မင်းသမီးနှင့် တွေ့ဆုံခြင်း
Vol. 37 Ch. 545
[လျှပ်စီးဘုရင် တက်စ်စလာ: Lol ဆာဗာ déjà vuပဲဟေ။]
[အော်တီနက်စ်: ဘာဘွန်း ၁၄ တန်းစီနေတယ် [fn=49]]
[ဖဲလ်: အမျိုးသမီးစစ်သား တန်းစီနေတာလား။]
[လစန္ဒာ၏ ဆန်းကြယ်မီးတောက်: ငါ့ကို ဂိမ်းထဲ ဝင်ခွင့်ပေးပါဟ။ သောက်ကျိုးနည်းပဲ။]
[မသေမျိုး အလင်းမှိန်မှိန်: အဆင့်သတ်မှတ်ချက်တွေက ဆိုးတယ်။ အမလေး၊ ဂိမ်းမာ သောင်းဂဏန်းတောင်မှ တန်းစီဇယားမှာ ဝင်တန်းစီနေတာ။]
...
ဂိမ်းမာများမှာ ၁၀ ကြိမ် သေဆုံးပြီးနောက်တွင် တန်းစီဇယားတွင် ဝင်စောင့်ဆိုင်း နေရမည့် စည်းမျဉ်းအပေါ် မကျေမနပ် ဖြစ်နေကြသည်။ အထူးသဖြင့် ဂနိုင်သားပင်။ သူက မကြာခဏ သေဆုံးတတ်သောကြောင့်ပင်။
ရှားလော့ခ်မှာလည်း တခြား ရွေးချယ်စရာ မရှိပေ။ လောကသစ်ပင်၏ မာနာရေကန်မှာ ကြီးမားသည် ဆိုသော်လည်း ၎င်းက ဂိမ်းမာ သန်း ၅၀ ကျော်ကိုတော့ မထောက်ပံ့ ပေးနိုင်ပေ။ တရုတ်နိုင်ငံရှိ ဂိမ်းမာများ အားလုံးက အဖွင့်ဘီတာတွင် ပါဝင် လိုနေကြသည်ပင်။
ဂိမ်းလှဲလျောင်း ထိန်းချုပ်ခန်း စက်များမှာ ဝယ်ယူခ အခမဲ့ ဖြစ်၏။ မှတ်ပုံတင် ပြီးသည်နှင့် ဂိမ်းလှဲလျောင်း ထိန်းချုပ်ခန်းစက်က မှတ်ပုံတင်ထားသော လိပ်စာသို့ ပို့လာပေလိမ့်မည်။ ၎င်းက ဒေါ်လာ ဆယ်ဂဏန်းတန် ဂိမ်းကတ် သို့မဟုတ် ဒေါ်လာရာဂဏန်းဖြင့် ဂိမ်းတွင်းပစ္စည်းများ ဝယ်ယူပေးရန် လိုအပ်သော တခြားသော အွန်လိုင်းဂိမ်းများထက် အပုံကြီး ပိုကောင်းသည်။ "ဒန်ဂျင်" ထုတ်လုပ်သူတို့က ဂိမ်းလည်ပတ်ရန် သူတို့၏ အကျိုးအမြတ်ကို မည်သည့်နေရာက ရနေသည်ကို လူတိုင်း လူတိုင်း သိလိုနေကြသည်။
ရှားလော့ခ်က လောကသစ်ပင်၏ မာနာစွမ်းအင် ကုန်ဆုံးသွားမည်ကို မလိုလားပေ။ သူက ဂိမ်းမာများအား သူတို့၏ အသက်ကို တန်ဖိုးထား စေလိုသောကြောင့် တန်းစီဇယား စည်းမျဉ်းကို ဖန်တီးလိုက်သည်။
တန်းစီဇယားက အမှန်တကယ် မလိုအပ်သဖြင့် စင်စစ်အားဖြင့် ဤစည်းမျဉ်းမှာ အရေးမပါလှပေ။ ၎င်းစည်းမျဉ်းက တန်းစီဇယားတွင် မစောင့်ဆိုင်းလိုသော ဂိမ်းမာများကို ခြောက်လှန့် ထိန်းချုပ်ထားရန် သက်သက်မျှသာ ဖြစ်၏။
ဂိမ်းမာများက သေချိန်တန်ပါက မည်သို့ဆိုဆို သေရမည်သာ။
ဂနိုင်သားက ပိုစ့် တစ်ခု ရေးတင်လိုက်သည်။
[ညံ့ဖျင်းတဲ့ ဂိမ်းထုတ်လုပ်သူ။ ပြန်လည် ရှင်သန်ရေး ချပ်ဝတ်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ ငါ မင်းကို ဘယ်မှာတွေ့တွေ့ သေအောင် ရိုက်သတ်မှာ။]
၎င်းမှာ မည်သည့် ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုမျှ မရှိသော်လည်း ဂနိုင်သားမှာ ပိုစ့်တင် ပေါက်ကွဲပြီးနောက် နေလို့ ပိုကောင်းသွားသည်ဟု ခံစားလိုက်ရသည်။
ဂနိုင်သားက ဖိုရမ်ကို ရှာဖွေ ကြည့်ရှုပြီးနောက် ဂိမ်းမျက်နှာပြင်ဆီသို့ ပြန်ရောက်လာသည်။ တန်းစီဇယားတွင် ဂိမ်းမာ ၅၀၀,၀၀၀ကျော် ရှိခဲ့သော်လည်း ဂနိုင်သားမှာ အချိန် နည်းနည်း ထပ်စောင့်ပြီးနောက် ဂိမ်းထဲသို့ ဝင်နိုင်သွားသည်။ ဂိမ်းမာများ ဤမျှ လျင်မြန်စွာ သေဆုံးနေခြင်းမှာ ရယ်စရာ ကောင်းလှ၏။ အကြောင်းမှာ တစ်နာရီအတွင်း ဆယ်ကြိမ် သေဆုံးရန်က အတော်အတန် ခက်ခဲသောကြောင့်ပင်။ သို့သော် လူသစ် တစ်ဦး အတွက်မူ တစ်နာရီအတွင်း ဆယ်ကြိမ် သေဆုံးရန်က ထိုမျှခက်ခဲခြင်းတော့ မရှိပါပေ။
ဂနိုင်သားမှာ အဖွင့်ဘီတာ အသစ်ကို တွေ့ကြုံခံစားရန် အသင့်ဖြစ်နေပြီး စိတ်အားထက်သန်စွာဖြင့် ဂိမ်းထဲသို့ ဝင်ရောက်သွားသည်။
သူက အစည်းအရုံး နယ်မြေတွင် မျက်လုံးပွင့်လာသည့်အခါ မနှစ်မြို့ဖွယ် မြင်ကွင်း တစ်ခုကို မြင်လိုက်ရသည်။ ပြတင်းပေါက်မှ တစ်ဆင့် သူက တန့်နေသော လူအုပ်ကြီး လမ်းကြောင်း တစ်ခုကို မြင်လိုက် ရသည်။
ဂိမ်းမာများ အလွန် များပြား လွန်းနေသည်။
...
"ဟန်ကျိုးက ဂိုဘလင် အားလုံး ဒီကို လာစုကြပါ။ ကျွန်တော်တို့ ဟန်ကျိုးဂိုဏ်းကို တည်ထောင်ကြမယ်။"
"ဟေဖေးက ဘယ်သူရှိသေးလဲ။ အန်းဟွေး ဟေဖေးက ဘယ်သူ ရှိသေးလဲ။ အတူတူ ကစားကြစို့လေ။"
"ငါက ချစ်စရာ ကောင်းအောင် နေနိုင်ပြီး ငါ့ကို လမ်းညွှန် ပေးနိုင်မယ့် ဆရာ တစ်ယောက် ရှာနေပါတယ်။ ငါ နေ့တိုင်း အွန်လိုင်း တက်မယ်လို့ အာမခံတယ်။"
"ငါ အဝေးရောက် ဆက်ဆံရေး တစ်ခု တည်ဆောက်ဖို့ ကျောင်းသူ တစ်ယောက် ရှာနေတယ်။"
"ငါ လက်မထပ်ရသေးတဲ့ ဆရာ တစ်ယောက် ရှာနေတယ်။"
"ဘာဖြစ်လို့ Sword Net 3 က ဂိမ်းမာတွေ အများကြီး ရှိနေရတာလဲ။"
...
ဂိမ်း ဆူညံနေခြင်းမှာ သာမန်မျှသာ ဖြစ်၏။ သို့သော် ၎င်းက အလွန် ကျယ်လောင်လွန်း နေသည်။ ဂိမ်းမာ များစွာက ထိုဆူညံမှုကို သည်းမခံနိုင်ကြပေ။ ဝါရင့်ဂိမ်းမာများမှာမူ မွန်းစတားများ အမဲလိုက်ရန် သို့မဟုတ် ကန့်သတ်ဒန်ဂျင် နယ်မြေကို စိန်ခေါ်ရန် ထွက်သွားကြသည်။ အချို့ဂိမ်းမာများက ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများနှင့် သွားတိုက်ခိုက်ရန်ပင် ဆန္ဒရှိနေ ခဲ့ကြသည်။
ထာဝရတိုင်းပြည်မှ အမ်ပီစီများမှာလည်း ဆူညံသံကို မခံနိုင်ကြပေ။ ဆင်းဘက လက်နက် များစွာကို ထုချိုးခဲ့သောကြောင့် လက်နက် အဆင့်မြှင့်တင်ရန် တန်းစီစောင့်နေသော ဂိမ်းမာများမှာ အကုန် ပျောက်သွားကြသည်။
၎င်းမှာ ဆင်းဘကို နားလည်ပေးနိုင်စရာ ဖြစ်၏။ အကြောင်းမှာ အခုအခြေအနေက ကောင်းကောင်းမွန်မွန် အလုပ်,လုပ်နိုင်ရန် အလွန်ဆူညံ လွန်းနေသောကြောင့်ပင်။
တခြား အမ်ပီစီ တစ်ဦးအတွက်မူ ၎င်းက စိတ်အနှောင့်အယှက် ဖြစ်စေရုံ သက်သက်မျှသာ မဟုတ်နေပေ။
"မင်းသမီး၊ မင်း အထဲမှာ ရှိနေလား။"
"မင်းသမီး၊ ကျွန်တော်တို့နဲ့ လာထွက်တွေ့ပါဦး။ ကျွန်တော်တို့က မင်းကို ဘယ်ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်တွေမှာ မဆို ကူညီပေးနိုင်ပါတယ်။"
"မင်းသမီး၊ ငါ မင်းကို ချစ်တယ်။ ငါ မင်းရဲ့ မိုးလက်ဖက်ရည် ဖြစ်ချင်တယ်။"
မျိုးစေ့ခင်းရှိ သစ်ပင်အိမ် အောက်တွင် ဂိမ်းမာ များစွာ ရပ်နေကြသည်။ သူတို့ထဲမှ အများစုမှာ ရိုင်းစိုင်းစွာ အော်ဟစ် ဆူပူနေကြသော ကိုယ်တစ်ပိုင်း ဗလာဖြင့် ဂိုဘလင်များ ဖြစ်ကြ၏။
ထာဝရတိုင်းပြည်တွင် ဖယ်ရီမလေးမှာ လူကြိုက်အများဆုံး အမ်ပီစီ ဖြစ်၏။ ဆွဲဆောင်မှု ရှိသော အိပ်မက်နတ်ဆိုးမယ် ပင်လျှင် ဖယ်ရီမလေး မင်းသမီးနှင့် မယှဉ်နိုင်ပေ။
အကြောင်းရင်းမှာ မင်းသမီးက ဇာတ်လမ်းသွားတွင် အကြီးအကျယ် ပါဝင် ပတ်သက်နေပြီး သူမက ဂိမ်းမာ တစ်ဦးနှင့် ခင်မင်မှု ဖွဲ့စည်းခဲ့သည့် တစ်ဦးတည်းသော အမ်ပီစီ ဖြစ်သောကြောင့်ပင်။ မင်းသမီးမှာ သူမ၏ အိမ်သို့ ပြန်နိုင်ခဲ့သော်လည်း မိုးလက်ဖက်ရည်နှင့် မခွဲနိုင်သောကြောင့် သူမက နေရာရွှေ့ပြောင်းစာလိပ်ဖြင့် ထာဝရတိုင်းပြည်သို့ ပြန်လာခဲ့သည်။ မင်းသမီးက နေရာရွှေ့ပြောင်းစာလိပ်ကို မည်သို့မည်ပုံ ရခဲ့သည်ကိုတော့ မည်သူမျှ မသိကြပေ။ ဂိမ်းမာများက ၎င်းကို ဇာတ်လမ်းတွဲ၏ လိုအပ်ချက်အရ ဟု ယူဆလိုက်ကြသည်။
မင်းသမီးမှာ လူကြိုက်များပြီး ဆက်ဆံရေး များစွာ ရှိသလို ဂိမ်းမာများနှင့်လည်း အရင်းနှီးဆုံး ဆက်ဆံရေး ရှိသောကြောင့် ဂိမ်းမာများက သူမတွင် လျှို့ဝှက် ဇာတ်လမ်းတွဲ များစွာ ရှိနေရမည်ဟု ထင်နေကြသည်။ ဂိမ်းမာအသစ်များက ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များ လိုချင်ကြသည်။ အကြောင်းမှာ ၎င်းက သူတို့ကို အလွန် လျင်မြန်စွာဖြင့် တိုးတက် စေနိုင်သောကြောင့်ပင်။ သူတို့က ဂိမ်းစစ ကစားချင်း ကျွန်စစ်သည်တော် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်နှင့် ကြုံတွေ့ခဲ့ရသော ဗစ်တိုးရီးယားမြို့မှ လူဆိုးလေးကဲ့သို့ ဖြစ်နိုင်ပေသည်။
မင်းသမီးက ထိုကဲ့သို့သော ကျွန်စစ်သည်တော် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် မပေးနိုင် လောက်သော်လည်း သူမဆီတွင် တခြားသော ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များ ရှိနိုင်ပေသည်။ ဂိမ်းမာများက သူတို့၏ ကံကို စမ်းသပ်လိုကြသည်။ အာသာပင်လျှင် သူမကို ကယ်တင်ပေးရန် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို မရခဲ့ဖူးသလော။ ဖြစ်နိုင်သည်က မင်းသမီးက ထာဝရတိုင်းပြည်တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက်တွင် ထပ်မံ၍ ထွက်ပြေး လိုပေလိမ့်မည်။
ထိုအရာမှာ ဂိမ်းမာများ ထင်မှတ်ခဲ့သော အရာပင်။
"ဟွန်း။ အဲ့ဒီ ဂိုဘလင်တွေက ဘာလုပ်နေကြတာလဲ။ သူတို့ အရမ်း အားယားနေတာလား။"
ဖယ်ရီမလေးက သစ်ပင်အိမ်တွင် လက်ပိုက်ကာ ထိုင်ရင်း နှာခေါင်းရှုံ့လိုက်သည်။
သူမ ထာဝရတိုင်းပြည်သို့ ပြန်လာရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ရသည်။ အဓိက အကြောင်းရင်းမှာ သူမ၏ သူငယ်ချင်းကောင်း မိုးလက်ဖက်ရည် ကြောင့်ပင်။ သူမက ဤလူဆိုး ဂိုဘလင်များ၏ အနှောင့်အယှက် ပေးနေခြင်းကို မခံရလိုပေ။ အကယ်၍ ထိုဂိုဘလင်များသာ သူမ၏ သစ်ပင်အိမ်ကို မဝန်းရံ ထားခဲ့ပါက သူမက ရှားလော့ခ်ဆီ သွားပြီး ဂိုဘလင်များအား သွားတိုင်ပေလိမ့်မည်။
ထာဝရတိုင်းပြည်သို့ ပြန်ရောက် လာစဉ်တုန်းက သူမက ရှားလော့ခ်နှင့် သဘောတူညီချက် တစ်ခု ပြုလုပ်ခဲ့သည်။
သူမက ထာဝရတိုင်းပြည်၏ အကျဉ်းသား တစ်ဦး မဟုတ်တော့ဘဲ တရားဝင် ဝန်ထမ်း တစ်ဦး ဖြစ်သွားလေပြီ။
သူမ စိတ်ညစ်နေရစဉ် အပြင်ဘက်မှ အော်ဟစ်သံများ ကြားလိုက် ရသည်။
"ဝါး၊ အဲ့ဒါ အာသာမလား။ ငါ ညီမဗားနပ်စ်ကိုလည်း မြင်လိုက်ရတယ်။"
"အစ်ကို အာသာ၊ ငါက မင်းရဲ့ ပရိသတ်ပါ။ မင်း ငါ့ကို လက်မှတ် တစ်ခု ထိုးပေးနိုင်မလား။"
"အာသာက အစွမ်းအထက်ဆုံး စစ်သည်တော်များ အဆင့်သတ်မှတ်ချက်မှာ တတိယ မဟုတ်လား။"
"မင်း သေချာလား။ အာသာက အဆင့်သတ်မှတ်ချက်မှာ တတိယတဲ့လား။ သူက ထာဝရတိုင်းပြည်မှာ အချမ်းသာဆုံး ဂိမ်းမာပဲ မဟုတ်ဘူးလား။"
"သူက ထာဝရတိုင်းပြည်မှာဆို ထိပ်တန်း စစ်သည်တော် တစ်ယောက်တော့ ဟုတ်တယ်၊ ဒါပေမဲ့ ဗစ်တိုးရီးယားမြို့ပါ ထည့်တွက်လိုက်ရင် အာသာက နံပါတ်သုံး နေရာမှာပဲ ရှိတော့တယ်။ အဆင့်သတ်မှတ်ချက်မှာ ပထမက နဂါးမျိုးနွယ်သား၊ လက်နက်အဆင့် ၂၀ နဲ့။ ဒုတိယက လူဆိုးလေး၊ လက်နက်အဆင့် ၁၅ နဲ့။ အာသာက အဆင့် ၁၄ နဲ့ တစ်ဆင့် နိမ့်တယ်။" ဂိမ်းမာ တစ်ဦးက အဆင့်သတ်မှတ်ချက် ဘုတ်ကို စစ်ဆေးပြီး တခြား ဂိမ်းမာ တစ်ဦးအား ပြောပြလိုက်သည်။
"ဟိုတစ်ယောက်က မိုးလက်ဖက်ရည်ပဲ။ ငါ ဝါရင့် မိုးလက်ဖက်ရည်ကို မြင်လိုက်ရတယ်။ ဒါက ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ရဲ့ အဓိက အင်အားစု မဟုတ်လား။ အိုး ဘုရားရေ၊ သူတို့က ဒဏ္ဍာရီလာ ပထမဘီတာ ဂိမ်းမာတွေလား။ သူတို့ရဲ့ ပစ္စည်း ကိရိယာတွေက တကယ့် အမိုက်စားပဲ။ သူတို့ အားလုံးက အော့ခ်တွေပဲရော။ ငါတို့ရော ဘယ်တော့လောက်ဆို အော့ခ်တွေ ဖြစ်လာနိုင်မှာလဲ။"
"ဒါကို မစဉ်းစား နေနဲ့တော့။ မင်း အော့ခ်တစ်ယောက် ဖြစ်နိုင်အောင် နှစ်လလောက် နေ့ရောညပါ အလုပ်,လုပ်ရမယ်ဟ။ အော့ခ်မစ်ရှင်က ရူးလောက်တယ်။ နှစ်လလောက် ကြာအောင် နေ့စဉ် မစ်ရှင်တွေကို ပြီးမြောက်အောင် လုပ်ရတယ်။ ခွေးခေါင်းလူသား တစ်ယောက် ဖြစ်လာဖို့က ပိုလွယ်တယ်နောက်၊ မင်း တစ်လပဲ အလုပ်လုပ်ပြီး ကြက်ဥခေါင်းကို သွားဖားယား လိုက်ရုံနဲ့ ချက်ချင်း ခွေးခေါင်းလူသား တစ်ယောက် ဖြစ်သွားလိမ့်မယ်။"
"ခွေးခေါင်းလူသား ဖြစ်ရတာ ပျော်ဖို့ မကောင်းဘူး၊ သူတို့က အရပ်ပုတယ်။ အော့ခ်တွေက ပိုသန် ပိုအားကောင်းတယ်။ သူတို့က ပင့်ကူတွေကို လက်ဗလာနဲ့တောင် ဆွဲဖြဲ ပစ်နိုင်တာ။"
"ဘရားသား၊ မင်း တစ်ယောက်ယောက်က ပင့်ကူတစ်ကောင်ကို လက်ဗလာနဲ့ သွားသတ်တာကော တွေ့ဖူးလို့လား။ ခွေးခေါင်းလူသားကလည်း အားနည်းတာတော့ မဟုတ်ဘူး။ ဒါ့အပြင် ခွေးခေါင်းလူသားက အော့ခ်ထက် မာနာရင်းနှီးမှု ပိုအားကောင်းပြီး ပိုအစွမ်းထက်တဲ့ မာနာစွမ်းရည်တွေ သင်ယူနိုင်တယ်။ အော့ခ်က မာနာတိုက်ခိုက်မှု တစ်ခုတည်း ပစ်လွှတ်နိုင်ပြီး ခွေးခေါင်းလူသားကျတော့ မာနာတိုက်ခိုက်မှု သုံးခုလောက် ပစ်လွှတ်နိုင်တယ်။ မှော်ဆရာ အလုပ်အကိုင်က စစ်သည်တော်ထက် အပုံကြီး ပိုသာတယ်။ အဲ့ဒါ မင်း နားလည်လား။"
"အော့ခ် စစ်သည်တော်က ပိုအားကောင်းတယ်ဟ။ ငါ ရင်မွှေးမီးလောင်က ပင့်ကူ ဆယ်ဂဏန်းလောက်နဲ့ တိုက်ခိုက်နေတာကို မြင်ဖူးတယ်။ သူက အရမ်း အစွမ်းထက်တဲ့ အော့ခ်တစ်ယောက်ပဲ။"
"ရင်မွှေးက အဆင့်သတ်မှတ်ချက် ဘုတ်ပေါ် နံပါတ်ချိတ်တဲ့ ထိပ်တန်း အစွမ်းထက် ဂိမ်းမာ ဆယ်ယောက်ထဲက တစ်ယောက်ပဲလေ။ မြင့်မြတ်သော အလင်းတန်းစွမ်းအား ရထားတဲ့ ဂိုဘလင် လျှော်ကြိုးနည်းပညာရှင် ဆိုရင်ကော။ သူဆိုရင် ပင့်ကူရာပေါင်း များစွာကို အေးအေးဆေးဆေး တိုက်ခိုက်နိုင်တာပဲ။"
"ပင့်ကူ ရာဂဏာန်းလောက်က လျှော်ကြိုးနည်းပညာရှင် အတွက် ထည့်ပြောနေစရာကို မလိုတာ။ မြင့်မြတ်သော အလင်းတန်းစွမ်းအား နဲ့ဆိုရင် သူက အာသာကိုတောင် သတ်နိုင်တယ်။"
ဂိမ်းမာများ သစ်ပင်အိမ် အောက်မှ စကားပြောဆိုရင်း ပြန်ထွက်သွားကြသည်။ သူတို့က သစ်ပင်အိမ် အောက်တွင် အချိန်ကြာမြင့်စွာ ရပ်စောင့် ခဲ့ကြသော်လည်း ဖယ်ရီမလေးနှင့် မတွေ့ဆုံ ခဲ့ရသောကြောင့် ဖယ်ရီမလေးတွင် သူတို့ အတွက် မည်သည့် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်မျှ မရှိလောက်ဟု ယူဆလိုက်ကြသည်။
ဖယ်ရီမလေးမှာ ဂိမ်းမာများ ပြန်ထွက်သွားသည့် အခါမှသာ သက်ပြင်း ချနိုင်တော့သည်။ သူမက ထိုဂိမ်းမာများ ဦးတည်နေသော လမ်းကြောင်းကို သိနိုင်ရန် သူမ၏ ခေါင်းကို ထုတ်ကြည့်လိုက်သည်။
သူမက သူတို့ မိုးလက်ဖက်ရည် အကြောင်း ပြောနေသည်ကို ကြားလိုက်ရသဖြင့် စိုးရိမ် နေခဲ့သည်။ သူမက ထိုဂိမ်းမာများ မိုးလက်ဖက်ရည်ဆီသို့ ဦးတည်နေသည်ကို မြင်လိုက်ရသဖြင့် သူတို့ နောက်သို့ လိုက်သွားသင့်၊ မလိုက်သွားသင့်ကို ချီတုံချတုံ ဖြစ်နေခဲ့သည်။ ထို့စဉ်မှာပင် သူမ သစ်ပင်အိမ်ဆီသို့ အလျင်အမြန် ပြေးလာသော နောက်ထပ် ဂိမ်းမာ အုပ်စု တစ်စုကို လှမ်းမြင်လိုက်ရသည်။
"အဲ့ဒါ ဖယ်ရီမလေးပဲ။ မင်းသမီး။"
"မင်းသမီး။ ကြည့်ပါဦး။ ကျွန်တော် မင်းသမီးရဲ့ ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်ကို ဆောင်ရွက် ပေးချင်ပါတယ်။"
"ငါ ဆရာတစ်ယောက် ရှာနေတယ်။ ငါ ဆရာတစ်ယောက် ရှာနေတယ်။ ငါက ဂိမ်းမာအသစ်ပါ။"
ဂိမ်းမာ အုပ်စုက သစ်ပင်အိမ်ကို ဝန်းရံကာ ဆူညံနေကြတော့သည်။ ဖယ်ရီမလေးမှာလည်း စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။
"နောက်ထပ် စိတ်အနှောင့်အယှက် ပေးတဲ့ ဂိမ်းမာ အုပ်စု တစ်ခုပဲ။"
...
မြေအောက်လောက၏ သဲကန္တာရတွင် သဲမုန်တိုင်း တစ်ခု တိုက်ခတ်နေပြီး ထူးဆန်းသော ပုတ်သင်ကောင် များစွာ ရှိနေသည်။
ပုတ်သင်ကောင်များမှာ သဲနှင့်ပေါင်းစပ်နေပုံ ရ၏။
ပုတ်သင်ကောင် တစ်ကောင်က သူ၏ ခေါင်းကို မော့ကာ အရှေ့မှ မသဲမကွဲ ပုံရိပ် တစ်ခုကို စိုက်ကြည့်နေသည်။ ခြောက်သွေ့နေသော လက်တစ်ဖက်က ဆန့်တန်း ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ပုတ်သင်ကောင်ကို သဲထဲမှ ဆွဲထုတ်ကာ ပါးစပ်အတွင်းသို့ ထိုးထည့် လိုက်သည်။ ပုတ်သင်ကောင် ဝါးစားခံနေရစဉ် "တဂျွတ်ဂျွတ်"အသံများ ထွက်နေသည်။
ထိုပုံရိပ်၏ ခန္ဓာကိုယ်မှာ မီးခိုးရောင် ဝတ်ရုံ တစ်ခုထဲတွင် ပုန်းကွယ်နေပြီး သူ၏ မျက်လုံးများမှာ ဝါကျင့်ကျင့် အရောင်များ တောက်ပနေရင်း ရှေ့သို့ စိုက်ကြည့်နေ၏။
"ရှားလော့ခ် ..."
သူ၏ အသံမှာတော့ ငရဲမှ လာခဲ့သကဲ့သို့ အက်ကွဲ နေပေသည်။