← Chapters

တူလေး’ချောင်’

Vol. 7 Ch. 83

တူလေး’ချောင်’

Vol. 7 Ch. 83

ရုတ်တရက် လေထုက အလွန်တင်းမာသွာသည်။

ခန်းမထဲရှိ ဧည့်သည်တော်များ ကြောက်ရွံ့သွားကြပြီး ခြေလှမ်းရှာ ပြေးပေါက်ပြင်ကာ တံခါးဆီသို့ ဦးတည်ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။

ထိုအချိန် ချောင်တတိယသခင်လေးက ရယ်မောလိုက်ပြီး ကြည်လင်ပြတ်သားသောအသံဖြင့် စကားဆိုလိုက်သည်။

“အားလုံးပဲ... ဒီနေ့က ပျော်စရာကောင်းတဲ့နေ့ရက်ပါ ၊ ဘာလို့ ဒီလောက်တင်းမာနေကြတာလဲ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ် ဒီနေ့ရောက်လာတာ ခုန်အိမ်တော်ကို ဂုဏ်ပြုဖို့တွက်ပါ ၊ ကျစ် ကျစ်... ခုန်အိမ်တော်ရဲ့ ဒုတိယသခင်လေးက တကယ့်ပါရမီရှင်တစ်ယောက်ပဲနော် ၊ အသက်(၁၄)နှစ်နဲ့ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ကို တက်လှမ်းနိုင်တယ်ဆိုတော့... သူသာ ကံဆိုးပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေမသွားဘူးဆိုရင် ကျုပ်တို့ ချန်နန်အင်ပါယာရဲ့ ထိပ်တန်းအင်အားကြီးတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ”

ချောင်တတိယသခင်လေး၏စကားများက အပေါ်ယံဂုဏ်ပြုဟန်ရှိသော်လည်း ခုန်မင်အား အချိန်မတန်ခင်သေဆုံးမည်ဟု နိမိတ်ဖတ်လိုက်သည့်အလားပင်။

ထို့ကြောင့် သူစကားဝင်ပြောလိုက်ခြင်းက တင်းမာနေသည့်အခြေအနေကို ပြေလျော့သွားစေခြင်း မရှိခဲ့ပေ။

ခုန်ကျွင်း၏မျက်နှာက ပို၍ပင်တင်းမာလာသည်။

သို့သော် ခုန်မင်ကတော့ တည်ငြိမ်အေးဆေးနေဆဲပင်။

သူက သိမ်မွေ့စွာဖြင့်...

“ချောင်သခင်လေးရဲ့ ဂုဏ်ပြုစကားအတွက် ကျေးဇူးအများကြီးတင်ပါတယ် ၊ ကျုပ်က ကံကောင်းပြီး ကျင့်ကြံခြင်းအဆင့်တက်သွားတာပါ ၊ ပါရမီရှင်လို့ မဆိုနိုင်ပါဘူး ၊ ချောင်သခင်လေးရဲ့ ထူးခြားတဲ့အသွင်အပြင်ကိုကြည့်ရတာ လူတွေထဲကနဂါး ၊ နဂါးတွေထဲက နတ်နဂါးဆိုတဲ့ ဂုဏ်သရေနဲ့ ပြည့်စုံလွန်းပါတယ်”

ထို့နောက် သူက ဆက်လက်မေးမြန်းလိုက်သည်။

“ဒါနဲ့ မေးပါရစေ... ဝူဝမ်စီရင်စုက ချောင်သခင်ကြီးက သခင်လေးနဲ့ ဘာများတော်စပ်ပါသလဲ”

ချောင်တတိယသခင်လေးက ချန်ရှီးကိုကူညီရန် ရောက်လာခြင်းဖြစ်သော်လည်း ခုန်မင်က ယဉ်ကျေးစွာ စကားပြောဆိုနေသည့်အခါ သူသည်လည်း ဂုဏ်သရေရှိ သခင်လေးတစ်ပါး၏ အမူအရာကို ပြသရပေမည်။

သူက ဝူဝမ်စီရင်စုရှိရာ အနောက်အရပ်သို့ရည်မှန်းပြီး လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“ဂုဏ်သရေရှိ ချောင်သခင်ကြီးက ကျုပ်ရဲ့အဘိုးပါပဲ ၊ အရိုင်းအစိုင်းနတ်ဘီလူးတွေက ကျုပ်အဘိုးကို သတ်ဖြတ်သူနတ်ဘုရားလို့ နာမည်ပေးထားကြပေမယ့်... တကယ်တမ်းမှာ ကျုပ်အဘိုးက ကြင်နာတတ်ပြီး စေတနာကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်ပါ...”

ချောင်သခင်လေး၏စကားကိုကြားသည်နှင့် ခန်းမထဲမှလူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ချောင်တတိယသခင်လေးအား ဝူဝမ်စီရင်စုရှိ ‘ချောင်အိမ်တော်’ မှ အဆက်အနွယ်တစ်ယောက်ဖြစ်သည်ဟု ခန့်မှန်းမိကြသော်လည်း ချောင်အိမ်တော်သခင်၏ မြေးအရင်းဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

ဤသို့သောအဆင့်အတန်းမျိုးက ချန်နန်အင်ပါယာတွင် ထိပ်ဆုံးအဆင့်ဟု ခေါ်ဆိုနိုင်သည်။

ဟုတ်ပေ၏။

ထို့ကြောင့်ပင် ချန်ရှီးက ဤမျှမောက်မာရမ်းကားနေခြင်း ဖြစ်ပေသည်။

ချောင်တတိယသခင်လေး၏ အဆင့်အတန်းအရဆိုလျှင် ခွန်းကာမြို့တွင် သူနှင့်ပခုံးချင်းယှဉ်နိုင်သူ တစ်ယောက်မှ မရှိပေ။ သူနှင့်အတူ တစ်စားပွဲတည်းအတူထိုင်ပြီး စားသောက်ရန် အရည်အချင်းပြည့်မီသူ တစ်ယောက်မှ မရှိပေ။

ချန်ရှီး တံခါးပိတ်ကျင့်ကြံနေသည့်အချိန်အတွင်း ဤမျှကြီးကျယ်ခမ်းနားသော နောက်ခံအင်အားရရှိသွားမည်ဟု မည်သူမှ ခန့်မှန်းမထားခဲ့ပေ။

ထိုသို့ဆိုလျှင် ယနေ့ပြဿနာက မည်သို့အဆုံးသတ်ပါမည်နည်း။

လူအများက ချောင်တတိယသခင်လေး၏ အဆင့်အတန်းကြောင့် အံ့သြတုန်လှုပ်နေကြချိန် ခုန်မင်ကတော့ တည်ငြိမ်စွာပင် ရှိနေသည်။

သူက ချောင်သခင်လေးကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ပြီး...

“ချောင်သခင်လေးက ကြီးမြတ်လွန်းပါပေတယ် ၊ သခင်လေးကိုယ်တိုင် ကျုပ်တို့ခုန်အိမ်တော်ကို လာရောက်ဂုဏ်ပြုတယ်ဆိုတာ... ခုန်မျိုးနွယ်တွေအတွက် သိပ်ကိုဂုဏ်ယူစရာပါပဲ ၊ ဒါပေမဲ့... ဝူဝမ်စီရင်စုက ခွန်းကာမြို့နဲ့ မိုင်ပေါင်းထောင်ချီ အလှမ်းဝေးပါတယ် ၊ ချောင်သခင်လေးက ဘယ်လိုအရေးကိစ္စများရှိလို့ ဒီနေရာကို ရောက်လာရတာပါလဲ”

သူက ပြုံးလျှက် ဆက်ပြောလိုက်သည်။

“ချောင်သခင်လေး ရောက်လာမယ်ဆိုတာသာ ကြိုပြီးသိခဲ့ရင် ကျုပ်တို့ခွန်းကာမြို့က ဂုဏ်သရေရှိလူကြီးလူကောင်းတွေ အားလုံးစုပြီး အထူးဧည့်ခံပွဲနဲ့ကြိုဆိုဖို့ စီစဉ်ပေးနိုင်မှာပါ”

ချောင်တတိယသခင်လေးက ခုန်မင်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။

ဤလူငယ်၏ အတွေ့အကြုံရှိပြီး တည်ငြိမ်သောအမူအရာက အသက်(၁၄)နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် လုံးဝမတူညီဟု ခံစားလိုက်ရသည်။

ဤလူငယ်လေး ပါရမီရှင်ဟု နာမည်ကြီးခြင်းမှာ အစစ်အမှန်ဖြစ်ရမည်ဟု ချောင်သခင်လေး တွေးလိုက်မိ၏။

သို့သော် ချန်နန်အင်ပါယာတွင် ရှေးယခင်ကတည်းကပင် ခုန်မျိုးနွယ်များနှင့် ချောင်မျိုးနွယ်များက ပြိုင်ဘက်များ ဖြစ်ကြသည်။

ခုန်မျိုးနွယ်ထဲမှ ဤသို့သော ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခြင်းက __ အိမ်တော်အခွဲတစ်ခုမှဖြစ်သည့်တိုင် ချောင်းမျိုးနွယ်အတွက် ကောင်းသည့်ကိစ္စ မဟုတ်ပေ။

ထို့ကြောင့် အခွင့်အရေးရတုန်း ခုန်မျိုးနွယ်ပါရမီရှင်လူငယ်ကို ဖိနှိပ်ပစ်ရပေမည်။

ချောင်တတိယသခင်လေးက ရယ်မောလိုက်ရင်း...

“ကျုပ်က ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုနဲ့ တောင်ပိုင်းကိုရောက်လာတပါ ၊ ဒါပေမဲ့... ခုန်ဒုတိယသခင်လေးက ထူးခြားတဲ့ပါရမီရှင်လို့ သတင်းကြားတာနဲ့ လာတွေ့ချင်စိတ်ကို ထိန်းမရတော့ဘူး ၊ အဟက်... ဒီနေ့ တွေ့ဆုံရတော့ တကယ့်ကို နာမည်ကြီးထိုက်တယ်ဆိုတာ သိရပါပြီ ၊ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ရင့်ကျက်တည်ငြိမ်ပြီး အခြေအနေကို ထိန်းသွားပေးနိုင်တာ... ဒီလိုအရည်အချင်းမျိုးက သိပ်ကိုရှားပါးပါတယ် ၊ အင်း... ကြည့်ရတာ ကြက်ခြံထဲက ဇာမဏီငှက် ထွက်ပေါ်လာပြီထင်ပါရဲ့”

ချောင်တတိယသခင်လေး၏စကားများထဲတွင် သရော်သံများ ထင်ရှားစွာပါဝင်နေသော်လည်း ခုန်မင်ကတော့ လုံးဝသတိမထားမိသလို ဟန်ဆောင်ထားသည်။

သူက တည်ငြိမ်စွာဖြင့်...

“ကျွန်တော်က နည်းနည်းပါးပါးနာမည်ကြီးတာကို ကောလဟလတွေက အရမ်းချဲ့ကားပြောနေကြတာပါ ၊ ချောင်သခင်လေးက ဉာဏ်ပညာကြီးမားတာကြောင့် အဲဒါတွေကို စိတ်ထဲမထားပါနဲ့”

ထို့‌နောက် သူက သိချင်စိတ်ဖြစ်သွားဟန်ဖြင့်...

“ဒါနဲ့... ချောင်သခင်လေးက ကျွန်တော်တို့ခွန်းကာမြို့က ချန်သခင်ကြီးနဲ့ ဘယ်လိုများပတ်သက်တာလဲ ၊ ချောင်သခင်လေးကို ခုန်အိမ်တော်ကို လိုက်ပို့ပေးတဲ့သူက ချန်သခင်ကြီးကိုယ်တိုင်ဖြစ်နေတော့ သူ့ကိုကျေးဇူးတင်ရမှာဖြစ်သလို... ကျွန်‌တော်တို့ခုန်အိမ်တော်ကလည်း သခင်လေးအပေါ် ဧည့်ဝတ်မကျေသလို ခံစားနေရပါတယ်”

ထိုစကားကြားတော့‌ ဘေးတွင်ရှိနေသည့် ချန်ရှီးက ‘ဟွန်း’ ခနဲ နှာမှုတ်လိုက်ပြီး အလွန်ဝင့်ကြွားသည့်လေသံဖြင့် စကားဝင်ပြောလိုက်သည်။

“ချောင်တတိယသခင်လေးက ကျုပ်ရဲ့မြေးသမက်ပဲ ၊ ကျုပ်သား’ရှီကျဲ့’ ရဲ့ ဒုတိယသမီးက ချောင်သခင်လေးနဲ့ မေတ္တာမျှပြီး လက်ထပ်ဖို့ ကတိပြုထားပြီးပြီ ၊ အခုဆိုရင် ကျုပ်တို့ ချန်မျိုးနွယ်နဲ့ ချောင်မျိုးနွယ်တွေက ဆွေမျိုးတော်စပ်သွားပြီ”

ထိုစကားကိုကြားသည်နှင့် ခန်းမထဲရှိ လူအများစုစိတ်ထဲတွင် မနာလိုခြင်း ၊ အားကျခြင်းနှင့် ဒေါသစိတ်များ ဖြစ်ပေါ်လာတော့သည်။

ချန်မျိုးနွယ် မြေခွေးအိုကြီးက အဘယ့်ကြောင့် ဤမျှကံကောင်းရပါသနည်း။

မြေးမလေးတစ်ယောက်ကို လက်ထပ်ပေးလိုက်ရုံဖြင့် ချက်ချင်းပင် သစ်ပင်ထိပ်သို့ ရောက်ရှိသွားခဲ့သတဲ့လား။

သို့သော် ချန်မျိုးနွယ်နှင့် ချောင်မျိုးနွယ်တို့၏ “ဆွေမျိုး” ဆိုသော ဆက်ဆံရေးအား ချန်ရှီးကသာ တစ်ဖက်သတ် မာန်တက်နေခြင်းဖြစ်ကြောင်း သံသယဝင်စရာမလိုပေ။

ချောင်တတိယသခင်လေး၏ အဆင့်အတန်းကို ကြည့်ခြင်းအားဖြင့် ချန်ရှီး၏မြေးမကို ဇနီးအဖြစ်လက်ထပ်ခဲ့စေကာမူ အများဆုံး မယားငယ်သာလျှင် ဖြစ်နိုင်သည်။

တရားဝင်ပွဲတက်မယားကြီးတော့ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော မျိုးနွယ်နှစ်ခု၏ အဆင့်အတန်းကွာဟချက်က ကြီးမားလွန်းသောကြောင့် ဖြစ်၏။

ချောင်တတိယသခင်လေးကဲ့သို့ ဆွေကြီးမျိုးကြီးမှ ဆင်းသက်လာသူ သခင်လေးတစ်ပါးမှာ အစကတည်းကပင် ရွှေကိုရွှေချင်းထပ်သည့်လက်ထပ်ပွဲမျိုး စီစဉ်ထားပြီးသားဖြစ်သည်။

အထက်တန်းလွှာများ၏လက်ထပ်ပွဲဆိုသည်က ကိုယ်ကျိုးစီးပွားကြည့်ပြီး ဆုံးဖြတ်ကြခြင်းဖြစ်လေရာ စိတ်ကြိုက်ဆုံးဖြတ်နိုင်သည့်ကိစ္စမျိုး မဟုတ်ပေ။

သို့သော် ချန်အိမ်တော်မှ မိန်းကလေးတစ်ယောက်အတွက် ချောင်သခင်လေး၏ မယားငယ်ဖြစ်ရခြင်းသည်ပင် အလွန်တရာ ကံကောင်းလွန်းနေပြီ ဖြစ်သည်။

အိပ်ယာထက်မှချစ်စကားများက အစွမ်းကြီးသည်ဖြစ်ရာ... တခါတရံ မယားငယ်များသည်ပင် မယားကြီးထက်ပိုပြီး သြဇာရှိနေတတ်သေးသည်။

သို့ဖြစ်ရာ ချန်ရှီး မာန်တက်နေသည်ကို အပြစ်ဆိုစရာ မရှိတော့ပေ။

ဤမျှ အင်အားကြီးသော နောက်ခံကို ရရှိထားပြီးဖြစ်ရာ ချန်ရှီးအနေဖြင့် ခုန်အိမ်တော်ကို စိန်မခေါ်ရဲစရာ အ‌ကြောင်းမရှိတော့ပေ။

ယနေ့ ခုန်အိမ်တော်တံခါးဝအထိ လာရောက်ရန်စခြင်းမှာ သူ၏အာဏာကိုပြသရန်ဖြစ်ကြောင်း ရှင်းလင်းပေါ်လွင်လာပေပြီ။

ချန်ရှီး၏စကားကိုကြားသည်နှင့် တစ်လျှောက်လုံးတည်ငြိမ်နေသော ခုန်မင်၏မျက်နှာထက် “အံ့အားသင့်သည့်” အမူအရာ ထွက်ပေါ်လာလေသည်။

သူက ချက်ချင်းပင် လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“တောင်းပန်ပါတယ် တောင်းပန်ပါတယ်... ၊ လက်စသတ်တော့ ချောင်သခင်လေးက ချန်သခင်ကြီးရဲ့ မြေးသမက်ကိုး ၊ ဒါက မိုးကောင်းကင်ကစီစဉ်တဲ့ မင်္ဂလာကိစ်စပါပဲ ၊ သိပ်ကို ဝမ်းမြောက်ဂုဏ်ယူစရာကောင်းပါတယ်...”

ပြောပြီးမှ သူက ခဏမျှစဉ်းစားလိုက်ဟန်ဖြင့်...

“ဒါပေမဲ့... နေဦး... ဒီလိုသာဆိုရင် ချောင်သခင်လေးက ကျုပ်ရဲ့တူလေး ဖြစ်သွားတာပေါ့ ၊ ဒီတော့ တူလေး’ချောင်’ လို့ ခေါ်ရမှာပေါ့ ၊ အာ... ဒီလိုခေါ်ရတာကြီးက မယဉ်ကျေးရာများကျနေသလား... အင်း... ကျွန်တော့်စိတ်ထဲ မယဉ်ကျေးဘူးလို့ ခံစားနေရတယ်”

ခုန်မင်က “တူလေးချောင်” ဟု ခေါ်ဆိုလိုက်သည်နှင့် တည်ကြည်လှသည့် ချောင်တတိယသခင်လေး၏မျက်နှာက ချက်ချင်းပင် သံချေးရောင်ပြောင်းသွားတော့သည်။

သူက အေးစက်စွာဖြင့်...

“ကျုပ်က ချန်အိမ်တော်ကမိန်းကလေးနဲ့လက်ထပ်တာ... မင်းတို့ ခုန်မျိုးနွယ်တွေနဲ့ ဘာများပတ်သက်မှုရှိလို့လဲ”

ခုန်မင်က အေးဆေးစွာပြုံးလိုက်ပြီး...

“တူလေးချောင်... မသိသေးတာ ဖြစ်နိုင်တယ် ၊ ဒီခွန်းကာမြို့မှာ ကျုပ်အဖေနဲ့ ချန်သခင်ကြီးတို့က ညီအစ်ကိုလိုခင်မင်ကြတယ် ၊ လူတွေကလည်း သူတို့နှစ်ယောက်ကို အဆင့်အတန်းတူတယ်လို့ သဘောထားကြတယ် ၊ ဒါက လူတိုင်းသိတဲ့ကိစ္စပါ ၊ ဒီတော့ ဝါစဉ်အရပြောရရင် ခင်ဗျားက ချန်သခင်ကြီးအချစ်ဆုံး မြေးသမက်ဆိုတော့ ကျုပ်အဖေရဲ့မြေးအရွယ် ဖြစ်သွားတာပေါ့ ၊ ဒီတော့ အလိုလိုနေရင်း ကျုပ်ရဲ့တူလေး ဖြစ်မသွားဘူးလား... ၊ အာ... ဒီလိုမျိုး တကယ်မခံယူဝံ့ပါဘူး ၊ မခံယူဝံ့ပါဘူး”

ချောင်တတိယသခင်လေးက ငတုံးမဟုတ်ပေ။

ဤအခြေအနေသို့ရောက်ပြီဖြစ်ရာ ခုန်မင် စောစောက ယဉ်ကျေးနှိမ့်ချစွာ ပြောဆိုနေသမျှ ဟန်ဆောင်မှုသက်သက်သာဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ယခုတော့ အနှီကောင်စုတ်လေးသည် သူ့အား “တူလေး” ဟု တွင်တွင်ခေါ်နေသည်ဖြစ်ရာ စကားလုံးတိုင်းက ဓားနှင့်ထိုးသလို နာသာခံခက် ဖြစ်နေတော့၏။

ထင်ရှားကျော်ကြားလှသော ချောင်အိမ်တော်မှ တတိယသခင်လေးမှာ သေးငယ်သောခွန်းကာမြို့လေးတွင် ဤသို့ အနိုင်ကျင့်စော်ကားခံနေရသည်မှာ အလွန်ပင် ရှက်စရာကောင်းလှပေသည်။

ချက်ချင်းပင် ချောင်တတိယသခင်လေး ဒေါသငယ်ထိပ်တက်သွားလေတော့သည်။

All Chapters