← Chapters

အခန်း (၁၁၄)

Vol. 11 Ch. 114

အခန်း (၁၁၄)

Vol. 11 Ch. 114

ယွင်ရှန်းသည် ရှင်နုန်းမျက်လုံးများဖြင့် သားရဲကို သေချာကြည့်ရှုရန် ပြင်ဆင်နေချိန်တွင် သူမ၏နောက်မှ ဆင်ခြင်တုံတရားကင်းမဲ့သော အသံ တစ်ခု ထွက်ပေါ်လာသည်။

"ဖယ်ပေး ဒီသခင်လေးက ဒီကျားသစ်ကို သဘောကျနေတယ်"

ဆယ်နှစ်ဝန်းကျင် ကောင်လေး တစ်ဦးနှင့်အတူ မှူးမတ်အမျိုးသမီး တစ်ဦး ရောက်လာပြီး သိုင်းပညာရှင် ဆယ်ဂဏန်းကျော်က ခြံရံထားသည်။

တကယ်ပင် ရန်သူချင်း မလွဲမသွေ ဆုံတွေ့ ကြရသည်မှာ အမှန်ပင်။ ကျောက်တုံးဖြတ်ပွဲသို့ နောက်ဆုံးမှ ရောက်လာသူများမှာ ယန်ချန်ယွဲ့နှင့် တန်ယုဖြစ်ကာ ထိပ်တန်းသားအမိ စုံတွဲဖြစ်နေသည်။

ယွင်ရှန်းသည် သိုင်းသူတော်စင် ဗိုလ်ချုပ်အိမ်တော်၌ ခိုလှုံရန် စိတ်ပျက်အားလျှော့ ပြီးနောက် ယန်ချန်ယွဲ့သည် သူမကို တိတ်တဆိတ် ခြေရာခံရန် လူများ စေလွှတ် ခဲ့သည်။ သူတို့ကို ရှောင်တိမ်းနိုင်ပြီးနောက် ယန်ချန်ယွဲ့သည် အလျော့မပေးဘဲ မြို့တွင်းရှိ ယွင်ရှန်းနှင့် သူမဖခင်တို့၏ တည်နေရာကို ဆက်လက်စုံစမ်း နေခဲ့သည်။

ယန်ချန်ယွဲ့သည် မြို့တစ်မြို့လုံးရှိ တည်းခိုခန်းများနှင့် အရက်ဆိုင်များတွင် သတင်းပေးများ ထားရှိခဲ့သော်လည်း ယွင်ရှန်းနှင့် သူမ၏ဖခင်တို့ကို ရှာမတွေ့သောအခါ သူတို့ ထွက်ခွာသွားပြီ ဟု တွေးထင်ခဲ့သည်။

ယွင်ရှန်းသည် တော်ဝင်မှော်အကယ်ဒမီသို့ ဝင်ရောက်သွားလိမ့်မည်ဟု သူမ အနည်းငယ်မျှ မမျှော်လင့်ခဲ့ဘဲ ဤအချိန်တွင် သူမသည် မှော်ဝတ်ရုံ ဝတ်ဆင်လျက် သူမရှေ့တွင် ရပ်နေခဲ့သည်။

တန်ယု၏ တိုက်ပွဲအိမ်မွေးတိရစ္ဆာန်ကို ယွင်ရှန်း သတ်လိုက်သောကြောင့် ရက်ပေါင်းများစွာ အိမ်တွင် မျက်နှာငယ်ကာ စိတ်ကောက် နေခဲ့သည်။

သူမ၏ အဖိုးတန်သားလေးကို ချော့မော့ရန်အတွက် ယန်ချန်ယွဲ့သည် မြို့ပတ်ပတ်လည်တွင် စုံစမ်းမေးမြန်းခဲ့ပြီး ယနေ့ည ဝမ်လုံ လောင်းကစားရုံမှ ကျောက်တုံးဖြတ်ပွဲ အကြောင်းကို ကြားသိခဲ့ရသည်။ တန်ယုကို မြှူဆွယ်ပြီး သူ၏ လက်မောင်းကာပေါ်တွင် ထည့်သွင်းရန် ထိပ်တန်းဝိညာဉ်ကျောက်တုံး တစ်ခု ဝယ်ပေးမည်ဟု ကတိပေးခဲ့သည်။

တန်ယုသည် သိုင်းပညာရှင် ဖြစ်ပြီး မကြာမီတွင် ကောင်းမွန်သော ဝိညာဉ်ကျောက်တုံး တစ်ခုကို နေရာတိုင်းတွင် ကြွားဝါ နိုင်မည်ဟူသော အကြံက သူ့လို အကျင့်ပျက်သူ၏ စိတ်ဓာတ်ကို ဆွဲဆောင်ခဲ့သည်။

"မေမေ ကျွန်တော် အဲဒီ ကျားသစ်ရဲ့ ဝိညာဉ်ကျောက်တုံးကို လိုချင်တယ်"

တန်ယု၏ တြိဂံပုံသဏ္ဌာန် မျက်လုံးများသည် ကျားသစ်ကို မြင်သောအခါ လောဘဖြင့် တောက်ပ လာသည်။

စစ်သူကြီး၏ သမီးဖြစ်သူ ယန်ချန်ယွဲ့သည် စောစီးစွာ လက်ထပ်ခဲ့ပြီး နှစ်များတစ်လျှောက်လုံး ယွင်အိမ်တော်၏ အိမ်ထောင်ရေးကိစ္စများကို စီမံခန့်ခွဲ ခဲ့သည်။ သူမသည် နတ်ဆိုးသားရဲများအကြောင်းကို နားမလည်ခဲ့ပေ။ သူမ၏နောက်မှ သိုင်းပညာရှင်တစ်ဦးကို ရှေ့တက်ကာ ကျားသစ်ကို စစ်ဆေးရန် လက်ယပ်ခေါ်လိုက်သည်။

"အမေ ကြည့်ဖို့မလိုပါဘူး။ သိုင်းပညာခန်းမက ဆရာတွေ ပြောတာကို ကျွန်တော် ကြားဖူးတယ်။ ပဉ္စမအဆင့် မိုးကြိုးကျားသစ်က မည်းနက်နေတဲ့ သားမွေး၊ ရွှေခေါင်းလောင်းလို မျက်လုံးတွေနဲ့ ခြေထောက်ရှည် တွေ ရှိတယ်။ ဒီကျားသစ်ကို ကြည့် အချက်အလက်တွေ အကုန်ကိုက်ညီနေတယ်၊ မိုးကြိုးကျားသစ် ဖြစ်ကို ဖြစ်ရမယ်"

တန်ယုသည် သိုင်းပညာရှင်အား ရှေ့သို့တက်လာရန် မလိုချင်ခဲ့ပေ။ သူ၏ ထူးခြားသော အမြင်အာရုံကို ယုံကြည်မှုရှိပြီး သူ အသိအမှတ်ပြုထားသည့်အရာသည် မိုးကြိုးကျားသစ် ဖြစ်ကြောင်း သေချာသည်ဟု ယုံကြည်နေသည်။

ဂူဖုန်းက တီးတိုးရွတ်လိုက်သည်။

"ကျားသစ်တိုင်း က... အတိအကျ... အဲဒီလို ပုံစံ... မဟုတ်ဘူးလေ"

သို့သော် နားပါးသော တန်ယုသည် ဤစကားကို ကြားသောအခါ အမျက်ဒေါသထွက်လာသည်။

"ဘာပြောလိုက်တာလဲ။ မင်းက…" ဟု အော်သည်။

သူသည် ဒေါသတကြီးဖြင့် ရှေ့သို့ပြေးဝင် သွားပြီး ဂူဖုန်းကို ထိုးနှက်ရန် ပြင်လိုက်သည်။

ထိုအခါမှ မှော်လှံတံနှစ်ခု သူ့ဆီသို့ ချိန်ရွယ်ထားသည်ကို သူ မြင်လိုက်ရသည်။ ထိုအခါမှ သူ၏ရှေ့မှ လူသုံးဦးစလုံးသည် မှော်ပညာရှင်တံဆိပ်ပြား တပ်ဆင်ထားသော ဝတ်ရုံများကို ဝတ်ဆင်ထားကြောင်း သတိပြုမိလိုက်သည်။

"မင်းတို့ ဘာလုပ်နေတာလဲ။ အဆင့်နိမ့် မှော်ပညာရှင်လေးတွေ။ ငါ့ရဲ့ အဘိုးက နာမည်ကျော် သိုင်းသူတော်စင် ဗိုလ်ချုပ် ယန်ပါးဟိုပဲ"

တန်ယုသည် မာနကြီးစွာ အော်ဟစ်လိုက်ပြီး သူက အကြီးအကဲပမာ ပြုမူသည်။

"ယုယု ဒီ အရေးမပါတဲ့သူတွေနဲ့ စကားပြောပြီး အချိန်မဖြုန်းပါနဲ့။ သားရဲ့အမြင်က အကောင်းဆုံးပဲ။ အမေ အဲဒီကျားသစ်ကို ဝယ်ပေးမယ်"

ယန်ချန်ယွဲ့သည် ထိုသုံးဦးကို မထီမဲ့မြင် ကြည့်လိုက်သည်။ သူမ၏ ရိုင်းစိုင်းသော စကားများ က သူမ၏ လှပတင့်တယ်သော ပုံပန်းကိုပင် ပို၍ အရောင်မှိန်စေသည်။

သူတို့သည် မှော်ပညာရှင်များ ဖြစ်သော်ငြားလည်း သူတို့၏ ဝတ်ရုံများမှာ ဟောင်းနွမ်းစုတ်ပြဲ နေသည်မှာ သူတို့သည် သာမန်မှော်ပညာရှင်များသာ ဖြစ်ကြောင်း ပြသနေသည်။ သူမအတွက် ဤလူများသည် ဖယ်ရှားရခက်သော လမ်းဘေးခွေး များကဲ့သို့ပင်။

တန်ယုသည် ထိုသုံးဦးဘက်သို့ တံတွေးထွေးလိုက်ပြီး ယန်ချန်ယွဲ့နောက်မှ ပျော်ရွှင်စွာ နတ်ဆိုးသားရဲ ရွေးရန် လိုက်ပါသွားသည်။

"ဂူဖုန်း စိတ်ထဲမထားပါနဲ့"

ယွင်ရှန်း စိတ်ထဲတွင် သက်ပြင်းချ လိုက်သည်။ ယွင်အိမ်တော်သည် ဤ သားအမိလက်ထဲတွင် ပျက်စီးသွားမည်မှာ မလွဲဧကန် ဖြစ်သည်။

ယန်ချန်ယွဲ့ကြောင့် ယွင်ရှန်း၏ ယွင်အိမ်တော်အပေါ် အထင်အမြင်က အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့သည်။

သူမသည် ဤသားအမိကို သင်ခန်းစာပေးချင် သော်လည်း သူတို့ဘေးတွင် ယွင်အိမ်တော်မှ အစောင့်များ အများအပြား ရှိနေ၍ တိုက်ခိုက်ရန် အခွင့်အရေး ရှာမတွေ့ခဲ့ပေ။

ယန်ချန်ယွဲ့နှင့် သူမ၏သားသည် ထိုကျားသစ်ကို အလွန်စိတ်ဝင်စားနေသည်ကို မြင်သောအခါ ယွင်ရှန်း၏ ရှင်နုန်းမျက်လုံးများ လင်းလက်သွားပြီး ကျားသစ်ကို ကြည့်လိုက်သည်။

သူမ၏ ဝတ်ရုံအောက်တွင် ယွင်ရှန်း၏ ပါးစပ်ထောင့်များ လှောင်ပြောင်ပြုံး လိုက်သည်။

မမျှော်လင့်ဘဲ ဂူဖုန်း၏ မတော်တဆ မှန်းဆချက်သည် အတိအကျ မှန်ကန်နေသည် ကို တွေ့လိုက်ရသည်။

နတ်ဆိုးသားရဲနှင့် သာမန်တောရိုင်းတိရစ္ဆာန်ကြား ကွာခြားချက်မှာ ၎င်း၏အတွင်းရှိ မှော်

စွမ်းအင်များပင်ဖြစ်သည်။ မတူညီသော ဂုဏ်သတ္တိများနှင့် အဆင့်ရှိသော နတ်ဆိုးသားရဲများတွင် မှော်စွမ်းအင်ပမာဏ အမျိုးမျိုး ရှိကြသည်။

ကျောက်တုံးလောင်းကစားပွဲတွင် အပူဆုံးခေါင်းစဉ် ဖြစ်နေသော ထိုမိုးကြိုးကျားသစ်သည် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် အနည်းငယ်မျှသော မှော်စွမ်းအင် လှုပ်ရှားမှုပင် မရှိ ပေ။

ယွင်ရှန်းသည် ၎င်းကို အတွင်းရော အပြင်ပါ သေချာစစ်ဆေးခဲ့သည်။

၎င်းသည် အတွင်း၌ ဝိညာဉ်ကျောက်တုံးပင် မရှိသော သာမန်တောင်ကျားသစ် တစ်ကောင်သာ ဖြစ်နေသည်မှာ ရှင်းလင်းသည်။

၎င်းကို ဝယ်ယူပြီး ပြန်သယ်သွားပါက အမှန်တကယ် သွေးအန် ရလိမ့်မည်။

သူမသည် ရှေ့သို့တက်ကာ "ဒီနတ်ဆိုးသားရဲက မယုံနိုင်လောက်အောင် တန်ဖိုးရှိရမယ်။ ငါတို့လည်း လေလံဆွဲပြီး ဝယ်လိုက်ရင် ဘယ်လိုလဲ" ဟု ပြောလိုက်သည်။

သူမ၏ စကားများသည် ဂူဖုန်းနှင့် ချီတို့အား ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်။

ဤစကားကို ကြားသောအခါ ဂူဖုန်းသည် ခေါင်းကို မရပ်မနား ခါယမ်းလိုက်သည်။

"ရွှေဒင်္ဂါး ၅၀၀... အရမ်းဈေးကြီးတယ်... ဒါ့အပြင် ငါတို့က အမြင်မကောင်း ကြဘူး... သာမန် မြေကျားသစ်တစ်ကောင် ဖြစ်နေရင်... ဆိုးဆိုးဝါးဝါး ဖြစ်သွားလိမ့်မယ်"

သို့သော် ချီသည် ဂူဖုန်းထက် ပို၍ လိမ္မာပါးနပ်သည်။ သူသည် ယွင်ရှန်း၏ စကားများမှ အဓိပ္ပာယ်ကို နားလည် သွားပြီး ရှေ့သို့တက်လာကာ သားရဲကို လွှတ်မထားနိုင်သည့် လေသံမျိုးဖြင့် ပြောလိုက်သည်။

"ကျွန်တော် ငယ်စဉ်က မိုးကြိုးကျားသစ်ကို အမဲလိုက်တာ မြင်ဖူးတယ်။ ဒီကောင်နဲ့ ပုံစံတူပဲ"

"လူပျက်လေး လစ်လိုက်တော့။ ဒီကျားသစ်က ငါ့ဟာ"

တန်ယုသည် တစ်စုံတစ်ယောက်က သူ့အား ကျားသစ်အတွက် ပြိုင်ဆိုင်ရန် ကြိုးစားသည်ကို ကြားသောအခါ အမျက်ဒေါသ ပေါက်ကွဲလာသည်။

"မေးပါရစေ သခင်လေး ဝိညာဉ်ကျောက်တုံး ဘယ်လိုဖြစ်လာလဲဆိုတာ သိပါရဲ့လား"

ချီသည် သူတစ်ပါးကို သူ့အပေါ် ဖိအားပေးစေမည့် စိတ်မျိုးမရှိပေ။ သူသည် မကောင်းသော အပြုံးဖြင့် ပြုံးလိုက်ပြီး သူ၏ ပတ်ပတ်လည်တွင် ရေခဲကဲ့သို့ အေးစက်သော ခံစားမှုကို ထုတ်လွှတ်လိုက်သည်။

တန်ယု တုန်ယင်သွားသည်။ မှော်ဝတ်ရုံဝတ်ထားသည့် ဤမှော်ပညာရှင်သည် သူ့လောက် ခန္ဓာကိုယ် မသန်မာသော်လည်း သူနှင့် အနီးကပ်ရပ်နေသောအခါ ရေခဲတုံးကြီးဘေးတွင် ရပ်နေရသလို ခံစားရသည်။

"ဝိညာဉ်ကျောက်တုံး ရရှိဖို့အတွက် နတ်ဆိုးသားရဲရဲ့ အရေပြားကို ခွာချရတယ်။ နတ်ဆိုးသားရဲအသားတွေကို အပိုင်းပိုင်းဖြတ်ရတယ်။ ပြီးမှ အရိုးတွေကို တစ်စစီဖယ်ရှားရပြီး နတ်ဆိုးသားရဲရဲ့ အတွင်းပိုင်းထဲကနေ တူးဖော်ရတယ်"

ချီက တန်ယု၏ ရှေ့တွင် သွေးထွက်သံယိုမြင်ကွင်းကို ဆေးခြယ်ပြသနေသကဲ့သို့ ဆက်ပြောသည်။

ကျောက်တုံးလောင်းကစားပွဲ၏ ဆွဲဆောင်မှုသည် ဝိညာဉ်ကျောက်တုံးအမျိုးမျိုးကို လောင်းကစားခြင်းတွင်သာမက နောက်ထပ် ပိုကြီးသော အဓိကအချက် ဖြစ်သည့် ကျောက်တုံးဖြတ်ခြင်းတွင်လည်း တည်ရှိသည်။

ဝမ်လုံ လောင်းကစားရုံမှ နတ်ဆိုးသားရဲကို ရောင်းချပြီးနောက် သားရဲကို ထိုနေရာတွင်ပင် သတ်ဖြတ် ပေးမည်ဖြစ်သည်။

လေလံအောင်သူသည် ဝမ်လုံ လောင်းကစားရုံကို သတ်ဖြတ်ခိုင်းနိုင်သည် သို့မဟုတ် ကိုယ်တိုင်လုပ်ဆောင်ခြင်း ကို ရွေးချယ်နိုင်သည်။

သို့သော် ဝမ်လုံ လောင်းကစားရုံကို ကျောက်တုံးဖြတ်ခိုင်းပါက လေလံဈေး၏ ၃၀% နှင့် ညီမျှသော ထပ်ဆောင်းအခကြေးငွေကို ဖြတ်တောက်ခြင်းဝန်ဆောင်မှုအတွက် ပေးဆောင်ရမည်

ဖြစ်ပြီး ဝမ်လုံ လောင်းကစားရုံသည် ကျောက်တုံးဖြတ်တောက်မှု အောင်မြင်မည်ဟု အာမခံချက်မပေးပေ။

မည်သို့ဆိုစေကာမူ နတ်ဆိုးသားရဲ၏ အဆင့် ပိုမိုမြင့်မားလေလေ ၎င်း၏ ဝိညာဉ်ကျောက်တုံးကို ရှာဖွေရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်။

ကျောက်တုံးဖြတ်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးသည် အတော်အတန် သွေးထွက်သံယို ဖြစ်သော်လည်း ၎င်းသည် နေ့စဉ်ဘဝပြင်ပတွင် မြင်တွေ့ရခဲသော မြင်ကွင်း တစ်ခုဖြစ်သည်။

ကိုယ်ခံအားနည်းသူများသည် ထိုနေရာတွင် ချက်ချင်းခံနိုင်ရည် မရှိနိုင်ပေ။

ချီ၏ အေးစက်သော အသံကြောင့် တန်ယု၏ လက်ချောင်းခြေချောင်းများသည် အကြောင်းပြချက်မရှိဘဲ အားအင်ချိနဲ့ လာပြီး အလွန်ပင် အားမရှိသော ပုံစံဖြင့် ထိန်းမနိုင်သိမ်းမရ တုန်ခါ နေသည်။

"ယွင် ယွင်ရှန်း... ကြောက်စရာကောင်းလိုက်တာ... ငါတို့..."

ဂူဖုန်းသည်လည်း ကြောက်လန့်တကြား ဖြစ်သွားသည်။ သူသည် ကျောက်တုံးလောင်းကစားပွဲ၏ ဤရှုထောင့်ကို ကြိုတင်မတွေးမိ ခဲ့ပေ။

ယွင်ရှန်းသည် ရယ်မောခြင်းကို မထိန်းနိုင်ဖြစ်သွားသည်။ ပုံမှန်အားဖြင့် တိတ်ဆိတ်နေသော ကလေး ဖြစ်သည့် ချီသည် ဤမျှ ပါးနပ်ပြီး ဆိုးသွမ်းမှုအပြည့် ရှိသည်ကို မမျှော်လင့်မိခဲ့ပေ။

တန်ယု၏ လက်ရှိအခြေအနေကို ကြည့်ရသည်မှာ သူသည် ယခုအချိန်တွင် ကြောက်လန့်ပြီး တောင့်တင်းနေပြီ ဖြစ်ရမည်။

"ငါတို့ လာရတဲ့ ရည်ရွယ်ချက်ကို အာရုံစိုက် ကြစို့။ တကယ်တော့ ကျောက်တုံးဖြတ်တာက ကြောက်စရာ မဟုတ်ပါဘူး"

ယွင်ရှန်းသည် ရှုခင်းအပေါ် စိတ်ဝင်စားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ယနေ့သူမ လာရောက်ခြင်းသည် ဂူဖုန်းအတွက် သင့်လျော်သော ဝိညာဉ်ကျောက်တုံး ရှာရန်ဖြစ်ကြောင်း သတိရလိုက်သည်။

ယွင်ရှန်းသည် ပတ်ပတ်လည်ကို တစ်ကြိမ်ထပ်မံ ကြည့်ရှု လိုက်သော်လည်း လက်ရှိရှိနေသော နတ်ဆိုးသားရဲ ဝိညာဉ်ကျောက်တုံးများထဲမှ ဂူဖုန်း၏ မှော်ဂုဏ်သတ္တိနှင့် ကိုက်ညီခြင်းမရှိ သည်ကို တွေ့ရှိရသဖြင့် စိတ်ပျက်မိ သည်။

All Chapters