← Chapters

ငါတို့ စံနှုန်းတွေကို လိုက်နာတယ်။

Vol. 37 Ch. 555

ငါတို့ စံနှုန်းတွေကို လိုက်နာတယ်။

Vol. 37 Ch. 555

မိုရိုးစ် လက်ထဲတွင် ပိုးတီကောင် နှစ်ကောင် ကိုင်ထားခဲ့သည်။ ပိုးတီကောင်များ ပေါ်တွင်တော့ "၈"နှင့် "၉" ဟူသော နံပါတ်များ ရှိနေသည်။

ယင်းတို့က နံပါတ်ကြီးများ ဖြစ်ကြ၏။ ထိုသို့သော နံပါတ်ကြီးများ ရထားခြင်းမှာ အနိုင်ရသော အခြေအနေဟု ယူဆနိုင်သည်။

အကယ်၍ တခြား ကစားသမားတွင် "၉" နှစ်လုံး ရှိနေပါက အဘယ်သို့နည်း။

မိုရိုးစ်မှာ ဤဖြစ်နိုင်ခြေအပေါ်တွင် စဉ်းစား နေခဲ့သည်။ သူက "၉" ဟူသော နံပါတ် အကြိမ်မည်မျှ ထွက်လာခဲ့သည်ကို ပြန်မှတ်မိရန် ကြိုးစားသည်။ ဂိမ်းပွဲတစ်ခုတွင် နံပါတ် "၉"မှာ လေးကြိမ်သာ ထွက်လာနိုင်ပေသည်။

နံပါတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ထွက်ပေါ် လာပြီးပြီးလော။

ချွေးများ မိုရိုးစ်၏ နဖူးမှ ကျဆင်း လာခဲ့သည်။ သူ အလွန် စိုးရိမ် နေသည်။

"မိုရိုးစ်၊ ဘာဖြစ်လို့ မင်း အရမ်း နှေးနေတာလဲ။"

"မြန်မြန် လုပ်စမ်းပါ။"

"ဟုတ်တယ်၊ ဟုတ်တယ်။ မင်းရဲ့ ပိုးတီကောင်တွေကို ထုတ်ပြလိုက်တော့။"

ရွှံ့ဗွက် မွန်းစတား သုံးကောင်က မိုရိုးစ်အား သူ၏ ပိုးတီကောင်များကို ထုတ်စေရန် ကြိုးစားကြသည်။

မိုရိုးစ် ခေါင်းမော့လိုက်သည်။ သူက ရွှံ့ဗွက် မွန်းစတားများကို ပြန်ချေပလို သော်လည်း ကင်းစခန်း အပြင်ဘက်ရှိ ဓားတိုနှင့် ဒိုင်းကို သတိပြု မိလိုက်သည်။

သူ သူ၏ ဇနီးနှင့် ကွာရှင်းမှု၊ ပြင်းထန်သော စိတ်သောကနှင့် မိမိကိုယ်ကို သက်သေပြပြီး မမ်မွန်ကို စိန်ခေါ်ရန် ဆုံးဖြတ်ချက်တို့ကို သတိရသွားသည်။

အမှတ်တရများက မိုရိုးစ်၏ စိတ်ထဲ တရိပ်ရိပ် တိုးဝင်လာခဲ့သည်။ သူ ဘာကြောင့် ဒီနေရာသို့ ရောက်လာသည်ကို ပြန်မှတ်မိသွားသည်...

"ရှစ်။ ကိုးကွာ။"

မိုရိုးစ်က ပိုးတီကောင် နှစ်ကောင်ကို ပစ်ချလိုက်ပြီး အောင်နိုင်သူ အပြုံးဖြင့် ပြုံးလိုက်သည်။ သို့သော် ရွှံ့ဗွက် မွန်းစတား တစ်ကောင်ကလည်း ဝမ်းသာအားရပြုံးကာ စိတ်လှုပ်ရှားပြီး တုန်ရီနေသည်။

ရွှံ့ဗွက် မွန်းစတား တစ်ကောင် တုန်ရီနေသည့်အခါ သတိပြုမိရန် လွယ်ကူလှ၏။

"ကိုး။ ကိုးဟ။"

ရွှံ့ဗွက် မွန်းစတားက သူ၏ ပိုးတီကောင် နှစ်ကောင်ကို ချပြလိုက်သည်။ တခြား ရွှံ့ဗွက် မွန်းစတားများမှာ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ကာ သူတို့၏ ပိုးတီကောင်များကို ပစ်ချလိုက်သည်။

မိုရိုးစ်မှာလည်း စားပွဲပေါ်မှ ပိုးတီကောင်များကို ပစ်ချလိုက်ရသည်။ အကြောင်းမှာ ယင်းတို့က အနိုင်ရသူ၏ အပိုင် ဖြစ်သောကြောင့်ပင်။

"တကယ်တော့ ငါ့ ဇနီးက ငါ့ကို ကွာရှင်းခဲ့တာ မကြာသေးဘူး..." မိုရိုးစ် ဝမ်းနည်းစွာ ပြောနေစဉ် အနိုင်ရသွားသော ရွှံ့ဗွက် မွန်းစတားက ပိုးတီကောင် အားလုံးကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

အနိုင်ရသူက လက်တံများကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "နောက်ထပ် မပြောနဲ့တော့။ ငါတို့ နောက်တစ်ပွဲ ဆက်ကစားရအောင်။"

"ကောင်းပြီလေ။" မိုရိုးစ်လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဂိမ်းမာ အနည်းငယ်ကမူ ကင်းစခန်း အပြင်ဘက်တွင် ရပ်ကာ မိုရိုးစ်ကို ကြည့်ရင်း စကားပြော နေကြသည်။

"ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်များ ရှိနေသလား။ ဘာဖြစ်လို့ သူတို့ ဒီလောက် အကြာကြီး ကစားနေတာလဲ။"

"ဒါက 'ဒန်ဂျင်' ဗားရှင်း Gwent Witcher ကတ်ပြားဂိမ်း ဖြစ်ရမယ်။ သူ့ ဇနီး ထွက်သွားတာလား။ အေးဆေးပေါ့၊ နောက်တစ်ပွဲ ထပ်ကစားမယ်။"

"သွားကြစို့။ အဲ့မိုရိုးစ်က အသုံးမကျဘူး။ သူ့မှာ ငါတို့ အတွက် မစ်ရှင်တွေ မရှိဘူး။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်,လုပ်တာက ပိုကောင်းတယ်။ လစာက တစ်ရက် မှော်ကျောက်တုံး နှစ်တုံးတောင် ရတာ။"

"ငါတို့ မှော်ကျောက်တုံး အားလုံး မရဘူး၊ စနစ်က ငါတို့ရဲ့ ဝင်ငွေ တစ်ဝက်ကို အခွန် ဖြတ်လိမ့်မယ်။"

"ဒါက တော်တော် ကောင်းနေပြီ။ လမ်းဆုံလမ်းခွ ကင်းစခန်းမှာ အလုပ်,လုပ်တဲ့ လစာက သုံးရက်မှ မှော်ကျောက်တုံး တစ်တုံးပဲ ရတာ။"

"ဒါပေမဲ့ ငါတို့ ဒီမှာကျ တန်းစီဇယားမှာ စောင့်ရတယ်၊ ပြီးတော့ သူတို့က ဂိမ်းမာ ၁,၀၀၀ ပဲ ခွင့်ပြုတာ။ ငါတို့ အလှည့် ဘယ်တော့ ရောက်မှာလဲ။"

ဂိမ်းမာများက ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ အလုပ်လျှောက်ရန် သွားနေစဉ် စကားပြောဆို နေကြသည်။ ဂိမ်းမာ သောင်းဂဏန်းမျှ အလုပ်လျှောက် ခဲ့သောကြောင့် အရွေးခံရရန် အခွင့်အလမ်း နည်း၏။ ကျန်ဂိမ်းမာများဆိုလျှင် နေရာရွှေ့ပြောင်း ဝင်ပေါက်တွင် ဂိမ်းမာများဖြင့် ပြည့်နေသောကြောင့် အလုပ်လျှောက်နိုင်ခြင်းပင် မရှိခဲ့ကြပေ။ ထာဝရတိုင်းပြည်တွင် တစ်လမ်းလုံး လူပြည့်နေသည့် တန်းစီဇယား တစ်ခု ရှိနေသည်။

ပက်ထရစ်စတားက လယ်ယာနယ်နိမိတ် အပြင်ဘက်တွင် ရပ်နေသည်။ သူ့ ပတ်ပတ်လည်တွင် ထာဝရတိုင်းပြည်မှ ဂိုဘလင်များကို မြင်နိုင်သည်။ ရံဖန်ရံခါ ဂနိုမ်း အချို့၊ ခွေးခေါင်းလူသားများ သို့မဟုတ် အော့ခ်များပင် ရှိနေကြသည်။ သို့သော် အရေအတွက်မှာမူ ဂိုဘလင်များထက် များစွာ နည်းသည်။

သူက ထာဝရတိုင်းပြည်မှ စစ်သည်တော်များ လယ်ယာကို ကျူးကျော်ခဲ့သော ဆိုးယုတ်သော နတ်ဆိုးဘုရင် မမ်မွန်နှင့် ရင်ဆိုင် တိုက်ခိုက်တော့မည်ဟု သတင်းရခဲ့သည်။ ပက်ထရစ်စတား အတွက်မူ နတ်ဆိုးဘုရင် မမ်မွန်နှင့် ရင်ဆိုင်မည့်သူမှာ အရှင်ရှားလော့ခ်ပင်။

ဂိုဘလင်များတွင် မမ်မွန်နှင့် တိုက်ခိုက်ရန် မည်သို့ သတ္တိ ရှိနိုင်မည်နည်း။ အစွမ်းထက် အထက်တန်းစား နတ်ဆိုး တစ်ပါးသာ သတ္တိရှိ နိုင်ပေမည်။ စစ်သည်တော်များမှာ ဤနေရာသို့ လာရန် အရှင်ရှားလော့ခ်ထံမှ အမိန့်ရထားခြင်း ဖြစ်ရမည်။

ပက်ထရစ်စတားမှာ ဘာတွေဆက်ဖြစ်မည်ကို သိလိုနေသည်။ သူက သွေးထွက်သံယို ဖြစ်ရပ်များ ဖြစ်ပွား နေလိမ့်မည်ဟု ထင်ထားသော်လည်း ကိစ္စရပ်များမှာ သူမျှော်လင့်ထားသည်နှင့် မတူနေပေ။

ထာဝရတိုင်းပြည်မှ စစ်သည်တော်များမှာ လာဘ်ထိုးခံရပြီး လက်နက်ချသွားသည်။

၎င်းကို "ယာယီအလုပ်"ဟု ခေါ်ပြီး တစ်ရက်လျှင် မှော်ကျောက်တုံး နှစ်တုံး လစာ ရသော်လည်း လယ်ယာကို ကျူးကျော်သူများမှာ ထာဝရတိုင်းပြည်မှ စစ်သည်တော်များ၏ များပြားလှသော အရေအတွက်ကို ကြောက်နေကြောင်း လူတိုင်း မြင်နိုင်သည်။ ထို့ကြောင့် သူတို့က ထာဝရတိုင်းပြည်မှ စစ်သည်တော်များကို လာဘ်ထိုးရန် လစာမြင့်မြင့် အသုံးပြုခဲ့ကြပြီး ရဲရင့်သော စစ်သည်တော်များမှာလည်း သဘောတူ ခဲ့ကြသည်။

ပက်ထရစ်စတားမှာ စစ်သည်တော်များက လစာမြင့်သော အလုပ်ကို လက်ခံရန် ချီတုံချတုံ မဖြစ်နေခဲ့ကြောင်း တွေ့ရှိ ခဲ့သည်။ သူတို့က ပစ္စည်းကိရိယာများကို ကောက်ယူပြီး လုံ့လဝီရိယရှိစွာဖြင့် အလုပ်,လုပ်စ ပြုလာကြသည်။

နေရာရွှေ့ပြောင်း ဝင်ပေါက် တည်ဆောက်ပြီးနောက် ဂိုဘလင် များစွာ ထွက်လာပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ အပြင်ဘက် နယ်နိမိတ် အများစုကို သိမ်းပိုက် ခဲ့ကြသည်။ ထို့နောက် သူတို့က အလုပ်လျှောက်ရန် တန်းစီ၊ ဘေးကင်းရေး သံခမောက်များနှင့် ဝတ်စုံများကို ရယူပြီး အလုပ်စတင် ခဲ့ကြသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်,လုပ်ရန် စောင့်နေသော လူတန်းရှည်ကြီး တစ်ခု ရှိနေသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အလုပ်မှာ အဘယ်သို့နည်း။ ပက်ထရစ်စတားမှာ သူ့အား ဝင်ရောက်ကြည့်ရှုခွင့် ပေးလိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။ သူက သတင်းထောက် ဖြစ်ပြီး လူထုမီဒီယာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်၏။ အကယ်၍ ကျူးကျော်သူမှာ နတ်ဆိုးဘုရင် မမ်မွန် ဆိုပါက ၎င်းမှာ သတင်းကြီး တစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်းမှာ သတ္တမ နတ်ဆိုးဘုရင် မမ်မွန် ဖြစ်နေလျှင်ပင် နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီနှင့် သမဂ္ဂများမှာ သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

အချိန်အခါများမှာ ပြောင်းလဲသွားခဲ့လေပြီ။

ထာဝရတိုင်းပြည်မှ သတင်းများအရ ဆိုလျှင် နတ်ဆိုးဘုရင် မမ်မွန်က လယ်ယာအောက်တွင် မြှုပ်ထားသော ရတနာကို လိုချင်နေသည်။ အကယ်၍ ထိုသတင်းသာ မှန်ကန်ခဲ့ပါက ရတနာ တူးဖော်ရန် ဤမျှ များပြားသော လုပ်သားများ လိုအပ်နေသဖြင့် ရတနာ အရွယ်အစားက အတော်အတန် ကြီးမား ပေလိမ့်မည်။ နတ်ဆိုးဘုရင်မမ်မွန်မှာ အမှန်တရား ပေါက်ကြားသွားမည် စိုးသောကြောင့် သတင်းထောက်များအား လုပ်ငန်းခွင် အတွင်းသို့ ဝင်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ထိုအရာမှာ ဝံပုလွေလူသား မန်နေဂျာက သူ့ကို အင်တာဗျူး အတွက် လုပ်ငန်းခွင် အတွင်း ဖိတ်ခေါ်ခြင်း မတိုင်မှီအထိ ပက်ထရစ်စတား ထင်မှတ်ခဲ့သော အရာပင်။ ဝံပုလွေလူသား မန်နေဂျာက ပြောလိုက်သည်။ "ငါတို့ရဲ့ ရည်ရွယ်ချက်က အပန်းဖြေ ဥယျာဉ်ကြီး တစ်ခု ဖန်တီးဖို့ပဲလေ။ ဘာဖြစ်လို့ ဒီမှာ သတ္တဝါတွေ အများကြီး ရှိနေတာလဲ။ ဘာဖြစ်လို့ သတင်းထောက်တွေ ဒီရောက်နေတာလဲ။ သတ္တဝါတွေက ထာဝရတိုင်းပြည်ကလား။ ငါ သူတို့ အကြောင်း ကြားဖူးတယ်..."

"တကယ်ပဲ အပန်းဖြေ ဥယျာဉ်ကြီး တစ်ခု တည်ဆောက် နေကြတာလား။" ပက်ထရစ်စတားမှာ သူ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ဝင်ရောက်ပြီး ပြည့်စုံသော စာရွက်စာတမ်းကို စစ်ဆေး ကြည့်ရှုပြီးသည်အထိ မယုံနိုင် ဖြစ်နေခဲ့သည်။

"ငါတို့က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတဲ့ ကုမ္ပဏီပါ။ ငါတို့က တခြား သတ္တဝါ တစ်ကောင်ရဲ့ မြေကို ဘာကြောင့် ကျူးကျော်နေရမှာလဲ။ ငါတို့က ဂနိုမ်းတွေနဲ့ ညှိနှိုင်းပြီး ဒီလယ်ယာကို ဈေးနှုန်းမြင့်မြင့်နဲ့ ဝယ်ခဲ့တာ။ ငါတို့ရဲ့ မြေငှားရမ်းခြင်း သဘောတူညီချက်ကို တစ်ချက် ကြည့်လိုက်ပါဦး။"

ဝံပုလွေလူသား မန်နေဂျာမှာ သတင်းထောက်များ၏ ရည်ရွယ်ချက်ကို သိပြီးနောက် သဘောတူညီချက် စာချုပ်ကို ထုတ်ပြလိုက်သည်။ သဘောတူညီချက်ပေါ်တွင် လက်မှတ် တစ်ခု ရှိနေသည်။

လက်မှတ်မှာလည်း ဂနိုမ်း တစ်ဦး၏ လက်ဖဝါးနှင့် တူသည်။

ပက်ထရစ်စတားမှာ အပြင်းအထန် စဉ်းစား နေခဲ့သည်။ ဤနားလည်မှု လွဲမှားမှုများ အားလုံးက ထိုဂနိုမ်း၏ စနက်ကြောင့် ဖြစ်နိုင်သလော။

All Chapters