အခန်း (၂၆၁-၂၆၂)
Vol. 22 Ch. 261-262
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၆၁
ဝမ့်ရင်း - “ဒါပေမယ့် ခြံဝန်း သေးတာက ပိုကောင်းတယ်လို့ မတွေးနဲ့။ အဲ့လိုတော့ မဟုတ်ဘူး။ ဒီအိမ်ကို မုဆိုးမ တစ်ယောက်နဲ့ သူ့သားက ပိုင်တယ်လို့ ပြောတယ်။ ပထမ ခြံဝန်းရဲ့ စျေးက ဒုတိယခြံထက် ပိုများတယ်။”
သူတို့က အမြတ်ထုတ်ဖို့ လုပ်နေတယ်ဆိုတာ သိသာတယ်။
ရှုရွှမ်း - “တစ်ခြားရော ရှိသေးလား။”
ဝမ့်ရင်း -“ပြီးတော့၊ အဲ့ဒါတွေ အကုန်လုံးက မြို့ပြင်မှာ။ အိမ်တွေက မြို့စွန်တွေမှာ။”
ဝမ့်ရင်းသည် နောက်ထပ် နှစ်နှစ်လောက်အထိ ဘယ်သူမှ စိတ်မဝင်စားတဲ့ မြို့စွန်က အိမ်တွေကို ဝယ်ဖို့အတွက် အစီအစဥ် ရှိနေခဲ့သည်။ နောက်ပိုင်းမှာတော့ ဒုတိယ လမ်းကလွဲလို့ မြို့အပြင်ရှိ အိမ်တွေအားလုံး ဖျက်စီးခံရလိမ့်မည် ဖြစ်သည်။
ဒါပေမယ့် အခု သူမတို့မှာ အဲ့လောက် ပိုက်ဆံတွေ မရှိသေးဘူးမလား။
အရင်ဆုံး သူမတို့ ကိုယ်ပိုင် အိမ်တစ်လုံးကို ဝယ်ရမည်။
သူတို့ လင်မယားက ထိုအကြောင်းကို ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာတော့ အိမ်တွေကို အရင် သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ အခုခေတ်မှာ အိမ်တစ်လုံး ရှာဖို့ဆိုတာ ခက်ခဲသည်။ ဝယ်သူ အနည်းငယ်သာ ရှိသည့်အတွက် ထုံးစံအတိုင်း ရောင်းဖို့ အိမ်တွေ အများကြီး မရှိပါ။
အိမ်တွေကို သွားကြည့်တဲ့ နေ့မှာတော့ ချမ့်ယုက အတူတူ လိုက်လာဖို့ သူမရဲ့ အလုပ်ရှုပ်နေသည့် အချိန်တွေကို ဘေးဖယ်ထားလိုက်သည်။
“သမီး ကူပြီး အကြံပေးဖို့ အစ်မတို့နဲ့ လိုက်ခဲ့မယ်။”
သူမ ပေကျင်းကို ပြန်တဲ့ အချိန်အတွင်း ပီကင်း အော်ပရာ ရုပ်ရှင်အဖွဲ့က ပြန်မဖွဲ့စည်းဘဲ အချိန်အတော်ကြာ ချမ့်ရှုဖန်းရဲ့ ဘက်ကနေ အလုပ်ကို ဆက်လုပ်နေသည့်အတွက် သူမက အလုပ်မရှိဘဲ အိမ်ထဲမှာ နေနေခဲ့သည်။
ချမ့်ယုက ထိုအကြောင်းကို တိုင်ဖို့ အတော်လေးကို မကျေမနပ် ဖြစ်နေခဲ့သည်။ “မြို့စွန်တွေမှာဆိုရင် ငါက သိုးတွေကို ကျောင်းရင်း နေရတာ အသားကျနေပြီ။ ဒါပေမယ့် အခုတော့ ငါ့မှာ ဘာမှ လုပ်စရာ မရှိဘူး။”
လန်ယွဲ့က ချမ့်ယုရဲ့ အဖေနေရာကို သွေးသား မတော်စပ်ဘဲ တာဝန်ယူခဲ့သည်။ နောက်ဆုံးမှာတော့ သူက နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ့ရဲ့ ချစ်သူကို မြင်ရပြီး အခုဆိုရင် သူ့မှာ သမီးတစ်ယောက် ရလာခဲ့ပြီ ဖြစ်သည်။ လန်ယွဲ့က နောက်ပိုင်းမှာ လူတိုင်း လိုချင်တဲ့ အဖေလိုမျိုး ဖြစ်သည်။
ပိုက်ဆံပေး။
ဒီမှာ လက်မှတ်။
မင်း အပြင်ထွက်ရင် မင်းနဲ့ လိုက်ပေးဖို့ အစောင့် တစ်ယောက် ခေါ်သွားရမယ်။ အဲလိုဆိုရင် မင်းက ရှင်းရှန်းတောင်ကို တက်ပြီး အချိန်တိုင်း အပင်တွေဆီ သွားလေ့လာလို့ ရတယ်။
အစပိုင်းမှာတော့ ချမ့်ယုက အဲ့ဒါတွေကို အသားမကျသော်လည်း နောက်ပိုင်းမှာတော့ သူမက အဲ့ဒါကို အသားကျနေခဲ့ပြီ ဖြစ်သည်။
ချမ့်ယုသည် သူမ ကလေးဘဝတုန်းက ရှေ့ဖြစ်ကို ဟောနိုင်သည့် မျက်လုံး သိပ်မမြင်ရသည့် ဗေဒင်ဆရာ တစ်ယောက်ကို သွားတွေ့ရမယ်ဟု ခံစားမိခဲ့သည်။ သူမက သူမရဲ့ မိဘတွေနှင့် ဘာပတ်သက်မှုမှ မရှိခဲ့ရုံသာ ဖြစ်သည်။ ဒါဟာ သူမက သူမကို အရမ်း ချစ်ပေးတဲ့ ဒီလို မိဘမျိုး ရှိနေတာက သူမရဲ့ ဘိုးဘေးတွေဆီက ရတဲ့ ကောင်းချီးတွေသာ ဖြစ်သည်။
ဝမ့်ရင်းက သူမအတွက် ဝမ်းသာပြီး မေးလိုက်သည်။ “နင် နင့်ရဲ့ အိမ်ထောင်စု စာရင်းနဲ့ နာမည်တွေကို ပြောင်းပြီးသွားပြီလား။”
ချမ့်ယုသည် ဒီကို ပြန်လာပြီးနောက် သူမရဲ့ မိသားစုက ထပ်ပြီး ရောက်လာကာ အနိုင်ကျင့်မှာကို သူမက တကယ် စိုးရိမ်နေခဲ့သည်။
ချမ့်ယုက တုံးအစွာ ပြောလိုက်သည်။ “သမီးရဲ့ နာမည်က ပြောင်းပြီးတာ ကြာလှပြီလေ။ ပြီးတော့ သမီးရဲ့ အိမ်ထောင်စု စာရင်းကို တစ်ခါမှ ပြန်သွားပြီး မစစ်ဖူးဘူး။”
သူမ မြို့ကို ပြန်လာပြီးနောက် အပြင်ဘက်မှာ အရူးလို ပြေးလွှားနေသည့် အချိန်ကလွဲလို့ အမြဲတမ်းလိုလို သူမက အိမ်မှာပဲ နေနေခဲ့သည်။ သူမ မြို့သို့ ပြန်လာတာကို သူမရဲ့ မိသားစုက လုံးဝကို မသိခဲ့ပါ။
ဝမ့်ရင်းက အနည်းငယ် စိုးရိမ်နေခဲ့သည်။ “အမြန်ဆုံး အိမ်ထောင်စု စာရင်းကို ပြောင်းပစ်တာက အကောင်းဆုံးပဲ။”
အခုဆိုရင် ချမ့်ယုက အသက်နှစ်ဆယ် ရှိနေခဲ့ပြီ ဖြစ်ပြီး သူမရဲ့ မိသားစုက သူမနှင့် ပတ်သက်သည့် ဘာတိုင်တန်းမှုမျိုးကိုမှ ထပ်ပြီး လုပ်နိုင်တော့လိမ့်မည် မဟုတ်ပါ။ သို့သော် တကယ်လို့ သူမရဲ့ အိမ်ထောင်စု စာရင်းကို မပြောင်းဘူးဆိုရင် အမြဲတမ်းလိုလို ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေ ရှိနေလိမ့်မည် ဖြစ်သည်။
ချမ့်ယုက ကြောက်နေခဲ့သည်။ “အို့”
ထောင်ထောင်က လူကြီးလေး တစ်ယောက်လို သူမရဲ့ မျက်ဝန်းကို လှန်ကြည့်လိုက်သည်။ “မမချမ့်ယု၊ မမက ကြောက်နေတာလား။”
ချမ့်ယုက ဒေါသတကြီး ပြောလိုက်သည်။ “ညီမလေး မှားနေပြီ။ မမ မကြောက်ဘူး။”
ဝမ့်ရင်းက အေးတိအေးစက် ကြည့်နေခဲ့သည်။ ချမ့်ယု ဒီလိုမျိုး ဖြစ်နေတာက ကြောက်နေတယ်ဆိုတာ သိသာသည်။
ဒီနှစ်တွေ ပြီးသွားသည့်နောက် တကယ်လို့ ချမ့်ယုက သူမရဲ့ မိသားစုကို စိတ်ပျက်သွားရင်တောင် သူမက ထိုအကြောင်းကို တစ်ခါ သို့မဟုတ် နှစ်ခါလောက်တော့ တွေးမိမှာကို မျှော်လင့်ထားပြီး ဖြစ်သည်။
တကယ်လို့ သူမရဲ့ မိဘတွေနှင့် တွေ့သည့်အခါ ဆူခံရရင်တောင် ဒါက အဆင်ပြေသော်လည်း တကယ်လို့ သူမက ထိုအတွေးတွေကို ရပ်လိုက်ရင် ကြောက်နေတော့မည် မဟုတ်ပါ။
သူမ အကြောက်ဆုံး အရာကတော့ သူမရဲ့ မိဘတွေက သူမကို ချစ်နေဦးမလားဆိုတာကိုသာ ဖြစ်သည်။
ဒီလို ကပ်တွယ်နေသည့် ခံစားချက်မျိုးက လူတွေကို ဆုံးရှုံးမှု ခံစားရအောင် လုပ်နိုင်ဆုံး ဖြစ်သည်။
သို့သော် ဝမ့်ရင်းသည် သူမက ချမ့်ယုကို အိမ်ထောင်စု စာရင်း လွှဲပြောင်းဖို အိမ်ကို သွားရန် ပြောပြီးနောက် သူတို့က ချမ့်ယု မိဘတွေရဲ့ အိမ်ကို သွားတွေ့မယ်လို့ သူမက မမျှော်လင့်ထားခဲ့ပါ။
“… ရှောင်ယုလား။ မင်းက ရှောင်ယုပဲ။ ဟုမိသားစုကပဲ။ မင်းတို့ရဲ့ ဟုယုက ပြန်လာပြီ။”
ဝမ့်ရင်း - “… နင် ဒီမှာနေတာလား။”
ချမ့်ယုက ပုခုံးတွန့်ပြလိုက်သည်။ “သမီး ဒီကို ပြန်မရောက်တာ ကြာလှပြီဆိုတော့ ဒီနေရာအကြောင်း မေ့လုနီးပါး ဖြစ်နေပြီ။”
ဝမ့်ရင်းက ပြောစရာ စကားမရှိ ဖြစ်သွားခဲ့ရသည်။ ချမ့်ယု ထွက်သွားတုန်းက ဆယ့်သုံးနှစ်၊ ဆယ့်နှစ်လေးနှစ်သာ ရှိသေးသည်။ အခုဆိုရင် ခုနစ်နှစ်၊ ရှစ်နှစ်လောက် ကုန်သွားခဲ့ပြီ ဖြစ်သည်။ သူမအတွက် ဒီနေရာကို မမှတ်မိဖို့ဆိုတာ မဖြစ်နိုင်ပါ။ သူမက ဒါကို စိတ်ထဲ မရှိတာ သေချာသည်။ ချမ့်ယုရဲ့ လုပ်ရပ်တွေက သူမရဲ့ မိသားစုကို ပြဖို့ လုံလောက်နေခဲ့ပြီ ဖြစ်သည်။
သူတို့ အဖွဲ့က အိမ်တံခါးနားမှာ ရပ်လိုက်သည်။ ရှုရွှမ်းက ခနလောက် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “ကိုယ့်အထင် ကိုယ်တို့တွေ နေရာမှားပြီး လာခဲ့မိပြီ။ ဒီက အိမ်တွေ အားလုံးက တစ်ပုံစံတည်းကြီးပဲ။ တံခါးပေါ်က စာကို ကြည့်လိုက်ပါဦး။ ရင်စစ် ဟူတုန် နံပါတ် ၁၈ တောင်ပိုင်း ခြံဝန်းတဲ့။ ဒါပေမယ့် ကိုယ်တို့ ကြည့်ချင်တဲ့ အိမ်က တောင်ပိုင်း ခြံဝန်းတွေ မဟုတ်ဘူးလေ။”
ဝမ့်ရင်းက အနီးကပ် ကြည့်လိုက်သည့်အခါ တကယ့် ကိစ္စတစ်ခုကို တွေ့လိုက်ရသည်။ ရုတ်တရက်ဆိုသလို သူမက သူမရဲ့ ခေါင်းကို ရိုက်လိုက်သည်။
“ဟုတ်သားပဲ။”
သူတို့က အဲ့လို ပြောထားကြပေမယ့် ဘယ်သူကမှ မပြောင်းကြဘူးလေ။
ချမ့်ယုက ထိုနေရာမှာ ပုံမှန်အတိုင်းပဲ ရပ်နေစဥ် ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က ထောင်ထောင်ကို လက်ဆွဲပြီး ဟိုဟိုဒီဒီ လိုက်ပတ်ကြည့်နေခဲ့ကြသည်။
ဒါဟာ တောင်ပိုင်း ခြံဝန်း အပေါက်ဝရှိ လူတွေ အားလုံးက သူတို့ရဲ့ အာရုံတွေဟာ ဒေါသတကြီးဖြင့် အော်လိုက်သည့် အော်သံအကျယ်ကြီးကို မကြားခင် အချိန်အထိ ဖြစ်သည်။
အတွင်းခံ အင်္ကျီကို ဝတ်ကာ လက်ထဲတွင် ယောက်မကို ကိုင်ထားသည့် ချမ့်ယုရဲ့ အမေက လှပသော မိန်းမငယ်လေး တစ်ဦးအဖြစ် အရွယ်ရောက်လာသည့် ချမ့်ယုကို ကြည့်ရင်း သူမဆီကို အော်ဟစ်၊ ဆူပူပြီး ရိုက်ဖို့ ရောက်လာခဲ့သည်။
“ဒီ ကောင်မစုတ်။ ဘယ်လိုဖြစ်လို့ နင်က ဒီကို ပြန်လာရဲရတာလဲ။”
“အဲ့တုန်းက နင် အရမ်း ခက်ခဲနေတာ မဟုတ်ဘူးလား။ နင်က ငါတို့ကို ထပ်ပြီး အသိအမှတ်ပြုတော့မှာ မဟုတ်ဘူးလို့ နင် ပြောခဲ့တယ်မလား။”
“ဒီကနေ ထွက်သွားစမ်းပါ။ ငါတို့က နင့်လို အရှုံးသမား တစ်ယောက်ကို မလိုချင်ဘူး။ နင်ရဲ့ မိန်းမပျက်လို ဆရာမနဲ့နဲ့ နေပြီး ဒီကနေ ထွက်သွားစမ်းပါ။”
ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ တွေးထားသလိုပဲ ချမ့်ယုက သူမရဲ့ ဆရာမနှင့် ပုံမှန်နေရာကို ပြန်ရောက်လာပြီး ချမ့်ရှုဖန်းက သူမရဲ့ နဂို အလုပ်မှာ ဆက်လုပ်ကာ အကျိုးအမြတ်တွေ ရနေခဲ့သော်လည်း ချမ့်ယုရဲ့ မိသားစုကတော့ ထိုအကြောင်းကို မသိကြပါ။
ချမ့်ယုက အခုဆိုရင် ဆံပင်တွေ ဖြူပြီး ပြဿနာ ရှာနေသည့် သူမရဲ့ အမေကို အေးတိအေးစက်ဖြင့် ကြည့်လိုက်သည်။ အရွယ်ရောက်လာပြီဖြစ်တဲ့ သူမရဲ့ မောင်လေးက သိပ်မနီးမဝေး နေရာကနေ တံခါးကို မှီကာ လှမ်းကြည့်နေခဲ့သည်။
သူမရဲ့ အကြီးဆုံးနှင့် ဒုတိယ အစ်မတွေကတော့ ပျောက်နေခဲ့သည်။
ဒီမှာ ခြံဝန်းဟောင်းတွေ အများကြီး ရှိပြီး လူများစွာက အဲ့မှာ နေနေခဲ့ကြသည်။ သူတို့က ရင်ခုန်စရာ တစ်ခုခု ဖြစ်နေတာကို ကြားသည့်အခါ ချက်ချင်းဆိုသလိုပဲ လူတစ်စုက အဲ့နေရာမှာ လာစုသွားခဲ့ကြသည်။
ချမ့်ယုရဲ့ အမေက ကြည့်နေရင်း ပိုပြီးတောင် ဒေါသထွက်လာခဲ့သည်။ “ငါကတော့ နင့်ကို ကျွေးမွေးဖို့ အလုပ်တွေ အရမ်း လုပ်ခဲ့ရတာ။ နင်ကတော့ ကောင်းတယ်။ နင်က နင့်ရဲ့ လူလိမ် ဆရာမတစ်ယောက်အတွက်နဲ့ အိမ်နဲ့ မောင်နှမတွေကို ထားခဲ့ပြီး ထွက်သွားတာလေ။ နင်က သူနဲ့ လိုက်သွားဖို့ကိုပဲ အတင်းလုပ်နေခဲ့တာလေ။”
“နင်က ဒီလို သားသမီးမျိုးဆိုတာ အစကတည်းက ငါသိခဲ့ရင် နင့်ကို မွေးကတည်းက ငါက ရေနှစ်သတ်ခဲ့သင့်တာ။”
“အနည်းဆုံးတော့ နင့်ရဲ့ အကြီးဆုံး အစ်မက ပြောစကား နားထောင်သေးတယ်။ သူက မြို့မှာ အိမ်ထောင်ကျပြီး မိသားစုကို ကူညီ ထောက်ပံ့ပေးနိုင်တယ်။ နင့်ရဲ့ ဒုတိယ အစ်မက ရွာဘက်ကို သွားပြီး မိသားစုကို ထောက်ပံ့တယ်။ ဒါပေမယ့် နင်ကတော့ တစ်ယောက်တည်းပဲ ကျန်တယ်။ ငါက နင့်ကို ဒီအရွယ်ထိ ကျွေးမွေးခဲ့ရတာ။ နင်က ဒီကို လာပြီး အကြွေးလာတောင်းရုံပဲ။”
“အခုချိန်မှာ နင်က နင့်မိဘတွေကို မမှတ်မိရအောင် ဘာမှ မစားဘဲ ကြီးလာတာမလို့လား။”
“နင့်ကို ထောင်ချသင့်တာ။”
ရွာကနေ ဝမ့်ရင်း ထွက်လာပြီး ဒီနှစ်တွေအတွင်းမှာ အမေဖြစ်သူက သားသမီးကို ရန်သူတစ်ယောက်လို ဆက်ဆံကာ ဆဲဆိုနေသည့် လူတစ်ယောက်ကို သူမ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
ချမ့်ယုရဲ့ အမေက ဆက်တိုက် ပြောဆိုနေခဲ့ရင်း သူမ သမီးရဲ့ အရှေ့မှာ သူမရဲ့ မကျေနပ်ချက် အားလုံးကို ထုတ်ပြောလုနီးပါး ဖြစ်နေခဲ့သည်။
ရှုရွှမ်းက မျက်မှောင်တွေ ကြုတ်ပြီး သူ့သမီးရဲ့ နားကို အုပ်ပေးထားခဲ့သည်။
ဝမ့်ရင်းက ချမ့်ယုရဲ့ လက်ကို တင်းကြပ်စွာ ဆုတ်ကိုင်ထားခဲ့သည်။
ချမ့်ယုက ဆူခံနေရသော်လည်း သူမရဲ့ မျက်နှာက လုံးဝကို နီရဲမသွားခဲ့ပါ။
သူမက သူမအမေရဲ့ လေးကန်တဲ့ စကားတွေကို ကြားဖြတ်ကာ တည်ငြိမ်စွာဖြင့် ရက်ရက်စက်စက် ပြောလိုက်သည်။ “အမေ ကျွန်မကို အပြစ်တွေ အရမ်း တင်မယ်ဆိုလည်း အဆင်ပြေပါတယ်။ ကျွန်မကို အိမ်ထောင်စု စာရင်းထဲကနေ ထုတ်ပေးပါ။ ကျွန်မ အမေတို့ရဲ့ မိသားစုဝင်ဖြစ်ရတာ အရမ်းကို ပင်ပန်းနေပြီ။”
သူမသည် ထိုနေရာမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတဲ့ အိမ်နီးချင်းတွေကို ကြည့်လိုက်သည်။ သူမရဲ့ အမေလို မဟုတ်ဘဲ လူများစွာက သူမကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြသည်။
သူမအမေရဲ့ ဆူတာကို ခံရပြီးနောက် ချက်ချင်းဆိုသလို ချမ့်ယုသည် အတိတ်က အဖြစ်အပျက်များကို မှတ်မိသွားခဲ့သည်။
ဒါဟာ သူမ ကြီးပြင်းလာသည့် နေရာတစ်ခုလည်း ဖြစ်သည်။
ချမ့်ယုရဲ့ အပြုအမူတွေက သူမရဲ့ အမေကို ပိုပြီးတောင် ဒေါသထွက်စေတာ သံသယဖြစ်ဖွယ် မရှိပါ။
ထိုအချိန်မှာပဲ ချမ့်ယုရဲ့ အဖေက မတ်တပ် ထရပ်ခဲ့သည်။
သူက ဒေါသထွက်နေသည့် သူ့ရဲ့ မိန်းမကို ဖယ်ကာ ပြောလိုက်သည်။ “ ရှောင်ယု၊ သမီး ဘယ်တုန်းက ပြန်လာတာလဲ။”
သူသည် အပြင်ဘက်က စကားတွေကို ခနလောက် နားထောင်ပြီး အစပိုင်းမှာတော့ သူမရဲ့ မိဘကျေးဇူး မသိတတ်သည့် ဒီသမီးက သူတို့ကို အရှက်ရအောင် လုပ်ဖို့ ပြန်လာသည့်အတွက် သူ့မိန်းမကို သူ့သမီးအား မောင်းထုတ်ဖို့ ပြောရန် တွေးနေခဲ့သည်။
သို့သော် သေချာ နားထောင်ပြီး သေချာ ကြည့်လိုက်သည့်အခါ တစ်ခုခု လွဲနေတယ်ဆိုတာကို သူက ခံစားမိခဲ့သည်။
အခုဆိုရင် ချမ့်ယုက အသက်နှစ်ဆယ်အရွယ် ရှိနေပြီ ဖြစ်ပြီး သူမနှင့်အတူ လူငယ် လင်မယားရယ်၊ ကလေးမလေး တစ်ယောက်ရယ် ပါလာခဲ့သည်။
ထိုစုံတွဲရဲ့ ပုံစံတွေက ထူးချွန်ရုံသာမက သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကလည်း အခြားသူတွေထက် ပိုပြီး ကောင်းသည်။
ချမ့်ယုကလည်း သေသေချာချာ ဝတ်ဆင်ထားပြီး သူမ ဝတ်ထားသည့် အဝတ်တွေကလည်း အသစ်တွေသာ ဖြစ်သည့်အတွက် ဒါတွေက စျေးမပေါဘူးဆိုတာ သိသာနေခဲ့သည်။
ချမ့်ယုသည် သူမရဲ့ အဖေက သူမကို ဒီလိုပုံစံမျိုးဖြင့် တွေ့သည့်အခါ ဘာတွေ တွေးနေမလဲဆိုတာကို သူမက သိနေခဲ့သည်။ သူမက နှာခေါင်းရှုံ့လိုက်သည်။ “တကယ်လို့ အမေတို့က ကျွန်မကို အိမ်ထောင်စုစာရင်း မပေးချင်ရင်တောင် ကျွန်မက ထွက်သွားမှာပဲ။”
သူမက အရွယ်ရောက်နေပြီ ဖြစ်သည်။ ထို့အပြင် သူမက အရွယ်ရောက်ပြီးတာတောင် သူမ မိသားစုက သူမရဲ့ အိမ်ထောင်စု စာရင်းကို ကိုင်ထားမယ်ဆိုသည့် ကိစ္စမျိုး သူမ တစ်ခါမှ မကြားဖူးပါ။
ချမ့်ယုအဖေရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့သည်။ တကယ်လို့ သူက အဲ့ဒါကို အခုချိန်မှာမှ မမြင်ဘူးဆိုရင် သူက အရူးတစ်ယောက် ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ဒီကောင်မလေးက ချမ်းသာလာတာပဲ ဖြစ်ကို ဖြစ်ရမယ်။
အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူမက ဒီလောက်ကြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမှာ မဟုတ်ဘူး။
ချမ့်ယုက ဝမ့်ရင်းရဲ့ လက်ကို ကိုင်ပြီး ထွက်သွားဖို့ လုပ်ကာ ဒီနေ့ သွားရလာရတာက ထင်ထားသလို ဘာမှ မဖြစ်လာဘူးဟု ခံစားနေခဲ့ရသည်။
သူမရဲ့ အမေက ထုံးစံအတိုင်း စိတ်ခုနေကာ မိသားစုနှင့် သူမရဲ့ မောင်အတွက် အလုပ်တွေ ကြိုးစားနေခဲ့ရသည်။ ထင်ထားသလိုပဲ သူမရဲ့မောင်လေးကတော့ ငယ်ငယ်က အတိုင်းပဲ တန်ဖိုးမရှိ၊ အသုံးမကျ ဖြစ်နေခဲ့သည်။ သူမရဲ့ အဖေကလည်း အရင်လိုပဲ ဖြစ်ကာ သူ့အပြုံးရဲ့ အောက်မှာ သိုက်တူးချင်နေသည့် အတွေးမျိုးဖြင့် ပြုံးပြနေခဲ့သည်။
ကောင်းတဲ့အရာဆို သူက သူ့ရဲ့သားကို ဘာအကြောင်းပြချက်မှ မရှိဘဲ ပေးကာ အမြဲလိုလို ပြဿနာတွေရဲ့ အနောက်မှာ ပုန်းရှောင်ပြီး အကျိုး၊ ရလဒ်ကိုသာ စောင့်နေခဲ့သည်။
ချမ့်ယုရဲ့ အဖေက ဒေါသထွက်ပြီး သူ့ရဲ့ မသိတတ်သည့် သမီးကို တားဖို့ အရှေ့ကို ထွက်လာသော်လည်း သူသည် ရှုရွှမ်း၏ အနောက်သို့ တွန်းခြင်းကို ခံခဲ့ရသည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၆၂
ချမ့်ယုရဲ့ အဖေက သူ့သမီး ထွက်သွားတာကို ကြည့်ရင်း ဘေးနားမှာ အိမ်နီးချင်းတွေ ကြည့်နေသည့်အတွက် သူက ရှက်နေခဲ့သည်။
သူက သူ့ရဲ့ မိန်းမကို ကန်ပြီး ပြောလိုက်သည်။ “မင်းက ဘာတွေ ကြည့်နေတာလဲ။ သွားတော့။”
ပြန်သွားပြီး သတင်းတွေကို ရှာဖို့ ဆွေးနွေးရအောင်။
သူ့သမီး တစ်ခါ ထွက်သွားတာနဲ့ သူ့ကို ပညာပေးမှာ မဟုတ်ဘူးလို့ ငါပြောခဲ့ပေမယ့် မြည်းတစ်ကောင်လို ခေါင်းမာပြီး တုတ်တစ်ချောင်းလို တုံးအလွန်းတဲ့ အဲ့လို သမီးမျိုးကို သူ သည်းမခံနိုင်တော့ဘူး။ အခုချိန်မှာ အရမ်း ကြီးပွားနေပုံရတဲ့ ဒီချောတဲ့ သမီးတော့ မဟုတ်ဘူး။
…..
ထိုကိစ္စ ဖြစ်ပြီးတဲ့နောက် ဝမ့်ရင်းက သူမ လိုချင်တဲ့ အိမ်ကို လျှော့စျေးဖြင့် ရခဲ့သော်လည်း သူမက ထိုကိစ္စနှင့် ပတ်သက်ပြီး အရမ်း ပျော်မနေခဲ့ပါ။
ထိုအိမ်ကို သွားကြည့်ပြီးနောက် အဲ့မှာ ဘာသဘောတူညီမှုမှ မရှိတာကို တွေ့ခဲ့ရသည်။
ထိုနှစ်ထပ်အိမ်နှင့် ခြံဝန်းက ကြီးသော်လည်း အိမ်တစ်လုံးစီမှာ သူ့ရဲ့ ကိုယ်ပိုင် အတွေးတွေ ရှိနေခဲ့သည်။ စျေးက ပိုပိုပြီး တက်လာခဲ့ကာ ပိုပြီးတောင် လက်မခံနိုင်စရာ ဖြစ်လာသည့်အတွက် သူတို့က သဘောမတူဘဲ တစ်ယောက်ကို တစ်ယောက် ဖျက်စီးရေး လုပ်ဖို့ကိုတောင် ကြိုးစားလာခဲ့ကြသည်။
ဝမ့်ရင်းက သိချင်သွားခဲ့သည်။ ဒီခြံ ပိုင်ဆိုင်မှုရဲ့ လုပ်ပိုင်ခွင့်ကို မိသားစုပေါင်း များစွာက ပိုင်ကြသည်။ တကယ်လို့ တစ်ယောက်ကို တစ်ယောက် နှောင့်နှေးအောင် လုပ်မယ်ဆိုရင် သူမက ဘာကိုမှ ဝယ်လိမ့်မည် မဟုတ်ပါ။ သူမက ထိုအိမ်တွေကို မဝယ်မှာ သေချာသည်။
ချမ့်ယု - “ဒါက ဒီခြံထဲမှာနဲ့ တူတယ်။ သမီး အဲ့မှာ နေတုန်းက ခြံထဲမှာ အမြဲ ရန်ဖြစ်နေကြတာ။ ဒါတွေက ကြက်သွန်ဖြူ တစ်လုံးအတွက်လည်း ဖြစ်နေကြသလို ကြက်သွန်နီ တစ်လုံးအတွက်လည်း ဖြစ်နေကြတယ်။”
ဝမ့်ရင်းနှင့် သူမရဲ့ မိသားစုက နောက်ထပ် ခြံဝန်း တစ်ဝန်းကို ကြည့်ဖို့ သွားခဲ့ကြသည်။
ဒါနဲ့လေ၊ သူမတော့ တစ်ခုမှ သဘောမကျဘူး။
ဝမ့်ရင်း - “တကယ်လို့ ကျွန်မတို့မှာသာ ပိုက်ဆံတွေသာ ပိုရှိခဲ့ရင်….”
အကောင်းအတိုင်း ရှိနေသည့် အိမ်ကြီးတွေ ရှိသော်လည်း ထိုအိမ်တွေက ရှာရခက်ကာ စျေးကလည်း များမှာ သေချာသည်။
ရှုရွှမ်းက ဘာကို တွေးလို့ တွေးရမလဲမသိ ဖြစ်နေပုံ ရသည်။
မိသားစုက တစ်နေကုန် လိုက်ရှာနေခဲ့သော်လည်း တစ်အိမ်မှ မတွေ့ခဲ့ပါ။
ညနေပိုင်း ညစာ စားပြီးနောက် ဝမ့်ရင်းက ချမ့်ယုကို ပြောလိုက်သည်။ “ငါတို့ ပြန်သွားပြီးရင် အိမ်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ နင့်ဆရာမကို ပြောပြလိုက်။ အဲ့ဒါတွေကို ဖုံးကွယ်မထားနဲ့။”
ချမ့်ယုသည် အခုချိန်ထိ ချမ့်ရှုဖန်းကို ဆရာမဟု ခေါ်နေသော်လည်း သူမရဲ့ မျိုးရိုးနာမည် ပြောင်းပြီးကြောင်းကို သိနေသည့်အတွက် သူမက ချမ့်ရှုဖန်းကို အမေအဖြစ် သတ်မှတ်တာ သေချာသည်။
ဒီနှစ်ဖက် ပြဿနာတွေ ဖြစ်လာခဲ့ရင် ဒီကိစ္စကို သေချာ မကိုင်တွယ်ဖို့က မသင့်တော်ပဲ လူတွေရဲ့ ရင်ထဲမှာ အမုန်းတရားတွေ ကျန်နေခဲ့လိမ့်မည် ဖြစ်သည်။
ချမ့်ယုက သူမရဲ့ လက်ကို ခါပြလိုက်သည်။ “မပူပါနဲ့။”
တကယ်လို့ သူမက မပြောခဲ့ရင်တောင် သူမ ပြန်ရောက်လာသည့်အခါ သူမရဲ့ အာရုံစိုက်ပေးသော ဆရာမက သူမကို လိုက်ရှာပြီး ထိုအကြောင်းကို မေးမှာ ကြောက်နေခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် ဝမ့်ရင်းသည် ချမ့်ယုကို သူမရဲ့ အိမ်ထောင်စုစာရင်း ပြဿနာအကြောင်းကို ဘယ်လို မေးရမလဲဆိုတာ တွေးနေရင်း ရှုရွှမ်းက သူမအတွက် ပျော်စရာ သတင်းတစ်ခု ယူလာခဲ့သည်။
“ရှင်ပြောတာ ရှင်က ရှင့်ဟိုတယ်ရဲ့ ကိုယ်စားပြုအနေနဲ့ ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်တော့မယ်ဆိုတာလား။”
ချမ့်တုန် ပြောထားသော ဟင်းချက်ပြိုင်ပွဲက မကြာခင် ရောက်လာတော့မယ်ဆိုတာကို ဝမ့်ရင်း ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပါ။
ရှုရွှမ်း - “ဒါက ဟင်းချက်ပြိုင်ပွဲသပ်သပ်ပဲ မဟုတ်ဘူး။ ဒီတစ်ခေါက် ကိုယ်တို့က နိုင်ငံပိုင် စားသောက်ပွဲအတွက် အရံအသင်းတွေကိုလည်း ရွေးမှာ။”
ရှုရွှမ်းရဲ့ အနေအထားက နိုင်ငံပိုင် စားသောက်ပွဲအတွက် ချက်ချင်းကြီး တာဝန် ပေးခံရဖို့ မလုံလောက်သေးပါ။ သို့သော် နိုင်ငံခြား ကိစ္စ အင်တာဗျူးများမှ နိုင်ငံခြားသား နောက်လိုက်များအတွက် တာဝန်ယူ ဧည့်ခံ ကျွေးမွေးရမယ့် အဖွဲ့တစ်ဖွဲ့ အမြဲတမ်း ရှိသည်။
တကယ်လို့ ဒီတစ်ခေါက်မှာ ရှုရွှမ်းက ဆုကို ရခဲ့ရင် နောက်လာမည့် နိုင်ငံခြားသား လည်ပတ်သူများရဲ့ လိုက်ပါလာသော နိုင်ငံခြားသား အမှုထမ်းများကို တည်ခင်း ဧည့်ခံပေးရမယ့် တာဝန်ကို သူတို့ရဲ့ ဟိုတယ်က ယူပေးရဖို့ ဖြစ်နိုင်သည်။
ဝမ့်ရင်းက ပျော်သွားခဲ့သည်။ “ဒါက ကောင်းလိုက်တာ။”
ရှုရွှမ်း - “ဒီပြိုင်ပွဲ ပြီးသွားလို့ ကိစ္စတွေအားလုံး အဆင်ပြေပြေ ပြီးသွားရင် ကိုယ့်အနေအထားကလည်း တက်သွားပြီး ဟိုတယ်ဘက်ကနေ ကိုယ့်ကို ဘောနပ်စ် ပေးလိမ့်မယ်။”
နောက်ဆုံးမှာတော့ ဝမ့်ရင်းက နားလည်သွားခဲ့သည်။ “ရှင့်ရဲ့ မိသားစုက အိမ်တစ်လုံး ဝယ်ဖို့အတွက် ပိုက်ဆံ မလောက်ဘူးလို့ ရှင်ထင်နေတာလား။”
ရှုရွှမ်းက ခေါင်းမငြိမ့်သလို ခေါင်းလည်း မခါပြခဲ့ပါ။ “ကိုယ်တို့ အိမ်အကြီးကြီး တစ်လုံးလောက် ဝယ်ဖို့ပဲ တွေးမိရုံပါ။”
ဝမ့်ရင်းသည် ဟို့ဟိုင်ရေကန်အစွန်းက အိမ်ကို သဘောကျတာ သိသာနေခဲ့သည်။ ထိုအိမ်က ဝင်ပေါက် သုံးပေါက်နှင့် ထွက်ပေါက် သုံးပေါက်ပါသည့် ခြံကြီး တစ်ခြံ ပါသော်လည်း စျေးကို မေးကြည့်သည့်အခါ ယွမ်တစ်သောင်းကျော်သည်။
ဝမ့်ရင်းက ရှုရွှမ်းကို ဖက်လိုက်သည်။ “ဒါက ဘာမှမဖြစ်ပါဘူး။ ကျွန်မလည်း ပိုက်ဆံ ရှာနိုင်ပါတယ်။”
ရှုရွှမ်းက အရှေ့ကို ဆက်တိုးဖို့ ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ကာ အနောက်ကိုလည်း ပြန်လဲကျလို့ မဖြစ်ပါ။
….
နောက်ထပ် အချိန်တစ်ခု ရောက်သည့်အခါ လင်မယား နှစ်ယောက်လုံးက အလုပ်ရှုပ်နေခဲ့ကြသည်။
“ဒါက လိုင်ချီးနဲ့ ငါးလေ။”
“ငါတို့က အဝါရောင် ငါးပုတ်သင်ကြီး တစ်ကောင်ကို အရိုးထုတ်ပြီး အပိုင်းသေးသေးလေးတွေနဲ့ ညီညီလေး ပိုင်းပြီး သုံးထားတာ။ အဲ့ဒါကြောင့် ဒါကို ပုံမှန်အတိုင်း လိုင်ချီးသီးပုံစံ လုံးလုံးလေး ကွေးပြီး ဒယ်အိုးထဲကို ထည့်ထားတာ။ ပြီးရင် ငါးတွေ သေးသေးလုံးလုံးလေး ဖြစ်လာတဲ့အထိ နှစ်ခါလောက် ဆီပူပူနဲ့ ကြော်လိုက်တာ။”
“အနှစ်ကို ပျစ်ပျစ်လေးဖြစ်အောင် လုပ်ပြီး ငါးရဲ့ အပေါ်ကနေ စမ်းလိုက်တာ…”
အညိုရောင် အနှစ်များနှင့် လိုင်ချီးပုံစံ ပူပူနွေးနွေး ငါးဟင်းက အိုးထဲကနေ ထွက်လာခဲ့သည်။ ဝမ့်ရင်းက ဘေးနားမှာ ထမင်းပန်းကန် တစ်ပန်းကန်ကို ကိုင်ရင်း ဘေးနားမှာ စောင့်နေခဲ့သည်။ သူမ ထိုဟင်းပွဲကို မြည်းကြည့်လိုက်သည့်အခါ သူမရဲ့ မျက်ဝန်းတွေက အရောင် တောက်လာခဲ့သည်။
ငါးက အပြင်ပိုင်းမှာ ကြွတ်ယွပြီး အထဲမှာတော့ နူးညံ့ကာ အနှစ်က ပျစ်နှစ်ပြီး ချိုချဥ်အရသာ ဖြစ်နေခဲ့သည်။
ဝမ့်ရင်းက စားနေချိန်မှာ ရှုရွှမ်းက နောက်ထပ် ဟင်းပွဲ တစ်ပွဲကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့သည်။
ခေါင်ရန်းပန်း၊ ခိုနဲ့ ထင်ရှူးသား။
ခိုကို အရိုးထုတ်ပြီး ကျန်နေသည့် အသားတွေကို ကြိတ်လိုက်သည်။ ထို့နောက် ခေါင်ရမ်းပန်း၊ ပဲစိမ်း၊ ဝက်ပေါင်ခြောက်နှင့် အခြားသော ပါဝင်ပစ္စည်းတွေကို ရောကြိတ်လိုက်သည်။ ခိုသားကို အရသာနှပ်ပြီး အနံ့တွေ မွှေးလာသည်အထိ သင့်တော်သည့် အပူမှာ သေချာ ပြင်ဆင်ပေးခဲ့သည်။ နောက်ဆုံးမှာတော့ ခိုသားကို ငါးပါးဟပ်ပုံစံ အလယ်မှာ နေရာချလိုက်သည်။
ဒါက ဆေးရောင်တွေ ခြယ်ထားသလို ဖြစ်နေခဲ့သည်။
ဝမ့်ရင်းက ဇွန်းလေးကို ကိုင်ပြီး တစ်ဇွန်း စားကြည့်ကာ လက်မထောင်ပြခဲ့သည်။
ဒီဟင်းပွဲက ပေါင်းစပ်ထားတဲ့ ဟင်းပွဲဟု သတ်မှတ်လို့ ရပြီး ထင်းရှူးပိုင်းနှင့် ငါးအသားလေးတွေ၊ ခေါင်ရမ်းပန်းတွေက အစိတ်အပိုင်းတွေအဖြစ် ပါဝင်နေခဲ့သည်။
ခေါင်ရမ်းပန်း ငါးအသားကြော်က ငါးအသားတွေကို နူးညံ့လာသည့်အထိ ဆီထဲမှာ ထည့်ကြော်ရသည့် ရိုးရာ ဟင်းပွဲ တစ်ပွဲ ဖြစ်သည်။ ငါးအသားကိုက ကြွတ်ယွပြီး အီမနေခဲ့ပါ။ ပုံစံဖော်ဖို့အတွက် ပန်းဝန်မှုန်တံတွေကို သုံးထားတာက ငါးအသားတွေနှင့် တွဲလိုက်သည့်အခါ ပိုပြီးတော့တောင် အရသာ ရှိနေခဲ့သည်။
ခိုသားနှင့် ထင်းရှူးသားက ပါးစပ်ထဲမှာ မွှေးနေစေပြီး များစွာသော ပါဝင်ပစ္စည်းတွေကို အတူတူ ရောမွှေထားခဲ့သည်။ တစ်ခါတစ်လေ ပဲစိမ်းစေ့ကို ဝါးမိတာက ရှားပါးသည့် အံ့ဩစရာတစ်ခုကို ရှာတွေ့သလို ဖြစ်စေလိမ့်မည်။
…..
ရှုရွှမ်းက အိမ်မှာ ဟင်းပွဲတွေကို စမ်းကြည့်နေရတဲ့ နေ့ရက်တွေဟာ ဝမ့်ရင်းနှင့် ထောင်ထောင်တို့အတွက် အပျော်ဆုံး နေ့ရက်တွေ ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပဲ ဒါဟာ ဘေးနားရှိ အိမ်နီးချင်းများအတွက် အခက်ခဲဆုံး နေ့ရက်တွေလည်း ဖြစ်သည်။
အိမ်နီးချင်းတွေက ထွက်လာပြီး လာမေးတာကို ဖြေရတာက လုပ်နေကြ အရာတစ်ခုလည်း ဖြစ်သည်။
ဝမ့်ရင်းသည် သူမရဲ့ မိသားစုက ပိုပြီးတဲ့ အိမ်တစ်လုံး ဝယ်သင့်တယ်ဟု တွေးနေမိခဲ့သည်။
တကယ်လို့ သူတို့တွေသာ ဒီလိုမျိုး ဆက်နေနေရင် သူတို့က အခြား အိမ်နီးချင်းတွေကို နှောင့်ယှက်သလို ဖြစ်နေမှာကို စိုးရိမ်နေခဲ့သည်။
အကြောင်းမှာ လူကြီးက ဒီကိစ္စကို သည်းခံနိုင်သော်လည်း ကလေးတွေကတော့ ဒါကို သည်းခံနိုင်ကြလိမ့်မည် မဟုတ်ပါ။ ဘေးနားမှာ စားစရာအတွက် ပြဿနာရှာရင်း မိဘတွေ ရိုက်သည့်အခါ ငိုတတ်ကြသည့် ကလေးတွေက အမြဲတမ်း ရှိနေခဲ့သည်။
ထောင်ထောင်သည် သူမရဲ့ ပါးစပ်နားရှိ အနှစ်တွေကို လျှက်ပြီး ပြောလိုက်သည်။ “ဖေဖေ၊ သမီး မနက်ဖြန်ကျရင် ဒီငါးလုံးလေးတွေကို မူကြို ယူသွားလို့ရမလား။”
လအနည်းငယ် ကြာပြီးနောက် ထောင်ထောင်သည် အောင်မြင်စွာဖြင့် မူကြိုရှိ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာခဲ့သည်။ ဝဝနှင့် ကောင်လေးအတွက်ကတော့ ရက်အနည်းငယ် ကြာပြီးနောက် သူ့အတွက် သူ့အဖေ ချက်ပေးသည့် ဟင်းပွဲတွေကြောင့် တုန်လှုပ်နေခဲ့သည်။ သူသည် စားစရာနှင့် လဲဖို့အတွက် ထူးဆန်းတဲ့ ပုံစံနှင့် ချောကလက်တွေကို ထောင်ထောင်ဆီ ယူလာပေးခဲ့သည်။
ထုံးစံအတိုင်းပဲ ရှုရွှမ်းကတော့ သူ့သမီးရဲ့ တောင်းဆိုမှုကို သဘောတူပေးခဲ့သည်။
သူတို့ မိသားစုက ပြိုင်ပွဲမစခင် မေလအထိတော့ ပျော်နေခဲ့ကြသည်။
ဒီလို ပြိုင်ပွဲတွေကို လူသိရှင်ကြား မကျင်းပသည့်အတွက် ရှုရွှမ်းက သူ့ဆရာ ချမ့်တုန်နှင့်အတူ သွားခဲ့သည်။
ပြိုင်ပွဲရက်များစွာ ပြီးသွားသည့်နောက် ရှုရွှမ်းက အိမ်ကို ပင်ပန်းနေသော်လည်း စိတ်လှုပ်ရှားနေသည့် ပုံစံမျိုးဖြင့် ပြန်လာခဲ့သည်။
“ကိုယ် ဘာဆုရခဲ့လဲ ခန့်မှန်းကြည့်ပါဦး။”
ရွှေရောင် သတ္တုပြားကြီးရဲ့ အပေါ်မှာ “ ငွေတံဆိပ်” ဟု ရေးထားခဲ့သည်။
ရှုရွှမ်းက အရမ်း ရောင့်ရဲတင်းတိမ်သည်။ ထို့အပြင် ဒီတစ်ခေါက် ပြိုင်ပွဲဲကို ရောက်လာသည့် စားဖိုမှူးတွေ အားလုံးက မြို့က နာမည်ကြီး စားသောက်ဆိုင်တွေမှ လာကြသူတွေ ဖြစ်သည်။
ဆုရတာက ဒုတိယအပိုင်းသာ ဖြစ်သည်။ အဓိက အရာကတော့ ဝင်ပြိုင်ပြီး ပြိုင်ပွဲကနေ လေ့လာ သင်ယူဖို့ ဖြစ်သည်။
သူမ စကားပြောလို့ မပြီးခင်မှာပဲ ရှုရွှမ်းက ဘဏ်စာအုပ် အသစ် အနည်းငယ်ကို ထုတ်ပြလိုက်သည်။
“ဒါက ဒီတစ်ခေါက် ပြိုင်ပွဲအတွက် ဆုငွေပဲ။ ပြိုင်ပွဲက ဆုငွေရယ်၊ ဟိုတယ်ကပေးတဲ့ ဆုငွေရယ်ဆိုရင် စုစုပေါင်း ငါးရာရှိတယ်။”
ပြိုင်ပွဲမှ ဆုငွေသည် သိပ်မများသော်လည်း ဟိုတယ်ကတော့ ပိုများသည်။
ရှုရွှမ်းရဲ့ သူဌေးသည် ဟင်းပွဲဟောင်းများစွာကြောင့် နှစ်အတော်ကြာ အတော်လေး ဒေါသထွက်နေခဲ့သည်။ အခု နောက်ဆုံးမှာတော့ သူ့မိသားစုမှာ လုပ်နိုင်စွမ်းရှိတဲ့ စားဖိုမှူးတစ်ယောက် ရှိနေပြီ ဖြစ်သည့်အတွက် သူက ရှုရွှမ်းကို သူ့ရဲ့ အိတ်ထဲကနေကို အပိုဆုငွေ ပေးချင်နေခဲ့သည်။
ဝမ့်ရင်းက ပိုက်ဆံကို ပျော်ရွှင်စွာ လက်ခံပြီး ပြောလိုက်သည်။ “ဒီတစ်ခေါက် နွေရာသီ ပိတ်ရက်ကျရင် ကျွန်မရဲ့ မြို့ကို ပြန်ဖို့အတွက် ပြောဖို့ပါ။”
“ဟိုတစ်လောက အဖွဲ့ခေါင်းဆောင်ဆီကနေ ကျွန်မတို့ စာတစ်စောင် မရဘူးလား။ ဟိုတစ်လောတုန်းက ဘေးနားမှာရှိတဲ့ တပ်မဟာတွေကလည်း ဆေးဖက်ဝင် အပင်တွေကို စိုက်ဖို့ လေ့လာနေကြတယ်ဆိုပြီး သူ ကျွန်မကို ပြောတယ်။ ကျွန်မတို့ရဲ့ နေရာမှာ စိုက်ပျိုးဖို့က ဝတ်ရည်စုတ် ပန်းပင်အပြင် တစ်ခြား သင့်တော်တာတွေလည်း ရှိသေးတယ်လို့ ထင်တယ်။ အဲ့ဒါကြောင့် ကျွန်မတို့ရဲ့ မြေကို စစ်ဆေးဖို့ ပါမောက္ခကြီးတွေကို ဦးဆောင်ဖို့ တောင်းဆိုထားတယ်။”
ဒါက နှစ်ဝက်ပဲ ရှိသေးပြီး ကန့်သတ်ချက်တွေကို သက်သာအောင် လုပ်ပေးမည့် တကယ့် ဆုံးဖြတ်ချက်ကို နှစ်ကုန်တဲ့အထိ လုပ်လိမ့်မည် မဟုတ်ပါ။ ဝမ့်ရင်းအတွက် အခုမှ တကယ် အရေးကြီးတဲ့ အလုပ်ကို စလုပ်ဖို့ဆိုတာက မခက်ခဲတော့ပါ။
သေချာ နားလည်သည့် လူတစ်ယောက်ရဲ့ အမြင်မှာတော့ မူဝါဒတွေ ပြောင်းသွားတယ်ဆိုတာ အချိန်တစ်ခုကြောင့်ဆိုတာကို မြင်ထားခဲ့ကြပြီး ဖြစ်သည်။
ဒီတစ်ခေါက်မှာတော့ ဝမ့်ရင်းနှင့် ချမ့်ယုတို့က အိမ်ကို ပြန်လာကြသည့်အခါ ရှုရွှမ်းကတော့ အလုပ်ကြောင့် ခွင့်ယူလို့ မရခဲ့ပါ။
အို၊ မဟုတ်သေးပါဘူး။ အဲ့မှာ ဂျုံစေ့တွေလည်း ရှိသေးတယ်။
မြို့ဟောင်းမှာ နှစ်ဝက်လောက် စာသင်နေရသည့် မိုင်မောင့်က သူမရဲ့ အမြင်တွေ ကျယ်လာပြီး အခုဆိုရင် ပိုပြီးတော့တောင် ကိုယ့်ကိုကိုယ် ယုံကြည်ချက် ရှိလာခဲ့သည်။
သူမက ချမ့်ယုကို မြင်သည့်အခါ ဝမ့်ရင်းက မနေနိုင်ဘဲ သူမရဲ့ မိသားစု ပြဿနာတွေက ဘာဖြစ်နေပြီလဲဆိုတာ မေးလိုက်သည်။
“မင်းကို ပီကင်း အော်ပရာ ရုပ်ရှင်ရုံက လက်ခံလိုက်ပြီ။ ဒီကိစ္စတွေကြောင့် မင်းကို မနှောင့်နှေးစေနဲ့။”
ချမ့်ယုက ပီကင်း အော်ပရာ ရုပ်ရှင်အဖွဲ့ထဲကို ဝင်လာတာ အမှန်ပဲ ဖြစ်သည်။ သူမက အဖွဲ့ထဲကို ဝင်လာရုံသာမက သူမက ရောက်လာပြီး နောက်လိုက် စီနီယာ အစ်ကို၊ အစ်မတွေရဲ့ မျက်နှာကိုလည်း ပျက်စေခဲ့သည်။
ချမ့်ရှုဖန်းက သံသယတွေကို ရှောင်ဖို့အတွက် အမှတ်တွေ ပေးသည့်အခါ ဝင်မပါခဲ့သော်လည်း စင်ရဲ့ အနောက်ဘက်မှာတော့ ဖြေမဆည်နိုင်စွာ ငိုနေခဲ့သည်။
သူမသည် သူမဘဝရဲ့ ခွန်အားတွေ အကုန်လုံးကို ချမ့်ယုဆီမှာ မြှုပ်နှံပေးထားခဲ့သည်။ သူမက စင်ပေါ်မှာ ထပ်ပြီး သရုပ်ဆောင်ခွင့် မရတော့သော်လည်း အနည်းဆုံးတော့ သူမဘဝရဲ့ မီးတောက်လေး တစ်ခုကို ကာကွယ်ပေးနိုင်ခဲ့သည်။
ချမ့်ယု - “ သူတို့ ရောက်လာလည်း သူတို့က ဘာလုပ်နိုင်မှာလဲ။ ငါ့ဆရာမရဲ့ အစောင့်တွေက သူတို့ကို တားထားတော့ သူတို့က ဘာမှ အားသုံးပြီး လုပ်ရဲမှာ မဟုတ်ဘူး။ သူတို့ ခဏခဏ ငါ့ကို လာရှာဖို့ ပီကင်း အော်ပရာ အဖွဲ့ဆီ လာကြပေမယ့် ငါက သူတို့ကို အဲ့ဆီကို အရောက်မခံဘူး။ အိမ်ထောင်စုစာရင်းတွေကို လုပ်ဖို့က ပိုပြီးတောင် လွယ်ကူသွားတယ်။ ငါ လမ်းထဲက ရုံးနဲ့ အမျိုသမီး အဖွဲ့ကို ဆက်သွယ်ပြီး ပြောထားပြီးပြီ။”
ဝမ့်ရင်းက ထိုအကြောင်းကို တွေးပြီး ဒါက တကယ့် ပြဿနာဆိုတာကို သိသွားခဲ့သည်။
အခုဆိုရင် ချမ့်ယုကို လန်ယွဲ့နှင့် ချမ့်ရှုဖန်းတို့က ကာကွယ်ပေးထားခဲ့သည်။ သူမရဲ့ မိဘအရင်းတွေက ပြဿနာ ရှာချင်သော်လည်း သူတို့က အိမ်ထဲကို ဝင်ခွင့် မရခဲ့ကြပါ။ ထို့အပြင် ချမ့်ရှုဖန်းကလည်း ပီကင်း အော်ပရာ အဖွဲ့မှာ ရှိနေသည်။ ချမ့်ယုကိုယ်တိုင်မှာလည်း ကိုယ်ခံပညာ တတ်သည်။ ထို့ကြောင့် သူမက ဘာကိုမှ မကြောက်ပါ။
ချမ့်ယုက အနည်းငယ် ရှက်နေခဲ့သည်။ “ဆရာမက တရုတ် နှစ်သစ်ကူးအတွင်းမှာ ငါ့ကို အိမ်ထောင်စု စာရင်းထဲ ထည့်ပြီး သူ့သမီးအဖြစ် သတ်မှတ်မယ်လို့ ပြောတယ်။ ပြီးရင် အစ်ကိုရှုရွှမ်းရဲ့ ဆိုင်မှာ စားဝိုင်းတွေ မှာပြီး နင်တို့ကို လာခိုင်းမယ်တဲ့။ ဂျုံတွေ၊ မုယောတွေကိုလည်း ယူခဲ့ကြဦး။”
သူမကို ဆရာမဟု နှစ်ပေါင်းများစွာ ခေါ်နေခဲ့သော်လည်း ချမ့်ရှုဖန်းက ချမ့်ယုကို သူမရဲ့ သမီးတစ်ယောက်လို ဆက်ဆံကြောင်း လူတိုင်းက သိနေခဲ့သည်။
ဒီတစ်ခေါက်မှာတော့ လန်ယွဲ့နှင့် ချမ့်ရှုဖန်းတို့က သာမန် မိသားစုလေး တစ်စုကို တည်ဆောက်ဖို့ ပြင်ဆင်နေတာ သေချာသည်။
ဝမ့်ရင်း - “ဟုတ်ပြီ။ ငါ ပြန်ရောက်ရင် မိုင်စွေ့နဲ့ မိုင်ယာကို ဒီအကြောင်း ပြောလိုက်မယ်။”
မိုင်မောင့်က ခေါင်းကို အသာလေး ငြိမ့်ပြလိုက်ကာ သူမရဲ့ မျက်နှာကို ပီတိဖြစ်တဲ့ အကြည့်မျိုးဖြင့် ပြတင်းပေါက်ကနေ ကြည့်နေခဲ့သည်။
လအနည်းငယ်လောက် အိမ်ကနေ ထွက်လာပြီးနောက် သူမရဲ့ အမေနှင့် ညီမတွေကို စပြီး လွမ်းနေခဲ့ပြီ ဖြစ်သည်။
ဒီခရီးက အတော်လေးကို အကျိုးရှိသည်။ အစပိုင်းမှာ ဝမ့်ရင်းရဲ့ အနောက်ကို လိုက်နေသည့် ပါမောက္ခတွေကို ဝမ့်ရင်းက ဒီနေရာအထိ ဦးဆောင်လာခဲ့သည်။ သူတို့က ရာသီဥတုနှင့် မြေအနေအထားဟာ မကောင်းဘဲ ဒီမှာ ဘာမှ ကောင်းတာ ရှာတွေ့မှာ မဟုတ်ဘဲ စီစဥ်တယ်ဟု တွေးထားခဲ့ကြသည်။
သို့သော် ရှာဖွေ၊ စစ်ဆေးပြီးနောက် ပါမောက္ခကြီးများစွာရဲ့ မျက်လုံးတွေက အရောင်တွေ တောက်သွားခဲ့သည်။
“ဒီက မြေအနေအထားက တော်တော်လေးကို ကောင်းတာပဲ။”
“တောထဲမှာ တကယ်ပဲ ဂျင်ဆင်းတွေ ပေါက်နေတာပဲ။”
“ဝတ်ရည်စုတ် ပန်းပင်တွေ စိုက်တာ နည်းနည်းတော့ အလေအလွင့် ဖြစ်တယ်။ အထူးသဖြင့် အနောက်ဘက် တောင်ရဲ့ အောက်ခြေမှာရှိတဲ့ မြေနေရာတွေမှာ သူတို့က ပိုပြီး ရှားပါးတဲ့ ဆေးဖက်ဝင် အပင်တွေကို စိုက်ရမှာ။”