← Chapters

သရဲခြောက်တဲ့အိမ်တွေကိုဖန်တီးတဲ့ ကောင်လေး

Vol. 31 Ch. 461

သရဲခြောက်တဲ့အိမ်တွေကိုဖန်တီးတဲ့ ကောင်လေး

Vol. 31 Ch. 461

“ငါ့ကို သေမင်းနူတ်ခမ်းဝကနေ ကယ်ခဲ့တာက ရွှမ်ဝမ်လား”

ကောင်းမင်က ၎င်းသည် အိပ်မက်ဆိုးမှ မြင်ကွင်းများနှင့်ကိုက်ညီနေသည်ဟု ခံစားရသည်။

“ဒေါက်တာရဲ့ ပိုက်ကွန်ထဲကို ရှင်ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ရောက်သွားပြီလဲ ၊ တခြား ကျွမ်းကျင်သူတွေရဲ့ ကြိုးစားမှုတွေကို ရှင်ဘာလို့ အလိုအလျောက် လျစ်လျူရှုလိုက်တာလဲ”

သူနာပြုမလေးသည် ကောင်းမင်ကို ဆန်ပြုတ်တစ်ဇွန်း ခွံ့ကျွေးလိုက်သည်။

“ရှင်က ဒီလိုသူရဲကောင်းဆန်တဲ့ အရာကိုလုပ်ခဲ့ပြီး ကျောင်းသားတွေ အများကြီးကို ကယ်ခဲ့တာကြောင့် အထက်လူကြီးက ရှင့်ကိုကယ်ဖို့ အတတ်နိုင်ဆုံးလုပ်ဖို့ အမိန့်ပေးခဲ့တာ ၊ ကျွမ်းကျင်သူတွေ အများကြီး ကူညီခဲ့တယ် ၊ ကျွန်မတောင် အများကြီး ပါဝင်ကူညီခဲ့သေးတယ်”

“ကျေးဇူးတင်ပါတယ်”

“ဆရာ အဲဒါကို တကယ်ပြောတာ မဟုတ်ပါဘူး ၊ ရှင်ပြောတုန်း ကျွန်မကိုတောင် မကြည့်ဘူး”

သူနာပြုမလေးသည် ကောင်းမင်ကို လပေါင်းများစွာ ပြုစုစောင့်ရှောက်ပေးခဲ့ပြီး ဖြစ်သည်။ သူမသည် ကောင်းမင်အား ကူညီရန် နေ့စဉ် စာအုပ်များ ဖတ်ပြပေးလေ့ရှိသည်။ တဖြည်းဖြည်းနှင့် သူမသည် ကောင်းမင်အား သူမ၏သူငယ်ချင်းတစ်ဦး၊ မြင့်မြတ်ပြီး စကားနားထောင်တတ်သော သူငယ်ချင်းတစ်ဦးအဖြစ် သဘောထားလာခဲ့သည်။

“အင်း”

ကောင်းမင်က အသိစိတ်မဲ့စွာ တုံ့ပြန်လိုက်သည်။ သူ့ဦးနှောက်သည် ရှုပ်ထွေးနေသည်။ သူနာပြုမလေး ပြောပြခဲ့သော အရာများသည် သူ အိပ်မက်ဆိုးတွင် ကြုံတွေ့ခဲ့ရသော အရာများနှင့် ဆက်စပ်မှုမရှိပုံရသော်လည်း သေးငယ်သော ဆက်စပ်မှုတစ်ခုတော့ ရှိနေသည်။ သူသည် လက်တွေ့ကမ္ဘာတွင် ရှိနေကြောင်း သေချာသော်လည်း သူ့ဦးနှောက်ထဲမှ စွဲကျန်နေသော အပိုင်းအစများက အခြားကမ္ဘာတစ်ခုတည်ရှိနေပြီး ထိုအိပ်မက်ကမ္ဘာသည်လည်း အတူတူပင် အစစ်အမှန်ဖြစ်သည်ဟု သူ့ကို ပြောပြနေသည်။

“ဘယ်ဘက်က အစစ်အမှန်လဲ”

“အစာ လာပါပြီ ၊ အာ…”

အစားအစာ၏ရနံ့က သူ့အာရုံထဲ၌ ကခုန်နေသည်။ အစားအစာသည် သူ၏လျှာပေါ်၌ အလွန်လက်တွေ့ဆန်သည်ဟု ခံစားရသည်။ ယင်းက လုံးဝအိပ်မက်မဟုတ်ပေ။

“ဒီ ကန်တင်းထမင်းဟင်းတွေက အရမ်းအရသာရှိတာလား ၊ ကျွန်မ စားကြည့်ချင်လာအောင် လုပ်နေတာပဲ”

သူနာပြုမလေးသည် ပြုံးရယ်လျက် ကောင်းမင်အား ဆက်ခွံ့ကျွေးလိုက်သည်။

“ကျွန်မ ရှင့်မှတ်တမ်းကို ဆရာဝန်တွေကို ပေးခဲ့ပြီးပြီ ၊သူတို့က ရှင်ကောင်းကောင်း ကျန်းမာနေတယ်လို့ ပြောကြတယ် ၊ ဒါပေမဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေတော့ မလုပ်ရသေးဘူး ၊ နောက်ရက်အနည်းငယ်အတွင်းမှာ သတင်းထောက်တချို့ လာလည်မယ်လို့ ကျွန်မယုံကြည်တယ် ၊ ဘာပဲပြောပြော ရှင်က အသက်ရှင်နေတဲ့ အံ့ဖွယ်တစ်ခုပဲ”

ကောင်းမင် တဖြည်းဖြည်းဝါးစားနေစဉ် သူနာပြုမလေးသည် သူမ၏ဖုန်းကို ထုတ်လိုက်သည်။

“ကြည့်ပါဦး ၊ ဒါက လူတွေ ရှင့်အတွက် အမှတ်တရဆုတောင်းပွဲ လုပ်ပေးထားတာ ၊ ရှင့်ကို ဂရုစိုက်တဲ့သူတွေ အများကြီးရှိတယ်”

ကောင်းမင်သည် စခရင်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အား မိတ်ဆက်ပေးထားသည့် ဗီဒီယိုတစ်ခု ရှိပြီး သူ၏ကောင်းချီးများ ရရှိရန် မျှော်လင့်သော မက်ဆေ့ချ်များစွာလည်း ရှိနေသည်။

“ကျွန်တော်က နတ်ဘုရား မဟုတ်ပါဘူး ၊ ဘာလို့ သူတို့ ကျွန်တော့်ဆီ ဆုတောင်းနေကြတာလဲ”

“အစ်ကိုကြီး ၊ ရှင်ဖြတ်သန်းခဲ့ရတဲ့ အရာတွေကို ဖြတ်သန်းပြီးရင် ပုံမှန်လူတစ်ယောက်က အသက်ရှင်နိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ရှင် အခု ပြန်ကောင်းလာပြီ ၊ ဒါက အရမ်း အထင်ကြီးစရာကောင်းတယ်လေ”

သူနာပြုမလေးသည် ကောင်းမင်အား ထပ်မံ ခွံ့ကျွေးလိုက်သည်။

“ကျွန်မ နေ့တိုင်း အဲဒီထဲ ဝင်ကြည့်တယ် ၊ ဆေးရုံက စည်းမျဉ်းတွေ မရှိခဲ့ရင် ကျွန်မရဲ့နေ့စဉ် ပြုစုစောင့်ရှောက်မှုတွေကို မှတ်တမ်းတင်ဖို့ ကျွန်မကိုယ်ပိုင်အကောင့်ကိုတောင် ဖွင့်ချင်သေးတယ် ၊ လူတွေ အဲဒါကို သဘောကျကြမှာပါ”

သူနာပြုမလေးသည် ကောင်းမင်အား ပြုစုစောင့်ရှောက်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့မှသာ ကောင်းမင် သူမနှင့်ပထမဆုံး တွေ့ဆုံသည့်နေ့ဖြစ်ရာ သူမ၏စိတ်အားထက်သန်မှုကို သူ နားမလည်နိုင်ခဲ့ပေ။ သူ့အား ကောင်းချီးပေးရန် ဆုတောင်းသော မက်ဆေ့ချ်များကို ကြည့်ရင်း ကောင်းမင်သည် အဆုံးမဲ့ဆုတောင်းသံများကို ကြားနေရသည်ဟု ထင်သည်။

“အိပ်မက်ဆိုးထဲက လူတွေနဲ့သရဲတွေက ငါ့ကို မမေ့ကြသေးလို့လား ၊ ဒါမှမဟုတ် အဲ့ဒါက တကယ့်ဘဝထဲက လူတွေလား”

ကောင်းမင် အစားအစာကို မျိုချလိုက်သည်။ သူ အဖြေမရခဲ့ချေ။

အပြင်ဘက်ကော်ရစ်ဒါတွင် ကောင်လေးတစ်ဦး ခလုတ်တိုက် လဲကျသွားသည်။ သူ ဆောက်လုပ်ထားသော ဘလော့တုံးအဆောက်အဦများ နေရာတိုင်းသို့ ပြန့်ကျဲသွားသည်။

“မင်း ငါ့ကို စိတ်ရှုပ်စရာတွေ မပေးရသေးဘူးလို့ ထင်နေတာလား ၊ နည်းနည်းလေး ပိုရင့်ကျက်အောင်နေပြီး ငါ့ကို ဒုက္ခမပေးလို့ မရဘူးလား”

အမျိုးသားတစ်ဦး၏ကြမ်းတမ်းသော ဆဲဆိုသံသည် ကော်ရစ်ဒါတစ်လျှောက် ဟိန်းထွက်လာသည်။ ကောင်လေးသည် ကြောက်လန့်လွန်း၍ ငိုတော့မတတ်ဖြစ်သွားသည်။

“ကျွန်မ သွားကြည့်လိုက်ဦးမယ်”

သူနာပြုမလေးသည် ဗန်းကို ချလိုက်ပြီး အခန်းထဲက အလျင်အမြန် ပြေးထွက်သွားသည်။

“ဒါ ဆေးရုံပါရှင့် ၊ ကျေးဇူးပြုပြီး အသံကျယ်ကျယ်မပြောဘဲ လူနာတွေကို အနှောင့်အယှက် မပေးပါနဲ့”

ကောင်းမင် တံခါးအပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ အသက်ကြီးပုံရသော အနက်ရောင် ဂျာကင်ဝတ် အမျိုးသားတစ်ဦးသည် မျက်နှာချင်းဆိုင် လူနာခန်းတွင် ရပ်နေခဲ့သည်။ သူ၏ဖိနပ်များသည် တွန့်ကြေနေပြီး ဘောင်းဘီများက စုတ်ပြတ်နေသည်။ သူ၏မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ထင်းနေသည်။ဆံပင်များလည်း ရှုပ်ပွနေသည်။ မြေပြင်ပေါ် လဲကျနေသည့် ကောင်လေးအား စိုက်ကြည့်နေရင်း ထိုအမျိုးသား၏လည်ပင်းသည် ဒေါသကြောင့် နီရဲနေလေသည်။ သူသည် ဒေါသကို ထိန်းချုပ်ရန် ကြိုးစားလိုက်ပြီး သူနာပြုမလေးဘက်သို့ လှည့်လိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ် ၊ ကျွန်တော် အရမ်းဒေါသထွက်သွားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့လို့ပါ”

ထိုအမျိုးသားသည် ကြွက်သားများဖြင့် တောင့်တင်းသန်မာသော်လည်း ဒေါသမထွက်အောင် ကြိုးစားနေလေသည်။

“အားဖန်က သူ့အမေနဲ့အတူ ဒီမှာ နေလိမ့်မယ် ၊ ကျွန်တော် ပိုက်ဆံရှာဖို့ သွားလိုက်ပါဦးမယ် ၊ နောက်ကျနေတဲ့ ဆေးရုံကုန်ကျစရိတ်တွေကို မနက်ဖြန်သွားပေးပါ့မယ်”

သူနာပြုမလေး တစ်စုံတစ်ခုမပြောနိုင်ခင် ထိုအမျိုးသားက စားပွဲပေါ်မှ ဟောင်းနွမ်းနေသော အနက်ရောင်ပိုက်ဆံအိတ်ကို ဆွဲယူ၍ ဓာတ်လှေကားဘက်သို့ အမြန်လျှောက်သွားလိုက်သည်။

သူနာပြုမလေးက သက်ပြင်းချလိုက်သည်။ သူမသည် ကြမ်းပြင်ပေါ်မှ ကောင်လေးကို ပွေ့ချီလိုက်သည်။

“အားဖန်၊ ငါတို့က သတ္တိအရှိဆုံး ကောင်လေးပါ၊ ဟုတ်တယ်မလား ၊ သားအမေက သားကို နေ့တိုင်း ပျော်စေချင်တယ်လို့ မပြောခဲ့ဘူးလား ၊ လာ လာ ပဟေဠိလေးတွေ သွားကစားကြမယ်”

သူနာပြုမလေးသည် ပြန့်ကျဲနေသော အဆောက်အဦဘလော့တုံးများကို ကောက်ယူလိုက်ပြီး တောင်းပန်စကားဖြင့် ကောင်းမင်၏ အခန်းထဲသို့ ပြေးဝင်လာသည်။

“ဆရာကောင်း၊ ဒီကလေးကို ဒီမှာ ခဏထားခွင့်ပြုပါလား ၊ သူ့အမေက အိပ်ရာထဲ လဲနေရလို့ပါ”

သူနာပြုမလေးသည် ကောင်းမင်အား တိုးတိုးပြောလိုက်သည်။

“သူ့အမေက လူနာတွေနဲ့ မျှဝေသုံးစွဲရတဲ့ လူနာခန်းမှာ နေရတယ်လေ ၊ တခြားလူနာတွေက ဒီကလေးအကြောင်းကို မကြာခဏ တိုင်တောလေ့ရှိတယ် ၊ ဒါပေမဲ့ အားဖန်က တကယ်တော့ အရမ်းကောင်းတဲ့ ကလေးပါ ၊ သူက တစ်ခါမှ ပြဿနာမရှာဖူးပါဘူး”

“ဒီကောင်လေး နာမည်က ဘယ်သူလဲ”

“အားဖန်ပါ ၊ တစ်ခုခု မှားနေလို့လား”

သူနာပြုမလေးသည် ကောင်းမင်၏စိတ်ဝင်စားမှုက ထူးဆန်းသည်ဟု ခံစားရသည်။

“သူ့ကို ဒီမှာ နေခွင့်ပြုလိုက်ပါ ၊ ကျွန်တော် တစ်ယောက်တည်းဆို ဒီမှာ အရမ်းတိတ်ဆိတ်လွန်းတယ်လေ”

ကောင်းမင် ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာကောင်းရယ်”

သူနာပြုမလေးက သူ့ကို ကျေးဇူးတင်လိုက်သည်။

“ကျွန်မ အလုပ်ပြီးရင် သူ့ကို သူနာပြုဂျူတီခန်းကို ခေါ်သွားပါ့မယ်”

ထမင်းစားပြီးနောက် သူနာပြုမလေးသည် ဗန်းကို သိမ်းဆည်းလိုက်ပြီး ထွက်သွား၏။ ကောင်းမင်သည် ကောင်လေးအား တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။ ကောင်လေးသည် ကောင်းမင်နှင့် ခပ်ဝေးဝေးထောင့်လေးတွင် ဒူးထောက်နေလေသည်။ ဈေးပေါသော အဆောက်အဦဘလော့တုံးများစွာကို သူ့ရှေ့တွင် ချထားသည်။ သူသည် ဘလော့တုံးတစ်တုံးကို ဂရုတစိုက် ကောက်ယူလိုက်သည်။ အချိန်အတော်ကြာစဉ်းစားပြီးနောက် ယင်းဘလော့တုံးကို တခြားဘလော့တုံးပေါ်သို့ တင်လိုက်သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် ထိုကောင်လေးသည် လှပသော အိမ်လေးတစ်လုံးကို ဖန်တီးလိုက်လေသည်။ ကောင်လေးသည် အရုပ်အိမ်ရှေ့တွင် ဒူးထောက်နေခဲ့သည်။ မကျေနပ်သေးသကဲ့သို့ သူသည် အဆောက်အဦဘလော့တုံးများကို ဂရုတစိုက် ဖယ်ရှားလိုက်သည်။ သူနာပြုမလေး ပြောသလိုပင် သူသည် အလွန်နာခံမှုရှိသည်။ သူ တစ်ခါမှ အသံမပြုခဲ့ပေ။

“သားနာမည်က အားဖန်လား”

ကောင်းမင်၏ရုတ်တရက် မေးခွန်းကြောင့် ကောင်လေး တုန်လှုပ်သွားသည်။ သူသည် ဘလော့တုံးများကို တိုက်မိသွားပြီး အိမ်ပုံစံပျက်သွား၏။ ကောင်လေးသည် တစ်စုံတစ်ခု အမှားလုပ်မိသည်ဟု ထင်လိုက်ပြီး ကြောက်ရွံ့စွာ လှည့်ကြည့်လိုက်သည်။ သူသည် ကောင်းမင်နှင့် စကားပြောရန် မဝံ့ရဲခဲ့ပေ။

“ငါ ဒီလောက် ကြောက်စရာကောင်းနေတာလား”

ကောင်းမင်သည် ကောင်လေးအား သနားစရာကောင်းသည်ဟု ထင်လိုက်သည်။

ကောင်လေးသည် ကောင်းမင်အား အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သကဲ့သို့ သူ့ဖိနပ်များကို ငုံ့ကြည့်နေသည်။

ကောင်းမင် အကူအညီမဲ့နေတော့သည်။ သူ အားဖန်ဆိုသည့် နာမည်ကို ကြားလိုက်သောအခါ သူ့အတွင်းရှိတစ်စုံတစ်ခု လင်းလက်သွားခဲ့သည်။

“မကြောက်ပါနဲ့ ၊ ဦးက သားကို မောင်းထုတ်မှာ မဟုတ်ဘူး ၊ ဦးက စူးစမ်းချင်ရုံ သက်သက်ပါပဲ ၊ သားမိဘတွေက သားကို ဘာလို့ ဒီနာမည်ပေးထားတာလဲ”

ကောင်လေးက ပြန်မဖြေခဲ့ပေ။ သူသည် သူ့အမေရှိရာ လူနာခန်းသို့ တစ်ချက်ကြည့်လိုက်သည်။

ကောင်းမင် ခေါင်းခါလိုက်ပြီး ကလေးအား သူ့ဘာသာ လွတ်ထားလိုက်တော့သည်။

ကောင်လေးသည် သူ၏ဘလော့တုံးများဆီသို့ ပြန်ရောက်သွားသည်။ မကြာမီ ကြမ်းပြင်ပေါ်တွင် အိမ်အသစ်တစ်လုံး ပေါ်လာလေသည်။

ကောင်းမင်သည် ကောင်လေးအား စိုက်ကြည့်ရင်း စိတ်ဝင်စားသွားသည်။ သူ မမေးဘဲ မနေနိုင်ပေ။

“ကလေး၊ မင်းက သရဲခြောက်တဲ့အိမ်တွေကို ဆောက်ရတာကြိုက်ပုံရတယ်နော်”

ကောင်းမင် ထိုစကားကို ပြောလိုက်သောအခါ သူကိုယ်တိုင် ဆွံ့အသွားသည်။ သူသည် ကလေးက အိမ်ဆောက်ရတာ ကြိုက်တယ်ဟု မှတ်ချက်ပေးချင်သော်လည်း တစ်နည်းနည်းဖြင့် သူ့နှုတ်ခမ်းမှ သရဲခြောက်တဲ့အိမ်ဆိုသည့် စကားလုံးများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ကောင်းမင်အား အံ့အားသင့်စေသည်မှာ ကောင်လေး၏တုံ့ပြန်မှုက ထူးခြားနေခြင်းပင်။ ကောင်းမင် ပြောသည်မှာ မှန်နေသကဲ့သို့ လှုပ်ရှားမှုရပ်တန့်သွားပြီး ကောင်းမင်ကို လှည့်ကြည့်လိုက်သည်။

All Chapters