မင်းတို့ ထွက်သွားနိုင်ပြီ
Vol. 37 Ch. 551
မိုရိုးစ် အိမ်ရှေ့ လှေကားထစ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေသည်။ ရုပ်ရှင်က ပြီးသွားပြီး ဖြစ်သော်လည်း ၎င်းကို တည်းဖြတ် ပြင်ဆင်ရဦးမည် ဖြစ်သောကြောင့် ထုတ်ဝေရန် အချိန်နည်းနည်း ကြာဦးမည်။ ရုပ်ရှင်ကို ဆောင်းတောင်ကုန်းမြို့ ရပ်ကွက်ဟောင်းရှိ ဆောက်လက်စ ရုပ်ရှင်ရုံ တစ်ခုတွင် ပြသမည် ဖြစ်၏။
ရုပ်ရှင်ရုံမှာ မကြာသေးမီကမှ တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ ရှားလော့ခ်မှာ ဂိမ်းမာများ မိုရိုးစ် နှင့်အတူ ထုတ်လုပ်ခဲ့သော ရုပ်ရှင်မှ အကျိုးအမြတ်အချို့ ရနိုင်ရန် ရည်ရွယ် ထားသည်။
မိုရိုးစ်က ထုတ်လုပ် ပြီးစီးသွားသော ရုပ်ရှင် နှင့်အတူ အိမ်ပြန်ပြီး သူ၏ ဇနီးအား သွားပြသည့်အခါတွင်မှ သူမ အိမ်မှ ထွက်သွားခဲ့ပြီ ဖြစ်ကြောင်း သိရတော့သည်။ စားပွဲပေါ်တွင် ကွာရှင်းစာချုပ် တစ်ခုကိုသာ ထားခဲ့သည်။
သူ၏ ဇနီးမှာ သူ အိမ်တွင် မရှိကြောင်း သိထားသည်ပင်။ သူမက အဘယ်ကြောင့် ကွာရှင်းစာချုပ်ကို စားပွဲပေါ်တွင် တင်ထားခဲ့မည်နည်း။
မိုရိုးစ်မှာ ကုန်သည် မဟာမိတ် အဖွဲ့၏ သက်ဆိုင်ရာ ဌာနများတွင် ၎င်းအကြောင်းကို သွားရောက် မေးမြန်းလို ခဲ့သော်လည်း သူ့ ဇနီး ချန်ထားခဲ့သော စာကို ဖတ်ပြီးနောက် ထိုသို့ မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
"ငါ မှော်ကျောက်တုံးတွင်း ပိုင်ရှင် တစ်ယောက်ရဲ့ သားရဲ့ ချစ်သူ ဖြစ်တော့မယ်။ ငါ့ကို လာမနှောင့်ယှက်နဲ့ ဆင်းရဲတဲ့ ဂနိုမ်း။"
"အာ... ငါ့ရဲ့ ဆုံးရှုံးသွားတဲ့ အချစ်နဲ့အိမ်ထောင်ရေး..." မိုရိုးစ် ခေါင်းငုံ့ကာ စိတ်ပျက်လက်ပျက်ဖြင့် အရက်သောက် နေတော့သည်...
"အမလေး၊ သူက အမိုက်စားပဲ။ အာသာက အစည်းအရုံး အများကြီးနဲ့ ဆက်သွယ်ခဲ့တယ်။ ချန်အန်းမြို့နဲ့ သူ့ရဲ့ မဟာမိတ် အစည်းအရုံးတွေကတောင် အဲ့ထဲ ပါဝင်ဖို့ စိတ်ဝင်စား နေတယ်။ ဒီလယ်ယာမစ်ရှင်ကြောင့် အစည်းအရုံး စစ်ပွဲအားလုံး ယာယီ ရပ်တန့် သွားပြီပဲ။ ဂိမ်းမာ အားလုံးက နတ်ဆိုးဘုရင် မမ်မွန်ကို ဝိုင်းသတ်ကြတော့မယ်။"
"ဒါက တော်တော်မိုက်တယ်။ နေရာရွှေ့ပြောင်း ဝင်ပေါက်က ဆောက်ရတာ အရမ်း ဈေးကြီးတယ်၊ နောက်ပြီး ရှားလီကလည်း အခကြေးငွေ ကောက်နေတာ။ အစည်းအရုံးတွေ မစည်းလုံးရင် လယ်ယာကို ခရီးထွက်ဖို့က ပြဿနာကြီး တစ်ခု ဖြစ်လာလိမ့်မယ်။"
"ဟုတ်တယ်။ နတ်ဆိုးဘုရင်မမ်မွန် ဒီတစ်ကြိမ် သေတော့မယ်။"
ထာဝရတိုင်းပြည်မှ စစ်သည်တော်များက အထိန်းအကွပ်မဲ့ စကားပြောဆို နေကြသည်။ သူတို့က နတ်ဆိုးဘုရင်မမ်မွန် ဤတစ်ကြိမ်တွင် သေတော့မည်ဟု ယူဆထားသည်။ ပုံမှန်အားဖြင့် မိုရိုးစ်က ၎င်းကို သူ့စိတ်ထဲတွင် မိုက်သည်ဟု ခံစားရသော်လည်း ဘာမှမကြားလိုက်သလို မသိသလိုသာ ဟန်ဆောင် လိုက်ပေလိမ့်မည်။ သို့သော် ယခုမူ သူ့တွင် ပြင်းပြသောဆန္ဒ တစ်ခု ရှိနေသည်။ သူက သောက်လက်စ ဝိုင်ပုလင်းကို လွှင့်ပစ်ကာ ထရပ်ပြီး အနားမှ ဂိုဘလင်များအား အော်ပြော လိုက်သည်။ "အဲ့ဒီ လယ်ယာ ဘယ်မှာလဲကွ။ ငါလည်း သွားမယ်။"
...
အာသာ၏ အစီအစဉ်မှာ အဆင်ပြေပြေ အကောင်အထည် ဖော်နိုင်ခဲ့သည်။ အစည်းအရုံးများ ကြားတွင် ပဋိပက္ခများ ရှိနေသော်လည်း ၎င်းတို့က မပြေနိုင်လောက်သည့် အမုန်းတရားများတော့ မဟုတ်ပေ။ အရေးကြီးသော အခြေအနေများတွင်မူ အစည်းအရုံးများမှာ ယခုကဲ့သို့ပင် ဘုံရည်မှန်းချက်အတွက် စည်းလုံး နိုင်ကြသည်။
ဤရှည်လျား ဝေးကွာသော ခရီးစဉ်၏ ကြီးမားသော ခြိမ်းခြောက်မှုကြောင့် အစည်းအရုံး တစ်ခုတည်၏ အစွမ်းအစဖြင့် လယ်ယာမစ်ရှင်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပေ။
အစည်းအရုံးများအတွက် လယ်ယာတွင် နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု တည်ဆောက်ရန် ပေါင်းစည်းလိုက်ခြင်းမှာ အကောင်းဆုံး ဖြေရှင်းချက် ဖြစ်၏။
မည်သူမျှ မစ်ရှင်တွင် မပါဝင်နိုင်ခြင်း အတွက် မတိုင်ကြားနိုင်တော့ပေ။
နေရာရွှေ့ပြောင်း ဝင်ပေါက် ဆောက်လုပ်ရေး ကုန်ကျစရိတ်များကို ပေးချေ၊ အရှင်ရှားလော့ခ်ထံ ချိတ်ဆက်ခကို ထုတ်ပေးပြီး နောက်တွင် ဂိမ်းမာများက နေရာရွှေ့ပြောင်း ဝင်ပေါက် ဆောက်လုပ်ရေး လုပ်သားများကို လိုက်ပါပို့ဆောင်ရန် အဖွဲ့ဝင် ဆယ်ဂဏန်းမျှ ပါဝင်သော အုပ်စု တစ်ခု ဖွဲ့စည်းလိုက်သည်။ မိုရိုးစ်မှာလည်း ထိုအုပ်စုနှင့် လယ်ယာသို့ လိုက်ပါခွင့် ပေးရန် အခိုင်အမာ တောင်းဆို ခဲ့သည်။
ထို့အပြင် မိုရိုးစ်က ခွင့်လျှောက် ထားခဲ့သည်။
"အရှင်ရှားလော့ခ်။ ကျွန်တော် ကျွန်တော့်ကွာရှင်းမှု ကိစ္စဝိစ္စတွေကို ရှင်းခဲ့ ပြီးပါပြီ။"
"မင်း ကွာရှင်းလိုက်တာလား။ ဟမ်၊ ဒါက တော်တော် ကောင်းတယ်။ အဲ ငါ ပြောချင်တာက ဝမ်းမနည်းပါနဲ့ကွာ။ အကောင်းဘက်က စဉ်းစားကြည့်ပေါ့။ မင်း အလုပ်မှာ အာရုံစိုက်ဖို့ စွမ်းအင် ပိုရလာမယ်၊ ဟုတ်တယ်မလား။"
"မှန်ပါတယ် အရှင်ရှားလော့ခ်။ အရှင့်ကို ခစားနိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို အရှင့်အစေခံတွေနဲ့ အတူ လယ်ယာကို လိုက်ခွင့်ပေးပြီး နတ်ဆိုးဘုရင် မမ်မွန်နဲ့ တိုက်ခိုက်ခွင့် ပေးပါ။ အဲ့ဒါမှ ကျွန်တော် တိုးတက်နိုင်မှာပါ။"
"မင်း အရမ်း စိတ်ဓာတ်ကျ နေလောက်တယ်။ ငါ မင်းကို ဒီမှာ နေထားခိုင်းရင် မင်း အလုပ်မှာ အာရုံစိုက်နိုင်လောက်မှာ မဟုတ်ဘူး။ မင်းက သူတို့နဲ့ အတူ လယ်ယာကို လိုက်သွားပြီး အမ်ပီစီ လုပ်ရမယ်။"
"အမ်ပီစီလား။"
"မင်းက မစ်ရှင်တွေ တာဝန်ပေးရမယ်၊ ဇာတ်လမ်းတွဲ ဖန်တီးရမယ်၊ ပြီးတော့ ငါ့ အမိန့်တွေကို နားထောင်ရမယ်၊ ပုံမှန် မစ်ရှင်တွေလိုပါပဲ။"
မိုရိုးစ်က ခွင့်တင်ပြီး လယ်ယာသို့ လိုက်သွားကာ အမ်ပီစီဖြစ်လာသည်။
သို့သော် မိုရိုးစ်မှာ သူ ခွင့်ခံစား နေရခြင်း မဟုတ်ဟု ခံစားရသည်။
သူ စိတ်မဝင်စားပေ။ ခွင့်ကိစ္စကို စိုးရိမ်နေမည့်အစား သူက ခက်ခဲသော အခြေအနေတွင် မိမိကိုယ်ကို တိုးတက်စေရန်သာ စိုးရိမ်နေသင့်သည်။
၎င်းက မိုရိုးစ် ဘီးတယ်လ်မွန်ပေါ်တွင် ထိုင်နေစဉ် တွေးလိုက်မိသော အရာပင်။
"မိုရိုးစ်၊ မင်း ကွာရှင်းခဲ့တာလား။ မင်း ငါ့ကို မင်းဇနီးကို သွားလုပ်ကြံစေချင်လား။ အဲ မဟုတ်သေးဘူး၊ ငါ ပြောချင်တာက မင်းရဲ့ ဇနီးဟောင်းကိုပေါ့။"
"ငါ အံ့ဩတယ်ရော၊ လန်ဆလော့နဲ့ မြို့စားဂွီနီဗီယာတို့ကျ မကြာသေးခင်ကမှ လက်ထပ်ခဲ့ကြပြီး မိုရိုးစ်ကကျ ကွာရှင်းခဲ့တယ်။ ဂိမ်းက သူ့ရဲ့ အမ်ပီစီ အိမ်ထောင်ရေးစနစ်ကိုကျ အပ်ဒိတ်လုပ်တာပဲကို။ ဘာဖြစ်လို့ ဂိမ်းမာတွေကျ လက်မထပ် နိုင်ရမှာလဲ။"
"ဂိမ်းမာတွေက ကုန်သည် မဟာမိတ် အဖွဲ့ရုံးခွဲမှာ အသိသက်သေ ရှာနိုင်ရန် နှစ်ဦးသဘောတူ လက်ထပ်နိုင်တယ်။ ဒါမှမဟုတ် ရှားလီကို မင်္ဂလာပွဲကို ကြီးကြပ်ခိုင်းနိုင်တယ်။"
"ရှားလီက မင်္ဂလာပွဲကို ကြီးမှူးပေးမယ်တယ်တဲ့။ ဟာသ လာမပြောနဲ့။ အဲ့လိုလုပ်ဖို့ဆို အခကြေးငွေတွေက အနည်းဆုံး မှော်ကျောက်တုံး ၁၀,၀၀၀လောက် ပေးရလိမ့်မယ်။"
"ရှားလီက တကယ့် ငွေမက်တာပဲ။ သူက ငါတို့ လေရှုတာကို အခွန်မကောက်သေးတာကလွဲရင် ကျန်တာ အကုန်လုပ်တယ်။"
"ရှူး၊ ဆက်မပြောနဲ့တော့။ ရှားလီ ဒီအကြောင်း သိသွားရင် သူ့ လေရှုလို့ဆိုပြီး အခကြေးငွေ လာကောက်နေဦးမယ်။"
ဂိမ်းမာများက ဘီးတယ်လ်မွန်ပေါ်တွင် စိတ်အားထက်သန်စွာ စကားပြောဆို နေကြသည်။ သူတို့က လာမည့်တိုက်ပွဲ အတွက် စိုးရိမ်နေခြင်း မရှိကြပေ။ သူတို့ ကြည့်ရသည်မှာ နတ်ဆိုးဘုရင် မမ်မွန်နှင့် တိုက်ခိုက်ရန် သွားနေသည့် အစား ခရီးသွား နေကြသကဲ့သို့ပင်။
၎င်းက သူတို့၏ အရည်အချင်းပင်။ သူတို့က မည်သည့် ပြဿနာနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အကောင်းမြင် တတ်ကြ၏။ သူတို့က ထာဝရတိုင်းပြည်မှ စစ်သည်တော်များပင်။
မိုရိုးစ်မက သူလည်း ထိုစစ်သည်တော်များ ကဲ့သို့ ရဲရင့်ချင်ပေသည်။
သူ အဝေးကို လှမ်းကြည့်လိုက်သည်။
ဥမင်လိုဏ်ခေါင်းထဲ ဝင်ရောက်ရန် တန်းစီနေသော ဘီးတယ်လ်မွန် များစွာ ရှိနေသည်။
...
ရွှေရောင် ဆံပင် ရှိသော ဂျော့ခ်ျ အကျဉ်းခန်းထဲတွင် ကြောင်တောင်တောင် ထိုင်နေသည်။ အကျဉ်းထောင် အပြင်ဘက်တွင်မူ အကျဉ်းသားများကို ပြင်းထန်စွာ စောင့်ကြည့်နေသော လိပ်တစ်ကောင် ရှိနေသည်။
အကျဉ်းထောင် အစောင့်များမှာ နဂါးနက်၊ ကြောင်နက်၊ ကြက်တူရွေးနှင့် လိပ်တို့ ပါဝင်သည်။ မဟုတ်ဘူး၊ ၎င်းမှာ တိတိကျကျ ဆိုရလျှင် ကုန်းလိပ် ဖြစ်၏။
ရွှေရောင် ဆံပင် ရှိသော ဂျော့ခ်ျက အစောင့် လေးဦး၏ မတူညီသော ကိုယ်ရည်ကိုယ်သွေးများကို လေ့လာနိုင်ခဲ့သည်။
နဂါးနက်မှာ အဖြူရောင် ရောင်ခြည်များ ထုတ်လွှတ်သော မာနာစက် တစ်ခုကို သုံးပေလိမ့်မည်။ သယ်ဆောင်ရ လွယ်ကူသော ထိုမာနာစက်မှာ ခေါက်သိမ်းနိုင်ပြီး ခပ်အုပ်အုပ် ဆူညံသံများ ထွက်ပေမည်။ တစ်ခါတစ်ရံ နဂါးနက်က ထိုမာနာစက်ကို ရူးသွပ်စွာ ထုနှက်ပြီး အမျိုးမျိုးသော စကားများ အော်ဟစ် ပေလိမ့်မည်၊ ဥပမာအားဖြင့် -
"အမလေး၊ မင်းက သောက်ရမ်း တော်တယ်ပေါ့။ မင်းကို ၉၈ကေ တစ်လက် ချိန်ထားတယ် ဆိုတာ မင်း မသိဘူးမလား။"
"ငါ့ကို ကယ်ပါဦး။ ငါ့ကို ကယ်ပါဦး။"
"အိုတီ။ အိုတီ။ အမလေး။ သောက်ပေါရဲ့။"
"ငါ သေတော့မယ်။ ငါ သေတော့မယ်။ အမလေး။ သောက်နုရေ ကိုယ့်ကိုယ်ကိုသာ ကုသလိုက်ပါတော့။"
"ရှောင်တိမ်းခြင်း စွမ်းရည်။ ရှောင်တိမ်းခြင်း စွမ်းရည်။ အမလေး။ သောက်နုရဲ့၊ ထိအောင် ခုတ်ပါဟ။"
ဂျော့ခ်ျမှာ ကြက်ဥခေါင်း စကားများကို နားမလည်နိုင်ပေ။ သူက နဂါးနက် ဒေါသထွက်နေသည်ကိုသာ သိသည်။
ကြောင်နက်နှင့် ကြက်တူရွေးတို့မှာ အမြဲတမ်း အတူတကွ ဝိုင်းဖွဲ့ စကားပြော နေကြသောကြောင့် ဂျော့ခ်ျမှာ မည်သူက တာဝန်ကျနေသည်ကိုပင် မခွဲတတ်ပေ။
ဇွဲအရှိဆုံး အကျဉ်းထောင် အစောင့်မှာတော့ လိပ်ပင်။ ထွက်ပြေးရန်က မဖြစ်နိုင်လု နီးပါး ဖြစ်၏။ အကျဉ်းသားများ စကားပြောသံ အနည်းငယ် ကျယ်မိလျှင်ပင် ထိုလိပ်က ပြင်းပြင်းထန်ထန် စိုက်ကြည့် ပေလိမ့်မည်။
ရွှေရောင် ဆံပင် ရှိသော ဂျော့ခ်ျနှင့် အကျဉ်းသားများမှာ ထွက်ပြေးရန် မစွမ်းနိုင်ကြပေ။
သူ၏ ခန့်ညားသော မျက်နှာမှာ မှိုင်းမှိုင်းမှောင်မှောင် ဖြစ်နေခဲ့ပြီး နေရောင်ခြည် ဆုံးရှုံးခဲ့သော အရေပြားမှာ ဖြူဖျော့နေခဲ့ကာ မေးစေ့မှာတော့ မသပ်မရပ် မုတ်ဆိတ်မွေးများဖြင့် ပြည့်နေတော့သည်။
သူတို့၏ သန့်ရှင်းရေး အခြေအနေကကော။ အကျဉ်းသားများမှာ ထူးဆန်းသော အရည် တစ်ခုထဲတွင် ထည့်စိမ်ခြင်း ခံနေရသောကြောင့် သန့်ရှင်းရေးအတွက်တော့ စိုးရိမ်စရာ မရှိပေ။ သူတို့ အရည်ထဲတွင် စိမ်ပြီးနောက် ရေပေး မချိုးကြပေ။ အရည်ထဲတွင် ရှိနေစဉ် သူတို့ကို မီနီစကတ်များ ဝတ်ဆင်ထားသော အမျိုးသမီး ကျောင်းသူ များစွာ ရှိသည့် အဆောက်အအုံမြင့် တစ်ခုထဲ သိစိတ် ကူးပြောင်းပေးခြင်း ခံရပေလိမ့်မည်။ သူတို့က နေ့စဉ် သင်တန်းများ တက်ရောက် နိုင်ကြသည်။ ၎င်းမှာ အံ့ဖွယ်ကောင်းသော အတွေ့အကြုံပင်။
သူ တက္ကသိုလ် တစ်ခုသို့ ဝင်ခွင့်ရရန် ကြိုးစားနေစဉ် သူ့၌ ဂိမ်းကစားမှု ပါရမီရှိကြောင်း သိလိုက်ရ ပေလိမ့်မည်။ သူက တစ်ရက်လျှင် နာရီ ၂၀ကြာအောင် ကွန်ပျူတာ ဂိမ်းများ လေ့ကျင့် ပေလိမ့်မည်။ အရန်ဂိမ်းမာ တစ်ဦး အနေဖြင့် သူက အဓိကဂိမ်းမာများ စားသောက်ပြီးစီးပြီးမှ ကျန်သည့် အကျန်ကိုသာ စားသောက်ခဲ့ရသည်။ လေ့ကျင့်ရေးဆင်းနေသည့် ကာလတွင်ဆိုလျှင် မတ်တပ်ရပ် နေရသည်။
စိတ်ပျက်စရာ အကောင်းဆုံး အပိုင်းမှာ သူက အရေးကြီးသည့် ပြိုင်ပွဲကို သူ၏ အမှားကြောင့် ရှုံးနိမ့်သွားပြီးနောက် အင်တာနက်ပေါ်တွင် ကြမ်းတမ်းသော စော်ကားမှုများကို ခံရခြင်းပင်...
ထိုအရာမှာ ဥပမာ တစ်ခုမျှသာ ရှိသေး၏။ သူ မာနာစက်တွင် လှောင်ပိတ်ခံရသည့် အခါတိုင်း ကြုံတွေ့ရသည့် အတွေ့အကြုံများမှာ မတူညီကြပေ။ မည်သည့် အတွေ့အကြုံပင် ဖြစ်ပါစေ ရလဒ်မှာတော့ အတူတူပင်။ ၎င်းမှာ ပျော်ရွှင်မှု ခံစားရပြီးနောက် ပြင်းပြင်းထန်ထန် ဝမ်းနည်းရသည့် ဇာတ်လမ်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ် ၎င်းမှာ အစကတည်းက သည်းမခံနိုင်လောက်ဖွယ် နာကျင်ဖွယ်ဘဝ တစ်ခု ဖြစ် ပေလိမ့်မည်။
စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရပြီးနောက် မျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ သူက ကြောက်မက်ဖွယ် ထာဝရတိုင်းပြည် ဒန်ဂျင်သို့ ပြန်ရောက်သွား ပေလိမ့်မည်။
ရွှေရောင် ဆံပင် ရှိသော ဂျော့ခ်ျက သူ၏ ဝိညာဉ်မှာ ထပ်ခါတလဲလဲ ဘဝအတွေ့အကြုံများ ကြုံတွေ့နေစဉ် မာနာစွမ်းအင် စုပ်ယူခြင်း ခံနေရသည်ဟု ယူဆလိုက်သည်။ သူ၏ ပြင်းထန်သော စိတ်အတက်အကျ ခံစားချက်များက မာနာစွမ်းအင် ထုတ်လုပ်ရန် စွမ်းအင်ပေးခဲ့သည်။ နတ်ဆိုးများမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသုံးပြု၍ မာနာစွမ်းအင် ထုတ်ယူနိုင်သော်လည်း သားကောင်မှာ သူ၏ အသက်ကို ဆုံးရှုံးသွား ရပေလိမ့်မည်။
သို့သော် ရှားလော့ခ်မှာ ရက်စက် ကြမ်းကြုတ်ပြီး ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသုံး မပြုပေ။
ဂျော့ခ်ျ အတွက် ရှားလော့ခ်မှာ မဟာဂရုဏာရှင်ကြီး မဟုတ်ပေ။ မာနာစက်တွင် ထပ်ခါတလဲလဲ ဘဝဖြတ်သန်းရပြီး နောက်တွင် သူ၏ စွမ်းအင်မှာ အားနည်းသထက် အားနည်း လာသည်။ သူ သူ၏ ခန္ဓာကိုယ်ရှိ မာနာစွမ်းအင်ကိုပင် မခံစား နိုင်တော့ပေ။
မာနာစွမ်းအင် မရှိပါက သူ၏ အစွမ်းမှာ လျော့နည်းသွား ပေလိမ့်မည်။ သူ တိုက်ပွဲ ဝင်ရန် လက်နက်ကို မြှောက်နိုင်၊ မမြှောက်နိုင်ပင် မသေချာ နေတော့ပေ။
မဟုတ်ပေ။ ဂျော့ခ်ျ နောက်ထပ် မခံနိုင်တော့ချေ။
ရွှေရောင် ဆံပင် ရှိသော ဂျော့ခ်ျမှာ လေးနက် လာခဲ့သည်။ သူက ဂျူတီ အလှည့် ပြောင်းနေသော ကြောင်နက်နှင့် လိပ်ကို ကြည့်လိုက်သည်။ ကြောင်နက်က လိပ်၏ အခွံကို လက်သည်းဖြင့် ခြစ်ကာ ခပ်ထေ့ထေ့ လှောင်နေသည်။ ဂျော့ခ်ျမှာ ရုံးတွင်း အကြမ်းဖက်မှု အဖြစ်အပျက်များကို မသတိရမိဘဲ မနေနိုင်ပေ။
၎င်းမှာ သူ စိတ်ကူးယဉ် ကမ္ဘာတွင် သင်ယူလာခဲ့သော စကားစု တစ်ခု ဖြစ်ပြီး ၎င်းစကားစုက ထိုနေရာရှိ သူ၏ ဘဝ တစ်ခုနှင့် ဆက်စပ် နေခဲ့သည်။
ဤသည်မှာ သူ့အတွက် အခွင့်အရေးပင်။ ကြောင်နက်အစောင့်မှာ ဇွဲမရှိပေ။ သူ အကျဉ်းထောင် တံခါးကို ခိုးဖွင့်ပြီး ကြောင်နက်ကို သတိလစ်အောင် ရိုက်နိုင်လောက်သည်။ ထို့နောက် သူ ထွက်ပြေးနိုင် ပေလိမ့်မည်။
ထိုအရာမှာ သူ၏ အပြစ်အနာအဆာ ကင်းမဲ့သော အစီအစဉ်ပင်။
ဂျော့ခ်ျမှာ သူ၏ အစီအစဉ်ကို အချိန်တိုအတွင်း ရေးဆွဲလိုက်ပြီး ၎င်းကို အကောင်အထည် ဖော်ရန် အသင့်ပြင်လိုက်သည်။
ရုတ်တရက် အကျဉ်းထောင် တံခါးပွင့် သွားခဲ့သည်။ ကြောင်နက်က တံခါးဝတွင် ရပ်ကာ အကျဉ်းသားများအား အော်ပြောသည်။ "ထွက်လာကြ။ မင်းတို့ အားလုံးမှာ တန်ဖိုး မရှိတော့ဘူး၊။ မင်းတို့ မြေပေါ်ကမ္ဘာကို ပြန်လို့ရပြီ။ သေသေချာချာ တန်းစီကြစမ်း။"
ဂျော့ခ်ျမှာ ထိုစကားကို နားမလည်လိုက်ပေ။ သူ ပိုလီယိုဆီသို့ ပြေးဝင်သွားခြင်း မပြုမီ သူ၏ အကြည့်မှာ စူးရဲနေပြီး စိတ်ပိုင်းဖြတ် ထားသလိုပင်။
ဂျော့ခ်ျ ဝမ်းပန်းတနည်း ငိုကြွေးရင်း အော်ပြော လိုက်သည်။ "ငါ ခုနကမှ ထွက်လာတာ။ ငါ့ကို အဲ့ဟာထဲ မထည့်ပါနဲ့။ ငါ ကွန်ပျူတာ ဂိမ်းပြိုင်ပွဲတွေမှာ မပါချင်ဘူး။"