မင်းတို့က ဗစ်တိုးရီးယား မြို့သားတွေရဲ့ အကျဉ်းသားတွေပဲ
Vol. 37 Ch. 552
အမှောင်ဝင်ပေါက်တွင်။
လက်များ ချည်နှောင်ခံထားရသော နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်အုပ်စုများ အမှောင်ဝင်ပေါက်သို့ ဦးတည်ထားသည့် ဥမင်လိုဏ်ခေါင်းတွင် သွားနေကြသည်။ သူတို့က ဝင်ပေါက်ထဲသို့ ဝင်ရောက်ပြီးသည်နှင့် မြေပေါ်ကမ္ဘာသို့ ပြန်ရောက်ပေလိမ့်မည်။
အကျဉ်းသား ထောင်ပေါင်း များစွာအား မစ်ရှင်တာဝန် ရထားသော ထာဝရတိုင်းပြည်မှ ဂိမ်းမာ အနည်းငယ်က လိုက်ပါပို့ဆောင် နေကြသည်။
ဂိမ်းမာများမှာ နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များ ထွက်ပြေးမည်ကို မစိုးရိမ်ကြပေ။ အကြောင်းမှာ အကျဉ်းသားများက လမ်းကောင်းကောင်း မလျှောက်နိုင်လောက်သည်အထိ စွမ်းအင် စုပ်ယူခြင်း ခံထားရသောကြောင့်ပင်။ အကျဉ်းသားများ အတွက် ဂိမ်းမာများမှာ ကြောက်မက်ဖွယ် အတိပင်။
"ဒန်ဂျင်" အတွက် ဂိမ်းလှဲလျောင်း ထိန်းချုပ်ခန်းစက် သန်းငါးဆယ် ရောင်းချခဲ့ပြီး ဖြစ်၏။ ထာဝရတိုင်းပြည်တွင် အနည်းဆုံး ဂိမ်းမာ သန်းအနည်းငယ် ရှိနေသည်။ ဒန်ဂျင်တွင်က အလွန် လူဦးရေ ထူထပ်နေသည်။
ယခင်က မြေအောက်ပင့်ကူများဖြင့် ပြည့်နှက် နေခဲ့သော ပင့်ကူဂူမှာ ယခုဆို ဂိုဘလင်များဖြင့် ပြည့်နှက်နေလေပြီ။ မြေအောက်ပင့်ကူများမှာ ဝဖြိုးပြီး ဝိုင်းစက်နေသည်အထိ ပွဲတော်တည်နိုင်ခဲ့သည်။
စိတ်ကူးကြည့်ရန် ခက်ခဲသော်လည်း ၎င်းမှာ အမှန်တရား ဖြစ်၏။
ရွှေရောင် ဆံပင် ရှိသော ဂျော့ခ်ျက သူတို့ကို ဦးဆောင်နေသော အော့ခ်များကို ခိုးကြည့်လိုက်သည်။ ပိုလီယိုက အကျဉ်းထောင် တံခါးများကို ဖွင့်ပြီး သူတို့ကို ထာဝရတိုင်းပြည်မှ အမှောင်ဝင်ပေါက်သို့ ခေါ်သွားခဲ့သည်။
ဂျော့ခ်ျမှာ တိုက်ပွဲ ရှုံးနိမ့်ပြီး အကျဉ်းသားအဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရသော အမှောင်ဝင်ပေါက်ကို မမေ့နိုင်ပေ။ တစ်လကြာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရပြီးနောက်တွင် သူက အမှောင်ဝင်ပေါက်သို့ နောက်တစ်ကြိမ် ခေါ်လာခြင်း ခံခဲ့ရသည်။ ဖြစ်နိုင်သည်မှာ သူ့တွင် တန်ဖိုး မရှိတော့သောကြောင့် အသတ်ခံ ရတော့မည်လား။
ဂျော့ခ်ျ စိတ်ဓာတ်ကျစွာ စဉ်းစား လိုက်သည်။
ဤအချိန်တွင်ပင် လူသားအုပ်စု တစ်စုက အမှောင်ဝင်ပေါက်မှ ထွက်လာသည်။ ခေါင်းပေါ်မှ အစိမ်းရောင် သင်္ကေတများအရ သူက သူတို့ကို ဗစ်တိုးရီးယား မြို့သားများ ဖြစ်ကြောင်း ခွဲခြားသိနိုင်သည်။
"ဒီကနေ ထွက်သွားပါ။ အော့ခ်တွေ ရှိနေတယ်။"
ဂျော့ခ်ျ ဘာမှ မစဉ်းစားဘဲ လူသားအုပ်စုအား ပင်ကိုယ်အသိစိတ်ဖြင့် အော်ပြော လိုက်သည်။ သူက ရက်စက် ကြမ်းကြုတ်သော အော့ခ်များ မရှာတွေ့မီ ဗစ်တိုးရီးယား မြို့သားများကို ကြိုသတိပေး လိုခဲ့သည်။
ယုတ္တိဗေဒအရ ပြောရလျှင် ဗစ်တိုးရီးယား မြို့သားများက အကျဉ်းသား ထောင်ပေါင်း များစွာ ပါဝင်သော အုပ်စုကို မတွေ့မိရန် မဖြစ်နိုင်ခဲ့ပေ။
အော့ခ်များက ဂျော့ခ်ျ အော်သံကို ကြားသော် ဘာဆက်လုပ် ရမည်ကို မသိဘဲ အံ့ဩသွားသည်။ ဂျော့ခ်ျမှာ အော်ဟစ် သတိပေးပြီး နောက်တွင် အသတ်ခံရရန် စိတ်ကို ကြိုတင် ပြင်ဆင် ထားခဲ့သည်။
သို့သော် အော့ခ်များက သူ့ကို မသတ်ကြပေ။ ယင်းအစား အော့ခ်များက အဝေးရှိ ဗစ်တိုးရီးယား မြို့သားများအား အော်ခေါ်လိုက်သည်။
သူအော်လိုက်သည့် ဘာသာစကားမှာ မြေအောက်လောက ဘာသာစကား မဟုတ်ျပေ။ ၎င်းက ကြက်ဥခေါင်း၏ နဂါးဘာသာစကားနှင့် ဆင်တူသည်။ ဂျော့ခ်ျမှာ ထိုဘာသာစကားကို နားမလည်နိုင်ပေ။
သို့သော် ဗစ်တိုးရီးယား မြို့သားများမှာ အော့ခ် စကားကို နားလည်နိုင်ကြသည်။ အကြောင်းမှာ ၎င်းက မန်ဒရင်း ဘာသာစကား ဖြစ်သောကြောင့်ပင်။
"ဘာဖြစ်လို့ ရွှေရောင် ဆံပင် ဂျော့ခ်ျက အော်နေတာလဲ။ သူ ထွက်ပြေး ချင်နေတာလား။ ဒါမှမဟုတ် ဒါက နောက်ထပ် ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင် တစ်ခုလား။"
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာ တစ်ဦးက အလျင်အမြန် ပြန်ဖြေလိုက်သည်။ "မဟုတ်ဘူး၊ သူက ငါတို့ကို ထွက်ပြေးဖို့ သတိပေးနေတာ၊ မင်းတို့ ဒီမှာ ရှိနေလို့လေ။ သူက မင်းတို့ ငါတို့ကို တိုက်ခိုက် တော့မယ်လို့ ထင်နေတာ။"
"အမ်ပီစီရဲ့ အပြုအမူက အရမ်း လက်တွေ့ကျတာပဲ။ စိတ်မကောင်းစရာက ငါ သူ့စကားကို နားမလည်ဘူး။ ဂိမ်းအရာရှိတွေက ငါတို့ နားလည်နိုင်တဲ့ ဘုံဘာသာစကား တစ်ခု ထည့်သွင်း ပေးသင့်တယ်။ မဟုတ်ရင် ငါတို့ ဂိမ်းဇာတ်လမ်းကို နားလည်နိုင်မှာ မဟုတ်ဘူး။"
ထိုအရာမှာ ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ ကြားမှ စကားဝိုင်းပင်။
ဂိမ်းမာများမှာ အရှင်ရှားလော့ခ် အမိန့်ပေး ခဲ့သောကြောင့် ထိုနေရာတွင် ရောက်နေကြခြင်း ဖြစ်၏။ နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များမှာ ရနိုင်သမျှ မှော်ကျောက်တုံး အားလုံး စုပ်ယူခြင်း ခံထားရ၏။ သူတို့အား သတ်လိုက်လျှင်ပင် မှော်ကျောက်တုံးများ နောက်ထပ် ရလာတော့မည် မဟုတ်ပေ။
ရှားလော့ခ်က မှော်ကျောက်တုံး ထုတ်ယူရေး စက်အသစ်၏ စွမ်းဆောင်ရည်ကို သိသည်။ အကျဉ်းသားများတွင် တန်ဖိုး မရှိတော့သောကြောင့် ရှားလော့ခ်မှာ သူတို့ကို ကျွေးမွေးထားရန် အပိုငွေများ သုံးရ ပေလိမ့်မည်။
ရှားလော့ခ်က သူတို့ကို ဆက်ထိန်းသိမ်းထားမည် မဟုတ်သလို သတ်ဖြတ်ပစ်မည်လည်း မဟုတ်ပေ။ အလောင်း ဖျောက်ဖျက်ရခြင်းမှာ ဒုက္ခများ၏။ ဂိမ်းမာများမှာက အလောင်း မစားဘဲ ရွှံ့စေးကိုသာ စားကြပြီး စစ်သည်တော်များကို သတ်ဖြတ်ပစ်ခြင်းမှာလည်း တန်ဖိုး မရှိပေ။ ယင်းအစား သူတို့ကို အရှင်ထားရှိခြင်းက ပိုတန်ဖိုးရှိသည်။
ခဏမျှ စဉ်းစားအပြီးတွင် ရှားလော့ခ်က နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များကို ဗစ်တိုးရီးယားမြို့သို့ အပ်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့က ဘုရင်မ ဗစ်တိုးရီးယားနှင့် ဂိမ်းမာများအတွက် တန်ဖိုးရှိလောက်သည်။
ရှားလော့ခ်မှာ ရွှေရောင် ဆံပင် ရှိသော ဂျော့ခ်ျကို မသိသလို စိတ်လည်း မဝင်စားပေ။
ဂျော့ခ်ျက အော့ခ်များနှင့် လူသားများ ရင်းရင်းနှီးနှီး စကားပြောဆို နေသည်ကို တွေ့ခဲ့ရသည်။ ဗစ်တိုးရီးယား မြို့သားများမှာလည်း ပြုံးနေကြသည်။
သူတို့ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ရတော့မည် ဖြစ်သောကြောင့် ဗစ်တိုးရီးယား မြို့သားများ အဘယ်ကြောင့် မပျော်ဘဲ နေမည်နည်း။
ဂိမ်းမာများ ကြားမှ စကားဝိုင်း ပြီးဆုံး သွားသည်။ ဂိမ်းမာများက နေ့စဉ် မစ်ရှင်များကိုလည်း လုပ်ဆောင်ရဦးမည် ဖြစ်သောကြောင့် စကားပြောဆိုနေရန် အချိန် များများ မပေးနိုင်ပေ။
စစ်သည်တော် ထောင်ပေါင်း များစွာကို ဗစ်တိုးရီးယား မြို့သားများထံ အပ်လိုက်သည်။ စိတ်ဓာတ်ကျပြီး တိတ်ဆိတ်နေသော စစ်သည်တော် တစ်ဦးက မျှော်လင့်တကြီး ပြောလာသည်။
"ငါ့ကို ကယ်ပါ။ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါ။"
စစ်သည်တော် တစ်ဦးက ဗစ်တိုးရီးယားမြို့သား တစ်ဦးအား အားကိုးတကြီး ခြေပြေးဖက်လိုက်သည်။ ကျန်စစ်သည်တော်များကတော့ သူ့လို လိုက်မလုပ်ကြပေ။ ဂိုဘလင် များစွာက ထိုစစ်သည်တော်၏ အပြုအမူကို အကဲခတ် နေကြသည်။
ဂိုဘလင်များမှာ အရပ်ပုသော်လည်း ကြောက်မက်ဖွယ် မြေအောက်လောက သတ္တဝါများ ဖြစ်နေကြဆဲပင်။ စစ်သည်တော်များ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ ရိုက်ချိုး ခံထားရသလို ရုပ်ပိုင်းဆိုင်ရာ အရလည်း ပင်ပန်းနွမ်းနယ် နေသောကြောင့် သူတို့ ဂိုဘလင်များနှင့် မတိုက်ခိုက် ဝံ့ကြပေ။
အကူအညီ တောင်းသော စကားကို ကြားရပြီးနောက် ဗစ်တိုးရီးယား မြို့သား တစ်ဦးက ဖြောင့်မတ်စွာ ဆိုလိုက်သည်။ "စိတ်မပူပါနဲ့၊ ငါတို့ မင်းတို့ကို မကောင်းဆိုးဝါး ထာဝရတိုင်းပြည်ကနေ ကယ်ခဲ့ပြီးပြီ။ သူတို့က မင်းတို့ကို နောက်ထပ် ထိခိုက်စေနိုင်မှာ မဟုတ်ဘူး။"
နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များ မပျော်နိုင်မှီ ဗစ်တိုးရီးယား မြို့သားက ဆက်ပြောလိုက်သည်။ "မင်းတို့က အခု ဗစ်တိုးရီးယားမြို့ရဲ့ အကျဉ်းသားတွေပဲ။ စိတ်မပူပါနဲ့၊ ငါတို့က အကျိုးအကြောင်း မဆီလျော်တဲ့ သူတွေ မဟုတ်ဘူး။ မင်းတို့ ငါတို့ကို အကျိုးကျေးဇူးတွေ ဒါမှမဟုတ် မစ်ရှင်တွေ ပေးနိုင်ရင် ငါတို့ မင်းတို့ကို လွှတ်ပေးနိုင်တယ်။"
နောက်ထပ် ဂိမ်းမာ တစ်ဦးက လျင်မြန်စွာ ပြောလိုက်သည်။ "ဥပမာအားဖြင့် နယ်မြေတွေပေါ့ကွာ။ မင်းတို့မှာ ကြီးမားတဲ့ လယ်ယာမြေတွေ ဒါမှမဟုတ် နယ်မြေတွေ ရှိရင် မင်းတို့ရဲ့ လွတ်လပ်မှုကို အဲ့ဒါတွေနဲ့ ပြန်လဲလှယ် ယူနိုင်တယ်။"
...
"မိုရိုးစ်၊ မိုရိုးစ်။"
မိုရိုးစ် အိပ်ပျော်နေစဉ် မသဲမကွဲ ခေါ်သံ တစ်ခု ကြားရသည်။ သူ ဖြည်းညင်းစွာ နိုးထလာပြီး အော့ခ် တစ်ဦးကို မြင်လိုက်ရသည်။ အော့ခ်မှာ သူ့မျက်နှာနှင့် အလွန် နီးကပ်နေပြီး သူက ပြောလိုက်သည်။ "မင်း နိုးလာပြီလား။ ငါတို့ ရောက်ပြီ။"