← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 21 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 21 Ch. 251-252

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၅၁

ဒီနှစ်မှာတော့ စားစရာ ဝေစုကို လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ အရင်ကဆို မိသားစု တစ်စုမှာ ကြက် နှစ်ကောင်ပဲ မွေးခွင့်ရှိပြီး တပ်မဟာကနေလည်း ဝက်တွေအတွက် ဝေစု တစ်စုပဲ ရတာ။ အခုဆိုရင် တပ်မဟာမှာ ဒီလို ကန့်သန့်ချက်တွေ မရှိတော့ဘူး။ ထျန်းယိုဖုက သူ့ရဲ့ အင်္ကျီလက်ကို ခေါက်ပြီး အလုပ်ကို သွားကာ နောက်နှစ် သူတို့ရဲ့ ဝက်ခြံကို တိုးချဲ့ဖို့အတွက် စီစဥ်နေခဲ့သည်။

လူတစ်စုက သူတို့ရဲ့ ပီတိတွေကို ပျော်ရွှင်စွာ ဝေမျှနေခဲ့သည်။ ချမ့်မိသားစုရှိ လူတွေကလည်း ဂျုံခင်းနားမှာ ဝိုင်းနေရင်း သူတို့ အားလုံးက ထိုအကြောင်းတွေကို စပ်စုနေခဲ့ကြသည်။

“သွားရအောင်၊ အခု အဲ့ကို သွားရအောင်။ ငါ့ဦးလေးနဲ့ တစ်ခြားသူတွေကို အချိန် ကြည့်ဖို့နဲ့ ပစ္စည်းတွေကို မြန်မြန် နေရာချဖို့ သွားပြောလိုက်။”

ချမ့်မိသားစုသည် တစ်ခြား ပြောင်းလဲမှုတွေ ဖြစ်လာမှာကို စိုးရိမ်သည့်အတွက် သူတို့က မြန်မြန် လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

အဖွဲ့ခေါင်းဆောင်က ထိုအကြောင်းနှင့် ပတ်သက်ပြီး စိတ်ထဲ မထားခဲ့ပါ။ ချမ့်ကျွီဟွာက သူမရဲ့ အိမ်ထောင်စု စာရင်းကို မပြောင်းခင်အထိ သူမက အဖွဲ့ထဲရှိ လူတစ်ယောက် အဖြစ် ရှိနေဦးမည် ဖြစ်သည်။

ဘေးနားမှာ ကြည့်နေကြသည့် လူတွေက အနည်းငယ် စိတ်ရှုပ်သွားခဲ့ကြသည်။ “ချမ့်မိသားစုထဲက လူတွေက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေကြရတာလဲ။”

လူတွေ ဒီလောက် စိုးရိမ်နေတာကို သူ တစ်ခါမှ မမြင်ဖူးဘူး။ ကြေညာချက်ကတောင် အခုထိ ပူပူနွေးနွေး မဖြစ်သေးဘူးဆိုပေမယ့် သူက မိသားစုထဲမှာ ထည့်တာတွေ၊ အဲ့လိုအရာတွေကို လုပ်ရင်း စိုးရိမ်နေကြသည်။

စကားပြောနေသည့် စိတ်မြန်၊ လက်မြန်ရှိသည့် လူတစ်ယောက်က မေးလိုက်သည်။ “မင်းတို့ ရူးနေတာလား။ မိုင့်မောင်မှာက အဖေ ရှိသေးတယ်ဟ။ မင်းတို့က ဘာလို့ ဒီကိစ္စတွေကို မြန်မြန် မလုပ်ဘဲနဲ့ သူ့အဖေ ရောက်လာပြီး သူ့သမီးကို ပြန်မှတ်မိဖို့ကို စောင့်နေတာလား။”

စကားပြောနေတဲ့လူက ရုတ်တရက် သတိရသွားခဲ့သည်။ “အဲဲဒါလည်း ဟုတ်တာပဲ။”

မကောင်းကြောင်း ပြောရမယ်ဆိုရင် သူက ဒီနေရာမှာ ပေါ်လာခဲ့သည်။ စကားတွေကို ပြောလိုက်တာနှင့် ချမ့်မိသားစုရှိ လူတွေက ချမ့်ကျိီဟွာနှင့် ချမ့်မိုင်မောင့်ကို မိသားစုထဲ ပြန်ခေါ်သွားခဲ့သည်။ ထို့နောက်မှာတော့ ထိုလူက ရောက်လာပြီး ပျော်ရွှင်နေသည့် အရာတွေက ချက်ချင်းဆိုသလိုပဲ တိတ်ဆိတ်သွားခဲ့သည်။

ထျန်းတကျူး - …

အဖွဲ့ခေါင်းဆောင်က မိုင်မောင့်သည် ပေကျင်းရှိ သာမန် တက္ကသိုလ် တစ်ခုကို ဝင်ခွင့်ရသွားတယ်ဆိုသည့် အကြောင်းကို ဒီနေ့မနက် အသံချဲ့စက်ဖြင့် ထပ်ခါထပ်ခါ ကြေညာနေကတည်းက ထျန်းတကျူးသည် နေမထိ၊ ထိုင်မသာ ဖြစ်နေခဲ့သည်။

သူက အိမ်နားမှာ ဟိုလျှောက်၊ ဒီလျှောက် သွားနေရင်း သူ့ရဲ့ ရင်ထဲမှာတော့ မီးလို ပူနေသလို စိုးရိမ်နေခဲ့သည်။

မိုင်မောင့်ကလည်း သူ့ရဲ့ ကလေးပဲလေ။

ထျန်းတကျူးက ပြန်ထိန်းနေခဲ့သော်လည်း သူက မနေနိုင်ခဲ့ပါ။ သူ အိမ်ထဲကနေ ထွက်လာသည့်အခါ သူ့ရဲ့ နောက်လိုက် ရွာသားတွေထံကနေ အဓိပ္ပါယ်ရှိသည့် အကြည့်တွေကို သူရင်ဆိုင်ခဲ့ရသည်။

“တကျူး၊ မိုင့်မောင်က တက္ကသိုလ်ကို ဝင်ခွင့်ရသွားပြီ။ မင်း ပျော်လား။”

“မိုင့်မောင်က မြို့က တက္ကသိုလ်ကို ဝင်ခွင့် ရသွားပြီ။ သူက နောက်ပိုင်းကျရင် မြို့မှာ ပျော်ပျော်ရွှင်ရွှင် နေဖို့ ချမ့်ကျွီဟွာနဲ့ သူ့အစ်မနှစ်ယောက်ကို ခေါ်သွားမလား ဆိုတာကို ဘယ်သူကများ သိမှာလဲ။”

သူတို့ အားလုံးက တစ်ရွာတည်းမှာ နေကြသူတွေဖြစ်ပြီး သူတို့တွေက ထျန်းတကျူးရဲ့ မိသားစု အကြောင်းကို သိနေခဲ့ကြပြီး ဖြစ်သည်။ ထျန်းတကျူးက သူ့ရဲ့ သမီး သုံးယောက်ကို ဘယ်လို လက်လျှော့ခဲ့ကြောင်း၊ သူက မုဆိုးမယွီကို ဘယ်လို မြှူစွယ်ပြီး သူမကို ယူခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ သူဆန္ဒရှိတဲ့အတိုင်း သူ့နှင့် သွေးသား မတော်စပ်တဲ့ သားတစ်ယောက်ကို ဘယ်လို မွေးခဲ့ကြောင်း…..

လူတိုင်း ထိုကိစ္စတွေကို မြင်သည့်အခါ လူအများစုက ထျန်းတကျူးကို အထင်သေးမှာ သေချာသည်။

တပ်မဟာထဲမှာ မိန်းကလေးထက် ယောက်ျားလေးကို ပိုပြီး သဘောကျသည့် မိသားစုတွေ ရှိသော်လည်း ကိုယ့်ရဲ့ သွေးသားအရင်းကျု လျစ်လျူရှုပြီး ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်လောက် ဂရုမစိုက်ဘဲ နေတတ်သည့် လူတစ်ယောက်ကို တွေ့ရတာက ရှားပါးသည်။

ချမ့်ကျွီဟွာက သူမရဲ့ သမီးသုံးယောက်ကို ခေါ်လာပြီး သူတို့ အားလုံးကို ကျွေးမွေးခဲ့သည်။ မိုင်မောင့်၊ မိုင်စွေ့နှင့် မိုင်ယာတို့ အားလုံးက လိမ္မာတဲ့ ကလေးတွေ ဖြစ်ကြပြီး အထူးသဖြင့် အခုဆိုရင် မိုင်မောင့်ကို တက္ကသိုလ် တစ်ခုက လက်ခံခဲ့သည်။ ရွာသားတွေရဲ့ အမြင်မှာ လောဘကြောင့် ရူးပြီး မျက်ကန်းဖြစ်နေသည့် ထျန်းတကျူးက သူ့ရဲ့ ပြည့်စုံတဲ့ သမီးတွေကို နောက်မှာ ထားခဲ့ပြီး “စိတ်တိုစရာကောင်းတဲ့” မဆိုင်တဲ့ လူတစ်ယောက်ကို ဂရုစိုက်နေတာ မဟုတ်ဘူးလား။

မုဆိုးမယွီရဲ့ ယောက္ခမဟောင်းက လူကောင်း တစ်ယောက် ဖြစ်နိုင်မှာလား။ သူမက သူမရဲ့ မြေးအရင်းကို ဒီနေရာမှာ ပြုစုပေးဖို့ တွန်းအား ပေးခဲ့သည်။ သူ့ရဲ့ မိဘအရင်းတွေက နှစ်အနည်းငယ် အတွင်းမှာ သူ့ကို ရှာဖို့အတွက် မလာဘူးလား။

ထျန်းတကျူးရဲ့ အဆုတ်က ချောင်းတွေဆိုးရင်း အောင့်နေခဲ့ပြီ ဖြစ်သည်။

သူက ဘယ်လို ခံစားနေရလဲဆိုတာကို မပြောပြနိုင်ဘဲ အလောတကြီး ခံစားနေရရုံသာ ဖြစ်သည်။

မုဆိုးမယွီက ထျန်းတကျူးကို ဒီလိုမျိုး မြင်ရသည့်အခါ တံခါးကို မှီပြီး ဘယ်သူမှ မသိအောင် မျက်တောင်ခပ်လိုက်သည်။

ထျန်းတကျူးက တိတ်ဆိတ်နေခဲ့ပြီး သူ့ရဲ့ ခေါင်းကို ငုံ့ကာ ဝမ့်ရင်းရဲ့ အိမ်ထဲကို ဝင်သွားခဲ့သည်။

အခုလေးတင် စကားပြောနေသည့် လူတွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး မှီအောင် ပြေးသွားခဲ့ကြသည်။

ထျန်းတကျူးက ဝမ့်ရင်းရဲ့ အိမ်ကို ရောက်လာသည့်အခါ သူက အဝေးကနေ လူအုပ်သံကို ကြားခဲ့ရသည်။ အိမ်ရဲ့ အတွင်းနဲ့ အပြင်မှာ လူတွေ အများကြီး ရှိနေခဲ့ပြီး တစ်ခါတစ်လေ သူက အပြင်ကနေ ရယ်သံကိုတောင် ကြားခဲ့ရသည်။

သူက အောက်နှုတ်ခမ်းကို ကိုက်ပြီး နေရာအမြင့် တစ်ခုကို တွေ့ခဲ့ကာ ဝမ့်ရင်းရဲ့ အိမ်နံရံ အမြင့်ကြီးကို ဖြတ်ပြီး အထဲကို ကြည့်နေခဲ့သည်။

ချမ့်ကျွီဟွာသည် လွန်ခဲ့သော နှစ်အနည်းငယ်မှာ စားစရာ၊ သောက်စရာတွေကို တတ်နိုင်သည်။ ဘဝက ကြပ်တည်းသော်လည်း သူမရဲ့ သမီးတွေက တွေးတတ်ပြီး နားလည်သမှု ရှိသည်။ ထို့ကြောင့် သူမက အတော်လေး အသက်ကြီးပုံ မရပါ။ ထိုအစား သူမက ပျော်စရာကောင်းပြီး သက်ဝင်သည့် အခြေအနေ တစ်ခုကို ထုတ်ပြခဲ့သည်။ ထိုအခိုက်အတန့်မှာ ချမ့်ကျွီဟွာက အကောင်းဆုံး အဝတ်အစားတွေကို ဝတ်ထားပြီး လူအုပ်ရဲ့ အလယ်မှာ ထိုင်နေခဲ့သည်။ သူမက အခြားသူတွေရဲ့ အားကျသည့် စကားတွေကို နားထောင်ပြီး အူလှိုက်သည်းလှိုက် ရယ်နေခဲ့သည်။

ထျန်းတကျူးက အဲ့ဒါကို ပိုကြည့်မိလေလေ၊ သူက ပိုပြီး စိတ်မသက်မသာ ခံစားရလေ ဖြစ်နေခဲ့သည်။

တကယ်လို့….

တကယ်လို့ သူက ချမ့်ကျွီဟွာကို မကွာရှင်းခဲ့ရင် ဒါမှမဟုတ် မိုင်မောင့်က သူ့ကို သူမရဲ့ အဖေအဖြစ် သတ်မှတ်နေဆဲဆိုရင် ဒီနေ့လို နေ့မျိုးမှာ သူက ဒီနေရာမှာ ထိုင်ပြီး အခြားသူတွေရဲ့ အားကျသည့် အကြည့်တွေကို ပီတိဖြစ်ကာ သူနှင့် ထိုက်တန်သည့် သိက္ခာကို ကျေနပ်နေလိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းရဲ့ အိမ်ကို ဝင်ပြီး သရဲတစ်ကောင်က ပိုင်မယ်ဆိုရင် ထျန်းတကျူးက ကုန်းဆင်းအတိုင်း လမ်းလျှောက်သွားလိမ့်မည် ဖြစ်သည်။

အခြေအနေတွေက ခနလောက် တန့်နေခဲ့ကာ ထျန်းတကျူးရဲ့ ခွန်အားက အဝေးကို လန့်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။

သမီးက သူ့သမီးဆိုတာ သေချာနေသည့်အတွက် သူမက ကောလိပ်ကို သွားရရုံဖြင့် သူ့ကို သူမရဲ့ အဖေအဖြစ် သတ်မှတ်တာ ရပ်လိုက်လို့ ရမှာလား။

သူက ရွာသားတွေရဲ့ အထင်သေးမှုကို လျစ်လျူရှုခဲ့ပြီး လူအုပ်ရဲ့ အလယ်မှာ မိုင်မောင့်ကို ထေ့ငေါ့ကာ ပြောလိုက်သည်။ “မိုင်မောင့်၊ ဒီည ညစာစားဖို့အတွက် အိမ်ကို လာခဲ့။ အဖေက မင်းကြိုက်တဲ့ ဟင်းတွေကို မင်းအတွက် လုပ်ပေးမယ်။ ဝက်ဆီနဲ့ အာလူးရယ်၊ ခရမ်းသီးရယ်နဲ့ ချက်ပေးမယ်လေ။ အဲ့ဒါက မင်း စားရတာ အကြိုက်ဆုံးပဲလေ။ မင်း တက္ကသိုလ်ကို ဝင်ခွင့် ရသွားတဲ့အတွက် ကြက်တစ်ကောင်ကို သတ်ပေးမယ်။ မင်းရဲ့ ကံကောင်းခြင်းတွေကို မင်းရဲ့ မောင်ကိုလည်း ဝေမျှပေးပါဦး….”

ချမ့်ကျွီဟွာက ဒေါသထွက်နေခဲ့ပြီး သူမရဲ့ အမေက သူမကို ဆွဲလိုက်သည့်အခါ စကားပြောဖို့ လုပ်လိုက်သည်။

ဒီလို ပျော်စရာကောင်းသည့် နေ့တစ်နေ့မှာ ထျန်းတကျူးနှင့် ရန်ဖြစ်ပြီး သူမကိုယ်သူမ အရူးလို လုပ်ဖို့ ဘာစိတ်ကူးမှ မရှိပါ။ ဒုတိယအနေဖြင့် သူမက မိုင်မောင့် ဘာတွေ တွေးနေခဲ့လဲဆိုတာ သိချင်နေသည်။ ထို့အပြင် မိုင်မောင့်က သူတို့ ကွာရှင်းတုန်းက ဆယ်နှစ် အရွယ်သာ ရှိနေခဲ့ပြီး သူမက အမြဲတမ်းလိုလို နူးညံ့ပြီး စဥ်းစားတတ်သည်။ သူမက ခေါင်းမာသည့် မိုင်စွေ့နှင့် မေ့တတ်သည့် မိုင်ယာတို့နှင့် မတူပါ။ တကယ်လို့ မိုင်မောင့်က သူမရဲ့ အဖေအပေါ်မှာ ခံစားချက်တွေ ရှိနေခဲ့ပြီး ကျွီဟွာက ရန်ဖြစ်ခဲ့မယ်ဆိုရင် ဒါက သူမရဲ့ သမီးကို စိတ်မသက်မသာ ခံစားရအောင် လုပ်နေသလို ဖြစ်မနေဘူးလား။

ချမ့်ကျွီဟွာကို ထိန်းထားခဲ့ရပြီး လူတိုင်းရဲ့ အာရုံစိုက်မှုတွေက ချမ့်မိုင်မောင့်ရဲ့ အပေါ်ကိုသာ ရောက်နေခဲ့သည်။

အခုဆိုရင် မိုင်မောင့်က ဆယ့်ရှစ်နှယ်အရွယ်ရှိသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ အခြားသူတွေလို စာပေ လိုက်စားသည့် သူမရဲ့ စာသင်နှစ်တွေကိုတော့ ဖော်ပြလို့ မရနိုင်ခဲ့ပါ။ သူမက အလားအလာကောင်းတဲ့ ကျောင်းသားတစ်ယောက် ဖြစ်နေခဲ့သည်။

သူမက သန့်ရှင်းသည့် အဝတ်တွေကို ဝတ်ပြီး သူမရဲ့ ဆံပင်ကို ကျစ်ဆံမြှီး အရှည်ကြီး ကျစ်ထားခဲ့သည်။ သူမက ညှင်သာစွာ ပြောလိုက်သည်။ “အဖေ့ကို ကျေးဇူးတင်ချင်ပေမယ့် ဘာကျေးဇူးမှတော့ မရှိပါဘူး။ ကျွန်မက အာလူးနဲ့ ခရမ်းသီးချက်တာကိုလည်း မကြိုက်တော့ပါဘူး။”

သူမ ငယ်ငယ်တုန်းက သူ့မိသားစုက ဆင်းရဲပြီး သူမရဲ့ အဖွား၊ ဒေါ်လေးနှင့် ဦးလေးတို့ မိသားစုက တစ်ခါတစ်လေ သူမဆီကနေ ပစ္စည်းတွေကို ခိုးခဲ့သည်။ နှစ်တိုင်း သူမရဲ့ အမေကို နေ့လည်ပိုင်းဆို သူမရဲ့ အဖွားက တိတ်တဆိတ် ခေါ်သွားလေ့ ရှိသည်။ ထျန်းတကျူးက ထိုနေရာမှာ တွေဝေစွာ ရပ်နေခဲ့ပြီး ချမ့်ကျွီဟွာက အဲ့အကြောင်းကို သိလိုက်ရသည့်အခါ သူမက သူ့ရဲ့ နားကနေ ဆွဲပြီး ဆူခဲ့သည်။

အိမ်မှာ နှစ်သစ်ကူးအတွက် ဘာမှ စားစရာ မရှိဘဲ ချမ့်ကျွီဟွာက အရမ်း ဒေါသထွက်နေခဲ့သည့်အတွက် သူမက ဘာကိုမှ မချက်ချင်ခဲ့ပါ။ နောက်ဆုံးမှာတော့ နှစ်သစ်ကူး ညစာအတွက် ချက်ပြုတ်ဖို့ တာဝန်ရှိတဲ့သူဟာ ထျန်းတကျူး ဖြစ်သည်။ သူက ဟင်းချက်တဲ့ နေရာမှာ မကျွမ်းကျင်ဘဲ သူချက်လေ့ရှိသည့် ဟင်းကတော့ ဝက်ဆီနှင့် ချက်သည့် အာလူးနှင့် ခရမ်းသီးချက်လိုမျိုး ဟင်းပွဲအချို့သာ ဖြစ်သည်။ ဝက်ဆီရဲ့ အနံ့ကြောင့် ဒါက ရှားပါးသည့် စားကောင်းသည့် ဟင်းပွဲမျိုး ဖြစ်သည်။

ဒီကိစ္စ ဖြစ်သည့် အချိန်တိုင်း ချမ့်ကျွီဟွာက ဒေါသတကြီး အိုးထဲကနေ ခရမ်းသီးခြောက်တွေကို ယူပြီး ထျန်းတကျူးနှင့် မိုင်မောင့်ကို ပေးလိုက်သည်။ ထျန်းတကျူးက အပြစ်မရှိသလို ပြုံးပြပြီး သူ့ရဲ့ သမီးကို ပေးလိုက်သည်။

ချမ့်မိုင်မောင့်က အတိတ်ကို ပြန်တွေးလိုက်သည်။ သူမရဲ့ မိဘတွေ ကွာရှင်းလိုက်တုန်းက သူမသည် ညသန်းခေါင်ကြီး သူ့အမေရဲ့ ကွယ်ရာမှာ တိတ်တဆိတ် ငိုနေခဲ့သည်။ မရေမတွက်နိုင်အောင် သူမ ဘာလို့ ယောက်ျားလေးတစ်ယောက် မဖြစ်ရတာလဲဟု သူမကိုယ်သူမ စိတ်ထဲကနေ အပြစ်တင်နေခဲ့သည်။

တကယ်လို့ သူမသာ ယောက်ျားလေးတစ်ယောက် ဖြစ်နေခဲ့ရင် သူမရဲ့ မိသားစုက အဆင်ပြေကြလိမ့်မည် ဖြစ်သည်။ သူမရဲ့ မိဘတွေမှာ ပြဿနာ အသေးလေး အချိူ့ ရှိနေခဲ့သော်လည်း သူတို့သာ မကွဲသွားခဲ့ရင် သူမရဲ့ ညီအစ်မတွေလည်း ခံစားရလိမ့်မည် မဟုတ်ပါ။

ဒီလို အတွေးတွေက သူမ ကျောင်းတက်တဲ့အချိန်အထိ ဆက်ရှိနေခဲ့သည်။ သူမက စာအုပ်တွေနှင် ထိတွေ့ပြီး ဗဟုသုတတွေ လေ့လာပြီး နောက်ဆုံးမှာတော့ မိုင်မောင့်က ထိုကိစ္စဟောင်းတွေကို တွေးနေတာ ရပ်လိုက်သည်။

သူမသည် ဗဟုသုတ ပင်လယ်ထဲမှာ လက်ပစ်ကူးပြီး သူမကို ဝမ်းနည်းစေသည့် ဒီလို ကိစ္စလေးတွေကိုတော့ မေ့ထားခဲ့သည်။

အခုဆိုရင် ထျမ်းတကျူးက စိတ်ဆန္ဒကောင်းတွေကို ပြသည့်အခါ မိုင်မောင့်မှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တာမျိုး ဘာမှ ထပ်ပြီး မရှိတော့ပါ။

တကယ်လို့ ထျန်းတကျူးက ဒါက လွန်ခဲ့သော နှစ်အနည်းငယ်ကသာ လုပ်ခဲ့မယ်ဆိုရင် မိုင်မောင့်က ဝမ်းနည်းတယ်ဟုသာ ခံစားခဲ့ရကောင်း ခံစားခဲ့ရသော်လည်း အခုဆိုရင် သူမက တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။

“ကျွန်မမှာက ဘာမောင်မှ မရှိပါဘူး။ ကျွန်မမှာ ညီမလေး နှစ်ယောက်ပဲ ရှိတာပါ။” ချမ့်မိုင်မောင့်က ညှင်သာစွာ ပြောနေခဲ့သော်လည်း ခိုင်ခိုင်မာမာ ဖြစ်နေခဲ့သည်။

သူမသည် အရင်တုန်းက သူမအဖေမှ သူမကို ပေးသည့် နွေးထွေးမှုမျိုး အနည်းငယ်ကို ပိုင်ဆိုင်ချင်ခဲ့တာတောင် သူမက အခုဆိုရင် နွေးထွေးမှုရဲ့ အောက်မှာရှိသည့် အကျည်းတန်မှုတွေကို မျက်ဝါးထင်ထင် မြင်နိုင်ခဲ့ပြီ ဖြစ်သည်။

ထျန်းတကျူးကို သူ့သမီးက တွန်းထုတ်လိုက်ပြီး မြန်မြန် ပြောလိုက်သည်။ “တယာ၊ အဖေ အရင်တုန်းက မင်းအပေါ်ကို မကြင်နာမိခဲ့တာ၊ အဖေ ဝန်ခံပါတယ်။ ဒါပေမယ့် မင်းတို့အပေါ်မှာ ပြန်ပြီး ပြင်ဆင်ပေးဖို့ အဖေ့ကို အခွင့်အရေး တစ်ခုလောက် ပေးလို့ ရမလား။ မင်း မသိဘူးလား။ ဒီနှစ်တွေ အားလုံးမှာ အဖေ ဘယ်လောက်ထိ နောင်တတွေ ရနေလဲဆိုတာကို မင်းတို့ မသိကြဘူးလား။”

ထျန်းတကျူးရဲ့ ဒုတိယ စကားမှာ မျက်ရည်တွေနှင့် ပြည့်နေခဲ့သည်။

အရပ် ခုနစ်ပေလောက် ရှည်သည့် ယောက်ျားကြီး တစ်ယောက်က လူတိုင်းရဲ့ အရှေ့မှာ ငိုနေခဲ့သည်။

“အဖေ အဲ့ဒါကို နောင်တရပါပြီ….”

အဖေ တာဝန် မယူခဲ့မိလို့ နောင်တရနေပါပြီ။ အဖေက အမေနဲ့ မိန်းမကြားက ဆက်ဆံရေးကို မကိုင်တွယ်နိုင်ခဲ့ဘူး။ အဖေ့ရဲ့ သမီးတွေကို ပိုပြီး ကောင်းကောင်း မဆက်ဆံပေးနိုင်ခဲ့ဘူး။

အဖေ ကွာရှင်းပြီး နောက်အိမ်ထောင် ပြုမိတာတွေ၊ သားတစ်ယောက် ရဖို့ကိုပဲ ရှိသမျှ အားတွေ ထုတ်ဖို့ လုပ်ခဲ့တာတွေ အားလုံးကို နောင်တရနေပါပြီ။

ထျန်းတကျူးက ငိုနေခဲ့ပြီး ချမ့်ကျွီဟွာက သူ့ကို ကျောပေးထားခဲ့ပြီး ဖြစ်သည်။

ချမ့်မိုင်မောင့်က သူမအမေရဲ့ တုန်နေတဲ့ ပုခုံးတွေကို ညှင်သာစွာ ပုတ်လိုက်ပြီး အသာလေး ပြောလိုက်သည်။ “ဒါတွေ အားလုံးက ပြီးသွားပြီ။”

အဖေ ဘယ်လောက်ပဲ နောင်တရနေပါစေ၊ ကိစ္စမရှိဘူး။ ဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ။

နေ့တွေက ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ အဲ့ရက်တွေကို ဖြတ်သန်းနိုင်မှာပင်။

ထျန်းတကျူးက ငိုနေဆဲ ဖြစ်သော်လည်း ချမ့်မိသားစုရှိ လူတွေက ဆက်ပြီး မထိုင်နိုင်ကြတော့ပါ။

ဒီလို သုံးစားမရသည့် ယောက်ျား တစ်ယောက်ကြောင့် ဒီလို ကောင်းမွန်တဲ့ နေ့တစ်နေ့ဟာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ချမ့်ကျွီဟွာရဲ့ အမေက ထလာပြီး ထျန်းတကျူးကို ပါးရိုက်လိုက်သည်။ ထို့နောက် သူမက မျက်ရည်တွေကို သုတ်ပြီး ထွက်သွားခဲ့သည်။

“ဆုံးရှုံးပြီးပြီပဲလေ။ ပြန်တော့။ မင်းက ငါ့သမီးကိုလည်း ကွာရှင်းပြီး သူ့ကို ပိုက်ဆံ ပေးပြီးပြီပဲ။ ပြီးတော့ မင်းက သူ့အကြောင်းတွေ ဘယ်တုန်းကမှ ထပ်ပြီး ဂရုမစိုက်ဘူး။ လွန်ခဲ့တဲ့ ရှစ်နှစ်လုံး နင်က သေလူလိုပဲ မဟုတ်ဘူးလား။ အရင်ကဆို နင်က လာမေးဖို့နဲ့ သူ့ကို တွေ့ဖို့တောင် မလာခဲ့ဘူးလေ။ မိုင့်ယာကို လမစေ့ဘဲ မွေးခဲ့တာ။ ငါတို့ ကျွီဟွာက အသက်ဘေးက သီသီလေး လွတ်ခဲ့ရုံပဲ။ မင်းက မေးခဲ့ဖူးလို့လား။ မင်း သူမနဲ့ရော တွေ့ဖူးလို့လား။”

“မင်းက ဘာလို့ အခုချိန်မှာ အဲ့ဒါနဲ့ ပတ်သက်ပြီး နောင်တရပါတယ်ဆိုပြီး လာဟန်ဆောင်နေရတာလဲ။ မင်းက မင်းရဲ့ ယုံကြည်မှုတွေကို ကြွားဖို့အတွက် ဒီကို ရောက်လာရုံသပ်သပ်ပဲလေ။ မင်းက ဒီကို ရောက်လာတာ ငါတို့ ဘယ်လောက် အောင်မြင်လဲဆိုတာ ကြည့်ဖို့ လာရုံပဲလေ။

“သွားစမ်းပါ။ အရင်က ငါတို့ လုပ်အားခတွေ သဘောတူဖို့ လက်မှတ်ထိုးခဲ့ကြတာလေ။ သူတို့ရဲ့ မျိုးရိုး နာမည်က ချမ့်ပဲ။ ပြီးတော့ ငါတို့ မင်းနဲ့လည်း ဘာပြဿနာမှ မဖြစ်ချင်ဘူး။ တကယ်လို့ မင်းက မင်းရဲ့ အဖိုးတန် သားလေးကို ပြန်ကြည့်စေချင်တာဆိုရင် ငါတို့ကို ထပ်ရှာဖို့ မလာနဲ့တော့။”

ချမ့်ကျွီဟွာရဲ့ အမေက ထျန်းတကျူးကို သူမရဲ့ ဖိနပ်ဖြင့် ပစ်ပေါက်ကာ မောင်းထုတ်ခဲ့သည်။ “ထွက်သွားစမ်း။”

ထျန်းတကျူးရဲ့ မျက်လုံးတွေက အကူအညီ တောင်းနေတာကို လူတိုင်းက မြင်နေခဲ့သော်လည်း ဘယ်သူကမှ ဘာစကား တစ်ခွန်းမှ မပြောရဲသလို ထျန်းတကျူးရဲ့ အရင်းနှီးဆုံး ညီအစ်ကိုတွေကတောင် ဘာမှ မပြောရဲခဲ့ပါ။

မျိုးရိုးတစ်ခုတည်းရှိ လူတွေက တစ်ယောက်ကို တစ်ယောက် ကူညီပေးကြသော်လည်း ဘယ်သူကမှ ထျန်းတကျူး ကိစ္စတွေကို လုပ်နေသလိုတော့ သတိလက်လွတ် မလုပ်ခဲ့ပါ။

ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးကတည်းက သူမတို့ရဲ့ အနားကို ထပ်ပြီး မလာသင့်တော့ပေ။

သူက ရှစ်နှစ်လုံး ဘာကိုမှ ဂရုမစိုက်ဘဲ အခုချိန်မှ ကောင်းတဲ့ အရာတစ်ခုကို ပြောနေခဲ့ခြင်း ဖြစ်သည်။ ဒါတွေဟာ ချမ့်မိုင်မောင်က မိန်းကလေးတစ်ယောက် ဖြစ်နေသည့်အတွက် ဖြစ်ပြီး သူမနှင့် ကွာရှင်းဖို့ကလည်း လွယ်ကူမနေခဲ့ပါ။ တကယ်လို့ သူမမှာ စိတ်ဓာတ် မကောင်းတဲ့ သားတစ်ယောက် ရှိနေခဲ့ရင် သေချာပေါက် သူက သူ့အဖေကို အိမ်ပေါ်ကနေ နှင်ချလိမ့်မည် ဖြစ်သည်။

အဲ့လူက ဘယ်သူလဲ။

ထိုကိစ္စ ပြီးသွားသည့်နောက် ချမ့်မိသားစုဝင်တွေက ဆက်ပြီး မထိုင်နိုင်ကြတော့ဘဲ ချမ့်ကျွီဟွာရဲ့ ညီအစ်မ သုံးယောက်က ဆွဲခေါ်သွားပြီး ချမ့်မိုင်မောင့်က မိသားစုထဲကို ပြန်ရောက်လာခဲ့သည်။

တကယ်လို့ သူမသာ မိသားစုထဲကို ရောက်မလာဘဲ ထျန်းမိသားစုနဲ့ ပတ်သက်နေရင် ဘာရမှာလဲ။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၅၂

ချမ့်မိသားစုဝင်တွေက သားအမိတွေကို လူအုပ်ကြီးဖြင့် မိဘအိမ်သို့ ပြန်ခေါ်သွားခဲ့သည်။ အဖွဲ့ခေါင်းဆောင်က မီးပန်းတွေ ဝယ်ဖို့အတွက် လူတစ်ယောက်ကို ပြောဖို့ အခွင့်အရေး ယူလိုက်သည်။

“ရွာအဝင်ကို သွားပြီး မီးပန်းတွေ သွားဆင်ရအောင်။ လူတွေ ထပ်ပြီး ခေါ်လာခဲ့။ ပြီးရင် ငါတို့တွေ ပွဲအတွက် ဆွေးနွေးကြမယ်”

ကောလိပ်ကျောင်းသား လေးယောက်တောင် ဖြစ်နေပြီ။ ထျန်းယိုဖုက မကြာခန တပ်မဟာထဲကို သွားသည့် အချိန်တိုင်း သူ့ရဲ့ခေါင်းကို မော်ထားခဲ့သည်။

ထိုပွဲအတွက် ရှုရွှမ်းက စားဖိုမှူး ဖြစ်မယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါ။

ဝက်သားတွေ လုံလောက်စွာ မရှိသည့်အတွက် ထုံးစံအတိုင်း ရှုရွမ်းက ဝက်သား ချက်ဖို့အတွက် ဝက်ဗိုက်သား အတုံးကြီး တစ်တုံးကို ချန်ထားခဲ့သည်။ သူက အသားတွေကို အတုံးလေးတွေ လှီးပြီး ပဲခြောက်၊ အာလူးတုံးလေးများ၊ တို့ဖူးတို့ကို ထည့်ကာ ချက်ဖို့ ဂေါ်ဖီ၊ ကြာဇံ၊ ခေါက်ဆွဲတွေကို အိုးအပြည့် ထည့်ခဲ့သည်။ ဂျုံဖြင့် ပေါင်းထားသော ပေါက်စီကို တည်ခင်းပြီး ဒါတွေက အရသာ ရှိသည့်အတွက် မလောက်နိုင် ဖြစ်နေခဲ့သည်။

ကျန်နေသေးသော အသားတွေကို တောက်တောက်စဥ်းပြီး အဲ့ဒါရဲ့ တစ်ပိုင်းကို မုန်လာဥနှင့် ရောပြီး အသားလုံးလေးတွေအဖြစ် ကြော်ခဲ့သည်။ အခြား တစ်ပိုင်းကိုတော့ အနှစ်များဖြင့် ကြော်ပြီး အပေါ်မှာ တင်ကာ ခေါက်ဆွဲကို အုပ်ပြီး အဲ့ဒါကလည်း အရသာရှိသည်။

သူတို့တွေ တောင်ပေါ်မှာရှိတဲ့ ငါးကန်ထဲကနေ ငါးကြင်းကြီးတွေ ဖမ်းမိထားတာ။ အဲ့ဒါတွေကို နှစ်ဖက်လုံး ရွှေအိုရောင် သမ်းတဲ့အထိ ကြော်ပြီး အနှစ်နဲ့ ပြုတ်ထားလိုက်သည်။ သူတို့က ဒယ်အိုးကို ထုတ်ပြီးနောက် သူတို့က ပန်ကိတ်ကို တည်ခင်းပေးကာ အရသာ လေးပြီး မွှေးသည့် ငါးဟင်းချိုဖြင့် စားခဲ့ကြသည်။ ငါးရဲ့ အသားက နူးညံ့ပြီး ဟင်းရည်က ပျစ်နှစ်နေသည်။ ငါတို့တွေ ဟင်းရည်ကို အလဟဿ မဖြစ်အောင် အဲ့ဒါတွေကို ကုန်အောင် စားကြရမည်။

နောက်ဆုံးမှာတော့ ဟင်းပွဲ တစ်ပွဲကို လုပ်ခဲ့သည်။ အရိုးတွေထဲက ထွက်လာသည့် ဟင်းရည် ပျစ်ပျစ်ကို ကြွက်နားရွက်မှို၊ အပ်မှို၊ နှင်းပန်း၊ ပဲလိပ်ချဥ်နှင့် ကြာဇံတို့ ထည့်ကာ ချက်ခဲ့သည်။ ထိုအနံ့က မွှေးပြီး စွပ်ပြုတ်၊ ဒါမှမဟုတ် ဟင်းပွဲ တစ်ပွဲအဖြစ်တောင် သုံးလို့ ရသည်။ ဒီဟာရဲ့ အရသာက လေးပြီး လတ်ဆက်ကာ အရသာ ရှိသည်။

ဒါက ရွာကလုပ်တဲ့ပွဲ ဖြစ်သည့်အတွက် လူတိုင်းက စားစရာတွေကို ကျေနပ်နေခဲ့ကြသည်။

“လူအေးလေးက မြို့မှာ စားဖိုမှူးတစ်ယောက် ဖြစ်ဖို့ ထိုက်တန်ပါတယ်။ သူ့ရဲ့ ဟင်းချက်လက်ရာတွေက တကယ်ကို ကောင်းလွန်းပါတယ်။”

ထိုညမှာတော့ ဝမ့်ရင်းက ရှုရွှမ်းရဲ့ ပုခုံးကို ပွတ်ခဲ့သည်။ “ဘယ်လိုလဲ။ ရှင်က အချိန် အကြာကြီး စားဖိုမှူး တစ်ယောက် ဖြစ်ခဲ့တာဆိုတော့ ရွာထဲက ပွဲကို အဆင်ပြေပြေ ကိုင်တွယ်နိုင်ရဲ့လား။”

ရှုရွှမ်း - “ကိုယ် မင်းအတွက် ပွဲလုပ်ပေးရတာပဲ ပျော်ပါတယ်။”

အခုချိန်မှာ ဝမ့်ရင်းက အရမ်းကို မကျေနပ်နေခဲ့ပါ။ လွန်ခဲ့သော နှစ်အနည်းငယ်မှာ သူမသမီးက ရှုရွှမ်းကို ခေါ်လာပြီး တစ်ခါတစ်လေ မထင်မှတ်ထားသည့် စကားတွေကို ပြောလေ့ရှိသည်။

“ကျွန်မက အဖေ့ကို ဒီအကြောင်းတွေ ပြောဖို့ ခေါ်ခဲ့တာ။ သူက အရမ်း ပျော်နေတယ်ဆိုပေမယ့် အချိန်တိုင်း သူက သူ့ရဲ့ အလုပ်ကို မပြောင်းနိုင်သေးဘူးဆိုတော့ ကျွန်မတို့ ပေကျင်းကို ရောက်ရင် အိမ်တစ်လုံး ဝယ်ဖို့အတွက် အကြံ ပေးခဲ့တာ။ ပြီးတော့ ကျွန်မတို့ အဲ့ဒါနဲ့ ပတ်သက်ပြီး လိုအပ်ရင် သူ့ကို မေးဖို့လည်း ပြောတယ်။”

ဝမ့်ယုံဖုသည် ဒီနှစ် သူက အလုပ်ကို ပြောင်းမည်ဟု မနှစ်တုန်းက ပြောင်းခဲ့သော်လည်း ဒါတွေ လုပ်ဖို့ဆိုတာ သူ့အတွက် အရမ်း ခက်ခဲကြောင်း ဝမ့်ရင်းက သိနေခဲ့ပြီး ဖြစ်သည်။

အထူးသဖြင့် နောက်နှစ်မှာတော့ တောင်ပိုင်း နယ်စပ်မှာ နောက်ထပ် စစ်ပွဲတစ်ပွဲ ရှိလာလိမ့်မည် ဖြစ်သည်။

ရှုရွှမ်းက သူ့ရဲ့ ခေါင်းကို ထောင်ပြီး မေးလိုက်သည်။ “တကယ်လို့ ကိုယ်က အိမ်တစ်လုံး လိုချင်တယ်ဆိုရင် ကိုယ် အခုချိန်မှာ တစ်လုံးလောက် ဝယ်လို့ရမလား။”

အခုခေတ်မှာဆိုရင် မင်းကြိုက်တဲ့နေရာမှာ ကြိုက်သလို အိမ်တစ်လုံး ဝယ်လို့ မရနိုင်တော့ပါ။ အိမ်ထောင်စုတိုင်း သူတို့ရဲ့ အလုပ် ရမှတ်အရ ချပေးထားသော အိမ်တစ်လုံး ရှိကြသည်။ လူအနည်းစုကသာ နောက်ထပ် အိမ်တွေကို ပိုင်ဆိုင်ခဲ့ကြသည်။

ဝမ့်ရင်း - “ဒါက ဖြစ်သင့်တယ်လေ။ ဟုတ်တယ်မလား။ အဲ့ဒါအပြင် ကောလိပ် ဝင်ခွင့် စာမေးပွဲကလည်း ပြန်စပြီးသွားပြီဆိုတော့ မွေးမြူရေး ကိစ္စတွေ မြင့်တက်လာတာက အဆင်ပြေသွားပြီ။ ဒီနှစ်မှာ ပိုကြီးတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလားဆိုတာကို ဘယ်သူက သိမှာလဲ။ ငါ့အထင် ငါတို့လည်း နေဖို့အတွက် နေရာတစ်နေရာ ရှာရတော့မယ်။ ငါတို့ အိမ်တစ်လုံးကို ဝယ်ရင်လည်း ဝယ်ရမှာပဲ။ ရှင်ရော ဘယ်လိုထင်လဲ”

ရှုရွှမ်းက ခနလောက် တွေးပြီးနောက် ပြောခဲ့သည်။ “ဒါလည်း မှန်တယ်။ ကိုယ်တို့ ဒီမှာ အခန်းခွဲလို့ ရမှာ မဟုတ်ဘူး။ ကိုယ်တို့ မိသားစု လေးယောက်အတွက် အိမ်တစ်လုံး ရှိနေတာက ပိုပြီး အတည်တကျ ဖြစ်စေမှာ သေချာတယ်။”

ဝမ့်ရင်းက လက်ခုပ် တီးလိုက်သည်။ “ဒါပဲလေ။ ကျွန်မတို့ နောက်လကျရင် အဲ့ကို သွားပြီး နှစ်ဝက်လောက် ငှားပြီး ဖြည်းဖြည်းချင်း ဝယ်ဖို့ နေရာတစ်ခုကို ရှာကြတာပေါ့။ ရှင့်ရဲ့ နိုင်ငံပိုင် စားသောက်ဆိုင်နဲ့ရော ကျွန်မရဲ့ ကျောင်းနဲ့ရော နီးတာကတော့ အကောင်းဆုံးပေါ့။ အို့.. ပြီးတော့ ကျွန်မတို့တွေ စက်ဘီးလည်း ဝယ်ဖို့လိုတယ်။ ကျွန်မတို့အတွက် လက်မှတ် နည်းနည်းလောက် ရနိုင်မလားဆိုပြီး ဆရာ့ကို မေးဖို့ မမေ့နဲ့ဦး။”

နန့်ရှောင်မြို့ရှိ စက်ဘီးတွေကို ပေကျင်းမြို့မှာ သုံးလို့ မရပါ။ အကြောင်းမှာ အခုချိန်တွင် စက်ဘီးတွေကို တံဆိပ်တွေ ကပ်ထားသောကြောင့် ဖြစ်သည်။

သူတို့ နှစ်ယောက်က သူတို့ရဲ့ စုငွေတွေကို ယှဥ်နေခဲ့သည်။ ထင်ကြေးပေးပြီး အကျိုးအမြတ် ယူရမယ်ဆိုရင် ရှုရွှမ်း မြို့သို့ပြောင်းပြီးကတည်းက သူ့ရဲ့ လစာကို လျှော့ခံလိုက်ရသည်။ ဆရာစားဖိုမှူး တစ်ယောက် အနေဖြင့် သူက ခရိုင်မြို့မှာ အလုပ်တွေကို ကိုယ်တိုင် လုပ်ရင်းနဲ့ မင်္ဂလာပွဲတွေ၊ အသုဘတွေကို ကျင်းပပေးပါ ပိုက်ဆံတွေ စုနေခဲ့သည်။ တစ်ဖက်မှာတော့ ဝမ့်ရင်းက တပ်မဟာဆီကနေ နှစ်စဥ် ခွဲတမ်းကို ရနေဆဲ ဖြစ်သည်။ ငါးနှစ်ကြာပြီးနောက် သူမက ဒီနှစ်မှာတော့ အဲ့ဒါကို ပေးဖို့ မလိုတော့ပါ။

သူမတို့နှစ်ယောက်ရဲ့ စုငွေက ယွမ်၁၅၀၀ ကျော် ရှိပြီး ဝမ့်ရင်းရဲ့ အဖေ ဝမ့်ယုံဖု ပေးထားသော ယွမ်၁၀၀၀နဲ့ဆို စုစုပေါင်း ယွမ် ၂၀၀၀ ကျော်က ပေကျင်းမှာ အခြေချ နေထိုင်ဖို့ လုံလောက်မည် ဖြစ်သည်။

ဝမ့်ရင်း - “ဒီနေရာကို ရောက်နေလည်း ကိစ္စတော့ မရှိပါဘူး။ အချိန်ကျလာရင် ကျွန်မ နည်းလမ်းတစ်ခုကို ရှာလိုက်မယ်။”

သူမသည် ဒီနှစ်ကုန်ပိုင်းမှာ ပေါ်လစီတွေ ကြေညာတဲ့အထိ စောင့်နေရင်း အခွင့်အရေး တစ်ခုကို အမြဲတမ်း ရှာနေခဲ့သည်။

ရှုရွှမ်းက တစ်ချိန်လုံး သူ့ရဲ့ မိန်းမက လောင်းရိပ်ကျတာကို ခံဖို့တော့ ဆန္ဒ မရှိဘဲ အားတက်သရော ပြောလိုက်သည်။ “တကယ်လို့ ကိုယ် ပေကျင်းကို သွားရင် သေချာပေါက် ရှာနိုင်မှာပါ။”

ဝမ့်ရင်းသည် သူ့ရဲ့ အတတ်ပညာနှင့် ပတ်သက်ပြီး သံသယ မရှိပါ။ “ဒါက သေချာတာပေါ့။”

လူနှစ်ယောက်က သူတို့ရဲ့ ရင်ထဲမှာ အနာဂတ်က လှပတဲ့ အတွေးတွေကို တွေးရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

….

ထိုအချိန်မှာပဲ ခရိုင်မြို့ရှိ ကျောက်မိသားစုက လျှပ်စီးကြား ပိတ်မိနေခဲ့သည်။

လဝက်ကျော်လောက် စိတ်ပျက်သွားပြီး နောက်ဆုံးမှာတော့ ကျောက်ကျွင်းက သူ စာမေးပွဲကို မအောင်ဘူးဆိုသည့် လက်တွေ့ကို လက်ခံခဲ့သည်။

ဒီနှစ် စာမေးပွဲက မခက်ဘဲ ကျောက်ကျွင်းသည် သူ့ကိုယ်သူ တော်တယ်ဟု ခံစားရကာ အောင်မှာပဲဟု တွေးနေခဲ့သည်။ တကယ်လို့ သူက ကျောင်းကောင်း တစ်ကျောင်းကို မရခဲ့ရင်တောင် သူက သာမန်ကျောင်း တစ်ကျောင်းကို သွားနိုင်ဦးမယ်၊ မဟုတ်ပါလား။

ပထမဆုံး ကောလိပ် ဝင်ခွင့် စာမေးပွဲက အရမ်းကြီး တင်းကြပ်တဲ့ စနစ်တစ်ခု မဟုတ်ဘူးဆိုတာကို သိသင့်သည်။ ဘာလို့လဲဆိုတော့ လူအများစုက စံ သတ်မှတ်ထားတဲ့ လမ်းကြောင်း တစ်ခုမှာ ကောလိပ်ကို မလျှောက်ကြပေ။ အမှတ်များတဲ့ အချို့လူတွေက သူတို့ တက္ကသိုလ် တက်ဖို့ မလျှောက်ဘဲ မဝင်နိုင်ခဲ့ရင်တောင် တစ်ခြား ကျောင်းတွေကို တက်လို့ရအောင် ကြိုးစားလို့ ရသေးတယ် မဟုတ်လား။

သို့သော် ကံမကောင်းစွာဖြင့် ကျောက်ကျွင်းက အရည်အချင်း မပြည့်မှီခဲ့ပါ။

သူက စာမေးပွဲကို မအောင်နိုင်ခဲ့ပါ။

တကယ်လို့ တစ်ယောက်ယောက်က စာမေးပွဲကို ကျသွားခဲ့ရင် ဒါက ပြဿနာကြီးတစ်ခု မဟုတ်နေခဲ့ပါ။ သို့သော် ဒီနှစ်မှာတော့ သကြားစက်ရုံမှ လျှောက်ခဲ့သည့် လူရာကျော်အနက် မကျတဲ့သူ မရှိဖို့ဆိုတာ ရှားသည်။

သို့သော် ကျောက်ကျွင်းကတော့ မတူနေခဲ့ပါ။ သူသည် စာမေးပွဲကို တိုက်ရိုက် စာရင်းပေးခဲ့သည်။ သူတို့ရဲ့ စက်ရုံမှာ ဝမ့်ရင်းနှင့် သူသာ ရှိသည်။

အခုဆိုရင် ဝမ့်ရင်းကို ရှားပါးသည့် ကျောင်းကောင်း တစ်ကျောင်းက ဝင်ခွင့်ပေးခဲ့သော်လည်း ကျောက်ကျွင်းကတော့ ကျခဲ့သည်။

ကျောက်ကျွင်းက ရက်ပေါင်းများစွာ အိမ်မှာ လှဲရင်း စိတ်ဓာတ်ကျကာ အိမ်ကနေ ထွက်သွားဖို့အတွက် ဆန္ဒ မရှိဘဲ လူတစ်ယောက်က သူ့ကို တွေ့ပြီး စာမေးပွဲက ဘယ်လိုလဲဟု မေးမှာကို ကြောက်နေခဲ့သည်။ ဒါဟာ ငါးရက်မြောက်နေ့ မတိုင်ခင်အထိ ကျောက်ကျွင်းက နောက်ဆုံး သူ့ကိုယ်သူ ပြန်ဆွဲခဲ့ရသည်။ ထို့အပြင် မအောင်ရင်လည်း မအောင်ဘူးသာ ဖြစ်သည်။ သူသည် အနာဂတ်အကြောင်း သူက တွေးကို တွေးရမည် ဖြစ်သည်။

ကျောက်ကျွင်းက ထိုင်ပြီး သူ့ရဲ့ အိပ်ရာအောက်က စုဗူးလေးကို ဆွဲလိုက်ကာ သူ့မှာ ပိုက်ဆံတွေ ဘယ်လောက် ကျန်နေသေးလဲဆိုတာကို တွက်ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။ သူက တစ်ခါ ကျသွားရင် ပြဿနာ မရှိဘဲ သူ့မှာ ဒုတိယ အခွင့်အရေးတစ်ခု အမြဲ ရှိနေသေးသည်။

သူက သေတ္တာလေးကို ဖွင့်လိုက်သည့်အခါ သူက ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

သေတ္တာထဲတွင် သူစုထားသည့် ပိုက်ဆံတွေက ရုတ်တရက် ပျောက်သွားခဲ့သည်။

ရာနဲ့ချီတဲ့ ယွမ်တွေဟာ ကျောက်ကျွင်းလည်း ဘာမှ မလုပ်ဘဲ ပျောက်သွားခဲ့ပြီ ဖြစ်သည်။

“ဘယ်သူလဲ။ ဒါကို ဘယ်သူ လုပ်သွားတာလဲ။”

ကျောက်ကျွင်းက သူ့ရဲ့ ပိုက်ဆံတွေ အားလုံးကို ဆုံးရှုံးလိုက်ရသည်။

ကျောက်ကျွင်းတစ်ယောက် သူ့စိတ်တွေ လွတ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ဒါဟာ သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက် တစ်ခု ဖြစ်သည်။ သူ ပြန်လုပ်ဖို့အတွက် မျှော်လင့်ချက် တစ်ခုသာ ဖြစ်သည်။

သူသည် စုံစမ်းစစ်ဆေးပေးဖို့ တစ်ယောက်ယောက်ကို တောင်းဆိုပေးဖို့ လုံခြုံရေး ဌာနကို ဒေါသထွက်နေသည့် လူတစ်ယောက်အလား ပြေးထွက်သွားခဲ့သည်။

“ဒါက ခိုးခံလိုက်ရတာပဲ ဖြစ်ရမယ်။ ခိုးခံလိုက်ရတာပဲ။”

ကျောက်ကျွင်းက ဦးတည်ရာမရှိ စအော်ခဲ့ပြီး လူတွေ အကုန်လုံးကို သူတို့က သူ့ရဲ့ ပိုက်ဆံခိုးသွားသည့် သူခိုး တစ်ယောက်လို ကြည့်နေခဲ့သည်။

သူ့ရဲ့ မျက်လုံးတွေက သောကမီး လောင်ကျွမ်းသလို ဖြစ်နေသည့်အတွက် အိမ်နီးချင်းတွေကိို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

လုံခြုံရေး ဝန်ထမ်းတွေက သူ ပိုက်ဆံ ပျောက်သွားသည့် အကြောင်းကို ကြားသည့်အခါ သူတို့ကလည်း သတိကြီးကြီး ထားခဲ့ကြသည်။ “ခေါင်းဆောင်ကျောက်၊ ကျုပ်တို့ကို အသေးစိတ် ပြောပြပေးပါ။ အသေးစိတ် ဘာတွေ ဖြစ်ခဲ့လဲဆိုတာပေါ့။ ခဗျားရဲ့ ပိုက်ဆံက ဘယ်လောက်တောင် ပျောက်သွားတာလဲ။”

နောက်ဆုံးမှာတော့ ကျောက်ကျွင်းက စိတ်ကို လျှော့ပြီး အသက်ကို ဝအောင်ရှူကာ ပြောလိုက်သည်။ “ငါ့ရဲ့ အနားယူတော့ ရတဲ့ ပိုက်ဆံရယ်၊ ငါ နှစ်တွေ အကြာကြီး စုထားရတဲ့ ပိုက်ဆံတွေ အကုန်လုံး ခိုးခံလိုက်ရပြီ။”

ထိုပိုက်ဆံ ပမာဏက မနည်းနေခဲ့ပါ။ မိသားစုတွေ နေတဲ့ ဝန်းထဲတွင် ဒီလောက် လန့်စရာကောင်းသည့် ကိစ္စမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါ။

အိမ်နီးချင်း တစ်ယောက်က ဝင်ပြောသည့်အခါ လုံခြုံရေး ဌာနက အသေးစိတ် မေးဖို့ လုပ်ခဲ့သည်။

“ဒါက ပျောက်သွားတာတော့ မဖြစ်နိုင်ဘူး။ ခင်ဗျား ဒါကို ထပ်ပြီး ရှာကြည့်လို့ရတယ်။ အိမ်က ကလေးတွေကို မေးကြည့်ဦး။ ခဗျား ပိုက်ဆံတွေကို တစ်နေရာရာမှာ အထားမှားတာလည်း ဖြစ်နိုင်တာပဲလေ။”

“အဲဲဒါတော့ ဟုတ်တယ်။ ကျောက်တုန်နဲ့ ကျောက်ရှီကို မေးကြည့်ဦး။”

“ ကျောက်တုန်ရော ဘယ်မှာလဲ။ ဘာလို့ ဒီနေ့ကျမှ သူ့ကို မတွေ့မိတာလဲ။”

ကျောက်ကျွင်းက မှင်သက်သွားခဲ့သည်။ 'ဒါက ဘာကို ဆိုလိုတာလဲ။ ကျောက်တုန်က သူ့ရဲ့ ပိုက်ဆံတွေကို ခိုးသွားတယ်လို့ ဒီလူတွေက ဆိုလိုချင်တာလား။'

'မဖြစ်နိုင်ပါ။ '

ကျောက်ကျွင်းက သူ့ရဲ့ သိစိတ်ကနေ ငြင်းချင်နေခဲ့သော်လည်း သူ့ရင်ထဲရှိ အသံကတော့ သူ့ကို သတိပေးနေခဲ့သည်။

'ဖြစ်များ ဖြစ်နေနိုင်မလား။ '

ဒီနှစ်တွေမှာ ကျောက်တုန်က အတော်လေးကို ပြောမရ၊ ဆိုမရ ဖြစ်လာခဲ့သည်။ သူ့ရဲ့ ကျောင်းသင်ခန်းစာတွေမှာ အသုံးမကျရုံသာမက အခုနောက်ပိုင်းလည်း သူက ရန်ပွဲတွေမှာ ဝင်ပါလာခဲ့သည်။ သူသည် ဂုဏ်သတင်း မကောင်းသည့် ခြံပြင်က လူငယ်အချို့နှင့်လည်း အပြင် သွားလေ့ရှိသည်။ ကျောင်းကလည်း ခနခန မိဘတွေ ခေါ်ခဲ့သည်။

ထိုလူငယ်တွေက ကျောင်းမတက်သည့် ဆယ်ကျောက်သက်တွေ ဖြစ်ကြသော်လည်း ရွာဘက်ကို သွားရမယ့် အသက်တွေလည်း မဟုတ်ကြသေးပါ။ အရွယ်ရောက်ခါစ ကလေးတစ်စုက အတူတူ စုပြီး မြို့မှာ နာတာရှည် ရောဂါတစ်ခုလို ဖြစ်လာခဲ့ကြသည်။

'ဒါက ကျောက်တုန်များ ဖြစ်နေမလား။'

ကျောက်ကျွင်းက ဒါကို ပြန်ငြင်းဖို့အတွက် ခွန်အားတောင် မရှိတော့ပါ။

အခြားသူတွေက သူ့ကို ဒီလိုမျိုး မြင်သည့်အခါ ဘာတွေ ဖြစ်နေပြီလဲဆိုတာကို သူတို့က သိနေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် တကယ်ကိုပဲ သားဖြစ်သူက ဘယ်လိုလူ ဖြစ်နေလဲဆိုတာကို အဖေဖြစ်သူက မသိတာလား။

“ခေါင်းဆောင်ကျောက်၊ မနေ့တုန်းက ခဗျားသားကို မြို့ အရှေ့ပိုင်းက သိုးသားရောင်းတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ ထိုင်ပြီး တစ်ခြားသူတွေနဲ့ သိုးနံရိုးဟင်း စားနေတာကိုတော့ ကျုပ် တွေ့လိုက်မိတယ်။”

“ပြီးတော့ ငါရောပဲ။ တစ်နေ့တုန်းက ဒီကလေး ဟုန်တရှန် တစ်ဗူးကို သောက်နေတာ တွေ့ခဲ့သေးတယ်။”

“လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ကျောက်တုန်က ကဒ်တွေနဲ့ ဆော့နေတာကို လူတစ်ယောက် တွေ့ခဲ့တယ်။”

ခြံထဲရှိ လူတွေက အခုလိုမျိုး စုလာခဲ့ကြပြီး သူတို့ အားလုံးက အခုချိန်မှာ ရှိမနေသည့် ကျောက်တုန်ကို ဝိုင်းပြီး လက်ညှိုးထိုးနေခဲ့ကြသည်။

ထိုနေရာတွင် ကျောက်ကျွင်းရဲ့ ကံဆိုးမှုတွေကို အားရပြီး ဒါတွေက သူနှင့် ထိုက်တန်တယ်ဟု တွေးနေကြသည့် အချို့သော လူတွေလည်း ရှိနေသေးသည်။ သူက သူ့ရဲ့ ကလေးကိုတောင် မစောင့်ရှောက်နိုင်ခဲ့ပါ။ အခုဆိုရင် သူ့ရဲ့ ပိုက်ဆံတွေက ခိုးခံလိုက်ရပြီး အဖေဖြစ်သူက လုံခြုံရေး ဌာနကို သွားဖို့ပဲ စိတ်ကူးရှိကာ သူက လိုင်းခန်းမှာပဲ ပိုက်ဆံတွေကို ထားခဲ့တယ်ဆိုပြီး ပြောနေခဲ့သည်။

ကျောက်ကျွင်းရဲ့ မျက်ဝန်းတွေထဲမှာ ဒေါသအမှောင် ဖုံးသွားခဲ့သည်။ လွန်ခဲ့သော ရက်ပိုင်းတုန်းက ကျောက်တုန်သည် တကယ်ပဲ အခုလိုမျိုး တိတ်ဆိတ်နေတာမျိုး မရှိပါ။ သူသည် အမြဲတမ်း ပိုက်ဆံကိုပဲ မမေးနေတုန်းကထက် ပိုကောင်းသည်။

အစပိုင်းမှာတော့ ကျောက်တုန်သည် သူ့ကို အဖေ တစ်ယောက် အနေဖြင့် သတ်မှတ်ထားတယ်ဟု တွေးနေခဲ့သည်။ အကြောင်းမှာ သူက လက်ခံသည့် ကြေညာစာကို မစောင့်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် အခုဆိုရင် သူက မိသားစုရဲ့ ပိုက်ဆံတွေကို ယူသွားပုံရပြီး အပြစ်ရှိသလို ခံစားနေရရုံသာ ဖြစ်သည်။

လူအုပ် လူစုကွဲသွားခဲ့ပြီး လုံခြုံရေး ဌာနကလည်း စိတ်သက်သာရာ ရသွားခဲ့သည်။ တကယ်လို့ အပြင်လူ တစ်ယောက်သာ ခိုးသွားတာဆိုရင် သူတို့က သေချာ စုံစမ်းစစ်ဆေးရမည် ဖြစ်သော်လည်း တကယ်လို့ ဒါကို သူတို့ရဲ့ ကလေးကိုယ်တိုင်က ခိုးသွားခဲ့တာဆိုရင် ဒါက သူတို့ ဝင်ပါမည့် ကိစ္စမျိုး မဟုတ်ဘဲ မိသားစုကိစ္စ တစ်ခုသာ ဖြစ်သည်။

မထွက်သွားခင်မှာ ကျောက်ကျွင်းနှင့် အဆင်ပြေသည့် လုံခြုံရေး ဌာနမှ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က သူ့ကို ကိုယ်ချင်းစာစိတ်ဖြင့် ပြောလိုက်သည်။ “အစ်ကိုကျောက်၊ ကလေး ပြန်လာတဲ့အချိန်ကျရင် ခဗျား သူ့ကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်။”

ဘာတွေ ဖြစ်နေလဲဆိုတာကို ကျောက်ကျွင်းက မသိခဲ့ပါ။ သူသည် ကလေးတွေနှင့် တရင်းတနှီး ဆက်ဆံရေးမျိုး မရှိဘဲ မွေးထားခဲ့ပုံရသည်။

အခြားသူတွေရဲ့ အမြင်မှာ ကျောက်တုန်က ပြဿနာတွေ ရှိပုံရပြီး သူ့ရဲ့ အဖေကလည်း သူ့ကို အပြစ်တွေပဲ တင်နေခဲ့သည်။

ကျောက်ကျွင်းသည် ညသန်းခေါင်အထိ စောင့်ပြီးရင်း စောင့်နေခဲ့ကာ နောက်ဆုံးမှာတော့ မိုးချုပ်မှ ပြန်လာတဲ့ သူ့ရဲ့သားနှင့် တွေ့ခဲ့ရသည်။

ကျောက်တုန်က လရောင်အောက်မှာ လမ်းလျှောက်ရင်း ဆိုးရွားသည့် သူ့ကံကြမ္မာကို စိတ်ထဲမှာတော့ ကျိန်ဆဲနေခဲ့သည်။

သူသည် သူ့အဖေရဲ့ ပိုက်ဆံကို ခိုးသွားပြီး လောင်းကစားဝိုင်းမှာ ငွေတွေကို ပွားနိုင်မည်ဟု သူက မျှော်လင့်နေခဲ့သော်လည်း သူ့ရဲ့ ပိုက်ဆံတွေ အားလုံး ဆုံရှုံးခဲ့ရသည်။ ရက်အနည်းငယ်အတွင်းမှာပဲ သူက ပိုက်ဆံတွေ အားလုံးကို ဆုံးရှုံးလိုက်ရသည့်အပြင် နောက်ထပ် ယွမ်တစ်ရာကိုတောင် အကြွေး တင်ခဲ့သည်။

ကျောက်တုန်က တံခါးကို ဖွင့်ပြီး ပိုက်ဆံတွေကို အိမ်ရဲ့ ဘယ်နားမှာ ဖွက်ထားဦးမလဲဆိုပြီး သိချင်နေခဲ့သည်။ သူ့အဖေမှာ ပိုက်ဆံ နည်းနည်းပဲ ရှိတယ်ဆိုတာကို သူက မယုံခဲ့ပါ။ တကယ်လို့ သူက နောက်ထပ် ယွမ်နည်းနည်း ထပ်ရှာနိုင်မယ်ဆိုရင် လောင်းကစားဝိုင်းမှာ နိုင်မှာ သေချာသည်။ ထို့နောက်မှာတော့ သူ့ရဲ့ ပိုက်ဆံတွေ အားလုံးကို ပြန်ရနိုင်မည် ဖြစ်သည်။

All Chapters