← Chapters

"ရဲရင့်သောဂနိုမ်း"

Vol. 37 Ch. 543

"ရဲရင့်သောဂနိုမ်း"

Vol. 37 Ch. 543

ထာဝရတိုင်းပြည်ရှိ ပန်းပဲဆိုင်တွင်။

"ပလင်၊ ပလင်၊ ပေါင်၊ ပေါင်... ပလင်၊ ပလင်၊ ပေါင်၊ ပေါင်။"

စက်မှု ဇုန်ရှိ မီးဖိုကြီးတွင် ဂိမ်းမာ များစွာက ပန်းပဲလုပ်ငန်းစဉ်ကို မာနာစွမ်းအင် သွင်းရင်း အရှိန်မြှင့်တင်ကာ သတ္တုများကို တူဖြင့် ထုနှက် နေခဲ့ကြသည်။

သူတို့ထဲမှ အယောက်များစွာမှာ အပေါ်ပိုင်း ကိုယ်လုံးတီး ဖြစ်ကြပြီး ချွေးများဖြင့် ရွှဲနစ် နေကြသည်။

ဂိမ်းမာများ နောက်တွင်တော့ သူတို့၏ ဆရာ ဆင်းဘ ရှိနေသည်။

သူက ထာဝရတိုင်းပြည်၏ စီနီယာအဆင့် ဝန်ထမ်း တစ်ဦးလည်း ဖြစ်၏။ ယခင်က ယာယီဝန်ထမ်း တစ်ဦးမျှသာ ဖြစ်ခဲ့သော်လည်း လုပ်ရည်ကိုင်ရည် ကောင်းသောကြောင့် ရှားလော့ခ်က သူ့ကို အမြဲတမ်း ဝန်ထမ်းအဖြစ် ရာထူး တိုးမြှင့် ပေးခဲ့သည်။ ဆင်းဘမှာ သူ၏ ဝမ်းကွဲ မုဖာဆာကို ထာဝရတိုင်းပြည်တွင် အလုပ်လာလုပ်ရန်လည်း အကြံပြုပေးခဲ့သည်။

ဝမ်းကွဲနှစ်ဦးမှာ မီးဖိုဘေးတွင် ထိုင်ကာ ထိုစကားများသော ဂိမ်းမာများ ကဲ့သို့ပင် စကားစမြည် ပြောဆိုနေကြသည်။

"မိုရိုးစ်က ဒီနေ့ ရုပ်ရှင် တစ်ကားမှာ သရုပ်ဆောင် နေတယ်တဲ့။ မင်း အဲ့ဒါကို မြင်လိုက်သေးလား။"

ဆင်းဘက သူ့ခန္ဓာကိုယ်ကို ဘေးလှည့်ကာ သတ္တုတုတ် တစ်ချောင်းကို အရည်ကျိုကန် အတွင်းသို့ ထည့်ပြီး မီးညှိလိုက်သည်။ ထို့နောက် သူက နီရဲနေသော ထိုသတ္တုတုတ်ကို သူ၏ ပါးစပ်အတွင်းသို့ ထည့်ရှိုက်လိုက်ရာ တရှဲရှဲ မြည်သံများနှင့် မီးခိုးဖြူကွင်းများ ထွက်လာသည်။

"ငါ တစ်ချက် သွားကြည့်ခဲ့သေးတယ်၊ ဒါပေမဲ့ မြေအောက်ပင့်ကူတွေ အကောင် အရမ်း များနေလို့ ငါ အမြန် တစ်ချက်ကြည့်ပြီး ပြန်ထွက်လာတာ။" မုဖာဆာ ထိုအတွေးကြောင့် တုန်လှုပ်ရင်း ပြောလိုက်သည်။

"ဘာဖြစ်လို့ ပင့်ကူတွေ အများကြီး ရှိနေလဲ ဆိုတာကော မင်း သိလား။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ပင့်ကူဘုရင်မရဲ့ သမီးကို သွားဖမ်းခဲ့လို့ပဲ။ ငါ့ အတွေ့အကြုံအရ ပြောရရင် အဲ့ဒီပင့်ကူငယ်လေးက ပင့်ကူဘုရင်မ အသစ် ဖြစ်လာမှာ။ အဲ့ဒီရိုက်ကွင်းက အံ့မခန်းပဲ။" ဆင်းဘက ခေါင်းခါရင်း ပြောလိုက်သည်။

မုဖာဆာမှာတော့ ဆင်းဘကို တလေးတစား ကြည့်နေသည်။ သူ ထာဝရတိုင်းပြည်သို့ စရောက်လာကတည်းက ယခင်က မေ့ဖျောက်ခံထားရသော သူ၏ စွန့်စားခန်း ထွက်လိုသည့် စိတ်ဓာတ်မှာ ပြန်လည်၍ နိုးကြားလာခဲ့သည်။ သို့သော် သူမှာ ကြောက်တတ် သောကြောင့် စွန့်စားခန်း ထွက်ဝံ့ခြင်းတော့ မရှိပါပေ။

မုဖာဆာက သူ၏ သစ်သားဓားငယ်ကို ဖြည်းညင်းစွာ ချွန်လိုက်သည်။ ဂိမ်းမာ အရေအတွက် အံ့မခန်း တိုးပွားလာပြီး နောက်တွင်ပင် သူက လက်သမားအလုပ်ကို တစ်ခါတစ်ရံမျှသာ လုပ်ဆောင်ရသည်။ သူ၏ အချိန်အများစုကို ဂိမ်းမာများ အတွက် ချက်ပြုတ်ပေးခြင်းနှင့် လက်သမားပညာ သင်ကြားပေးရာတွင် ကုန်ဆုံးခဲ့ရသည်။

"သူတို့ ရုပ်ရှင်တစ်ကား ရိုက်ကူးနေကြတယ်လို့ ငါ ကြားတယ်။ အဲ့ဒါက ဘယ်လို ဖြစ်လာမလဲ ဆိုတာ သိချင်လိုက်တာ။" မုဖာဆာက စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။

"မင်း စိတ်ဝင်စားလို့လား။ သူတို့ ဘာတွေ ရိုက်ကူးနေလဲ ဆိုတာ ငါတော့ စိတ်မဝင်စားဘူး။" ဆင်းဘက ပြုံးရင်း ပြန်ပြောလိုက်သည်။

မုဖာဆာမှာမူ ဂိမ်းမာများ၏ လမ်းကြောင်းကို အားကျမှု အပြည့်ဖြင့် ငေးကြည့်ရင်း ပြောလိုက်သည်။ "ငါတော့ စွန့်စားသူတွေကို အရမ်း အားကျတယ်ပဲ။"

...

"ငရဲမှ နတ်ဆိုးများ၊ ငါက မြင့်မြတ်သော အရှင်သခင်၏ အမည်နာမအားဖြင့် သင်တို့အား ပျောက်ကွယ်သွားရန် မိန့်ဆိုသည်။" မြင့်မြတ်သော အလင်းတန်း စွမ်းအားဖြင့် ဖုံးလွှမ်းနေသော လူသား တစ်ဦးက မိုရိုးစ်အား အော်ပြော လိုက်သည်။

ခန့်ညားသော ဝတ်ရုံ ဝတ်ဆင်ထားသော မိုရိုးစ်မှာ သူ၏ ဓားတိုကို ကိုင်စွဲ ထားခဲ့သည်။ သူက မြင့်မြတ်သော အလင်းတန်းစွမ်းအားကြောင့် အကျိုးသက်ရောက်သွားပုံ မရဘဲ အမြင့်သို့ ခုန်တက် လိုက်သည်။ ထို့နောက် သူက ဓားတိုဖြင့် ထိုလူသားအား ခုတ်ပိုင်းချလိုက်ရာ ထိုသူ၏ သွေးများက မြေပြင်ပေါ်သို့ လွင့်စင် သွားသည်။

"ကောင်းပြီဟေ့၊ ဒီရိုက်ကွင်း ပြီးသွားပြီ။ ငါတို့ အခု မဟာ နဂါး ရိုက်ကွင်း အတွက် ပြင်ဆင်ကြမယ်။"

အော်စကာက ထရပ်ကာ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက နောက်မှ တန်းစီနေသော လူသားဂိမ်းမာများအား လှမ်းအော်ပြော လိုက်သည်။ "မင်းတို့ ပြန်လို့ရပြီ။ ငါ လူမလိုတော့ဘူး။"

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ရုပ်ရှင်ထဲ ပါခွင့်ပေးပါဗျာ။ ကျွန်တော် တန်းစီနေခဲ့တာ တော်တော်ကြာနေပြီ။"

"ဘာဖြစ်လို့ မင်းက မိုရိုးစ်ကို သူ့ အစွမ်းပိုပြနိုင်အောင် မဟာမှော်အရှင် နည်းနည်းလောက် ပိုမသတ်ခိုင်းလိုက်တာလဲ။"

"ဟုတ်တယ်၊ ဟုတ်တယ်။ မြက်ပင်တွေ ခုတ်ဖြတ်သလိုပဲလေ။ ငါလည်း မိုရိုးစ် အဖြတ်ခံရမယ့် မြက်ပင်လုပ်ဖို့ ဆန္ဒ ရှိတယ်။"

"မင်း ငါ့ကို လာရယ်အောင် လုပ်နေတာပဲ။ မင်းက ရုပ်ရှင်ထဲ ပါခွင့်ရအောင် အကုန်လုပ်မှာ။"

ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများက သူတို့၏ ဘုံဘာသာစကား မန်ဒရင်းကို အသုံးပြု၍ ပျော်ရွှင်စွာ ပြောဆိုခဲ့ကြသည်။ မိုရိုးစ်မှာတော့ သူတို့၏ စကားကို နားမလည်နိုင်ပေ။ သူက ထာဝရတိုင်းပြည်မှ စစ်သည်တော်များက မြင့်မြတ်သော အလင်းတန်း စွမ်းအား ရှိသော ထိုလူသားများကို မည်သို့ ရှာတွေ့ ခဲ့သည်ကို သိလိုနေသည်။ သို့သော် မိုရိုးစ်မှာ ထုတ်မေးမြန်းဝံ့ခြင်းတော့ မရှိပါပေ။

ကြက်ဥခေါင်းကိုမူ ဂိမ်းမာ တစ်ဦးက ရိုက်ကွင်းဆီသို့ ခေါ်လာခဲ့သည်။ ကြက်ဥခေါင်းက လက်ပိုက်ကာ ဂိမ်းမာများကို မကျေမနပ် ကြည့်ရင်း မေးလိုက်သည်။ "မင်းတို့က ငါ့ကို ရုပ်ရှင်ထဲ သရုပ်ဆောင်ခိုင်းဖို့ အရှင်ရှားလော့ခ်ဆီ သွားတောင်းဆို ခဲ့ကြတာလား။ ငါ နေ့တိုင်း အလုပ်များနေတယ် ဆိုတာကို မင်းတို့ မသိကြဘူးလား။"

ကြက်ဥခေါင်းမှာ မကျေမနပ် ဖြစ်နေသော်လည်း ဂိမ်းမာများက နဂါးအရှိန်အဝါကို မကြောက်ကြပေ။ သူတို့က ရှားလော့ခ်၏ ကြီးစိုးသော အရှိန်အဝါကိုပင် ကြောက်စိတ် မရှိကြသောကြောင့် နဂါးနက် တစ်ကောင်ကို အဘယ်ကြောင့် ကြောက်ကြမည်နည်း။

သူတို့မှာ ကြက်ဥခေါင်း၏ စကားများကို သာမန် အမ်ပီစီ စကားဝိုင်း တစ်ခု အဖြစ်သာ ဆက်ဆံကြသည်။

"မင်္ဂလာပါ... မင်္ဂလာပါ..."

ဂိမ်းမာများက ကြက်ဥခေါင်းကို မကြောက်ကြသော်လည်း မိုရိုးစ်မှာတော့ အလွန် ကြောက်ရွံ့ နေခဲ့သည်။ ကြက်ဥခေါင်းမှာ နဂါးနက် တစ်ကောင် ဖြစ်၏။ သူက နဂါးငယ်လေး တစ်ကောင်သာ ဖြစ်နေလျှင်ပင် သူ၏အရှိန်အဝါမှာ ဂနိုမ်း တစ်ဦး ခံနိုင်ရည် ရှိသောအရာ မဟုတ်နေပေ။

သူ့တွင် အခြား ရွေးချယ်စရာ မရှိပေ။ မဟာမှော်အရှင်များနှင့် လှောင်ပြောင် ကျီစယ်ပြီး နဂါးနက်ကို မကြောက်ကြသော ဂိမ်းမာများမှာလည်း ပေါ့ပေါ့ဆဆ ဆက်ဆံရမည့် သူများ မဟုတ်ကြပေ။ အကယ်၍ သူသာ သူတို့စကားကို နားမထောင်ခဲ့ပါက အသတ်ပင် ခံရနိုင်ပေသည်။ မိုရိုးစ်မှာ သူ၏ အိမ်ထောင်ရေးကို ပြန်အဖတ်ဆယ် ကယ်တင်ရန်သာ ဆန္ဒရှိခဲ့သည်။ သူက သူ၏ အသက်အန္တရာယ်ပင် ရှိလာလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။

ဂိမ်းမာများမှာလည်း ကြက်ဥခေါင်း ဒေါသထွက်နေသည်ကို သတိပြုမိသဖြင့် သူတို့က သူ့ကို စိတ်ပြန်ကြည်လာသည်အထိ မြှောက်ပင့် ချီးကျူးခဲ့ကြသည်။

"ကင်မရာ စရိုက်ဖို့ ပြင်ပါ။" အော်စကာက အော်ပြော လိုက်သည်။

...

နဂါးနက်ကြီးက ကျယ်လောင်သော ဟိန်းဟောက်သံများ လွင်ပြင်တွင် ပဲ့တင်ထပ်အောင် ဟိန်းဟောက်လိုက်ရင်း အောက်သို့ ထိုးဆင်း လာခဲ့သည်။

မိုရိုးစ်မှာ သူ၏ ခန့်ညားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားဆဲ ဖြစ်ပြီး ကျောက်တုံး တစ်ခုပေါ်သို့ တက်ကာ ထိုးဆင်းလာသော ကြက်ဥခေါင်းအား တည့်တည့်ကြည့်၍ အော်ပြော လိုက်သည်။ "မင်း ဆိုးယုတ်တဲ့ နဂါးနက်၊ ငါ မင်းကို မကြောက်ဘူး။ ငါ မင်းရဲ့ သွေးလတ်လတ်ဆတ်ဆတ်နဲ့ ရေချိုး တော့မယ်ကွ။"

မိုရိုးစ်မှာ ဒူးတုန်နေသော်လည်း သူက ထိုစကားကို ထုတ်ပြောနိုင်ခဲ့သည်။

ကြီးမားသော နဂါးကြီးက မိုရိုးစ် ရှေ့တွင် ဆင်းသက်လာပြီး ဟိန်းဟောက်လိုက်ရာ မိုရိုးစ်က ဒူးချောင်ကာ ဒူးထောက်ကျ သွားခဲ့သည်။

"ဖြတ်။ ဖြတ်။" အော်စကာက ပြေးဝင်လာက မိုရိုးစ်ကို စိုက်ကြည့်ရင်း အော်ပြော လိုက်သည်။

"မင်း ဘာလုပ်နေ တာလဲဟ။ ဒါနဲ့ပါဆို တတိယအကြိမ် ရှိနေပြီ။ ဘာဖြစ်လို့ မင်း ဒူးထောက် ကျ,ကျသွားတာလဲ။"

နဂါးနက်ကြီးက ကြက်ဥခေါင်း၏ မူလအရွယ်အစားသို့ ပြန်ပြောင်းသွားသည်။ ထိုမဟာနဂါးကြီးမှာ ကြက်ဥခေါင်းက မာနာစွမ်းအင် အသုံးပြု၍ အသွင်ပြောင်းလဲထားခြင်း ဖြစ်၏။

"ငါ မတတ်နိုင်ဘူး..." မိုရိုးစ်က ငိုကြွေးရင်း ပြောလိုက်သည်။

"နဂါးနက် ဟိန်းလိုက်တဲ့ အခါ ငါ တအားကြောက်သွားတာ။"

မိုရိုးစ်၏ အမူအရာက ဟန်ဆောင်နေခြင်း မဟုတ်သောကြောင့် ဂိမ်းမာ တစ်ဦးက ဝင်အကြံပြု လိုက်သည်။ "ဒါက မဖြစ်နိုင်ဘူးပဲ။ မိုရိုးစ်က သူ့ ကြောက်စိတ်ကို မကျော်လွှားနိုင်ဘူး။ ဘာဖြစ်လို့ ငါတို့ ဇာတ်ညွှန်းကို မပြောင်းလိုက်ကြတာလဲ။"

အော်စကာက ခဏမျှ စဉ်းစားပြီးနောက် အော်ပြော လိုက်သည်။ "ဇာတ်ညွှန်းကိုပဲ ပြောင်းလိုက်တော့။ သူက နဂါးနက်နဲ့ တိုက်ခိုက်နေရင်း ဒူးထောက် ကျသွားလိမ့်မယ်။"

...

မိုရိုးစ်က သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို သူ့ အခန်းသို့ ဆွဲခေါ် သွားသည်။ သူ၏ နောက်တွင်တော့ ဝမ်းသာအားရ ပြုံးနေသော ဂိမ်းမာ အုပ်စု တစ်စု ရှိနေသည်။

ဂိမ်းမာများမှာ မာနာမှတ်တမ်းတင် ကိရိယာ တစ်လုံးနှင့် အမျိုးမျိုးသော အသုံးအဆောင် ပစ္စည်းများကို ကိုင်ဆောင်ကာ သူတို့၏ အိမ်များသို့ ပျော်ရွှင်စွာ ပြန်သွားကြသည်။

မိုရိုးစ်က သူတို့ကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်ရာ လဲကျလု နီးပါးပင် ဖြစ်သွားသည်။ သူ့ကို ကြက်ဥခေါင်း နှင့်အတူ သရုပ်ဆောင်ပေးရန် ဇာတ်ညွှန်းဆွဲခြင်း ခံခဲ့ရပြီး ၎င်း ရိုက်ကွင်းမှာ နောက်ဆုံးတွင် ပြီးသွားခဲ့လေပြီ။ ဇာတ်လမ်းအရဆိုလျှင် သူက နဂါးနက်ကို အနိုင်ယူရမည် ဖြစ်သော်လည်း သူက ကြောက်လန့်တကြား ဖြစ်နေခဲ့သည်။

သူက နဂါးအကြောင်း တွေးမိသည်နှင့် တုန်လှုပ်နေမိသည်။ နောက်ဆုံး နဂါးရိုက်ကွင်းလည်း ပြီးစီးသွားပြီး နောက်တွင်မှ မိုရိုးစ်ခမျာ သက်ပြင်း ချနိုင်တော့သည်။

"ငါ ငါ့ ဇနီးကို ပြန်လည် ရယူနိုင်သင့်တယ်။"

...

"ငါ အော့ဖ်လိုင်း ဆင်းတော့မယ်။ အော့ဖ်လိုင်း ဆင်းပြီး စမ်းသပ်မှု တစ်ခု ခပ်စောစော လုပ်လိုက်ပါ။ မင်းက ညဉ့်နက်တဲ့အထိ နေနေတာ များတယ်။ ကိုယ့်ကိုယ်ကို အရမ်းဖိအား မပေးနေနဲ့ဦး။"

"ဟုတ်တယ်၊ ကောင်းကောင်း အနားယူပါ ဒါရိုက်တာကြီး။"

အော်စကာက ဂိမ်းမာများ၏ စကားကို နားထောင် ခဲ့သော်လည်း သူ့အမြင်အရ သူတို့က သွားကြီးဖြီးကာ ပြုံးနေသောကြောင့် စိတ်ရင်းမှန်ခြင်း မရှိကြောင်း သတိပြု မိသည်။

သူတို့က သူ အလုပ်ရှုပ်နေသည်ကို ဝမ်းသာနေခဲ့ကြသည်ပင်။

အော်စကာအတွက် ရုပ်ရှင်တစ်ကား ရိုက်ကူးရခြင်းမှာ ပင်ပန်းသော အရာတစ်ခုတော့ မဟုတ်ပေ။ ၎င်းက သူ့ကို ပျော်ရွှင်စေသည်။ သူက ရုပ်ရှင်ရိုက်ကွင်းတွင် ဒေါသတကြီး ဆူပူအော်ဟစ် နေခဲ့ခြင်းမှာလည်း သူက အလွန် စိတ်အား ထက်သန်သောကြောင့်သာ ဖြစ်၏။

လက်တွေ့ဘဝတွင်လည်း သူက ရုပ်ရှင်ဒါရိုက်တာ တစ်ဦး ဖြစ်လာစေရန် သင်ယူနေသည်။ သို့သော် ဒါရိုက်တာ တစ်ဦး ဖြစ်လာရန်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။ သူ့တွင် ရုပ်ရှင်ကားတို တစ်ကား ထုတ်လုပ်ရန်ပင် ငွေမရှိပေ။ သို့သော် ဂိမ်းကမ္ဘာတွင်တော့ ဂနိုမ်းများ၊ နဂါးနက်များ၊ မဟာမှော်အရှင်များ၊ ကြီးမားသော ပင့်ကူများ... အားလုံးကို ရိုက်ကူးရေးအတွက် အလွယ်တကူ ရနိုင်သည်။

သူ "လက်စွပ်များ၏ အရှင်" အတွက် ရုပ်ရှင်တစ်ကား ထုတ်လုပ်နေရ သကဲ့သို့ ခံစားရသည်။

သူ "လက်ကောက်ဘုရင်" ဟူသော အမည်ဖြင့် ဇာတ်ညွှန်း တစ်အုပ်လည်း ရေးသား ခဲ့သေးသည်။

သို့သော် လောလောဆယ်တော့ သူက နောက်ဆက်တွဲ ထုတ်လုပ်ရေး လုပ်ငန်းကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး ဗီဒီယိုများကို တည်းဖြတ်ရဦးမည်။

ဂိမ်းထဲတွင် သူက လက်တွေ့ဘဝမှာကဲ့သို့ ဗီဒီယိုများကို မတည်းဖြတ် နိုင်ပေ။ သူ မာနာအင်ဂျင်နီယာ ယိုဒါကို သွားရှာရပေမည်။

အော်စကာက သူ၏ အဒါမန်တိုင်း ကျောက်တုံးဝိုင်းများ အားလုံးကို ယူဆောင်ကာ မာနာအင်ဂျင်နီယာ ခန်းမဆောင်ဆီသို့ ဦးတည်၍ သွားတော့သည်။

...

"အရှင်ရှားလော့ခ်၊ ဂိမ်းမာတွေ ထုတ်လုပ်တဲ့ ရုပ်ရှင်က ပြီးသွားပါပြီ။ ကျွန်တော် အရှင့်ကွန်ပျူတာရဲ့ ပင်မမျက်နှာပြင်ပေါ်မှာ ထားပေးထားပါတယ်။" ဘရုက ဒန်ဂျင်အရှင် ခန်းမဆောင်ထဲတွင် ရှိနေသော ရှားလော့ခ်အား ပြောလိုက်သည်။

ယိုဒါက အော်စကာကို ရုပ်ရှင်တည်းဖြတ်ရာတွင် ကူညီနေစဉ် ဘရုက တည်းဖြတ်ပြီးနှင့် မတည်းဖြတ်ရသေးသော ရိုက်ကူးချက် နှစ်မျိုးလုံးကို ကူးယူကာ ရှားလော့ခ်၏ ကွန်ပျူတာ ပေါ်တွင် တင်ထား ပေးခဲ့သည်။

ရှားလော့ခ်က ခေါင်းညိတ်ကာ ထိုင်ချလိုက်သည်။ သူက ကွန်ပြူတာ မျက်နှာပြင်ပေါ်တွင် ရုပ်ရှင်ဗားရှင်း နှစ်မျိုးကို မြင်လိုက် ရသည်။

"ရဲရင့်သောဂနိုမ်း"နှင့် "ရဲရင့်သောဂနိုမ်း (မတည်းဖြတ်ရသေးသောဗားရှင်း)"။

"ရုပ်ရှင်က အဲ့လောက် မြန်မြန် ရိုက်ပြီးသွားတာလား။"

ရှားလော့ခ်က ရုပ်ရှင်ကို ကလစ်နှိပ်ပြီး စတင် ကြည့်ရှု လိုက်သည်။

"ငါက မိုရိုးစ်၊ တစ်ကိုယ်တည်း ဂနိုမ်း စစ်သည်တော် တစ်ယောက်..."

"အိုး။ ဘာဖြစ်လို့ အဲ့ဒါက မိုရိုးစ်ရဲ့ အသံ မဟုတ်နေတာလဲ။"

ရှားလော့ခ်မှာ အံ့ဩ သွားခဲ့ပြီး ဘရုက ပြန်ဖြေပေးသည်။ "ဂိမ်းမာတွေက နောက်ဆက်တွဲ ထုတ်လုပ်ရေး ကာလအတွင်းမှာ နောက်ခံအသံ ထပ်ထည့် ခဲ့ကြတာပါ အရှင်ရှားလော့ခ်။"

"ငါ သိပြီ။"

ရှားလော့ခ်က ခေါင်းညိတ်ကာ ရုပ်ရှင်ကို စိတ်ဝင်တစား ကြည့်ရှု လိုက်သည်။ မတည်းဖြတ်ရသေးသော ရုပ်ရှင်မှာ တစ်နာရီမျှ ကြာမြင့်ပြီး တည်းဖြတ်ပြီးသော ဗားရှင်းမှာတော့ နာရီဝက်မျှသာ ကြာတော့သည်။

ရှားလော့ခ်က ရုပ်ရှင်ကို ကြည့်ရှုပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟမ်၊ ရုပ်ရှင်က တော်တော် ကောင်းတယ်။ ငါ ရပ်ကွက်ဟောင်းမှာ ဝယ်ခဲ့တဲ့ မြေကို အခု အသုံးချလို့ ရနိုင်ပြီ။"

"အရှင်ရှားလော့ခ်၊ အရှင်က ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ..."

"များများစားစား မဟုတ်ပါဘူးကွာ။ ငါ ရုပ်ရှင်ရုံ တစ်ရုံ တည်ဆောက်မလားလို့ပါ။"

All Chapters