ဟန်ဟိုင်းအပြင်ဘက်
Vol. 31 Ch. 459
ကောင်းမင်သည် သူ့လက်ဖဝါးပေါ်ရှိ ဖန်ကွဲစများနှင့်အတူ မီးတောက်များထဲမှ တွားထွက်လိုက်သည်။ သားစားကြူးနတ်ဘုရားသည် မည်သည့်ဆင့်ခေါ်မှုမှ မပါဘဲ သူ့ဘေးတွင် စုဝေးလာ၏။နတ်ဘုရားက ကောင်းမင်ကို ကောက်ယူလိုက်ပြီး ထွက်ပေါက်ဆီသို့ ပြေးလွှားတော့သည်။
ထိုအခိုက်အတန့်တွင် ကောင်းမင်သည် ထူးဆန်းသည့်တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ပင့်ကူကောင်လေးက သူ့အား တမင်တကာလွတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။သူသည် သားစားကြူးနတ်ဘုရားကိုတားဆီးရန် စွမ်းအားအလုံအလောက်ရှိသည်။ အကယ်၍ သူတစ်ခုခုလုပ်ခဲ့လျှင် ကောင်းမင်သည် အခြားမပြောသင့်သူများကြောင့် သေသည်အထိ ခြေမွခံရမည်ဖြစ်သည်။
ကောင်းမင်ပတ်ဝန်းကျင်မှ မြူခိုးများက ပုံမှန်ပြန်ဖြစ်လာလေသည်။မြူထဲမှ မျက်လုံးက ပင့်ကူမကောင်းဆိုးဝါးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ထပ်မျက်လုံးတစ်လုံး ထွက်ပေါ်လာတော့သည်။ထို့နောက် အမာရွက်များဖြင့် ဖုံးလွှမ်းနေသော ပါးစပ်တစ်ခုထွက်ပေါ်လာသည်။ယင်းသည် သူ့ခန္ဓာကိုယ်၏အစစ်အမှန်အစိတ်အပိုင်းတစ်ခုကို ထုတ်ပြခဲ့သည့် တစ်ဦးတည်းသောမပြောသင့်သူဖြစ်သည်။သူ့နူတ်ခမ်းများ လှုပ်ရှားသွားပြီး ကောင်းမင်ဆီသို့ စကားတစ်လုံးထုတ်လွတ်လိုက်သည်။
ချိတ်ပိတ်စေ။
မည်သည့်အရာမှ ပြောင်းလဲမသွားသော်လည်း သားစားကြူးနတ်ဘုရားက ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများတွင် အမုန်းတရားနှင့်ဒေါသများ လွှမ်းမိုးသွား၏။ သူ့စွမ်းအားလျော့ကျသွားသဖြင့် သူ့ခန္ဓာကိုယ်က ကျုံ့ဝင်သွားသည်။ကောင်းမင်နှင့်သူနှင့် ဆက်သွယ်ချက်ပင် ဆုတ်ယုတ်သွား၏။
ဟန်ဟိုင်းတွင်နေထိုင်သော လူသားတိုင်းနှင့်သရဲတိုင်းကို စည်းမျဉ်းတစ်ခုဖြင့်ချည်နှောင်ခံထားရသည်။ အပြင်လူများသာ ဟန်ဟိုင်းမှ ထွက်ခွာနိုင်မည့်အခွင့်အရေးတစ်ခုရှိသည်။မျက်လုံး၏ပစ်မှတ်သည် သားစားကြူးနတ်ဘုရားဖြစ်သည်။ သူတို့သည် အရိပ်ကမ္ဘာပြိုကျမသွားခင်က ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပုံရသည်။ကောင်းမင်သည်ကား ဘေးထွက်ဆိုးကျိုးလေးသာဖြစ်သည်။
သားစားကြူးနတ်ဘုရားက အရှိန်နှေးသွားသည်။သူသည် ကောင်းမင်နှင့်အတူ ထွက်မသွားနိုင်တော့ကြောင်း သဘောပေါက်သွားပုံရသည်။သူသည် သူ့စွမ်းအားကို ကောင်းမင်၏လက်မောင်းတွင် အာရုံစိုက်လိုက်ပြီး ကောင်းမင်ပတ်လည်တွင် သွေးပိုးအိမ်တစ်ခုဖွဲ့တည်လိုက်သည်။ထို့နောက် နောက်ဆုံးပစ်ချက်တစ်ခုနှင့်အတူ သူသည် ကောင်းမင်အား ဥမင်ထွက်ပေါက်ဆီသို့ ပစ်ထုတ်လိုက်တော့သည်။
ကောင်းမင်၏ အရာအားလုံးချိတ်ပိတ်ခံလိုက်ရသည်။သွေးပိုးအိမ်ထဲတွင် ပုန်းနေသောသူသည် မြူထဲသို့ လှည့်ကြည့်လိုက်သည်။
အရာအားလုံး မှေးမှိန်သွားခဲ့သည်။ ကျောင်းသားများ ၊ မြို့တော်အရှေ့ပိုင်းမှ မကောင်းဆိုးဝါးများ နှင့် မပြောသင့်သူများသည် မြူထဲတွင် ပုန်းကွယ်သွားကြသည်။
သူ့ခန္ဓာကိုယ်သည် သွေးပိုးအိမ်၏အကာအကွယ်ဖြင့် မြေပြင်ပေါ်ပြန်ကျလာ၏။ အားနည်းသောအလင်းရောင်က မြူခိုးကိုဖြတ်၍ သူ့ခန္ဓာကိုယ်ပေါ်သို့ ဟိုတစ်ကွက်ဒီတစ်ကွက် ဖြာကျလာသည်။ဥမင်ထွက်ပေါက်သည် ခြေလှမ်းအနည်းငယ်မျှသာ ဝေးကွာသော်လည်း ထိုသေးငယ်သောအကွာအဝေးကို ဖြတ်သွားရန်မှာ ခက်ခဲလှသည်။
လူသတ်သမားအတွက် ကောင်းမင်ကို တားဆီးရသည့် အကြောင်းအရင်းတစ်ခုရှိသည်။ ကောင်းမင်သည် သူ့လူသတ်သမားကို မသတ်ဖြတ်နိုင်ခဲ့ပါက သူ့တွင် ဟန်ဟိုင်းမှ လွတ်မြောက်ရန်အခွင့်အရေး မရှိပေ။ ပိုသန်မာလာခြင်းဖြင့်သာ သူရှေ့ဆက်နိုင်မည်ဖြစ်သည်။
တိုက်မိသည့်ဒဏ်ကြောင့် ကောင်းမင်၏ခန္ဓာကိုယ်သည် သွေးပိုးအိမ်၏အကာအကွယ်နှင့်ပင် ကွဲအက်လုမတတ်ဖြစ်သွားသည်။ ခြေကျိုးနေသူတစ်ယောက်ရှေ့တွင် မျှော်လင့်ချက်ကို တွဲလောင်းချထားသည်ထက် စိတ်ပျက်အားငယ်စရာကောင်းသည့် စိတ်ပျက်အားငယ်မှုမျိုးမရှိပေ။ သူမြင်နိုင်သော်လည်း သူမရောက်နိုင်ချေ။
“ငါထပ်သေသွားရင် ဆာလောင်တစ္ဆေပွဲတော်ညက ဘတ်စ်ကားပေါ်မှာ ငါပြန်နိုးလာမှာလား”
ကောင်းမင်တွင် အဖြေမရှိချေ။ သူထရပ်ရန် ကြိုးစားလိုက်သော်ငြား မပြောသင့်သူများ၏ဖြစ်တည်မှုသည် သူ့နောက်တွင် ထွက်ပေါ်လာသည်။သူတို့သည် သားစားကြူးနတ်ဘုရားကို အပိုင်းပိုင်းအမဲဖျက်လိုက်ကြပြီဖြစ်သည်။ သူတို့ ကောင်းမင်ထံချဉ်းကပ်ရန်ကြိုးစားလိုက်သည်နှင့် ရုတ်တရက် ဥမင်အပြင်ဘက်မှ သွေးနီရောင်ချိန်းကြိုးတစ်ခု ပစ်လွတ်လာပြီး ကောင်းမင်၏လက်မောင်းကို ရစ်ပတ်လိုက်သည်။ချိန်းကြိုးသည် ညှင်းပန်းနှိပ်စက်ခန်းထဲရှိ ကောင်းမင်ချိန်းကြိုးများနှင့် ဆင်တူသော်လည်း အခြေခံအားဖြင့် ကွဲပြားသည်။ ချိန်ကြိုးသည် မျက်စိကျိန်းစေလောက်အောင် နီရဲနေပြီး အပြစ်ဖြင့်ဖုံးလွှမ်းထားသည်။
ချိန်းကြိုးနှင့်ထိတွေ့သွားသည့် ကောင်းမင်၏အရေပြားသည် အရုပ်ဆိုးသော အမာရွက်များနှင့် လောင်ကျွမ်းသွားသည်။ထို့နောက် ချိန်းကြိုးသည် သူ့အား ဥမင်အပြင်ဘက်သို့ ဆွဲထုတ်လိုက်သည်။မြူခိုးများက ဖြည်းညင်းစွာပုံမှန်ပြန်ဖြစ်သွား၏။ကောင်းမင် ဥမင်ထဲက ထွက်လိုက်သည့်အချိန်တွင် သူသည် သူ့နောက်ဆုံးလက်ကျန်စွမ်းအားကို သုံး၍ မျက်လုံးဖွင့်လိုက်သည်။အတိတ်နှင့်အနာဂတ်တို့၏ စွမ်းအားသည် သူ့အား အမှန်တရားကို မြင်စေလိုက်သည်။ ညသည် ဟန်ရှန်းကို နယ်နိမိတ်အဖြစ်ထား၍ နှစ်ပိုင်းကွဲနေလေသည်။တစ်ဖက်ခြမ်းသည် ပုံမှန်ဖြစ်ပြီး နောက်တစ်ဖက်ခြမ်းသည် ဟန်ဟိုင်းရှိသည့် နေရာဖြစ်သည်။သို့သော်လည်း ကောင်းမင်သည် မည်သည့်အဆောက်အဦးကိုမှ မမြင်ရပေ။ ဟန်ဟိုင်းသည် ထူထဲသော သေခြင်းအော်ရာများဖုံးလွှမ်းနေသည့် ဧရာမသင်္ချိုင်းကြီးတစ်ခုသာ ဖြစ်တော့သည်။
ဟန်ဟိုင်းရှိ လူတိုင်း၏ဘဝများသည် အတုအယောင်ဖြစ်သည်။ အုတ်ဂူများထဲတွင် ဝိညာဉ်များစွာပိတ်မိနေကြလေသည်။သင်္ချိုင်းထဲသို့ မတော်တဆခလုပ်တိုက်မိသော လူသားအနည်းငယ်လည်း ရှိသည်။
“လုဇန်ပြောတာ အမှန်ပဲ ၊ ဟန်ဟိုင်းမှာ လူသေဓာတ်ပုံတွေ အရမ်းများနေတာ အံ့ဩစရာမရှိတော့ဘူး ၊ သူတို့တွေက သေပြီးသားတွေမို့လို့ပဲ”
မပြောသင့်သူရွက်ဆိုလိုက်သော ချိတ်ပိတ်စကားလုံးသည် ကောင်းမင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်းဖြစ်သည်။သားစားကြူးနတ်ဘုရားချိတ်ပိတ်ခံလိုက်ရပြီးနောက် သူစွမ်းအားမဲ့သွားခဲ့ရသည်။ ကောင်းမင်တတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့မှတ်ဉာဏ်များကို သူ့ညှင်းပန်းနှိပ်စက်ခန်းထဲတွင် ဝှက်လိုက်ခြင်းနှင့် ဥမင်အနီးရှိ မပြောသင့်သူအနည်းငယ်ကို မှတ်မိလိုက်ခြင်းဖြစ်သည်။
“အနက်ရောင်မြူထဲက မျက်လုံး၊ သရဲနီတွေကို ပန်းပွင့်ဖတ်တွေအဖြစ် ပြောင်းလဲပစ်လိုက်တဲ့ အမည်မသိမကောင်းဆိုးဝါးတွေ၊ တံခါးနဲ့ပင့်ကူနဲ့ နောက်ဆုံးပေါ်လာခဲ့တဲ့ ဂူကျောက်တိုင် ၊ သူတို့တွေက မတူညီတဲ့ အင်အားစုတွေဆီက လာပုံရတယ် ၊ ငါ ပြန်နာလန်ထူလာတဲ့အခါမှ သူတို့ဆီ သွားလည်ဖို့ အခွင့်အရေးရှာရမယ်”
ကောင်းမင် ဆွဲထုတ်ခံလိုက်ရသည်။ ဟန်ဟိုင်းထဲက သူ၏မှတ်ဉာဏ်အစိတ်အပိုင်းကို ချိတ်ပိတ်ခံလိုက်ရသောကြောင့် ကံကြမ္မာ၏လှောင်အိမ်မှ သူလွတ်မြောက်ခဲ့သည်ဟု ဆိုပါက မှားယွင်းသွားပေလိမ့်မည်။ သူ၏ဝိညာဉ်သည် လွတ်လပ်မှုအစစ်အမှန်ကို ရှာမတွေ့သေးပေ။ သူ၏ကိုယ်စိတ်ဖွဲ့စည်းပုံအရ ချိတ်ပိတ်မှုကို မခုခံနိုင်ပေ။ ကောင်းမင်သည် သူ၏လက်ကျန်ဝိညာဉ်ကို အသုံးပြု၍ သူ၏နောက်ဆုံးကျန်ရှိသည့် မှတ်ဉာဏ်များကို ညှင်းပန်းနှိပ်စက်ခန်းအတွင်း ထုပ်ပိုးလိုက်သည်။ ထို့နောက် သူ မေ့လဲသွားတော့သည်။
အမှောင်ထုထဲတွင် ကောင်းမင်သည် သူ့ဘေး၌ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ခံစားမိနေသည်။ သူ၏ခန္ဓာကိုယ်သည် အပြစ်နှင့် သွေးတို့ဖြင့် ရွှဲရွှဲစိုနေ၏။ သူ့ကို ကူညီသူမှာ သူ့အား စွန့်ပစ်ကာ တိုက်ပွဲထဲ ဝင်ရောက်သွားရပုံရသည်။
တိုက်ပွဲ မည်သို့အဆုံးသတ်သွားသည်ကို ကောင်းမင် မသိခဲ့ပေ။ သူ၏ တစ်စိတ်တစ်ပိုင်းမေ့မြောနေသော အသိစိတ်ထဲတွင် ၁၃၊ ကံကြမ္မာ၊ လုဇန်၊ အုတ်ဂူထဲက သရဲ၊ အားလုံးကို ပြန်လည်ရယူ ဟူသည့် စကားများကိုသာ ကြားလိုက်ရသည်။ ယင်းတို့၏ အဓိပ္ပါယ်ကို သူ နားမလည်ခဲ့ပေ။ သို့သော် အချက်တစ်ခုတော့ သေချာသည်။ သူသည် ဟန်ဟိုင်းအပြင်ဘက်ရှိ အစစ်အမှန်အမှန်တရားဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
...
နာကျင်မှုများက နေရာအနှံ့မှ ဝင်ရောက်လာကြသည်။ သူသည် ကြာရှည်လှသော အိပ်မက်ဆိုးတစ်ခုမှ နိုးထလာသကဲ့သို့ ခံစားလိုက်ရသည်။
ကောင်းမင် မျက်လုံးကို အက်ကြောင်းလေးသဖွယ် အနည်းငယ် ဖွင့်လိုက်သည်။ အဖြူရောင် မျက်နှာကျက်ကို မြင်ရပြီး ပိုးသတ်ဆေးနံ့ကို ရလိုက်သည်။ သူသည် ဆေးရုံတစ်ခုတွင် ရှိနေသည်ဟု ယုံကြည်လိုက်သည်။ဆေးပစ္စည်းကိရိယာက အသံမြည်လာခဲ့သည်။ကော်ရစ်ဒါမှ တစ်စုံတစ်ဦး အလျင်အမြန် ပြေးလာသည်။ လူနာခန်းတံခါးပွင့်လာပြီး လူများ ဝင်ရောက်လာကြသည်။
“သူ နိုးလာပြီဟေ့”
“ဒါက အံ့ဖွယ်ပဲ ၊ ဆရာဝန်ကို သွားခေါ်ကြစမ်း”
အသံများသည် လှိုင်းလုံးများကဲ့သို့ သူ၏ဦးနှောက်ထဲသို့ တိုးဝင်လာသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူထပ်မံ မေ့လဲသွားသည်။ နံရံကပ်နာရီ၏ တချက်ချက်မြည်သံသည် သူ၏ဦးနှောက်ဆီသို့ ရေစက်များ တစိမ့်စိမ့်စီးကျနေသကဲ့သို့ ထင်ရသည်။
ညသည် မှေးမှိန်ပျောက်ကွယ်သွားပြီး နေရောင်ခြည်က သူ၏မျက်နှာပေါ်သို့ ထိုးကျလာလေသည်။ တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်ကို ရွှေ့နေသည်ဟု ကောင်းမင် ခံစားလိုက်ရသည်။ သူ မျက်လုံးများကို ဝေဝေဝါးဝါးဖွင့်လိုက်သည်။ သူ ဆေးရုံတွင် ရှိနေကြောင်း အတည်ပြုလိုက်သည်။ ထိုကြီးမားလှသော ဧရာမလူနာခန်းထဲတွင် သူတစ်ယောက်တည်း ရှိနေလေသည်။
“ဆရာကောင်း ရှင်နောက်ဆုံးတော့ နိုးလာပြီပဲ ၊ မနေ့ညက ရှင်က ကျွန်မကို အရမ်းကြောက်သွားစေတယ် ၊ ကျွန်မ ရှင့်ကို ဆုံးရှုံးသွားပြီလို့ ထင်ခဲ့တာ”
အမျိုးသမီးဆရာဝန်သည် အလွန်ငယ်ရွယ်သည်။ သူမ၏လေသံက ကောင်းမင်အား အလွန်လေးစားကြောင်း ပြသနေသည်။
“ဆရာကောင်းတဲ့လား”
ကောင်းမင်၏အမှတ်သညာထဲတွင် မည်သူကမှ သူ့အား ထိုသို့ခေါ်ဆိုဖူးခြင်း မရှိခဲ့ပေ။
သူ ပြန်မှတ်မိရန် ကြိုးစားလိုက်သော်လည်း သူ၏ဦးနှောက်မှာ ဗလာဖြစ်နေခဲ့သည်။ အရေးပါသော မှတ်ဉာဏ်များစွာကို သူ ပြန်လည်စုစည်း၍ မရနိုင်တော့ပေ။
“ဆရာက ခုမှ နိုးလာတာလေ၊ ကိစ္စတွေကို အမြန်မှတ်မိဖို့ မလိုပါဘူး ၊ ဖြည်းဖြည်းချင်း လုပ်ပါ”
(ဆရာဆိုတာက ကျောင်းဆရာကိုပြောတာပါ)