← Chapters

ခင်ဗျားက မိတ်ဆွေလား ရန်သူလားဗျ

Vol. 12 Ch. 165

ခင်ဗျားက မိတ်ဆွေလား ရန်သူလားဗျ

Vol. 12 Ch. 165

နှင်းမိစ္ဆာချိပ်ပိတ်မျှော်စင်၏ ပြိုလဲမှုသည် တိုက်ပွဲပြင်တွင် ရှိနေသာ လူအားလုံး၏ အာရုံကို ဖမ်းစား ထားလိုက်နိုင်သည်။

လူအားလုံးသည် မျှော်လင့်တကြီးဖြင့် အဖြူရောင် တိမ်မြူခိုးများ နောက်တွင် ရှိနေသည့် ပုံရိပ်အား ကြည့်နေမိကြသည်။

အန်လင်းသည်လည်း ခြွင်းချက် မဟုတ်ချေ။ ဒဏ်ရာပြင်းစွာ ရထားသည့် ရွှမ်ယွမ်ချန်အား ပိုက်ကာဖြင့် ချိုင့်ဝှမ်းအတွင်းသို့ စိုးရိမ်တကြီး ကြည့်နေမိသည်။ မည်မျှကြောက်မက်ဖွယ်ရာ မိစ္ဆာကောင် ထွက်ပေါ်လာမည်နည်း ဆိုသည်ကို လွန်စွာ သိချင်နေမိသည်။

မကြာမီမှာပင် သူတို့အားလုံး၏ မြင်ကွင်းထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

အန်လင်းမှာ တုန်လှုပ်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေပြီး နေရာတွင်ပင် ကြက်သေ သေလျက်ရှိသည်။

လခွမ်းဟေ့ … ဘယ်လိုဖြစ်ပြီး ဒင်းပဲလဲ။

အတော်လေး ပါးလှပ်ကာ ခန့်ညား ချောမောသည့် အမျိုးသား တစ်ဦးသည် ချိုင့်ဝှမ်း အတွင်းမှ ထွက်ပေါ်လာသည်။ ထိုလူသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်မည်ဟု ကြွေးကြော် ထားသောသူနှင့် တူလှသည်။ သူ၏ ငွေရောင်ဆံပင်များသည် အနက်ရောင် ဖြစ်နေသည့် အချက်မှလွဲ အတော်လေး တူလွန်းလှသည်။

ဂိုဏ်းသားငယ်များစွာ၏ ခြေလှမ်း များသည်လည်း ရပ်တံ့ သွားကြသည်။ နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်သည် မည်သည့် အတွက်ကြောင့် ထိုမျှလောက် ကြည့်ကောင်းသည့် လူသားအား နှစ်ပေါင်းရာနှင့်ချီ ချုပ်နှောင်ထားဖို့ရန် တည်ဆောက်ထားရခြင်း ဖြစ်သည်ကို စဉ်းစား မရနိုင်ဘဲ ရှိလေသည်။

ဂိုဏ်း၏ အကြီးအကဲ များသည်သာ လေးနက်သည့် အမူအရာဖြင့် ထိုလူအား သတိရှိရှိ ကြည့်နေကြခြင်း ဖြစ်သည်။

ထိုလူသည် သူ၏ရီဝေဝေ မျက်လုံးများအား ပွတ်လိုက်ပြီးနောက် ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ သူမြင်တွေ့ရသည့် အရာကြောင့် တုန်လှုပ်နေပုံပင်။

အုတ်ခဲကျိုးများပေါ်တွင် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းမှ ဂိုဏ်းသားများ၏ ခန္ဓာကိုယ်များနှင့် နှင်းပျိုမဒီများ၏ ခန္ဓာကိုယ်များသည် တိတ်ဆိတ်စွာဖြင့် လဲလျောင်း နေလေသည်။

ရှင်သန်ကျန်ရစ် သူများသည်လည်း သူတို့၏ တိုက်ပွဲများကို ရပ်တံ့ပြီးနောက် ထိုလူအား ကြည့်လာကြသည်။

ကြီးမားသော ရွှေရောင် အကိုင်အတွယ် ဝင်္ကပါနှင့် ကောင်းကင်မှ ကျဆင်းနေသည့် မီးပွားများသည်သာလျှင် ဤနေရာတွင် အလွန်ကြောက်မက်ဖွယ်ရာ တိုက်ပွဲ ဖြစ်ပွဲခဲ့သည့် သက်သေ ဖြစ်သည်။

"ဪ … ဒီလိုတွေ ဖြစ်ခဲ့တာပေါ့။" ထိုလူသည် ခါးသီးစွာ ပြုံးလိုက်သည်။

တိုက်ပွဲပြင်အား သနားဂရုဏာ သက်စွာဖြင့် စစ်ဆေးကြည့်ရှု လိုက်သည်။ "အရုဏ်ဦးကောင်းကင် တောင်ထိပ်က ဒီလိုမျိုး ဖြစ်ရလိမ့်မယ်လို့ တွေးတောင် မကြည့်မိဖူးဘူး။"

အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းမှ အကြီးအကဲ တစ်ဦးသည် အရှေ့ထွက် လိုက်ပြီး "မင်းက ချန်ချင်းဟန်လား၊ ပင်းဖူလား။"

အန်လင်းမှာ နားမလည်နိုင်တော့ချေ။

ချန်ချင်းဟန်လား ပင်းဖူးလား ဟုတ်လား။

ဘယ်လိုတောင် သောက်ရူးထတဲ့ မေးခွန်းတုန်း။ ခင်ဗျားရှေ့မှာ ရှိနေတဲ့ဟာကြီးက ယောက်ျားကြီးလေ။ ရှင်းနေနတာကို။ ပင်းဖူဆိုတာက ဘယ်ကဟာတုန်း။

ဒါက ရွေးရမယ့် မေးခွန်းဆိုရင် ကျုပ်ဆိုရင် ချန်ချင်းဟန်ကိုပဲ ရွေးမယ်ဟေ့။

(ဤနေရာတွင် ပင်းဖူဆိုသည်မှာ အမျိုးသမီးအမည် ဖြစ်သည်။)

သို့သော်လည်း ထိုလူသည် အတော်လေး စိတ်ရှုပ်ထွေး သွားပုံရကာ သူ၏ မျက်နှာတွင် ဝိရောဓိဖြစ်မှုများ ပေါ်လာသည်။

အမှုန်အမွှားမျှသာ ကျန်ရှိတော့သည့် မှတ်ဉာဏ်များသည် ဖြည်းညင်းစွာဖြင့် ပြန်လည် ထွက်ပေါ် လာလေသည်။

***

သူ၏ နာမည်မှာ ချန်ချင်းဟန် ဖြစ်သည်။ သူသည် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်း ဂိုဏ်း၏ နှစ်တစ်ထောင်တွင် တစ်ဦး ပေါ်ထွန်းခဲ့သော ပါရမီရှင် ဖြစ်သည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ အသက် ၁၇နှစ် အရွယ်တွင် ရောက်ရှိခဲ့ပြီး အသက် ၂၁နှစ်တွင် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်၏ အထွတ်အထိပ်သို့ အသက်တစ်ရာ မပြည့်ခင်မှာပင် ရောက်ရှိခဲ့ပြီး ပျက်ပြယ်ခြင်း အဆင့်သို့ တက်ရောက်ဖို့သာလျှင် ကျန်ရှိတော့သည်။ ထို့ကြောင့် ကိုးပြည်ထောင် နိုင်ငံတော်တွင် အထူးချွန်ဆုံးသော ပါရမီရှင်အဖြစ် အသိအမှတ်ပြု ခံခဲ့ရသည်။

ထိုအချိန်တွင် သူ၏ ပြိုင်ဘက်ကင်း စွမ်းရည်များကြောင့် အလွန်အမင်း ဝံ့ကြွား လာခဲ့သည်။

သို့သော်လည်း နှင်းပျိုမဒီ စစ်တပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း၌ မြင့်မြတ် နန်းဆောင် သုံးခု၏ နန်းတော်သခင်၏ ထောင်ချောက် အတွင်း ကျဆင်းခဲ့ရပြီး ကြောက်မက်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိခဲ့ရသည်။

သူ၏ ရုပ်ခန္ဓာ ပျက်စီးသွားခဲ့ပြီး အသိစိတ် သည်သာလျှင် အသက်ကယ် ပစ္စည်းကြောင့် လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။

လွတ်မြောက်ကာနီးမှာပင် သူ၏အသိစိတ် သည်လည်း ထူးကဲနှင်းခဲဓား၏ ခုတ်ချက်ကြောင့် ပျက်စီးလုနီးနီးအထိပင်။

သူအသိစိတ် ပျောက်ကွယ်လုနီးနီး အချိန်တွင် ကြာပန်းကန်အတွင်းသို့ ကျသွားလေသည်။

***

ဟုတ်သည်။ ခင်ဗျား ထင်နေတဲ့အတိုင်း အတိအကျပါပဲ။ သူသည် ကြာပန်းမှ ပြန်လည် မွေးဖွား လာခဲ့သည်။

"ဟေ့ ဟေ့ … ထတော့"

ကြည်လင်ပြတ်သားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ခက်ခက်ခဲခဲဖြင့် မျက်လုံး ဖွင့်လိုက်ပြီးနောက် သူရောက်ရှိရာ နေရာအား စိတ်ရှုပ်ထွေးစွာဖြင့် စစ်ဆေး ကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏ရှေ့တွင် ရှိနေသာ အလွန်နှစ်မြို့ဖွယ်ရာ အသွင်အပြင်များနှင့် မိန်းမပျိုလေးအား ကြည့်လိုက်သည်။

"ဟမ်" ထိုလူသည် ခေါင်းကိုက်လာသဖြင့် သူ၏ဦးခေါင်းအား ခါယမ်းလိုက်ပြီး နာကျင်စွာဖြင့် ညည်းညူ လိုက်သည်။

"ဟေ့ … ရိုးရိုးသားသား ပြောနော် ရှင်က ယောက်ျားလား။" မိန်းမပျိုလေးသည် ခါးထောက်ကာဖြင့် ကိုယ်ကို ကိုင်းလိုက်သည်။ ထို့နောက်တွင် ထိုလူအား သူမ၏ ရွှေရောင် မျက်လုံးများဖြင့် စူးစူးစမ်းစမ်း ကြည့်လာသည်။ သူ၏ပါးတွင် ငွေရောင်အမွေးများ ရှိနေပြီး သင်းပျံ့သည့်ရနံ့များ ထုတ်လွှတ် နေလေသည်။

"ဟုတ်ပါတယ်။ ကျွန်တော်က ယောက်ျားလေးပါ။" ထိုလူသည် အလွန်အမင်း နာကျင်နေပြီး သူ၏ ခေါင်းမှာလည်း အလွန်ရှုပ်ထွေး နေလေသည်။

သို့သော်လည်း အမှန်တရားမှာ သူသည် အမျိုးသားဖြစ်သည်။

မိန်းမပျိုလေးသည် ရွှင်မြူးစွာဖြင့် ပြုံးလိုက်သည်။ "ထင်ပါတယ်။ ရှင့်ရဲ့ ခြေထောက်ကြားမှာ မှိုတစ်ပွင့်နဲ့ ဥနှစ်လုံး ရှိနေတယ်လေ။ သေချာပေါက် ယောက်ျားပဲပေါ့။"

ထိုလူသည် သူမအား နားမည်နိုင်စွာဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ် အောက်ပိုင်းအား ငုံ့ကြည့်လိုက်သည်။ အဝတ်အစား တစ်ခုမျှ ဝတ်မထားချေ။

လျင်လျင်မြန်မြန်ပင် သူ၏ အထိအခိုက ်မခံနိုင်သည့် နေရာအား လက်နှစ်ဖက်ဖြင့် ဖုံးအုပ်လိုက်သည်။ ထို့နောက်တွင် အလန့်တကြားဖြင့် "နင် … နင် အကုန်လုံး မြင်လိုက်တာလား။"

မိန်းမပျိုလေးသည် ခေါင်းညိတ် ပြလိုက်ပြီးနောက် "မြင်လိုက်တာပေါ့။ နည်းနည်းပါးပါး စူးစမ်း ကြည့်ခဲ့သေးတယ်။"

ဘာ … စူး … စူးစမ်းကြည့်တယ် ဟုတ်လား။ ထိုလူသည် သူမ၏ စကားများကြောင့် တစ်ကိုယ်လုံ တုန်ယင်လာပြီး ဒေါသတကြီးဖြင့် အံကြိတ်လိုက်သည်။ "နင် … နင်ဘယ်လိုတောင် ကျင့်ဝတ် မရှိရတာလဲ။"

မိန်းမပျိုလေးသည် မျက်မှောင်ကြုတ် လိုက်ပြီးနောက် "ငါက ကျင့်ဝတ် ပျက်ပြားတယ် ဟုတ်လား။ နင်ကမှ ငါ့ရဲ့ ခြံဝန်းထဲမှာရှိတဲ့ ကြာပန်းကန်ဘေးမှာ ရုတ်တရက်ကြီး ကိုယ်လုံးတီးနဲ့ ပေါ်လာတာဟဲ့။ ငါက ကျင့်ဝတ်မရှိတဲ့ သူဆိုရင် နင်ကမှ ပိုဆိုးတာ သိရဲ့လား။"

ထိုလူ၏ နှုတ်ခမ်းများ တုန်ယင် လာသည်။ သို့သော်လည်း သူမ၏စကားကို မည်သို့ ပြန်လည်ချေပရမည် မသိချေ။

"ဟေ့လူ နင့်နာမည်က ဘာတုန်း"

"နာမည် …" သူ၏မျက်နှာတွင် နားမလည်မှုများ ပေါ်လာသည်။ သူ၏စိတ်တွင် ဘာမျှရှိမနေချေ။ မည်သည့်အရာကိုမျှ မှတ်မိခြင်း မရှိသလို မည်သည့် အကြောင်းကိုမျှလည်း သတိမရချေ။

"နင့်ရဲ့နာမည်တောင် နင်မသိဘူးလား။" မိန်းမပျိုလေးသည် နှာခေါင်း ရှုံ့လိုက်ပြီးနောက် သူမ၏ ရွှေရောင် မျက်လုံးများသည် တဖျက်ဖျက် လက်လာသည်။ "နင့်ကို ပင်းဖူ လို့ ခေါ်ရင်ကော"

ထိုလူ၏ မျက်လုံးများ ပြူးကျယ် လာပြီးနောက် သူမအား ကြည့်လိုက်သည်။ "ငါက ယောက်ျားလေး"

မိန်းမပျိုလေး သည်လည်း ပြန်စိုက်ကြည့်လာပြီး သူမထံမှ ကြီးမားသည့် စွမ်းအား တစ်ခု ထွက်ပေါ်လာသည်။ "နင်က အခုအချိန်ကစပြီး မိန်းမတစ်ယောက် ဖြစ်သွားပြီ။ နင့်နာမည် ပင်းဖူ။ နင်က မုန့်ကျီ ဆိုတဲ့ ငါပိုင်ဆိုင်တဲ့ အရုပ်ကလေးပဲ။ နားလည်လား။"

သူမ၏ နတ်ဘုရားအာရုံသည် သူ့အားလွှမ်းခြုံလာပြီး သူရင်ဆိုင်ရသည်မှာ မိန်းမငယ်လေး တစ်ဦးထက်ပိုပြီး အလွန်အားကောင်း သူဖြစ်သည်ဟု ခံစားမိနေသည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိတော့ချေ။ "ကောင်းပါပြီ။ သခင်မလေး ပြောတဲ့ အတိုင်းပါပဲ။"

ထိုသို့ဖြင့် မုန့်ကျီ ဟူသော မိန်းမပျိုလေးသည် ထိုနေ့မှစကာ ပင်းဖူဟူသည့် အရုပ်ကလေးအား ရရှိလိုက်လေသည်။

မုန့်ကျီမှာ အလွန် ပျော်ရွှင်လျက် ရှိသည်။ အကြောင်းမှာ ကုန်းမြေကြီး တစ်ခုလုံးတွင် မည်သည့် နေရာတွင်မျှ ရှာမတွေ့နိုင်သည့် အရုပ်ကလေး တစ်ခုအား ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။ ထိုသည်မှာ သက်ရှိ လူသားတစ်ဦး ဖြစ်သည်။ ထိုအကြောင်းအား တွေးမိရုံနှင့်ပင် သူမလွန်စွာ စိတ်လှုပ်ရှား ရသည်။

ပင်းဖူသည် မုန့်ကျီ ပေးထားသည့် အပြာရောင်ဝတ်စုံအား ဝတ်ဆင် လိုက်သည်။ သူ၏ သွင်ပြင်များသည် အလွန်နူးညံ့ သိမ်မွေ့နေသော်လည်း အပြာရောင် ဝတ်စုံနှင့်ပင် ယောက်ျားဆန်ဆန် ချောမောနေဆဲ ဖြစ်သည်။

သူ့အား ပြောင်းလဲ သွားစေရန် အတွက် မုန့်ကျင်သည် သူ၏ ဝတ်စုံအောက်တွင် ရင်သားအတုများ ထည့်သွင်း ပေးထားသည်။

ပင်းဖူ၏ မို့မောက်နေသည့် ရင်ဘတ်အား ကြည့်ကာဖြင့် မုန့်ကျီသည် မြေပေါ်တွင် လှိမ့်ကာဖြင့် ရယ်မော လေတော့သည်။ သူမ၏ အရုပ်ကလေးနှင့် ဆော့ကစားရခြင်းအား အလွန် ပျော်ရွှင် နေပုံရသည်။

ပင်းဖူသည် ထိုအကြောင်းနှင့် ပတ်သက်၍ မကောင်းသည့် စိတ်ခံစားချက်များ ထားရှိခြင်း မရှိချေ။

သူ့ထံတွင် ရွေးချယ်စရာ မရှိချေ။ ယခုအချိန်တွင် သူလုပ်နိုင်သည့် အရာ အားလုံးမှာ ဆက်လက် ရှင်သန်ဖို့ရန်သာ ဖြစ်သည်။

ရှင်သန်နိုင်ရေး အတွက် မုန့်ကျင်၏ အစေခံဘဝကို ခံယူလိုက်ရသည်။

တဖြည်းဖြည်း နားလည် လာသည်မှာ သူရောက်ရှိနေသည့် နေရာကို မြင့်မြတ် ရေခဲကုန်းမြေဟု ခေါ်ဆိုလေသည်။

ဤနေရာတွင် အမျိုးသမီးများသာ နေထိုင် ကြသည်ကြောင့် မုန့်ကျီသည် သူ့အား အမျိုးသမီးတစ်ဦး ဖြစ်လာရန် တွန်းအား ပေးခဲ့ခြင်း ဖြစ်သည်။

အကြောင်းမှာ ဤနေရာရှိ အမျိုးသားများ အားလုံးသည် ရေခဲရုပ်တုများ အဖြစ်သို့ ပြောင်းလဲ သွားကြရသည်။

မုန့်ကျီသည် အထက်တန်းလွှာမှ မိန်းမပျိုတစ်ဦး ဖြစ်သည်။

မြင့်မြတ် ရေခဲကုန်းမြေတွင် မြင့်မြတ်နန်းဆောင် ၃၆ခု ရှိပြီး သူမသည် နန်းတော် သခင်မ တစ်ဦး၏ သမီးဖြစ်သည်။ သူမ၏ အဆင့်အတန်းကြောင့် အလွန် လေးစားခံရပြီး သန့်စင်သည့် တော်ဝင် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ပြောရမည်ဆိုလျှင် ဤကမ္ဘာကြီးသည် သူမ၏အပိုင် ဖြစ်သည်။

ပင်းဖူသည် မုန့်ကျီ၏ စောင့်ရှောက်မှု အောက်တွင် ပျော်ရွှင်စွာ နေထိုင်လေသည်။ မုန့်ကျီနှင့်အတူ ရေခဲနှလုံးသား မန္တရားကို ကျင့်ကြံလေ့ ရှိသည်။ အလွန်ရှားပါးသည့် ရတနာများကို ဝတ်ဆင်လေ့ ရှိသလို ပျင်းရိသည့်အခါတွင် အမဲလိုက်ခြင်းလည်း ပြုလုပ်တတ်သည်။

တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံး လာလေသည်။

တစ်နေ့တွင် ပင်းဖူသည် ကြီးမားသည့် ကျောက်ချပ် တစ်ခုပေါ်တွင် လဲလျောင်းကာဖြင့် ပျော်ရွှင်စွာ နေပူဆာလှုံလျက် ရှိသည်။

သူ၏ နှလုံးသားထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ မုန့်ကျီရဲ့ အရုပ်ကလေး ဖြစ်ရတာ လွယ်ကူ လိုက်တာနော် …။

နေ့စဉ်လုပ်ဆောင်ရသည့် အစေခံ တာဝန်များမှအပ သူသည် လူတစ်ဦးတည်း ကိုသာလျှင် ဦးညွှတ်ရပြီး တခြားသူများအား အုပ်ချုပ်ရသည်။ အရသာရှိသည့် အစားအသောက် များကို စားသောက်နိုင်သလို အလိုရှိသည့် စွမ်းအားကြီးသော ကျင့်ကြံခြင်း နည်းစနစ် များကိုလည်း လေ့လာနိုင်သည်။

ဤနေရာအား သဘောကျ နှစ်ခြိုက်လာပြီဟု ပြောရမည် ဖြစ်သည်။

ဤနေရာသည် သူ့အတွက် ကောင်းကင်ဘုံပင်။

ထိုအချိန်တွင် မုန့်ကျီသည် အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ကာဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်း လာသည်။ ထို့နောက် နူးညံ့သည့် အသံလေးဖြင့် "ဘာတွေ စဉ်းစားနေတာလဲ အရုပ်ကလေးရဲ့"

ပင်းဖူသည် မျက်လုံးများ မှေးကျဉ်း လိုက်ပြီးနောက် ပြုံးကာဖြင့် "ကျွန်မရဲ့ သခင်က ဘယ်တော့မှ ရင့်ကျက်လာပြီး ကျွန်မကို အရုပ်ကလေးလို့ ခေါ်နေတာ ရပ်သွားမလဲ ဆိုတာကို သိချင်နေမိတာပါ။"

မုန့်ကျီသည် သူ၏ စကားများကြောင့် ဒေါသတကြီး ဖြစ်လာပြီး "အရုပ်ဆိုတာ တစ်သက်လုံးစာ အတွက်ပဲ။ နင်က ငါ့ကြောင့် ပျက်စီးသွားမယ် ဆိုရင်တော့ ငါ့ရဲ့အရုပ်ဆိုတဲ့ အချက်ကို ပြောင်းလဲမပစ်နိုင်ဘူး။"

ပင်းဖူသည် သူမ၏ စကားများကြောင့် မျက်နှာမဲ့ သွားသည်။ ဘာလို့များ ကြောက်ဖို့ကောင်းအောင် ပြောနေရတာလဲ။

မုန့်ကျီသည် သူမ၏ သွယ်လျသည့် လက်အား ဆန့်ထုတ်ကာဖြင့် ပင်းဖူ၏ လည်ပင်းအား ရစ်သိုင်း လိုက်သည်။ ထို့နောက် အပြုံးတစ်ပွင့်ဖြင့် "ငါက မြင့်မြတ် ရေခဲကုန်းမြေရဲ့ သူတော်စင် သေချာပေါက် ဖြစ်လာမှာ။ အဲဒီအချိန်ကျရင် ငါဘာလုပ်ရမယ် ဆိုတာကို ဘယ်သူကမှ မပြောနိုင်တော့ဘူး။ ငါ့စိတ်ကြိုက် လုပ်လို့ရပြီ။"

"ဟေး အရုပ်ကလေးရေ … နောက်များကျ နင်ဘာလုပ်ချင်လဲ။"

ပင်းဖူသည် ပြုံးလျက်ဖြင့် ပြန်ဖြေသည်။ "ကျွန်မက သခင်မရဲ့ အရုပ်ကလေး ဖြစ်နေပြီးသားလေ။ ဘာတွေများ လုပ်နိုင်ဦးမှာလဲ။ သေချာပေါက် သခင်မရဲ့ ဘေးမှာပဲ နေမှာပေါ့။"

မုန့်ကျီသည် သူ၏ စကားများကြောင့် ခေါင်းငုံ့လိုက်သည်။ သူမ၏ ပါးပြင်နှစ်ဖက်သည် အနည်းငယ် နီးမြန်း နေလေသည်။ သူမ၏ နှုတ်ခမ်း ထောင့်စွန်းလေး များသည် အပေါ်သို့ ကော့တက် သွားပြီးနောက် "ကောင်းကောင်း ဖြေနိုင်တာပဲ။ ရတနာစံအိမ်ကို ငါနဲ့လိုက်ခဲ့။ မင်းရဲ့သခင်က မင်းကို စိတ်ဝိညာဉ် သစ်သီးလေး ဆုချချင်လို့။"

ပင်းဖူသည် အသာပြုံးလိုက်သည်။ မုန့်ကျီအား မည်သို့ချုပ်ကိုင် ရမည်ကို သိနေပြီ ဖြစ်သည်။ ယခုအခါတွင် အရာအားလုံးမှာ အကျိုးမဲ့ မဖြစ်တော့ချေ။

မြင်တယ်မလား။ ဘာမှတောင် မလုပ်ရသေးဘူး။ နောက်ထပ် စိတ်ဝိညာဉ် သစ်သီးတစ်လုံး ရလာပြီလေ။

***

All Chapters