← Chapters

အခန်း (၁၁၁)

Vol. 11 Ch. 111

အခန်း (၁၁၁)

Vol. 11 Ch. 111

ဝမ်လုံ လောင်းကစားရုံ၏ ဒုတိယထပ်တွင် ချီသည် ရန်ရှာနေသော အရက်မူးသမားတစ်ဦးကို ချုပ်နှောင်လိုက်ပြီး နောက် ဝမ်လုံအစောင့်အဖွဲ့ဝင်အချို့နှင့်အတူ လှေကားအတိုင်း ဆင်းလာ သည်။

သူတို့ လှေကားသို့ရောက်သည်နှင့် ဆူညံသံများ ပေါက်ကွဲထွက်လာသည်။

"တစ်ယောက်ယောက် ပြဿနာရှာနေတယ်"

ဝမ်လုံ လောင်းကစားရုံတွင် လပေါင်းများစွာ နေထိုင်ခဲ့သည့် ချီသည် လောင်းကစားရုံမှ မည်

သည့် အနှောင့်အယှက်မျိုးကိုမဆို ရင်းနှီးပြီးသားဖြစ်ရာ အစောင့်များ နှင့် မျက်လုံးချင်းအချက်ပြ လိုက်သည်။

အလျင်အမြန် ရှေ့သို့သွားလိုက်ရာ စည်ကားနေသော ပထမထပ်သည် လောင်းကစားဝိုင်းများပတ်လည်တွင် ယခုအခါ လူရှင်းနေသည်ကို တွေ့လိုက်ရသည်။

ပထမထပ်၏ အလယ်ဗဟို တွင် စားပွဲဝိုင်းတစ်ခုပတ်လည်၌ လူအုပ်ကြီး စုဝေးနေပြီး အော်ဟစ်အားပေးသံများနှင့် လက်ခုပ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

"ချီ မင်းခေါ်လာတဲ့ မှော်ဆရာနှစ်ယောက်က..."

ဝမ်လုံ လောင်းကစားရုံမှ လူများသည် ကယ်တင်ရှင်ကို မြင်လိုက်ရသလို ချီကို ကြည့်လိုက်ကြသည်။

"သူတို့ ဘာဖြစ်ကြတာလဲ"

ချီ၏ ရင်ထဲတွင် တင်းကျပ်သွားသည်။ ဆရာမမေလီက မှော်ဆေးရည်အဖွဲ့ ဆယ့်သုံးမှ အဖွဲ့ဝင်သုံးဦးသည် တစ်သားတည်း ဖြစ်သည်ဟု ပြောကြားထားသည်။ ခုနက သူတို့နှစ်ဦး ဘာမှမဖြစ်ခဲ့ရန် မျှော်လင့်ရုံသာတက်နိုင်သည်။

"ဒီလူတွေကို မင်းဘယ်ကရှာလာတာလဲ။ မီးခိုးရောင်ဝတ်ရုံနဲ့တစ်ယောက်က အတော်အစွမ်းပြ နေတယ်။ ဝမ်လာစန်ကို ဆယ့်သုံးချီတိတိ ဘဏ်ကို လက်လွှဲပေးဖို့ ဖိအားပေးနေပြီ။ လောင်းကစားရုံကလည်း ရွှေဒင်္ဂါး တစ်သောင်းကျော် ဆုံးရှုံးနေပြီ"

ဝမ်လုံ လောင်းကစားရုံမှ လူများက ချီသည် ထိုဘေးဆိုးကို အမြန်ဆုံး ခေါ်ထုတ်သွားနိုင်ရန်သာ ဆန္ဒရှိကြသည်။

"ရှုံးနေတယ်လား။ သူတို့ ပိုက်ဆံ ဘယ်ကရတာလဲ"

ဂူဖုန်းကဲ့သို့သော လူမျိုးက ဝမ်လုံ လောင်းကစားရုံလို နေရာမျိုးမှာ လောင်းကစားဖို့ ပိုက်ဆံရှိလိမ့်မည် ဟူသည်ကို ချီ မယုံကြည်နိုင်ပေ။ ဂူဖုန်းကို ရောင်းလိုက်လျှင်ပင် ရွှေဒင်္ဂါးတစ်သောင်းကျော်၏ တစ်စိတ်တစ်ပိုင်းကိုပင် မမီနိုင် ပေ။

"မင်းနာမည်နဲ့ အကြွေးတင်ထားတာ"

ဝမ်လုံ လောင်းကစားရုံမှ လူများ၏ အဖြေကြောင့် ချီ တောင့်တင်းသွားသည်။

ယွင်ရှန်း….

ချီသည် ခန့်မှန်းစရာမလိုဘဲ ပြဿနာရှာသူ မည်သူဖြစ်သည်ကို သိလိုက်သည်။

သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ခြေဖျားမှ အမျက်ဒေါသ ထိုးတက်လာခဲ့သည်။

ဒီဆိုးပေလေး ယွင်ရှန်းကြောင့်ပင်။

ချီ၏ကိုယ်ကို မကောင်းဆိုးဝါးချီ အလွှာတစ်ထပ်က ဖုံးလွှမ်းသွားရာ ဘေးနားရှိ လောင်းကစားသမားများနှင့် လောင်းကစားရုံမှလူများသည် ကြောက်လန့်တကြား အမြန်ဆုံး ထွက်ခွာသွားကြသည်။

ဖျတ်ကနဲ အသံနှင့်အတူ လူအုပ်ကြီး ကွဲလွင့်သွားသည်။

ရှေ့ရှိ လောင်းကစားဝိုင်းမှ မြင်ကွင်းက ချက်ချင်းဆိုသလို ရှင်းလင်းသွားသည်။

လောင်းကစားဝိုင်းတွင် ယွင်ရှန်းသည် နောက်ထပ်ကုလားထိုင်တစ်လုံးသို့ ပြောင်းထိုင်နေပြီး ၎င်းပေါ်သို့ နင်းတက်ထားကာ သူမ၏ရှေ့တွင် ချစ်ပ်ပြားများကို တောင်ပုံရာပုံ စုပုံ ထားသည်။

ပုတိုပြီး ဝဝတုတ်တုတ်ဖြစ်သော ဂူဖုန်း၏ ပုံရိပ်သည် လုံးဝ ဖုံးလွှမ်းသွားပြီး သူ၏ခေါင်းကိုသာ မြင်ရသည်။

လောင်းကစားရုံမှ ငွေရှုံးနိမ့်ခြင်းသည် အသေးအဖွဲကိစ္စ ဖြစ်နေသေးသည်။ အဓိကမှာ ဘေးနားရှိ လောင်းကစားသမားများလည်း အများကြီး ရှုံးနိမ့်ခဲ့ကြခြင်း ဖြစ်သည်။ တစ်ချက်တည်းနှင့် ယွင်ရှန်းနှင့် အဖွဲ့သည် ရွှေဒင်္ဂါး သုံးသောင်းကျော်အထိ အနိုင်ရယူခဲ့ပြီးဖြစ်သည်။

သူတို့၏ လက်...

ချီနှင့် သူ၏နောက်မှ အစောင့်အဖွဲ့ဝင်များအားလုံး အသက်ရှူ မှားသွားကြသည်။

ယွင်ရှန်းသည် အံစာတုံးကို လှိမ့်နေသော်လည်း ထိုနေရာရှိ မျက်လုံးရာပေါင်းများစွာ အနက် မည်သူတစ်ဦးတစ်ယောက်မျှ သူမ၏လက် လှုပ်ရှားပုံကို မမြင်နိုင်ခဲ့ပေ။

သူမ၏လက်တွင် အရိပ်အဖြူတစ်စင်းသာ ကျန်ရှိနေတော့သည်။

ဇလုံကို မည်သို့လှုပ်သည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်အပြင် အံစာတုံး၏ အသံကိုပင် မကြားနိုင်ခဲ့ကြပေ။

ဝါရင့်လောင်းကစားသမားများ အားလုံး သိထားသည်မှာ အံစာတုံးသည် အရှင်းဆုံး လောင်းကစားကိရိယာ ဖြစ်ပြီး အနိုင်ရရန်အတွက် ဝိုင်းသမားသည် နားတစ်စုံနှင့် လက်တစ်စုံ ကို အားကိုးရမည်ဖြစ်သည်။

ယွင်ရှန်း၏ လက်လှုပ်ရှားမှု အမြန်နှုန်းသည် အံ့မခန်းဖြစ်နေ၍ ထိုနေရာတွင် ရှိနေသော အတွေ့အကြုံရှိ လောင်းကစားသမားများပင် ၎င်းသည် အကြီးလောင်းခြင်းလား အသေးလောင်းခြင်းလား ခွဲခြားမရနိုင်အောင် ဖြစ်ခဲ့ရသည်။

"လောင်းကြေးပိတ်ပြီ လက်ဖယ်"

ယွင်ရှန်း၏ ဝတ်ရုံအောက်မှ တောက်ပလက်ထွက်နေသော မျက်လုံးတစ်စုံ လင်းလက်သွားရာ ထိုအချိန်တွင် သူမ၏ ပါးစပ်သည် အပြုံးများဖြင့် ပြည့်နေပြီ ဖြစ်မည်ကို ခန့်မှန်းနိုင်သည်။

ထပ်ရှုံးပြန်ပြီ။

ရွှေဒင်္ဂါး သုံးသောင်းထဲမှ နောက်ထပ် သုံးထောင်ကျော်သည် ရေကဲ့သို့ လျင်မြန်စွာ စီးဆင်းသွားပြန်သည်။

"မကစားတော့ဘူး မကစားတော့ဘူး"

ယွင်ရှန်းသည် သိပ်မဝေးသောနေရာ၌ ရပ်နေသည့် ချီကို သတိထားမိလိုက်သည်။ လောင်းကစားရုံမှ လူများသည်လည်း သူတို့၏ အချစ်ဆုံးမိခင်များကို ဆုံးရှုံးလိုက်ရသလိုမျိုး ပုံစံဖြင့် ကြည့်နေကြသည်။

ယွင်ရှန်းသည် လောင်းကစားသမား မဟုတ်ပေ။ သူမသည် သူမ၏ ယန်လင်လက်နှင့် ရှင်နုန်းမျက်လုံးများကို အသုံးပြု၍ ငွေနိုင်ယူခဲ့ခြင်းဖြစ်သည်။ ရွှေဒင်္ဂါး သုံးသောင်းကျော်သည် လာမည့် ကျောက်တုံးလောင်းကစားပွဲအတွက် လုံလောက်သည်။ ထို့အပြင် ရှေ့ကဦးဆောင်နေစဉ် ရပ်လိုက်ခြင်းဖြင့် ဝမ်လုံ လောင်းကစားရုံ၏ အမည်ပျက်စာရင်းတွင် မပါဝင်စေရန်လည်း လုံလောက်သည်။

ယွင်ရှန်း ကစားခြင်း ရပ်လိုက်သည်ကို မြင်သောအခါ ဝမ်လုံ လောင်းကစားရုံမှ လူများသည် သက်ပြင်းရှည်ကြီးချ လိုက်ကြပြီး ယွင်ရှန်းနှင့် အခြားသူများ အနိုင်ရခဲ့သော ချစ်ပ်ပြားများကို အလျင်အမြန် ငွေသားအဖြစ် လဲလှယ် ပေးခဲ့ကြသည်။

"လေးစားအပ်သော ဧည့်သည် ဒီစုစုပေါင်းက ရွှေဒင်္ဂါး သုံးသောင်းသုံးထောင့်ငါးရာ ဖြစ်ပါတယ်။ ရွှေဒင်္ဂါး အဖြစ် လဲလှယ်မလား။ ဝူကျိကတ်ပြား အဖြစ် လဲလှယ်မလား"

လောင်းကစားရုံမှ လူများသည် ယွင်ရှန်းကို အမှန်တကယ် ယုံကြည်သွားခဲ့ကြသည်။

မှော်ဆရာ၏ ဂုဏ်သိက္ခာကို လေးစားချင် လေးစားလိမ့်မည်။ သို့သော် ဤ စိတ်အားထက်သန်သော လောင်းကစားသမားများ ရှေ့တွင်မူ ခွန်အား၏ ပြယုဂ် သက်သက်သာ ဖြစ်သည်။ သို့သော် လောင်းကစားတွင် ကျွမ်းကျင်သော မှော်ဆရာ တစ်ဦးမှာမူ အမှန်တကယ် ထူးခြားသည်။

သူတို့၏ အမြင်တွင် ယွင်ရှန်း၏ ဂုဏ်ပုဒ်သည် ကြီးမားစွာ တိုးတက်လာသည်မှာ သံသယဖြစ်

ဖွယ်မရှိဘဲ အစွမ်းထက်သော မှော်ဆရာ တစ်ဦးဖြစ်သည့် ချီထက်ပင် ရုတ်တရက် ပိုမြင့်သောနေရာတွင် ရောက်ရှိသွားခဲ့သည်။

ဝူကျိကတ်ပြားသည် ဝူကျိတိုက်ကြီးပေါ်ရှိ အင်အားအကြီးဆုံး နိုင်ငံငါးနိုင်ငံက ပူးပေါင်းထုတ်ဝေထားသော ငွေကြေးကတ်ပြားဖြစ်ပြီး ငွေဒင်္ဂါးကို အခြေခံယူနစ်အဖြစ် သတ်မှတ်

သည်။ ကတ်ပြား၏ တန်ဖိုးပေါ်မူတည်၍ ဝူကျိရွှေကတ်ပြားနှင့် ဝူကျိခရမ်းရောင်ရွှေကတ်ပြား များရှိပြီး ဒဏ္ဍာရီလာ ဝူကျိအနက်ရောင်ကတ်ပြားလည်း ရှိသည်။

ဤကတ်ပြားများရှိခြင်းသည် မည်သည့် မြို့ကြီးပြကြီး ဘဏ်ခွဲတွင်မဆို ငွေကြေးကို လွတ်လပ်စွာ လဲလှယ်ခွင့်ပြုပြီး ၎င်းတို့ကို တိုက်ကြီးတစ်ခွင် အဆင်ပြေစွာ ငွေပေးချေနိုင်သည့် နည်းလမ်းများ ဖြစ်စေသည်။

ဝမ်လုံဘဏ်က ပေးအပ်သည်မှာ အပ်ငွေ ရွှေဒင်္ဂါးတစ်သောင်းမှ စတင်သည့် ဝူကျိရွှေကတ်ပြား ဖြစ်ရာ ယွင်ရှန်းကို မကြာမီတွင် ရွှေဒင်္ဂါးသုံးသောင်းရှိသော သူဌေးမငယ်လေး အဖြစ် ပြောင်းလဲသွားစေသည်။

"ရွှေဒင်္ဂါး သုံးထောင်ကျော်ကို ထုတ်ယူ လိုက်ပါ။ ရွှေဒင်္ဂါးတစ်ရာကို လောင်းကစားရုံကို ပြန်ပေးလိုက်ပါ။ ပြီးရင် ရွှေဒင်္ဂါး သုံးသောင်းကို ဝူကျိရွှေကတ်ပြား သုံးချပ် အဖြစ် ပြောင်းပြီး ကျွန်မတို့ သုံးယောက်နာမည်နဲ့ မှတ်ပုံတင်ပေးပါ"

ယွင်ရှန်းသည် ဂူဖုန်းနှင့် ချီတို့ကိုပါ သူမ၏ အစီအစဉ်တွင် ထည့်သွင်းကာ ပြတ်ပြတ်သားသား ညွှန်ကြားလိုက်သည်။

သူတို့လည်း ဝေစုရတာလား။

ဂူဖုန်းနှင့် ချီတို့သည် ကြက်သေသေသွားကြသည်။

"ချီက အရင်းအနှီး ပေးခဲ့တယ် ဂူဖုန်းနဲ့ ငါက အတူတူ နိုင်ခဲ့တယ် ဆိုတော့ ဒုက္ခရော ကံကောင်းခြင်းရော အတူတူ ခံစားရမှာပေါ့။ ငါတို့က အဖွဲ့တစ်ဖွဲ့ပဲ"

ယွင်ရှန်းက ဆက်ပြောသည်။ ထို့နောက် သူမရရှိသော ရွှေဒင်္ဂါး နှစ်ထောင့်ကိုးရာကို စုစည်းကာ အနီးနားတွင် မှင်တက်နေဆဲဖြစ်သော ဂူဖုန်းဆီသို့ ပစ်ပေးလိုက်သည်။ ထို့အပြင် လဲလှယ်ရာတွင် ကူညီပေးခဲ့သော လောင်းကစားရုံမှ လူတစ်ဦးကိုလည်း ရွှေဒင်္ဂါးတစ်ပြား ပေးလိုက်သည်။

ယွင်ရှန်း၏ လုပ်ရပ်များသည် လောင်းကစားရုံရှိ လူများအား သူမကို အလွန်နှစ်သက်စေသည်။ ကြီးမားသော လောင်းကစားရှေ့တွင် ဤမျှ စည်းကမ်းထိန်းသိမ်းနိုင်ခြင်းမှာ ပို၍ပင် အထင်ကြီးစရာ ကောင်းသည်။

ချီအတွက်မူ ယွင်ရှန်း၏ စကားများကို ကြားရသောအခါ ကြာရှည်စွာ အေးခဲနေခဲ့သော သူ၏နှလုံးသားမှာ ရှုပ်ထွေးပြီး ဖော်ပြ၍မရသော ခံစားချက် တစ်ခု လှိုက်တက်လာသည်။

ကောင်းခြင်းမင်္ဂလာကို အတူခံစားပြီး ဆိုးခြင်းအန္တရာယ်ကို အတူရင်ဆိုင်ရမည်ဖြစ်ပြီး သူတို့သည် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

သူတို့သည် ရဲဘော်ရဲဘက်များ ဖြစ်ကြသည်....

"အချိန်ရောက်ပြီ။ ကျောက်တုံးလောင်းကစားပွဲ စတင်သင့်ပြီ။ ချီ မင်းရှေ့က ဦးဆောင်ပါ။ ကျန်ရှိတဲ့ ရွှေဒင်္ဂါး နှစ်ထောင်ကျော်က ကျောက်တုံးလောင်းကစားပွဲအတွက် ရန်ပုံငွေအဖြစ် ဆောင်ရွက်ပါလိမ့်မယ်"

ယွင်ရှန်းသည် ထိုပွဲအပေါ် စိတ်ဝင်စားမှုကို ဖော်ပြလိုက်သည်။

ဂူဖုန်း၏ မျက်လုံးများ နီရဲလာပြီး ပုံမှန်လို နောက်ပြန်ဆုတ်ငြင်းဆန်ခြင်း မရှိတော့ဘဲ တဖြည်းဖြည်း ယွင်ရှန်းကို သူ၏ ဆွေမျိုးသားချင်းသဖွယ် စတင်ဆက်ဆံလာသည်။

သူသည် ယွင်ရှန်းနှင့် အတူရှိခဲ့သည်မှာ ကြာကြာမရှိသေးသော်လည်း သူမ၏ စိတ်နေစိတ်ထား ကို ကောင်းစွာနားလည်သည်။ သူမသည် ပွင့်လင်းဖြောင့်မတ်ပြီးသူတို့က လက်မခံပါက သူမ စိတ်ဆိုးမည်ကို သိသည်။

ချီလည်း ခဏမျှ တိတ်ဆိတ်သွား ပြီးနောက် လောင်းကစားရုံမှ ဝန်ထမ်းများကို အကြောင်းကြားပြီးနောက် ဝမ်လုံ လောင်းကစားရုံ၏ စတုတ္ထထပ်သို့ ဦးတည်သွားကြသည်။

တတိယထပ်ကို ဖြတ်ကျော်ပြီးနောက်တွင် တတိယထပ်၏အဆုံး၌ စတုတ္ထထပ်သို့ တက်ရန် လှေကားမရှိကြောင်း ယွင်ရှန်း သတိပြုမိလိုက်သည်။

လှေကား၏ အဆုံးတွင် မှော်ခင်းကျင်းမှုတစ်ခု ရှိနေသည်။

မှော်ခင်းကျင်းမှု၏ ဂုဏ်သတ္တိကို မှော်ခင်းကျင်းမှု၏ အရောင်ဖြင့် ခွဲခြားသိမြင်နိုင်သည်။

သဘာဝအခြေခံ ဂုဏ်သတ္တိလေးခုမှာ အနီ၊ အစိမ်း၊ အပြာ၊ အဝါ တို့ဖြစ်သည်။

သို့သော် ဝမ်လုံ လောင်းကစားရုံမှ မှော်ခင်းကျင်းမှုသည် သဘာဝအခြေခံ မှော်ဂုဏ်သတ္တိလေးခု ထဲတွင် မပါဝင်ဘဲ မီးခိုးရောင် ဖြစ်သည်။

မီးခိုးရောင်သည် ဒုတိယမှော်ဂုဏ်သတ္တိ အဖြစ် အချိန်နှင့်နေရာ ဂုဏ်သတ္တိတွင် ပါဝင်သည်။

သူတို့ ချဉ်းကပ်လာသည်နှင့်အမျှ မှော်ခင်းကျင်းမှုသည် မှော်ဆန်စွာ လှုပ်ခတ်သွားပြီး အလယ်အလတ်အရွယ်အစားရှိ မှော်ဂရစ်ဖင် တစ်ကောင်သည် မှော်ခင်းကျင်းမှုအတွင်းမှ ပေါ်ထွက်လာသည်။

"ဒါက မှော်ခင်းကျင်းမှု အစောင့်အရှောက်သားရဲပဲ"

ဂူဖုန်းက တိုးတိုးလေး ပြောလိုက်သည်။ ကျွမ်းကျင်သော မှော်ဆရာများသည် မှော်စွမ်းအင်များကို အသုံးပြု၍ ပုံသဏ္ဌာန်များကို အတုယူ ဖန်တီးနိုင်သည်ဟု သူ ကြားဖူးသည်။

ထိုဂရစ်ဖင်သည် လူတစ်ဝက်ထက် ပိုမိုမြင့်မား သည်။ မှော်ဆန်သော အတုယူဖန်တီးမှုဖြစ်သော်လည်း အသက်ဝင်နေသည်နှင့် တူပြီး အမွေးအတောင်တစ်ခုစီသည် ထင်ရှားနေသော်လည်း အမှန်တကယ်တွင် မှော်စွမ်းအင်များဖြင့် ဖန်တီးထားသော မြင်ယောင်မှုများသာ ဖြစ်သည်။

၎င်းသည် သူတို့အားလုံးကို ပတ်ပတ်လည် တင်းတင်းကျပ်ကျပ် စစ်ဆေး ကြည့်ရှုနေသည်။

ချီက "မှော်တံဆိပ်ပြားတွေ ဝတ်ထားပါ" ဟု သတိပေးသည်။

မှော်တံဆိပ်ပြားများ၊ စစ်သည်တော်တံဆိပ်ပြားများ သို့မဟုတ် ဆင့်ခေါ်သူလက်စွပ်များ မပါရှိဘဲ အထူးဧည့်သည်များသာ ဝင်ရောက်နိုင်သော ဤ အချိန်နှင့်နေရာ မှော်ခင်းကျင်းမှုထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ထိုအခါမှသာ ယွင်ရှန်းနှင့် ဂူဖုန်းတို့သည် ဝမ်လုံ လောင်းကစားရုံ၏ စတုတ္ထထပ်သို့ ဝင်ရောက်

ရန်အတွက် သူတို့၏ရှေ့ရှိ ဤအချိန်နှင့်နေရာ မှော်ခင်းကျင်းမှုကို အားကိုးရမည်ကို နားလည်သွားကြသည်။

သူတို့နှစ်ဦးစလုံး ပထမဆုံးအကြိမ်အဖြစ် အချိန်နှင့်နေရာ မှော်ခင်းကျင်းမှုကို တွေ့ကြုံရခြင်းဖြစ်၍ အနည်းငယ် စိတ်လှုပ်ရှား နေကြသည်။

All Chapters