← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 22 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 22 Ch. 259-260

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၅၉

သုံးယောက်လုံးက အသက်နှစ်ဆယ်ကျော် ရှိပုံရကာ ခေါင်းဆောင်က သိက္ခာရှိသည့် ပုံစံမျိုးနှင့် မိန်းမငယ် တစ်ဦး ဖြစ်သည်။

သူမက သိုးမွှေး အနွေးထည်ကို ဝတ်ထားသော်လည်း အသစ်ဖြစ်ပုံ မရဘဲ ဘောင်းဘီရဲ့ ထောင့်နားမှာ ဖွာနေခဲ့သည်။ သူမက ဒီလို ရာသီဥတုမှာ အနည်းငယ် အေးနေသော်လည်း သူမက ဒေါသထွက်နေခဲ့သည်။ သူမရဲ့ ပါးစပ်က မြန်မြန် ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေခဲ့ကာ အစောင့်တွေဆီက စကားလုံးတစ်လုံး ရဖို့ မဖြစ်နိုင်ပါ။

“တပ်သား၊ ငါတို့က တကယ် ဆရာမချမ့်ရဲ့ ကျောင်းသားတွေပါ။ ငါတို့က လွန်ခဲ့တဲ့ နှစ်တွေကတည်းက သူမအကြောင်း တွေးနေခဲ့တာပါ။ ဒီကို ငါတို့ ဘယ်နှစ်ကြိမ်လောက် ရောက်လာရလဲဆိုတာ ကြည့်လိုက်ပါဦး။ တကယ်လို့ နင်တို့ တစ်ခေါက်ပဲ ခြွင်းချက် အနေနဲ့ လုပ်ပေးနိုင်မယ်ဆိုရင် ငါတို့ကို တွေ့ဖို့ မငြင်းမှာ သေချာတယ်။ နင်တို့ သိကြလား။ လူတိုင်းက ပြန်ဖို့ လွယ်ကူမနေဘူး။ ပြီးတော့ ငါတို့က ငယ်သေးတယ်။ နင်တို့က ကြင်နာတတ်တဲ့လူတွေပါ၊ ငါတို့ကို ဒီလိုမျိုးကြီး မထိန်းထားမှာ သေချာပါတယ်…”

အနီးအနားရှိ အနည်းငယ် ချမ်းသာသည့် ကောင်မလေး တစ်ယောက်က စကားကို ကြားဖြတ်ပြောလိုက်သည်။ “ငါတို့ကို တားဖို့ နင်တို့ကို ဒီမှာ နေတဲ့ ကောင်မလေးက ပြောထားတာလား။ ငါသိတယ်၊ အဲ့ကောင်မစုတ်လေးက အမြဲတမ်း လျှို့လျှို့ဝှက်ဝှက် လုပ်နေတာ။ လွန်ခဲ့တဲ့ နှစ်တွေကမှ သူက တော်တော်လေး အင်အားရလာတာ။ သူက အမြဲတမ်း စကားတွေ လျှောက်ပြောပြီး သူ့ကိုပဲ မျက်နှာသာပေးတဲ့ ဆရာမကို လှည့်စားဖို့ ကြိုးစားနေတာ။”

သူမ ဘာကိုမှ မပြောနိုင်ခင်မှာပဲ သူမ ဘေးနားရှိ ယောက်ျားကြီးက မျက်မှောင်ကို ကြုတ်ပြီး သူမကို ရှောင်လိုက်သည်။

လူငယ် တစ်ယောက်က သယ်လာသည့် ပစ္စည်းကို မြေပေါ် ချပြီး ပြုံးကာ ပြောလိုက်သည်။ “ဆရာမက ငါတို့ကို တွေ့ချင်မှာ မဟုတ်လောက်တာ သေချာပါတယ်။ ဒါကို ဆရာမဆီ ပို့ပေးပြီး သူ့ရဲ့တပည့် ကျူမင်းက ဆရာမကို တွေ့ဖို့ အရမ်း ရှက်တယ်ဆိုတာလေး ကျေးဇူးပြုပြီး ပြောပေးပါ။ ဆရာမက ငါ့ကို ခွင့်လွှတ်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်….”

ဝမ့်ရင်းသည် လူတွေ ခံစားနေရသည့် မြင်ကွင်းကို ကြည့်ပြီး မနေနိုင်ဘဲ ချမ့်ရှုဖန်းအတွက် သက်ပြင်း ချလိုက်သည်။

သူမ ရွာဘက်ကို သွားတုန်းက နှစ်ပေါင်းများစွာ ဘယ်ကျောင်းသားကမှ စာတစ်စောင်၊ ဘာပစ္စည်း တစ်ခုမှ ပို့ပေးခဲ့ခြင်းမျိုး မရှိပါ။ ချမ့်ယုကသာ သူမနှင့်အတူ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရသည်။

အခုဆိုရင် သူမက ပြန်ရောက်လာခဲ့ပြီး လန်ယွဲ့က ဘေးနားမှာ ရှိနေဖို့ကို မျှော်လင့်နေခဲ့ကာ ပီကင်း အော်ပရာရုံရှိ ချမ့်ရှုဖန်းရဲ့ ဂုဏ်သိက္ခာသည် အရင်ကလို အချိန်ကအတိုင်း ပြန်ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အခုမှ ဒီကျောင်းသားတွေက သူတို့ရဲ့ အသိစိတ်တွေ ပြန်ဝင်လာကြပြီး အစပိုင်းမှာ ရိုင်းပြီးတော့မှ သူတို့က ပြုံးပြပြီး အမှားတွေကို ပြင်ဆင်ဖို့ ကြိုးစားနေခဲ့သည်။

ဝမ့်ရင်းက ထိုနေရာကိုလည်း မသွားဘဲ ထိုလူတွေက ပြဿနာတစ်ခု ရှာဖို့အတွက် စောင့်နေရုံသာ ဖြစ်သော်လည်း သူတို့က အထဲကို ဝင်လို့ မရပါ။ နောက်ဆုံးမှာတော့ သူတို့က တစ်ယောက်ကို တစ်ယောက် အပြစ်တွေသာ တင်ပြီး ဒေါသတကြီး ထွက်သွားခဲ့ကြသည်။

“ကျူမင်း၊ နင်က ဒီလို ယဥ်ကျေးတဲ့ စကားတွေကို ပြောဖို့ သတ္တိရှိတယ်ပေါ့။ အဲ့တုန်းက ဆရာမရဲ့ ဝတ်စုံကို မီးလောင်အောင် လုပ်ခဲ့တဲ့သူက နင် မဟုတ်ဘူးလား။”

“လာစမ်းပါ၊ ကောဝမ်ရာ၊ မင်းလည်း တစ်ခြားသူတွေကို ဝေဖန်ဖို့ သတ္တိရှိတာပေါ့။ မင်းနဲ့ အားမိန်တို့ အတူတူ လူသိရှင်ကြား စွပ်စွဲတဲ့ စာကို ရေးခဲ့ကြတာ မဟုတ်လား။ ဒါမှမဟုတ် မင်းတို့ရဲ့ ဆရာမက အဲ့ဒါကို အပြင်ကနေ ယူလာတာမလို့လား။”

“စကားပြောတာ ရပ်ပြီး ပြန်သွားလိုက်တော့။ ပြီးရင် ဘာလုပ်ရမလဲဆိုတာသာ ပြန်တွေးထား။ လမ်းထဲမှာ ရန်ဖြစ်ရတာ ပျော်စရာကောင်းနေတာလား။”

သူတို့ လမ်းလျှောက်သွားပြီးနောက် ဝမ့်ရင်းသည် သူမက ထောင်ထောင်နှင့် ရှိနေတုန်းပဲဆိုတာ သိသွားခဲ့သည်။

ငုံ့ကြည့်လိုက်သည့်အခါ ထောင်ထောင်ကလည်း အောက်ရှိ လူတွေကို တွေ့လိုက်ရသည်။

ထောင်ထောင်က အရင်ဆုံး စကားစပြောသည့်အခါ ဝမ့်ရင်းက သူမရဲ့ သမီးကို တစ်ခုခုပြောဖို့ ပြင်လိုက်သည်။

“ဒီဦးလေးတွေ၊ အဒေါ်တွေက သေချာပေါက် လူကောင်းတွေ မဟုတ်လောက်ဘူး။”

ဝမ့်ရင်းက မျက်မှောင်ကို ကြုတ်ပြီး ကြည့်လိုက်သည်။ “ဒီလူတွေက လူကောင်း မဟုတ်ဘူးဆိုတာကို သမီးက ဘယ်လို သိတာလဲ။”

ထောင်ထောင်က သက်ပြင်းချလိုက်သည်။ “မေမေ၊ မေမေက အရမ်း အတာပဲ။ တကယ်လို့ သူတို့တွေသာ လူကောင်းတွေဆိုရင် စောနကလေးတင် သူတို့တွေ ယူလာတဲ့ ပစ္စည်းတွေကို ဘာလို့ ယူသွားကြမှာလဲ။”

“ကြည့်ပါဦး၊ သူတို့က လက်ဆောင်တွေကိုတောင် ပြန်ယူသွားကြတာ။ သူတို့က အရမ်း ကပ်စေးနဲတာပဲ နေမယ်။ သမီးတို့ တစ်ခုခု အမှား လုပ်လိုက်မိလို့ တောင်းပန်တဲ့အခါကျရင် သမီးက ဟန်ဆောင်တာမျိုး မလုပ်သင့်ဘူးလို့ မေမေက ပြောဖူးတယ်လေ။ ဒါပေမယ့် ဒီဦးဦးတွေက လုံးဝကို မရိုးသားဘူး။”

အခုဆိုရင် ထောင်ထောင်က ဘယ်လို တောင်းပန်ရမလဲ ဆိုတာကို သိနေခဲ့ပြီ ဖြစ်သည်။

သူမကို အိမ်နှင့် ကလေးထိန်းကျောင်းရှိ လူတွေက ချစ်ကြသော်လည်း သူမရဲ့ အမေက သူမကို အရမ်း စည်းကမ်းကြီးသည်။ တစ်ခါတစ်လေ သူမ အမှားတစ်ခု လုပ်သည့်အခါ သူမရဲ့ အမေက သူမကို အပြစ် ပေးလိမ့်မည် ဖြစ်ပြီး ကြီးလေးသည့် ကိစ္စမျိုး ဖြစ်သည့်အခါ သူမရဲ့ အမေက သူမရဲ့ လက်ဖဝါးတွေကို ရိုက်ပြီးမှ မုန့်ကလေးတွေ ပေးလိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းက သူမရဲ့ ခေါင်းကို ပုတ်ပေးလိုက်သည်။ “အခု သမီးက နားလည်နေပြီ၊ ဟုတ်တယ်မလား။ တစ်ခါတစ်လေ တောင်းပန်တာက ခွင့်လွှတ်ဖို့ အာမခံ မရှိပေမယ့် သမီးက ရိုးရိုးသားသား နောင်တ မရရင် ဘယ်သူကမှလည်း သမီးကို ခွင့်လွှတ်ကြမှာ မဟုတ်ဘူး။”

ချမ့်ရှုဖန်းရဲ့ ကျောင်းသားတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို တကယ် နောင်တရနေကြတာလား။

သူတို့ တကယ်ကို အဲ့ဒါအတွက် နောင်တရတာပါ။

သို့သော် ဒီနောင်တတွေက လူတစ်ယောက်ရဲ့ အမှားတွေအတွက် တကယ်ရော ဟုတ်ရဲ့လား။ ဒါမှမဟုတ် ဒီလူတွေဟာ အခြေအနေအရ တွန်းအားပေးခံရတာလား။

ဒါက အရမ်းကို လျှို့ဝှက်ကြံစည်လွန်းတာပဲ။

ဝမ့်ရင်းက ထောင်ထောင်ကို တံခါးနားကို ခေါ်သွားပြီး အစောင့်က သူမရဲ့ အချက်အလက်တွေကို စစ်ဆေးပြီး သူမကို အထဲဝင်ခိုင်းခဲ့သည်။

အခု ချမ့်ရှုဖန်း နေနေသည့် အိမ်က တကယ်ကို သူမရဲ့ အပိုင် ဖြစ်သည်။ ရာထူး ပြန်ရလို့ သူမ မြို့ကို ပြန်လာပြီးကတည်းက သူမရဲ့ ပိုင်ဆိုင်မှုတွေကို သူမထံ ပြန်ပေးခဲ့ပြီး ဒီအိမ်ကလည်း သူမရဲ့အပိုင် ဖြစ်သည်။

ဝမ့်ရင်းသည် ဝင်ပေါက်၊ ထွက်ပေါက် သုံးပေါက်ပါတဲ့ ခြံဝန်းကို ကြည့်လိုက်သည်။ သူမ ဒီကိုရောက်တာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူမကတော့ အဆင်ပြေတယ်ဟု ခံစားနေရဆဲ ဖြစ်သည်။

အကြောင်းမှာ သူမရဲ့ စိတ်ရှုပ်စရာကောင်းသည့် တပည့်တွေကြောင့် ဒေါသထွက်နေတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပြီး ချမ့်ရှုဖန်းသည် ဝမ့်ရင်းအတွက် ရေထည့်ပေးရင်း သူမရဲ့ မျက်ဝန်းတွေက အနည်းငယ် နီရဲနေခဲ့သည်။

“ထောင်ထောင်၊ သမီး နို့သကြားလုံး စားချင်လား။”

ထောင်ထောင်သည် နေ့လည်တုန်းက သူမ စားထားတဲ့ နေ့လည်စာတွေက အစာကြေသွားခဲ့ပြီ ဖြစ်ကာ အခုဆိုရင် သူမရဲ့ အစာအိမ်က ဆာလောင်မှုကြောင့် တဂွီဂွီ မြည်နေခဲ့ပြီ ဖြစ်သည်။

“စားမယ်။ ကျေးဇူးပါ ဒေါ်ဒေါ်။”

ထောင်ထောင်ကို ချော့ဖို့ သရေစာနှင့် သကြားလုံး ပန်းကန် တစ်ပန်းကန်ကို ပေးပြီးနောက် လူကြီး နှစ်ယောက်က သူတို့ရဲ့ ကိစ္စကို ဆက်ပြောခဲ့ကြသည်။

ဝမ့်ရင်းသည် စောနက တံခါးရှေ့ရှိ ပြဿနာကို ပြောပြခဲ့ပြီး ချမ့်ရှုဖန်းကလည်း နားကျည်းစွာ ပြုံးရင်း ပြောပြခဲ့သည်။ “နောက်ဆုံးတော့ အခုချိန်မှာ ငါက ရှုပ်ထွေးနေတဲ့ မြို့မှာ ဆင်းရဲတယ်ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်သွားခဲ့ပြီ။ ပြီးတော့ နင့်အကြောင်း ဂရုစိုက်တဲ့ လူဆိုပြီးလည်း ဘယ်သူမှ မရှိဘူး။ ဒါပေမယ့် တောင်ပေါ် ဒေသမှာ နေရတာက ချမ်းသာမှုဆိုတာကို ရပြီး သွေးဝေးတဲ့ ဆွေမျိုးတွေလည်း ရှိတယ်။”

“ဒီကလေးတွေ အားလုံးက ဟိုးအရင်က ငါချစ်ရတဲ့ ကျောင်းသားတွေပဲ။ အဲ့ထဲက တစ်ချို့ဆို ငါ လမ်းပေါ်က ခေါ်လာတဲ့ မိဘမဲ့တွေ၊ တစ်ချို့က ဆင်းရဲတဲ့ မိသားစုက။ ငါ့မှာ သူတို့ကို ဒီနေရာဆီ ပို့ဖို့ ဖြောင်းဖျပေးခဲ့ရတာ။ ဘာလို့လဲဆိုတော့ သူတို့တွေမှာ ကောင်းမွန်တဲ့ ကျောထောက် နောက်ခံရှိပုံရလို့။”

“ ဒီနှစ်တွေထဲမှာ သူတို့ အားလုံးက ဒီခြံထဲမှာပဲ နေခဲ့ကြတာ။ ငါက သူတို့ရဲ့ စားဝတ်နေရေးနဲ့ ပညာရေး အားလုံးကို ငါပဲ ဂရုစိုက်ပေးခဲ့ရတာ။ သူတို့က သူတို့ရဲ့ စာတွေ ပြီးခါနီးပြီဆိုရင် ပီကင်း အော်ပရာ အဖွဲ့ကို ပြန်လုပ်ဖို့ စထဲ့တာဆိုတော့ ငါက သူတို့ အားလုံးကို အဲ့ထဲ ပို့လိုက်တာ။”

“ တစ်နေ့နေ့မှာ သူတို့က ငါ့ကို ဒီလို ပြန်ကျေးဇူးဆပ်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒါက ငါ့ရဲ့ ဆရာမဆီကနေ ရလာတဲ့ ဝတ်ရုံလေ။ ပြီးတော့ အဲ့ဒါ ပျက်စီးသွားတာကို မြင်ရတော့ ငါမခံစားနိုင်ဘူး။ ဒါကပဲ သူတို့က ငါ့ကို ဒီမြို့ကနေ နှင်ထုတ်ဖို့ ကွက်တိဖြစ်သွားတာ။ ဒါပေမယ့်ကွယ် ငါ့ဝတ်စုံတွေ မီးလောင်သွားတာကို မြင်ရတာ စိတ်မကောင်းဘူးလေ။”

ချမ့်ရှုဖန်းသည် ထိုဝတ်စုံတွေအကြောင်း ပြောသည့်အခါ သူမရဲ့ သောကကို မဖုံးကွယ်ထားနိုင်ခဲ့ပါ။ “ဒါတွေက ငါတို့ရဲ့ စားဝတ်နေရေးတွေပဲလေ။ သူတို့က သူတို့ ဘဝရဲ့ လေ့လာမှုတွေ တစ်ဝက်လောက်ကို ဖြုန်းခဲ့ကြတာ။ ပြီးတော့ အခုဆိုရင် သူတို့က သူတို့ရဲ့ ဝတ်စုံတွေကိုတောင် မီးရှို့လိုက်ကြတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေများ ရှိနေတာလဲ။”

ဝမ့်ရင်းက သူမရဲ့ လက်ကို ပုတ်ကာ ပြောလိုက်သည်။ “ပြီးတော့ ချမ့်ယု… ငါ အဲ့လူတွေဆီက အခြေခံ အရည်အချင်းတွေ မရှိတာကို တွေ့ခဲ့ရုံပါပဲ။ နင် အရမ်း ဝမ်းနည်းနေစရာ မလိုပါဘူး။ သူတို့က ဒီအလုပ်ကို တန်ဖိုး မထားကြဘူး။ အနှေးနဲ့ အမြဲပဲ သူတို့က အဲ့ဒါရဲ့ အကျိုးတွေကို ခံစားရမှာ မဟုတ်ဘူး။”

ဝမ့်ရင်းသည် ဒီနှစ်တွေထဲ ချမ့်ယုရဲ့ လမ်းပြမှု အောက်မှာ လုံးဝကို ပီကင်း အော်ပရာ အဖွဲ့ရဲ့ ပရိတ်သက် တစ်ယောက် ဖြစ်လာခဲ့သည်။ အခုလေးတင် လူသုံးယောက်ထဲတွင် ယောက်ျားတစ်ယောက်ရဲ့ မျက်နှာက အသက်ကြီးသွားပုံရကာ အမျိုးသမီးကြီးရဲ့ ပုံစံက ပြောင်းလဲသွားခဲ့ပြီး သူမ ရပ်နေသည့် ပုံစံကလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူက ချမ့်ယုထက် အသက်မကြီးသော်လည်း သူက ချမ့်ယုကို အတော်ကြာ မမှီနိုင်တာကို သိနေခဲ့သည်။

ချမ့်ရှုဖန်းသည် ချမ့်ယုအကြောင်း ပြောသည့်အခါ စိတ်လှုပ်ရှားနေခဲ့သည်။ “ဒီအချိန်တောအတွင်းမှာ ဒီကောင်မလေးက အရမ်း အလုပ်ရှုပ်နေတာ။ နင်တို့တွေ အကုန်လုံး ကောလိပ်ကို ဝင်သွားကြတာ တွေ့ပေမယ့် သူကိုယ်တိုင်က ပြန်စဖို့အတွက် ဘာနေရာမှ မရှိနေဘူး။ ငါ သူ့ကို ပီကင်း အော်ပရာ အဖွဲ့ကို ဝင်ဖို့ သူ့အတွက် အခွင့်အရေး တစ်ခုလောက် ရှာဖို့ကို ပြောသေးတယ်။ ဒါပေမယ့် သူက အဲ့အကြောင်းတွေ ပြောလို့ရှိရင် မပျော်ဘဲ သူမကိုယ်တိုင် စာမေးပွဲ ဖြေဖို့ကိုပဲ ပြောနေတာ။”

ချမ့်ရှုဖန်းက မနေနိုင်ဘဲ ရယ်လိုက်သည်။ “သူမက ဒီတစ်ခေါက်မှာ ပြန်လာတဲ့ နဂါးဘုရင်ဆိုပြီး ပြောတယ်။ ပြီးတော့ အရင်တုန်းက သူ့အပေါ် လှောင်ခဲ့တဲ့ စီနီယာတွေကို အမြင်ကြည်အောင် လုပ်ပြချင်နေတာ။ အဲ့တော့ သူမက သူကိုယ်တိုင် စာမေးပွဲဖြေဖို့ စာရင်း သွင်းလိုက်တယ်။ ဒီကောင်မလေးက စာတွေကို ဘယ်လို လေ့လာရမလဲဆိုတာ မသိဘူး။ အဲ့တော့ နဂါးဘုရင် တစ်ပါး ဖြစ်လာတော့ရော ဘာဖြစ်တော့မှာလဲ။”

ဝမ့်ရင်းက အနည်းငယ် ရှက်နေခဲ့သည်။ သူမက ဒါကို ဘယ်ကနေ လေ့လာခဲ့တာလဲ။ သူမက ဒါတွေကို သူမဆီကနေ လေ့လာခဲ့တာ သေချာသည်။

သို့သော် အခုဆိုရင် ချမ့်ယုသည် နဂါးဘုရင်က သူ့ရဲ့ ပုလ္လင်ဆီ တကယ်ကို ပြန်သွားနေခဲ့ပြီ ဖြစ်သည်။ ရွာမှာရှိတဲ့ သူမရဲ့ နှစ်တွေမှာ သိုးတွေကို ကျောင်းပြီး ယဥ်ကျေးမှု သင်ခန်းစာတွေကို လေ့လာတာကလွဲရင် သူမက အော်ပရာ အဖွဲ့အကြောင်း လေ့လာရင်း သူမရဲ့ အချိန်တွေကို ကုန်ဆုံးနေခဲ့သည်။

ချမ့်ရှုဖန်းတွင် တပည့်အနေဖြင့် သူမ တစ်ယောက်တည်းသာ ရှိပြီး သူမရဲ့ ခွန်အားတွေ အားလုံးကို ချမ့်ယုအပေါ်မှာသာ မြှုပ်နှံထားခဲ့သည်။

ဝမ့်ရင်း - “ချမ့်ယုက စာမေးပွဲကို ဘယ်အချိန် ဖြေမှာလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး။ ထောင်ထောင်နဲ့ ငါကတော့ ဘာပဲဖြစ်ဖြစ် သူ့ကို ထောက်ပံ့ပေးမှာပါ။”

ချမ့်ရှုဖန်းက ပြုံးပြီး ပြောလိုက်သည်။ “ဘာလို့ မလုပ်ရမှာလဲ။ မိုင်မောင့်က သူလည်း လာမယ်ဆိုပြီး ပြောထားတော့ ငါတို့အားလုံး အတူတူ လုပ်ပေးလို့ ရတယ်။”

ထောင်ထောင်က စားနေရင်း လူကြီးတွေရဲ့ စကားဝိုင်းကို တိတ်တဆိတ် နားထောင်ပြီး ခနအကြာမှာ လူကြီးတွေကို စကား ကြားဖြတ်ကာ ပြောလိုက်သည်။ “နဂါးဘုရင် ပြန်လာပြီ။”

ချမ့်ရှုဖန်းက ဒီလို ပျော်တတ်သည့် အချိန်က ရှားပါးပြီး ထောင်ထောင်ရဲ့ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်။ သမီးရဲ့ မမချမ့်ယု၊ နဂါးဘုရင်မကြီးကို ကြည့်လိုက်ပါဦး။”

ဝမ့်ရင်း ချမ့်ရှုဖန်းရဲ့ အိမ်ကနေ ထွက်လာသည့်အခါ

ညကလည်း မှောင်နေခဲ့ပြီ ဖြစ်သည်။

ဝမ့်ရင်းသည် သူမရဲ့ သမီးကို ခေါ်ကာ ရှုရွှမ်းကို သွားရှာခဲ့သည်။ “ဖေဖေက အခုထိ ဒီမှာ ဘာလုပ်နေတာလဲ။”

သူမက ဟိုဟိုဒီဒီ ပတ်ကြည့်လိုက်သည်။ “ဒါက အကြီးကြီးပဲ။”

ဒါကတော့ ဟုတ်သည်။ ခရိုင်မြို့လေးရှိ စားသောက်ဆိုင်နှင့် ယှဥ်လိုက်ရင် အခု ရှုရွှမ်း အလုပ် လုပ်နေသည့် စားသောက်ဆိုင်က အတော်လေး ကြီးတယ်ဟု ပြောလို့ရသည်။

ဆိုင်က စုစုပေါင်း နှစ်ထပ်ရှိသည်။ ပထမထပ်က လူတွေ သွားလာနေကြသည့် နေရာတစ်ခု ဖြစ်ပြီး ဒုတိယထပ်က လမ်းနှင့် မျက်နှာချင်းဆိုင်ထားသည့် ခုံများလည်း ရှိသည်။ လိပ်စာကလည်း ဒုတိယ လမ်းထဲတွင် ရှိပြီး ဟုန်ဟိုင်းနှင့် သိပ်ပြီး မဝေးပါ။

ရှုရွှမ်းက လူသိများသည့် စားသောက်ဆိုင် များစွာကို လက်လျှော့လိုက်ပြီး နောက်ဆုံးမှာတော့ ဒီတစ်ဆိုင်ကို ရောက်လာခဲ့ပြီ ဖြစ်သည်။ ဒီဆိုင်က အရမ်းကြီး လူသိမများသော်လည်း ဒီဆိုင်မှာ နေရာကောင်း တစ်ခုနှင့် မူလ ဟင်းပွဲများစွာကို ရနိုင်သည်။ ဒါဟာ ဒီဆိုင်က မြို့ရှိ စီးပွားရေး အချက်အချာတွေလောက် အထင်ကြီးစရာ မကောင်းနေခဲ့ပါ။

သို့သော် ဒီမှာလည်း သူ့ရဲ့ အကျိုးအမြတ် ရှိသည်။ အနည်းဆုံးတော့ ရှုရွှမ်း ရောက်လာတဲ့ ရက်အနည်းငယ် အတွင်းမှာပဲ သူက ဒီနေရာမှာ သူ့ရဲ့ အရည်အချင်းနှင့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီး ဖြစ်သည်။

ဝမ့်ရင်း ရောက်လာသည့်အခါ စားပွဲထိုးက သူမရဲ့ နာမည်ကို မေးပြီး အပေါ်ထပ်ကို ခေါ်သွားခဲ့သည်။ “ဆရာရှုက အစ်မ ရောက်လာရင် အပေါ်ထပ်ကို သွားပြီး ထိုင်နေလို့ ရတယ်လို့ ပြောတယ်။ အစ်မ စားချင်တာသာ မှာထားလိုက်ပါတဲ့။”

စားပွဲထိုးက ဝမ့်ရင်းအတွက် ဒုတိယထပ်ရှိ ပြတင်းပေါက်နားမှာ ထိုင်ခုံတစ်နေရာ ရှာပေးခဲ့သည်။ ထောင်ထောင်က ထိုင်လိုက်သည့်အခါ အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။

“မေမေ၊ ဒီနိုင်ငံခြားသူတွေကို ကြည့်လိုက်ပါဦး။”

ဒီနေရာက ထိုစားသောက်ဆိုင်ကြီးတွေလောက် မကြီးသော်လည်း ဒီမှာ အစားထိုးလို့မရတဲ့ ကောင်းကွက် တစ်ခု ရှိသည်။ ဒုတိယထပ်ရှိ ပြတင်းပေါက်နားက ထိုင်ခုံသည် အနီးအနားရှိ ဟုန်ဟိုင်း ရေကန်ကိုပါ မြင်နိုင်သည်။ သဘာဝရှုခင်း နေရာက အခြားနေရာတွေထက် ပိုကောင်းသည်။

ဆံပင် ရွှေအိုရောင်နှင့် မျက်လုံးပြာပြာရှိသည့် နိုင်ငံခြားသား နှစ်ယောက်က တစ်ခုခုအကြောင်း ပြောရင်း ထိုင်နေခဲ့သည်။ သူတို့နှစ်ယောက်ထဲရှိ တစ်ယောက်က ခြေဟန်လက်ဟန် ပြရင်း အရမ်းကို ပျော်နေခဲ့သည်။

ဝမ့်ရင်းသည် သူမရဲ့ သမီးက ထိုင်ဖို့ အတော်လေး စိတ်လှုပ်ရှားနေတာကို မြင်သည့်အတွက် ထုံးစံအတိုင်း ထောင်ထောင်ကို ချီကာ ပြောလိုက်သည်။ “အဲ့တော့ သမီးက အဲ့ကို သွားပြီး သူတို့ကို သွားနှုတ်ဆက်ချင်လို့လား။”

ထောင်ထောင်က ရှက်ပြီး ကြောက်ရွံ့နေတာမျိုး ဖြစ်ခဲသော်လည်း သူမက ဒီလိုတော့ မလုပ်ရဲပါ။

သူမရဲ့ အမေက ဘယ်လို နှုတ်ဆက်ရမလဲနှင့် ဘယ်လို မိတ်ဆက်ရမလဲဆိုတာကိုပဲ သင်ပေးလိုက်သည်။

ဝမ့်ရင်းက သူမရဲ့ သမီးကို တွန်းအားပေးလိုက်သည်။ “သမီးက ကလေးတစ်ယောက်ပဲလေ။ တကယ်လို့ ကလေး တစ်ယောက်က တစ်ခုခု မှားပြောမိရင် ဘယ်သူကမှ ဂရုစိုက်ကြမှာ မဟုတ်ဘူး။ အဲ့ဒါအပြင် ထောင်ထောင်က ချစ်ဖို့အကောင်းဆုံးပဲ။ လူတိုင်းက သမီးကို သဘောကျကြတယ်လေ။”

ဝမ့်ရင်းရဲ့ တွန်းအားပေးမှုကြောင့် ထောင်ထောင်က ရင်ကိုကော့ကာ ဘေးနားရှိ ထိုင်ခုံကို ဖြည်းဖြည်းချင်း သွားခဲ့သည်။

“ဟဟဟဟဟ”

ကလေးလေးက သူတို့နားကို အနီးကပ် ရောက်လာတာက ထိုနိုင်ငံခြားသား နှစ်ယောက်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့က ပြုံးကာ ခါးလေးကို ကိုင်းပြီး မေးလိုက်သည်။ “လာနှုတ်ဆက်တာလား။”

ဝမ့်ရင်းက သူမရဲ့ သမီးနားကနေ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရပြီး နိုင်ငံခြားသား နှစ်ယောက်က သူတို့ရဲ့ အရှေ့မှာ ရပ်နေသည့် ကလေးမလေး အကြောင်းကို အင်္ဂလိပ်လို ပြောနေခဲ့သည်။ သူတို့ရဲ့ စကားတွေက “အရမ်း ချစ်ဖို့ကောင်းတာပဲ” နှင့် “ငါတော့ သူ့လို သမီးလေးတစ်ယောက် လိုချင်လိုက်တာ” ဆိုသည့် စကားတွေက ပြည့်နေခဲ့သည်။

ထောင်ထောင်က သူမရဲ့ အင်္ကျီထောင့်နားလေးကို ပွတ်ပြီး အကူအညီ တောင်းဖို့အတွက် သူမရဲ့ အမေကို ကြည့်လိုက်သည်။

နှုတ်ဆက်စကား ပြောပြီးနောက် သူမက ဘာတွေ ထပ်ပြီး ပြောချင်သေးလို့လဲ။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၆၀

ဝမ့်ရင်းက အချိန်မှီလေး အရှေ့ကို ထွက်သွားကာ နိုင်ငံခြားသား နှစ်ယောက်ကို အင်္ဂလိပ်စကားနှင့် စတင် စကားစမြည် ပြောခဲ့သည်။

အစပိုင်းမှာတော့ ထောင်ထောင်က လန့်သွားခဲ့သည်။ သို့သော် နောက်ပိုင်းမှာတော့ သူမက ဂုဏ်ယူနေခဲ့သည်။

ဝမ့်ရင်းသည် သူမရဲ့ မျက်နှာချင်းဆိုင်ရှိ လူနှစ်ယောက်နဲ့ စကားတွေ ပြောနေခဲ့သည်။ နိုင်ငံခြားသားတွေထဲရှိ လူတစ်ယောက်ရဲ့ လက်ထဲမှာ ကင်မရာတစ်လုံး ရှိနေခဲ့ပြီး ထိုအချိန်မှာပဲ သူတို့က ဝမ့်ရင်းနှင့် ထောင်ထောင်တို့ရဲ့ ဓာတ်ပုံလေး တစ်ပုံကို ရိုက်ချင်တယ်ဟု သူတို့က ပြောလိုက်သည်။

“ငါတို့က…. ဒါကို အမှတ်တရအနေနဲ့ပါ။”

နိုင်ငံခြားသားက ဝမ်းနည်းသည့် လေသံမျိုးဖြင့် ပြောလိုက်သည်။

ဝမ့်ရင်းက ယဥ်ကျေးစွာ ငြင်းဆိုလိုက်သည်။ ထောင်ထောင်ကို မွေးပြီးကတည်းက သူမတို့ မိသားစုသည် နှစ်တိုင်း အတူတူ ဓာတ်ပုံ ရိုက်ကြသည်။ ထို့ကြောင့် အဲ့မှာ ဘာအခွင့်အရေးမှ လိုအပ်နေတာမျိုး မရှိပါ။ ရှုရွှမ်းကတောင် ဓာတ်ပုံ စတူဒီယိုကို သွားပြီး ဓာတ်ပုံရိုက်ရင် စိတ်ရှုပ်ရသည့် ပြဿနာကို ဖြေရှင်းဖို့ ကင်မရာတစ်လုံးကို ဝယ်ရန် အကြံပေးခဲ့သည်။

သို့သော် ဝမ့်ရင်းက သူမရဲ့ သမီးကို အခြားသူတစ်ယောက်နှင့် ဓာတ်ပုံရိုက်စေချင်ခဲ့သည်။

ထောင်ထောင်က နိုင်ငံခြားသား နှစ်ယောက်နှင့် အတူတူ ဓာတ်ပုံရိုက်သည့်အခါ စိတ်လှုပ်ရှားပြီး သူမရဲ့ မျက်နှာက နီရဲလာခဲ့သည်။ သူတို့သည် ဓာတ်ပုံတွေ ထုတ်ပြီးနောက် သူမကို ဓာတ်ပုံ ပို့ပေးမယ်ဟုလည်း ပြောခဲ့ကြသည်။

ဝမ့်ရင်းက ဓာတ်ပုံရိုက်ပြီး သူမတို့ရဲ့ နေရာကို ပြန်မသွားခင် နိုင်ငံခြားသားများနှင့် စကားစမြည် ပြောခဲ့သည်။

ထောင်ထောင်က ပျော်ပြီး သူမရဲ့ လက်ချောင်းတွေကို ရေတွက်နေခဲ့သည်။ ဒီနေ့မှာ သူမက မူကြိုကျောင်းကို သွားပြီး သူငယ်ချင်းအသစ်တွေ ရခဲ့ရုံသာမက နိုင်ငံခြားသားများနှင့်လည်း ဓာတ်ပုံတွေ တွဲရိုက်ခဲ့ရသည်။

ဝမ့်ရင်းသည် ထောင်ထောင်ရဲ့ စကားတွေကို ဇာတ်ကြောင်းအနေဖြင့် အသုံးချကာ ပြန်ပြောပြီး ဟင်းပွဲ တစ်ပွဲနှင့် စွပ်ပြုတ် တစ်ပွဲကို မှာပေးခဲ့သည်။

ထောင်ထောင်က စကားတွေ အများကြီး ပြောပြီး စားစရာတွေကို စားဖို့ လုပ်လိုက်သည့်အခါ ဝမ့်ရင်းက ဘေးဝိုင်းကနေ ဆူညံသံတွေကို ကြားခဲ့ရသည်။

နိုင်ငံခြားသား နှစ်ယောက်က စားပွဲထိုးကို တရုတ်စကား တစ်ဝက်နှင့် မြန်ဆန်သည့် ခြေဟန်လက်ဟန်ဖြင့် ပြောနေခဲ့သည်။

ဝမ့်ရင်းက စားပွဲထိုးကို လှမ်းခေါ်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”

နိုင်ငံခြားသားက သူ့ဟင်းပွဲကို စားရတာ အဆင်ပြေတယ် မဟုတ်ဘူးလား။ စားနေရင်း တန်းလန်းကြီး ဘာဖြစ်လို့ ရုတ်တရက် ပြဿနာ ထရှာရတာလဲ။

စားပွဲထိုးကလည်း ပြောစရာ စကားမရှိ ဖြစ်နေခဲ့သည်။ “ သူတို့က ကျွန်တော်တို့ စားဖိုမှူးရှု လုပ်ထားတဲ့ ဟင်းပွဲ အသစ်ဖြစ်တဲ့ ဝက်သားကို အရွက်တွေနဲ့ ချက်တဲ့ ဟင်းကိုပဲ မှာလိုက်တာ။ ဒါပေမယ့် ဟင်းပွဲ ရောက်လာတော့ သူတို့ကို တကယ့် ဗိုက်ခေါက်တွေနဲ့ လှည့်စားတယ်လို့ တွေးနေတာ။ သူတို့ပြောတာတော့ သူတို့က သားသတ်လွတ်သမားတွေတဲ့၊ ပြီးတော့ အသား မစားကြဘူးတဲ့။”

စားပွဲထိုးက ပေကျင်းမြို့ရဲ့ နယ်ခံတစ်ယောက် ဖြစ်သည်။ သားသတ်လွတ်သမားဆိုရင် သူသည် အရင်က စားခဲ့ကြသည့် ဘုန်းကြီးနှင့် သီလရှင်တွေကိုသာ ကြားဖူးခဲ့သည်။ ထိုခေတ်တွေမှာ ဘဝတွေက ခက်ခဲသည့်အတွက် ဘယ်သူတွေက အသားအစား အရွက်တွေကိုပဲ စားနိုင်ကြမှာလဲ။

စားပွဲထိုးက ပွစိပွစိ ပြောနေခဲ့သည်။ “ဒီနိုင်ငံခြားသားတွေက တကယ်ကို ပြဿနာရှာကြတာပဲ။”

ထို့နောက် ဝမ့်ရင်းသည် သားသတ်လွတ် ဝက်သားဟင်းဆိုတာ မကြာသေးခင်ကမှ ရှုရွှမ်း လေ့လာခဲ့သော ဟင်းပွဲအသစ်တစ်ပွဲ ဖြစ်သည်။ ထို့အပြင် သူမက ထိုဟင်းပွဲကို လွန်ခဲ့သော ရက်ပိုင်းက အိမ်မှာ ပျော်ရွှင်စွာ စမ်းစားကြည့်ပြီးပြီ ဖြစ်သည်။

သူမက တစ်ချက် ကြည့်ဖို့ အနောက်ကို မှီလိုက်ပြီး ထိုနိုင်ငံခြားသား နှစ်ယောက်ရဲ့ အရှေ့ရှိ ဝက်သားဟင်းက ထိုဟင်းပွဲ အသစ်နှင့် တူတယ်ဆိုတာကို တွေ့လိုက်ရသည်။

စားပွဲထိုးက အင်္ဂလိပ်လို မပြောဘဲ သူက ရှင်းပြရင်း သူ့ရဲ့ မျက်နှာက နီရဲလာခဲ့သည်။ သို့သော် နိုင်ငံခြားသား နှစ်ယောက်ကလည်း အတော်လေးကို သာမန်သာ ဖြစ်သည့်အတွက် သူတို့က တစ်ယောက်ကို တစ်ယောက် မရှင်းပြနိုင်တော့ဘဲ သူတို့ကြားရှိ ဆက်သွယ်ရေးက အတော်လေး ခက်ခဲနေခဲ့သည်။

သားသတ်လွတ်သမား နိုင်ငံခြားသားက စားပွဲပေါ်ရှိ မထိရသေးသော “ဝက်သားဟင်း” ကို လက်ညှိုးထိုးကာ သူ့ရဲ့ မျက်နှာကလည်း ဒေါသထွက်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။

“ဒါက သားသတ်လွတ် ဟင်းပွဲမှ မဟုတ်တာ။”

သူက စကား တစ်လုံးချင်းစီကို သေသေချာချာ ရှင်းပြရင်း အလျင်လိုနေတာ သိသာနေခဲ့သည်။

စားပွဲထိုး - “ဒါက သားသတ်လွတ် ဟင်းပွဲတစ်ပွဲပါပဲ။ ဒါက သားသတ်လွတ် ဝက်သားဟင်းပါ။ ဘယ်တိရိစ္ဆာန်ရဲ့ အဆီကိုမှ အဲ့အထဲမှာ မသုံးထားပါဘူး။”

နိုင်ငံခြားသားက လုံးဝကို ယုံရခက်နေခဲ့သည်။ ဒီလောက် အနှစ်တွေ အများကြီး ပါနေတဲ့ဟာက ဘယ်လိုလုပ်ပြီး အသားဟင်း မဟုတ်ရမှာလဲ။

“မဟုတ်ဘူး၊ မဟုတ်ဘူး။ နောက်ဆုတ်နေ။”

စားပွဲထိုးက အနည်းငယ် ရှက်နေခဲ့သည်။ ထိုသားသတ်လွတ် ဝက်သားဟင်းက လွန်ခဲ့သော ရက်ပိုင်းကမှ ဟင်းပွဲစာရင်းထဲ ထည့်ထားသည့် ဟင်းပွဲ အသစ် တစ်ပွဲသာ ဖြစ်သည်။ ဟိုတယ်ရဲ့ စီမံခန့်ခွဲရေးက စားဖိုမှူးရှုအပေါ်မှာ အတော်လေး မျှော်လင့်ချင် ရှိနေပြီး သူတို့ စားသောက်ဆိုင်ရဲ့ ဂုဏ်သတင်းကို တိုးအောင် လုပ်ဖို့ ဟင်းပွဲအသစ် အနည်းငယ်ကို ထည့်ရန် သူလာတာ စောင့်နေခဲ့ကြသည်။

ဒါက ရက်နည်းနည်းလောက်ပဲ ရှိသေးတယ်။ ငါက စားစရာတွေကို ပြန်လဲပေးရတော့မယ့် အခြေအနေကို ကြုံနေရပြီလား။

ပြီးတော့ သူတို့က စားစရာရဲ့ အရသာက ဆိုးတယ်ဆိုပြီး ပြောတယ်ဆိုရင်က အဆင်ပြေတယ်။ ဒါပေမယ့် သူတို့က စားစရာတွေကို တစ်လုပ်တောင် မမြည်းကြည့်ဘဲနဲ့ ပြန်လဲပေးစေချင်နေကြတာ…

ဝမ့်ရင်းက စားစရာကို ပြန်လဲပေးရမည့် အသံကို ကြားသည့်အခါ သူမက ဆက်ပြီး မထိုင်နိုင်တော့ပါ။

သူမက အရှေ့ကို လျှောက်သွားပြီး စားပွဲပေါ်ရှိ သားသတ်လွတ် ဝက်သားဟင်းကို လက်ညှိုးထိုးကာ စပြီး တရုတ်လို ပြောခဲ့သည်။ “ဒီဟင်းပွဲကို သားသတ်လွတ် ဝက်သားဟင်းလို့ ခေါ်တယ်။ အဆီပိုင်းကို ကျောက်ဖရုံသီးနဲ့ လုပ်ပြီး အသားကိုက မှိုတစ်မျိုးရယ်၊ ကြက်ဥခြောက်ရယ်နဲ့ လုပ်ထားတာ။ ကျောက်ဖရုံသီးကို ပဲငံပြာရည်နဲ့ ကြော်ပြီး ပြန်ပေါင်းလိုက်တာ…..”

“ဒါက ဟင်းပွဲတွေကို အသီးအရွက်တွေကတေ အသားနဲ့ တူအောင် ပြင်ဆင်ဖို့ လုပ်လိုက်တဲ့ တရုတ် ဟင်းချက် နည်းလမ်းတစ်ခုပဲ။ တကယ်လို့ ရှင်တို့ ကျွန်မကို မယုံရင် ရှင်တို့ဘာသာ စမ်းစားကြည့်လို့ ရတယ်။ ကျွန်မ ရှင်တို့ကို အာမခံပြီး ပြောရဲတယ်။ ဒါက ဝက်သားနဲ့ လုပ်ထားတာ မဟုတ်ဘူးဆိုတာ သေချာတယ်။”

ဝမ့်ရင်း စကားပြောလို့ ပြီးသွားသည့်နောက် သူမက အနည်းငယ်သာ နားလည်ပုံရသည့် နိုင်ငံခြားသားကို အင်္ဂလိပ်လို ထပ်ပြီး ရှင်းပြခဲ့သည်။

နိုင်ငံခြားသားက သူ့ဆီကနေ ဖြတ်သွားတာကို မြင်သည့်အခါ မယုံနိုင်ဘဲ ဝမ့်ရင်းက ပန်းကန်ကို သူ့အရှေ့သို့ တွန်းပေးကာ ပြောလိုက်သည်။ “တရုတ် စားဖိုမှူးတွေက အံ့ဩဖို့ကောင်းတယ်။ သူတို့က ရှင်တို့ရဲ့ ချီးကျူးမှုတွေကို ရဖို့ လှည့်စားမှာ မဟုတ်ဘူး။”

နောက်ဆုံးမှာတော့ မေးခွန်းထုတ်နေသည့် နိုင်ငံခြားသားက တစ်လုပ် စားကြည့်လိုက်သည်။

တစ်လုပ် စားလိုက်ရုံဖြင့် သူ့ရဲ့ မျက်နှာက ချက်ချင်း ပြောင်းသွားခဲ့သည်။

“အံ့ဩဖို့ ကောင်းလိုက်တာ။”

အဆီပိုင်းက ပါးစပ်ထဲမှာ အရည်ပျော်သွားပြီး အရမ်း မအီကာ တကယ့် အဆီထက် ပိုပြီး လတ်ဆက်သည်။ အသားပိုင်းက ပိုပြီးတော့တောင် အံ့ဩဖို့ ကောင်းသည်။ အတူတူ ရောထားသည့် မှိုနှင့် ကြက်ဥခြောက်က မွှေးကာ အရသာနှင့် ဝါးရတာက တကယ့် အသားနှင့် ဘာမှ ကွာခြားချက် မရှိပါ။

ထိုဟင်းပွဲရဲ့ အကောင်းဆုံး အပိုင်းကတော့ ဝက်သားဟင်းရဲ့ အရသာကို လုံးဝ ပုံတူကူးထားတာမျိုး မဟုတ်သော်လည်း အဲ့အစား သူ့ရဲ့ ထူးခြားသည့် အရသာ ရှိသာရှိပြီး အဆီအနှစ် ပြည့်ဝကာ အရသာက အတော်လေးကို လတ်ဆက်သည်။

နိုင်ငံခြားသားက တောင်းပန်လိုက်သည်။ “ငါ တကယ် တောင်းပန်ပါတယ်။ ဒါက တကယ့် ဝက်သားဟင်းလို့ ထင်လိုက်လို့ပါ။ ဒီဟာက အစစ်နဲ့ တော်တော်လေးကို တူလို့ပါ။”

ဝမ့်ရင်းက ပြုံးပြီး ပြောလိုက်သည်။ “တရုတ် ဟင်းပွဲတွေမှာ မြည်းကြည့်ဖို့ အရသာတွေ၊ နည်းလမ်း မျိုးစုံလည်း ရှိတယ်။”

နိုင်ငံခြားသားသည် ဝက်ခေါက်နှင့် အတော်လေးကို တူပုံရသည့် ပန်းကန်ထဲရှိ အသားတုံးကို ကြည့်ပြီး လေးစားတဲ့ ပုံစံဖြင့် အံ့ဩတကြီး ပြောလိုက်သည်။ “ဒါက အံ့ဩဖို့ကောင်းလိုက်တာ။”

ဟိုတယ် အကြီးပိုင်းတွေ နောက်ကျမှ အပြေးလေး ရောက်လာသည့်အခါ ပြဿနာက အစအနတောင် မကျန်ဘဲ ရှင်းလို့ ပြီးသွားခဲ့သည်။

ပြဿနာကို ဖြေရှင်းဖို့ ကူညီပေးခဲ့တဲ့လူက စားဖိုမှူးရှုရဲ့ အမျိုးသမီးနှင့် သမီးဖြစ်ကြောင်း စားပွဲထိုးဆီကနေ သူက ကြားခဲ့ရသည်။ အနည်းငယ် တွေးပြီးနောက် သူက ဆုံးဖြတ်ချက် ချလိုက်သည်။ “ငါတို့ ဒီနေ့ စားစရာအတွက် ရှင်းပေးပါမယ်။”

ရှုရွှမ်းက ဒီကို ရောက်လာတာ ရက်အနည်းငယ်ပဲ ရှိသေးသော်လည်း သူက အတော်လေးကို ကျေနပ်နေခဲ့သည်။

နည်းနည်းပြော၊ များများလုပ်ပြီး ပိုကောင်းတဲ့ အတတ်ပညာတွေကို ရလာမှာ။

တကယ်လို့ ဒီနေရာမှာ ထိုကဲ့သို့ လူတွေ အများကြီး ရှိနေခဲ့မယ်ဆိုရင် သူက စိတ်ပူစရာတွေ အနည်းငယ် လျှော့သွားလိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းက ထိုင်ဖို့အတွက် ထောင်ထောင်ကို ခေါ်သွားပြီး သူတို့ရဲ့ ဟင်းပွဲတွေကို တည်ခင်းပေးခဲ့သည်။

ဝက်သားနှင့် နာနတ်သီး ရောကာ ချက်ထားသည့် ချိုချဥ် ဟင်းပွဲတစ်ပွဲနှင့် အပ်မှို၊ မြှစ်နှင့် ဝက်နံရိုးကို ရောပြီး ချက်ထားသည့် ဟင်းပွဲတို့ ဖြစ်သည်။

ဝက်သားနှင့် နာနတ်သီး ချိုချဥ်ဟင်းပွဲကို ချလိုက်တာနှင့် ထောင်ထောင်က တူတွေကို ယူဖို့ မစောင့်နိုင်တော့ပါ။ ချိုချဥ်အရသာက ကလေးတွေရဲ့ အကြိုက်ဖြစ်သည်။

အသားတွေက ရွှေအိုရောင် နာနတ်သီးဖက်တွေနှင့် အရသာ အစပ်အဟပ် တည့်သည်။ ရွှေအိုရောင်ဖြစ်အောင် ကြော်ထားသည့် အသားလုံးကို စားလိုက်သည့်အခါ အထဲရှိ အသားတွေက ချက်ချင်း ချိုချဥ်အရသာ လွှမ်းသွားခဲ့သည်။

ထောင်ထောင်က ထိုဟင်းပွဲကို အတော်လေး သဘောကျကျနှင့် စားနေခဲ့သည်။

ဝမ့်ရင်းက အပ်မှို၊ မျှစ်နှင့် ဝက်နံရိုး စွတ်ပြုတ်ဟင်းကို သဘောကျနေခဲ့သည်။ လတ်ဆက်တဲ့ မှိုနှင့် မျှစ်ကို ဝက်နံရိုးနှင့် တွဲကာ ချက်ထားလိုက်သည်။ ဝက်နံရိုးတွေကို နူးအိသွားအောင် ချက်ထားခဲ့သည်။ ထိုဟင်းပွဲက ဒီလို အေးတဲ့ ရာသီဥတုနှင့် လိုက်ဖက်သည်။

အမေနှင့် သမီးက သူတို့ရဲ့ စားစရာတွေကို ကျေနပ်နေခဲ့ကြသည်။ စားနေရင်းတန်းလန်းနှင့် သူတို့ ဘေးနားရှိ နိုင်ငံခြားသားက နှုတ်ဆက်စကား ပြောဖို့ ရောက်လာခဲ့ကြသည်။

“မင်းကို ငါတို့ ကျေးဇူးတင်ပါတယ်။ မင်းလည်း ပျော်စရာ ညစာစားချိန်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မိန်းမလှလေး။”

နိုင်ငံခြားသားက ပထမထပ်ကို သွားပြီး ဝမ့်ရင်းနှင့် သူမရဲ့ သမီးတို့အတွက်လည်း ရှင်းပေးဖို့ စာရင်းကို ပေးရန် စားပွဲထိုးကို ပြောလိုက်သည်။

စားပွဲထိုး - “… မလိုပါဘူးဗျ။ ကျွန်တော်တို့ စားသောက်ဆိုင်က သူတို့ရဲ့ စားစရာအတွက် ရှင်းပေးမှာပါ။”

သို့သော် နိုင်ငံခြားသားက အတင်း ပြောနေဆဲ ဖြစ်သည့်အတွက် နောက်ဆုံးမှာတော့ ယွမ်အနည်းငယ်ကို ထားခဲ့ကာ မြန်မြန် ထွက်သွားခဲ့သည်။

ရှုရွှမ်း အလုပ်ဆင်းတာကို အချိန်အတော်ကြာ စောင့်ပြီးနောက် ဝမ့်ရင်းက ဒီနေ့ညနေ အိမ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို မပြောခဲ့ပါ။ ထိုအစား သူမက ဒီနေ့ မူကြိုမှာ ထောင်ထောင် ရန်ဖြစ်ခဲ့သည့် အကြောင်းကို မေးဖို့ စကားစလိုက်သည်။

“ဒီနေ့ နေ့လည်တုန်းက သမီးကို နေ့လည်စာ သွားပို့တုန်းက မူကြိုက ကိစ္စကို ရှင်သိတယ်မလား။ ရှင် ဘာလို့ သူ့ကို ဘာမှ မပြောရတာလဲ။”

ရှုရွှမ်း - “ဒါက ဘာဖြစ်လို့လဲဆိုတော့ အဲ့ဝတုတ်လေးက ထောင်ထောင်ရဲ့ ဆံပင်ကို အရင် စဆွဲလိုက်လို့တဲ့။”

သူက သိနေခဲ့သော်လည်း ကောင်လေးက ရိုက်ခံရဖို့ မထိုက်တန်ဘူးလို့တော့ သူက ခံစားနေခဲ့ရသည်။

မိန်းကလေး တစ်ယောက်ရဲ့ ကျစ်ဆံမြှီးကို ကြိုက်လို့ဆိုပြီး ဘယ်ကလေးက ဆွဲလိုက်ရတာလဲ။ သူ့ရဲ့အမြင်မှာတော့ လူတစ်ယောက်ရဲ့ ကျစ်ဆံမြှီးကို ဆွဲတာက ရိုက်ပြီး အပြစ်ပေးခံရသင့်သည်။

ဝမ့်ရင်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ကျွန်မ သူ့ကို ပြောတယ်…. သမီးကို ပထမဆုံး မူကြိုတက်တဲ့ ရက်မျိုးမှာ ပြဿနာ မရှာနဲ့လို့ ထပ်ကာ၊ ထပ်ကာ ပြောခဲ့တာ။ သူမက ဘယ်လိုဖြစ်လို့ သူ့ကိုယ်သူ မထိန်းနိုင်ရတာလဲ။ ဒါတွေက ရှင့်ကြောင့်ပဲနေမှာ။”

ရှုရွှမ်းမှာ သူ့သမီးရဲ့ ကျစ်ဆံမြှီးကို ကာကွယ်ဖို့ အထူး ဆန္ဒတစ်ခု ရှိနေခဲ့သည်။ သူမက အမြဲတမ်း ထောင်ထောင်ကို တိုက်တွန်းပေးကာ တကယ်လို့ တစ်ယောက်ယောက်က သူမရဲ့ ကျစ်ဆံမြှီးကို ဆွဲသည့်အခါ ပြန်ရိုက်သင့်တယ်ဟု ပြောနေခဲ့သည်။

ထောင်ထောင်က ကောင်းကောင်း စားသောက်ထားပြီး သူမရဲ့ အမေက သူမကို အရမ်း ဂရုမစိုက်တာကို သိသွားခဲ့သည်။ ထို့ကြောင့် သူမက သူမရဲ့ အဖေနှင့် အတူတူ ပြန်သွားဖို့ကို စောင့်နေခဲ့သည်။

ဝမ့်ရင်းဆူတာကို ခံပြီး နောက်ဆုံးမှာတော့ ရှုရွှမ်းက အရှုံးပေးလိုက်သည်။ “ကိုယ် အဲ့လိုတွေ ထပ်ပြီး မပြောတော့ပါဘူး။”

ဝမ့်ရင်းက အတူတူ အဆူခံနေရသည့် သားအဖကို လွှတ်မပေးခင် ထောင်ထောင်ကို မေးလိုက်သည်။

“ဒီနေ့ ငါ အစ်မချမ့်ရှုဖန်းကို သွားတွေ့ခဲ့တယ်။ သူ ငါတို့အတွက် တိုက်ခန်းတွေ၊ ခြံဝန်းကြီးတွေနဲ့ အိမ််တွေ ရှာတွေ့ထားတယ်။ ဒီပိတ်ရက်ကျရင် ငါတို့တွေ တစ်ချက် သွားကြည့်သင့်လား။”

ရှုရွှမ်း - “ကြည့်သင့်တာပေါ့။”

သူ့ယောက္ခထီး ပေးထားသည့် ပိုက်ဆံက သူ့လက်ထဲတွင် ရှိသေးပြီး သူ့စုငွေတွေကလည်း သူ့သမီးဆီမှာပဲ ရှိနေခဲ့သည်။ သူတို့က အိမ်ကြီးတစ်လုံးကို မဝယ်နိုင်သော်လည်း သူတို့ မိသားစု နေဖို့ အိမ်လေး တစ်လုံးလောက် ဝယ်ဖို့တော့ ဆုံးဖြတ်လို့ ရသည်။

ဝမ့်ရင်း - “တိုက်ခန်း တစ်ခန်းစီရဲ့ အခြေအနေတွေက မတူဘူး။ တိုက်ခန်းပုံစံကတော့ ရှင်းပြရ လွယ်ကူတယ်။ အလုပ်သမားတွေ အများကြီးရှိတဲ့ မိသားစု တစ်စုလည်း ရှိတယ်။ ပြီးတော့ သူတို့က ခွဲမနေကြဘူး။ သူတို့က လက်ထပ်ပြီးသွားရင် ကလေးတွေက သူတို့ မိဘတွေနဲ့ နေကြတယ်။ လူငယ်တွေ စုနေတဲ့ တိုက်ခန်းက လွတ်နေတာ။ ဒါမျိုးက ရှားပြီး အိပ်ခန်း နှစ်ခန်းနဲ့ ဧည့်ခန်း တစ်ခန်းရယ်၊ ရေချိုးခန်း တစ်ခန်းလည်း ပါတယ်။ ဒါပေမယ့် မီးဖိုချောင်တော့ မပါဘူး။”

ရှုရွှမ်းက အဲ့အကြောင်းကို တွေးတောင် မတွေးခဲ့ပါ။ “ဒါကတော့ အဆင်မပြေဘူး။”

သူ့ရဲ့ အလုပ်မှာက ကိုယ်ပိုင် မီးဖိုချောင်ကြီး မရှိရင် အလုပ်တွေ ဆက်လုပ်လို့ မရပါ။

ဝမ့်ရင်းက သူငြင်းမှာကို သိနေခဲ့ပြီး သူမက လမ်းမပေါ် ခေါ်သွားခဲ့သည်။ “ကျွန်မက အခြေအနေတွေကို သေချာ မေးကြည့်နေတာ။ ပြီးတော့ ကျွန်မတို့တွေ အခု နေနေတဲ့ အိမ်လိုမျိုး နောက်တစ်အိမ် ရှာဖို့က အဆင်မပြေဘူး။ အခုဟာက ရေချိုးခန်းနဲ့ မီးဖိုချောင် ပါတယ်။ တကယ်လို့ အဲ့မှာ တစ်ခုပဲ ရှိတယ်ဆိုရင်တောင် လူတွေက အဲ့ဒါကို သူတို့ဘာသာပဲ နေနေကြမှာလေ။ သူတို့က အဲ့ဒါကို တစ်ခြားသူတွေဆီ ရောင်းဖို့လည်း မလိုဘူး။”

“ကျွန်မတို့ နှစ်ယောက်လုံးက ဝေးတဲ့ နေရာမှာ မနေဖို့ တွေးထားတော့ ဒုတိယ လမ်းထဲမှာ ခြံဝန်းလေး တစ်ခြံလောက် ဝယ်တာက အသင့်တော်ဆုံးပဲ။ ရှင်ရော ဘယ်လိုထင်လဲ။”

ရှုရွှမ်းကလည်း ထိုခြံဝန်းက အဆင်ပြေတယ်ဟု တွေးနေခဲ့သည်။ အခုဆိုရင် သူတို့က တိုက်ခန်း တစ်ခန်းမှာ နေနေခဲ့ပြီး သူမရဲ့ အကြီးဆုံး ခံစားချက်က အဲ့နေရာမှာ အသံ မလုံပါ။

နေ့ပိုင်းမှာက သိပ်မဆိုးသော်လည်း ညဘက်မှာတော့ လင်မယားတွေ တစ်ယောက်နှင့် တစ်ယောက် ပြောဆို၊ ဆက်ဆံသည့်အခါ ကလေးတွေက ထိုအကြောင်းတွေ ကြားသွားမှာကို သူတို့က စိုးရိမ်နေရသည်။ ဒါက တကယ် အဆင်မပြေပါ။ ခြံဝန်းလေး တစ်ခြံနှင့် အကြမ်းခံတဲ့ အိမ်လေးတစ်လုံး ရှိတာက ပိုကောင်းသည်။

အဲ့ဒါကပဲ….

“ကိုယ်တို့ တစ်ခြံတည်းမှာ မိသားစုတွေ အများကြီး ပြွတ်သိပ်နေတာ မလိုချင်ဘူး။”

ဆင်းဆင်းရဲရဲနှင့် နှစ်အနည်းငယ် နေပြီးနောက် ရှုရွှမ်းက အဲ့ဒါတွေကို ထပ်ပြီး အသားမကျချင်တော့ပါ။

ဝမ့်ရင်း - “အဲ့မှာက နှစ်မျိုးရှိတယ်။ တစ်ခုက ခြံဝန်း နှစ်ဝန်း ပါတယ်။ နေရာက ကျယ်တယ်။ ဒါပေမယ့် အဲ့မှာက ပြဿနာလေး နည်းနည်းတော့ ရှိတယ်…. ဒီခြံက ရွာဘက်ကို ပို့ခံလိုက်ရတဲ့ ပါမောက္ခဟောင်းကြီး တစ်ယောက် ပိုင်တာ။ အခုတော့ သူက ဆုံးသွားပြီဆိုတော့ သူ့ကလေးတွေက ပိုင်ဆိုင်မှုတွေ ယူသွားကြတာ။ အဲ့မှာ ဖယ်ပေးဖို့ကို ငြင်းနေတဲ့ မိသားစု ခုနစ်စု၊ ရှစ်စုလောက် ရှိနေတုန်းပဲ။”

ရှုရွှမ်းက ထိုအကြောင်း ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ “တစ်ခြား ခြံတွေကရော ဘယ်လိုလဲ။”

ဝမ့်ရင်း - “နောက်ထပ် တစ်ခြံက ဒီခြံ အဝင်နားမှာပဲ။ အဲ့ဒါက သီးခြား ရှိနေတဲ့ နေရာထဲမှာ။ အထဲမှာတော့ ဘာမှ သိပ်ပြီး မရှိဘူးဆိုပေမယ့် အဲ့မှာ ဘာမှကို မရှိတာ နှစ်နှစ်တောင် ရှိနေပြီ။ ရှင် အဲ့မှာ နေချင်တယ်ဆိုရင် ငါတို့ အဲ့ဒါကို ပြန်ပြင်ဖို့တော့ လိုလိမ့်မယ်။”

ဒီတစ်ခေါက် ဝမ့်ရင်း အိမ်ကို ဝယ်ချင်ရတဲ့ အကြောင်းက လူအများစုက အိမ်တွေကို မဝယ်ကြသည့်အတွက် သူတို့ လုပ်ခရမှတ်တွေက အိမ်တွေကို နေရာချထားဖို့သာ တာဝန်ရှိတယ်ဆိုတာ သိသွားသည့်အခါ ထိုအချိန်တုန်းက အချို့အိမ်တွေသည် တကယ်လည်း ဝယ်ဖို့ ခက်နေသောကြောင့် ဖြစ်သည်။

အိမ်ငှားနေရတာကို မဆိုထားနှင့် အိမ်ပိုင်ရှိတာကလည်း ပြဿနာတစ်ခု ဖြစ်သည်။

တကယ်လို့ မိသားစုများစွာက ထိုနေရာမှာ နေနေခဲ့ကြရင် ပိုင်ဆိုင်မှု အခွင့်အရေးတွေကို ထိုလူတွေ အကြားမှာ ခွဲဝေပေးလို့ ရသည်။ အိမ်ဝယ်တာကို မဆိုထားနှင့် အဲ့ဒါကို ဖျက်စီးဖို့ ရောက်လာရင်တောင် အတော်လေး အားထုတ်ရလိမ့်မည် ဖြစ်သည်။

သူတို့တွေ တစ်ယောက်ပြီး တစ်ယောက်ကို နားချဖို့က အတော်လေး ခက်ခဲလိမ့်မည် ဖြစ်သည်။

All Chapters