← Chapters

အခန်း (၁၁၀)

Vol. 11 Ch. 110

အခန်း (၁၁၀)

Vol. 11 Ch. 110

ချီက ညကိုးနာရီနောက်ပိုင်းတွင် ကျောက်တုံးနှင့်သက်ဆိုင်သည့် လောင်းကစားပွဲတစ်ခု ရှိမည်ဟု စုံစမ်းမေးမြန်းခဲ့သည်။

ထိုအချိန်တွင် အရက်မူးသမားတစ်ဦးက လောင်းကစားရုံ၏ ဒုတိယထပ်တွင် ပြဿနာရှာနေ သဖြင့် ချီသည် ထိုအခြေအနေကို ဖြေရှင်းရန် တက်သွားခဲ့သည်။

အချိန်စောနေသေးသည်ကို မြင်သောအခါ ယွင်ရှန်းနှင့် ဂူဖုန်းတို့သည် ပထမထပ်၌ လှည့်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ကြသည်။

ဝမ်လုံ လောင်းကစားရုံ၏ ပထမထပ်ကို သာမန်ပြည်သူများအတွက် ဖွင့်လှစ်ထားခြင်းကြောင့် ဧရိယာအကျယ်ဆုံး ဖြစ်ပြီး လူအများဆုံးရှိသည်။

အော်ဟစ်သံများ၊ ဆဲဆိုသံများ၊ နှင့် ရေစီးသံကဲ့သို့ တကျွီကျွီ မြည်နေသော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးသံများကို ကြားနေရသည်။

ယွင်ရှန်းရော၊ ဂူဖုန်းပါ လောင်းကစားရုံထဲသို့ တစ်ခါမှ မရောက်ဖူးကြသဖြင့် စိတ်ဝင်တစား အာရုံစိုက်ကြည့်ရှု နေကြသည်။

ခဏအကြာတွင် ဝူကျိတိုက်ကြီး၏ လောင်းကစားအမျိုးအစားများသည် ခေတ်သစ်အမျိုးအစားများနှင့် နှိုင်းယှဉ်လျှင် ရိုးစင်းလွန်းနေသည်ကို ယွင်ရှန်း သတိပြုမိလိုက်သည်။

ဤနေရာတွင် လောင်းကစားကိရိယာမှာ ပန်းကတ်နှင့် အရှင်းဆုံးဖြစ်သည့် အံစာတုံး ဟူ၍ နှစ်မျိုးသာ ရှိသည်။

ဂိမ်းများသည် အရေအတွက်နှင့် အရွယ်အစား နှိုင်းယှဉ်ခြင်းထက် မပိုပေ။

ယွင်ရှန်းသည် အလင်းမှော်ခင်းကျင်းမှု အောက်တွင် တလက်လက်တောက်ပနေသော ရွှေနှင့်ငွေဒင်္ဂါးအတွဲများ ကို ကြည့်ရင်း မိမိကိုယ်တိုင် စမ်းသပ်ကြည့်ချင်စိတ်ကို မထိန်းနိုင်ပေ။

သူမသည် သူမ၏ ယခင်ငွေများကို ယူနီဟွန်း၏ နတ်ဆိုးသားရဲအရိုး ဝယ်ရာတွင် သုံးစွဲခဲ့ပြီးဖြစ်၍၊ သွေးတိတ်ပန်းနှင့် တရားထိုင်ရေ အတွက် အသစ်ရမည့်ငွေ မရောက်သေးပေ။ သူမသည် ယခုအခါ လက်ထဲတွင် ငွေမရှိသလောက် ဖြစ်နေသည်။ ကျောက်တုံး လောင်းကစားပွဲသည် မည်သည့်ပုံစံမျိုး ဖြစ်မည်ကို သူမ မသိသော်လည်း ငွေအနည်းငယ်တော့ လိုအပ်သည် မှာ သေချာသည်။ ထို့ကြောင့် အရင်းအနှီးအဖြစ် လောင်းကစားရုံ၌ အနည်းငယ် အနိုင်ရယူထားသင့်သည်ဟု သူမ တွေးလိုက်သည်။

ယွင်ရှန်းသည် သူမ၏ ပိုက်ဆံအိတ်ကို စမ်းကြည့်လိုက်ရာ ငွေဒင်္ဂါး ငါးပြား သို့မဟုတ် ခြောက်ပြား သာ ကျန်တော့သည်။ ၎င်းသည် တစ်ကြိမ်တည်း လောင်းကြေးအတွက်ပင် မလုံလောက်ပေ။

သူမတွင် မှော်ကတ်ပြားများ ရှိသော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့သည် အပြင်ဘက်တွင် လက်ခံသုံးစွဲခြင်း မရှိ ပေ။

"ဂူဖုန်း မင်းမှာ ပိုက်ဆံပါသေးလား"

ယွင်ရှန်းသည် ချီရှိနေစဉ်က ပိုက်ဆံအချို့ ချေးငှားဖို့ မမေးမိသည်ကို နောင်တအနည်းငယ်ရနေသည်။ ထိုကလေးသည် လောင်းကစားရုံတွင် အချိန်ပိုင်းအလုပ် လုပ်ပြီး ခက်ထန်သည့် စရိုက် ရှိသူဖြစ်ရာ လက်ထဲတွင် ငွေအတော်အတန် ရှိမည်မှာ သေချာသည်။

"မပါဘူး ငါဆင်းရဲတာ မင်းသိသားပဲ"

ဂူဖုန်းသည် သူ၏ လစဉ်အစားအသောက် ကုန်ကျစရိတ်အတွက် လုံလောက်ရုံကိုသာ ချွေတာစုဆောင်းခဲ့သည်။

မှော်ဝတ်ရုံအောက်တွင် ယွင်ရှန်း၏ မျက်လုံးများ ဝေ့ဝဲကြည့်ရှု နေစဉ် ဝမ်လုံ လောင်းကစားရုံမှ လူတစ်ဦးကို မြင်တွေ့လိုက်သည်။

"အတွင်းသုံးအတွက် အကြွေးရမလား"

ယွင်ရှန်း သူမကို တားလိုက်သည်နှင့် ဝမ်လုံ လောင်းကစားရုံမှ ထိုလူသည် ချက်ချင်း သဘောပေါက်သွားသည်။

"ဟုတ်ကဲ့ လောင်းကစားရုံက ဘယ်သူမဆို တစ်လအတွက် ငွေဒင်္ဂါး တစ်ထောင်အထိ အကြွေးရနိုင်ပါတယ်"

ငွေဒင်္ဂါး တစ်ထောင်ဆိုသည်မှာ ရွှေဒင်္ဂါး တစ်ရာနှင့် ညီမျှသည်။

"ဒါဆိုရင် ကျွန်မကို တစ်ထောင် အကြွေးတင်ပေးပြီး ရွှေဒင်္ဂါးအဖြစ်လဲပေးပါ၊ ချီရဲ့နာမည်နဲ့ ထားလိုက်ပါ"

ယွင်ရှန်းသည် လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။

ယခင်က ယွင်ရှန်းနှင့် ဂူဖုန်းတို့ နှစ်ဦးစလုံးသည် ချီနှင့်အတူ ဝင်ရောက်ခဲ့ကြပြီး နှစ်ဦးစလုံးသည် မှော်ဆရာဝတ်ရုံများကို ဝတ်ဆင်ထားသည်။ ချီသည် ဝမ်လုံ လောင်းကစားရုံတွင် နာမည်ကောင်း ရှိထားသဖြင့် လောင်းကစားရုံက သူ အကြွေးမဆပ်မည်ကို စိုးရိမ်ပူပန်ခြင်း မရှိ ပေ။

ထို့အပြင် မှော်ဆရာနှစ်ဦးကို အကြွေးပေးခြင်းသည် အန္တရာယ်ရှိသည်ဟု မယူဆသဖြင့် ဝမ်လုံ လောင်းကစားရုံမှ ထိုလူသည် ခဏတာမျှ စဉ်းစားပြီးနောက် ယွင်ရှန်းအား ရွှေဒင်္ဂါး တစ်ရာကို အကြွေးတင် ပေးလိုက်သည်။

ဤအရာကို မြင်လိုက်ရသောအခါ ဂူဖုန်းသည် လန့်ဖျပ်သွားပြီး "ယွင်ရှန်း... ဒါ မသင့်တော်ဘူးထင်တယ်... ရွှေဒင်္ဂါးတစ်ရာတောင်... ငါတို့ ရှုံးသွားရင်... ဘယ်ကပိုက်ဆံနဲ့ ပြန်ဆပ်ကြမလဲ" ဟု ပြောသည်။

"ရှုံးရင်တော့ လောင်းကစားရုံအတွက် အစောင့်အဖြစ် ဝင်လုပ်ရုံပဲပေါ့။ ဘာပဲဖြစ်ဖြစ် ငါက ရှေးခေတ်ဆေးပညာကျွမ်းကျင်မှုရှိပြီး မင်းက မှော်ကုသခြင်း လုပ်နိုင်တာပဲ"

ယွင်ရှန်းသည် သူမ၏လက်များကို ပွတ်သပ်ရင်း ခုနကမှ ရောက်လာသော တောက်ပသည့် ရွှေဒင်္ဂါးများကို စူးစိုက်ကာ ကြည့်နေလိုက်သည်။

ယွင်ရှန်းသည် ဂူဖုန်းကို ဆွဲခေါ်ကာ အန်စာတုံး လောင်းကစားဝိုင်းတစ်ခုသို့ သွားသည်။

ထိုစားပွဲဝိုင်းရှိ လောင်းကစားသမားများက မှော်ဆရာငယ်လေးနှစ်ဦးကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောကြပြီး "အိမ်ပြန်ပြီး နို့သွားသောက်ကြပါဦး မင်းတို့နှစ်ယောက်က လောင်းကစားဝိုင်းကိုတောင် မမီနိုင်ဘူး" ဟု ပြောကြသည်။

သူတို့နှစ်ဦးသည် အသက်ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်သာ ရှိသေးပြီး သူတို့၏ နဖူးများသာ စားပွဲဝိုင်းကို မီသည်။

လှောင်ပြောင်သံများကြောင့် ရှက်ရွံ့သွားသော ဂူဖုန်း၏ မျက်နှာက နီရဲလာသည်။

"ဘာရယ်နေကြတာလဲ"

မှော်ဝတ်ရုံအောက်မှ ယွင်ရှန်းက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် အစိမ်းရောင် စွမ်းအင်တစ်ခု သူမ၏ ဝတ်ရုံအောက်မှ ထွက်ပေါ်လာပြီး သူမသည် မြေပြင်မှ လေထဲသို့ မြောက်တက်ကာ တစ်ချက်တည်းဖြင့် လောင်းကစားဝိုင်းပေါ်သို့ ခုန်တက်လိုက်သည်။

သူမ မှော်ပညာကို အသုံးပြုသည်ကို မြင်သောအခါ ဘေးပတ်ဝန်းကျင်ရှိ လောင်းကစားသမားများ ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။

လေးစားအပ်သော မှော်ဆရာ တစ်ဦးကို မည်သူမျှ မလှောင်ပြောင်ဝံ့တော့ပေ။

ဝိုင်းသမားသည် လျင်မြန်စွာ ရှေ့သို့တက်လာပြီး "အရှင်မှော်ဆရာနှစ်ဦး ဘယ်လိုကစားချင်ပါသလဲ" ဟု မေးသည်။

"အကြီး ဒါမှမဟုတ် အသေး လောင်းမယ်။ မင်းက အံစာတုံးကို လှိမ့် ငါက လောင်းကြေးချမယ်"

ယွင်ရှန်းသည် စားပွဲပေါ်ရှိ ဇလုံကြီးထဲမှ အံစာတုံးနှစ်လုံးကို စူးစိုက်ကြည့် နေသည်။

ဝိုင်းသမားသည် သူမ၏ အရပ်ငယ်သော်လည်း ဝါရင့်လောင်းကစားသမားများနှင့် တူညီသော ခွန်အားရှိသည့် ပုံပန်းကို မြင်သောအခါ ပြုံးလိုက်ပြီး လက်ကို လောင်းကစားဝိုင်းပေါ်သို့ ဆန့်တန်းလိုက်သည်။

ချောမွတ်နေသော ဇလုံ၏ အနားသတ်ကို သူ၏လက်ထဲတွင် ခိုင်မြဲစွာ ဆုပ်ကိုင် ထားပြီး "အကြီးလောင်း၊ အသေးလောင်း၊ နောက်ဆုံးအသံ၊ လောင်းကြေးပိတ်ပြီ" ဟု အဆက်မပြတ် အော်ဟစ် နေသည်။

ပြောဆိုနေစဉ်မှာပင် ဝိုင်းသမား၏ လက်ငါးချောင်းသည် တစ်ပြိုင်နက်တည်း ခွန်အားပြင်းလာသည်။

မမြင်ရသော တိုက်ခိုက်ရေးစိတ်ဓာတ်သည် ဇလုံထဲသို့ ဝင်ရောက်သွားပြီး သူ၏ လက်များ၏ လျင်မြန်သော လှုပ်ရှားမှုဖြင့် အံစာတုံးများပါသည့် ဇလုံသည် ထိပ်ချောင်းတစ်ခုပမာ သူ၏လက်နှစ်ဖက်ကြားတွင် လည်ပတ်လာသည်။

အံစာတုံးနှစ်လုံးသည် ဇလုံ၏ ချောမွေ့သော အနားသတ်တစ်လျှောက် ချောမွေ့စွာ လည်ပတ်သွားကြပြီး ခြေဗလာဖြင့် ကနေသော အကမယ်နှစ်ဦး ဝဲပျံနေသကဲ့သို့ပင်။

လောင်းကစားသမားများသည် လောင်းကြေးများ ချကာ အော်ဟစ်အားပေး နေကြသည်။

ဂူဖုန်းသည် ဝိုင်းသမား၏လက်များကို စိုက်ကြည့်နေသည်။ ထိုနေရာတွင် ဇလုံ၏ အရိပ်မျှသာ ကျန်နေတော့ပြီး သူ၏ စိတ်ထဲတွင် လုံးဝရှုပ်ထွေးနေသည်။

မျှော်လင့်ထားသည့်အတိုင်း ဝမ်လုံ လောင်းကစားရုံရှိ ဝိုင်းသမားများအားလုံးသည် သိုင်းပညာရှင်နောက်ခံမှ လာကြသူများ ဖြစ်သည်။

ယွင်ရှန်းသည် သူ၏ လှုပ်ရှားမှုများကို အကဲခတ်ရင်း သူမရှေ့မှ ဝိုင်းသမားသည် ဝမ်လုံအစောင့်အဖွဲ့ဝင်အများစုထက်ပင် ပိုမိုအစွမ်းထက်နေသည်ဟု တိတ်တဆိတ် သတိပြုမိလိုက်သည်။

လောင်းကစားတွင် အံစာတုံး၏ လည်ပတ်နှုန်းနှင့် ဇလုံကို တိုက်ခိုက်သည့်အခါ ထွက်ပေါ်လာသော အသံများကို ပြောင်းလဲရန်အတွက် တိုက်ခိုက်ရေးစိတ်ဓာတ်ကို အနည်းငယ် အသုံးပြုခြင်းသည် သာမန်လူများအတွက် သိုင်းပညာရှင် ဝိုင်းသမား၏ လက်ထဲရှိ အံစာတုံး၏ အမှန်

တကယ်မျက်နှာကို ခန့်မှန်းရန် ခက်ခဲစေသည်။

သို့သော် ဤအရာသည် လက်ရှိ ယွင်ရှန်း အတွက် ဘာမျှ မဟုတ်တော့ ပေ။

သူမ၏ ရှင်နုန်းမျက်လုံးများသည် ဆံပင်တစ်မျှင်မျှလောက် သေးငယ်သည့် အသေးစိတ်အချက်အလက်များကိုပင် လေ့လာကြည့်ရှုနိုင်စွမ်း ရှိသည်။

သူမ၏ မျက်ဆံများသည် အနည်းငယ် ကျုံ့သွားပြီး ရွှေရောင်အလင်းတစ်ချက် လင်းလက်သွားရာ ဝိုင်းသမား၏ လှုပ်ရှားမှုများသည် ယွင်ရှန်း၏ မျက်လုံးထဲတွင် အနှေးပြကွက်ရုပ်ရှင်ပမာ နှေးကွေးသွားသည်။

လျင်မြန်စွာ လည်ပတ်နေသော အံစာတုံးနှစ်လုံးပေါ်ရှိ နံပါတ်များကိုလည်း ရှင်းလင်းစွာ မြင်နေရသည်။

ဇလုံ၏ အနားသတ်ကို စားပွဲပေါ်သို့ "ဒုန်း" ကနဲ ရိုက်ချလိုက်သည့် အသံထွက်လာရာ စားပွဲပေါ်ရှိ ချစ်ပ်ပြားများ ပြိုကျသွားသည်။

"အကြီးလောင်းတယ်"

ယွင်ရှန်းက ပေါ့ပေါ့ပါးပါး ပြောရင်း ရွှေဒင်္ဂါးငါးပြားကို ပစ်ချလိုက်သည်။

ဇလုံကို မြှောက်လိုက်ရာ ကိုး၊ လေးနှင့် ငါး အကြီး ဖြစ်နေသည်ကို ပြသနေသည်။

လောင်းကစားဝိုင်း၌ ခံစားချက်အမျိုးမျိုး ပေါ်ပေါက်လာသည်။ အနိုင်ရသူများသည် သူတို့၏ နှစ်ဆတိုးလာသော ချစ်ပ်ပြားများကို ဝမ်းမြောက်စွာ ပွေ့ဖက် နေကြပြီး ရှုံးနိမ့်သူများသည် သူတို့၏ ခက်ခက်ခဲခဲ ရှာဖွေထားသော ငွေများကို ယူဆောင်သွားသည်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ရှု နေကြသည်။

လူ့ဘဝအမျိုးမျိုးမှာ ဤသို့ပင်ဖြစ်၏။ လောင်းကစားဝိုင်းပေါ်တွင် ငွေရှာရန်မှာ မဖြစ်နိုင်

လုနီးပါးပင်။

နောက်ထပ် အချီအနည်းငယ် ကစားပြီးနောက် လောင်းကစားရုံရှိ လူများ သံသယမဝင်စေရန် ယွင်ရှန်းသည် တမင်တကာ အချီအနည်းငယ် ရှုံးနိမ့် ပေးခဲ့သည်။

သို့သော် အချိန်အများစုတွင် သူမသည် အနိုင်ရရန် သေချာ ခဲ့ပြီး ဘယ်တော့မှ မရှုံးခဲ့ ပေ။

ခုနစ်နာရီ ဝန်းကျင်တွင် ယွင်ရှန်း၏ ရွှေဒင်္ဂါး ၁၀၀ သည် ရွှေဒင်္ဂါး ၁၈၀ သို့ ရောက်နေပြီဖြစ်သည်။

ဤအရာကို မြင်သောအခါ ဂူဖုန်း၏ ပါးစပ်မှာ သရေများကျမတတ် ဖြစ်လာသည်။

ရွှေဒင်္ဂါးရှစ်ဆယ်။

သူတို့သည် တစ်ပြားတစ်ချပ်မှ မသုံးစွဲရဘဲ လွယ်လွယ်ကူကူ ရရှိခဲ့သည်။

ငွေရှာရသည်မှာ လွယ်ကူလွန်းသည်။

"နောက်တစ်ခါကျရင် ကျွန်မ ဝိုင်းသမားနေရာကို ယူမယ်"

ယွင်ရှန်းသည် ရုတ်တရက် ရဲရဲဝံ့ဝံ့ ကြေညာလိုက်သည်။

ငွေရှာသည့် နှုန်းထားက နှေးလွန်းသည်။ အချိန်လည်း သင့်တော်နေပြီဖြစ်သဖြင့် ယွင်ရှန်းသည် သူမ၏ တကယ့်စွမ်းရည်ကို ပြသရန် အချိန်ရောက်ပြီဟု တွေးလိုက်သည်။

မှော်ဆရာတစ်ဦးထံမှ ထိုမျှ ရဲရင့်သော ကြေညာချက် ကြောင့် အံ့ဩသွားကြသည်။

လောင်းကစားရုံမှ ဝိုင်းသမားက မျက်နှာမကောင်း ဖြစ်နေသည်။ ယွင်ရှန်း၏ ကံကောင်းခြင်း ကြောင့် သူမသည် ခုနစ်ချီ၊ ရှစ်ချီ ဆက်တိုက် အနိုင်ရခဲ့သည်။ ဉာဏ်ကောင်းသော လောင်းကစားသမားအချို့လည်း သူမ၏ လောင်းကြေးကို စတင်လိုက်ကြရာ ရွှေဒင်္ဂါးအမြောက်အမြားသည် ဤစားပွဲဝိုင်းမှ မမြင်နိုင်ဘဲ ထွက်ခွါသွားခဲ့ရသည်။

ဝိုင်းသမားက "မင်းက ဝိုင်းသမားနေရာကို ယူရဲတယ်ပေါ့ ဘာမှမကျန်အောင် ရှုံးနိမ့်တာကို ကြည့်ရသေးတာပေါ့" ဟု တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။

လောင်းကစားရုံမှ ဝိုင်းသမားက ရက်ရောသည်။ သူသည် အံစာတုံးနှင့် ဇလုံကို ယွင်ရှန်းဆီသို့ တွန်းပို့လိုက်သည်။

ယွင်ရှန်းသည် လက်ဗလာဖြင့် ဇလုံကို ခပ်မြန်မြန် ဆွဲယူလိုက်ပြီး သူမ၏ လက်ဖဝါးထက် အနည်းငယ်သာ ကြီးသော ထိုဇလုံကို ခိုင်မြဲစွာ ဆုပ်ကိုင် ထားသည်။

All Chapters