တပိုင်ဘယ်ရောက်သွားလဲ
Vol. 12 Ch. 168
အန်လင်းသည် ထိုထူးခြားသည့်ကြယ်အား ဆယ်မိနစ်တိတိ ကြည့်နေပြီး နောက်တွင် ငိုက်မျဉ်း လာလေသည်။
ယနေ့တိုက်ပွဲအပြီးတွင် သူသည်လည်း မောပန်းကာ အားအင် ကုန်ခမ်းနေလေပြီ ဖြစ်သည်။ ထို့ကြောင့် အနားယူသည့် အခါတွင် အိပ်ချင် လာတော့သည်။
ထို့သို့ဖြင့် သူ၏ အုတ်ခဲပေါ်သို့ ခုန်တက်လိုက်ပြီးနောက် အနားယူရာ နေရာအား ပြန်လိုက်လေသည်။
လစန္ဒာနေရာတွင် နေမင်းကြီး တစ်ဖန်ပြန်လည် ရောက်ရှိလာသည့်အခါ နေ့သစ်တစ်ခု အစပြုလေပြီ။
အန်လင်းသည် ရီဝေဝေ မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ရှောင်ချိုး၏ မျက်နှာက ဆီးကြိုနှုတ်ဆက် နေလေသည်။
ရှောင်ချိုး၏ မျက်နှာအား မြင်ရခြင်းသည် မည်သည့် မနက်ခင်း လေ့ကျင့်ခန်းကို မဆို ပြုလုပ်ရခြင်းထက် သာလွန်ပေသည်။ မျက်နှာမသစ် ရသေးခင်မှာပင် မျက်လုံးပြူးကျယ် လာပြီး ဖြစ်သည်။
"ဘာလို့များ ငါ့ကို ဒီလိုကြီး ကြည့်နေရတာတုန်း" အန်လင်းသည် အံ့ဩတကြီး မေးလိုက်သည်။
ရှောင်ချိုးသည် သူ၏အမွေးဖွားဖွား ဦးခေါင်းအား ကုတ်လိုက်သည်။ "တပိုင်က ပြောတယ်။ သူဒီနေ့ ဆောင်ကြာမြိုင်ကို သွားမှာတဲ့။ အဲဒါ အစ်ကိုကြီး နိုးလာရင် ပြောလိုက်ပါတဲ့။"
"ဆောင်ကြာမြိုင် ဟုတ်လား။" အန်လင်းသည် မျက်လုံးများ ပြူးကျယ်ကာဖြင့် တုန်လှုပ် သွားတော့သည်။ "ခွေးဆောင်ကြာမြိုင်လား လူဆောင်ကြာမြိုင်လား။"
အန်လင်း၏ အမေးကြောင့် ရှောင်ချိုး၏ မျက်နှာမှာ ရှုံ့မဲ့လာတော့သည် "အစ်ကိုကြီးအန်က ခွေးဆောင်ကြာမြိုင် မြင်ဖူးလို့လား။"
အန်လင်းသည် ရှောင်ချိုး၏ စကားများကြောင့် ချက်ချင်း ဆိုသလို သွေးတိုး လာတော့သည်။
တပိုင်သည် လိင်တိမ်းညွှတ်မှု၌ ပြဿနာ ရှိနေသည်မှာ သေချာပေသည်။ မဟုတ်လျှင် မည်သည့်အတွက် သူ၏ မျိုးနွယ်တူများအား စိတ်ဝင်စားခြင်း မရှိဘဲနှင့် လူသားများအား စိတ်ဝင်စား နေရသနည်း။
အန်လင်းအား ဥပမာ ထားရမည်ဆိုလျှင် ကမ္ဘာပေါ်တွင် အလှပဆုံးသော ခွေးမများနှင့် တွေ့ဆုံခဲ့လျှင်ပင် သူ့အနေဖြင့် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု ဖြစ်မလာခဲ့ချေ။ အလွန်ဆုံး အနေဖြင့် ထိုခွေးအား ချီးကျူး ပြောဆိုခြင်းသာလျှင် ရှိပေလိမ့်မည်။
သို့သော်လည်း တပိုင်သည် လူသား ဆောင်ကြာမြိုင်သို့ သွားနေသည်။ ဘယ်လို အခြေအနေကြီးတုန်း။
"မဖြစ်ဘူး။ တပိုင်တစ်ကောင် ဘာတွေလုပ် နေတယ်ဆိုတာ သွားကြည့်မှ ဖြစ်မယ်။" အန်လင်းသည် လေးနက်သည့် အမူအရာဖြင့် မတ်တတ် ရပ်လိုက်သည်။
ပိုင်ရှင် တစ်ယောက်အနေဖြင့် သူ၏သားရဲထံတွင် ဖြစ်ပေါ်နေသော မှားယွင်း နေသည့် လိင်တိမ်းညွှတ်မှုအား ပြုပြင်ပေးဖို့ရန် တာဝန်ရှိသည်ဟု ခံစားနေရသည်။
သို့မဟုတ်လျှင် တပိုင်သည် ဒဏ္ဍာရီ သားရဲဂိုဏ်းသို့ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးအား သူ၏ ချစ်သူအဖြစ် ကြေညာမည်ဆိုလျှင် ပိုင်ရှန်သည် တပိုင်၏ ပိုင်ရှင်ဖြစ်သူ အန်လင်းအား အရှင်လတ်လတ် ဝါးမျို ပစ်ပေလိမ့်မည်။
"တပိုင်သွားတဲ့ ဆောင်ကြာမြိုင်နေရာကို မင်းသိလား။" အန်လင်းသည် တင်းမာသည့် လေသံဖြင့် မေးလိုက်သည်။
ရှောင်ချိုးသည် ခေါင်းယမ်း လိုက်ပြီးနောက် "ရှစ်ဟွာစီရင်စု အနားမှာပဲ တိတိကျကျတော့ မသိဘူး။"
"ကောင်းပြီ။ ငါ့ကို ဒီမှာပဲ စောင့်နေ။ သိပ်မကြာဘူး ပြန်လာခဲ့မယ်။"
အန်လင်းသည် အုတ်ခဲနက်ပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ပျံသန်း သွားတော့သည်။
ရှစ်ဟွာစီရင်စုသည် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းနှင့် အနီးဆုံးတွင် ရှိသည့် စီရင်စု ဖြစ်သည်။ ထိုနေရာရှိ အမျိုးသမီးမားသည် လှပကောင်းမွန်သည့် အသားအရေ များရှိကာ အံ့ဩဖွယ် ကောင်းအောင် ချောမောလှသည်ဟု ဆိုကြသည်။ ထို့ကြောင့် ကျောက်နဂါး ပြည်နယ် တစ်ခုလုံးတွင် ရှစ်ဟွာစီရင်စုသည် အလှလေးများကြောင့် လူဦးရေ အထူထပ်ဆုံး ဖြစ်သည်မှာ မငြင်းပယ်နိုင်သည့် အချက်ဖြစ်သည်။
အလှလေးများ ပေါများသလို ပြည့်တန်ဆာ အိမ်များလည်း ပေါများပေသည်။
သူ၏ အတွေ့အကြုံအရဆိုလျှင် ရှစ်ဟွာစီရင်စုတွင် ပြည့်တန်ဆာအိမ် သုံးဆယ်ထက်မနည်း ရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။
ကံကောင်းသည်မှာ ယင်းတို့အား တစ်ခုချင်း လိုက်ရှာနေရန် မလိုချေ။
တပိုင်နှင့် သားရဲအဖြစ် ချုပ်ဆို ထားသည်ကြောင့် သူတို့နှစ်ဦးသည် ၅ကီလိုမီတာ အတွင်းတွင် တစ်ဦးနှင့်တစ်ဦး အာရုံခံနိုင် ကြပေသည်။
ထို့ကြောင့် အန်လင်းသည် နွေဦးမြစ်စံအိမ်၏ တံခါးဝသို့ ရောက်ရှိလာသည်။
သူ၏မျက်နှာတွင် အထင်သေးမှုများ ပေါ်လာပြီးနောက် အဆောက်အဦ တစ်ခုလုံးအား စစ်ဆေး ကြည့်ရှုလိုက်သည်။ အတော်လေး ကျယ်ဝန်းသည့် မြေပေါ်တွင် တည်ဆောင်ထားခြင်း ဖြစ်သည်။ "ဟမ့် ရွေးတတ်သားပဲ။ ရှစ်ဟွာစီရင်စုမှာ အကောင်းဆုံး ဆောင်ကြာမြိုင် ဖြစ်ရမယ်။"
"ရှင်အခု ဘာစကားပြောလိုက်တာလဲ သခင်လေး။ ကျွန်မတို့က ကောင်းရောင်း ကောင်းဝယ် လုပ်စား နေတာပါနော်။ ဒီမှာရှိတဲ့ မိန်းကလေးတွေက သူတို့ရဲ့ အရည်အချင်းကို ရောင်းချကြတာ ခန္ဓာကိုယ်ကို မဟုတ်ပါဘူး။ ဒီနေရာမှာ မိန်းကလေးတွေ အားလုံးက စားသုံးသူကို ဖျော်ဖြေဖို့ အတွက်ပဲ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြကြတာ။" မိတ်ကပ်ထူထူနှင့် ပွဲစားမသည် အန်လင်း၏ ဘေးသို့ ရောက်ရှိလာပြီးနောက် ချိုသာသည့်အသံဖြင့် ဆိုလေသည်။
"စိတ်ဝိညာဉ် ကျောက်တုံး ၁၀တုံး ဆိုရင်ကော" အန်လင်း မေးလိုက်သည်။
"သခင်လေး … ရှင်အထဲဝင်ပြီး မိန်းကလေးတွေရဲ့ သီဆိုဖျော်ဖြေတာကို နားထောင် ကြည့်သင့်တယ်လို့ ထင်တယ်။" ပွဲစားမသည် ပြုံးလျက်နှင့် ပြောသည်။
"စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ"
ပွဲစားမ၏ အမူအရာသည် ပြောင်းလဲ သွားပြီးနောက် အသံနှိမ့်ကာဖြင့် "ဘယ်မိန်းကလေးကို လိုချင်လဲ။ ထိပ်တန်း မိန်းကလေးကလွဲ ကြိုက်တဲ့သူပြောပါ။"
သေချာသည်။ ဤနေရာသည် သူရောက်ဖူးခဲ့သော ဖူးပွင့်မြေနှင့် မတူပေ။ ဤနေရာသည် ဆောင်ကြာမြိုင် စစ်စစ်ဖြစ်သည်။
"အရင်ဆုံးဝင်ပြီး ကြည့်ရအောင်" အန်လင်းသည် ခေါင်းညိတ်လိုက်ပြီး နောက်တွင် အဆောက်အဦ အတွင်းသို့ ဝင်လိုက်သည်။
အန်လင်း၏ အဝတ်အစား အနေအထိုင် အားလုံးတို့သည် ချမ်းသာကြွယ်ဝမှုကို ပြသနေသည့်အတွက် သူ၏အနောက်သို့ လိုက်ကာ မိန်းကလေးတစ်ဦးပြီး တစ်ဦးနှင့် မိတ်ဆက် ပေးနေလေသည်။
ထိုအချိန်တွင် အမွေးဖြူဖြူနှင့် ခွေးတစ်ကောင်သည် အခန်းတစ်ခု အတွင်းတွင် ခြေချိတ်ကာဖြင့် ထိုင်ကာ သေရည် သောက်လျက်ရှိပြီး လှပသည့် အမျိုးသမီးများနှင့်အတူ သီချင်းဆို နေလေသည်။
အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ရှက်ရွံ့စွာဖြင့် "အစ်ကိုကြီး ပိုင်ရေ … ညီမက ဘယ်တော့မှ ထပ်သောက်ရမှာလဲဟင် …"
"ဟဟဟဟ … ဂိမ်းဆော့ကြမယ်လေ။ ဂိမ်းဆော့မယ် ဆိုရင်တော့ စည်းမျဉ်းတွေကို လိုက်နာဖို့ လိုတယ်နော်။ ရွေးချယ်စရာက နှစ်ခုပြ ရှိမယ်။ သေရည်သောက်မလား အဝတ်တစ်လွှာ ချွတ်မလား။ ဝုတ်" ခွေးဖြူကြီးသည် တပိုင်မှလွဲ အခြား မဟုတ်ချေ။ မျက်လုံးရွဲကြီးများဖြင့် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့် လိုက်ပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် လျှာတန်းလန်းပင် ဖြစ်နေလေသည်။
"အမှန်ပဲ။ သောက်မလား ချွန်မလား။ ငါဆိုရင် အတွင်းဝတ်ပဲ ကျန်တာ့တာ။ နင်ကမှ နှစ်လွှာ ကျန်နေသေးတယ်။ အဲဒီတော့ ဘာလို့ရှက်နေ ရသေးတာလဲ။" ဖွံ့ဖွံ့ထွားထွားနှင့် အမျိုးသမီးသည် အနီရောင် အတွင်းဝတ်အား လှစ်ဟပြလိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ရွေးချယ်စရာ မရှိတော့သည့် အတွက် အဝတ်တစ်လွှာအား ချွတ်ကာ ဖြူဖွေး ချောမွေ့သည့် အသားအရေအား လှစ်ဟ လိုက်လေသည်။
သူ၏ရှေ့ရှိ မြင်ကွင်းအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေရင်း တပိုင်၏ ခြေထောက်များသည် တုန်ယင် လာလေသည်။ ထိုအချိန်တွင် သူ၏ ခြေနှစ်ခုသည် အနီရောင် အတွင်းဝတ်နှင့် အမျိုးသမီး၏ တင်ပါးအား ရိုက်လိုက်လေသည်။
"အာ … အစ်ကိုကြီးအန်က သိပ်ဆိုးတာပဲကွာ" အနီရောင် အတွင်းဝတ်နှင့် အမျိုးသမီးသည် နူးညံ့စွာ ပြောလေသည်။
တပိုင်သည် ထိုစကားအား ကြားသည့်အခါတွင် ပို၍ပင် စိတ်လှုပ်ရှား လာလေသည်။ "ဝုတ် … ဆက်ကြစို့ ရှောင်းဇီရေ … သီချင်းကို မရပ်လိုက်နဲ့နော်။"
ဘေးတွင်ရှိနေသာ ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးသည် ရှက်စနိုးဖြင့် ခေါင်းညိတ် လိုက်ပြီးနောက် သီချင်းဆက်ဆို နေလေသည်။
ထို့ကြောင့် တပိုင်သည် သူ၏ဂိမ်းအား ရွှင်မြူးစွာ ဆက်လေတော့သည်။
ထို့နောက်တွင် အနီရောင် အတွင်းဝတ်နှင့် အမျိုးသမီး ရှုံးနိမ့်သွားသည်။
တပိုင်သည် တံတွေးမြိုချ လိုက်ပြီးနောက်တွင် သူမအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ "သောက်မလား ချွတ်မလား။"
အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် သူမ၏ ကြီးမားသည့် ရင်နှစ်မြွှာအား အသာပွတ်သပ် လိုက်ပြီး သူမမျက်နှာတွင် ရှက်သွေး ဖြာလာတော့သည်။ "အစ်ကိုကြီးပိုင်က ညီမကို ဘာလုပ် စေချင်တာလဲလို့"
"ချွတ် ချွတ် ချွတ် ဝုတ် …" တပိုင်သည် ခြေထောက်များ ခုန်ပေါက်ကာဖြင့် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လေသည်။
ဝုန်း …
ရုတ်တရက် ဆိုသလို သူတို့အခန်းတံခါးအား ဆောင့်ကန် ခံလိုက်ရသဖြင့် ပွင့်လာသည်။ "ဘာကို ချွတ်ရမှာလဲ။"
"ငါ့ရဲ့ ပျော်စရာလေးကို ဘယ်ကောင် ဖျက်ဆီးရဲတာလဲကွ ဝုတ်" တပိုင်သည် ပျော်ရွှင်ဖွယ် အနေအထား ရောက်ရှိကာနီးတွင် နှောင့်ယှက်ခံလိုက် ရသဖြင့် ဒေါသတကြီး ဖြစ်လာတော့သည်။။
"ငါ" အမျိုးသားတစ်ဦး ဝင်လာပြီးနောက် တပိုင်အား အေးစက်သည့် အမူအရာဖြင့် ကြည့်လေသည်။
ကျူးကျူကျော်အား မြင်လိုက်သည့်အခါတွင် တပိုင်၏ ခြေထောက်များ တုန်ယင် လာတော့သည်။ "အ … အစ်ကိုကြီးအန် … ဒီကိုဘာလို့ ရောက်လာတာလဲ။"
ကျူးကျော်လာသူမှာ အန်လင်းမှလွဲ အခြားမဟုတ်ချေ။ သူရောက်ရှိလာသည့် အခါတွင် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အဝတ်အစား တစ်ပိုင်းတစ်စ ဖြစ်နေပြီး ဖွံ့ဖွံ့ထွားထွား အမျိုးသမီးမှာမူ အတွင်းဝတ်များကိုပင် ချွတ်နေချေပြီ ဖြစ်သည်။
ထို့နောက်တွင် သူ၏အရှေ့ရှိ မြင်ကွင်းအား မရည်ရွယ်ဘဲနှင့် ကြည့်မိ သွားလိုက်သည်။
ပွဲစားမသည် ထိပ်တန်း မိန်းကလေးအား ခေါ်ရန်အတွက် မိန်းကလေး တစ်ဦးအား လျှို့ဝှက် အချက်ပြလိုက်သည်။ သူမ၏ အမူအရာသည် အန်လင်းအပေါ်၌ ပို၍ပင် ရိုသေလေးစား လာလေသည်။ တပိုင်သည် အလွန်လက်ဖွာသည့် ဖောက်သည် ဖြစ်သည်။ ထိုကဲ့သို့သော သူသည် သူ၏အရှေ့တွင် ရှိနေသည့်သူအား အစ်ကိုကြီးအန်ဟု ခေါ်ဆိုနေသည့် အတွက် ထိုလူသည် သေချာပေါက် ပို၍ပင် အရေးပါပေလိမ့်မည်။
"မင်းရဲ့ ကစားကွင်းလေးကို လာလည်တာပါ။ နှောင့်ယှက်မိသွားလား။" အန်လင်းသည် ပြုံးလျက်နှင့် ပြောသော်လည်း သူ၏လေသံမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
"မဖြစ်ပါဘူးဗျ။ အစ်ကိုကြီးအန် ရောက်လာတော့ ပိုတောင် ပျော်သေးတယ်။ လာလေ အတူတူပျော်ကြမယ်။" တပိုင်သည် ခုံပေါ်မှ ဆင်းလိုက်ပြီးနောက် အန်လင်း၏ ခန္ဓာကိုယ်အား သူ၏ နူးညံ့လှသော အမွေးဖွားဖွားဖြင့် ပွတ်သပ် နေလေသည်။ မျက်နှာတွင် မျှော်လင့်သည့် အမူအရာနှင့် ဖြစ်သည်။
အတူပျော်ရမယ် ဟုတ်လား။
အန်လင်း၏ ခေါင်းထဲရှိ သွေးကြောများ ဆူပွက် လာလေသည်။ တပိုင်သည် သူလုပ်နေသည့်အရာမှာ မှားယွင်းနေကြောင်း မသိသေးပုံပင်။
"ငါ့ကိုပြောပါဦး။ မင်းက ဒီကို ဘာလာလုပ်တာလဲ။" အန်လင်းသည် ကျယ်လောင်စွာ ဆူပူလိုက်သည်။
တပိုင်သည် သူ၏ မျက်လုံးရွဲကြီးများဖြင့် ကြည့်လာပြီး "ဆောင်ကြာမြိုင်ကို လာလည်တာပါ။"
တပိုင်၏ အဖြေကြောင့် အန်လင်း၏ ရင်ဘတ်မှာ တင်းကျပ် လာလေသည်။ သောက်ရမ်းကြီး ရိုးသားတဲ့ အဖြေကြောင့် ဘာပြောရမှန်းတောင် မသိတော့ဘူးဟေ့။
သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီး နောက်တွင် မေးခွန်းပြောင်းမေးရန် ဆုံးဖြတ်လိုက်သည်။ "ပြောစမ်းပါ။ မင်းက ခွေးမတွေကို မကြိုက်ဘဲ လူမတွေကို ဘာလို့ကြိုက် နေရတာလဲ။"
အန်လင်း၏ အမေးကြောင့် တပိုင်သည် ရှက်သွေး ဖြာလာပြီးနောက် ခေါင်းငုံ့ လိုက်လေသည်။ "လူမတွေမှာ နူးညံ့ချောမွေ့တဲ့ အသားအရေ ရှိတယ်လေ။ ရင်သားကြီးကြီးနဲ့ ဖွံ့ထွားတဲ့ တင်သားတွေလည်း ရှိသေးတယ်။ ခွေးမတွေမှာ အမွေးအပြင် ဘာရှိသေးလို့လဲ။ အဲဒီလိုမျိုး နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ကျွန်တော်က လူမတွေကိုပဲ ရွေးမှာ။"
တပိုင်သည် သူ၏အကြည့်အား အတွင်းဝတ်သာလျှင် ကျန်ရှိနေသည့် အမျိုးသမီးထံ ပို့ကာဖြင့် ပြောလာခြင်း ဖြစ်သည်။ သူ၏မျက်လုံးတွင် ထက်သန်သည့် ဆန္ဒများအား မြင်တွေ့နေရသည်။
အန်လင်းသည် ထိုအဖြေကြောင့် မေ့မျော သွားမတတ်ပင် ဖြစ်ရသည်။ အကြောင်းပြချက်သည် ခိုင်မာသည့်အတွက် အငြင်းပွားရန် မလိုပင်။ တပိုင်၏ ခုခံမှုအား အပြည့်အဝ သဘောတူပေသည်။
သို့သော်လည်း အဓိက ပြဿနာမှာ ထိုစကားသည် တပိုင်၏ ပါးစပ်မှ ထွက်လာခြင်းကြောင့်ပင်။
ခွေးတစ်ကောင်သည် ထိုသို့ပြောသင့် ပါရဲ့လား။
လူသားတစ်ဦး၏ ဝိညာဉ်သည် တပိုင်၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ဝင်စားနေခြင်း များလား။ တပိုင်သည် ကြီးမားသည့် ပုံရိပ်တစ်ခု၏ ပိုင်ဆိုင်ထားခြင်း ခံရခြင်းမျိုး ဖြစ်နိုင်သည်။ မဟုတ်သေးပါဘူး။ မဖြစ်နိုင်သည်။ မည်သည့်သောက်ရူးသည် ခွေးတစ်ကောင်၏ ခန္ဓာကိုယ် အတွင်း ဝင်စားနိုင်မည်နည်း။
အန်လင်းသည် အတွေးထဲ နစ်မျော နေစဉ်မှာပင် အပြင်ဘက်မှ အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။ "လန်ယွဲ့ ရောက်ရှိလာပါပြီ။"
မရှေးမနှောင်းမှာပင် သိမ်မွေ့နူးညံ့သည့် အမျိုးသမီး တစ်ဦးသည် တံခါးပေါက်မှ ဖြတ်ကာ လျှောက်လှမ်း ဝင်ရောက်လာသည်။ သူမနှင့်အတူ လေပြည်ညင်း ကလေးသည်လည်း အခန်းအတွင်းသို့ ရောက်ရှိ လာလေသည်။
***