အခန်း (၂၆၃-၂၆၄)
Vol. 22 Ch. 263-264
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၆၃ (ဇာတ်သိမ်း)
ပါမောက္ခ အဖွဲ့က သူတို့ရဲ့ မှတ်စုစာအုပ်ထဲမှာ မှတ်စုတွေ ရေးပြီး ဒီနေရာရဲ့ မူလ အရာတွေကို ကောင်းကောင်း ကာကွယ်သင့်တယ်ဟု ပြောနေကြသည်။ အဲ့ဒါမှ တရုတ် ရိုးရာ ဆေးပညာအပေါ် ပိုပြီး အထောက်အကူ ပြုလိမ့်မည် ဖြစ်သည်။
ဝမ့်ရင်းရဲ့ မိသားစုက ရောက်လာပြီး အမြန် ပြန်သွားခဲ့သော်လည်း သူတို့က ဝမ့်ယုံရွှင်းနှင့် ဝမ့်ယောင်ကျုံးတို့ သားအဖကို မတွေ့မိခဲ့ကြပါ။
ထျန်းတကျူးနှင့် သူ့မိန်းမကိုတောင် လူအုပ်ထဲမှာ မတွေ့မိခဲ့ပါ။
ဝမ့်ရင်းသည် သူမနှင့် မိုင့်မောင်တို့ နှစ်ယောက်လုံးက ဒီလူတွေ မရောက်နိုင်တဲ့ နေရာကို ရောက်နှင့်နေပြီး ဖြစ်တယ်ဆိုတာ နားလည်ထားပြီး ဖြစ်သည်။
အခုဆိုရင် ထျန်းယိုဖုက ဝမ့်ရင်းကို အလားအလာရှိတဲ့ လူငယ် မျိုးဆက်တစ်ဆက်လို ဆက်ဆံရုံသာမက ရွာသားတွေရဲ့ အကြောင်းကို တွေးတဲ့လူလိုလည်း ဆက်ဆံခဲ့သည်။ အထူးသဖြင့် ဝမ့်ရင်းရဲ့ မိသားစုက ရွာထဲမှာ ဆက်ပြီး မနေကြတော့ပါ။
ဝမ့်ရင်းက တစ်ပတ်လောက် ရွာမှာ နေနေခဲ့ပြီးနောက် သူမရဲ့ အလုပ်တွေ ပြီးသွားသည့်အခါ ပေကျင်းကို ပြန်လာခဲ့သည်။ အကြောင်းမှာ ရင်းဟွာမှာ သမီး တစ်ယောက် ရှိသည့်အတွက် သူမသည် အချိန် အတော်ကြာအောင် ထောင်ထောင်နှင့် တစ်ခါမှ မခွဲဖူးပါ။
သို့သော် သူမက တောင်ပေါ်က မြေနေရာကို စစ်ဆေးဖို့ ပါမောက္ခတွေကို ခေါ်သွားဖို့ ဆန္ဒရှိနေဆဲ ဖြစ်ကာ လူတိုင်းအတွက် ပိုကောင်းတဲ့ လမ်းကြောင်းတစ်ခု ရှာပေးချင်နေခဲ့သည်။
မိုင်မောင့်က နွေရာသီ အားလပ်ရက်အတွက် အိမ်မှာပဲ နေနေခဲ့သည်။ ခုနစ်ခုမြောက် တပ်မဟာရှိ ကျောင်းသားတွေကသာ ဒီနှစ်မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့ကြပြီး ဒါက ဘေးနားရှိ တပ်မဟာများ ကြားထဲမှာ ထပ်ပေါ်နေဆဲ ဖြစ်သည်။
အစပိုင်းမှာတော့ ညီမတွေရဲ့ အဆင့်တွေကိုသာ ဂရုစိုက်နေသည့် မိုင့်မောင်မှာ အခုဆိုရင် သေချာတဲ့ ရည်မှန်းချက်တစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။ အဲ့ဒါကတော့ သူတို့နှစ်ယောက်လုံးကို ကောလိပ်ကျောင်းသို့ ပို့ပေးရန် ဖြစ်သည်။
ထို့ကြောင့် အိမ်မှာ အားလပ်ရက်ကို ကုန်ဆုံးနေသည့် မိုင်စွေ့က ကိစ္စတွေကို အများဆုံး ခံစားနေခဲ့ရကာ အိမ်စာတွေ လုပ်ဖို့အတွက် မိုင့်မောင်ရဲ့ နားရွက်ဆွဲတာ ခံနေခဲ့ရသည်။
ချမ့်ကျွီဟွာ - “နင့်ရဲ့ အစ်မကြီးပြောတာကို နားထောင်။”
အခုဆိုရင် ချမ့်ကျွီဟွာရဲ့ ဘဝက ပျော်ရွှင်နေခဲ့ရပြီ ဖြစ်သည်။ တပ်မဟာက ဝက်တွေကို မွေးမြူခွင့် ပေးပြီးသည့်နောက် သူမက တပ်မဟာအတွက် ဝက်တွေ မွေးနေတာကို ရပ်လိုက်ပြီး သူမဘာသာပဲ မွေးခဲ့သည်။ သူမက အလုပ် နည်းနည်းပဲ လုပ်သော်လည်း ဝတ်ရည်စုတ် ပန်းပင်တွေမှ ရလာသည့် သူမရဲ့ ဝင်ငွေကတော့ မလျှော့သွားခဲ့ပါ။
ကောလိပ်မှာ မိုင့်မောင်က ပိုက်ဆံတွေ အရမ်း သုံးမယ်လို့ ထင်ထားပေမယ့် ကောလိပ်ကို ရောက်တာနဲ့ အချိန်ပိုင်းအလုပ်တွေ စလုပ်လိမ့်မယ်လို့ သူမ ထင်တောင် မထင်ထားခဲ့ပေ။ ပြီးတော့ ဒုတိယလမှာ သူမက ပိုက်ဆံတွေ ဆက်မပို့ပေးဖို့ စာတွေ စရေးခဲ့သည်။
ကျောင်းက ထောက်ပံ့ကြေး ပေးသလို သူမမှာလည်း အပို ဝင်ငွေတွေ ရှိလာပြီ။
ချမ့်ကျွီဟွာသည် သူမရဲ့ ဘဝက ဒါနှင့် ထိုက်တန်တယ်ဟု ခံစားနေခဲ့ရသည်။ သူမရဲ့ အကြီးဆုံး သမီးက သူမအပေါ် အရမ်း ပြန်ကြည့်ပြီး ဒါက သား အယောက်တစ်ရာ ရှိတာထက် ပိုကောင်းသည်။
မိုင့်မောင်က ချမ့်ကျွီဟွာကို တီးတိုး ပြောလိုက်သည်။ “နှစ်နှစ်အတွင်း သမီးတို့ မိသားစုတွေ အကုန် မြို့ကို ပြောင်းကြမယ်။ အဲ့တော့ မိုင်စွေ့ရဲ့ အဆင့်တွေက အရမ်း မကောင်းလည်း အဆင်ပြေတယ်။ အဲ့မှာ ချမ့်ယုရဲ့ ပီကင်း အော်ပရာ ရုပ်ရှင်အဖွဲ့လို ရုပ်ရှင်အဖွဲ့ တစ်ဖွဲ့လည်း ရှိသေးတယ်လို့ သမီး ကြားထားတယ်။ အဲ့မှာ သူ ပညာသင်လို့ရတယ်။ အခုဆိုရင် အဲ့ဒါက တက္ကသိုလ် တစ်ခုတောင် ဖြစ်နေပြီ။ မိုင်စွေ့ အဲ့ဒါကို တစ်ချက်လောက် ကြိုးစားကြည့်လို့ ရတယ်။”
မိုင်စွေ့က အရွယ်ရောက်လာနှင့် ပိုပိုပြီးကို လှလာခဲ့သည်။ မိုင့်မောင်က သူမရဲ့ ညီမလေး ကောလိပ် မတက်နိုင်မှာကို အမြဲလိုလို စိုးရိမ်နေလေ့ရှိသော်လည်း ကမ္ဘာကြီးကို မြင်ပြီးနောက် မိုင့်မောင်သည် ရွေးချယ်လို့ရတဲ့ ကောလိပ်တွေ အများကြီး ရှိကြောင်း သိခဲ့ရသည်။
ချမ့်ကျွီဟွာကလည်း ပြောနေကြအတိုင်းပဲ ပြောခဲ့သည်။ “သမီးပြောသလို အမေ လုပ်မယ်။”
အခုဆိုရင် သူမက ဘာကိုမှ နောက်လှည့်ကြည့်စရာ မလိုဘဲ တပ်မဟာထဲမှာ လျှောက်သွားလို့ ရနိုင်ပြီ ဖြစ်သည်။ သူမက တက္ကသိုလ် တက်နိုင်သည့် သမီး တစ်ယောက်ကို မွေးပေးနိုင်ခဲ့တယ်ဆိုတာ ဘယ်သူက မသိဘဲ နေမှာလဲ။
သူမကလည်း ပွင့်ပွင့်လင်းလင်း ရှိသည်။ ကလေးဘဝမှ လူကြီးဖြစ်တဲ့အထိ သူမ ရောက်ဖူးသည့် အဝေးဆုံး နေရာဟာ ကောင်စီမြို့ ဖြစ်သည်။ ထို့ကြောင့် သူမရဲ့ ဘဝမှာ အရေးကြီး ကိစ္စများ ဖြစ်လာသည့်အခါ သူမက အမြဲတမ်း သူမထက် ပိုသိတဲ့ လူတွေ ပြောတာကို နားထောင်လေ့ ရှိသည်။
မိုင့်မောင်က သူမ အမေရဲ့ လက်ကို ကိုင်ပြီး ပြောလိုက်သည်။ “သမီး အမေ့ကို ဘဝမှာ ကောင်းကောင်း ထားမှာပါ။”
ဒီတစ်ခေါက် သူအိမ်ပြန်လာသည့်အခါ ထျန်းတကျူးက ဘာစကားမှ မပြောခဲ့ပါ။ တစ်ခါ သို့မဟုတ် နှစ်ခါလောက် မိုင့်မောင်က ထျန်းတကျူးရဲ့ ပုံစံကို ရွာထဲမှာ ဖြတ်ခနဲ မြင်လိုက်သည်။
သူ နောင်တ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒါတွေ အားလုံးက အတိတ်တွေ ဖြစ်သွားပြီ။
အခုဆိုရင် မိုင့်မောင် တွေးနေသည့် ကိစ္စတွေ အားလုံးက သူမရဲ့ အမေနှင့် ညီမတွေကို ဘဝမှာ ကောင်းကောင်း ဘယ်လို ထားပေးရမလဲဆိုတာသာ ဖြစ်သည်။
ဒီနှစ်ကုန် ဆောင်းတွင်းမှာတော့ သတင်းတွေ အားလုံးက လျှပ်စီးကြောင်း တစ်ခုလို ထွက်လာခဲ့သည်။
ပထမဆုံးအနေဖြင့် ရွာတွေမှာ အိမ်စာချုပ် စနစ်တွေ ပေါ်လာပြီးနောက် ကိုယ်ပိုင် လုပ်ငန်းတွေကို လျှော့ပေါ့ပေးခဲ့ကာ နောက်ဆုံးမှာတော့ ပေကျင်းမှာ ပြန်ပေါ်လာသည့် ပညာတတ် လူငယ် အဖွဲ့က လက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင်ကို စဖွင့်ခဲ့ကြသည်။
ဒါက စီးပွားရေးလေးတစ်ခု ဖြစ်သော်လည်း လက်ဖက်ရည်တွေ အများကြီး ရောင်းရသည့်အတွက် ဝင်ငွေကတော့ အများကြီး ရနေဆဲ ဖြစ်သည်။
ဝမ့်ရင်းက အိမ်တစ်လုံးကို ဝယ်ပြီး သူမ မျှော်လင့်ထားသလို ဝင်ပေါက် သုံးပေါက်နှင့် ထွက်ပေါက် သုံးပေါက်ပါသည့် ခြံဝန်းကြီးတစ်ခုထဲမှာ နေနေခဲ့သည်။
ချမ့်ကျွီဟွာနှင့် သူမရဲ့ အဖွဲ့က နှစ်သစ်ကူးအတွက် ပေကျင်းကို လာပြီး ဝမ့်ရင်းရဲ့ မိသားစုနှင့်အတူ ချမ့်ရှုဖန်းနှင့် လန်ယွဲ့တို့၏ မိသားစု ပြန်လည် တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ချမ့်ယုကိုလည်း တရားဝင် သမီးအဖြစ် သတ်မှတ်ခဲ့ကြသည်။
သို့သော် စီစဥ်ထားသည့် အိမ်ပြန်ခရီးက နောက်ကျခဲ့သည်။ အဓိက အကြောင်းမှာ မူဝါဒတွေက ကိစ္စတွေ ရှိနေခဲ့ပြီး တပ်မဟာကလည်း အဆုံးသတ် တစ်ခုကို မရောက်သေးဘူးဟု ထျန်းယိုဖုက ပြောခဲ့သည်။
ထို့ကြောင့် ဝမ့်ရင်းက ဆေးဝါးစက်ရုံမှ လူတွေရယ်၊ ခွင့်ရခဲသည့် ရှုရွှမ်းရယ်နှင့်အတူ အိမ်ကို ပြန်လာဖို့ နောက်ထပ် တစ်နှစ် စောင့်ခဲ့ရသည်။
တောင်ရဲ့ အနောက်ဘက်ကို စစ်ဆေးနေချိန် ဝမ့်ရင်းက သိပ်မဝေးသည့် နေရာမှာ ရှိနေတဲ့ အတော်လေးကို ချဲ့ထွင်ထားသည့် ငါးကန်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “အချိန်တွေက ကုန်တာ မြန်လိုက်တာ။”
ရှုရွှမ်းနဲ့ သူမ ဒီမှာ ငါးလာမျှားတာ မနေ့တစ်နေ့ကလိုပဲ။
ရှုရွှမ်းက သူမရဲ့ လက်ကလေးကို ကိုင်ပြီး ပြောလိုက်သည်။ “မမြန်ပါဘူး။”
သူတို့က နေ့တိုင်းကို အတူတူ ကျော်ဖြတ်ခဲ့ကြပြီး ရပ်တဲ့ ခလုတ်ကို နှိပ်ချင်နေခဲ့သည်။ သို့မှသာ ပျော်စရာ အခိုက်အတန့်တွေမှာ နေလို့ရမည် ဖြစ်သည်။
သိပ်မဝေးတဲ့ နေရာတစ်ခုမှာ ထောင်ထောင်က ရစ်ငှက်တစ်ကောင်ရဲ့ အနောက်ကို အော်ပြီး လိုက်နေခဲ့သည်။
“ဖေဖေ၊ ကြက်ဖမ်းဖို့ သမီးကို လာကူပေးပါဦး။”
“သမီး ရစ်ငှက်နဲ့ မှိုနဲ့ ချက်ထားတဲ့ဟင်း စားချင်တယ်။”
ပုံပြင်လေး တစ်ပုဒ်မှာ အမြဲတမ်း ဇာတ်သိမ်းပိုင်းကို ရောက်လာကောင်း ရောက်လာတတ်သော်လည်း ဒီလို ပျော်ရွှင်စရာ အခိုက်အတန့်မှာ ရှုရွှမ်းရဲ့ စိတ်ထဲတွင် တွေးနေမိတာကတော့ သူ့ရဲ့ ဘဝထဲကို ဝင်လာပေးလို့ ကျေးဇူးတင်နေတာသာ ဖြစ်သည်။
(Main story end)
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၆၄ (Extra 1)
၁၉၈၁ ခုနစ်ရဲ့ နွေဦးရာသီ၌။
တစ်နေ့လုံး၊ တစ်ညလုံး အလုပ်တွေ လုပ်ပြီး နောက်ဆုံးမှာတော့ ရထားက ဘူတာလေးမှာ ရပ်ပြီး လူတွေလည်း များနေခဲ့သည်။
“ငါတို့ နန့်ရှောင်ဘူတာကို ရောက်ပြီ။ ဆင်းမယ့် ခရီးသည်တွေ ကိုယ့်အိတ်ကိုယ် ယူသွားကြပါ။”
ကြေညာလို့ မပြီးသေးခင်မှာပဲ လူအုပ်ကြားထဲ ကားတစ်စီး ရောက်လာခဲ့သည်။
“နည်းနည်းလောက် ဖယ်ကြပါ။ တံခါးကို မပိတ်ရပ်ပါနဲ့။”
“ငါ့အိတ် ဘယ်မှာလဲ။ ငါ့အိတ်ရော ဘယ်မှာလဲ။”
“ဒါက ဘယ်သူ့ကလေးလဲ။ မြန်မြန်လာကြ။ သူ့ကို ထိန်းထားကြ။”
….
ချမ့်မိုင်မောင့်က ထရပ်ပြီး သူမရဲ့ အိတ်လေးကို ယူလိုက်သည်။ ဖုန်ထနေသည့် အိတ်လေးကို နှစ်ခါပြန် နင်းခံလိုက်ရပြီး သူမ ဝတ်ထားသည့် အဝတ်တွေလိုပဲ ဒါတွေက မထင်မရှား ဖြစ်နေခဲ့သည်။
သူမက ဘာစကား တစ်ခွန်းမှ မပြောဘဲ ရထားပေါ်က ဆင်းဖို့ လူအုပ်ကြီးရဲ့ နောက်ဆုံးမှာ ရပ်နေခဲ့သည်။
မိန်းမကြီး တစ်ယောက်က သူမရဲ့ အနောက်မှာတင် ပေါ်လာခဲ့သည်။ မိုင်မောင့်က သူမကို တစ်ချက် ကြည့်ပြီး အနောက်ကို ခြေတစ်လှမ်း ဆုတ်ပေးကာ သူမ ကြားဖြတ်လို့ ရကြောင်း အချက်ပြလိုက်သည်။
မိန်းမကြီးက ပြုံးပြီး အရှေ့ကို သွားကာ သူမကိုယ်သူမ နှုတ်ဆက်ခဲ့သည်။
“မိန်းကလေး၊ မင်းကို ငါ ပထမတစ်ချက် ကြည့်လိုက်ကတည်းက မင်းဟာ လူကောင်းတစ်ယောက်ဆိုတာ ငါပြောနိုင်တယ်။ မင်းက ဆင်းဖို့ကိုပဲ စိတ်အားထက်သန်ပြီး ဘယ်သူ့ကိုမှ ကြားဖြတ်ခွင့် မပေးတဲ့ အရှေ့ကလူတွေထက်တော့ ပိုကောင်းပါတယ်။ အခုဆိုရင် ကိစ္စတွေ အများကြီးက ပြောင်းလဲသွားပြီ။ လူကြီးတွေကို ဘယ်လို လေးစားပြီး လူငယ်တွေကို ဘယ်လို ကြင်နာရမလဲဆိုတာ ဘယ်သူကမှ နားမလည်ကြတော့ဘူး။”
မိန်းမကြီးက လှည့်ပတ်သွားပြီး မိုင့်မောင်နှင့် စကားတွေ ပြောဖို့ ကြိုးစားနေခဲ့သည်။ “မိန်းကလေး၊ မင်း ဘယ်ခရိုင်က လာတာလဲ။ ငါ့ရဲ့ ခြေထောက်တွေက မကောင်းတော့ဘူး။ ငါ့မိသားစု ငါ့ကို လာမကြိုမှာကို ငါ စိုးရိမ်မိတယ်။ အဲ့တော့ ငါတို့ ရထားပေါ်က ဆင်းပြီးရင် ဘာလို့ မရပ်နေကြတာလဲ။”
မိုင့်မောင်က တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူမက ခေါင်းကို ခါပြပြီး မိန်းမကြီးက သူမကို ရောဖို့ ကြိုးစားနေတာကို တွေ့သည့်အခါ သူမက မျက်မှောင်ကြုတ်ပြီး ထုံးစံအတိုင်း လူတန်းကြီးရဲ့ အခြား တစ်ဖက်ကို လမ်းလျှောက်သွားခဲ့သည်။ ထို့နောက် သူတို့ နှစ်ဖက်လုံးက အထုပ်တွေကို သယ်ကာ ဆင်းသွားကြသည့်အတွက် ဘယ်နေရာမှာ တန်းစီခဲ့လဲ ဆိုတာက ကိစ္စကြီးတစ်ခု မဟုတ်တော့ပါ။
ဒါတောင် မိုင့်မောင်က စိတ်ရှုပ်နေဆဲ ဖြစ်သည်။
ရထားပေါ်က ဆင်းပြီးနောက် မိုင့်မောင်က ခဏခဏ ဘေးပတ်လည်ကို လှည့်ကြည့်ခဲ့ပြီး သူမရဲ့ အရှေ့တွင် အဝတ်တွေကို ပြန်ဖာနေသည့် လူတစ်ယောက်ကို တွေ့သည့်အခါ သူမက ရထားဘူတာမှ ဆင်းကာ သူမရဲ့ အနောက်ကို တောက်လျှောက် လိုက်သွားခဲ့သည်။
သူမတို့ ရထားပေါ်က ဆင်းတော့ နေ့လည်တောင် ရောက်နေပြီ။ ပြီးတော့ တံခါးနားမှာလည်း အော်သံတွေ ပေါင်းစုံနဲ့ ဆူညံနေတာပဲ။
“ဒါက ငါတို့ရဲ့ ရေ၊ မီး အကုန် ပါတဲ့ ဟိုတယ်လေးပဲ။ တစ်ညကို သုံးယွမ်ပဲ ပေးရတယ်။”
“ကြက်ဥ လက်ဖက်ရည်စိမ်၊ ကြက်ဥ လက်ဖက်ရည်စိမ်။”
….
မိုင့်မောင်က ရုတ်တရက် မူးဝေလာခဲ့သည်။
သူမသည် အရင်နှစ်တွေတုန်းက အချိန်အတော်ကြာ ပြန်မလာနိုင်ခဲ့ပါ။ သို့သော် သူမ ပြန်လာသည့် အချိန်တိုင်း သူမရဲ့ မြို့လေးက အနည်းငယ် ပြောင်းလဲလာတယ်ဟု ခံစားခဲ့ရသည်။
နောက်ဆုံးတစ်ခေါက် ငါပြန်လာတုန်းက အရှေ့မှာရှိတဲ့ ရထားဘူတာက ဒီလောက်ကြီး လူမစည်သေးဘူး။
“မမကြီး။”
လူအုပ်ကြီးရဲ့ အနောက်မှာ အသံတွေ ဆူညံပြီး ခုန်ပေါက်နေခဲ့ကြသည်။ မိုင့်မောင်က သူ့ညီမရဲ့ အနောက်မှာ ရွာသားနှစ်ယောက် ရပ်နေတာကို တွေ့သည့်အခါ သူမက သက်ပြင်းချပြီး လက်ခါပြလိုက်သည်။
အချိန်တွေ ကုန်လွန်သွားပြီး အခုချိန်မှာတော့ မိုင်စွေ့က ခုနစ်နှစ် အရွယ်ကို ရောက်လာခဲ့ပြီ ဖြစ်သည်။
ခုနစ်နှစ်အရွယ် မိုင်စွေ့က မထင်ထားလောက်အောင် လှပသည်။
သူမရဲ့ အသားရည်က ကြွေရုပ်လေးလို ဖြူဖွေးနေခဲ့ပြီး သူမရဲ့ မျက်လုံးတွေက ဝိုင်းပြီး အရောင် တောက်နေခဲ့သည်။ သူမကို အဝေးကနေ ကြည့်လိုက်သည့်အခါ မိုင်မောင့်ရဲ့ အတွေးတွေက ပိုခိုင်မာသွားခဲ့သည်။
မိုင်စွေ့က အရှေ့ကို တိုးလာပြီး သူမကို ပျော်ရွှင်စွာ ဖက်လိုက်သည်။ “အခုချိန်မှာ အမက ဒီနားမှာပဲ ရှိနေသင့်တာလို့ အမေက ပြောတယ်။ သမီး ဒီမှာ ရှိနေတာ သုံးရက် ဆက်တိုက်တောင် ရှိနေပြီ။ နောက်ဆုံးတော့ သမီး မမကို စောင့်နိုင်ခဲ့ပြီ။”
နှစ်အနည်းငယ် ကုန်လွန်သွားပြီးနောက် တပ်မဟာထဲမှာ ဘာဖုန်းအဆက်အသွယ်မှ မရှိသေးပါ။ လျှပ်စစ်မီးကိုတောင် တစ်နှစ်ကမှ ဆက်သွယ်ထားပြီး ဖြစ်သော်လည်း နောက်ပိုင်းမှာတော့ ရွာထဲမှာ ပေးဝေနေသည့် စက်ရုံကို တပ်မဟာက ပိုင်တာလား၊ အဖွဲ့က ပိုင်တာလား၊ ဒါမှမဟုတ် အနီးဆုံး မြို့ကလည်း၊ ဒါမှမဟုတ် ကိုယ်ပိုင် တပ်မဟာကလားဆိုပြီး အငြင်းပွားစရာတွေ ရှိလာခဲ့သည်။
တပ်မဟာရဲ့ မူလပိုင်ရှင်တွေက ထိုကိစ္စထဲကို ဝင်မပါရဲကြပါ။ အကြောင်းမှာ ခုနစ်ခုမြောက် တပ်မဟာထဲမှာ ဝမ့်ယုံဖုရှိပြီး ထိုတပ်မဟာက နှစ်တွေ ဆက်တိုက်ဆိုသလို ကောလိပ်ကျောင်းသား များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။
သို့သော် သိပ်မကြာခင်မှာပဲ အိမ်စာချုပ် တာဝန်ယူတဲ့ စနစ်က ရောက်လာခဲ့ပြီးနောက် ပြည်သူပိုင်အဖြစ် သိမ်းပိုက်သည့် စနစ်ကို ဖျက်သိမ်းခဲ့သည်။ ထိုအချိန်မှာ တပ်မဟာက ဘာအကြောင်းအရာနှင့်မှ ပတ်သက်ပြီး ဝင်ပါတော့မည် မဟုတ်ဘဲ ခုနစ်ခုမြောက် တပ်မဟာရဲ့ စက်ရုံတွေကို လိုချင်နေခဲ့သည်။
တစ်နှစ်၊ နှစ်နှစ်လောက် ငြင်းခုံပြီးနောက် ခရိုင်မြို့ရှိ လူတွေကတောင် စုံစမ်းဖို့ ရောက်လာခဲ့ကြပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ခုနစ်ခုမြောက် တပ်မဟာအတွက် ရှီးဖိုမြို့ကို ဝင်ဖို့ လမ်းတစ်ခု ဖောက်လုပ်ရန် ဖြစ်သည်။
မိုင့်မောင်က သူမ ညီမလေးကို ပုဝါလေး ပတ်ပေးပြီး သူမရဲ့ ပုခုံးကို ပွတ်လိုက်သည်။ “ကြည့်ပါဦး။ ငါတို့ ကိုယ့်ဘာသာ ပြန်သွားလို့ ရတယ်။ ညီမလေးက ဘာလို့ မမကို လာကြိုဖို့ လိုမှာလဲ။”
မိုင်စွေ့က သူမရဲ့ ခေါင်းကို ခါပြလိုက်သည်။ “အခုချိန်မှာ ကိစ္စတွေက အပြင်မှာ တကယ် ဝရုန်းသုန်းကား ဖြစ်နေတယ်ဆိုပြီး ရေဒီယိုကနေ အမေက ကြားထားတယ်။”
မိတ်ဆက်စာတွေကို သိပ်မလိုတော့ ကိုယ်ပိုင် ဝင်ငွေတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကာ ပညာတတ် လူငယ်တွေက တစ်ယောက်ပြီး တစ်ယောက် မြို့ကို ပြန်သွားခဲ့ကြသည်။ ထို့အပြင် လက်ရှိ လူထု လုံခြုံရေးကလည်း အရင်ကလောက် အဆင်မပြေတော့ပါ။
ဒါကြောင့်ပဲ မိုင့်မောင်က ရထားပေါ်ရှိ မိန်းမကြီးကို စကား ပြန်မပြောခဲ့ခြင်း ဖြစ်သည်။
အရင်တုန်းကဆို ကလေးတွေကို ပြန်ပေးဆွဲခဲ့ကြသည်။ မိုင့်မောင်က သူမကိုယ်သူမ တမင်တကာ ဘာမှ မပါတဲ့ အဝတ်နှင့် စုတ်ပြတ်နေတဲ့ အဝတ်တွေကိုသာ ဝတ်ထားပြီး ရထားပေါ်မှာ မထင်ပေါ်ချင်နေခဲ့ပါ။
မိုင်စွေ့နှင့် လိုက်လာတဲ့ လူနှစ်ယောက် တပ်မဟာထဲမှ ဆွေမျိုး နှစ်ယောက် ဖြစ်ပြီး တစ်ယောက်က အသက် ကြီးပြီး နောက်တစ်ယောက်က မိုင်စွေ့နှင့် အသက် ရွယ်တူလောက်တော့ ရှိသည်။
“ဒုတိယ ဦးလေး၊ အကိုရှိထောင်။”
ဒုတိယ ဦးလေးဟုခေါ်တဲ့ လူကြီးက ပြုံးပြီး ပြောလိုက်သည်။ “နောက်ဆုံးတော့ ငါတို့ လူတစ်ယောက် ရှာတွေ့ခဲ့ပြီ။ သွားကြရအောင်။ ဒီမှာ ထပ်ပြီး မစောင့်နဲ့တော့။”
မိုင့်မောင်နှင့် မိုင်စွေ့တို့က သူတို့ရဲ့ မျိုးရိုး နာမည်တွေကို ပြောင်းထားခဲ့သော်လည်း ချမ့်ကျွီဟွာကတော့ သူမရဲ့ မိဘအိမ်ကို မပြန်သေးပါ။ ထိုအစား သူမက တပ်မဟာထဲမှာ မြေနေရာတစ်ခု ရပြီး အိမ်နှစ်လုံးကို ဆောက်ထားခဲ့သည်။ မိုင့်မောင်နှင့် မိုင်စွေ့တို့က တစ်ဖက် ထျန်းမိသားစုရှိ လူတွေကို ဆွေမျိုးတွေဟု ခေါ်နေဆဲ ဖြစ်သည်။
သူတို့အဖွဲ့က အိမ်ကို ပြန်လာခဲ့ကြသော်လည်း အရင်ကနှင့် မတူဘဲ ဒီတစ်ခေါက်မှာတော့ သူတို့က နောက်တွဲပါသည့် ယာဥ်ပေါ်ကနေ ပြန်လာခဲ့သည်။
မိုင်စွေ့က သူမရဲ့ အစ်မကို မရပ်မနား စကားတွေ ပြောနေခဲ့သည်။ “ညီမတို့ အဖွဲ့ခေါင်းဆောင်က ဒါကို မနှစ်က နွေဦးတုန်းက ဝယ်လာတာတဲ့။ ဒါက အရမ်း စျေးကြီးတာပဲ။”
ထွန်စက်ရဲ့ ဘေးတွဲက ရှီးဖိုမြို့ကို ရောက်လာပြီး မရပ်ဘဲ အဲ့ဒါက ခုနစ်ခုမြောက် တပ်မဟာအတွက် ဆောက်ထားတဲ့ လမ်းအသစ်ကြီးကနေ တောင်ပေါ်ကို ရောက်လာခဲ့သည်။
“ဒီလမ်းကို အစ်မရင်း လှူထားတာလား။”
မိုင်စွေ့ - “ဟုတ်တယ်။ ဒါက အရမ်း သက်သာတာပဲ။ ဒီလမ်းကို ပြင်လိုက်တာနဲ့ ဆေးတွေ ယူဖို့ သမီးတို့ တပ်မဟာကို လာကြတဲ့ လူတွေက ကွေ့ပတ်ပြီး သွားစရာ မလိုတော့ဘူး။ သူတို့က ခရိုင်မြို့ကို တည့်တည့်မတ်မတ် လာလို့ရတယ်။”
ဝမ့်ရင်းသည် မွေးရပ်မြေကနေ ထွက်သွားခဲ့သော်လည်း သူမရဲ့ တပ်မဟာကိုတော့ မေ့မထားခဲ့ပါ။ သူမရဲ့ ပထမဆုံး နှစ်မှာ သူမက ဆေးဖက်ဝင် ပစ္စည်းများကို ကြည့်ဖို့အတွက် ပါမောက္ခတွေကို ခေါ်လာခဲ့သည်။ နောက်ပိုင်းမှာတော့ သူမက တပ်မဟာရဲ့ ကိုယ်ပိုင် ဆေးစက်ရုံကို တည်ဆောက်ဖို့ ကူညီပေးခဲ့သည်။ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲသွားပြီးနောက် ဝမ့်ရင်းက ဆေးဝါး စက်ရုံမှာ ရှယ်ယာ ၃၀% ရင်းနှီး မြှုပ်နှံခဲ့သည်။
မိုင်စွေ့ - “ဒါနဲ့၊ အစ်မ၊ ငါတို့ရဲ့ တပ်မဟာကို တပ်မဟာဆိုပြီး မခေါ်တော့ဘူးတဲ့။ အခု ငါတို့က ရှီးဖိုမြို့က ဖြစ်သွားပြီ။”
သူမကိုယ်တိုင်က အမြဲတမ်း အဲ့ဒါကို မေ့တောင် မေ့နေခဲ့သည်။ မြို့မှာရှိတဲ့ လူတွေမှာ ကောင်းမွန်တဲ့ ဘဝတွေ ရှိတယ်ဟု သူမက တွေးလေ့ရှိသော်လည်း အခုဆိုရင် သူမက ထိုလူတွေထဲက လူတစ်ယောက် ဖြစ်လာလိမ့်မယ်ဟု မထင်ထားခဲ့ပါ။
ဟုတ်တယ်မလား။ အခုဆိုရင် ထျန်းယိုဖုကို လက်ထောက် မြို့တော်ဝန်ဟု ခေါ်သင့်ပြီ ဖြစ်သည်။
ထော်လာဂျီကြီး ရောက်လာသည့်အခါ ညီအမ နှစ်ယောက်က ထခုန်ခဲ့ကြသည်။
လမ်းတစ်လျှောက်လုံး နှုတ်ဆက်စကား ပြောခဲ့ကြသည်။
“မိုင့်မောင် ပြန်လာပြီ။”
“ဟေ့၊ ကောလိပ်ကျောင်းသူတွေ မြို့က ပြန်လာတာလား။”
“မိုင့်မောင်၊ သမီး နှစ်သစ်ကူးအတွက် ပြန်လာတာလား။”
သူမ အိမ်ကို သွားတော့ အဝေးကနေတောင် သူမတို့ရဲ့ အိမ်အသစ်မှာ မီးခိုးငွေ့တွေ ထွက်နေတာကို တွေ့လိုက်ရသည်။
“အမေက အသား၊ ငါးတွေကို ဝယ်ပြီး အစောကြီးကတည်းက အဲ့ဒါတွေကို ပြင်ဆင်နေတာ။”
မိုင့်မောင်က သူမရဲ့ အဝတ်ထုပ်ကို သယ်ပြီး ရောက်လာခဲ့သည်။ ချမ့်ကျွီဟွာက တပ်မဟာမရဲ့ ဆေးဝါး စက်ရုံမှာ အလုပ်လုပ်နေလေ့ ရှိသည်။ နောက်ဆုံးတော့ သူတို့သည် မနှစ်က ပိုက်ဆံတွေကို စုပြီး ဝမ့်ရင်းရဲ့ အိမ်နှင့် သိပ်မဝေးတဲ့ နေရာမှာ အိမ်နှစ်လုံးကို ဆောက်လုပ်ခဲ့သည်။
ချမ့်ကျွီဟွာသည် သူမရဲ့ သမီး အိမ်ပြန်လာသည့်အတွက် အလွန် ပျော်နေခဲ့ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သူမက ပိန်းဥ ကိတ်မုန့်ကို လုပ်ဖို့ ဝက်သားတွေ ဝယ်လာခဲ့ပြီး ဝက်သားကို ကြွတ်ကြွတ်လေး ကြော်ကာ ငါးတွေကို ဝယ်၍ တိုင်ကီထဲ ထည့်သိမ်းထားခဲ့ရင်း သူမရဲ့သမီး ပြန်လာသည့်အခါ ချက်ကျွေးဖို့ စောင့်နေခဲ့သည်။
မိုင့်မောင် အိမ်ထဲကို ဝင်လာသည့်အခါ ချမ့်ကျွီဟွာက သူမကို ရုတ်တရက် မေးလိုက်သည်။
“နောက်ဆုံးတော့ ငါတို့မှာ အိမ်ရှိသွားပြီ။ သမီး ဗိုက်ဆာနေပြီလား။ အမေ ဟင်းသွားချက်တော့မယ်။”
ပိန်းဥ ကိတ်မုန့်တွေကို ပြင်ဆင်ပြီး အိုးထဲမှာ ချက်ချင်း ပေါင်းလိုက်သည်။ အဲ့ဒါတွေက အရမ်းကြီး မကြွတ်သော်လည်း ဒါတွေက ဝါးရလွယ်ပြီး အရသာက စားကောင်းသည်။ ကျွတ်ယွနေတဲ့ ဝက်သားတွေကို အနှစ်အဖြစ် ခရမ်းချဥ်သီးရယ်၊ ငရုတ်သီး အနည်းငယ်ရယ်ကို ထည့်ပြီး ချက်လိုက်သည်။ ကြွတ်ယွနေတဲ့ ဝက်သားကို ပူနေတဲ့ ချဥ်စပ်အိုးထဲသို့ ထည့်လိုက်သည့်အတွက် အသားကို စားရင်း တစ်ချိန်တည်းမှာပဲ ဟင်းရည်ကိုလည်း သောက်လို့ရသည်။
ငါးအသားကို ပါးပါးလေး လှီးပြီး အိုးထဲမှာ ရောနွေးဖြောလိုက်သည်။ ထို့နောက်မှာတော့ အဲ့ဒါကို ခေါက်ဆွဲပေါ် တင်ကာ ငါးခေါင်းဟင်းချို အနည်းငယ်ကို ထည့်၍ မွေးကြိုင်ပြီး အရသာရှိတဲ့ ငါးခေါင်း ခေါက်ဆွဲ တစ်ပန်းကန်ကို လုပ်ပေးခဲ့သည်။
ချမ့်ကျွီဟွာက အော်ပြောလိုက်သည်။ “မိုင်ယာကို သွားခေါ်လိုက်။ ပြီးရင် ငါတို့တွေ စားကြမယ်။”
မိုင်ယာက မပျော်ရွှင်သည့် မျက်နှာမျိုးဖြင့် ပြန်လာခဲ့ပြီး သူမရဲ့ အစ်မကို တွေ့သည့်အခါ ပြေးဖက်လိုက်သည်။ မိုင်ယာသည် မျက်နှာမှာ ရွှံ့တွေ ပေနေခဲ့သည့်အတွက် ပြောခံလိုက်ရသည်။ “ဘာလို့ အဲ့မျက်နှာကြီးနဲ့ ဆော့နေရတာလဲ”
မိုင်ယာက တခစ်ခစ် ရယ်ကာ ချမ့်ကျွီဟွာက သူမကို ဆူမှာ စိုးရိမ်သည့်အတွက် သူမရဲ့ လက်တွေ၊ ခြေထောက်တွေ ဆေးဖို့ မြန်မြန် ထွက်သွားခဲ့သည်။
မိသားစုက ထိုင်ပြီး နောက်ဆုံးမှာတော့ ညစာကို အတူတူ စားရင်း လူတိုင်းကလည်း ပျော်နေခဲ့ကြသည်။
သူမ ထွက်သွားတာ တစ်နှစ်ရှိပြီ ဖြစ်ပြီး ချမ့်ကျွီဟွာက မနေနိုင်ဘဲ သူမသမီးနှင့် ဆိုင်သည့် ကျောင်းက အမှတ်တွေကို သိချင်စိတ်ဖြင့် မေးလိုက်သည်။
မိုင့်မောင်က အားလုံးကို စိတ်ရှည်ရှည် ပြန်ဖြေခဲ့သည်။ “ဒါတွေက အဆင်ပြေပါတယ်။ သမီးက ဒီနှစ် ဘွဲ့ရပြီး နောက်ထပ် စာသင်နှစ်ရောက်ရင် အလုပ်သင်အနေနဲ့ လုပ်ဖို့ ကျောင်းကို သွားရမှာ။”
ကောလိပ်ကျောင်း သုံးနှစ်အတွင်း မိုင့်မောင်က သူမ အထက်တန်းကျောင်းမှာ ရခဲ့တဲ့အတိုင်း ကောင်းမွန်တဲ့ အမှတ်တွေကို ထိန်းထားရင်း သူမကို အလုပ်သင် အနေနဲ့ သတ်မှတ်ခံလိုက်ရတာကလည်း ကောင်းသည်။ သူမက မြို့ဟောင်းရှိ အလယ်ကျောင်း တစ်ကျောင်းမှာ တရုတ်စာ ဆရာမအဖြစ် လုပ်ကိုင်နေခဲ့သည်။
ချမ့်ကျွီဟွာ - “ဒါလည်း ကောင်းပါတယ်။ တကယ်လို့ သမီး ပိုက်ဆံ လိုတယ်ဆိုရင် အမေ့ကို ပြောသာပြော။ အခု အိမ်မှာ အခြေအနေတွေက ပိုကောင်းလာပြီဆိုတော့ အမေတို့ကို သမီး စိတ်ပူစရာ မလိုပါဘူး။
ချမ့်ကျွီဟွာသည် ဝက်တွေကို မွေးရုံသာမက ရွာရဲ့ စက်ရုံနှင့် သစ်သီးခြံကနေလည်း ပိုက်ဆံ ရသေးသည်။ သူမသည် စားဝတ်နေရေးအတွက် လယ်စိုက်ဖို့ကိုပဲ အရမ်း မှီခိုနေစရာ မလိုတော့ပါ။ သူမ မိသားစုရဲ့ လယ်ကွက်က စိုက်ပျိုးဖို့ လုံလောက်သည့်အတွက် သူမက သိပ်မကြာခင်ကတည်းက ထိုမြေကွက်တွေကို အခြားသူတွေထံ အငှားချထားခဲ့သည်။
မိုင့်မောင်က သူမရဲ့ ခေါင်းကို ခါပြလိုက်သည်။ “တကယ် ဘာမှ လိုလေသေး မရှိပါဘူး။”
သူမသည် လွန်ခဲ့သော နှစ်နှစ်ကတည်းက အထက်တန်း ကျောင်းများစွာမှာ စာသင်ပြခဲ့ပြီး သူမကိုယ်တိုင်လည်း အဆင့်တွေ ကောင်းသည်။ သူမကို တစ်လလောက် မမြင်လိုက်ရသော်လည်း အလုပ်ရှိတဲ့ ထိုလူတွေထက် မနည်းအောင် သူမက ရှာနိုင်ခဲ့သည်။
သို့သော် သူမက ထိုအရာတွေကို ထုတ်မပြောဘဲ ထိုအစား မိသားစုအကြောင်းတွေကိုသာ မေးခဲ့သည်။
“အိမ်မှာ အရာရာ အဆင်ပြေပါတယ်။ မိုင်စွေ့က လွဲလို့ပေါ့။ သူ့ရဲ့ အဆင့်တွေက အခုချိန်မှာ သမီးလောက် မကောင်းနေဘူး။ ဒါပေမယ့် သူ့ရဲ့ ဆရာမတွေကတော့ သူ ကောလိပ်ကျောင်းလေး တစ်ခုလောက်တော့ တက်နိုင်မယ်လို့ ပြောတာပါပဲ။ မိုင်ယာကတော့ အသားအရည်ကလွဲလို့ အကုန်လုံးမှာ တော်ပါတယ်…”
မိုင့်မောင်က စကားပြောဖို့ တွန့်ဆုတ်နေခဲ့သည်။ ချမ့်ကျွီဟွာက သူမရဲ့ သမီး စိုးရိမ်မှုတွေကို တွေ့တဲ့အခါ မေးလိုက်သည်။ “သမီးမှာ ပြောစရာ တစ်ခုခု ရှိလို့လား။”
မိုင့်မောင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “သမီး တွေးနေတာက တကယ်လို့ မိုင်စွေ့က သူလေ့လာချင်တဲ့ ဘာမေဂျာမှ မရှိဘူးဆိုရင် သူ ရုပ်ရှင် အကယ်ဒမီကျောင်းကို လျှောက်လို့ရတယ်…”
မိုင်စွေ့က စားပွဲခုံအောက်မှာ သူမရဲ့ လက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားခဲ့သည်။
သူမအမေရဲ့ လက်မခံတဲ့ အကြည့်ကို မြင်သည့်အခါ မိုင်မောင့်က ရှင်းပြခဲ့သည်။ “ဒါက အရင်တုန်းက ပုံစံမျိုး မဟုတ်တော့ပါဘူး။ ရုပ်ရှင်နဲ့ အကယ်ဒမီကျောင်းက လူတွေ လေးစားတဲ့ နေရာတစ်ခုပဲ။ ကျောင်းသားတွေက ပုံမှန်လို စာမေးပွဲတွေ ဖြေရတော့ သူတို့က အဲ့မှာလည်း အလေးအနက် ရှိကြတဲ့ ကျောင်းသားတွေပါပဲ။”
သူမ မနှစ်တုန်းက ပြန်လာတဲ့အချိန်မှာ သူမရဲ့ ညီမကို ဒီအကြောင်း အရိပ်အမြွက် ပြောခဲ့သော်လည်း သူတို့ တစ်ယောက်ကမှ ချမ့်ကျွီဟွာကို မစည်းရုံးနိုင်ခဲ့ကြပါ။
အခုဆိုရင် ကောလိပ်ဝင်ခွင့် စာမေးပွဲက စာသင်နှစ် တစ်ခုသာ ကျန်တော့သည့်အတွက် ဒါကို အခုချိန်မှာမှ မပြောဘူးဆိုရင် အရမ်းကို နောက်ကျသွားလိမ့်မည် ဖြစ်သည်။