← Chapters

လမ်းကြောင်းနှစ်ခု

Vol. 31 Ch. 451

လမ်းကြောင်းနှစ်ခု

Vol. 31 Ch. 451

ကောင်းမင်သည် တားမြစ်ချက်ကို ထိတွေ့ခဲ့ပြီး အနက်ရောင်မြူထဲမှ အမည်မသိတည်ရှိမှုကြီးကို ဆွဲဆောင်မိခဲ့ခြင်းဖြစ်သည်။သို့သော်လည်း အပြင်လူများကြောင့် အရာအားလုံးထပ်မံ ပြောင်းလဲသွားခဲ့သည်။ကောင်းမင်က ကျောင်းသားများ၏လက်များကို ဆုပ်ကိုင်လိုက်ပြီး ဟိုတယ်အပြင်ဘက် ပြေးထွက်လိုက်သည်။ထို့နောက် သူတို့ ဘတ်စ်ကားဆီသို့ သူတို့အပြေးသွားလိုက်ကြသည်။

“တံခါးဖွင့်ပါဦး”

“ဆရာမလီ ၊ ကျွန်တော်တို့ပါ ၊ တံခါးဖွင့်ပါဦး”

တံခါး လုံးလုံးပွင့်မလာသေးမီ ကောင်းမင်က ရှန်းတုရှောင်ကို ဘတ်စ်ကားပေါ်တွန်းတင်လိုက်သည်။ ဝေထျန်းနှင့် ကျောင်းသားများသည် ကောင်းမင်ဘာမြင်ခဲ့ရသည်ကို မသိသော်လည်း သူနှင့်အတူ ပြေးလိုက်လာကြသည်။ဝေထျန်းသည် ကြင်နာတတ်ပြီး တာဝန်ယူတတ်သူဖြစ်သည်။သူသည် နောက်တန်းကို လုံးဝကာကွယ်ပေးထားခဲ့သည်။

ကောင်းမင်နှင့်ကျောင်းသားများ ဘေးကင်းကြောင်း သူမြင်သောအခါ တံခါးကို လှမ်းကိုင်လိုက်သည်။သို့သော်လည်း သူ့ခြေထောက်များ သူကြွမရတော့ကြောင်း သူသတိပြုမိသွားသည်။ လှေကားထစ်က မမြင့်သော်လည်း ဝေထျန်းအတွက် တောင်ကြီးတစ်တောင်ကဲ့သို့ ဖြစ်နေလေသည်။သူ့ လက်ချောင်းများက လျော့ရဲသွားသည်။ သူ ဆွဲခေါ်ခံရတော့မည့်အချိန်တွင် ကောင်းမင်က သူ့အား ဘတ်စ်ကားပေါ်ဆွဲတင်လိုက်သည်။

“တံခါးပိတ်လိုက်တော့”

ဆရာမလီက သူ့ညွှန်ကြားချက်များကို ချက်ချင်းလိုက်နာသည်။ကြမ်းပြင်ပေါ်တွင် လဲနေရသော ဝေထျန်းသည် သူ့ခြေထောက်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူသည် သူ့ခြေထောက်များကို ခံစားလို့မရတော့ပေ။

“ငါ့ခြေထောက်…”

ဆရာမလီက ဝေထျန်း၏ဘောင်းဘီကို ဆွဲလှန်လိုက်သောအခါ ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်သည်။ ဝေထျန်း၏ခြေသလုံးများသည် အနက်ရောင်၊အနီရောင်လက်ဝါးရာများဖြင့် ဖုံးလွှမ်းနေလေသည်။ သူ့အရိုးများက ပုံစံမကျကွေးကောက်နေသော်လည်း သူမည်သည်ကိုမှ မခံစားရပေ။

ပြင်းထန်သည့်အားတစ်ခုက ကားတံခါးကို လာဆောင့်သည်။ ကျောင်းသူကျောင်းသားများသည် ကြောက်လန့်တကြားဖြင့် ကွေးကွေးလေးဖြစ်နေကြသည်။အနက်ရောင်မြူထဲတွင် အမှန်တကယ်တစ်ခုခုရှိနေခြင်းဖြစ်သည်။

“ပြတင်းပေါက်တွေကို လော့ချထား”

ချန်ကျင်းက အော်ဟစ်၍ ကျောင်းသားများကို စတင်အမိန့်ပေးလိုက်သည်။ သို့သော်လည်း ဘယ်သူမှ မလှုပ်ဝံ့ကြ။ ရှေ့တွင်ရှိနေသော ကျောင်းသားနှစ်ယောက်သည် မျက်နှာများဖြူဖျော့လျက် ဝေထျန်း၏ခြေထောက်များကို လက်ညိုးထိုးလိုက်ကြသည်။

“သူ့ခြေထောက်က လက်ဝါးရာတွေ လှုပ်နေတယ်ဗျ ၊ အဲဒါတွေက သူ့ဗိုက်ဆီကို တွားသွားနေကြတယ်၊ အဲ့ဒါတွေက အသက်ဝင်နေတာပဲ”

ကျောင်းသားများ လျင်မြန်စွာနောက်ဆုတ်သွားကြသည်။ဆရာမလီနှင့် စိတ်ရှုပ်ထွေးနေသော ဝေထျန်းသာ ရှေ့တွင်ကျန်ရစ်ခဲ့သည်။

“သူက မြူတွေကြောင့် ဖျက်ဆီးခံလိုက်ရပြီ”

ကောင်းမင်က ဝေထျန်းဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။

“ထူးဆန်းတယ် ၊ သူတို့အားလုံး အပြင်လူတွေပဲလေ၊ မြူထဲက တည်ရှိမှုက ဘာလို့ ဝေထျန်းကို အရမ်းရန်လိုနေရတာလဲ ၊ သူက ငါ့ကို ကူညီခဲ့လို့လား”

ဘတ်စ်ကားက အနည်းငယ်လှုပ်သွားသည်။ လေတိုက်နေခြင်းမရှိသော်လည်း မြူများက လှိုင်းထလာသည်။ သားစားကြူးနတ်ဘုရားက မာန်ဖီလိုက်သည်။ ချိန်းကြိုးများက တချွင်ချွင်မြည်ဟည်းလာသည်။ သူသည် အားလုံးကိုသတ်ဖြတ်ရန် ညှင်းပန်းနှိပ်စက်ခန်းထဲမှ လွတ်မြောက်ချင်နေသည်။သွေးနီရောင်မြို့တော်တက်တူးမှာ တလက်လက်ဖြစ်နေသည်။ ကောင်းမင်က မကောင်းသောခံစားချက်တစ်ခု ရလိုက်သည်။ သူ လျှာကိုက်လိုက်ပြီး သူ့ခန္ဓာကိုယ်ဖြင့် နတ်ဘုရားကို ဖိနှိပ်ရန်ကြိုးစားလိုက်သည်။

“မြူတွေထဲက ညစ်ညမ်းတဲ့အရာကြီး လာနေပြီ ၊ ဒရိုင်ဘာပေါ်က သရဲတွေက သူတို့လာအောင် ဆွဲဆောင်နေတာပဲ”

ကောင်းမင် ဘာတစ်ခုမှ မပြောရသေးသော်လည်း ကြောက်ရွံ့နေကြသော ကျောင်းသားများက စတင်အော်ဟစ်လာကြသည်။ သူတို့သည် သူတို့၏ကံဆိုးမှုကို အခြားလူများအပေါ် အပြစ်တင်ရန်ကြိုးစားနေကြသည်။ သူတို့၏တုန့်ပြန်မှုများကြောင့် ကောင်းမင်သည် သူ့အခန်းမှ အတန်းဖော်တချို့ကို အမှတ်ရမိသွားသည်။

သေးငယ်သော အခန်း၁၃သည် အသေးစားလူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အပေါ်ယံတွင် လူတိုင်းသည် အတူတူပင်ဖြစ်သော်လည်း အန္တရာယ်နီးကပ်လာသည်နှင့် သူတို့၏ကိုယ်ကျင့်စရိုက်များကို ထုတ်ပြလာကြမည်ဖြစ်သည်။

ကံကြမ္မာသည် ဘတ်စ်ကားပေါ်ရှိ လူတိုင်းကို ရွေးချယ်ခဲ့သည်ဟု ကောင်းမင်သံသယရှိနေသည်။ တိုက်ဆိုင်မှုတိုင်းသည် ကြိုတင်သတ်မှတ်ထားခြင်းဖြစ်သည်။

“ဆေးသေတ္တာ သွားယူလာခဲ့ ၊ ထိုင်ခုံအောက်မှာ ရှိတယ်”

“အသုံးမဝင်ဘူး ၊ သူက ဒဏ်ရာရထားတာတောင် မဟုတ်ဘူး ၊ သူတို့နှိပ်စက်နေတာ တော်လိုက်ပါတော့”

နောက်တန်းတွင်ရှိသော ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။ သူသည် ကြင်နာနေခြင်းလော တစ်ကိုယ်ကောင်းရှာနေခြင်းလော ပြောရခက်သည်။

“ကျွန်တော်တို့က ခုချိန်မှာ ကိုယ့်ကိုယ်ကိုတောင် ကယ်တင်နိုင်တာမဟုတ်ဘူး ၊ မကောင်းဆိုးဝါးတွေကလည်း ကျွန်တော်တို့ကို ဝိုင်းထားတယ် ၊ သူ့ကို ဒီလိုခံစားနေရအောင် လုပ်မယ့်အစား သူ့ကို အဆုံးသတ်ပေးလိုက်ပါလား”

ဆရာမလီသည် ဦးထုပ်ဆောင်းထားသော ကျောင်းသား၏စကားကြောင့် ထိတ်လန့်သွားသည်။ သူမ၏ကျောင်းသားသည် ထိုမျှသွေးအေးလိမ့်မည်ဟု သူမမထင်ခဲ့မိပေ။

“ဖန့်ထောင် ပါးစပ်ပိတ်ထားစမ်း”

“သရဲတွေက သူ့နောက်လိုက်လာတာလေ ၊ ကျွန်တော်တို့ ဘာလုပ်နိုင်သေးလို့လဲ ၊ ကျွန်တော်တို့အားလုံးကို ဒီမှာသေစေချင်တာလား”

လက်ချောင်းပေါ်တွင် အရိုးခေါင်းတက်တူးစတေကာကပ်ထားသော ကျောင်းသားတစ်ယောက်က အော်ပြောလိုက်သည်။

“မြန်မြန်ဆုံးဖြတ်ကြပါ ၊ ပြတင်းပေါက်တွေ အက်ကွဲနေပြီ”

ကျောင်းသူတစ်ယောက်က အော်ဟစ်လိုက်သည်။ အကြောက်တရားသည် သူတို့၏နှလုံးသားထဲ အမြစ်တွယ်သွားခဲ့ပြီဖြစ်သည်။ ဘတ်စ်ကားက ပိုမိုယိမ်းခါလာသည်။ အနက်ရောင်မြူခိုးများက ပြတင်းပေါက်အဟများကြားထဲမှ စိမ့်ဝင်လာကြသည်။ ကျောင်းသူကျောင်းသားများ ပြာယာခတ်လာကြသည်။

“ရပ်လိုက်”

ဝေထျန်းလည်ပင်းပေါ်ရှိ သွေးကြောများ နက်မှောင်လာတော့သည်။ သူ့အသံသည် ကြောက်မက်ဖွယ်ကောင်းအောင် ကြမ်းရှနေလေသည်။

“ကျုပ် ဘတ်စ်ကားထဲက ထွက်သွားပါ့မယ် ၊ ဆရာမလီ ကျောင်းသားတွေကို ဆရာမနဲ့ပဲ ထားခဲ့ပါတော့မယ်”

ဆရာမလီက ဝေထျန်းကို မသွားရန်တားဆီးလိုက်သည်။ဝေထျန်းက ခေါင်းခါလိုက်သည်။

“အရမ်းနာတယ် ၊ ကျုပ်ခန္ဓာကိုယ်က ပေါက်ကွဲတော့မလို ခံစားနေရတယ် ၊ ကျုပ် ထွက်သွားတော့မယ် ၊ ကျုပ်ကို သေသေချာချာကြည့်ထားပါ ၊ မြူထဲက မကောင်းဆိုးဝါးတွေက ဘယ်လိုမျိုးတွေလဲဆိုတာ ကြည့်ထားပါ ၊ ချန်ကျင်းနဲ့ ရှန်းတုရှောင်ကို ယုံကြည်ကြပါ ၊ သူတို့က ဟိုတယ်ထဲမှာ သရဲတွေကို သတ်နိုင်မယ့် တစ်ခုခုကို ရှာတွေ့ခဲ့ကြတယ်”

ဝေထျန်းသည် ကောင်းမင်ကို မယုံကြည်သောကြောင့် အားလုံးပြောမပြခဲ့ပေ။ ကောင်းမင်က သရဲတစ်ကောင်ဖြစ်မည်ဟုပင် သူသံသယရှိနေသည်။ဝေထျန်းသည် သူထွက်မသွားခင် ဆရာမလီအား တစ်ခုခုခပ်တိုးတိုးပြောလိုက်ပြီး သူမကို တံခါးနားမှ တွန်းထုတ်လိုက်သည်။

“ကျုပ်ထွက်သွားတာနဲ့ တံခါးကို ပိတ်လိုက်ပါ ၊ ဆရာမ သေသေချာချာ ကြည့်ထားမှ ရမယ်နော်”

ဝေထျန်းသည် ကြမ်းပြင်ပေါ်တွင် တွားသွားလိုက်ပြီး တံခါးပွင့်သည်နှင့် ထိုးဆင်းလိုက်သည်။

“ငါ ဒီမှာပဲကွ ၊ ငါ့ကို လာခေါ်ကြစမ်း”

ဝေထျန်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူသည် သူ့အကြောက်တရားကို ဖိနှိပ်ထားလိုက်သည်။ ဘတ်စ်ကားပေါ်မှ ကျောင်းသားများက ပါးစပ်ပိတ်သွားကြသည်။ ဝေထျန်းသည် ဘတ်စ်ကားအနီးတွင်ရှိနေသော်လည်း မြူများကြောင့် သူတို့ ဘာမှ မမြင်ရပေ။

“လာကြစမ်း ၊ အများဆုံး ငါသေရုံပဲပေါ့”

အော်ဟစ်သံက ရုတ်တရက်တိတ်ဆိတ်သွားသည်။ အရာအားလုံးသည် ကျောင်းသားများမျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာ ဖြစ်ပျက်သွား၏။ ဝေထျန်းဘာဖြစ်သွားမှန်း ဘယ်သူမှ မမြင်လိုက်ရပေ။ သူ့သေဆုံးခြင်း၏တစ်ခုတည်းသော တန်ဖိုးမှာ အခြားလူများကို ကယ်တင်ရန်ဖြစ်ခဲ့သည်။ အလယ်ရှိ အရာကြီးမှာ ဘတ်စ်ကားမှ ထွက်သွားပုံရသည်။

ဘတ်စ်ကားထဲရှိ လေထုမှာ ပိုမိုလေးလံလာတော့သည်။ ဆရာမလီသည် အစောပိုင်းက ဝေထျန်းကို အပြင်ထုတ်ရန် အော်ဟစ်ခဲ့ကြသောကျောင်းသားများကို စိုက်ကြည့်လိုက်သည်။

“ပိုအန္တရာယ်များလာလေလေ ကိုယ့်သူငယ်ချင်းတွေကို စွန့်ပစ်လို့မဖြစ်လေလေပဲ ၊ တစ်နေ့မှာ မင်းတို့လည်း စွန့်ပစ်ခံရလိမ့်မယ် ၊ ဒါမျိုးနောက်ထပ်မဖြစ်ဖို့ ငါမျှော်လင့်တယ်”

ကောင်းမင်ကမူ ထိုကိစ္စများကို စိတ်မဝင်စားချေ။ သူက ယာဉ်မောင်းခုံတွင် ထိုင်လိုက်ပြီး အဘွားရှန်းထားခဲ့သော အထုတ်လေးကို ဖွင့်လိုက်သည်။

အဆောင်များကို ခွာချလိုက်သောအခါ အဝတ်စပေါ်ရှိ စာလုံးများက တဖြည်းဖြည်းပျောက်ကွယ်သွားကြောင်း ကောင်းမင်သတိပြုမိသည်။

“ငါ ဒါကို မြင်နိုင်တယ် ၊ မင်းသွားမှ ရမယ် ၊ အပြင်ကမ္ဘာကို သွားမယ့်ထွက်ပေါက်က ပေါ်ထွက်လာခဲ့ပြီ ၊ ဒါက ကံကြမ္မာမျှော်လင့်ထားတာရဲ့ အပြင်ဘက်မှာပဲ ၊ အနက်ရောင်မြူခိုးတွေထဲမှာ လမ်းကြောင်းနှစ်ခုရှိတယ် ၊ ကမ္ဘာအစစ်ဆီကို ဦးတည်တဲ့ အက်ကွဲကြောင်းတစ်ခုနဲ့ သေခြင်းတရားဆီကို သွားမယ့် လမ်းမကြီးတစ်ခုပဲ ၊ အခွင့်အရေးက တစ်ကြိမ်ပဲရှိတယ် ၊ မှန်ကန်တဲ့ လမ်းကြောင်းကို မေးဖို့ ကြေးဒင်္ဂါးတွေကို သုံးပါ ၊ ရွေးချယ်မှုအမှား မလုပ်ပါနဲ့”

All Chapters