အခန်း (၁၁၃)
Vol. 11 Ch. 113
ဤသည်မှာ တော်ဝင်အကယ်ဒမီကျောင်းပြင်ပတွင် မှော်ဆရာနှင့် သိုင်းပညာရှင် အများအပြား ကို ယွင်ရှန်း ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ပြီး အထူးသဖြင့် မှော်ဆရာများသည် ရှန်ကျင်းမြို့ရှိ အရပ်သားမှော်ဆရာအားလုံး ဤနေရာတွင် စုဝေးနေခြင်း ဖြစ်နိုင်သည်ဟု သူမ သံသယရှိခဲ့သည်။
လက်ရှိလူအများစုကတော့ သိုင်းပညာရှင် ဖြစ်နေတုန်းပင်။ ဘာပဲဖြစ်ဖြစ် မဟာကျိုးတွင် စစ်အင်အားဖြင့် အုပ်ချုပ် ထားတာကြောင့် သိုင်းပညာရှင်ဦးရေက အများစု ဖြစ်နေခြင်းပင်။
ယွင်ရှန်း၏ ရှင်နုန်းမျက်လုံးသည် ယခုအခါ အဏုမြူအဆင့်ကို ဖြတ်ကျော်ကာ ထိုးထွင်းသိမြင်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ လူများကို ကြည့်ရှုသည့်အခါ သူမ၏ အကြည့်သည် အထူးပင် ထက်မြက် လျက်ရှိသည်။
လက်ရှိရှိနေသော မှော်ဆရာများနှင့် သိုင်းပညာရှင်များထဲမှ သူမနှင့် တူညီသော စိုက်ပျိုးမှုအဆင့် ရှိသူများကို သူမ ခန့်မှန်းနိုင်သည်။ သူမထက် နှစ်ဆင့်ပိုမြင့်သော သိုင်းပညာရှင်ဖြစ်စေ၊ မှော်ဆရာဖြစ်စေ သူတို့ကိုတော့ သူမ ခွဲခြားနိုင်စွမ်း မရှိပေ။
သိုင်းပညာရှင်များ၏ ခွန်အားသည် အလွန်ကွာခြားပြီး အချို့မှာ သိုင်းမာစတာများ ဖြစ်ကြကာ အချို့မှာ သိုင်းဗိုလ်ချုပ်များကဲ့သို့ ပို၍ပင် မြင့်မားကြသည်။ မှော်ဆရာများမှာလည်း ထိုနည်းအတိုင်းပင် များစွာသောသူတို့သည် မှော်ပညာရှင်များ ဖြစ်ကြပြီး၊ အနည်းငယ်မှာ မဟာမှော်ဒါရိုက်တာများနှင့် မှော်မာစတာများ ဖြစ်ကြသည်။
သို့သော် လူအနည်းငယ်ကိုတော့ ယွင်ရှန်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
ထိုသူများထဲတွင် ဆင်ခေါ်သူအမျိုးသမီးနှင့် သူမနှင့်အတူပါလာသော အစေခံစစ်သည်တော်တို့ ပါဝင်သည်။ ဤနှစ်ဦးသည် အထူးမှော်ပညာ အချို့ကို အသုံးပြုခြင်း သို့မဟုတ် သူတို့၏ ခွန်အားကို ဖုံးကွယ်ထားသော အထူးတိုက်ခိုက်ရေးစွမ်းရည် အချို့ရှိသည်ဟု ယွင်ရှန်းက ခန့်မှန်းခဲ့သည်။
လက်ရှိဧည့်သည်များ၏ ခွန်အားကို အသေးစိတ်စစ်ဆေးပြီးနောက် အစွန်းရောက်မလိုအပ်ပါက ဤပုဂ္ဂိုလ်များကို မနှောင့်ယှက်ဘဲ ခေါင်းငုံ့နေရန် စိတ်ထဲတွင် တိတ်တဆိတ် စီစဉ် ထားလိုက်သည်။
"ကျောက်တုံးလောင်းကစားပွဲ စတင်ပါပြီ"
ခန်းမတစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ယွင်ရှန်း အကဲခတ်နေသည့်အချိန်အတွင်း ဧည့်သည်အဖွဲ့များသည် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စုဝေးခဲ့ကြသည်။
ယွင်ရှန်း၊ ချီနှင့် ဂူဖုန်းတို့သည် လူမမြင်နိုင်သော ထောင့်တစ်နေရာတွင် ရပ်ရန် ရွေးချယ်လိုက်ကြသည်။
"ဒုန်း" ကနဲ အသံနှင့်အတူ မှော်မီးလုံး တစ်လုံး မြေပြင်မှ ထွက်ပေါ်လာပြီး မီးရှူးမီးပန်းပမာ ခန်းမဆောင်အတွင်း၌ ကြီးကျယ်ခမ်းနားစွာ ပေါက်ကွဲ သွားသည်။
မှော်ဝတ်ရုံ ဝတ်ဆင်ထားသော မှော်ဆရာတစ်ဦးသည် မီးလုံးထဲမှ ပြုံးရွှင်စွာ ထွက်လာသည်။ ဤဧည့်သည်မှာ ခန့်ညားသော မျက်နှာနှင့် လိမ္မာပါးနပ်မှု အရိပ်အယောင်များ တောက်ပနေသည့် မျက်လုံးများရှိသော မှော်မာစတာတစ်ဦး ဖြစ်သည်။
တက်ရောက်လာသည့် သိုင်းပညာရှင်များသည် နှုတ်ခမ်းမဲ့ကာ မထီမဲ့မြင် ရှုံ့မဲ့လိုက်ကြသည်။ သူတို့ အမုန်းဆုံးအရာမှာ မှော်ဆရာများ၏ ကြီးကျယ်ခမ်းနားပုံရသော်လည်း လက်တွေ့မကျသော မှော်ပညာပြသမှုများ ဖြစ်သည်။
"ဝမ်လုံ လောင်းကစားရုံကို အားလုံးကို ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ လောင်းကစားရုံက မှော်ပညာရှင် လုံဟော့ပါ"
မြို့တော်၏ အကြီးဆုံး လောင်းကစားရုံ ဖြစ်သည့် ဝမ်လုံ လောင်းကစားရုံ၏ ပိုင်ရှင်မည်သူဖြစ်သည်ကို ခန့်မှန်းမှုများ အမြဲရှိခဲ့သော်လည်း ဝမ်လုံ လောင်းကစားရုံ၏ ပိုင်ရှင်ကို မည်သူမျှ အမှန်တကယ် မမြင်ဖူး ပေ။
သို့သော် ပိုင်ရှင်သည် ကြီးမားသော ခွန်အားနှင့် အံ့မခန်း ကြွယ်ဝချမ်းသာမှု ရှိသည်ဟု ဆိုကြသည်။
သူ၏ လက်အောက်ငယ်သားများတွင် ဝမ်လုံအစောင့်အဖွဲ့ သာမက လုံဟော့၊ လုံပင်း၊ လုံတူး၊ လုံဖုန်းကဲ့သို့သော မှော်မာစတာ အဆင့်ရှိ ပုဂ္ဂိုလ်များ အများအပြား ပါဝင်သည်။
ဤ မဟာမှော်မာစတာကြီးလေးဦးသည် လူအများရှေ့တွင် ပေါ်ထွက်ခဲ လေ့ရှိသည်။ ဤကဲ့သို့ ကျောက်တုံးလောင်းကစားပွဲများတွင်သာ သူတို့အထဲမှ တစ်ဦးဦး၏ ပုံရိပ်ကို တစ်ချက်တစ်ချက် မြင်တွေ့ရနိုင်သည်။
လုံဟော့သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ရုတ်တရက် သန်မာပြီး အစွမ်းထက်သော သိုင်းမာစတာအချို့သည် နတ်ဆိုးသားရဲ တစ်ကောင်ကို ထမ်း၍ ယူလာကြသည်။
ညတစ်ညအတွင်း လေလံတင်ရောင်းချမည့် နတ်ဆိုးသားရဲ စုစုပေါင်း အကောင်နှစ်ဆယ် ရှိသည်။ ယခင်က ကြားဖူးသည့်အတိုင်း ယွင်ရှန်းတို့ မြင်တွေ့ရသော ကျောက်တုံးလောင်းကစားပွဲမှ နတ်ဆိုးသားရဲများသည် အများအားဖြင့် သေဆုံးပြီးသား သို့မဟုတ် မကြာသေးမီကမှ သေဆုံး ထားသူများ ဖြစ်ကြသည်။
၎င်းတို့ကို ထိတွေ့ကြည့်လျှင် နတ်ဆိုးသားရဲများ၏ ကိုယ်ခန္ဓာနှင့် သားမွေးအများစုသည် နူးညံ့နေဆဲဖြစ်ပြီး နွေးထွေးနေဆဲပင်ဖြစ်ရာ ၎င်းတို့သည် သေတာမကြာသေးကြောင်း ပြသနေသည်။
ဤနတ်ဆိုးသားရဲများသည် အရွယ်အစားနှင့် မျိုးစိတ်များ ကွဲပြားကြသော်လည်း ၎င်းတို့အားလုံး၏ တူညီချက်မှာ ကောင်းမွန်သောအခြေအနေတွင် ရှိနေခြင်းဖြစ်ပြီး သေစေလောက်သော ဒဏ်ရာတစ်ခုတည်းသာ ရှိနေခြင်းဖြစ်သည်။ ဒဏ်ရာသည် မျက်လုံး သို့မဟုတ် ပါးစပ်ဧရိယာတွင် ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး၏ ပြည့်စုံမှုကို မထိခိုက်စေသော ဒဏ်ရာများသာ ရှိကြသည်။
ဤနတ်ဆိုးသားရဲများကို ဖမ်းဆီးသူများသည် ကျွမ်းကျင်သော မုဆိုးများဖြစ်မည်ကို မြင်သာသည်။
ဤနတ်ဆိုးသားရဲများကို မြင်တွေ့ရခြင်းကြောင့် ယွင်ရှန်း၏ စိတ်ထဲတွင် ထင်မြင်ယူဆချက်
တစ်ခု ဖြစ်ပေါ်လာသည်။ ဝမ်လုံ လောင်းကစားရုံ၏ နောက်ကွယ်တွင် ပိုမိုကြီးမားသော မုဆိုးစစ်သားအဖွဲ့ တစ်ခု ရှိရမည်။
သို့သော် ဤနတ်ဆိုးသားရဲများ၏ အဆင့်အတန်းကို ဆုံးဖြတ်ရန် အလွန်ခက်ခဲကြောင်းကိုလည်း ယွင်ရှန်း သဘောပေါက်လိုက်သည်။
ဥပမာအားဖြင့် ပထမဆုံး ထမ်း၍ယူလာသော ကြောင်နှင့်တူသည့် နတ်ဆိုးသားရဲကို ကြည့်ပါက ၎င်းသည် တတိယအဆင့် လေပြင်းကျားသစ်နှင့်တူသော်လည်း ပဉ္စမအဆင့် မိုးကြိုးကျားသစ် နှင့်လည်း အလွန်ဆင်တူနေသည်။
တစ်ချက်ကြည့်ရုံဖြင့် ဤနတ်ဆိုးသားရဲများသည် မည်သည့်အဆင့် မှ ပါဝင်သည်ကို ခွဲခြားရန် ခက်ခဲသည်။
တတိယအဆင့်နှင့် ပဉ္စမအဆင့်ကြားတွင် အဆင့်နှစ်ဆင့်သာ ကွာခြားသော်လည်း ဝိညာဉ်
ကျောက်တုံးများ၏ တန်ဖိုးမှာ အလွန်ကွာခြားသည်။
ဆိုရသော် တတိယအဆင့် လေပြင်းကျားသစ်သည် ဝိညာဉ်ကျောက်တုံး ထွက်ပေါ်နိုင်ခြေ ၂၀% သာရှိသော်လည်း ပဉ္စမအဆင့် မိုးကြိုးကျားသစ်၏ ဝိညာဉ်ကျောက်တုံးနှုန်းမှာ ၅၀% ဖြစ်သည်။
"ဒီမှာ နတ်ဆိုးသားရဲ အကောင်နှစ်ဆယ်တိတိရှိပါတယ်.. အကြီးအသေးစုံလို့ အားလုံးကလည်း သွေးမခြောက်သေးဘူး။ လုံဟော့ကတောင် သူ့ဂုဏ်သိက္ခာနဲ့ အာမခံထားသေးတာ။ ဒီအကောင်တွေထဲက ဝိညာဉ်ကျောက်တုံးတွေကိုသာ ထုတ်လိုက်လို့ကတော့ ပေါင်းစပ်မှုနှုန်းက ၅၀ ရာခိုင်နှုန်းအထက်မှာပဲ။ အခြေအနေကတော့ ရှယ်ပဲ"
လုံဟော့၏ အသံသည် ဟိန်းထွက်လာပြီး လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသည်။
ဝိညာဉ်ကျောက်တုံး လတ်ဆတ်လေလေ ပေါင်းစပ်မှုနှုန်း မြင့်လေလေ ဖြစ်သည်။ ယွင်ရှန်း၏ လျှို့ဝှက်ဆန်းကြယ်အရိုးလှံတံတွင် ပါရှိသော အကြီးစားမီးလျှံပေါက်ကွဲမှု ပါသည့် ဝိညာဉ်ကျောက်တုံးသည် ပေါင်းစပ်မှုနှုန်း မြင့်မားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကို နတ်ဆိုးသားရဲ၏ ကိုယ်ခန္ဓာမှ တိုက်ရိုက်ထုတ်ယူပြီး ချက်ချင်း ပေါင်းစပ်ခဲ့သောကြောင့် ဖြစ်သည်။
နတ်ဆိုးသားရဲ အကောင်နှစ်ဆယ်ကို ခန်းမထဲရှိ ခရစ္စတယ် ပြကွက်စင်များပေါ်တွင် တင်ထားပြီး အလင်းရောင်မှော်ခင်းကျင်းမှု အပေါ်တွင် ခင်းကျင်းပြသထားရာ လူများအား အကြမ်းပတမ်းအလှခံစားချက်ကို အလွယ်တကူ ဖြစ်ပေါ်စေသည်။
၎င်းတို့၏ စတင်လေလံဈေးမှာ ရွှေဒင်္ဂါးငါးရာ ဖြစ်သည်။
ဤအရေအတွက်သည် လွန်ခဲ့သော နာရီအနည်းငယ်က ယွင်ရှန်းနှင့် သူ၏ အဖော်များ တတ်နိုင်သည့် ပမာဏမဟုတ် သော်လည်း ကံကောင်းစွာဖြင့် ယွင်ရှန်း၏ ရဲရင့်သော လောင်းကစားက သူတို့ကို လုံလောက်သော အရင်းအနှီး ရရှိစေခဲ့သည်။
ယွင်ရှန်း မျှော်လင့်ထားသည့်အတိုင်းပင် နတ်ဆိုးသားရဲများကို စစ်ဆေးကြည့်ပြီးနောက် လူအများစုသည် ခေါင်းကို မရပ်မနား ခါယမ်း နေကြသည်။ မုဆိုးစစ်သားအတွေ့အကြုံရှိသော သိုင်းပညာရှင်များနှင့် မှော်ဆရာများသည်ပင် ဤနတ်ဆိုးသားရဲများ၏ တိကျသောအဆင့်ကို ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိကြပေ။
အလွန်ခက်ခဲလွန်း လှသည်။
အခြားသော သိုင်းပညာရှင်များနှင့် မုဆိုးစစ်သားများကဲ့သို့ပင် ယွင်ရှန်းနှင့် သူ၏အဖော်များသည်လည်း နတ်ဆိုးသားရဲတစ်ကောင်ချင်းစီကို ဂရုတစိုက်နှင့် စိတ်ရှည်လက်ရှည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သားမွေးမှသည် ခြေသည်းများအထိ ထို့နောက် အရောင်အသွေးကိုပါ ကြည့်ရှုကြသည်။
၎င်းသည် အမှန်တကယ် ခက်ခဲလွန်းသောကြောင့် နတ်ဆိုးသားရဲများကို ရွေးချယ်ရာတွင် အဆင့် သာမကဘဲ သင့်လျော်သော မှော်ဂုဏ်သတ္တိနှင့် ကိုက်ညီမှုလည်း ပါဝင်သည်။ မဟုတ်ပါက ဂုဏ်သတ္တိများ မကိုက်ညီခြင်း သို့မဟုတ် တစ်ဦးကိုတစ်ဦး တန်ပြန်ခြင်း ဖြစ်ပါက အဆင့်မြင့် နတ်ဆိုးသားရဲကို ဝယ်ယူခဲ့လျှင်ပင် အလဟသ ဖြစ်သွားနိုင်သည်။
နတ်ဆိုးသားရဲများ၏ တိကျသောအဆင့်ကို ခွဲခြားမရနိုင်သော ကြောင့် လူအများစုသည် ရှေးရိုးစွဲချဉ်းကပ်မှုကို တညီတညွတ်တည်း ရွေးချယ်ခဲ့ကြသည်။ ၎င်းမှာ ကိုယ်ထည်ပိုကြီးသော နှင့် ပိုမိုကြမ်းတမ်းသော သဘောသဘာဝရှိသည့် နတ်ဆိုးသားရဲများကို ရွေးချယ်ခြင်းပင် ဖြစ်သည်။
မည်သို့ဆိုစေကာမူ နတ်ဆိုးသားရဲများ၏ ကမ္ဘာသည်လည်း မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သည်။ နတ်ဆိုးသားရဲ ပိုမိုကြမ်းတမ်းလေလေ ပိုမိုမြင့်မားသောအဆင့်ကို မကြာခဏ ဖော်ပြလေလေ ဖြစ်သည်။
"ဂူဖုန်း မင်း ဘယ်ကောင်ကို သဘောကျလဲ"
ယွင်ရှန်းသည် ပတ်ပတ်လည်ရှိ နတ်ဆိုးသားရဲများကို လှမ်းကြည့်လိုက်သည်။
"သူတို့က အရမ်းဆင်တူနေတယ်... အစက... အဲဒီ ကျားသစ်ကောင်က... တော်တော်ကောင်းတယ် လို့ ထင်ခဲ့တာ... ဒါပေမဲ့ နောက်မှ ကြည့်လိုက်တော့... သာမန်တောင်ကျားသစ် နဲ့ တူနေတယ်"
ဂူဖုန်းသည် ရွေးချယ်ရခက်သော ဝေဒနာ ခံစားရသူ၏ ပုံစံမျိုးဖြစ်သည်။ သူ့ကို ဆုံးဖြတ်ချက်ချခိုင်းခြင်းသည် တိုက်ခိုက်ရေးမှော်ပညာသင်တန်းကို တက်ခိုင်းခြင်းထက် ပို၍ ခက်ခဲသည်။
ခိုင်မာသော ကိုယ်ထည်နှင့် ချောမောသော ပုံသဏ္ဌာန် ရှိသည့် ထိုမှော်ကျားသစ်သည် လူအများ၊ အထူးသဖြင့် ထိုသိုင်းပညာရှင်များ၏ သဘောကျမှုကို ဖမ်းစားခဲ့သည်။ ၎င်းသည် ပဉ္စမအဆင့် မိုးကြိုးကျားသစ် ဖြစ်ပါက ၎င်း၏ ဝိညာဉ်ကျောက်တုံးကို ထုတ်ယူ၍ လက်နက် သို့မဟုတ် လက်ရှည်အင်္ကျီတွင် ထည့်သွင်းပါက ၎င်းတို့၏ တိုက်ခိုက်မှုအားကို များစွာ တိုးမြှင့် နိုင်မည်ဖြစ်သည်။
ယွင်ရှန်းသည် တိတ်တဆိတ် မျက်လုံးမှေးချလိုက်သည်။
ရှင်နုန်းမျက်လုံး ဒုတိယအဆင့် ထိုးထွင်းသိမြင်မှုကို စတင်အသုံးပြုလိုက်သည်။
မှော်ဝတ်ရုံအောက်တွင် ယွင်ရှန်း၏ မျက်လုံးနက်များသည် ဖျော့တော့သော ရွှေရောင်အသွေးကို လျင်မြန်စွာ ပြောင်းလဲသွားသည်။
သူမ၏ အကြည့်သည် နတ်ဆိုးသားရဲ တစ်ကောင်ချင်းစီကို ဖြတ်သန်းသွားသည်။
ထိုးထွင်းသိမြင်မှုအဆင့်တွင် ထိုနတ်ဆိုးသားရဲများ၏ အပြင်ပန်းပုံပန်းသဏ္ဌာန်များသည် အရေးမပါတော့ဘဲ သူတို့၏ လှည့်ဖြားတတ်သော အပေါ်ယံအလွှာများ ပျောက်ကွယ်သွားသည်။
ယွင်ရှန်း၏ ရှေ့တွင် ပေါ်လာသည်မှာ မှော်စွမ်းအင်များ၏ အစီအစဉ်တစ်ခု ဖြစ်ပြီး အချို့မှာ အားကောင်းကာ အချို့မှာ အားနည်းပြီး အရောင်အမျိုးမျိုး ရှိသည်။
အရောင်အသွေးစုံလင်သော အစီအစဉ်များကြားတွင် ယွင်ရှန်း၏ မျက်ဆံများသည် အနည်းငယ် လှုပ်ရှား သွားပြီး အချို့အရာများကို ရှာဖွေတွေ့ရှိလိုက်သည်။