အခိုးခံလိုက်ရသည့် အရုပ်လေး
Vol. 12 Ch. 166
လျှပ်တစ်ပြက် အတွင်းမှာပင် အချိန် ကုန်လွန်လာခဲ့သည်။
နှစ်ပေါင်းတစ်ရာ ကြာပြီးနောက်တွင် မုန့်ကျီနှင့် ပင်းဖူတို့သည် မြင့်မြတ ်ရေခဲကုန်းမြေတွင် ကျော်ကြားလာခဲ့သည်။
သူတို့နှစ်ဦးသည် ပျက်ပြယ်ခြင်း အဆင့်သို့ တစ်ဦးပြီးတစ်ဦး တက်လှမ်းနိုင်ခဲ့ပြီး မြင့်မြတ် နန်းဆောင်များ၏ အငယ်ဆုံးသော နန်းတော်သခင်များ ဖြစ်လာကြသည်။ နှစ်ဦးစလုံးသည် သက်ဆိုင်ရာ နယ်မြေများအား အုပ်ချုပ်ကြလေသည်။
မုန့်ကျီသည်လည်း သူမ၏ ရည်မှန်းချက်ဖြစ်သော သူတော်စင်မ ဖြစ်လာရန် အတွက် ယှဉ်ပြိုင်မည့်သူတစ်ဦး ဖြစ်လာခဲ့သည်။
ထိုနေ့တွင် သူမသည် ပျော်ရွှင်စွာဖြင့် အဇူရာပဒုမ္မာ မြင့်မြတ်နန်းဆောင်သို့ ရောက်ရှိလာပြီး ပင်းဖူအား ထိုသတင်းကို အသိပေးလာသည်။
"အရုပ်လေးရေ … ငါက သူတော်စင်မ ဖြစ်လာဖို့ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်သွားပြီ။ ငါ့ရဲ့ အိပ်မက်နဲ့ ခြေတစ်လှမ်းပိုပြီး နီးကပ်လာပြီ။ ငါလုပ်ချင်တာ လုပ်ခွင့်ရတော့မယ်။"
မုန့်ကျီသည် ယခုအခါတွင် လှပသည့် အမျိုးသမီးငယ်လေးတစ်ဦး ဖြစ်နေလေပြီ။ သူမ၏ ဂုဏ်သိက္ခာများ၊ အေးစက်မှုများ အားလုံးတို့မှာ သူမရှေ့တွင် ရှိနေသည့် လူသား၏ ရှေ့တွင် ရှိမနေတော့ချေ။ သူမသည် စိတ်အား ထက်ထက်သန်သန်ဖြင့် ထိုသတင်းအား ပြောပြနေခြင်း ဖြစ်သည်။
ပင်းဖူ၏ သွင်ပြင်သည် ယခင်အတိုင်း နူးညံ့သိမ်မွေ့ဆဲ ဖြစ်သော်လည်း သူ၏ အော်ရာသည် အလွန်အမင်း စွမ်းအားကြီးနေပြီ ဖြစ်သည်။
သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးလေး၏ နှဖူးအား လက်ဖြင့်အသာ တောက်လိုက်ပြီးနောက် ပြုံးလျက်နှင့် "အရမ်းကြီး စိတ်လှုပ်ရှား မနေနဲ့။ ပြိုင်ပွဲဝင်က စုစုပေါင်းမှ သုံးယောက်တည်း မဟုတ်လား။ အရွေးမခံရမှ လာမငိုပြနဲ့နော်။"
မုန့်ကျီသည် နှာခေါင်းရှုံ့လိုက်ပြီး "ဟေ့ … ဒါက နင့်ရဲ့သခင်ကို စကားပြောတဲ့ ပုံစံလား။ မြန်မြန်လေး အကြောင်းပြချက် ပေးစမ်းပါ။"
“ပင်းဖူ : …”
"ကျွန်မရဲ့ သခင်မက တကယ်ကို ထူးချွန်ပြီး သူမရဲ့ အစွမ်းနဲ့ ယှဉ်နိုင်တဲ့သူ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။"
မုန့်ကျီသည် သူ၏ မြှောက်ပင့် စကားများကြောင့် ပြုံးလိုက်သည်။ သူမ အရှေ့တွင် ရှိနေသည့် လူသားအား ကြည့်လိုက်သည်။
တစ်နေ့ကျ ငါက သူတော်စင်မ ဖြစ်လာမ်။ယ အဲဒီအချိန်ကျရင် ခေါင်းမော့ ရင်ကော့ပြီး လူတိုင်းရဲ့ အရှေ့မှာ နင့်ရဲ့ အစစ်အမှန် ဘဝကို ထုတ်ဖော်ခွင့် ပေးပါ့မယ်။
သူမ၏ အိပ်မက် မပြည့်မြောက်မီမှာပင် သန့်ရှင်းသော ရေခဲကုန်းမြေ တစ်ခုလုံးအား စစ်ပွဲကြီး လွှမ်းခြုံ လာလေသည်။
နှင်းပျိုမဒီ စစ်တပ်သည် ကိုးပြည်ထောင် နိုင်ငံတော်သို့ ချီတက် သွားလေသည်။
ကောင်းကင်ဘုံပိုင်နက်၏ ထိပ်တန်းစစ်သား ငါးသောင်းနှင့် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်း၏ ကျင့်ကြံသူ ငါးသောင်း ပါဝင်သော စစ်တပ်သည် လေဟာပြင်နယ်သို့ စေလွှတ်ခံရပြီး ကျူးကျော်လာသော နှင်းပျိုမဒီ စစ်တပ်အား ရင်ဆိုင် တိုက်ခိုက် ကြလေသည်။
ထိုစစ်ပြွသည် ကြီးကျယ် လွန်းသည်ကြောင့် ကောင်းကင်နှင့် မြေပြင်ကိုပါ တုန်ခါစေသည်။
ပင်းဖူသည် အလွန်စွမ်းအားကြီးသည့် ပြိုင်ဘက်နှင့် ရင်ဆိုင် ရလေသည်။ အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းမှ အရုဏ်ဦး ကောင်းကင် တောင်ထိပ်၏ တောင်သခင်ဖြစ်သော ချန်ဝမ်ဟောက်နှင့် ဖြစ်သည်။
ချန်ဝမ်ဟောက်သည် လက်နက်အဖြစ် မိစ္ဆာချိပ်ပိတ် မျှော်စင်အား ကိုင်ဆောင်သည်။ ထိုလက်နက်သည် သူ့အား အဆုံးအစမဲ့သည့် စွမ်းအားနှင့် နတ်ဘုရားခွန်အား ပေးစွမ်းသည်။
ပင်းဖူသည် ချန်ဝမ်ဟောက်နှင့် တစ်ရက် တစ်ည တိုက်ခိုက်ခဲ့သော်လည်း တိကျသည့် ရလဒ် ထွက်မလာခဲ့ချေ။
ချန်ဝမ်ဟောက်သည် တိုက်ခိုက်ချိန် ကြာလာသည်နှင့်အမျှ သူ၏ အမူအရာ သည်လည်း ပိုမိုထူးဆန်း လာသည်။
ပင်းဖူအား မိစ္ဆာချိပ်ပိတ် မျှော်စင်ဖြင့် လှဲသိပ်လိုက်ပြီး နောက်တွင် မြိုသိပ်နိုင်စွမ်း မရှိတော့သည်ကြောင့် "သားရေ … မင်းလားကွာ"
ပင်းဖူသည် သူကိုင်ဆောင် ထားသော ကောင်းကင် ဝံပုလွေဓားဖြင့် တိုက်ခိုက်ရန် ပြင်ဆင်မှာပင် တစ်ဖက်လူ၏ စကားကြောင့် သူ၏ခြေလှမ်း ရပ်တံ့သွားသည်။ "ငလူး သေခါနီး သောက်အဘိုးကြီး။ ကျုပ်ကို အခွင့်အရေးယူဖို့ မစဉ်းစားနဲ့။"
ဘုန်း ဝုန်း အုန်း …
ဆက်လက် တိုက်ခိုက်ကြပြန်သည်။
နှစ်နာရီ ကြာပြီးသည့်နောက်တွင် ချန်ဝမ်ဟောက်သည် စကားပြော လာပြန်သည်။ "သေချာပေါက် မမှားနိုင်ဘူး။ မင်းရဲ့ အသွင်အပြင်က နူးညံ့နေပြီး ရင်သားတွေ ရှိနေပေမဲ့ ငါတို့ကြားမှာ ဆက်နွယ်နေတဲ့ သွေးမျိုးဆက်က ငြင်းပယ်လို့ မရဘူး။ သားရေ … ငါက တကယ်ကြီး မင်းအဖေပါကွ။"
"ကျုပ်ကမှ ခင်ဗျားရဲ့ အဖေဗျ" ပင်းဖူသည် ဟိန်းဟောက် လိုက်ပြီးနောက် ကောင်းကင်ဝံပုလွေဓားမှ ခရမ်းရောင် အလင်းများ ထွက်ပေါ်လာကာ ထောင်နှင့်ချီသည့် ဝံပုလွေများသည် များပြားသည့် အော်ရာများဖြင့် ချန်ဝမ်ဟောက်ထံသို့ ခုန်အုပ် လာလေသည်။
မိစ္ဆာချိပ်ပိတ်မျှောင်စင်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ဝံပုလွေများအား ဖျက်ဆီး ပစ်လိုက်သည်။
ချန်ဝမ်ဟောက်သည် ပင်းဖူထံသို့ ပြေးဝင်သွားပြီးနောက် သူ၏လက်အား ထိုးခွဲ လိုက်ပြီးနောက် လက်ဖဝါးတွင် ဆန်းပြားသည့် သင်္ကေတများ ဖန်တီးလိုက်သည်။ "မင်းရဲ့ မှတ်ဉာဏ်တွေ ချိပ်ပိတ် ခံထားရတာလား။ အဲဒီတော့ မင်းရဲ့ မှတ်ဉာဏ်တွေ နိုးထလာအောင် ငါ့ရဲ့ သွေးအဆီအနှစ်ကို အသုံးပြုရမယ်။"
"သေလိုက်" ပင်းဖူသည် ကောင်းကင် ဝံပုလွေဓားအား ချန်ဝမ်ဟောက်ထံ ထိုးသွင်းလိုက်သည်။
အံ့ဩမိသည်မှာ ချန်ဝမ်ဟောက်သည် ရှောင်တိမ်းခြင်း မပြုဘဲနှင့် ဓားထိုးခံကာ သွေးတစ်တောက်တောက် ကျနေသည့် လက်အား ပင်းဖူ၏ နဖူးပေါ်သို့ တင်လိုက်သည်။
ဘုန်း …
အဖျက်အဆီး စွမ်းအားများ ပေါက်ကွဲ ထွက်လာသည်။
ပင်းဖူ၏ မျက်လုံးများ ပြူးကျယ်လာကာ သွေးဆက် ဆက်နွယ်မှုမှ လျှို့ဝှက်ဘစွမ်းအားသည် သူ၏စိတ်ထဲရှိ တစ်ခုခုအား အကြီးကွဲသွားစေသည်။ များပြားလှသည့် မှတ်ဉာဏ်များ ပေါ်ထွက်လာပြီး ဦးခေါင်း ပေါက်ကွဲမတတ် နာကျင်လာသည်။
"အား" ပင်းဖူသည် မြေပြင်တွင် ဒူးထောက်ကာဖြင့် နာကျင်မှုကြောင့် အော်ဟစ် နေလေသည်။
ထိုအချိန်တွင် များပြားလှသည့် ရေခဲနဂါးများသည် ချန်ဝမ်ဟောက်အား ခုန်အုပ်လာသည်။
"ပင်းဖူကို နာကျင်အောင် လုပ်ရဲတယ်ပေါ့။ ရှင့်ကို သတ်ပစ်မယ်။"
မုန့်ကျီသည် သရဖူတစ်ခု ဝတ်ဆင်ထားပြီး သူမ၏ သိမ်မွေ့လှပသည့် သွင်ပြင်သည် ဒေါသနှင့် ပြည့်နှက် နေလေသည်။
သူမ၏ ရွှေရောင် မျက်လုံးများတွင် အဆုံးမဲ့သည့် စွမ်းအားများနှင့် ဩဇာ အာဏာများ ပါဝင်နေပြီး ကောင်းကင် တစ်ခုလုံးအား လွှမ်းခြုံကာ သူမဆန္ဒရှိလျှင် သက်ရှိ အားလုံးအား ဒူးထောက်လာရန် ဖိအားပေးနိုင်သည်။
ထိုအခိုက်အတံ့တွင် သူမသည် လောကတွင် စွမ်းအား အကြီးဆုံးသော ဧကရီတစ်ပါး ဖြစ်လေသည်။
မိစ္ဆာချိပ်ပိတ်မျှော်စင်မှ ပေတစ်သောင်း အကိုင်အတွယ် ထွက်ပေါ်လာပြီး ရေခဲနဂါးများအား ဖမ်းချုပ် ထားလိုက်သည်။
ဖျက်ဆီးမှု တစ်ခုခြင်းစီသည် မြေပြင်အား အက်ကွဲ တုန်ခါစေသည်။
သို့သော်လည်း ချန်ဝမ်ဟောက်သည် အံတင်းတင်း ကြိတ်ကာဖြင့် ခုခံနေပြီး သူ၏သား နိုးထလာမည့် အချိန်ကို စောင့်မျှော်လျက် ရှိသည်။
"ကျွန် … ကျွန်တော်က ချန်ချင်းဟန်လား" ခေတ္တမျှကြာပြီးနောက်တွင် ပင်းဖူသည် သူ၏ဦးခေါင်းအား လက်ဖြင့်ဖိကာ ရေရွတ် လာလေသည်။
ချန်ဝမ်ဟောက်၏ ခန္ဓာကိုယ်မှာ ပျော်ရွှင်မှုကြောင့် တုန်ယင် လာသည်။ "ဟုတ်တယ်။ မင်းက ချန်ချင်းဟန်ပဲ။ အခု မှတ်မိပြီလား။ ဟားဟား ငါ့ရဲ့သားလေးက ငါ့ဆီကို ပြန်လာပြီကွ။"
"အာ ခဏလေး အခုတော့ သမီးလေးလို့ ပြောရမှာပေါ့"
"ဒါပေမဲ့ အဆင်ပြေတယ်။ အခုကစပြီး မင်းကို ချန်ချင်းချင်းလို့ ခေါ်မှာပေါ့။" ချန်ဝမ်ဟောက်သည် သူ၏သွင်ပြင်အား သတိရလိုက်မိသည်ကြောင့် ထပ်ပေါင်း ပြောလိုက်သည်။
“ချန်ချင်းဟန် : …”
"အဖေ … ကျွန်တော်က ယောက်ျားလေးပါဗျ။ ဒါတွေက အတုတွေ။" ချန်ချင်းဟန်မှာ သက်ပြင်းချ လိုက်သည်။
ချန်ဝမ်ဟောက်သည် ချန်ချင်းဟန်အား စိုက်ကြည့် လိုက်ပြီးနောက် သူ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ပြည့်လာသည်။ "ဟဟ … မင်းက အခုတော့ အဖေလို့ ပြန်ခေါ်ပြီပေါ့။ အဲလိုခေါ်သံ မကြားရတာ ဘယ်လောက်တောင် ကြာပြီလဲကွာ။"
"ပင်းဖူ … နင် … နင်အခု ဘာပြောလိုက်တာလဲ။" မုန့်ကျီသည် မြေပြင်တွင် ဒူးထောက်လျက်ရှိသည့် အမျိုးသားအား ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပေါ်လာပြီး စိတ်လှုပ်ရှားမှုကြောင့် ပြိုလဲသွားပြီး နောက်တွင် သူမခန္ဓာကိုယ် တစ်ခုလုံးမှာ တုန်ယင် နေလေသည်။
အမှန်တရားအား ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း သူမသည် လက်ခံရန် ငြင်းပယ် နေမိသည်။
ထိုအချိန်တွင် ကြီးမားသည့် ရွှေရောင် လက်ဖဝါး တစ်ခုသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ကောင်းကင်၏ ပေသုံးသောင်းအား ဖုံးလွှမ်း သွားလေသည်။
ကြောက်မက်ဖွယ် အဖျက်စွမ်းအားများသည် လှိုင်းထနေသည့် ပင်လယ်ကဲ့သို့ ဆင်းသက်လာပြီး လက်ဖဝါးသည် ရွှေရောင်ခြယ်သ ထားသည်။ လက်ဖဝါးအောက်ရှိ နယ်မြေသည် သိပ်သည်း လာနေပြီး ထွက်ပြေး လွတ်မြောက်ရန် မဖြစ်နိုင်ချေ။
"သေလိုက်တော့ မိစ္ဆာမ" မိုးခြိမ်းသံနှင့် တူသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ဘုန်း …
ပေထောင်ပေါင်းများစွာ ရှည်လျားသည့် ဧရာမ ရေခဲနဂါးများသည် လက်ဖဝါး၏ ဖိအားအောက်တွင် ပျက်စီးသွားကြရပြီး မုန့်ကျီအား လက်ဖဝါးအောက်တွင် ဖိနှိပ်ထားလေသည်။
မေပြင်သည် တုန်ခါ အက်ကွဲလာပြီး လက်ဖဝါးအောက်ရှိ အရာအားလုံးသည် ဖုန်မှုန့် အဖြစ်သို့ ပြောင်းလဲ သွားလေသည်။
"အဲဒါက မဟာအကြီးအကဲ သခင်ထျန်းဝူလေ။ မိစ္ဆာမကတော့ သေချာပေါက် သေပြီပဲ။" ချန်ဝမ်ဟောက်သည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း ချလိုက်ပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"မုန့်ကျီ" ချန်ချင်းဟန်သည် မြေပြင်တွင် နင်းခြေခံထားရသည့် အမျိုးသမီးအား ကြည့်ကာဖြင့် နှလုံးသားမှာ နာကျင်ကာ တုန်ယင် လာလေသည်။
သူမ၏ ငွေရောင်ဆံနွယ်များသည် သွေးများ စွန်းထင်းနေပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ဒဏ်ရာများ ဖုံးလွှမ်း နေလေသည်။ သို့သော်လည်း သူမသည် အံကြိတ်ကာဖြင့် မြေပြင်ပေါ်ရှိ လက်ဖဝါးအောက်ခြေမှ တွားသွား၍ တက်လာခဲ့သည်။
သူမသည် ခက်ခက်ခဲခဲဖြင့် ခေါင်းမော့ လိုက်သည့်အခါတွင် ရွှေရောင် ဓားများစွာသည် သူမအား စောင့်ကြို နေလေသည်။
ဓားတစ်လက်ချင်းစီတွင် ပျက်ပြယ်ခြင်း အဆင့်ရှိ ကြီးမားလှသည့် ပုံရိပ်၏ စွမ်းအားပြည့် တိုက်ခိုက်မှုများ ပါဝင်နေသည်။
ဓားများသည် မိုးပေါက်များသဖွယ် ကျဆင်းလာပြီး ယင်းတို့တွင် ပါဝင်သည့် အဖျက်အဆီး စွမ်းအားသည် အရာအားလုံးအား သုတ်သင်ပစ်ရန် လုံလောက်ပေသည်။
သို့သော်လည်း ထိုအချိန်မှာပင် အပြာရောင်ဝတ်စုံနှင့် အမျိုးသားသည် သူမ၏ ရှေ့တွင် ပေါ်ထံလာပြီးနောက် သူ၏ ကောင်းကင်ဝံပုလွေဓားအား တင်းတင်းဆုပ်ကိုင် ထားလေသည်။
"သားရေ … မင်းရူးသွားပြီလား။" ချန်ဝမ်ဟောက်သည် အဝေးမှနေ ဟစ်အော်လိုက်သည်။
သို့သော်လည်း ပြင်းထန်သည့် ပေါက်ကွဲမှုများသည် ချန်ဝမ်ဟောက်၏ အော်သံအား ဖုံးလွှမ်း သွားသည်။
ရွှေရောင်ဓားများ၏ အော်ကခြေတွင် နက်မှောင်နေသည့် လျှိုတစ်ခု ပေါ်လသည်။
ဖုန်မှုန့်များ ရှင်းလင်း သွားသည့်အခါတွင် ချန်ချင်းဟန်၏ သွေးအလူးလူးနှင့် ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြိုလဲလာပြီးနောက် မုန့်ကျီ၏ ပေါင်ပေါ်သို့ ပြုတ်ကျ သွားတော့သည်။
မုန့်ကျီသည် ချန်ချင်းဟန်အား တုန်ယင်နေသည့် လက်များဖြင့် ပွေ့ပိုက်ထားပြီး မျက်ရည်များ စီးကျလျက်ရှိသည်။ "ဘာလို့လဲ။ ဘာလို့များ ဒီလိုလုပ်ရတာလဲ။"
ချန်ချင်းဟန်၏ ပါးစပ်မှ သွေးများ စီးကျလာသည်။ သို့သော်လည်း သူ၏မျက်နှာတွင် နွေးထွေးသည့် အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ မျက်ရည်များအား နူးညံ့စွာဖြင့် ဖယ်ရှား ပေးလိုက်ပြီး "ဘာလို့လဲ မသိဘူး။ ဖြစ်နိုင်တာကတော့ အရုပ်ကလေးဆီမှာ အလိုလို ဖြစ်ပေါ်လာတဲ့ သူ့သခင်အတွက် ကာကွယ်ချင်တဲ့စိတ်ပဲ ဖြစ်ပါလိမ့်မယ်။"
လေထဲ၌ ရှိနေသည့် သခင်ထျန်းဝူသည် အေးစက်စွာဖြင့် နှာမှုတ် လိုက်ပြီးနောက်တွင် ထိုမိစ္ဆာမ နှစ်ကောင်အား ရှင်းလင်းပစ်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်မှာပင် ချန်ဝမ်ဟောက်သည် ရုတ်တရက် ဆိုသလို ချန်ချင်းဟန်၏ ရှေ့တွင် ပေါ်လာသည်။ "အကြီးအကဲခင်ဗျာ … သနားညှာတာ ပေးပါဦး။ ဒါက ကျွန်တော့်ရဲ့သား ချန်ချင်းဟန်ပါ။ သူက ဒီမိစ္ဆာမတွေရဲ့ လှည့်ဖျား ခံထားရပြီး သူလုပ်ခဲ့သမျှ အားလုံးက မှတ်ဉာဏ် ပျောက်ဆုံးနေလို့ပါ။ သူ့ကို အသက်ချမ်းသာ ပေးနိုင်မလား ခင်ဗျာ။"
"အဲဒါက ချန်ချင်းဟန် ဟုတ်လား။" သခင်ထျန်းဝူသည် ချန်ဝမ်ဟောက်၏ စကားများကို ကြားသည့်အခါတွင် တုံ့ဆိုင်း သွားတော့သည်။
သူ၏အောက်တွင် ရှိနေသော မြင့်မြတ်နန်းဆောင် နန်းတော်သခင်၏ သွေးအလိမ်းလိမ်း ကိုယ်ခန္ဓာအား စစ်ဆေး ကြည့်လိုက်ပြီး နောက်တွင် ဆုံးဖြတ်ချက် ချလိုက်သည်။
ချန်ချင်းဟန်သည် ထူးချွန်လွန်းသော ပါရမီရှင် ဖြစ်သည်။ လမ်းမှန်ကို လျှောက်လှမ်းပြီး ဂိုဏ်းထံသို့ ပြန်လည် ရောက်ရှိလာမည်ဆိုလျှင် မဆိုးလှချေ။
ခေတ္တမျှ တွေးတော ပြီးသည့်နောက်တွင် သခင်ထျန်းဝူသည် စကားပြော လာသည်။ "သူ့အသက်ကို ချမ်းသာ ပေးနိုင်တယ်။ ဒါပေမဲ့လည်း သူက မြင့်မြတ်နန်းဆောင် နန်းတော်သခင် အဖြစ်နဲ့ ငါတို့ရဲ့ ဂိုဏ်းသားများစွာကို သတ်ဖြတ်ခဲ့တဲ့ အချက်ကို မေ့ထားလို့ မရဘူး။ ချန်ဝမ်ဟောက် … မင်းကို ငါအမိန့်ပေးမယ်။ သူ့ကို ဂိုဏ်းကို ပြန်ခေါ်သွားရမယ်။ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေ အတွက် နှစ်ပေါင်း တစ်ထောင်တိတိ နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်နဲ့ ချိတ်ပိတ် ထားရမယ်။ သန့်ရှင်းသော ရေခဲကုန်းမြေမှာ ဖြစ်ပျက်ခဲ့သမျှကို နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်ကို သုံးပြီး ဖျက်ပစ်ရမယ်။"
မုန့်ကျီသည် သခင်ထျန်းဝူ၏ စကားများကြောင့် ကြောင်အနေပြီးမှ သူမ၏ လက်ထဲရှိ ကြေးမုံအား ခွဲပစ်လိုက်သည်။
ချန်ချင်းဟန်အား ချစ်မေတ္တာ အပြည့်ဖြင့် ကြည့်လိုက်ပြီး နောက်တွင် ငုံ့ကိုင်းကာဖြင့် သူမ၏ နှုတ်ခမ်းသားနုနုဖြင့် ချန်ချင်းဟန်၏ နှုတ်ခမ်းလွှာအား ဖိကပ်လိုက်သည်။
ချန်ချင်းဟန်၏ မျက်လုံးများသည် တုန်လှုပ်မှုကြောင့် ကျယ်လာလေသည်။
ထို့နောက်တွင် နွေးထွေး နူးညံ့သည့် နှုတ်ခမ်းတစ်စုံနှင့် သူ၏နှုတ်ခမ်းပါးအား ဆက်သွယ် လိုက်တော့သည်။
"သောက်ရှက်မဲ့တဲ့ မိစ္ဆာမ … ငါ့ရဲ့သားကို ချက်ချင်း လွှတ်လိုက်စမ်း။" ချန်ဝမ်ဟောက်သည် သူ့ရှေ့ရှိ မြင်ကွင်းကြောင့် ဒေါသတကြီး အော်ဟစ် လိုက်သည်။
သူ၏သားသည် မည်သည့် အမျိုးသမီးနှင့်မဆို ပွေ့ဖက် နမ်းရှုံ့နိုင်သည်။ ဆိုးဝါးသထက် ဆိုးဝါးလာလျှင် သူမအား ချွေးမအဖြစ် အသိအမှတ်ပြုရန် ငြင်းပယ်လိုက်ရုံပင်။
သို့သော်လည်း သူ့ရှေ့ရှိ မိန်းမမှာ နှင်းပျိုမဒီ ဖြစ်ပြီး အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်း ဂိုဏ်း၏ ကမ္ဘာမကြေ ရန်ဘက်ဖြစ်သည်။ ထို့ကြောင့် သူ၏ရှေ့ရှိ မြင်ကွင်းအား လက်သင့် မခံနိုင်ချေ။
သခင်ထျန်းဝူသည် လေထုထဲမှ ရွှေရောင် ဓားခုတ်ချက်တစ်ခု ထုတ်လွှတ်ကာ မုန့်ကျီထံ ပစ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို သူတို့နှစ်ဦးအား ခွဲထုတ် လိုက်လေသည်။
ဝှစ် …
ဓားချက်သည် မုန့်ကျီ၏ ခန္ဓာကိုယ်အား ထိုးဖောက် သွားသော်လည်း မည်သည့် ဒဏ်ရာမျှ မရရှိချေ။
"ဟမ် … တော်ဝင်ဧကရီက ဝင်လာပြန်ပလား။" သခင်ထျန်းဝူသည် မျက်မှောင်ကြုတ်ကာဖြင့် အဝေးတစ်နေရာအား စိုက်ကြည့် လိုက်သည်။
မုန့်ကျီ၏ ခန္ဓာကိုယ်သည် စတင် ပျောက်ကွယ် လာနေပြီး ချန်ချင်းဟန်အား တမ်းတမ်းတတ ကြည့်လိုက်သည်။ "အရုပ်ကလေး ငါ့ကိုစောင့်နေနော်။ နင့်ကို သေချာပေါက် ပြန်လာရှာမယ်။ ငါရဲ့ အရုပ်ကလေးကို ဘယ်သူကမှ ငါ့အဝေးကို ယူသွားလို့ မရဘူး။ ဘယ်သူကမှ …"
ချန်ချင်းဟန်သည် ခက်ခက်ခဲခဲဖြင့် ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာတွင် မျက်ရည်များ စီးကျ လာလေသည်။
"မလုပ်နဲ့။ ဒီတိုင်းပဲ ထားလိုက်ပါတော့။ ပြန်မလာပါနဲ့။"
***