← Chapters

သခင်လေးနန်ထျန်း

Vol. 24 Ch. 353

သခင်လေးနန်ထျန်း

Vol. 24 Ch. 353

ခမ်းနားသော ချူတော်ဝင်အိမ်တော်ထဲတွင် နန်းတော်ပမာမျှော်စင်များ နေရာအနှံ့တွင် ရှိနေသည်။ ပင်မခန်းမသည် မိုးထိအောင်မြင့်မားသော ချူဘုရင်မျှော်စင်ထဲတွင် ရှိလေ၏။

ယခုသည် နေဝင်ချိန်ဖြစ်ပြီး ကောင်းကင်သည် နီရဲတောက်ပနေ၏။ ရွှေအလင်းလွှာ လွှမ်းခြုံထားသည့် မြင့်မားသော ချူဘုရင်မျှော်စင်က မသေမျိုးဘုံနန်းတစ်ခုအလား ခံစားရစေလေသည်။

ယီယွင် ဥပဒေထိန်း၏နောက်မှလိုက်၍ ချူဘုရှင်မျှော်စင်ထဲသို့ မဝင်မီတွင် ရှန်းထူမိသားစု၏ လေသင်္ဘောကို မြင်ခဲ့ရသည်။ ရှန်းထူမိသားစု၏ လေသင်္ဘောက မျှော်စင်၏ရှေ့ မြေကွက်လပ်တွင် ရပ်နားထားပြီး ဘေးပတ်လည်တွင် ရှန်းထူမိသားစုမှ အစောင့်များ ဝန်းရံထားကြသည်။ ထိုအစောင့်များက တောင့်တင်းသန်မာကြလေ၏။ သူတို့၏ အသက်ရှုနှုန်းကို ထိန်းချုပ်ထားလေသောကြောင့် သူတို့၏ခွန်အားကို မှန်းဆရန်ခက်ခဲသည်။ သူတို့က သစ်သားတိုင်များပမာ လှုပ်ရှာခြင်းမရှိပေ။ သူတို့က ရှန်းထူမိသားစု၏ ချပ်ဝတ်များကို ဆင်တူဝတ်ဆင်ထားလေသောကြောင့် ထည်ဝါလှသည်။

ယီယွင်နှင့်အခြားသူများက သူတို့ရှေ့မှ ဖြတ်သွားချိန်တွင် သူတို့က ရှေ့တည့်တည့်ကိုသာ ဆက်ကြည့်နေကြလေရာ စစ်တပ်စည်းကို လိုက်နာကြကြောင်း ရှင်းလှသည်။

ယင်းကြောင့် ယီယွင် အနည်းငယ်အံ့အားသင့်ရ၏။ ဤအစောင့်များက တိုင်အာနတ်မြို့မှ နည်းပြများထက် အားမနည်းကြောင်းကို သူ အကြမ်းဖျင်းခန့်မှန်းမိထားသည်။ သို့သော် တိုင်အာနတ်မြို့တွင် လူတစ်ဦးက စွမ်းအားပမာဏတစ်ခုအထိ ရောက်ရှိသွားလျှင် ကြီးစွာသော လွတ်လပ်ခွင့်နှင့် မြင့်မားသော အဆင့်အတန်းကို ရရှိလေသည်။ ရှန်းထူမိသားစုတွင်မူ ထိုသူများက တပ်သားများနှင့် အစောင့်များသာ ဖြစ်ကြရလေ၏။

ယင်းသည် အဖွဲ့အစည်းကြီးနှင့် အဖွဲ့စည်းငယ်တို့ အကြားမှ ကွာခြားချက်ဖြစ်သည်။ လူများ ကျင့်ကြံမှုအဆင့်များ တူညီကြသော်လည်း အဖွဲ့အစည်းငယ်များမှ လူများကမူ သက်သာသောဘဝကိုရရှိပြီး အခွင့်အလမ်းများနှင့် အရင်းအမြစ်များကိုမူ ဆုံးရှုံးရသည်။ ထို့ကြောင့်ပင် အဖွဲ့အစည်းကြီးများထံတွင် သာမန်တပ်သားတစ်ဦး ဖြစ်ရမည်ဆိုလျှင်ပင် အလုပ်ကျွေးပြုလိုကြသူများ ရှိနေခြင်းဖြစ်သည်။

" ရှန်းထူမိသားစုမှာ ဒီလိုမျိုး စစ်တပ်အင်အားနဲ့ စစ်စည်းကမ်းတွေ ရှိနေတာပါ့လား။ ရှန်းထူမိသားစုက တိုင်အာနတ်ပြည်ထောင်ထက် အများကြီးပိုပြီး အားကောင်းတယ် " ယီယွင် တွေးနေခဲ့သည်။ သားရဲအုပ်ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု သူ ပိုမို၍ပင် ယုံကြည်ချက်ရှိလာခဲ့သည်။

ချူဘုရင်မျှော်စင်၏တံခါးကို ဖြတ်ကျော်ပြီးနောက် ပင်မခန်းမထဲမှ တည်ကြည်သောလေထုကို သူ ခံစားလိုက်ရသည်။ ကြမ်းပြင်တွင် စာလုံးရေးထိုးထားသော ကျောက်တုံးများ ခင်ထားလေ၏။ ကျောက်တုံးများက သံမဏိထက် မာကျောသည်သာမက မျက်နှာပြင်အား သပ်ရပ်စွာပုံဖော်ထားသည်မှာ လှပပြီးနန်းဆန်သည်။

ခန်းမထဲတွင် ရိုးရာအဝတ်အစား ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးကို ယီယွင် မြင်လိုက်ရသည်။ ထိုသူ၏အဝတ်များက အစိမ်းရောင်ဖြစ်ပြီး ဆံပင်များကို ဦးခေါင်းထက်တွင် ထုံးထားလေသည်။ ထိုသူ၏အသားအရေက ဖြူဝင်းကာ နဖူးပြင်ကျယ်၏။ ထိုသူ၏မျက်နှာက ကျန်းမာနီမြန်းနေသည်။ ထိုသူ၏ မျက်ခုံးအလယ်တွင် ခရမ်းရောင်လေ အရိပ်အငွေ့တစ်ခု ရှိနေသည်ဟု ယီယွင် သိမ်မွေ့စွာခံစားမိနေ၏။

အရှေ့အရပ်မှ ခရမ်းရောင်လေသည် မွေးရာပါ တော်ဝင်ဆန်ခြင်း၏ အမှတ်သညာတစ်ခု ဖြစ်လေ၏။

ထိုလူငယ်၏ ဝတ်စားပုံက ရိုးရှင်းလေပြီး အသက်ရှူနှုန်းက နက်နဲသိမ်မွေ့သည်။ လူငယ်က ဟိတ်ဟန်ကြီးပုံမရဘဲ ဖော်ရွေတတ်ဟန် ရှိလေသည်။ လူငယ်၏နံဘေးတွင် ရွှေရောင်ဝတ်စုံနှင့် အကြီးအကဲနှစ်ဦး ရှိလေသည်။ ထိုနှစ်ဦးလုံးကို လူငယ်ကို လေးစားကြလေ၏။

အကြီးအကဲနှစ်ဦးက တတိယမြောက်ခုံတွင်သာ ထိုင်နေကြသည်ကို ယီယွင် သတိပြုမိသည်။ သူတို့က ခါးမတ်မတ်ထားကာ ရိုကျိုးသောအမူအရာ ပြသနေသည်။

ယီယွင်က ထိုအကြီးအကဲနှစ်ဦးကို မသိသော်လည်း တစ်ဦးကမူ ရွှေရောင်စပါးအုံဝတ်စုံ ဝတ်ဆင်ထားလေသောကြောင့် ထိုသူကို ယီယွင် သိလေသည်။

ရွှေရောင်စပါးအုံသည် စပါးအုံတစ်ကောင်သာ ဖြစ်သော်ငြားလည်း အမှန်တကယ်တွင် နဂါးတစ်ကောင်နှင့် ဆင်တူသည်။ ရွှေရောင်စပါးအုံတွင် လက်သည်းချောင်းရှိပြီး နဂါးတစ်ကောင်ထက် လက်သည်းတစ်ချောင်းသာ လျော့နည်းလေသောကြောင့် ၎င်းကို လက်သည်းလေးခု ရွှေနဂါးဟုပင် ဆိုနိုင်လောက်သည်။

တိုင်အာနတ်ပြည်ထောင်တွင် ဘုရင်ဘွဲ့ ရထားသူများကသာ လက်သည်းလေးခု ရွှေနဂါးဝတ်စုံကို ဝတ်ဆင်ခွင့်ရှိသည်။ တစ်နည်းဆိုရသော် ရွှေရောင်စပါးအုံဝတ်စုံနှင့် လူက ချူဘုရင် ဖြစ်လေ၏။

ချူဘုရင်ပင် လေးစားပြနေရသော ထိုလူငယ်က ရှန်းထူမိသားစုမှ ဖြစ်မည်မှာ ကျိန်းသေသည်။ ဤလူငယ်က ရှန်းထူမိသားစုထဲတွင် အဆင့်မနိမ့်လောက်ပေ။ ချူဘုရင်က လူငယ်ကို နောက်ကွယ်မှ အဖွဲ့အစည်းကြောင့်မဟုတ်ဘဲ နှစ်နှစ်ကာကာ လေးစားနေသည်ကို ယီယွင် မြင်မိသည်။

ပင်မခန်းမထဲတွင် ထိုသုံးယောက်ကသာ ထိုင်နေကြပြီး အခြားသူမျးကမူ မတ်တက်ရပ်နေကြသည်။

ရပ်နေကြသူများထဲတွင် လူငယ်အချို့နှင့် မိန်းကလေးအချို့တို့က တူညီဝတ်စုံများ ဝတ်ဆင်ထားကြသည်ကို ယီယွင် သတိပြုမိသည်။ ထိုလူငယ်များက ရှန်းထူမိသားစုမှဖြစ်ကြောင်း သိသာလှပြီး သူတို့က ရှန်းထူမိသားစုထဲတွင် ပါရမီရှင်လူငယ်များ ဖြစ်ဖို့များလေ၏။

အသက်ကြီး နောက်လိုက်များနှင့် မိသားစု ဗိုလ်ချုပ်များလည်း ရှိကြသည့်တိုင်အောင် အားလုံးက လူငယ်ကို လေးစားသမှူရှိကြသည်။

" သခင်လေးနန်ထျန်း... သူတို့က ကျုပ်တို့ တိုင်အာနတ်ပြည်ထောင်ရဲ့ လူငယ်လက်ရွေးစင်တွေပါ... ကြည့်ကြည့်ပါဦး "

ချူဘုရင်က ယီယွင်နှင့် အခြားသူများကို လက်ညှိုးထိုးပြလိုက်သည်။ အစိမ်းဝတ်လူငယ် သူတို့ကို တစ်ချက်သာကြည့်လေပြီး သူ၏အကြည့်များက ယီယွင်ထံတွင် တစ်ခဏမျှ ရပ်နေခဲ့သည်။

" မဆိုးဘူး "

သခင်လေးနန်ထျန်းက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး..." တိုင်းပြည် အန္တရာယ်ကြုံနေရတဲ့ ဖရိုဖရဲအချိန်မျိုးမှာ မွေးဖွားလာရတာဟာ ကံမကောင်းဘူးဆိုပေမဲ့ ကံကောင်းမှုဆိုလည်း ဟုတ်နေပြန်တယ်။ မင်းတို့အားလုံး အသက်ရှင်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ ကံကောင်းမှု အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါကို အသုံးချနိုင်ဖို့ သေချာလုပ်ကြပါ "

သခင်လေးနန်ထျန်းက ရိုးစွာသာ သုံးသပ်ချက်ပေးသည်။ သူ၏အသံက အစွမ်းထက်သော စမ်းရေအိုင်တစ်ခုနှင့် ဆင်တူလှပြီး တိုင်အာနတ်ပြည်ထောင်မှ ကောင်းကင်၏ ကောင်းချီးခံသားသမီးများအဖို့ ပလ္လင်ထက်တွင် တင်ထားခံလိုက်ရသည့်ပမာ ခံစားလိုက်ကြရသည်။

ဤရက်များတွင် ဤလူငယ်များနှင့် မိန်းကလေးများတိူ့သည် လောကကြီးက မည်မျှကျယ်ဝန်းကြောင်းကို နားလည်သွားကြရလေ၏။

သခင်လေးနန်ထျန်းကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးက တိုင်းပြည်ငယ်တစ်ခုမှ ပါရမီရှင်တစ်သိုက်ကို အဖက်လုပ်နေရန်ပင် မလိုအပ်ပေ။ မမျှော်လင့်စွာဖြင့်ပင် သူတို့အား သခင်လေးနန်ထျန်းက သုံးသပ်ချက်ကောင်း ပေးခဲ့လေသောကြောင့် သူတို့ စိတ်အားတက်ကြွလာရသည်။

" သခင်လေးနန်ထျန်းက ဟိတ်ဟန်မကြီးဘူးပဲ "

" အမှန်ပဲ... သူက ငါတို့ကို အားပေးလာလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားခဲ့ဘူး " လူငယ်အချို့က အသံပို့လွှတ်ကာ ဆွေးနွေးပြောဆိုကြသည်။

" ကျုပ်ရဲ့ ချူတော်ဝင်အိမ်တော်က ဗိုလ်ချုပ်တွေ ၊ တိုင်အာနတ်ပြည်ထောင်က ပညာရှိတွေနဲ့ ကောင်းကင်ဘုံရဲ့ ကလေးငယ်တွေ အားလုံးက သခင်လေးနန်ထျန်းရဲ့အမိန့်ကို နာခံပါ့မယ် " ချူဘုရင်က တလေးတစားဆိုလိုက်သည်။ လက်ရှိအချိန်၌ တိုင်အာနတ်ပြည်ထောင်က ရုန်းကန်နေရလေသောကြောင့် အသက်ကယ် ကောက်ရိုးတစ်မျှင်ဖြစ်သည့် ရှန်းထူမိသားစုအပေါ်တွင် အလွန်ရိုကျိုးနေရလေ၏။

" ကောင်းပြီ " သခင်လေးနန်ထျန်းက အသာတုန့်ပြန်သည်..." ကျုပ်တို့ ရှန်းထူမိသားစုက ကိစ္စနှစ်ခုကြောင့် တိုင်အာနတ်ပြည်ထောင်ကို လာခဲ့တာပဲ။ ပထမကိစ္စက လမ်းပြလူငယ် ဖန်တီးထားတဲ့ သားရဲအုပ်ကို ရှင်းလင်းပြီးတော့ သူနဲ့ကျုပ်တို့ရဲ့ ရန်ငြိုးကို ဖြေရှင်းဖို့ပဲ။ ဒုတိယကိစ္စကတော့ တိုင်အာနတ်ပြည်ထောင်နဲ့ ဆွေးနွေးစရာကိစ္စအချို့ ရှိနေလို့ပဲ "

သခင်လေးနန်ထျန်းက ညာလက်ကို အသာယမ်းလိုက်ရာ ကျောက်နီတစ်လုံး ပေါ်လာသည်။ သူက ကျောက်နီကို ညာလက်ဖြင့်ကောက်ယူကာ လူအားလုံးဆီသို့ ဝှေ့ယမ်းလိုက်သည်။ ထိုကျောက်ထံမှ အလင်းတစ်ခု ထွက်ပေါ်လာပြီး လူအားလုံး ထင်ယောင်မှားအခြေအနေသို့ ရောက်ရှိသွားကြသည်။

ကောင်းကင်၏ ကောင်းချီးပေးခံထားသော ကလေးငယ်များ ထိတ်လန့်သွားကာ ကျောက်နီအား ကြည့်နေသည်ကို ကပျာကယာ ရပ်လိုက်ကြသည်။

" ဒါက..." ချူဘုရင်မှာ မှင်တက်မိနေပြီး သခင်လေးနန်ထျန်းက မည်သည့်အရာအား လုပ်နေကြောင်းကို နားမလည်ပေ။

" ပျက်စီးခြင်းကြေးမုံကျောက်တုံး "

သခင်လေးနန်ထျန်းက တည်ငြိမ်စွာဆိုသည်..." လူသားမျိုနွယ်နှင့် ပျက်စီးခြင်းမျိုးနွယ်တို့ရဲ့ လူတွေက ပုံပန်းသွင်ပြင်တွေ မကွာခြားကြဘူး။ အပေါ်ယံကြည့်ပြီး ခွဲခြားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီပျက်စီးခြင်းကြေးမုံကျောက်တုံးကပဲ ပျက်စီးခြင်းမျိုးနွယ်ရဲ့ အသွင်လက္ခဏာတွေကို ထောက်လှမ်းနိုင်တယ်။ အခုလိုလုပ်တာက ကျုပ်တို့အထဲမှာ ပျက်စီးခြင်းမျိုးနွယ်က သူလျှိုတွေ ရှိလာမှာကို တားဆီးတာပါ "

ချူဘုရင် မျက်နှာပျက်သွားကာ ခြောက်ကပ်ကပ်ပြုံးလိုက်လေပြီး..." ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုပ်ရဲ့ ချူစီရင်စုမြို့က နတ်အရိုင်းမြေနဲ့ အလှမ်းဝေးပါတယ်။ ဒါ့အပြင် သူတို့က တိုင်အာနတ်မြို့ မွေးထုတ်ပေးထားတဲ့ ပါရမီရှင်တွေလေ။ ကျုပ်တို့က သူတို့ရဲ့ ဇာစ်မြစ်တွေကို သိတာကြောင့် သူတို့တွေက ပျက်စီးခြင်းမျိုးနွယ် မဖြစ်နိုင်ပါဘူး "

" မဖြစ်နိုင်ဘူးတဲ့လား "

သခင်လေးနန်ထျန်းက ရယ်မောကာ ထရပ်လိုက်ပြီး..." ခင်ဗျားက ပျက်စီးခြင်းမျိုးနွယ်ဝင်တွေ ဘယ်နှစ်ယောက်နဲ့ ဆုံဖူးပြီးပြီလဲ။ ခင်ဗျားက ခန့်မှန်းပြီးပြောနေရုံတင်ပဲ။ ပျက်စီးခြင်းမျိုးနွယ်က ကောက်ကျစ်ရက်စက်ပြီး သွေးဆာတယ်။ ဒီကိုလာတဲ့အချိန် ချူစီရင်စုမြို့ထဲမှာ ပျက်စီးခြင်းမျိုးနွယ်ဝင်တွေ တစ်ဦးထက်ပိုပြီးရှိနေတာကို ကျုပ် အတည်ပြုပြီးသွားပြီ "

" တိုင်အာနတ်ပြည်ထောင်ကို ဖျက်ဆီးပစ်ဖို့အတွက် သားရဲအုပ်စေလွှတ်မဲ့ အစီအစဥ်ကို ပျက်စီးခြင်းမျိုးနွယ်က အချိန်အကြာကြီး ကြိုတင်ပြင်ဆင်ထားတာလို့ ကျုပ်က ခန့်မှန်းထားတယ်။ နှစ်ပေါင်းများစွာလောက်ကတည်းက ပျက်စီးခြင်းမျိုးနွယ်က တိုင်အာနတ်ပြည်ထောင်ရဲ့ နေရာအနှံ့ကို သူလျှိုပေါင်းများစွာ စေလွှတ်ထားတယ် "

" ဒါက... "

သခင်လေးနန်ထျန်း၏ သေချာနေသောစကားကြောင့် ခန်းမထဲမှ လူများ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ တိုင်အာနတ်ပြည်ထောင်ထဲသို့ ပျက်စီးခြင်းမျိုးနွယ်မှ သူလျှိုများ ကျူးကျော်ဝင်ရောက်နေသည်တဲ့လား။ သူလျှိုအများကြီးတဲ့လား။

အစပိုင်းတွင် ပျက်စီးခြင်းမျိုးနွယ်အပေါ် သူတို့၏ ထင်မြင်ချက်က လမ်းပြလူငယ်တစ်ဦးတည်းသာ ရှိလေသည်။ လမ်းပြလူငယ်ဆိုသည်မှာ အစွမ်းထက်ခြင်း ၊ လျှို့ဝှက်ဆန်းကြယ်ခြင်း ၊ သွေးဆာခြင်း ၊ ရက်စက်ခြင်း စသည့်စကားလုံးများနှင့် အဓိပ္ပါယ်တူညီသည်။

အခြားသော ပျက်စီးခြင်းမျိုးနွယ်ဝင်များကိုမူ သူတို့ တစ်ခါမျှပင် မတွေးဖူးပေ။

" ဒါပေမဲ့..."

သခင်လေးနန်ထျန်းက ရုတ်တရက်ပင် စကားအရှိန်ပြောင်းကာ ဆိုသည်..." ကျုပ် အရမ်းသိချင်နေတယ်။ လမ်းပြလူငယ်ရဲ့ စွမ်းအားနဲ့ဆိုရင် တိုင်အာနတ်ပြည်ထောင်ကို သူတစ်ယောက်တည်း ဖျက်ဆီးပစ်လို့ရတယ်။ ဘာကြောင့် သူက သူလျှိုတွေ ကြိုတင်စေလွှတ်ထားရသလဲဆိုတာကို ကျုပ် နားမလည်ဘူး။ သူ တိုင်အာနတ်ပြည်ထောင်ကို တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က ရိုးရှင်းမနေမှာကို ကျုပ် စိုးရိမ်မိတယ် "

ယီယွင်၏စိတ်သည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားရလေ၏။ သူ တိုင်အာနတ်မြို့ထဲတွင် ရှိနေခဲ့စဥ်တွင် လမ်းပြလူငယ်က တိုင်အာနတ်မြို့ကို တိုက်ခိုက်ရန်အတွက် သားရဲအုပ်ကြီးအား ဦးဆောင်လာသည်ကို သူ တပ်အပ်မြင်တွေ့ဖူးသည်။ ထိုစဥ်က လမ်းပြလူငယ်သည် " ငါ တိုင်အာနတ်ပြည်ထောင်ကို တကယ်ပဲ မဖျက်ဆီးချင်ပါဘူး။ ကံဆိုးချင်တော့ နတ်အရိုင်းမြေပတ်လည်မှာရှိတဲ့ တိုင်းပြည်အချို့က ငါ လုပ်ချင်တဲ့အရာအတွက် အနှောင့်အယှက်ဖြစ်နေတယ်။ ဒါကြောင့် ငါက ဖျက်ဆီးဖို့ပဲရှိတယ် " ဟု အမှန်တကယ်ပင် ပြောခဲ့ဖူးလေသည်။

သခင်လေးနန်ထျန်းက သဲလွန်စငယ်မျိုးစုံထံမှ ဤသုံးသပ်ချက်ကို ရရှိလာနိုင်သည်မှာ အမှန်တကယ်ပင် အစွမ်းအစရှိချေ၏။

သခင်လေးနန်ထျန်းက ဆက်ပြောလေသည်..." အားလုံး ဒါတွေကို မှတ်ထားကြပါ။ ပျက်စီးခြင်းမျိုးနွယ်ဝင်တွေရဲ့ သွေးက ငွေရောင်ရှိတယ်။ ငွေရောင်သွေးရှိတဲ့ တစ်ယောက်ယောက်ကို တွေ့ခဲ့ရမယ်ဆိုရင် ကျုပ်ဆီ ချက်ချင်းသတင်းလာပို့ကြပါ "

" ပျက်စီးခြင်းမျိုးနွယ်က လူသားတွေနဲ့ ဆင်တူပေမဲ့ တကယ်တော့ လူသားတွေ မဟုတ်ဘူး။ အနှစ်ချုပ်ပြောရရင် သူတို့က ပျက်စီးခြင်းသားရဲတွေပဲ။ ပျက်စီးခြင်းမျိုးနွယ်က မွေးရာပါ ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်တာကို ခုံမင်ကြတယ်။ သူတို့မှာ သနားကြင်နာစိတ်ဆိုတာ မရှိဘူး။ သူတို့က မြက်တွေကို ခုတ်ဖြတ်သလိုမျိုး သတ်ဖြတ်ကြတယ် "

" ဒါကြောင် ပျက်စီးခြင်းမျိုးနွယ်ကို လူသားတွေလို မသတ်မှတ်ကြနဲ့။ ပျက်စီးခြင်းမျိုးနွယ်နဲ့ လူသားမျိုးနွယ်ဆိုတာက လူသားတွေနဲ့ ပျက်စီးခြင်းသားရဲတွေလိုပဲ မဟာပြိုင်ဘက်တွေ။ ငါတို့က ဘယ်လိုမှ ရင်ကြားစေ့လို့မရဘူးလို့ ပြောလို့ရတယ် "

" ပျက်စီးခြင်းမျိုးနွယ်ရဲ့ ငွေရောင်သွေးက လူသားတွေက ကြီးကြီးမားမား အသုံးဝင်တယ်။ အဆင့်မြင့်ပိုင်း ပျက်စီးခြင်းမျိုးနွယ်ဝင်တွေရဲ့ အလောင်းတွေက ရှေးဦးမျိုးစိတ်တွေထက်တောင် တန်ဖိုးပိုကြီးတယ်။ ကုန်ကုန်ပြောရရင် ဘုရင်အဆင့် ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦးရဲ့ သွေးက ရှေးဦးစိတ်ဝိညာဥ်စစ်ထက် အများကြီးပိုပြီး တန်ဖိုးကြီးတယ်။ ဘုရင်အဆင့်ဆိုတာက ပျက်စီးခြင်းမျိုးနွယ်ထဲမှာ အသန်မာဆုံး မဟုတ်သေးဘူး "

" အရေးအကြီးဆုံးအချက်ကတော့ ပျက်စီးခြင်းမျိုးနွယ်ဝင်တွေရဲ့ သွေးထဲမှာ သိမ်မွေ့တဲ့စွမ်းအင် ရှိနေတာပဲ။ ဒီသွေးတွေက ရှေးဦးမျိုးစိတ်တွေရဲ့ သွေးလိုမျိုး သွေးကြောတွေကို ပျက်စီးစေတာမျိုး မဖြစ်စေဘူး။ အကယ်၍ တစ်ယောက်ယောက်က ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦးကို တွေ့ခဲ့မယ်ဆိုရင် ကျုပ်ဆီကို သတင်းလာပို့ပါ။ ကျုပ်က မင်းတို့ကို ပျက်စီးခြင်းမျိုးနွယ်ရဲ့သွေး အနည်းငယ်လောက် ပေးမယ်။ ဒါကြောင့်ပဲ မင်းတို့အားလုံးအတွက် ဒီစစ်ပွဲက ကံကောင်းမှုအခွင့်အလမ်းလို့ ခုနတုန်းက ကျုပ် ပြောခဲ့တာပဲ။ အခု ဘာ့ကြောင့်လဲဆိုတာ မင်းတို့တွေ နားလည်လောက်ပါပြီ "

လူငယ်လက်ရွေးစင်များ စိတ်လှုပ်ရှားသွားကြသည်။

ရှေးဦးစိတ်ဝိညာဥ်စစ်တစ်ကောင်၏ သဘောသဘာဝက သူတို့၏စိတ်ထဲတွင် စွဲမြဲစွာရှိနေသည်။ လမ်းပြလူငယ်က သားရဲအုပ်ကို ဦးဆောင်ခဲ့စဥ်ကာ မြို့ကိုတိုက်ခိုက်ခဲ့စဥ်က လူပေါင်းများစွာကို တုန်လှုပ်စေခဲ့သည့် ဧရာမလိပ်ကြီးက ရှေးဦးစိတ်ဝိညာဥ်စစ်တစ်ကောင် ဖြစ်လေသည်။

မည်ကဲ့သို့ သွေးအမျိုးအစားက ရှေးဦးစိတ်ဝိညာဥ်စစ်တစ်ကောင်ကိုပင် တန်ဖိုးနိမ့်ကျသွားစေလေသနည်း။

" ကောင်းပြီ... ဒီနေ့ ဒါအကုန်ပါပဲ။ ကျုပ်တို့အထဲမှာ သူလျှို မရှိဘူး။ ကျုပ်တို့က သူလျှိုတွေကို အရင်ဆုံးရှာဖွေရမှာဖြစ်လို့ ဒီနေ့ကစပြီး မြို့တံခါးတွေကို ပိတ်ထားရမယ် " သခင်လေးနန်ထျန်းက ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။

ယခင်က အနောက်ဘက်ဒေသတွင် သွေးမုန်တိုင်းတစ်ခု ဖန်တီးခဲ့သော လမ်းပြလူငယ်ဆိုသည်မှာ သူ၏မိဘများနှင့် သူကိုယ်တိုင်ကို သေစေလုနီးပါး ဖြစ်စေခဲ့သော မဟာရန်သူတော်တစ်ဦး ဖြစ်လေ၏။

ယခုတွင် သူသည် သွေးနှင့် အပြစ်ဆေးကြောခြင်းက မည်သည့်အရာဖြစ်သည်ကို လမ်းပြလူငယ် သိရှိသွားစေအောင် လုပ်ရပေမည်။

All Chapters