သူက တကယ်ကြီး အသေခံပစ်လိုက်တာဟ
Vol. 12 Ch. 164
"သတိထား"
အန်လင်းသည် အော်ဟစ် လိုက်ပြီးနောက် သိုလှောင် လက်စွပ် အတွင်းမှ ဖရိုဖရဲ သတ္တုအုတ်ခဲနက်အား ထုတ်ယူကာ တန်ရှီယွမ်ထံ ပျံသန်း သွားလိုက်သည်။
ဘုန်း …
သူမပတ်လည်တွင် အပြာရောင် မီးတောက်များ ပေါက်ကွဲသွားသည်။ အလွန်မြင့်မားသည့် အပူလှိုင်းများသည် အဘက်ဘက်သို့ ပြန့်နှံ့သွားပြီး မြေပြင်ကိုပင် ပျော်ကျစေသည့် အတွက်ကြောင့် ပေသုံးဆယ် ပတ်လည်တွင် ချိုင့်နက်တစ်ခု ဖြစ်ပေါ်လာသည်။
ရုတ်တရက် တိုးလာသည့် အပူချိန်ကြောင့် တန်ရှီယွမ်၏ မျက်လုံးများမှာ ပြူးကျယ် လာသည်။ မီးတောက်နှစ်ခုသည် သူမဘေးမှ ထွက်ပေါ် လာသည်ကြောင့် အသက်ဘေးမှ လွတ်မြောက်ရုံမျှသာ ဖြစ်သည်။
ဖြည်းညင်းစွာဖြင့် လှည့်ကြည့်လိုက်သည့် အခါတွင် ကြီးမားလှသည့် အနက်ရောင် အုတ်ခဲကြီးသည် သူမ၏ အနောက်တွင် ရှိနေပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုများ ကာရံ ပေးထားသည်။
ဤသည်မှာ အန်လင်းသည် သူမအား ဒုတိယအကြိမ် ကယ်တင်လိုက်ခြင်း ဖြစ်သည်။ အံကြိတ်ကာဖြင့် လျင်လျင်မြန်မြန်ပင် နောက်ဆုတ် လိုက်သည်။
အန်လင်းသည် သူမထံသို့ လျှောက်လှမ်း လာနေသည့် ငွေရောင်ဆံပင်နှင့် အမျိုးသမီးအား လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သူမ၏ ပတ်လည်တွင် အပြာရောင် မီးတောက်များ ဝန်းရံထားပြီး လက်ထဲတွင် အေးစက်သည့် အော်ရာများ ဖော်ထုတ်လျက် ရှိသည့် အဖြူရောင် စိတ်ဝိညာဉ်ပုတီးစေ့အား ကိုင်ဆောင်ထားသည်။
"အဲဒါက ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ ရန်သူပဲ။ ငါသူမကို ရင်ဆိုင်လိုက်မယ်။ နင်က အခွင့်အရေးရှာပြီး ထွက်ပြေးတော့။" အန်လင်းသည် တန်ရှီယွမ်အား အလျင်စလို ပြောလိုက်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ကျင့်ကြ့သူနှင့် ရင်ဆိုင်ရာတွင် အန်လင်းထံ ရေးချယ်စရာ မရှိတော့ချေ။ နည်းပါးလွန်းသည့် ရှင်သန်နိုင်ခွင့် ရရှိရန် အတွက် ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်ကို အသုံးပြုရပေမည်။
တန်ရှီယွမ်သည် အန်လင်း၏ စကားလုံးများကို နားလည်မှု လွဲသွားသည့် အတွက် သူမ မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီ လာတော့သည်။ အန်လင်းသည် သူမအား ကယ်တင်ရန် အတွက် ကိုယ့်ကိုယ့်ကိုယ် စတေး ပစ်တော့မည်ဟု ထင်လိုက်မိခြင်း ဖြစ်သည်။ သူမ၏ အောက်နှုတ်ခမ်းအား ကိုက်ကာဖြင့် "မဟုတ်ဘူး။ ဘယ်ကိုမှ မသွားနိုင်မယ်။ သေမယ်ဆိုလည်း ငါတို့အတူတူ သေကြမယ်။"
“အန်လင်း : …”
အတူတူ သေကြမယ် ဆိုတာက ဘာကြီးတုန်း။ ဒီမိန်းမရဲ့ အတွေးတွေက ဘယ်အထိ ရောက်နေ ပြန်တာတုန်း။
အန်လင်းသည် စိတ်ပျက်စွာဖြင့် အော်ဟစ် လိုက်သည်။ "ဘယ်အေပေးက နင်နဲ့အတူ သေချင်နေလို့လဲ။ နင့်ကို ပြေးလို့ ပြောနေတယ်လေ။ အဲဒါမှ ငါထွက်ပြေးဖို့ အခွင့်အရေး ရှာနိုင်မှာပေါ့ဟ။"
"ဟမ်" တန်ရှီယွမ်၏ မျက်လုံး တောက်တောက်များမှာ ပြူးကျယ် လာကုန်သည်။
သူတို့ပြောဆို နေစဉ်မှာပင် အပြာရောင် မီးတောက်များသည် ရုတ်တရက် ဆိုသလို ဝန်းရံလာပြီး အန်လင်းနှင့် တန်ရှီယွမ်တို့ နှစ်ဦးစလုံးအား မီးပင်လယ် အတွင်း ဖမ်းချုပ် ထားလိုက်လေသည်။
အခုမှ တကယ် သေတာပဲဟေ့။
အန်လင်းသည် ခါးသီးစွာဖြင့် ပြုံးလိုက်ပြီးနောက် ကမ္ဘာအောက်ခြေ၏ မူလ စွမ်းအင်ကို အသုံးပြုရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ရင်းနှီးနေသည့် အသံတစ်ခုသည် ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။
"ကောင်းကင် ထိုးထွင်း ဓားရာချီ"
အဖြူရောင်ဝတ်စုံနှင့် အမျိုးသား တစ်ဦးသည် ဓားရိုးမဲ့ ဓားကြီး တစ်ချောင်းအား ဝှေ့ယမ်းကာဖြင့် ကြီးမားများပြားသော ဓားဆန္ဒများအား ထုတ်ဖော် လိုက်သည်။ ယင် - ယန် ပုံရိပ်သည် ထိုသူ၏ နောက်တွင် ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို ပေါင်းစပ် ထားသည့် ထိုက်ချီ စွမ်းအားများကို ဖော်ထုတ် နေလေသည်။
အဖြူရောင် ဓားရာချီသည် ၎င်း၏နောက်တွင် သိပ်သည်းစွာဖြင့် ပေါ်လာနောက်တွင် နှင်းပျိုမဒီထံ ပြိုင်ဘက်ကင်း စွမ်းအားများဖြင့် ပျံသန်း သွားတော့သည်။
နှင်းပျိုမဒီ ပြုလုပ်ထားသည့် နယ်မြေအတွင်း ရှိနေသည့် အပြာရောင် မီးတောက် များသည် အားကောင်းသည် အဖျက် စွမ်းအားများကို ခံစားရသည့် အတွက် မိုးပေါက်များသဖွယ် ကျဆင်းလာသည့် ဓားရာချီအား ရင်ဆိုင်ရန် ချက်ချင်း ဆိုသလို လေထဲသို့ မြင့်တက် သွားသည်။
မျှော်လင့်ထားသလို ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုမျိုး ဖြစ်မလာချေ။ ပျံသန်းလာသည့် ဓားများသည် မီးတောက်များ၏ တစ်ဟုန်းဟုန်း တောက်လောင်နေသော အပူရှိန်အောက်တွင် အနည်းငယ်မျှ ပျက်စီး သွားသော်လည်း ကြောက်မက်ဖွယ်ရာ ထိုးခွင်းနိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားဆဲ ရှိသည်ကြောင့် မီးတောက်များကို ထိုးဖောက်ကာဖြင့် နှင်းပျိုမဒီထံ တိုက်ရိုက် ပျံသန်း သွားလေသည်။
"မဖြစ်နိုင်ဘူး" နှင်းပျိုမဒီ၏ မျက်နှာတွင် ပထမဆုံး အကြိမ်အဖြစ် ကြောက်ရွံ့သည့် အမူအရာများ ပေါ်လာသည်။ ယင်းသည် သူမ၏ နောက်ဆုံး စကားဖြစ်ပြီး ထို့နောက်တွင် အဆုံးအစမဲ့သည့် ဓားခုတ်ချက် များသည် သူမအား ဖုံးလွှမ်း သွားတော့သည်။
ပျံသန်းလာသော ဓားရာချီသည် နှင်းပျိုမဒီ၏ ခန္ဓာကိုယ်အား မျက်စိတ်တစ်မှိတ် အတွင်းမှာပင် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် ပြုလုပ် လိုက်လေသည်။
ဆရာကြီးဟ …
အန်လင်းသည် ကောင်းကင်တွင် ရှိနေသည့် အမျိုးသားအား ကြည့်လိုက်သည့်အခါ သူ၏မျက်မှာမှာ အံ့ဩတုန်လှုပ်မှုများ ပြည့်လာသည်။
သူ၏ ကြောက်မက်ဖွယ် ခွန်အားကြောင့် ထိုသို့ဖြစ်ရခြင်း မဟုတ်။ အကြောင်းမှာ -
"ကျောင်းသား အန်လင်းရေ အဆင်ပြေရဲ့လား။"
အဖြူရောင်ဝတ်စုံနှင့် အမျိုးသားသည် ကောင်းကင်မှ ဆင်းသက် လာပြီးနောက် နွေးထွေးစွာ မေးလာသည်။
ဟုတ်သည်။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ နှင်းပျိုမဒီအား တိုက်ကွက် တစ်ခုတည်းဖြင့် သတ်ဖြတ်လိုက်သူမှာ ရွှမ်ယွမ်ချန်သာလျှင် ဖြစ်ပေသည်။
အန်လင်းသည် ခေါင်းယမ်း လိုက်ပြီးနောက် "ငါ … ငါ့အဆင်ပြေပါတယ်။ အစ်ကိုကြီးချန်က ဘယ်အချိန်ကစပြီး အခုလောက်အထိ သန်မာ သွားတာတုန်းဗျ။ မသမာတဲ့ နည်းတွေ သုံးလိုက်တာလား။"
ရွှမ်ယွမ်ချန်သည် အန်လင်း၏ အမေးကြောင့် အနည်းငယ် အံ့အားသင့် သွားမိသော်လည်း အန်လင်း ဆိုလိုသည်အား နားလည် လိုက်သည်။ ထို့နောက်တွင် လက်ထဲတွင် ကိုင်ထားသည် အရိုးမဲ့ ဓားကြီးအား ပုတ်ကာဖြင့် ရှင်းပြလေသည်။ "ငါ့အဖေ ဂိုဏ်းမှာ ချန်ထားခဲ့တဲ့ ဒီရှေးဟောင်းဓားရဲ့ ကျေးဇူးတွေပဲလို့ ပြောရမယ်။ ဒီဓားမှာ သူ့ကိုယ်ပိုင် ဓားစိတ်ဝိညာဉ် ရှိနေပြီးသားလေ။ ငါ့ရဲ့ သွေးစွမ်းအားကို အသက်သွင်းပြီးမှပဲ ဒါကို အသုံးပြုနိုင်တယ်။"
ရွှမ်ယွမ်ချန်၏ ရှင်းလင်းချက်ကြောင့် အန်လင်းတွင် မနာလို အားကျမှုများ ပြည့်လာရသည်။ "မိုက်လိုက်တာ။ ငါ့မှာရှိတဲ့ အင်မော်တယ် လက်နက် တွေမှာတောင် အဲလိုစွမ်းရည် မရှိကြဘူး။"
မိစ္ဆာရှင်းဓားထံတွင် ဓားစိတ်ဝိညာဉ် မရှိခြင်းသည် နားလည် ပေးနိုင်သည့်အရာ ဖြစ်သည်။ သို့သော်လည်း လောက ထွင်းအပ်ထံတွင် စိတ်ဝိညာဉ် ရှိသည်။ သို့သော်လည်း လောက ထွင်းအပ်အား အသုံးပြုသည့်အခါတွင် မည်သည့် အထူးစွမ်းရည်ကိုမျှ မခံစားရချေ။
"အိုး ဟုတ်သားပဲ။ ငါတို့ကို သတင်း ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်လင်းရေ။ အခုတော့ တန်ရှီယွမ်နဲ့ အတူတူ ဒီကနေ ထွက်သွားတော့။" ရွှမ်ယွမ်ချန်သည် ကျေးဇူးတင်သည့် အမူအရာဖြင့် ပြောလာသည်။
အန်လင်းသည်လည်း ခေါင်းညိတ် ပြလိုက်သည်။ ယင်းသည် သူ၏ ကနဦး ရည်ရွယ်ချက် ဖြစ်သည် မဟုတ်ပါလား။ ချက်ချင်း ဆိုသလို သူ၏အုတ်ခဲနက်ပေါ်သို့ ခုန်တက်လိုက်ပြီး နောက်တွင် အရုဏ်ဦး ကောင်းကင်တောင်ထိပ်မှ တိုက်ပွဲအား လျင်လျင်မြန်မြန်ပင် ချန်ရစ် ထားခဲ့လိုက် တော့သည်။
တန်ရှီယွမ်သည်လည်း အားအင် ကုန်ခမ်းနေပြီ ဖြစ်သည့်အတွက် တိုက်ခိုက်ဖို့ရန် အင်အား မကျန်ရှိတော့ချေ။ ထို့ကြောင့် ဓားပျံစီးနင်းကာဖြင့် အန်လင်းနောက်မှ လိုက်သွားတော့သည်။
ထိုအချိန်မှာပင် စူးရှသည့် အော်မြည်သံ တစ်ခုသည် တိုက်ပွဲပြင် တစ်ခုလုံးအား ဖုံးလွှမ်း သွားလေသည်။
ဧရာမ ရေခဲဇာမဏီ တစ်ကောင်သည် ထက်မြိနေသည့် ဓားတစ်လက်သဖွယ် တောင်ခြေမှ ထိုးထွက် လာပြီးနောက် လေထုထဲ မြင့်တက်လာသည်။ ယင်းရေခဲဇာမဏီအား ထိန်းချုပ်ထားသည့် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ အကြီးအကဲ ၆ဦးသည် ချက်ချင်း ဆိုသလို နောက်ဆုတ် လိုက်ရပြီးနောက် လေထဲသို့ လွင့်စင်သွားကာ ပါးစပ်မှ သွေးများ ကျဆင်းလာလေသည်။
အကြီးအကဲများ၏ ခံစစ်အား ချိုးဖောက် လိုက်သော်လည်း ရေခဲဇာမဏီသည် ရပ်တံ့ မသွားသည့် အပြင် နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်ထံသို့ တစ်ဟုန်ထိုး ပြေးသွားလေသည်။
ထိုအခြင်းအရာအား မြင်လိုက်သည့်အခါတွင် အန်လင်း၏ အမူအရာမှာ ပြောင်းလဲ သွားတော့သည်။
ရေခဲဇာမဏီပေါ်တွင် ရပ်နေသူမှာ မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်မည်ဟု ကြေညာထားသော ငွေရောင်ဆံပင်နှင့်လူ ဖြစ်လေသည်။
ကြောက်မက်ဖွယ် ဓားခုတ်ချက်တစ်ခု ဆင်းသက်လာပြီး ငွေရောင်ဆံပင်နှင့် လူအား ချက်ချင်း ဆိုသလို ခုတ်ပိုင်းလိုက်သည်။ ဓားခုတ်ချက်တွင် ပါဝင်သော ကြောက်မက်ဖွယ် စွမ်းအားကြောင့် လေထုသည်ပင်လျှင် တုန်ခါ လာသည်။
"သောက်ရမ်း နောက်ကျသွားပြီဟေ့" ငွေရောင်ဆံပင်နှင့် လူသည် ပေါ့ပါးစွာ ဆိုပြီးနောက် နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်ထံသို့ တုံ့ဆိုင်းခြင်းမရှိ ပြေးဝင် သွားတော့သည်။
ဓားခုတ်ချက်သည် ငွေရောင်ဆံပင်နှင့် လူနှင့် သူ၏ ရေခဲဇာမဏီအား ခုတ်ပိုင်း လိုက်သော်လည်း တစ်ဝက်မျှသာလျှင် ထိခတ်သွားပြီး ကျန်တစ်ဝက်သည် အရုဏ်ဦး ကောင်းကင် တောင်ထိပ်သို့ ထိခတ်သွားသည်။ ထို့နောက်တွင် ပေတစ်ထောင်ခန့် နက်ရှိုင်းမည့် ချောက်တစ်ခု ဖြစ်ပေါ်လာသည်။
သို့သော်လည်း ထိုလူသည် ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်သွားသည်တောင်မှ သူ၏ အရှိန်သည် ရပ်တန့် မသွားသည့်အပြင် ထိုသူ့အားလည်း သက်ရောက်မှု ရှိပုံမရပေ။ အလွန်တောက်ပသည့် အဖြူရောင် အလင်းအား ထုတ်ဖောက်ကာဖြင့် နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်ထံသို့ ဆက်လက် ပျံသန်း နေလေသည်။
နေရာတစ်ခုလုံးသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှေရောင်ဖုံးလွှမ်း သွားတော့သည်။
အကြောင်းမှာ နေအသေးစားလေး တစ်လုံးသည် အကန့်အသတ်မဲ့သည့် အလင်းနှင့် အပူအား ထုတ်လွှတ်ကာဖြင့် အရုဏ်ဦး ကောင်းကင် တောင်ထိပ်တွင် ပေါ်လာခြင်းကြောင့် ဖြစ်သည်။
ရွှမ်ယွမ်ချန်သည် အန်လင်းနှင့် တန်ရှီယွမ်တို့ နံဘေးတွင် ပေါ်လာပြီးနောက် သူ၏ ထိုက်ချီဓားဝင်္ကပါဖြင့် နှစ်ဦးစလုံးအား လွှမ်းခြုံ လိုက်သည်။
ဘုန်း …
အဆုံးအစမဲ့သည့် အဖျက်အဆီး စွမ်းအား ထွက်ပေါ်လာသည်။
ကောင်းကင်နှင့်မြေပြင် တုန်ခါမှုကြောင့် တောင်တန်းများနှင့် ရေကန်များ ဝင်ဆောင့် မိကြသည်။
ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရှိသည့် များပြားလှစွာသော ဂိုဏ်းသားများနှင့် နှင်းပျိုမဒီများ အားလုံးတို့သည့် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြောင့် လွင့်ပါး သွားကြရသည်။ အဝေးတွင် တိုက်ခိုက်နေကြ သူများပင်လျှင် ပြင်းထန်သည့် ပေါက်ကွဲအားကြောင့် ထိခိုက်မိကြပြီး မြေပြင်နှင့် ပစ်တိုက်ကာ ဒဏ်ရာပြင်းစွာ ရရှိကြကုန်သည်။
ရွှမ်ယွမ်ချန်သည် အန်လင်းနှင့် တန်ရှီယွမ်အား ကာကွယ်ရန် အတွက် သူ၏ ဓားဝင်္ကပါကို အသက်သွင်း လိုက်သော်လည်း ဓားဝင်္ကပါ ထိခိုက် ပျက်စီးမှုကြောင့် နောက်ဆုတ် လိုက်ရပြီး ပါးစပ်နှင့်အပြည့် သွေးအန် လာစေသည်။
"အစ်ကိုကြီးချန်" အန်လင်းသည် ရွှမ်ယွမ်ချန်၏ ခန္ဓာကိုယ်အား ထိန်းလိုက်သည်။ သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ တိုးလာသည်။
ဖုန်မှုန့်များသည် ဖြည်းညင်းစွာဖြင့် လွင့်ပါး သွားသည်။
အရုဏ်ဦးကောင်းကင် တောင်ထိပ်မှာ လုံးဝ ပျက်စီး သွားပေပြီ။
ပေါက်ကွဲမှု ဗဟိုချက်တွင် ရှိသည့် နက်မှောင်နေသော ချိုင့်အတွင်း၌ တလက်လက် တောက်ပနေခဲ့သော နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်သည် တောက်ပမှုများ ပျောက်ကွယ်သွားပြီး မျှော်စင် တစ်ခုလုံးတွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲရာများ ဖြစ်ပေါ် နေလေသည်။ ကြီးကျယ်ကာ ရှေးဆန်သည့် အော်ရာတစ်ခုသည် မျှော်စင်အတွင်းမှ ထွက်ပေါ်လာသည်။
အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်း၏ အကြီးအကဲ အချို့သည် နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်၏ ပြိုကျပျက်စီးမှုကြောင့် တုန်လှုပ်လျက် ရှိကြသည်။
နှင်းပျိုမဒီ များသည် ပေါက်ကွဲမှုတွင် လွှင့်ပါးသွားကြသော ညီအစ်မ များကြောင့် ကနဦးတွင် ဝမ်းနည်း စိတ်ထိခိုက်ကာ ဒေါသတကြီး ဖြစ်နေကြသော်လည်း သူတို့၏ ရှေ့တွင် ပျက်စီး ယိုယင်းလာသည့် မျှော်စင်ကြောင့် တစ်ဖန်ပြန်လည်ကာ ပျော်ရွှင် လာကြလေသည်။
အန်လင်းသည် သူ၏ရှေ့တွင် ရှိနေသည့် မြင်ကွင်းအား လေ့လာ စူးစမ်းလျက်ရှိပြီး သိလိုက်ရသည်မှာ ဆရာကြီး ထွက်လာတော့မည် ဖြစ်သည်။
သူယခုရောက်ရှိနေသည့် အခြေအနေမှာ ပို၍ကြောက်မက်ဖွယ် ကောင်းလာသည်။
ဘုန်း …
နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်တစ်ခုလုံး ပြိုကျကာ ရေခဲတုံးများ အဖြစ်သို့ ပြောင်းလဲသွားပြီး ဆည်းဆာချိန်၏ နေရာင်အောက်တွင် သတ်တံရောင် တောက်လျက်ရှိသည်။
အန်လင်းမှာ အသက်ပြင်းပြင်း ရှူလိုက်လေသည်။ ဆရာကြီး ထွက်လာတော့မည် ဖြစ်သည်။
***