာခဲ့သည်။

“အဖေ”

သူမက သူ့ကို “အဖေ” ဟုခေါ်ဖို့ အရမ်းကြီး လေးလံမနေခဲ့ပါ။

ဝမ့်ယုံဖု - “အင်း အင်း”

နောက်ဆုံးမှာတော့ သူတို့ နေရာမှာ ထိုင်ပြီးနောက် နှစ်ယောက်လုံးက လွန်ခဲ့သော နှစ်တွေတုန်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ပြောခဲ့ကြသည်။

ဝမ့်ယုံဖုက သူ့ရဲ့ အလုပ်ကို သိပ်ပြီး မပြောခဲ့ပါ။ “လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဖေ့ရဲ့ အခြေအနေလည်း အဲ့လောက် အဆင်ပြေမနေပါဘူး။ လျှို့ဝှက်နေရာတွေ အများကြီးအတွက် လုံခြုံရေး တာဝန်ခံအဖြစ် အဖွဲ့က တာဝန်လည်း ပေးထားသေးတာလေ။ အဲ့အချိန်တုန်းက အဖေ မင်းအမေဆီ စာတစ်စောင်လောက် ပို့ချင်တယ်လို့ ပြောခဲ့ပေမယ့်လည်း အစီရင်ခံစာက ခွင့်မပြုခဲ့ဘူး။”

ဝမ့်ယုံဖုသည် သူ့ရဲ့ ဘဝမှာ နိုင်ငံနှင့် ပတ်သက်ပြီး ဘာအမှားမှ လုပ်လို့မရဘူးဟု ခံစားနေရသော်လည်း သူ့မိန်းမနှင့် သမီးအတွက်လည်း အပြစ်ရှိသလို ခံစားနေခဲ့ရသည်။

အစပိုင်းမှာတော့ သူသည် တစ်နှစ်၊ နှစ်နှစ်လောက်ဆို အဆက်အသွယ် ပြန်ရလိမ့်မယ်ဟု တွေးထားခဲ့သော်လည်း သေလျက်နဲ့ ခွဲခွာသွားရမယ်လို့ ဘယ်သူကများ သိနေခဲ့မှာလဲ။

“အဖေ မင်းအမေကို တောင်းပန်ပါတယ်။”

ဝမ့်ရင်းက သူမအရှေ့ရှိ လူကြီးရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ “ဘာမှ ပြောစရာ မလိုပါဘူး။ သမီး အကုန်လုံးကို သိပါတယ်။”

အခွင့်အရေး လက်လွှတ်ခံပြီး နောင်တရမယ့် အခြေအနေတွေဟာ ဆက်တိုက်ဆိုသလို ရှိနေခဲ့သည်။

ဝမ့်ယုံဖုက ခေါင်းခါပြီး ပြုံးကာ ပြောလိုက်သည်။ “ငါ ဒါကို ဒီတစ်ချိန် ရောက်တဲ့အထိ ယူလာတာ။ အစတုန်းက လန်ကုန်းက ဒါအတွက် လျှောက်ခဲ့ပေမယ့် နေရာက ဒီမှာဆိုတာကို တွေ့တော့ ငါ့ကိုယ်ငါအတွက် အဲ့ဒါကို လျှောက်လို့ မရတော့ဘူး။”

အခြေအနေတွေက လျော့ရဲနေတယ်ဆိုတဲ့ ကိစ္စတစ်ခုက သူ့ကို ပေးလိုက်တဲ့ ဒီထောက်ခံချက်ဆိုပေမယ့်လည်း လွန်ခဲ့သော နှစ်တွေတုန်းက သူ့ရဲ့ စုံစမ်းမှုတွေက် သူ့အတွက် ပြဿနာတွေကြားမှာ ညပ်သွားသလို ဖြစ်နေခဲ့သည်။

သူ့မိန်းမက ဆုံးသွားပြီး သူ့သမီးကလည်း လက်ထပ်သွားခဲ့ပြီ ဖြစ်သည်။ အသေးစိတ်ကို လေ့လာပြီးနောက် သူက ယူကျုံးမရဖြစ်ကာ ပိုပြီးတောင် ဝမ်းနည်းခဲ့ရသည်။

“ငါ မင်းရဲ့ ဦးလေးကို ရိုက်ပစ်ခဲ့တယ်။ မင်းနဲ့ မင်းအမေ ခံစားရတာတွေ အားလုံးက ငါ့ရဲ့ အမှားတွေကြောင့်ပါ။”

ဝမ့်ရင်းက သူမရဲ့ခေါင်းကို ခါပြလိုက်သည်။ “အဲဲဒါက ဘယ်သူ့အမှားမှ မဟုတ်ပါဘူး။”

တကယ်တမ်း ခံစားခဲ့ရသူမှာ မူလပိုင်ရှင်ဖြစ်သူ၏ ဒီခန္ဓာကိုယ်သာ ဖြစ်သည်။ သူမက ထိုအပြစ်ရှိစိတ်ကို မခံစားနိုင်ခဲ့ပါ။

ဝမ့်ယုံဖု - “ငါ ခနလောက် ထားခဲ့ရလိမ့်မယ်။ ဒါပေမယ့် မပူပါနဲ့။ အနည်းဆုံးတော့ နောက်နှစ်လောက်ကျရင် ဝန်ထမ်း အလုပ် ပြောင်းဖို့ အဖေ သေချာပေါက် လျှောက်လိုက်မယ်။”

သူ့သမီးရဲ့ ကြီးပြင်းလာပုံကို လက်လွှတ်ခဲ့ရသည့်အတွက် ဝမ့်ယုံဖုသည် သူ့မြေးရဲ့ အနာဂတ်ကိုတော့ လက်လွှတ်ဖို့ ဆန္ဒမရှိနေခဲ့ပါ။

ဝမ့်ရင်းက ပြန်ပြောခဲ့သည်။ “ဒါက အဆင်ပြေပါတယ်။ အဖေ့မှာ တာဝန်ရှိတာကို နားလည်ပါတယ်။ ရှုရွှမ်းလည်း နောက်နှစ် ပြောင်းရင် ပြောင်းရတော့မှာဆိုတော့ သမီးအတွက် အရမ်းကြီး ပူစရာတော့ မလိုပါဘူး။”

ထိုစကားတွေကို ပြောပြီးနောက် ရှုရွှမ်းသည် သူ့ရဲ့ ယောက္ခထီး၏ မေးခွန်းတွေ ဖြေဖို့အတွက် ဘေးနားမှာ စောင့်နေခဲ့သည်။

ဝမ့်ယုံဖုက သူ့သမီးအတွက် ဖြစ်နိုင်သည့် လက်ထပ်ပွဲ တစ်ပွဲကို ပြင်ဆင်ပေးခဲ့သည်။ အထူးသဖြင့် ရှုရွှမ်းက လုံးဝကြီး ဆိုးရွားမနေခဲ့ပါ။ သို့သော် အခုချိန်မှာ သူ့တွင် သူ့သမီးကို ပြောချင်တဲ့စကားတွေ အများကြီး ရှိနေသည့်အတွက် သူက ရှုရွှမ်းနှင့် စကားပြောရင်း ဘယ်ချိန်မှ မကုန်ဆုံးချင်ခဲ့ပါ။

အမျိုးသမီးကြီး မစ္စရှုက အတော်လေးကို စိုးရိမ်နေခဲ့သည်။ အခုဆိုရင် သူ့ရဲ့ ယောက္ခထီးက ပြန်ရောက်လာတာကို ရှုရွှမ်းက ဘာလို့ အရမ်းကြီး ခေါင်းမာနေရတာလဲ။ ဒါဟာ ဝမ့်ရင်းက သူနှင့် လက်ထပ်လိုက်လို့ သမီးကို ဆုံးရှုံးသွားတယ်ဟု ခံစားရအောင် သူမရဲ့ အဖေကို လုပ်နေသလို ဖြစ်မနေဘူးလား။

သူမက တိတ်တဆိတ် ရှုရွှမ်းက တွန်းလိုက်သော်လည်း ရှုရွှမ်းကတော့ ဝမ့်ရင်းနှင့် သူမရဲ့အဖေ စကားပြောတာကို လုံးဝ ကြားဖြတ်တာမျိုး မရှိဘဲ အေးတိအေးစက်နှင့်သာ စောင့်နေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက တကယ်ကို ဆုံးရှုံးမှုတစ်ခု ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် သူမက ထုံးစံအတိုင်း ထောင်ထောင်ကို ဆွဲခေါ်သွားခဲ့သည်။

ထောင်ထောင်က နတ်သူငယ်လေး တစ်ယောက်နှင့် တူသည်။ သူမရဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေက ပေကလပ်၊ ပေကလပ် ဖြစ်နေခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ် သေးသေးလေးဖြင့် ဝမ့်ရင်းနှင့် ဝမ့်ယုံဖုကို ကလေး အသံနှင့် ပြေးဖက်လိုက်သည်။

“မေမေ၊ သူက ဘယ်သူလဲ။”

ဝမ့်ရင်းက သူမရဲ့ လက်ညှိုးလေးကို လှမ်းဆွဲခဲ့သည်။ “ဒါက ဖိုးဖိုးလေ။ ခေါ်လိုက်ပါဦး ဖိုးဖိုးကို။”

ထောင်ထောင်က စကားနားထောင်ပြီး ခေါ်လိုက်ကာ ရုတ်တရက်ဆိုသလို ဝမ့်ယုံဖုရဲ့ နှလုံးသားဟာ နူးညံ့သွားပြီး ကလေးမလေးကို ကောက်ချီလိုက်သည်။

“ရှုထောင်လေးလား။ လှလိုက်တဲ့နာမည်ပါလား။”

ဝမ့်ရင်းက ဘာကိုမှ မရှင်းပြနိုင်ခင်မှာပဲ ထောင်ထောင်က ခါးလေးကို ထောက်ကာ အော်ခဲ့သည်။ “ရှုထောင် မဟုတ်ပါဘူး။ ဝမ့်မန်ထောင်လို့ ခေါ်ပါ။”

သူမသည် လူကြီးတွေက အရမ်းကို တုံးအကြတယ်ဟု တွေးနေခဲ့သည်။ သူမရဲ့ နာမည်က ရှုထောင်လားဟု လူတိုင်းက အချိန်တိုင်း မေးနေခဲ့ကြသည်။ သူမ နာမည်က မဟုတ်ပါ။ မန်ထောင်ဆိုသည့် နာမည်က ရှုထောင်ဆိုသည့် နာမည်ထက် ပိုကောင်းတယ်ဟု ကလေးမလေးက တွေးမိခဲ့သည်။

ဝမ့်ယုံဖုက ဝမ့်ရင်းကို အံ့သြတကြီး ကြည့်လိုက်သည်။ ဝမ့်ရင်းက ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။ “ဟုတ်တယ်။ အဲ့ဒါက သမီးတို့ရဲ့ မျိုးရိုးနာမည်ပါ။”

သူမက ရှုရွှမ်းကို သူမရဲ့ ဘေးနားသို့ ဆွဲပြီး ပြောခဲ့သည်။ “အဖေ့ရဲ့ သားမက်ကပဲ ဆုံးဖြတ်ခဲ့တာ။”

ဝမ့်ယုံဖုက ရှုရွှမ်းနှင့် အတော်လေးကို တူသည့် ကလေးမလေးကို ကြည့်ပြီး ခပ်အေးအေး လေသံဖြင့် မေးလိုက်သည်။ “အဲ့တော့၊ နောက်ပိုင်းကျမှ နောက်ထပ် ကလေးတစ်ယောက် ထပ်ယူဖို့ မင်းတို့က စီစဥ်ထားတာလား။”

ဝမ့်ရင်း - “မဟုတ်ပါဘူး။ ဒီကလေး တစ်ယောက်နဲ့တင် သမီးလည်း တော်တော်ကို ခေါင်းကိုက်နေရပါပြီ။”

ဝမ့်ယုံဖုက ပြောစရာ စကားမရှိ ဖြစ်သွားခဲ့ရသည်။ သူကတော့ ဂရုမစိုက်ခဲ့ပါ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီနှစ်တွေ အားလုံးမှာ သူက သူ့သမီးအကြောင်းတွေ စဥ်းစားရလိမ့်မည် မဟုတ်ပါ။ သို့သော် ကျေးလက်မှာ သားတစ်ယောက် မွေးဖို့က အစဥ်အလာ တစ်ခုဆိုတာကို သူလည်း သိနေခဲ့သည်။ တကယ်ကို ရှုရွှမ်းက သူ့ရဲ့ မြေးမလေးကို ဝမ့်ရင်းရဲ့ မျိုးရိုးနာမည်ကို ပေးပြီး သူတို့က နောက်ထပ် ကလေးတစ်ယောက် မွေးဖို့ကိုတောင် ထပ်မပြောခဲ့ကြပါ။

ရှုရွှမ်းပေါ်ကို နည်းနည်းလေးပဲ အမြင်ကြည်ခဲ့တဲ့ သူ့အတွက်တော့ ရုတ်တရက်ကြီး ဆယ်မှတ်လောက် တိုးပေးလိုက်တော့မည်။

ဝမ့်ယုံဖုက ရှုရွှမ်းရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။ “ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်း သူတို့ကို ဂရုစိုက်တာကိုပဲ ငါက စိတ်သက်သာရာ ရနေပါပြီ။”

ဝမ့်ယုံဖုသည် သူ့မိသားစုနှင့် ဝေးကွာနေရသည့် ဒဏ်တွေကို ခံစားရတာ လုံလောက်ပြီ ဖြစ်ပြီး အခုဆိုရင် ရှုရွှမ်းက လူကောင်းတစ်ယောက်ဟုတောင် သူက ခံစားနေခဲ့ရပြီ ဖြစ်သည်။ သူသည် မိသားစုနှင့် အဝေးကြီး သွားစရာ မလိုတော့ဘူး သူ့ရဲ့ မိသားစုကို စောင့်ရှောက်နိုင်လိမ့်မည် ဖြစ်သည်။

ထောင်ထောင်က ဝမ့်ယုံဖုရဲ့ ပုခုံးပေါ်ရှိ ရာထူးအပွင့်တွေကို ဆွဲလိုက်သည်။

“ဖိုးဖိုး၊ ဒါက ဘာတွေလဲ။”

ဝမ့်ယုံဖုသည် သူ့ရဲ့ မြေးမလေးက သူ့ပုခုံးပေါ်ရှိ နှစ်ပွင့်နှင့် ဘားတန်းနှစ်ခုကို ဆက်တိုက် ကိုင်နေတာကို မြင်သည့်အခါ ပြုံးပြီး ပြောလိုက်သည်။ “ဒါတွေက ဘားတံဆိပ်တွေလေ။ မြေးလေး လိုချင်လို့လား။”

ထောင်ထောင်က ပျော်ရွှင်စွာ ခေါင်းငြိမ့်ပြပြီးမှ သူမရဲ့ ခေါင်းကို ခါပြလိုက်သည်။ “တကယ်လို့ ဖိုးဖိုးက သမီးကို ပေးတယ်ဆိုရင်တောင် သမီးမှာ ဘာမှ ဝတ်စရာမှ မရှိတာ။”

ဝမ့်ယုံဖု - “မပူပါနဲ့။ ဖိိုးဖိုးက မြေးလေးကို နောက်ထပ် တစ်ခု ပေးမှာပေါ့။”

သူက သတင်းစာနှင့် ထုပ်ထားသည့် စက္ကူထုပ် တစ်ခုကို ယူကာ ပြောလိုက်သည်။ “ဖိုးဖိုးကြီး သွားလို့ရှိရင် မြေးလေးက ဒါကို ဖတ်လို့ရတယ်။”

ထောင်ထောင်က ဝမ့်ရင်းကို မဝံ့မရဲ ကြည့်ပြီးနောက် ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ ထို့နောက် သူမက အဲ့ဒါကို ပျော်ရွှင်စွာ ယူလိုက်သည်။ “ဖိုးဖိုးကြီးကို ကျေးဇူးတင်ပါတယ်။”

သူတို့တွေ အတူတူ ရှိရသည့် အချိန်တွေက အမြဲတမ်း တိုတောင်းသည်။ ခနကြာပြီးနောက် လန်ယွဲ့က ချမ့်ရှုဖန်းနှင့် ရောက်လာခဲ့သည်။

ချမ့်ရှုဖန်းက ငိုချင်သလို ဖြစ်နေသော်လည်း သူမရဲ့ မျက်နှာက ရှက်သွေးဖြာနေခဲ့သည်။

လန်ယွဲ့က ချမ့်ရှုဖန်းရဲ့ အိတ်တွေကို သယ်လာကာ ချမ့်ယုကလည်း အနောက်ကနေ လိုက်လာခဲ့သည်။

ဝမ့်ရင်းက ချမ့်ယုရဲ့ လက်ကို ကိုင်ပြီး ပြောလိုက်သည်။ “နောက်ဆုံးတော့ ငါတို့တွေ အဲ့ဒါကို ကျော်ဖြတ်နိုင်ခဲ့ပြီ။”

အမြဲတမ်းလိုလို ပူပန်စရာ မရှိသည့် ချမ့်ယုရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်တွေ ဝဲနေခဲ့သည်။ 'ဟုတ်တယ်၊ နောက်ဆုံးတော့ သူ အဲ့ဒါကို လုပ်နိုင်ခဲ့ပြီ။ '

သူမသည် မြို့ကြီးကနေ ဒီလို တောင်ပေါ်ရွာလေးကို ရောက်လာခဲ့တာ ခုနစ်နှစ် ရှိနေခဲ့ပြီ ဖြစ်သည်။ သူမ ဒီကို ပထမဆုံးအကြိမ် ရောက်လာတုန်းက ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်သာ ရှိသေးပြီး အခုဆိုရင် သူမက အသက် နှစ်ဆယ်အရွယ် မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“အစ်မရင်း၊ မပူပါနဲ့။ ညီမ ပြန်သွားရင်တောင် အမကို အမြဲ သတိရနေမှာပါ။ ညီမ တစ်ခုခု ပို့တာကို အစ်မ စောင့်နေနော်။”

ဝမ့်ရင်းက သူမရဲ့ မျက်ရည်တွေကို သုတ်ပြီး ပြောလိုက်သည်။ “ဟုတ်ပါပြီ။ အစ်မ မင်းရဲ့ စာကို စောင့်နေမယ်။”

ချမ့်ကျွီဟွာရဲ့ မိသားစုထဲမှ မိုင်ယာလေးက ချမ့်ယုရဲ့ ပေါင်ကို ဖက်ပြီး ငိုနေခဲ့သည်။ ခွဲခွာရတာက ကလေး တစ်ယောက်ရဲ့ မျက်လုံးထဲမှာတော့ အမြဲလိုလို ခက်ခဲသည်။

ချမ့်ကျွီဟွာက မျက်ရည်တွေ ကျလာပြီး ချမ့်ရှုဖန်းရဲ့ လက်ကို ကိုင်လိုက်သည်။ “နင်တို့ ပြန်ရောက်ရင် ငါ့ဆီကို မကြာမကြာ စာရေးနော်။ ငါတို့အတွက် ဘာမှ မပူနဲ့။”

ဒါတွေဟာ ဝမ့်ရင်းနှင့် ချမ့်ကျွီဟွာရဲ့ ကြင်နာမှုတွေကြောင့်သာ မဟုတ်ဘူးဆိုရင် သူမက ဒီလိုရက်တွေကို တောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတာကို သူမက သေသေချာချာ သိနေခဲ့သည်။

သူမကို တစ်လျှောက်လုံး ဝေဖန်ခဲ့ကြသည့် လူတွေက လွန်ခဲ့သော နှစ်ပိုင်းလောက်ကတင်ပဲ မရှိကြတော့ပါ။ သို့သော် သူမလို အားနည်းတဲ့ လူတစ်ယောက်အနေဖြင့် သူမဟာ ဒီလိုအရာတွေကို ခုနစ်နှစ်လောက် ထိန်းထားဖို့ စီမံခဲ့ရသည်။

ဝမ့်ယုံဖုက ဝမ့်ရင်းကို သတိပေးခဲ့သည်။ “သမီး အဖေ့ဆီ ဒီလိပ်စာကနေ ဆက်သွယ်လို့ ရတယ်။ တကယ်လို့ နောက်ပိုင်း သမီးမှာ ပြဿနာတွေဘာတွေ ကြုံလာရရင် အဖေ့ကို လာရှာဖို့ မမေ့နဲ့။”

လန်ယွဲ့က အခန်းထဲမှာ လူတိုင်းကို ဦးညွတ်နေခဲ့ပြီး မထွက်သွားခင်မှာ သူက ထောင်ထောင်ကို ငွေဒင်္ဂါးတွေ ပါသည့် တုတ်ချောင်းကြီး တစ်ချောင်းကို အတင်း ပေးခဲ့သည်။

စစ်ကားကြီးက တောင်ပေါ်လမ်းတစ်လျှောက် တအိအိ သွားနေခဲ့သည်။ ဝမ့်ရင်းက ထောင်ထောင့်ရဲ့ လက်လေးဖြင့် နှုတ်ဆက်ပြီး သူမရဲ့အဖေ သွားတာကို စောင့်ကြည့်နေခဲ့သည်။

ဝမ့်ယုံဖု ထွက်သွားတာကို ကြည့်နေရင်း နောက်ဆုံးတော့ ထောင်ထောင်က စက္ကူပတ်ထားသည့် အထုပ်ကို ဖြည်ကြည့်လိုက်သည်။ အထဲမှာ ဘဏ်မှတ်စု အထပ်တစ်ထပ် ရှိနေခဲ့သည်။

ထောင်ထောင်က ထိုကဲ့သို့ အရောင်တောက်နေသည့် စက္ကူလေးကို သဘောကျပြီး ဝမ့်ရင်းကို ပြဖို့အတွက် ကိုင်ထားခဲ့သည်။

ရှုရွှမ်းက တိတ်တဆိတ် ရေတွက်နေရင်း ပြောခဲ့သည်။ “ဒါက ယွမ်၁၂၀၀ ကျော်တယ်။”

ဝမ့်ရင်းက တုန်လှုပ်သွားခဲ့သည်။ မိသားစုနှင့် နှစ်များစွာ ဝေးကွာနေသည့် အဖေတစ်ယောက်က သူ့ရဲ့ စုငွေတွေ အားလုံးကို ဒီထဲမှာ ထည့်ပြီး သူ့မိသားစုကို ပြန်ပေးဖို့ စောင့်နေခဲ့သည်။

ဝမ့်ရင်းက အဲ့ဒါကို လူမသိအောင် တိတ်တဆိတ် ဘေးမှာ ထားလိုက်သည်။

ရှုရွှမ်းက သူမရဲ့ လက်ကို ကိုင်ပြီး ဝမ့်ရင်းကို ညှင်သာစွာ ပြောလိုက်သည်။ “အိမ်ပြန်ကြရအောင်။”

နှစ်အနည်းငယ် ကြာပြီးနောက် သူမသည် မူလပိုင်ရှင် မိခင်ရဲ့ အုတ်ဂူကို ပြန်ပြင်ပြီး မူလပိုင်ရှင်အတွက် အခေါင်း အလွတ် တစ်ခုကို ချန်ထားလိမ့်မည် ဖြစ်သည်။

ချမ့်ရှုဖန်းရဲ့ မူလ ရာထူးကို ပြန်ရဖို့က နောက်ထပ် အဆင့် အနည်းငယ်သာ ကြေညာဖို့ လိုတော့ပုံ ရသည်။

နောက်ပိုင်း နှစ်လ မပြည့်ခင်မှာပဲ အမျိုးသမီးကြီး မစ္စရှုက ရှုမင်ကို ခရိုင်တက္ကသိုလ်ကို ပြန်ခေါ်ဖို့ ပြောနေသည့် စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

ရှုမင်ရဲ့ စာထဲမှာ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပြီး သူ့ရဲ့ လက်ရေးက အရမ်းကို ဖိရေးလွန်းလို့ စာရွက်ကနေ ဖြတ်ပြီးတောင် မြင်နိုင်သည်။

“ခရိုင် တက္ကသိုလ်မှာ ငါ့ဆရာရဲ့ သုတေသနာကို ပြန်ပြီး စတော့မှာ။ ပြီးတော့ ငါလည်း ခရိုင် တက္ကသိုလ်ကနေ စာသင်ကြားရေး လက်မှတ်တစ်ခုကိုလည်း ရထားတာ။ ငါ မကြာခင် အိမ်ကို ကလေးတွေရယ်၊ ဇနီးရယ်ကို ခေါ်ပြီး ပြန်လာခဲ့မယ်။ ငါလည်း အဝေးကို ရောက်တာ ရှစ်နှစ်တောင် ရှိနေပြီ။ ပြီးတော့ ငါ့မိသားစုထဲမှာလည်း အဆင်ပြေနေမယ်လို့ မျှော်လင့်ပါတယ်။”

အမျိုးသမီးကြီး မစ္စရှုက နေ့တိုင်း သားငယ်လေးနှင့် နေရင်း သူမရဲ့ မျက်နှာက မျက်ရည်တွေ အပြည့် ဖြစ်နေခဲ့သည်။ သူမရဲ့ အကြီးဆုံးသားက စာထဲမှာ အဆင်ပြေပါတယ်ဟု ပြောထားသော်လည်း သူမကတော့ စိုးရိမ်နေဆဲ ဖြစ်သည်။

ဝမ့်ရင်းက သူမရဲ့ ယောက္ခမကို နှစ်သိမ့်ပေးခဲ့သည်။ “မငိုပါနဲ့တော့။ သမီးတို့ အစ်ကိုကြီးနဲ့ သူ့မိသားစုက ပြန်လာမယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုပဲလေ။”

ဝမ့်ရင်းသည် လွန်ခဲ့သော နှစ်တွေတုန်းက စာထဲမှာ ထည့်ရေးလေ့ရှိသည့် သူမရဲ့ ယောင်းမနှင့် တူလေးကို မမြင်ဖူးသော်လည်း သူတို့က ပစ္စည်းတွေပို့ပေးလေ့ ရှိသည်။ သူက အဝတ်တွေ ပို့ပေးတယ်။ အပြန်အလှန်အနေနဲ့ ငါက အသားခြောက်တွေ ပို့ပေးတယ်။ မိသားစုတွေရဲ့ ကြားထဲမှာရှိတဲ့ ဆက်ဆံရေးက သွေးဝေးမနေပါချေ။

အမျိုးသမီးကြီး မစ္စရှု - “ငါသိပါတယ်။ ငါနည်းနည်း စိတ်မသက်မသာ ခံစားနေရရုံပါ။”

သူသည် တောက်ပသည့် အနာဂတ်ရှိသည့် သားကောင်းတစ်ယောက် ဖြစ်နေခဲ့သော်လည်း သူသည် အများကြီး ခံစားရဖို့အတွက် အနောက်မြောက်အရပ်သို့ ပို့ခံလိုက်ရကာ သူမရဲ့ ရင်တွေကွဲမတက် နာကျင်ခဲ့ရသည်။

ရှုမင်နှင့် သူ့သူငယ်ချင်းတွေက စာထဲမှာ ပြောထားတာထက် လဝက်လောက် အနည်းငယ် စောပြီး ပြန်လာခဲ့သည်။ စက်တင်ဘာလ၏ ရွှေရောင်လမှာ ရှုမင်က နန့်ရှောင်မြို့ကို သူ့ဇနီးရယ်၊ သူ့ကလေးရယ်၊ အထုပ်အပိုးတွေ အများကြီးရယ် ယူပြီး ပြန်လာခဲ့သည်။

ရှုရွှမ်းနှင့် ဝမ့်ရင်းကို နှစ်ယောက်လုံးက ခွင့်ယူခဲ့ကြပြီး အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ အကောင်းဆုံး အဝတ်တွေကို ဝတ်ကာ သူတို့ကို သွားကြိုဖို့အတွက် မိသားစုလိုက် ရထားဘူတာကို သွားခဲ့ကြသည်။

အမျိုးသမီးကြီး မစ္စရှုက စိတ်လှုပ်ရှားနေခဲ့သည်။ “ဒီဘူတာက မှန်တယ်မလား။ ဒါ မင်းတို့အစ်ကို ပြောနေတဲ့ ပြောနေတဲ့ ဘူတာလား။”

ရှုရွှမ်း - “ဟုတ်တယ်။ ဒီဘူတာပါပဲ။ ဒါက သုံးနာရီလောက် လိုနေသေးတယ်။”

အမျိုးသမီးကြီး မစ္စရှုက သတ်မှတ်ထားသည့် နေရာများကို သွားဖို့ အလျင်လိုနေသည့်အတွက် ဝမ့်ရင်းက ထုံးစံအတိုင်း ပလက်ဖောင်း လက်မှတ်ဆိုင် တစ်ခုဆီ ခေါ်သွားခဲ့သည်။ မိသားစုက အထဲမှာ မစောင့်ဘဲ စောင့်ဖို့အတွက် ပလက်ဖောင်းပေါ် ချက်ချင်း သွားခဲ့ကြသည်။

ရှုမင်ရဲ့ မိသားစုကလည်း ထိုအချိန်မှာ စိုးရိမ်နေခဲ့သည်။

ရှုမင်ရဲ့ ဇနီး စုန့်ယာက ရထားပေါ်မှာ တစ်နှစ်အရွယ် သားဖြစ်သူ တုံတုံနှင့် ထိုင်နေခဲ့သည်။

စုန့်ယာ - “အလုပ်လုပ်နေတာ ရပ်ပါဦး။ ရှင်က ကြိတ်ဆုံကို လှည့်နေတဲ့ မြည်းတစ်ကောင်လောက် အလုပ် ကြိုးစားနေတာ။ ကျွန်မတို့လည်း ရောက်ခါနီးပြီ၊ ရှင့်နာရီကို စိုက်ကြည့်နေတာ ရပ်တော့။”

ရှုမင်က အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။ “ကိုယ်က နှစ်တွေအများကြီး ထွက်သွားခဲ့ရတာလေ။ အမေက ကျန်းမာရေး ကောင်းရဲ့လားဆိုတာလည်း ကိုယ် မသိဘူး။”

စုန့်ယာ - “အခုချိန် စိတ်လှုပ်ရှားနေလို့လဲ ဘာထူးမှာလဲ။ ဘူတာဆီ ရောက်တော့မယ်မလား။”

သို့သော် စုန့်ယာက သူမ တစ်ခါမှ မတွေ့ဖူးသေးသည့် သူမရဲ့ ယောက္ခမကို မကြောက်ပါ။ လွန်ခဲ့သော နှစ်တွေမှာ သူတို့က အတော်လေး အဆင်ပြေပြေ ရှိခဲ့ကြသည်။ သူမရဲ့ ယောက္ခမက ထိုနေရာမှာ အသီးအရွက်တွေ စိုက်ဖို့ သူတို့အတွက် ခက်ခဲတာကို နားလည်သည့်အတွက် နှစ်တိုင်း သူမက သူတို့ဆီကို စားစရာတွေ အထုပ်ကြီး၊ အထုပ်ငယ်ဖြင့် ပို့ပေးလေ့ ရှိသည်။ သူမနှင့် တစ်ခါမှ မဆုံဖူးသေးသည့် သူမရဲ့ ယောင်းမက ဆရာဝန်တစ်ယောက်လို့ ပြောလို့ရပြီး သူမကို တားဖို့ ဘာကိုမှ မပြောခဲ့ဖူးပါ။

စုန့်ယာမှာ ဘာကိုမှ သိပ်ပြီး ဂရုမစိုက်ဘဲ စိတ်ထဲရှိသလို နေတတ်သူဖြစ်သည်။

စုန့်ယာက သူမရဲ့ သားကို စလိုက်သည်။ “ထုံထုံ၊ မကြာခင် သားက သားအစ်မကို တွေ့ရတော့မှာဆိုတော့ ပျော်လား။”

ထောင်ထောင်က ထုံထုံထက် ခြောက်လလောက် အသက် ပိုကြီးသည်။ တကယ်လို့ နောက်ပိုင်း သူမနှင့် တွေ့သည့်အခါ ဒါတွေကြောင့် သူမရဲ့ ယောင်းမနှင့် စကားပြောဖို့ ခက်ခဲနေခဲ့ရင် ကလေးနှင့် စကား စပြောဖို့ အကြံကောင်းတစ်ခု ရှိလိမ့်မယ်ဟု စုန့်ယာက တွေးထားခဲ့သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၄၆

ရထားမောင်းသမားက ဘူတာရုံကို အရှိန်ဖြင့် မောင်းသွားခဲ့သည်။ ရှုမင်က သူ့ဇနီးနှင့် သူ့ကလေးကို ခေါ်လာကာ အထုပ်တွေကို သယ်ပြီး ရထားပေါ်ကနေ ဆင်းလာကာ အတော်လေး ချွေးထွက်နေခဲ့သည်။

ရှုရွှမ်းက သူတို့ကို အဝေးကနေ မြင်သော်လည်း ရှုမင်ရဲ့ မိသားစုက ပိုပြီးတောင် သိသာနေခဲ့သည်။

ထိုခေတ်တွေမှာ လူတွေက သိပ်ပြီး ခရီးထွက်လေ့မရှိဘဲ ခရီးရှည်ကြီးတွေကို သွားတဲ့သူ အရမ်းနည်းသည်။ သို့သော် ဘူတာရုံမှာ အထုပ်သေး၊ အထုပ်ကြီးတွေ သယ်လာတဲ့လူတွေက အနည်းငယ်သာ ရှိသည်။

ရှုမင်က သူ့ကို လူတစ်ယောက် ခေါ်နေတာ ကြားသည့်အခါ သူက မော့ကြည့်လိုက်ပြီး သူ့ရဲ့ အိုမင်းလာသည့် သူ့အမေကို မြင်သည့်အခါ လှမ်းခေါ်လိုက်သည်။ “အမေ။”

အမျိုးသမီးကြီး မစ္စရှုက တစ်ချိန်တည်းမှာပဲ ရယ်ရင်း ငိုနေခဲ့သည်။ “မင်း ပြန်လာတဲ့အတွက် ငါဝမ်းသာတယ်။ သား ပြန်လာတာကို အမေ တကယ် ဝမ်းသာတယ်။”

ရှုမင်းက စုန့်ယာကို ဆွဲခေါ်ပြီး နှစ်ဖက်လုံးနှင့် မိတ်ဆက်ခဲ့သည်။

“ယောင်းမ၊ မြို့မှာပဲ တစ်ရက်လောက် နေရအောင်။ မနက်ဖြန် သူတို့ ညီအကိုတွေ ရွာကို ပြန်ချင်လားဆိုတာ ကျွန်မတို့ တစ်ချက် ကြည့်ကြတာပေါ့။”

ရှုမင် - “ပြန်ကြမယ်။”

သူက အချိန်အတော်ကြာ အဝေးကို ရောက်နေခဲ့ပြီး ထိုအချိန်မှာတော့ သူက သူ့အဖေရဲ့ အုတ်ဂူဆီ သွားလည်ဖို့ ပြန်ကို ပြန်လာရမည် ဖြစ်သည်။

မိသားစုက အိမ်ကို တက်တက်ကြွကြွနှင့် ပြန်လာခဲ့သည်။ နေ့လည်စာအတွက် ရှုရွှမ်းက ဟော့ပေါ့အိုးကြီး တစ်အိုး ပြင်ဆင်ပေးခဲ့သည်။ အကြောင်းမှာ သေသွားပြီဖြစ်တဲ့ သူတို့ရဲ့ အဖေက စီချွမ်း စားဖိုးမှူးတစ်ယောက်ဖြစ်ပြီး ဟော့ပေါ့က ရှုမင်နှင့် ရှုရွှမ်းတို့ ကလေးဘဝရဲ့ အမှတ်တရ စားစရာတစ်ခု ဖြစ်သည်။

ဟော့ပေါ့က စပ်သည့် ဟော့ပေါ့အိုး ဖြစ်သည်။ ရှုရွှမ်းက ငရုတ်သီး မျိုးစုံကို ထည့်ထားပြီး Ciba ငရုတ်သီးကို ထည့်ကာ ဟင်းရည် တည်ဖို့အတွက် အနှစ်အနေနဲ့ ဆူအောင် တည်ထားခဲ့သည်။ ထို့နောက် သူက ကြက်သွန်၊ ဂျင်းနှင့် ကြော်ထားသော ပါဝင်ပစ္စည်းတွေကို မွှေးတဲ့အထိ ထည့်ခဲ့သည်။ စီချွမ်း ငရုတ်ကောင်းနှင့် အထုံစေ့တွေကို လတ်ဆက်ပြီး မွေးလာတဲ့အထိ ထည့်ခဲ့သည်။ အိုးရဲ့ နီရဲနေသည့် ဟင်းရည်က ကြည့်လိုက်ရုံဖြင့် သားရည်တွေတောင် ကျလာခဲ့သည်။

ရှုမင် - “ငါ နှစ်တွေအများကြီး ဒီအကြောင်းတွေကို တွေးနေခဲ့တာ။ အနောက်မြောက်ပိုင်းမှာရှိတဲ့ အခြေအနေတွေက တကယ်တော့ မကောင်းပါဘူး။ ပြီးတော့ အဲ့မှာ စားဖို့အတွက် ဘာဟော့ပေါ့မှလည်း မရှိဘူး။”

ဘေးနားမှာ ဟော့ပေါ့ ဟင်းပွဲ အစပ်တွေ အများကြီး ရှိနေခဲ့ပြီး အသားလုံး၊ အကြော်၊ ဘဲအူနှင့် အမဲနှင့် သိုးသားကို ရှုရွှမ်းကိုယ်တိုင် လုပ်ပေးခဲ့သည်။

အိမ်မှာ ကလေးနှစ်ယောက်က ဘာအစပ်မှ မစားနိုင်သည့်အတွက် ရှုရွှမ်းက ငါးအသားပြားကို ပေါင်းပြီး ကြက်ဥပေါင်းကို သကြားဖြူးကာ၊ ကန်စွန်းဥလုံးကြော်နှင့် ခေါက်ဆွဲ တစ်ပန်းကန်ကို သူတို့အတွက် လုပ်ပေးခဲ့သည်။

ထောင်ထောင်က သူမရဲ့ မောင်လေးကို မြင်သည့်အခါ ပျော်ရွှင်စွာ ပတ်ပြေးနေခဲ့သည်။

နောက်ဆုံးမှာတော့ သူမက အငယ်ဆုံး ထပ်ပြီး မဟုတ်တော့ပါ။

စုန့်ယာက သူမရဲ့သားကို ကျွေးဖို့ လုပ်လိုက်သော်လည်း ထောင်ထောင်ကြည့်ပြီး အံ့ဩသွားခဲ့သည်။ သူမက နှစ်နှစ်သာ ရှိသေးပေမယ့် သူမရဲ့ မောင်လေးအတွက် သစ်သားပန်းကန်နှင့် ဇွန်းကို ပေးခဲ့သည်။

“မောင်လေး၊ စားလေ။”

စုန့်ယာက သူမရဲ့ သားကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။ သူမရဲ့ တစ်နှစ်အရွယ် သားလေးက အခုထိ ဇွန်းနှင့် ပန်းကန်ကို မသုံးတတ်သည့်အတွက် သူမကသာ သူ့ကို ကျွေးရသည်။

သူမရဲ့ မောင်လေးက ဘာကိုမှ မလုပ်တတ်တာကို မြင်သည့်အခါ ထောင်ထောင်က မြန်မြန် အနောက်ကနေ လိုက်သွားခဲ့သည်။ သူမက လက်ကို ဆန့်ထုတ်ပြီး လက်ကို ဆေးကာ ကြက်ဥပေါင်းကို ဇွန်းဖြင့် ခပ်လိုက်သည်။ ထုံထုံကလည်း စိတ်ဝင်စားကာ လိုက်လုပ်နေခဲ့သည်။ ပန်းကန်ထဲကနေ မြေပေါ်ကို ကျလုနီးပါး ဖြစ်နေခဲ့ကြသည်။

ထောင်ထောင်က အရမ်းကို ကျေနပ်နေခဲ့ပြီး ငါးအသား စားဖို့အတွက် ရှုရွှမ်းက ငါးအသားကို ချက်သည့်အခါ အရိုးတွေ အားလုံးကို ဖယ်ပေးထားပြီး ဖြစ်သည့်အတွက် ထောင်ထောင်က အဲ့ဒါတွေကို စစားပြီး သူမရဲ့ မောင်လေးကိုတောင် သင်ပေးခဲ့သည်။ “ ဒီမှာ၊ အဲ့ဒါကို ဒီလိုစား။”

နူးညံ့သည့် ကြက်ဥပေါင်းလေးက အရမ်းကို မွှေးပြီး စားကောင်းသည်။ အသားလုံးကြော်တွေကိုလည်း ချက်ချင်း စားလို့ရသည်။ ထုံထုံက စုန့်ယာကိုတောင် မကြည့်ဘဲ အဲ့ဒါတွေကို ဘယ်လို လုပ်ရမလဲဆိုတာ ပျော်ရွှင်စွာ လေ့လာနေခဲ့သည်။

ဝမ့်ရင်း - “ဒါတွေကို သူတို့ဘာသာ စားခိုင်းလိုက်ပါ။ ပြီးတော့ ငါတို့လည်း တူတူစားကြမယ်။”

စုန့်ယာ - “ဒါလည်း အဆင်ပြေတယ်လား။”

ဝမ့်ရင်း - “ဒါက အဆင်ပြေပါတယ်။ သူတို့တွေ ညစ်ပတ်သွားရင် သူတို့ရဲ့ အဝတ်တွေကို လဲပေးရုံပေါ့။”

သူမရဲ့သား သေသေချာချာ စားနေတာကို မြင်သည့်အခါ စုန့်ယာက စိတ်သက်သာရာ ရသွားခဲ့သည်။ “ထောင်ထောင်က နှစ်နှစ်ပဲရှိသေးတာ၊ ဟုတ်တယ်မလား။ ညီမ သူ့ကို သေသေချာချာ သင်ပေးထားတာပဲ။”

စားနေရင်း ထောင်ထောင်က ထုံထုံရဲ့ ပါးစပ်ကို သူမရဲ့ ပါးစပ်ကို သွားရည်ခံဖြင့် ဆွဲပြီး သုတ်ပေးလိုက်သည်။ သူမကိုယ်သူမ ဂရုစိုက်ရုံသာမက အခြားသူတွေကိုလည်း ဂရုစိုက်သေးသည်။

စုန့်ယာက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။ “ဒီတူတွေက တော်တော်ကို အသုံးဝင်တယ်။ ဒါတွေနဲ့ မုန့်တွေကို ညှပ်လို့ရတယ်။”

ထောင်ထောင်က ချက်ချင်း ကြွားလိုက်သည်။ “အဖေက သမီးအတွက် လုပ်ပေးတာ။”

ဝါးတူလေးရဲ့ အစွန်းတစ်ဖက်စီမှာ ယုန်ခေါင်းလေး တစ်ခုစီ ရှိနေခဲ့သည်။

ဝမ့်ရင်း - “ဒါက တူတွေ စသုံးတဲ့ ကလေးတွေကို သင်ပေးတဲ့နေရာမှာ ကူညီပေးဖို့ လုပ်ထားတာ။ ရှုရွှမ်းက အပိုတစ်ချောင်းလည်း လုပ်ထားသေးတယ်။ တကယ်လို့ ထုံထုံက တစ်ခု လိုချင်တယ်ဆိုရင် သူ တစ်ခု ယူသွားလို့ ရတယ်။”

စားစရာတွေ စားပြီးနောက် အိမ်ရှင်နှင့် ဧည့်သည်တို့ ကိုယ်တိုင်က အရမ်းကို ပျော်နေခဲ့သည်။

ရှုမင်က သူ့မိသားစုနှင့် ထိုင်ပြီး ဗိုက်ပြည့်ပြည့်နှင့် စားရင်း စကားပြောနေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ အကြီးဆုံးသားနှင့် သူ့အစီစဥ်တွေကို မေးနေခဲ့သည်။ “မင်းရဲ့ ကျောင်းမှာ တကယ်ရော အားလုံးက အဆင်ပြေရဲ့လား။”

ပြန်လာပြီးနောက် ရှုမင်သည် အခြား ပြဿနာများနှင့် ရင်ဆိုင်ရမှာကို စိုးရိမ်နေဆဲ ဖြစ်သည်။

ဝမ့်ရင်းက နောက်ပိုင်းမှာ ကိစ္စတွေ တဖြည်းဖြည်းချင်း သူမကို အကြံပေးခဲ့သော်လည်း ချမ့်ရှုဖန်းက ရာထူး ပြန်ရပြီး နေရာ ပြန်ပေးခံရမယ်ဟု မမြင်ခဲ့တာလား။ သူမ မကြာခင်ကမှ ပို့လိုက်သည့် စာထဲတွင် ချမ့်ရှုဖန်း ပြန်သွားတာနှင့်တစ်ပြိုင်နက် စုံစမ်းစစ်ဆေးမှု ပြီးသွားတာနှင့် သူမရဲ့ ပီကင်း အော်ပရာ အဖွဲ့ရဲ့ မူလ ရာထူးနေရာကို ပြန်ပြီး ပေးလိမ့်မည်ဟု ချမ့်ယုကလည်း ပြောခဲ့သည်။ ထို့အပြင် ချမ့်ရှုဖန်း သိမ်းခံခဲ့ရသည့် မြေနေရာကိုလည်း ပြန်ပေးလိမ့်မည် ဖြစ်သည်။

ရှုမင်က သူ့အမေကို နှစ်သိမ့်ပေးခဲ့သည်။ “ဒါက အဆင်ပြေပါတယ်။ သားဆရာကို လွန်ခဲ့တဲ့ နှစ်တုန်းကလည်း ပို့လိုက်ကြတယ်။ ပြီးတော့ ဒီတစ်ခေါက် သူက ပထမဆုံး ပြန်လာတာပဲ။ သူက သားကို သူ့ရဲ့ မပြီးသတ်သေးတဲ့ သုတေသနကို ဆက်လုပ်ဖို့ ပြောခဲ့တာ။ ကျောင်းကလည်း သားအတွက် နေရာတစ်ခု ချထားပေးတယ်။ ပြီးတော့ အချိန်ကျရင် စုန့်ယာက ကျောင်းမှာ ကုန်ပစ္စည်း စီစဥ်ပေးတဲ့ နေရာမှာ စီစဥ်ပေးလို့ ရသွားလိမ့်မယ်။”

စုန့်ယာက အနည်းငယ် ရှက်သွားခဲ့သည်။ “ငါ့မှာက ပညာရေးက မမြင့်ဘူးလေ။ ဒါပေမယ့် ကုန်ပစ္စည်းက လူတစ်ယောက် ငါ့အတွက် အခက်ခဲဆုံး ဖြစ်မှာ မဟုတ်ဘူးလို့ ရှုမင်က ပြောသေးတယ်။”

ရှုမင် မြို့ကို ပြန်ရောက်လာတယ်ဆိုသည့် သတင်း ရောက်လာသည့်အခါ စုန့်ယာရဲ့ မိဘတွေက သူတို့ အိပ်မပျော်တာကို အတော်လေး စိုးရိမ်နေခဲ့သည်။ သူတို့က ရှုမင်သည် လူကောင်းတစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ သမီးက သူ့ကို သဘောကျတယ်ဟု တွေးမိသည့်အတွက် သူတို့က သူ့ကို လက်ထပ်ပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေစေချင်ရုံသာ ဖြစ်သည်။

သို့သော် ရုတ်တရက်ကြီး ရှုမင်က တက္ကသိုလ်မှာ အတိုင်ပင်ခံတစ်ယောက် ဖြစ်လာပြီး နောက်ပိုင်းမှာ သူက တွဲဖက်ပါမောက္ခ သို့မဟုတ် ပါမောက္ခတစ်ဦး ဖြစ်လာမလားဆိုတာကို ဘယ်သူကများ သိနိုင်မှာလဲ။

စုန့်ယာရဲ့ မိဘတွေက ရှုမင်မြို့ကို ပြန်သွားပြီးနောက် သူ့ဇနီးနှင့် ကလေးတွေကို စွန့်ပစ်သွားမှာ စိုးရိမ်သည့်အတွက် သူတို့က အချိန်အတော်ကြာ စုန့်ယာကို ခေါ်ပြီး သူမနှင့် စကားတွေ ပြောနေခဲ့သည်။

ကံကောင်းစွာဖြင့် ရှုမင်က နှလုံးသားမရှိသည့် လူတစ်ယောက် မဟုတ်ပါ။ သူက သူ့ရဲ့ အခြေအနေကို စောစောစီးစီး သတင်းပေးခဲ့ပြီး စုန့်ယာအတွက် မိတ်ဆက်စာ တစ်စောင်ကို ရကာ ခရိုင်မြို့မှာ သူတို့နှစ်ယောက် အတူတူ နေဖို့အတွက် ပြင်ဆင်နေခဲ့သည်။

ဝမ့်ရင်းက သူမရဲ့ စိတ်ထဲမှာ အချိန်ကို တွက်နေခဲ့သည်။ ဒီနှစ်က ၁၉၇၆ခုနစ်သာ ရှိသေးပြီး နောက်နှစ်ဆိုရင် တက္ကသိုလ် ဝင်ခွင့်တွေ ပြန်စတော့မည် ဖြစ်သည်။ ဒီနှစ်မှာ ဆရာတွေ အားလုံး ပြန်ခေါ်ဖို့ဆိုတာကို နားမလည်ဖို့ တစ်ခုခု ရှိနေပုံ မရပါ။

အမျိုးသမီးကြီး မစ္စရှုကလည်း စုန့်ယာကို အတော်လေး သဘောကျသည်။ သူမက အရမ်း ကံကောင်းတယ်ဟု ခံစားနေခဲ့ရသည်။ သူမရဲ့ သားနှစ်ယောက်လုံးက သူတို့ ကံမကောင်းတဲ့အချိန်မှာ ဇနီးကောင်းလေးတွေနှင့် ဆုံတွေ့ခဲ့ကြရသည်။ ရှုမင်က အနောက်မြောက်ပိုင်းကို ရောက်သည့်အခါ စုန့်ယာလို ချွေးမမျိုး ရှာပေးနိုင်သည့်အတွက် အတော်လေးကို ကံကောင်းသည်။

သူမက သိချင်စိတ်ဖြင့် ပြောလိုက်သည်။ “မကြောက်ပါနဲ့။ ရှုမင်က နှစ်တွေအကြာကြီး ခရိုင်က တက္ကသိုလ်မှာ ရှိနေခဲ့တာ။ တကယ်လို့ မင်းမှာ မေးခွန်း တစ်ခုခု ရှိတယ်ဆိုရင် သူ့ကို မေးသာ မေးချလိုက်။ သူက မင်းရဲ့ အိမ်ကနေ မိုင်ထောင်ချီဝေးတဲ့ နေရာတစ်ခုဆီ ခေါ်လာတဲ့ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ပဲ။ အဲ့တော့ မင်း အဆင်ပြေအောင် သူက ကူညီပေးရမှာ။ သူ့အတွက် အနှောက်အယှက် ဖြစ်တယ်လို့ မတွေးနဲ့။”

မိသားစုက ရယ်လိုက်မောလိုက်နှင့် စကားတွေ ပြောနေခဲ့ကြသည်။ ရှုမင်ရဲ့ ရင်ထဲမှာတော့ မြို့ကို ပြန်ရမည့်အကြောင်း ပြောသည့်အခါ စိတ်လှုပ်ရှားမှုတွေ တိုးလာခဲ့သည်။ “ကောလိပ်ကျောင်း ဝင်ခွင့်တွေက ဘယ်အချိန် ပြန်စမလဲဆိုတာတော့ ငါလည်း မသိဘူး။ အခုဆိုရင် အခြေအနေတွေက အတော်လေးကို ငြိမ်လာပြီ။ တစ်ဘဝလုံး ဘာအရည်အချင်းမှ မရှိဘဲ တက္ကသိုလ်တွေက ထာဝရ လူသူကင်းမဲ့နေတာမျိုးတွေ မဖြစ်နိုင်တော့ဘူး။ ငါ ဆရာတွေကိုလည်း မေးခဲ့တယ်။ ဟိုတစ်လောကမှ သူလည်း လေ့ကျင့်ပေးတာတွေနဲ့ အလုပ်ရှုပ်နေတယ်ဆိုပြီး ပြောတယ်။”

ဒါက အရမ်းကို တည့်တိုးဆန်သည်။ သူ့ရဲ့ ဆရာက အခြားသူတွေနှင့် ဘာကို လေ့ကျင့်ပေးရမှာလဲ။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးက ပြန်လာပြီ မဟုတ်လား။

ရှုမင် - “တကယ်လို့ မင်းတို့ နှစ်ယောက်မှာ အစီအစဥ်တွေ ရှိတယ်ဆိုရင် အခုကတည်းက စောစောစီးစီး ပြင်ဆင်ထားကြ။”

ဒါဟာ ကောလိပ် ဝင်ခွင့်ကြောင့်ဆိုတာ သေချာသည်။ ရှုရွှမ်းက စားဖိုမှူးတစ်ယောက် ဖြစ်သော်လည်း သူသည်လည်း အလယ်တန်းကျောင်းမှာ ပညာသင်ခဲ့သလို ဝမ့်ရင်းကလည်း အထင်တန်း ကျောင်းသူတစ်ယောက် ဖြစ်သည်။

ရှုရွှမ်း - “အဲဲဒါဆို ကျွန်တော်တို့ နားလည်ပါတယ်။”

တကယ်တမ်းမှာတော့ သူက အရမ်း မအံ့ဩခဲ့ပါ။ ဝမ့်ရင်းက ဒီနှစ်တွေက ကောလိပ်ဝင်ခွင့် စာမေးပွဲ အကြောင်းကို ပြောနေခဲ့သည်။ မနှစ်ကတည်းက သူမသည် တစ်ခါတစ်လေ ရှာတွေ့ထားခဲ့သည့် စာအုပ် အချို့ကို ကြည့်နေလေ့တောင် ရှိသည်။

ဝမ့်ရင်းသည် သူမရဲ့ အတွေးအမြင်တွေကို ရှုရွှမ်းအား ဘယ်တုန်းကမှ ဖုံးကွယ်ထားလေ့ မရှိဘဲ ရှုရွှမ်းကလည်း သူမကို အပြည့်အဝ ထောက်ပံ့ပေးသည်။

ရှုမင်က သူ့ရဲ့ မိန်းမနှင့် ကလေးနှင့်အတူ ခရိုင်မြို့ကို မသွားခင် နန့်ရှောင်မြို့မှာ ရက်အနည်းငယ်သာ နေသွားခဲ့သည်။

ရှုမင် ထွက်သွားပြီးနောက် ဝမ့်ရင်းကလည်း တရားဝင် မှတ်ချက်ပေးသည့် နေရာကို ပြန်ရောက်လာခဲ့သည်။

သူမသမီးကို ဂရုစိုက်နေရသည့် တစ်လျှောက်လုံး ဝမ့်ရင်းက သူမကို မချဘဲ စာအုပ်တွေကို ဖတ်ကာ တစ်လျှောက်လုံး ဗဟုသုတတွေကို လေ့လာပြီး ဂရုတစိုက်နှင့် “သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ အတွဲ” များကိုပါ လေ့လာနေခဲ့သည်။

တစ်နှစ်လောက် ဒီလို သွားပြီးတဲ့နောက် ဒုတိယနှစ်ရဲ့ အလယ်မှာတော့ ကောလိပ်ဝင်ခွင့် စာမေးပွဲတွေ ပြန်စတော့မည့် သတင်းအကြောင်းက တဟုန်ထိုး လူသိများလာခဲ့သည်။

ချမ့်ကျွီဟွာက မြို့ကို လာခဲ့ပြီး ဝမ့်ရင်းအတွက် လက်ဆောင်တွေ ယူလာခဲ့သည်။ “ဝမ့်ရင်း၊ နင် ငါ့ကို သေချာတဲ့ အဖြေတစ်ခုတော့ ပေးပါ။ ငါ အရမ်းတွေ စိုးရိမ်နေလို့ပါ။ ဒီနှစ် မိုင်ယာက ဘွဲ့ရတော့မှာ။ ပြီးတော့ သူ့ဆရာတွေက သူ့အတွက် ဆေးကျောင်း တစ်ကျောင်း ထောက်ခံပေးလို့ ရတယ် ပြောတယ်။ ဒါပေမယ့် မိုင်မောင့်က ကျောင်းမသွားချင်ဘူး။ ဘာလို့လဲဆိုတော့ သူက မကြာခင် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေမှာလို့ ပြောတယ်။”

ချမ့်ကျွီဟွာသည် သူမရဲ့ သမီးတွေ အရမ်း ထူးချွန်ဖို့ တစ်နေ့နေ့မှာ စိတ်ပူနေရမယ်ဆိုတာ သူမ ဘယ်တုန်းကမှ စိတ်မကူးထားခဲ့ဖူးပါ။

သူမ မတိုင်ခင်က ဆေးပညာ ကောလိပ်အကြောင်းကို ထပ်ပြီး ရွေးချယ်စရာ ဖြစ်နေခဲ့သည်။ ချမ့်ကျွီဟွာက ဒီအခွင့်အရေး လက်လွှတ်ခံရမှာကို စိုးရိမ်နေခဲ့သည်။ တကယ်လို့ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ပြန်ပြီး မလုပ်ဘူးဆိုရင် နောက်ပိုင်း မိုင်မောင့်က ဘာဆက်လုပ်မှာလဲ။

အခုဆိုရင် ၁၉၇၇ သြဂုတ်လကို ရောက်နေပြီ ဖြစ်ပြီး ကောလိပ် ဝင်ခွင့်တွေ ပြန်ဖွင့်တော့မည့် သတင်းက နှစ်လအတွင်း ထွက်လာတော့မည် ဖြစ်သည်။

ဝမ့်ရင်းက ဝေဝါးနေတာကို ရပ်လိုက်ပြီး ချမ့်ကျွီဟွာက သံသယကို ဖျောက်လိုက်သည်။ “မကြာခင် မိုင်မောင့်ကို စာသေချာ လေ့လာဖို့ ပြောပေးပါ။”

“ကောလိပ် ဝင်ခွင့် စာမေးပွဲက သေချာပေါက် ပြန်လုပ်မှာ။”

နောက်ဆုံးမှာတော့ ချမ့်ကျွီဟွာက စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့နောက် တကယ်လို့ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ပြန်စခဲ့ရင်တောင် မိုင်မောင့်က ကောလိပ် ကျောင်းသူတစ်ဦး ဖြစ်လာပါ့မလားဟု သူမက ထိုအကြောင်းကို တွေးနေခဲ့သည်။

သူမက ထိုဖြစ်နိုင်ချေရှိသည့် အရာကို တွေးမိသည့်အခါ ချမ့်ကျွီဟွာက အံ့ဩပြီး ပျော်ရွှင်ကာ အနည်းငယ်တောင် လန့်သွားခဲ့ရသည်။

ဝမ့်ရင်း - “မိုင်မောင့်ရဲ့ အဆင့်တွေက အမြဲတမ်း ကောင်းတယ်။ အရင်ဆုံး သူ့ကို စာသင်ခွင့် ပေးလိုက်ပါ။ သတင်းရရင် ကျွန်မလည်း ရွာကို ပြန်လာခဲ့ပါ့မယ်။”

သူမက စာမေးပွဲဖြေရန် ပြင်ဆင်ဖို့အတွက် ရွာကို ပြန်သွားရန် စီစဥ်ထားခဲ့သည်။

ဝမ့်ရင်းရဲ့ စကားတွေနှင့် ချမ့်ကျွီဟွာက ပိုပြီးတောင် ယုံကြည်မှု ရှိလာခဲ့သည်။

ထို့ကြောင့် ၁၉၇၇ခုနစ် အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံးမှာတော့ ဝမ့်ရင်းက ကောလိပ်ဝင်ခွင့် စာမေးပွဲတွေ ပြန်စတော့မည့် သတင်းကို သတင်းစာထဲမှာ တွေ့လိုက်ရသည်။

သတင်းတွေကို ရပြီးသည့်နောက် မိသားစုက အစည်းအဝေး တစ်ခုကို ပြုလုပ်ခဲ့သည်။ နောက်ဆုံး ဆုံးဖြတ်ချက် တစ်ခုကတော့ ဝမ့်ရင်းသည် အလုပ်မှ ထွက်ပြီး စာမေးပွဲအတွက် ပြင်ဆင်ရန် ဖြစ်ကာ ရှုရွှမ်းက ပြောင်းရွှေ့ဖို့အတွက် လျှောက်ထားရန် သူ့ရဲ့ အဆက်အသွယ်တွေကို စတင်ပြီး အသုံးချလာခဲ့ပြီ ဖြစ်သည်။ တကယ်လို့ သူ့ရဲ့ လျှောက်လွှာက အဆင်မပြေဘဲ ဝမ့်ရင်းရဲ့ ရလဒ်တွေကို သိခဲ့ရရင် သူက လက်ရှိ အလုပ်ကနေ ထွက်ပြီး ပေကျင်းကို သူမနှင့်အတူ လိုက်သွားမည် ဖြစ်သည်။

ထိုသည်က ပထမဆုံးအနေဖြင့် အမျိုးသမီးကြီး မစ္စရှုက သူတို့ လင်မယားနှင့် ပတ်သက်ပြီး သဘောမတူခဲ့ခြင်း ဖြစ်သည်။ စွန့်စားမှုက အရမ်းကို ကြီးမားတယ်ဟု သူမက ခံစားခဲ့ရသည်။ ရှုရွှမ်း စာမေးပွဲကို အောင်ဖို့ မဆိုထားနှင့် သူက စားဖိုမှူးတစ်ယောက်အနေဖြင့် အလုပ် ထွက်လိုက်ရင် ဒါက တကယ်ကို သနားစရာတစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ပျော်စရာတွေထဲ ဝင်ပါဖို့ ရောက်လာသည့် ချမ့်တုန်က ရှုရွှမ်းကို ထောက်ခံ့ပေးခဲ့သည်။ “ ပေကျင်းကို သွားတာကလည်း ကောင်းပါတယ်။ ငါတို့ရဲ့ နေရာက အရမ်းကို သေးလွန်းတယ်။”

ဝမ့်ရင်းက ကောလိပ်ဝင်ခွင့် စာမေးပွဲကို မဖြေခဲ့ရင်တောင် သူက သူ့တပည့်ကို တွန်းအားတစ်ခု ပေးဖို့အတွက် စီစဥ်နေဆဲ ဖြစ်သည်။

ဒီလို ခရိုင်မြို့လေးမှာ နေနေရုံနဲ့ ဘယ်လို အောင်မြင်မှု တစ်ခုခုကို ရနိုင်မှာလဲ။ ဒီလို အသက်ငယ်ငယ်လေးနဲ့ ရှုရွှမ်းက ထိပ်တန်း စားဖိုမှူးတစ်ယောက် ဖြစ်နေခဲ့ရင်တောင် ဒါက လှေကားကို ရွှေ့ပေးဖို့အတွက် လွယ်လိမ့်မည် မဟုတ်ပါ။

အထူး အဆင့် သုံးခုနှင့် ဒုတိယအဆင့်၊ ပထမအဆင့် အားလုံးက ဟင်းချက်ပြိုင်ပွဲထဲမှာ ရွေးချယ်ခံရရန် ပါဝင်ဖို့ လိုအပ်သည်။ နန့်ရှောင်မြို့မှာ ရှုရွှမ်းက ထပ်ပြီး ဝင်ပါကာ ခရိုင်နှင့် မြို့မှာထက် ပေကျင်းကို သွားဖို့က ပိုကောင်းသည်။ ပြိုင်ပွဲအနည်းငယ်ကို ဝင်ပြိုင်ရုံဖြင့် ပြောင်းရွှေ့လို့ ရနိုင်သည်။

အလုပ်တစ်ခုကို ရှာပြီးနောက် ရှုရွှမ်းရဲ့ အဆင့်တစ်ခုကို ပေးဖို့ကတော့ မလွယ်ကူပါ။

အဲ့ဒါအပြင် တကယ်လို့ သူ တကယ် မလုပ်နိုင်ရင် သူ့မှာ ရှိနေတုန်းပဲ မဟုတ်ဘူးလား။

ချမ့်တုန်ကလည်း မပြတ်သားခဲ့ပါ။ “တစ်ချက်လောက် သွားကြည့်ဖို့အတွက် ငါလည်း ပေကျင်းကို ပြန်သွားဖို့ စီစဥ်ထားတယ်။”

ဆရာတစ်ယောက်အနေနဲ့ ပါရမီရှိတဲ့ သူ့ရဲ့ တပည့် တစ်ယောက်ကို ကာကွယ်ပေးရမှာပဲလေ။

All Chapters