← Chapters

အခန်း (၁၁၅)

Vol. 11 Ch. 115

အခန်း (၁၁၅)

Vol. 11 Ch. 115

စိတ်ပျက်အားငယ်မှုအချို့ဖြင့် ယွင်ရှန်းသည် သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ယန်ချန်ယွဲ့နှင့် သူမ၏သား တို့သည် ဧည့်သည်အများစုကဲ့သို့ နတ်ဆိုးသားရဲအချို့ကို အာရုံစိုက် နေချိန်ကို အခွင့်ကောင်းယူကာ အခြားသူများ၏ လုပ်ရပ်များကို လျှို့ဝှက်စွာ စောင့်ကြည့် နေသည်။

ကျောက်တုံးလောင်းကစားပွဲသို့ ဝင်ရောက်လာကတည်းက ယွင်ရှန်းသည် လူတစ်ဦးတည်းကိုသာ အမှန်တကယ် အာရုံစိုက်ခဲ့သည်။

သူမသည် ထိုဆင်ခေါ်သူအမျိုးသမီးနှင့် သူမဘေးမှ သူမ၏ စစ်သည်တော်အစေခံပင်။

ဤကဲ့သို့သော စိုက်ပျိုးမှုအဆင့် ရှိသူများသည် ဝမ်လုံ လောင်းကစားရုံ၏ ကျောက်တုံးလောင်းကစားပွဲသို့ စတုတ္ထနှင့် ပဉ္စမအဆင့် နတ်ဆိုးသားရဲများအတွက် လာရောက်မည်မဟုတ်သည်မှာ သေချာသည်။ သူတို့သည် ဤပွဲသို့ တက်ရောက်ရန်အတွက် သတင်းအချက်အလက်အချို့ ရရှိထားခြင်း ဖြစ်ရမည်။

ယွင်ရှန်း၏ စောင့်ကြည့်လေ့လာမှုများက ဤအချက်ကို ပိုမိုအတည်ပြု ပေးခဲ့သည်။

အခြားသူများနှင့် မတူဘဲ ဆင်ခေါ်သူအမျိုးသမီးသည် အထင်ရှားဆုံး သားရဲကို ကြည့်ရှုရန် လူအုပ်ထဲသို့ မဝင်ဘဲ အခြားသော သိပ်မထင်ရှားသော နတ်ဆိုးသားရဲအချို့ကိုသာ စစ်ဆေးခဲ့သည်။

သူမ၏ အကြည့်သည် နတ်ဆိုးသားရဲတစ်ကောင်ပေါ်သို့ ကျရောက်သွားပြီး အထူးသဖြင့် သာမန် မြေကာလိပ်တစ်ကောင်ပေါ်တွင် ဖြစ်သည်။

မြေကာလိပ်သည် စတုတ္ထအဆင့် နတ်ဆိုးသားရဲ ဖြစ်ပြီး ကြိတ်ခွဲပြားအရွယ်အစား ခန့်ရှိကာ အလွန်လေးလံ နေပုံရသည်။

၎င်းသည် နှေးကွေးစွာ လှုပ်ရှား ပြီး ခိုင်မာသော ကာကွယ်မှု ရှိခြင်းမှလွဲ၍ အခြားအားသာချက် မရှိသလောက်ပင်။

ထိုကဲ့သို့သော နတ်ဆိုးသားရဲသည် ဆင်ခေါ်သူတစ်ဦး၏ အာရုံကို ဆွဲဆောင်နိုင်သည်မှာ ဘာများ ထူးခြားနေလို့လဲ။

ဤမြေကာလိပ်တွင် အထူးအရာတစ်ခုခု ရှိနေနိုင်သလား။

ယွင်ရှန်းသည် သူမ၏ အကြည့်ကို ပိုမိုစူးရှအောင် မလုပ်မိဘဲ မနေနိုင်ဘဲ သူမ၏ ရှင်နုန်းမျက်လုံးများတွင် အလင်းတန်းများ တဖျတ်ဖျတ်လက် လာသည်။

သေချာစွာ စစ်ဆေးကြည့်လိုက်သောအခါ ယွင်ရှန်းသည် လိပ်၏ ထူထဲသော အခွံအောက်တွင် ထူးခြားသောအရာတစ်ခုကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

မှော်စွမ်းအင် နှစ်မျိုးလား။

ဤမြေကာလိပ်၌ အားနည်းသော်လည်း ကွဲပြားသော မှော်စွမ်းအင် နှစ်မျိုးရှိနေသည်။

အလွန် အားနည်းသော်လည်း ဤလိပ်၏အတွင်း၌ အနည်းဆုံး ဝိညာဉ်ကျောက်တုံးနှစ်တုံး ရှိနေနိုင်သည်ဟု ယွင်ရှန်း သံသယရှိခဲ့သည်။

ဤစတုတ္ထအဆင့် နတ်ဆိုးသားရဲသည်လည်း ဗီဇပြောင်းလဲထားသောနတ်ဆိုးသားရဲ တစ်ကောင် ဖြစ်နေနိုင်သလား။

ပြီးခဲ့သည့်အကြိမ် ယွဲ့ဝူတောင်တန်းတွင် ယွင်ရှန်းနှင့် တုန်းဟွမ်လင်းလင်းတို့သည် C အဆင့်ရှိ အလိုရှိနေသော မှော်သားရဲ တစ်ကောင်နှင့် ဆုံတွေ့ခဲ့ဖူးရာ ၎င်းမှာ ဗီဇပြောင်းနတ်ဆိုးသားရဲ တစ်ကောင်ဖြစ်သည်။

ဗီဇပြောင်းနတ်ဆိုးသားရဲများသည် တိုက်ကြီးပေါ်တွင် တွေ့ရခဲပြီး ဝိညာဉ်ကျောက်တုံး နှစ်တုံးပါသော ဗီဇပြောင်းနတ်ဆိုးသားရဲမှာမူ သာ၍ပင် ရှားပါး သည်။

ထိုဆင်ခေါ်သူတွင် ရှင်နုန်းမျက်လုံး ရှိနိုင်မည်မဟုတ်ပေ။ သူမသည် အခြားနည်းလမ်းတစ်ခုခုကို အသုံးပြု၍ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ရမည်။ ထို့ကြောင့်လည်း ထိုမြေကာလိပ်ကို အထူးတလည် အာရုံစိုက် နေခြင်းဖြစ်သည်။

ရှင်နုန်းမျက်လုံးရှိ၍ လိပ်အတွင်း၌ မှော်စွမ်းအင်နှစ်မျိုးရှိကြောင်း အတည်ပြုနိုင်သော ယွင်

ရှင်မှလွဲ၍ ထိုဆင်ခေါ်သူနှင့် သူမ၏ စစ်သည်တော်အစေခံတို့မှာမူ ဤလိပ်တွင် ပုံမှန်

မဟုတ်သော အရာတစ်ခုခု ရှိနေသည်ဟု ဝေဝေဝါးဝါးသာ ခန့်မှန်းနိုင်ကြသည်။

ယွင်ရှန်းသည် သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်သည်။

ရွေးချယ်မှုအချို့ ပြုလုပ်ပြီးနောက် ဧည့်သည်များအားလုံးသည် သူတို့ စိတ်ကြိုက် နတ်ဆိုးသားရဲများကို ရွေးချယ်ပြီး ဖြစ်သည်။

"ယွင်ရှန်း... ငါတို့ တကယ်ပဲ လောင်းကြတော့မှာလား"

ဂူဖုန်းသည် ဤနတ်ဆိုးသားရဲပုံကြီးကို ကြည့်ကာ ဘာလုပ်ရမှန်းမသိဘဲ မျက်နှာပျက် နေသည်။

"ချီ မင်းကော ဘယ်လိုထင်လဲ"

ခုနက ကျီစယ်မှုများပြီးနောက် ယွင်ရှန်း၏ ချီအပေါ် ခင်မင်ရင်းနှီးမှုမှာ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။

ချီက ပြန်မဖြေခဲ့သော်လည်း သူ၏ နောက်ပြောင်လိုသော အကြည့်က ထိုကျားသစ်ပေါ်သို့ ကျရောက်နေသည်မှာ ယွင်ရှန်းအတွက် အားလုံး ရှင်းလင်းသွားစေသည်။

"ဒီကျားသစ်က လူကြိုက်များနေမှတော့ ငါတို့လည်း ဝိုင်းပြီး အားပေးရတာပေါ့။ ကျန်တဲ့အကောင်တွေအတွက်တော့ ငါတို့ ယှဉ်နိုင်မှာ မဟုတ်ဘူး ထင်တယ်"

ယွင်ရှန်းသည် ဆင်ခေါ်သူနှင့် သူမဘေးမှ စစ်သည်တော်ကို သတိကြီးစွာ လှမ်းကြည့်လိုက်သည်။

ကျောက်တုံးလောင်းကစားပွဲ စတင်ခဲ့ပြီး လူကြိုက်အများဆုံးဖြစ်သော မိုးကြိုးကျားသစ်အတုသည် ချက်ချင်းဆိုသလို အာရုံစိုက်မှု အများဆုံးကို ရရှိခဲ့သည်။

မျက်ကန်းလေလံဆွဲခြင်းကို တားဆီးရန်အတွက် ဝမ်လုံ လောင်းကစားရုံသည် ပြည့်စုံသော စီစဉ်မှုများ ပြုလုပ်ခဲ့သည်။ လူတစ်ဦးလျှင် နတ်ဆိုးသားရဲ နှစ်ကောင်အတွက်သာ လေလံဆွဲခွင့်ရှိပြီး နတ်ဆိုးသားရဲတစ်ကောင်စီကို အများဆုံး သုံးကြိမ်သာ ဈေးမြှင့်တင်ခွင့်ရှိသည်။ ကန့်သတ်ချက်ထက် ကျော်လွန်ပါက အကျုံးမဝင်ဟု မှတ်ယူမည်ဖြစ်သည်။

ဧည့်သည်တစ်ဝက်ကျော်သည် မိုးကြိုးကျားသစ်ကို လေလံဆွဲရန် ရွေးချယ်ခဲ့ကြပြီး ယွင်

ရှင်၏အဖွဲ့သည်လည်း အမှတ်အသားပြုအနေဖြင့် နှစ်ကြိမ် လေလံဆွဲခဲ့သည်။

လူများစွာရှိသော်လည်း နောက်ဆုံးတွင် အလွန်ချမ်းသာကြွယ်ဝသော သိုင်းသူတော်စင်

ဗိုလ်ချုပ်အိမ်တော်မှ သားအမိကို မယှဉ်နိုင်သောကြောင့် မိုးကြိုးကျားသစ်အတု၏ နောက်ဆုံးဈေးသည် ရွှေဒင်္ဂါး ၁၅,၀၀၀ သို့ အံ့ဩဖွယ်ရောက်ရှိသွားသည်။

လေလံအောင်မြင်ပြီးနောက် တန်ယု၏မျက်နှာသည် ပျော်ရွှင်မှုဖြင့် ဝင်းပ သွားသော်လည်း မကြာမီ သူ ငိုရမည့်အချိန် ရောက်လာတော့မည်ကို သူ မသိခဲ့ပေ။

ထို့နောက်တွင် ပိုင်ရှင်အသီးသီးသည် ကွင်းအတွင်းရှိ နတ်ဆိုးသားရဲများကို ဆက်လက် လေလံဆွဲခဲ့ကြသည်။

ယွင်ရှန်းနှင့် ဆင်ခေါ်သူအမျိုးသမီးတို့သည် မြေကာလိပ်ကို အထူးစိတ်ဝင်စားခဲ့ကြပြီး ၎င်းကို လေလံပွဲတွင် နောက်ဆုံးမှ တတိယ နေရာ၌ ထားရှိခဲ့သည်။

နတ်ဆိုးသားရဲ ဆယ်ကောင်ကျော် လေလံဆွဲပြီးနောက် အရည်အချင်းပြည့်မီသော ဧည့်သည် ဆယ်ဦးကျော်သာ ကျန်ရှိခဲ့သည်။ ၎င်းတို့တွင် လေလံဆွဲခွင့် အခွင့်အရေးရှိသေးသော ယွင်ရှန်းတို့အဖွဲ့၊ တစ်ကြိမ်မျှ လေလံမဆွဲရသေးသော ဆင်ခေါ်သူအမျိုးသမီးနှင့် အစောပိုင်းအချီများတွင် စိတ်ကျေနပ်ဖွယ် သားရဲကို ဝယ်ယူနိုင်ခြင်းမရှိသေးသော ဧည့်သည်အချို့ ပါဝင်သည်။

မြေကာလိပ်ကို လေလံစတင်သောအခါ ဆင်ခေါ်သူအမျိုးသမီးက ချက်ချင်းပင် "ရွှေဒင်္ဂါး ၁၀၀၀" ဟု ခေါ်လိုက်သည်။

သူမဘေးမှ သိုင်းပညာရှင်တစ်ဦးက "ရွှေဒင်္ဂါး ၁၅၀၀" ဟု အော်လိုက်သည်။

ထိုမြေကာလိပ်တွင် ထူးခြားသောအရာတစ်ခုမျှ သတိပြုမိခြင်းမရှိသော်လည်း ဆင့်ခေါ်သူ

ပညာရှင်အမျိုးသမီး၏ ထူးခြားသော ဂုဏ်ပုဒ်ကြောင့် လူတိုင်းက ထူးခြားသည့်အရာတစ်ခုခု ရှိကိုရှိရမည်ဟု ယူဆခဲ့ကြသည်။

ဤဦးဆောင်မှုကို လိုက်၍ မြေကာလိပ်၏ ဈေးနှုန်းသည် လေလံများဖြင့်အတူ မြင့်တက်လာပြီး ရွှေဒင်္ဂါး ၁၀၀၀ မှ ရွှေဒင်္ဂါး ၁၀,၀၀၀ အထိ ရောက်ရှိခဲ့သည်။

လေလံဈေးများ ဆက်လက်မြင့်တက်လာသည်နှင့်အမျှ အခြားသူများ လေလံခေါ်ဆိုရန် အခွင့်အရေးများ လျော့နည်း လာခဲ့ပြီး ဆင်ခေါ်သူအမျိုးသမီးသည်လည်း လေလံနှစ်

ကြိမ် ခေါ်ဆိုပြီးသားဖြစ်၍ နောက်ဆုံးတစ်ကြိမ်သာ ကျန်ရှိသည်။ ဤအချိန်တွင် ယွင်ရှန်းတို့ သုံးဦးသည်လည်း လေလံဆွဲရန် အခွင့်အရေးတစ်ကြိမ် ကျန်ရှိနေသေးသည်။

ဆင်ခေါ်သူအမျိုးသမီး၏ မျက်နှာအမူအရာက တင်းမာလာသည်။

မဆုတ်မနစ်သော သိုင်းပညာရှင်အချို့က "ဒါက မဟာကျိုးနိုင်ငံပဲ ဖုန်လိုက်နိုင်ငံက ဆင်ခေါ်သူတွေ ငါတို့ရဲ့ နတ်ဆိုးသားရဲတွေကို လောဘတက်မယ့်နေရာ မဟုတ်ဘူး။ ဒီသားရဲကို ငါတို့ ဆုံးဖြတ်ပြီးပြီ" ဟု အော်ဟစ် လိုက်ကြသည်။

သူတို့၏ စကားများ ဆုံးသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် ပြင်းထန်သော စွမ်းအင်တစ်ခု တိုးထွက်လာပြီး ဆင်ခေါ်သူ အမျိုးသမီး၏ နောက်မှ အစေခံစစ်သည်တော်သည် အင်အားကို ရုတ်တရက် ထုတ်သုံးလိုက်ရာ "ဒုန်း" ကနဲ အသံနှင့်အတူ သူ၏ တိုက်ပွဲဝင်စိတ်ဓာတ်များသည် ရေကြီးသကဲ့သို့ လှိုက်တက်လာသည်။

ပြဿနာရှာခဲ့သော သိုင်းပညာရှင်၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး သူ၏ အရိုးများမှာလည်း ကြောက်စရာကောင်းအောင် ကျိုးကြေသွားသည်။

ခုနကပင် ရိုင်းစိုင်းစွာ ပြောဆိုခဲ့သော သိုင်းပညာရှင်သည် ယခုအခါ ရွှံ့နွံကဲ့သို့ မြေပြင်ပေါ်တွင် လဲကျနေပြီး ထွက်သက်သာရှိတော့ကာ အသက်ရှူသွင်းရန်ပင် အားမရှိတော့ပေ။

လူအုပ်ကြီးထံမှ အသက်ရှူသံပြင်းပြင်းများ ထွက်ပေါ်လာပြီး လုံဟော့၏ မျက်နှာအမူအရာလည်း ပျက်သွားသည်။

အလွန်အစွမ်းထက်သည်။

ဧကန်မုချ သိုင်းဗိုလ်ချုပ်အဆင့် ကျွမ်းကျင်သူပင်။

"လူကြီးမင်းတို့ ဝမ်လုံ လောင်းကစားရုံအတွင်းမှာ လူသတ်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါတယ်"

လုံဟော့က မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။

ထူးခြားပြင်းထန်သော မီးတံတိုင်းတစ်ခုသည် ဆင်ခေါ်သူနှင့် စစ်သည်တော်ကို ဝန်းရံသွားသည်။

အစေခံစစ်သည်တော်က သိုင်းပညာရှင်ကို သတ်လိုက်ပြီး လုံဟော့က ကြားဖြတ်ဟန့်တား ကြိမ်းမောင်းလိုက်သည့် အချိန်မှာပင်...

သူမ၏ လှပသော မျက်နှာပေါ်တွင် ဆင်ခေါ်သူ အမျိုးသမီးသည် မထီမဲ့မြင်ပြုသော အမူအရာကို ပြသလိုက်ပြီး သူမ၏ ဆင့်ခေါ်သူလက်စွပ်ပေါ်တွင် မှော်စွမ်းအင် လှုပ်ခတ်မှုများ ပေါ်ပေါက်လာကာ သူမ၏ ဆင့်ခေါ်ခြင်းဂါထာကို အဆုံးသတ်လိုက်သည်။

သူမ၏ ခြေဖဝါးအောက်တွင် အပြာနုရောင် မှော်ခင်းကျင်းမှု တစ်ခု ပေါ်လာပြီး တင့်တယ်လှပသော ရေခဲမြစ်ကျားတစ်ကောင် ခုန်ထွက်လာသည်။

၎င်းမှာ ပဉ္စမအဆင့် ရေခဲမြစ်ကျား ဖြစ်ပြီး အရွယ်အစား မကြီးမားသော်လည်း ၎င်း၏ ကိုယ်ထည်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။

ရေခဲမြစ်ကျားသည် မီးတံတိုင်းကို ကျော်ဖြတ်ခုန်ဝင်လိုက်ရာ ဆီလောင်းထားသကဲ့သို့ တဟုန်းဟုန်း တောက်လောင်နေသော မီးတံတိုင်းက ချက်ချင်း အေးခဲသွားတော့သည်။

ရေခဲမြစ်ကျား ပေါ်လာသည်နှင့်အမျှ ဧည့်သည်များအားလုံး ချက်ချင်း ငြိမ်ကျသွားကြသည်။

၎င်းမှာ စစ်မှန်သော ဆင့်ခေါ်သူသားရဲ ဖြစ်သည်။

သာမန် တိုက်ပွဲဝင်အိမ်မွေးတိရစ္ဆာန် မဟုတ်ဘဲ သူမ၏ သခင်နှင့် ပြီးပြည့်စုံစွာ တစ်သားတည်းကျနေသော ဆင့်ခေါ်သူသားရဲ ဖြစ်သည်။

ဤဆင်ခေါ်သူ အမျိုးသမီးသည် အသင့်ပြင်ပြီးမှ လာခြင်းဖြစ်သည်။ သူမ၏ အစေခံစစ်သည်တော်က အလွန်သန်မာပြီး သူမကိုယ်တိုင်ကလည်း အလယ်အလတ် သို့မဟုတ် ထို့ထက်မြင့်သော ဆင့်ခေါ်သူသားရဲများကို ခေါ်ယူနိုင်ရာ သူမသည် လှံတံအဆင့်ဆင်ခေါ်သူ တစ်ဦး ဖြစ်ရမည်။

ဆင်ခေါ်သူ အလွန်ရှားပါးသော မဟာကျိုးမြို့ကဲ့သို့ နေရာမျိုးတွင် စစ်မှန်သော ဆင့်ခေါ်သူ

ပညာရှင်တစ်ဦး ပေါ်ထွက်လာခြင်းမှာ ဧကန်မုချ ထိတ်လန့်စရာပင်။

"ဒီလူက သခင်မလေး ပင်းလင်ကို ရိုင်းစိုင်းစွာ ပြောခဲ့တယ် သူ သေသင့်တယ်။ နားထောင်ကြပါ။ ငါတို့က ဖုန်းလိုက်နိုင်ငံ က လူတွေပဲ။ ဒီလောင်းကစားပွဲကို သင့်တော်တဲ့ ဝိညာဉ်ကျောက်တုံး ရှာဖို့ သက်သက်ပဲ လာတာ။ နောက်ထပ် ဘယ်သူမဆို ငါတို့ကို ထပ်ပြီး ရန်စရဲရင် ဒီလူက အကောင်းဆုံး ဥပမာပဲ"

အစေခံစစ်သည်တော်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

ဖုန်းလိုက်နိုင်ငံ…..

သူတို့သည် နာမည်ကျော် ဆင်ခေါ်သူများ ထွက်ပေါ်ရာ ဖုန်းလိုက်နိုင်ငံမှ အမှန်တကယ် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

All Chapters