← Chapters

ရေစက်

Vol. 31 Ch. 456

ရေစက်

Vol. 31 Ch. 456

နောက်မှ လိုက်ပါလာသော ဘတ်စ်ကားထဲမှ ပုံမှန်ဝတ်စားထားသူများသည် အခန်း၁၃ မှ ကောင်းမင်၏သူငယ်ချင်းဟောင်းများ ဖြစ်သည်။အနီရောင်ဝတ်ဆင်ထားသူများကတော့ ကြောက်စရာအကောင်းဆုံး သရဲများဖြစ်သည်။

သူ၏လူသတ်သမားကို မြင်ရရန်ကောင်းမင်သည် သူ၏အဆိုးရွားသေဆုံးမှုများကို ထပ်ခါတလဲလဲလုပ်ခဲ့ပြီး ကြောက်စရာအကောင်းဆုံးသရဲများကို ‘ဖိတ်ခေါ်’ ခဲ့သည်။ကောင်းမင်၏ ထိုသေစေနိုင်သော တိုက်ခိုက်မှုသည် ကံကြမ္မာ၏များစွာသောခုတ်ပိုင်းမှုများဖြင့် ဖန်တီးထားခြင်းဖြစ်သည်။

“ကားပေါ်မှာပဲနေပါ ၊ ဘယ်မှ မသွားကြနဲ့”

ကောင်မင်သည် ဘတ်စ်ကားပေါ်မှ ဆင်းသွားရန် တကယ်မလိုအပ်သော်လည်း သူ့လူသတ်သမားကို ဘတ်စ်ကားပေါ်သို့ ဆွဲဆောင်မိပြီး ကျောင်းသားများကို သတ်ဖြတ်သွားမည်ကို စိုးရိမ်သည်။

“ကျွန်တော် ဒါကိုလက်စသတ်ပြီးရင် ခင်ဗျားတို့ကို အိမ်ပြန်ခေါ်ပေးသွားမယ်”

ကောင်းမင်ပြုံးလိုက်ပြီး ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်။ သူသည် နတ်ဘုရားမီးတောက်ကို မြောက်၍ ရူးသွပ်နေသောနတ်ဆိုးတစ်ကောင်လို ထွက်ပေါ်လာတော့သည်။သူ့ခြေထောက်အောက်တွင် အနီရောင်သွေးချည်မျှင်များ လှုပ်ရှားလာကြသည်။အခြားဘတ်စ်ကားပေါ်ရှိ နတ်ဘုရားပုံစံကွက်များ အသက်ဝင်လာကြသည်။သရဲများက ဘတ်စ်ကားပေါ်တွင် ရပ်လိုက်ကြသည်။ကောင်းမင်သည် မြို့တော်အရှေ့ပိုင်းမှ သရဲအားလုံးကို စုစည်းခဲ့ခြင်းဖြစ်သည်။ ကောင်းမင်ဘေးတွင် မျက်နှာဖုံးစွပ်များ ဝန်းရံလာကြသည်။ သရဲများသည် တူညီသောမျက်နှာဖုံးများကို ဝတ်ဆင်ထားကြသော်လည်း ဒီဇိုင်းများက မတူညီကြပေ။ အလယ်တွင်ရပ်နေသော ကောင်းမင်သည် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ထွက်ပေါ်လာတော့သည်။ သူ့ကို မြင်လိုက်ရသောကျောင်းသားများက ဆွံ့အသွားကြသည်။ အကာအကွယ်ပေးနေခဲ့သော NPCသည် ရုတ်တရက် ဖိုင်နယ်ဘော့စ်တစ်ကောင်ကဲ့သို့ လုပ်ဆောင်လိုက်သောကြောင့်ဖြစ်သည်။

ဥမင်အတွင်းရှိ အနက်ရောင်မြူများသည် နာကြည်းမုန်းတီးမှုအများအပြား၏ လှုံ့ဆော်ခံရခြင်းကြောင့် ဆူပွက်လာတော့သည်။သို့သော်လည်း ထိုဥမင်သည် အလွန်အမင်းထူးခြားဆန်းကြယ်နေခဲ့သည်။ ဥမင်အပြင်ဘက်ရှိ ပြောပြမရသောသူများသည် အတွင်းသို့ ဝင်လာရန်စွမ်းအားမရှိပုံရသည်။

“အစစ်အမှန်အရှိတရားနဲ့ အစစ်အမှန်သေခြင်းတရားကြားမှာ မတူညီတဲ့အင်အားစုတွေရှိတယ် ၊ ညဘက်မှာ သွေးနီရောင်မြို့တော် ၁၂မြို့ကို ငါမြင်ခဲ့ရတယ် ၊ မြို့တော်ပိုင်ရှင်တွေက စည်းလုံးမှုမရှိကြဘူး ၊ ငါရဲ့တည်ရှိမှုက သူတို့ကြားက ပဋိပက္ခတွေရဲ့ သက်သေပဲ ၊ ငါဟာ ကံကြမ္မာရဲ့အားနည်းချက်တစ်ခု ဒါမှမဟုတ် လစ်ဟင်းချက်တစ်ခုဖြစ်နေနိုင်တယ်”

သူ့နှလုံးသားထဲမှ ခြေသံများသည် သရဲများ၏ထွက်ပေါ်လာမှုကြောင့် ရပ်တန့်မသွားခဲ့ပေ။သူမြန်မြန်ရွေ့လျားလာပြီး နောက်တခဏအတွင်း ကောင်းမင်ရှေ့ရောက်လာတော့မလိုပင်။

ကောင်းကင်မှ ရေစက်များက မြူခိုးထဲသို့ စိမ့်ဝင်သွားကြသည်။ အချိန်နှင့် အမှောင်ထုတို့ ရောယှက်သွားသည်။နံရံထဲတွင်ရှိနေသော ကောင်းမင်၏အလောင်းများက တစ်စုံတစ်ခုကို အာရုံခံမိပုံရသည်။သူတို့သည် လွတ်မြောက်ရန်မဟုတ်ဘဲ နေရာတစ်ခုကို ကြည့်ရှုရန် အစွမ်းကုန်ရုန်းကန်လာကြသည်။

ကောင်းမင်သည် ယဇ်ပလ္လင်ကိုမြောက်လိုက်ပြီး ဥမင်ကို ကြည့်ရန် ဖြည်းညင်းစွာနောက်လှည့်လိုက်သည်။ ရေစက်တစ်စက်ချင်းကျလာတိုင်း ကမ္ဘာတစ်ခုကွဲကြေသွားသကဲ့သို့ အသံထွက်နေခဲ့သည်။

“လူတိုင်းမှာ သူတို့မွေးဖွားလာကတည်းက ဇာတ်ညွှန်းတွေရှိတယ် ၊ အစကနေ အဆုံးအထိ အရာအားလုံးဟာ သူ့နေရာသူရှိနေကြတယ် “

ရင်းနှီးကျွမ်းဝင်နေသော စကားစုကို ရွက်ဆိုလာသည်။ကောင်းမင် အမှောင်ထဲစိုက်ကြည့်လိုက်သည်။ သူ့ဘယ်ဘက်မျက်လုံးသည် အတိတ်ကို လောင်ကျွမ်းနေချိန်တွင် သူ့ညာဘက်မျက်လုံးက အနာဂတ်ကို တည်ဆောက်နေခဲ့သည်။

“မင်း ငါ့ကို ဒီနေရာကို ပြန်ပြန်ခေါ်လာပြီး ထပ်ခါထပ်ခါသတ်ဖြတ်ခဲ့တယ် ၊ ဒါကကော ကံကြမ္မာဇာတ်ညွှန်းရဲ့ တစ်စိတ်တစ်ပိုင်းလို့ မင်းထင်သလား”

ကောင်းမင်အား အများဆုံးသတ်ဖြတ်ခဲ့သူသည် သူ့ရှေ့တည့်တည့်တွင်ရှိနေခဲ့သည်။ ထိုသူသည် အချိန်ထဲတွင် ပုန်းအောင်းနေသည့် အာဏာပါးကွက်သားတစ်ဦးနှင့်တူသည်။ ကောင်းမင်သည် အမှန်တရားကို ချဉ်းကပ်ဖို့ကြိုးစားသည့်အခါတိုင်း သို့မဟုတ် ဥမင်ထဲက ထွက်ဖို့ကြိုးစားသည့်အခါတိုင်း အကြင်နာမဲ့စွာသတ်ဖြတ်ခံခဲ့ရသည်။ထိုလူသည် ကောင်းမင်၏အလောင်းများ စုဆောင်းရသည်ကိုလည်း နှစ်သက်သည်။

“ငါ သိချင်မိတယ် ၊ မင်း ဘာလို့ ဒီလိုလုပ်နေတာလဲ၊ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ဖို့လား ၊ ငါ့ကို တားဆီးဖို့လား ၊ ကံကြမ္မာရဲ့နောက်လိုက်ခွေးဖြစ်လာဖို့လား ၊ ငါ့ဘဝကို ထပ်ခါတလဲလဲ ပြန်ကျော့ခိုင်းပြီး အခုလက်ရှိငါ ဖြစ်လာအောင် ကူညီဖို့လား။

“လူတိုင်းမှာ တစ်ခုခုကို စွဲလမ်းနေရတဲ့ အကြောင်းပြချက် ရှိတယ် ၊ မင်း ငါ့ကို အကြိမ်များစွာ သတ်ဖြတ်ခဲ့တယ် ၊ ဒါက လက်စားချေတာထက် ပိုတယ် ၊ အမှန်တရားကို ပြောပြနိုင်မလား”

မီးတောက်သည် အချိန်နှင့်အမျှအားနည်းလာနေသည်။ အသံသည် အရင်ကကဲ့သို့ ကောင်းမင်၏နောက်တွင် တိုက်ရိုက်ပေါ်မလာခဲ့ပေ။ ယင်းမှာ ကောင်းမင်သည် အရာများစွာကို ပြောင်းလဲနိုင်ခဲ့ပြီး အနည်းဆုံးတော့ တဖက်လူကို သတိထားမှုများဖြစ်စေသည်ဟု ဆိုလိုသည်။ သူ့တွင် တဖက်လူကို စကားပြောနိုင်မည့် အခွင့်အရေးရရှိခဲ့ပြီဖြစ်သည်။

“မင်း ကြောက်နေတာလား ၊ မင်း ငါ့နောက်ကို ဘာကြောင့်တိုက်ရိုက်လိုက်မလာရတာလဲ ၊ အသတ်ခံရမယ့် အခွင့်အရေးတစ်ခုရှိနေချိန်မှာ ဘာမှ ကြောက်ရွံ့နေစရာမလိုတော့ဘူး”

ကောင်းမင်နှင့် နံရံပေါ်မှ အလောင်းများအားလုံး အမှောင်ထုထဲသို့ကြည့်လိုက်ကြသည်။

တစ်နေရာမှ ခပ်သဲ့သဲ့သက်ပြင်းချသံတစ်ခုထွက်ပေါ်လာ၏။

“မင်း ဘယ်လောက်ပဲ ရုန်းကန်ပါစေ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ အဆုံးသတ်က ဆုံးဖြတ်ပြီးသားဖြစ်လို့ပဲ ၊ မင်း လုပ်နေတာတွေက မင်းရဲ့ နာကျင်မှုကို တိုးစေတာပဲ ရှိတယ် ၊ သေခြင်းတရားမှတ်တိုင်မှာ မင်းရဲ့ အခိုက်အတန့်တိုင်းကို သတ်ဖြတ်ဖို့ ငါဆက်စောင့်နေမယ်”

အတိတ်၏အတွေ့အကြုံသည် အရောင်မှိန်လာပြီး သူ့စိတ်ထဲရှိ နာမည်များပျောက်ကွယ်လာကြသည်။ မိမိကိုယ်ကို ပျောက်ဆုံးနေရခြင်း၏ ခံစားချက်သည် ခြောက်ခြားဖွယ်ကောင်းလှသည်။ လူသတ်သမား၏ အသံတွင် စည်းမျဉ်းများ၏စွမ်းအားကို သယ်ဆောင်ထားခဲ့သည်။ သူ့ပါးစပ်မှ ထွက်လာသောစကားများသည် အရှိတရားဖြစ်လာလိမ့်မည်ဖြစ်သည်။ကောင်းမင်၏မှတ်ဉာဏ်များ မှုန်ဝါးလာတော့သည်။ သူ့စိတ်ထဲရှိ အရောင်အသွေးများမှာ ညှင်းပန်းနှိပ်စက်ခန်းတံခါး ပွင့်လာသည်အထိ မှိန်ဖျော့သွားသည်။

ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုက မြူထုကို ဖြတ်တောက်လိုက်သည်။ကောင်းမင်သည် သားစားကြူးနတ်ဘုရားအားထိန်းချုပ်ထားခြင်းကို ဖယ်ရှားလိုက်သည်။ သူ့အသိစိတ်အား နတ်ဘုရားထံစီးဆင်းသွားခြင်းကို သူခွင့်ပြုထားသည်။ အသားနှလုံးသားနှင့် နတ်ဘုရားနှလုံးသားတို့ တချိန်တည်းခုန်ပေါက်သွားသည်။နံရံပေါ်ရှိ အလောင်းများမှ အသားစများ ပဲ့ကျလာတော့သည်။ သူတို့၏အလောင်းများမှ အသက်စွမ်းအားနှင့် အသားနံ့တို့ကို ထုတ်လွှတ်လိုက်ကြသည်။ သွေးနီရောင်မြို့တော်တက်တူးက ကောင်းမင်၏ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွား၏။ ညှင်းပန်းနှိပ်စက်ခန်းက ကျယ်ပြန့်လာလေသည်။၎င်းက စီးဝင်လာသောမြူများကို အားဖြင့်တားဆီးထားလိုက်သည်။

“ဒီတစ်ခါကော မင်းငါ့ကို သတ်နိုင်ဦးမလား”

နတ်ဘုရားမျက်နှာလေးခုက ဒေါသတကြီးစိုက်ကြည့်လိုက်ကြသည်။ အိမ်မက်သရဲတစ်ကောင်၏ခွန်အားသည် ၎င်းထိန်းချုပ်ထားသည့် ခြောက်ခြားဂိမ်းစည်းမျဉ်းများကို အခြေခံသည်။ အိမ်မက်သရဲတိုင်းသည် သူတို့၏ကိုယ်ပိုင်စည်းမျဉ်းများ ရှိကြသည်။မည်သူကမှ သားစားကြူးနတ်ဘုရားထက် အသွေးအသားများကို ပိုသန်မာစွာ မထိန်းချုပ်နိုင်ကြပေ။

“ဘယ်သူကမှ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး ၊ လမ်းကြောင်းကနေ သွေဖည်သွားတဲ့ အရာအားလုံးဟာ ပြုပြင်ခံရလိမ့်မယ်”

ခြေသံများ လျင်မြန်စွာ ချဉ်းကပ်လာသည်။ အသံပိုင်ရှင်သည် သူကောင်းမင်ကို ဆက်သွားခွင့် ပြု၍မဖြစ်ကြောင်း နားလည်သည်။

“မင်း ဘယ်လိုပဲ ကြီးထွားလာပါစေ ပြောင်းလဲပါစေ၊ အဆုံးသတ်က ဆုံးဖြတ်ပြီးသား ဖြစ်တယ်”

“ငါမင်းနေရာကို ရှာတွေ့ပြီလို့ ယုံတယ်”

ရေစက်များနောက်ပြန်စီးဆင်းနေသည့်နေရာကို အာရုံစိုက်လိုက်ပြီး ကောင်းမင်ရှေ့သို့ ခုန်အုပ်လိုက်သည်။လက်ရှစ်ဖက်က သွေးအရှိန်အဝါကို သယ်ဆောင်လျက် ကောင်းမင်ရှေ့မှ အမှောင်ကို ရိုက်ချပစ်သည်။

“အသုံးမဝင်ဘူး ၊ ငါ မင်းအကြောင်းအားလုံးသိတယ် ၊ အဆုံးသတ်တွေကို မင်းထက်ပိုမြင်ဖူးတယ်”

အသံ၏နောက်ဆုံးစကားလုံးများက ကောင်းမင်၏နားဘေးတွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။

“ဒါကြောင့် ကျေးဇူးပြုပြီး ဒီစိတ်ပျက်အားငယ်စရာ အမှောင်ထုထဲမှ မင်းရဲ့သံသရာစက်ဝန်းကို ဆက်လုပ်ပါလော့”

ပြင်းထန်သည့် အန္တရာယ်တစ်ခုက သူ့ဦးခေါင်းနောက်တွင် ထွက်ပေါ်လာသည်။တကယ်တော့ ယင်းအချိန်တွင် ကောင်းမင်၏ဦးခေါင်းမှာ ထိုးဖောက်ခံလိုက်ရပြီးပြီ ဖြစ်သည်။သို့သော်လည်း အမည်မသိဥပဒေသတစ်ခု၏ နှောက်ယှက်မှုကြောင့် အရာအားလုံးသည် လွန်ခဲ့သောတစ်က္ကန့်အချိန်သို့ နောက်ပြန်ဆုတ်သွားသည်။

သရဲများ လူခွဲသွားကြသည်။ သူတို့၏ တည်ရှိမှုအောက်တွင် မျက်နှာဖုံးတပ်ထားသော ဖန်လီသည် ဦးခေါင်းမဲ့ကလေးတစ်ယောက်ကို ပွေ့ချီလျက်ထွက်ပေါ်လာခဲ့သည်။

ကောင်းယန်၏စွမ်းအားသည် အချိန်နောက်ပြန်ဆုတ်ခြင်းဖြစ်သည်။ ကောင်းယန်၏ တွက်ချက်မှုသည် အလွန်တိကျသည်။အကယ်၍ တစ်က္ကန့်စော၍ဖြစ်စေ တစ်စက္ကန့်နောက်ကျ၍ဖြစ်စေ ဖြစ်ခဲ့ပါက အရာအားလုံးတစ်ဖန်စတင်ရတော့မည်ဖြစ်သည်။

ကောင်းမင်သည် နတ်ဘုရားမီးတောက်ကို မြိုချလိုက်ပြီး သူ့လူသတ်သမားတိုက်ခိုက်နေချိန်တွင် နောက်လှည့်လိုက်သည်။

ထိုတစ်က္ကန့်အတွင်း သူသည် တစ်ဖက်လူ၏ရုပ်ရည်ကို သူ့မျက်လုံးထောင့်မှ ဖမ်းမိလိုက်သည်။

ထိုမျက်နှာသည် သူ့ထက်ပိုမရင်းနှီးနိုင်သော မျက်နှာတစ်ခုဖြစ်သည်။ ထိုမျက်နှာသည် သူ့နေ့စဉ်မြင်နေရသော မျက်နှာဖြစ်သည်။

“ကောင်းမင်လား”

“ကောင်းမင်!”

All Chapters