အခန်း (၁၃၄)
Vol. 12 Ch. 134
"မင်း ရှောင်ဝမ်တို့ကို ထမင်းလာစားဖို့ သွားခေါ်လိုက်"ဟု စုချန်းကျုန်းက ပြောလိုက်သည်။
ဝမ်ကွေ့ကျစ်၏ မျက်နှာမှာ ပို၍ ဆိုးဝါးသွားသည်။ "သူတို့ စားပြီးသွားပြီ။ စားပွဲပေါ်က ကြက်ဥပန်ကိတ် နှစ်ခုက ရှောင်ယင်း လာပို့သွားတာ။ ဘယ်အချိန် ရှိနေပြီလဲဆိုတာ မမြင်ဘူးလား။ မနက်ဖြန်ကျမှ ပြောလို့ မရဘူးလား"
သူမ၏ မရပ်မနား ပွစိပွစိ လုပ်နေမှုကြောင့် စိတ်ရှုပ်လာသော စုချန်းကျုန်းက မျက်နှာထားတင်းတင်းဖြင့် ပြန်ပြောလိုက်သည်။
"ငါ ခေါ်ခိုင်းရင် ခေါ်လိုက်။ စကားတွေ ရှည်မနေနဲ့"
အဆုံးသတ်မှာတော့ သူမက ခင်ပွန်းဖြစ်သူကို အနည်းငယ် ကြောက်ရသည်။ ဝမ်ကွေ့ကျစ် နှုတ်ခမ်းစေ့ကာ လှည့်ထွက်သွားပြီး ခြံဝင်းထဲသို့ အမြန်လျှောက်သွားလိုက်သည်။ မိသားစုနှစ်စုက နံရံတစ်ခုသာ ခြားထားသဖြင့် မကြာမီပင် ဝမ်ယွမ်တို့ ဇနီးမောင်နှံက သူမ ခေါ်သံကို ပြန်ထူးလိုက်ကြသည်။
ခေါ်ပြီးနောက် ဝမ်ကွေ့ကျစ် အိမ်ထဲသို့ ပြန်မဝင်သေးပေ။ ထိုအစား သူမသည် လက်ကို အင်္ကျီလက်မောင်းထဲ ထိုးထည့်ကာ ပခုံးတွန့်ရင်း ခြံဝင်းတံခါးဆီသို့ အမြန်လျှောက်သွားလိုက်သည်။ တံခါးပိတ်ထားသော သစ်သားတန်းကို ဖယ်ရှားပြီး တံခါးဖွင့်ကာ ခေါင်းပြူကြည့်လိုက်သည်။
ဝမ်ယွမ်၏ လှုပ်ရှားမှုများက လျင်မြန်သည်။ သူနှင့် သူ့ဇနီးသည်တို့သည် ကလေးတစ်ယောက်စီ ပွေ့ချီထားကြပြီး တစ်မိနစ်ခန့်အကြာတွင် ဝမ်ကွေ့ကျစ် ရှေ့သို့ ရောက်လာကြသည်။
သူတို့ ကလေးနှစ်ယောက်ကို ချီလာသည်ကို ဝမ်ကွေ့ကျစ် မြင်သောအခါ ဆူပူလိုက်သည်။
"ကဲ... မြန်မြန်လုပ်၊ အထဲဝင်ကြ။ နင်တို့နှစ်ယောက်ကတော့လေ... မိုးချုပ်နေပြီ၊ ရာသီဥတုကလည်း အေးပါ့မယ့်နဲ့။ ဘာလို့ ကလေးတွေကို အပြင်ခေါ်ထုတ်လာရတာလဲ"
အငယ်ဆုံးသားကို ချီထားသော ရှဲ့ယင်းသည် ခင်ပွန်းသည်နောက်မှလိုက်၍ ခြံဝင်းထဲသို့ အမြန်ဝင်လိုက်သည်။ အတူနေလာသည်မှာ ငါးနှစ်ရှိပြီဖြစ်၍ သူမသည် ဝမ်ကွေ့ကျစ်၏ မရပ်မနား ပွစိပွစိပြောတတ်မှုကို ကျင့်သားရနေပြီ ဖြစ်သည်။
သူမက အခွင့်အရေး အသေးအမွှားလေးများကို အခွင့်ကောင်းယူတတ်သော်လည်း လူဆိုးတစ်ယောက် မဟုတ်ပေ။ သူမ၏ စကားလုံးများက မာကျောတတ်သော်လည်း စိတ်နှလုံးက နူးညံ့သည်။ သူမနှင့် သူမခင်ပွန်း အလုပ်ရှုပ်နေချိန်တွင် ကလေးများကို ဝမ်ကွေ့ကျစ်ထံ အပ်ထားလေ့ရှိပြီး သူမ သေချာ ဂရုစိုက်ပေးမည်ကို ယုံကြည်ကြသည်။ နှစ်တွေကြာလာတာနဲ့အမျှ သူမက ကလေးနှစ်ယောက်ကို မိဘရင်းတွေထက်တောင် ပိုဂရုစိုက်ပြီး အလိုလိုက် ချစ်ခင်ခဲ့သည်။
ဝမ်ကွေ့ကျစ်က ကလေးတွေကို ဘာကြောင့် ဒီလောက်ကောင်းလဲဆိုတာ နားလည်ဖို့ မခက်ခဲပါပေ။ သူမမှာ ရှေးရိုးစွဲ အမြင်တချို့ ရှိနေပြီး၊ အထူးသဖြင့် မိန်းကလေးထက် ယောကျ်ားလေးကို ပိုလိုလားတာမျိုးပေါ့။ ပြီးတော့ ဒီကလေးတွေက အမြွှာယောကျ်ားလေးတွေလေ... ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။
သူမ၏ ကိုယ်ပိုင် မြေးများသည် မြို့နယ်ထဲတွင် ရှိနေကြပြီး တစ်နှစ်လျှင် အကြိမ်ရေ အနည်းငယ်သာ တွေ့ရလေ့ရှိသည်။ သူမ၏ မြေးအကြီးဆုံးမှာ ကောင်းမွန်စွာ ကြီးပြင်းလာပြီး မိဘများက ပညာကောင်းစွာ သင်ပေးထားသဖြင့် အဘွားဖြစ်သူကို အလွန် ဂုဏ်ယူစေသည်။
ဝမ်ကွေ့ကျစ်၏ စိတ်နေသဘောထားကို ရင်းနှီးပြီးဖြစ်သော ဝမ်ယွမ်က ပြုံး၍ မေးလိုက်သည်။
"အဒေါ်၊ ဦးလေးက ကျွန်တော်တို့ကို တစ်ခုခုခိုင်းစရာ ရှိလို့လား"
ဝမ်ကွေ့ကျစ်သည် ခေါင်းငုံ့ပြီး လည်ပင်းကို ကျုံ့ထားလျက် ရှေ့မှ လျှောက်သွားနေသည်။ သူမ နောက်လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
"အဲ့ဒီ အဘိုးကြီး ဘာလုပ်ချင်နေလဲ ဘယ်သူသိမှာလဲ။ ညဘက်ကြီး ရူးချင်နေတာ။ ငါတို့ ကျန်းကျန်းလေး ခဲပြီး သေသွားနိုင်တယ်..."
သူတို့ စကားပြောပြီးချိန်တွင် အိမ်ထဲသို့ ဝင်ရောက်ပြီးဖြစ်သည်။ ခန်ခုတင်တွင် မီးဖိုထားသဖြင့် နွေးထွေးမှုကြောင့် မျက်လုံးများ ကျဉ်းသွားရသည်။
စုချန်းကျုန်းသည် ပြုံးရွှင်လျက် ရှစ်နှစ်အရွယ် ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်သည်။ သူ တစ်ဖက်သို့ ရွှေ့ပေးလိုက်ပြီး ပြောသည်။
"လာ... ကလေးတွေကို ခန်ခုတင်ပေါ် ခေါ်လာပြီး အဘိုးနားမှာ ထိုင်ခိုင်း၊ နွေးသွားအောင်လို့"
ဝမ်ယွမ် တွန့်ဆုတ်မနေပေ။ သူသည် အင်္ကျီအကြီးကြီးကို ချွတ်ပြီးဖြစ်သော သားအကြီးဆုံးကို မီးဖိုခုတင်ဘက်သို့ ဖွဖွလေး တွန်းပို့လိုက်သည်။ ဝမ်ကျန်းသည် ဖိနပ်ချွတ်ပြီး မီးဖိုခုတင်ပေါ်သို့ အမြန်တက်ကာ စုချန်းကျုန်း၏ ဘေးတွင် လိမ္မာစွာ ဝင်ထိုင်လိုက်ပြီး မည်သည့်အသံမျှ မပြုပေ။
ငါးနှစ်တာ ကုန်လွန်သွားခဲ့ပြီး သုံးနှစ်အရွယ် ကလေးငယ်သည် အတော်အတန် ကြီးပြင်းလာခဲ့သည်။ မပြောင်းလဲသော တစ်ခုတည်းသော အရာမှာ သူသည် ပို၍ တိတ်ဆိတ်လာပြီး ပို၍ အစ်ကိုကြီး ပီသလာခြင်းပင် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ညီဖြစ်သူ ဝမ်ရုန်သည် ကလေးသဘာဝ စွမ်းအင်များ ပြည့်ဝနေဆဲဖြစ်သည်။ အမေဖြစ်သူက သူ့အင်္ကျီအထူကြီးကို ချွတ်ပေးပြီးနောက် ခြေထောက်သေးသေးလေးဖြင့် ဖိနပ်ကို ကန်ထုတ်ကာ စုချန်းကျုန်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။ သူက ချစ်စဖွယ် နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။
"ဘိုးဘိုး၊ သားက ဘိုးဘိုးနဲ့ အတူထိုင်ချင်တာ"
စုချန်းကျုန်းမှာ ဝမ်းသာပီတိ ဖြစ်သွားပြီး ကလေးနှစ်ယောက်က သူ့ကို ချစ်ခင်သည့် လက္ခဏာဟု တွေးလိုက်မိသည်။
ဝမ်ယွမ်လည်း မီးဖိုခုတင်ပေါ်သို့ တက်လိုက်သည်။ ငါးနှစ်အကြာတွင် သူသည် အသက် လေးဆယ်အစောပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့နားထင်တွင် ဆံပင်ဖြူများ ပေါ်နေပြီဖြစ်သော်လည်း လွန်ခဲ့သော နှစ်များကကဲ့သို့ ပိန်လှီသော လူတစ်ယောက် မဟုတ်တော့ပေ။ သူ့အင်အားများ ပြန်လည်ရရှိလာပြီး ယခုထိတိုင် သန့်ပြန့်၍ နူးညံ့သိမ်မွေ့ပုံ ပေါက်နေဆဲဖြစ်သည်။
"ဦးလေး၊ သတင်းကောင်း တစ်ခုခု ရှိလို့လား"ဟု သူ မေးလိုက်သည်။
စုချန်းကျုန်း ခေါင်းညိတ်လိုက်ပြီး ဝမ်ယွမ်အား အရက်ငှဲ့ပေးရန် ရည်ရွယ်ချက်ဖြင့် မီးဖိုခုတင်ဘေးရှိ ဗီရိုထဲမှ မက်မွန်သီးအရက်အိုးကို ဆွဲထုတ်လိုက်သည်။
သို့သော် ဝမ်ယွမ်သည် လူကြီးတစ်ယောက်က သူ့ကို အရက်ငှဲ့ပေးခြင်းကို လက်မခံနိုင်ပေ။ သူ ချက်ချင်း မတ်တတ်ရပ်ကာ ပုလင်းကို ယူလိုက်ပြီး စုချန်းကျုန်း အတွက် တစ်ခွက် အရင်ငှဲ့ပေးလိုက်သည်။ ထို့နောက် ဝမ်ကွေ့ကျစ် အတွက်၊ ပြီးမှ သူနှင့် သူ့ဇနီးသည်အတွက် ငှဲ့လိုက်သည်။
စုချန်းကျုန်းသည် အရက်တစ်ငုံ သောက်လိုက်ပြီး အားလုံးကို ထမင်းစားရန် ခေါ်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။
"ဒီနေ့ ငါ အဖွဲ့ရုံးခန်းနား လျှောက်သွားရင်းနဲ့ တိုက်ဆိုင်စွာပဲ တုန်တုန်နဲ့ ရှီရှီဆီက ဖုန်းဝင်လာတယ်..."
ရှဲ့ယင်း၏ မျက်လုံးများ အံ့သြမှုကြောင့် အရောင်တောက်သွားသည်။ "ရှီရှီ ဖုန်းဆက်တယ် ဟုတ်လား"
ဝမ်ယွမ်နှင့် သူ့ဇနီးသည်တို့လည်း စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ စုချန်းကျုန်း၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် သတင်းကောင်း ရှိသည်မှာ ထင်ရှားနေသည်။
သေချာသည်မှာ စုချန်းကျုန်း၏ နောက်ဆက်တွဲ စကားများက သူတို့၏ ထင်ကြေးများကို အတည်ပြုပေးလိုက်သည်။
စုချန်းကျုန်းက ဆက်ပြောသည်။ "တုန်တုန် ပြောတာက အခု သူတို့မောင်နှမနှစ်ယောက်စလုံး အလုပ်တွေ ထူးခြားနေလို့ J မြို့ကနေ အလွယ်တကူ ထွက်မရဘူးတဲ့။ ငါတို့ကို J မြို့ လာပြီး နှစ်ကူးချင်လားလို့ မေးနေတယ်"
ထိုစကားကို ကြားလိုက်ရသဖြင့် ဝမ်ယွမ်သည် ရှဲ့ယင်းကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ သူမ ပြန်သွားမည် မဟုတ်ကြောင်း သူ သိနေသည်။ J မြို့ တွင် သူတို့ကို စောင့်ကြည့်နေသူများ ရှိနေဆဲဖြစ်ပြီး ဤအခြေအနေ မည်သည့်အချိန်မှ ပြီးဆုံးမည်ကို သူတို့ မသိနိုင်ပေ။
သူ့ဇနီးနှင့် ကလေးများသာ ပင်ပန်းဆင်းရဲမှုကို မကြောက်ဘဲ ကျေးလက်သို့ လိုက်လာပြီး သူနှင့်အတူ မနေခဲ့လျှင် သူ သည်းခံနိုင်ခဲ့မည် မဟုတ်ဟု ဝမ်ယွမ် ခံစားမိသည်။ ဘဝက ခက်ခဲကြမ်းတမ်းသော်လည်း အဆိုးရွားဆုံးအပိုင်းမှာ မည်သည့်မျှော်လင့်ချက်မှ မမြင်ရသည့် စိတ်ပျက်အားငယ်မှုပင် ဖြစ်သည်။
ရုတ်တရက် သူ့လက်ဖမိုး နွေးသွားသည်ကို ခံစားလိုက်ရပြီး ငုံ့ကြည့်လိုက်ရာ ဇနီးသည်၏ လက်သေးသေးလေးက သူ့လက်ပေါ် တင်ထားသည်ကို တွေ့လိုက်ရသည်။ သူ မော့ကြည့်လိုက်ရာ သူမ၏ ချစ်ခြင်းမေတ္တာအပြည့်ပါသော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရပြီး ရင်ထဲတွင် နွေးထွေးမှု တစ်ခု ပျံ့နှံ့သွားသည်။ သူမ၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ရာ သူမ၏ လက်ဖဝါး ကြမ်းတမ်းမှုကို ခံစားမိလိုက်သဖြင့် အနည်းငယ် ဆို့နင့်သွားမိသည်။
သူ့ဇနီးသည်က သူမတစ်သက်တာလုံး ပင်ပန်းဆင်းရဲသော အလုပ်ကို တစ်ရက်မှ မလုပ်ခဲ့ဖူးသည့် ဖူးဖူးမှုတ်ထားသော သခင်မလေး တစ်ယောက် ဖြစ်ခဲ့သည်။ သူ့ကို လက်ထပ်ပြီးနောက် သူမကို ပြုစုစောင့်ရှောက်ရန် အိမ်ဖော်များ အမြဲ ရှိခဲ့သည်။ သို့သော် ယခုအခါ သူကြောင့် သူမသည် ထမင်းဟင်းချက်ရုံသာမက လယ်ယာလုပ်ငန်းခွင်ပါ မခိုမကပ်ဘဲ ဝင်လုပ်နေရပြီ...
ဒါကို တွေးမိတော့ ဝမ်ယွမ်ရဲ့ ရင်တွေ ပိုနာကျင်ရသည်... ဒါ သူ့အပြစ်တွေပင်...
"အမယ်လေး... တကယ်လား။ ဘာလို့ မသွားရမှာလဲ။ အဘိုးကြီး ကျွန်မ သွားချင်တယ်။ J မြို့ကို သွားရင် ဥက္ကဋ္ဌကြီးမော်ကို တွေ့ခွင့်ရမှာလား"
ဝမ်ကွေ့ကျစ်၏ စိတ်လှုပ်ရှားနေသော အသံက ဖြတ်ပြောလိုက်ပြီး အဘွားကြီးက ပျော်ရွှင်မှုကြောင့် တက်ကြွနေသည်။
အကယ်၍ သူမသာ ဥက္ကဋ္ဌကြီးမော်ကို တကယ်တွေ့ခွင့်ရရင်၊ အိုး... ဘုရားရေ၊ ဒါက သူမကို ဘုရင်မတစ်ပါးလို ခံစားရစေမှာ။
ဝမ်ယွမ်သည် သူ့အဒေါ်၏ ကျယ်လောင်သော အာမေဋိတ်သံကြောင့် လန့်သွားပြီး သူ့စိတ်ညစ်စရာများ အားလုံး ပျောက်ကွယ်သွားသည်။ သူ ပြုံးလိုက်ပြီး ပြောသည်။
"အဒေါ်၊ အဒေါ်က ဥက္ကဋ္ဌကြီးမော်နဲ့တော့ တွေ့ခွင့်ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မဟာတံတိုင်းကြီးကိုတော့ မြင်ရနိုင်တယ်"
ဥက္ကဋ္ဌကြီးမော်နှင့် မတွေ့ရသည့်အတွက် စိတ်ပျက်စရာ ကောင်းသော်လည်း မဟာတံတိုင်းကြီးကို မြင်ရခြင်းကလည်း အတော်လေး ဟုတ်နေတာပဲလေ။ ဝမ်ကွေ့ကျစ်
၏ စိတ်လှုပ်ရှားမှု လျော့မသွားဘဲ သူမမျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
ဒီအသက်အရွယ်အထိ သူမ ပြည်နယ်ထဲကတောင် မထွက်ဖူးသေးဘူး၊ တခြားမြို့ကြီးတွေကို သွားဖို့ဆိုတာ ဝေလာဝေး။
အကယ်၍ သူမ J မြို့ကို သွားနိုင်ခဲ့ရင် ရွာထဲက မိန်းမတွေအားလုံး မနာလိုလို့ သေကုန်ကြမှာ!
အိုး... အဲ့အချိန်ကျရင် သူမက ကုန်ထုတ်လုပ်ရေးအဖွဲ့ တစ်ခုလုံးမှာ... မဟုတ်ဘူး၊ ကွန်မြူနစ်အဖွဲ့ တစ်ခုလုံးမှာ အကျော်ကြားဆုံး အဘွားကြီး ဖြစ်လာတော့မှာ!
ဒါကို တွေးမိပြီး သူမ၏ ခင်ပွန်းသည်ကို တောက်လောင်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"အဘိုးကြီးရေ၊ ကျွန်မ သွားချင်တယ်။ ကျွန်မတို့ ဘယ်တော့ သွားကြမလဲ"
စုချန်းကျုံး အနေဖြင့် နှစ်သစ်ကူးကာလတွင် J မြို့ သို့ သွားရောက်လိုခြင်းရှိမရှိ မေးလာလျှင်မူ သူ သေချာပေါက် သွားလိုလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် အသက် ၇၀ ကျော်နေပြီဖြစ်သော်လည်း နိုင်ငံ၏ မြို့တော်သို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးသောကြောင့် ဖြစ်သည်။ သို့သော် ခရီးစဉ်အတွက် သင့်လျော်သော အစီအစဉ်များ ရှိရန်တော့ လိုအပ်ပေသည်။
သူသည် ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်ကာ မြေပဲအနည်းငယ်ကို ခွာ၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက်မှ သူ၏ဇနီးသည်က သူ့အား စိုးရိမ်တကြီး ကြည့်နေသည်ကိုမြင်မှ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဘာတွေလောနေတာလဲ။ ရှီရှီ ဆိုလိုတာက မိသားစုတစ်ခုလုံး သွားကြဖို့လေ။ ငါစဉ်းစားနေတာက ငါတို့အားလုံးဆိုရင် လူ ၂၄ ယောက်လောက်ရှိမယ်။ အားလုံးသွားရင် ရှီရှီတို့အတွက် အခက်အခဲ ဖြစ်စေလိမ့်မယ်။ နောက်ပြီး မနက်ဖြန်ကျရင် အကြီးကောင်ကို ဖုန်းဆက်ပြီး သူတို့သွားချင်လားလို့ မေးလိုက်မယ်။ သူတို့ဘာသာ ဆုံးဖြတ်ပါစေ။ ဘာပဲဖြစ်ဖြစ် သွားလိုက်ပြန်လိုက်ဆိုတော့ စရိတ်က မနည်းဘူးလေ"
တူမဖြစ်သူက စရိတ်ငြိမ်း ခေါ်သည်ဟု ပြောသော်လည်း စုချန်းကျုံးက ထိုအကြောင်းကို ထုတ်မပြောခဲ့ပေ။ လူကြီးတစ်ယောက်အနေဖြင့် တူမဖြစ်သူအပေါ် အခွင့်ကောင်း မယူလိုပေ၊ ဘယ်သူ့ပိုက်ဆံမှ အလကားရတာ မဟုတ်ပေ။
ဝမ်ကွေ့ကျစ်လည်း ထိုအကြောင်းကို တွေးနေမိသည်။ မိသားစုတစ်ခုလုံးသာ သွားမည်ဆိုလျှင် ရထားလက်မှတ်ခ တစ်ခုတည်းတင် ယွမ်ရာချီ ကုန်ကျနိုင်ပေသည်။ သူတို့ တတ်နိုင်သည်ဆိုသော်လည်း ထိုမျှလောက် ငွေပမာဏကို သုံးစွဲရမည်မှာ နှမြောစရာကောင်းနေဆဲ ဖြစ်သည်။
ထို့ကြောင့် သူမက ပြောလိုက်သည်။ "အဘိုးကြီးရေ... ငါတို့နှစ်ယောက်ပဲ သွားလိုက်ကြရင် မကောင်းဘူးလား။ ကလေးတွေ အကုန်လုံးလိုက်သွားရင် ပိုက်ဆံဖြုန်းသလို ဖြစ်နေမှာပေါ့"
စုချန်းကျုံးသည် ဝမ်ယွမ်နှင့် ဝိုင်ပန်းကန်လုံးချင်းတိုက်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ "မနက်ဖြန်ကျရင် ကလေးတွေကို မေးကြည့်လိုက်မယ်။ လိုက်သွားချင်တဲ့သူကတော့ ကိုယ့်စရိတ်ကိုယ်ရှင်းကြပေါ့..."
သူသည် သားဖြစ်သူကို ထောက်ပံ့မည့်သူမဟုတ်သလို၊ ဒီအရွယ်ရောက်မှတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်သည်ဟု ယူဆထားသည်။
"ရှောင်ဝမ် မင်းကို ဒီခေါ်လိုက်တာက ရှီရှီ ပြောလိုက်တဲ့စကားကို ပြန်ပြောပြမလို့ပါ။ ရှောင်ယင်းနဲ့ ကျန်းကျန်းတို့ကို ငါတို့နဲ့အတူ အလည်လွှတ်မလားဆိုတာ မင်းကိုမေးပေးဖို့ ရှီရှီက မှာလိုက်တယ်။ နှစ်သစ်ကူးပြီးရင် သူတို့က ငါတို့နဲ့အတူ ပြန်လိုက်လာလို့ရတယ်။ လမ်းခရီးမှာ သူတို့ကို စောင့်ရှောက်ပေးမယ့်သူရှိတာ ပိုကောင်းတာပေါ့"
တကယ်တော့ ဝမ်ယွမ်သည် စုချန်းကျုန်း ဘာကြောင့် ခေါ်သည်ကို ရိပ်မိပြီးသား ဖြစ်သည်။ ထို့ကြောင့် ဤစကားကို ကြားသောအခါ သူအံ့ဩမသွားပေ။ သို့သော် လူကြီးစု၏ မေးခွန်းကို ချက်ချင်းပြန်မဖြေဘဲ ဇနီးဖြစ်သူအား လှမ်းကြည့်လိုက်ကာ ဆုံးဖြတ်ချက်ကို သူမအား ပေးလိုက်သည်။ အမှန်အတိုင်းပြောရလျှင် ဇနီးနှင့် ကလေးများ သူမ၏မိဘများထံ အလည်သွားနိုင်မည်ဆိုလျှင် သူဝမ်းသာမိမည် ဖြစ်သည်။
ရှဲ့ယင်းသည် ခင်ပွန်းဖြစ်သူ၏ အကြည့်နှင့်ဆုံသောအခါ ညင်သာစွာ ပြုံးလိုက်သည်။ သူမသည် ခင်ပွန်းဖြစ်သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ ကလေးတွေနဲ့အတူ မလိုက်သွားတော့ဘူး။ ရာသီဥတုက အရမ်းအေးတော့ ကလေးတွေ နေမကောင်းဖြစ်မှာစိုးတယ်။ နောက်နှစ် ရာသီဥတု နွေးလာမှပဲ ကျန်းကျန်းကို J မြို့ ပြန်ခေါ်သွားတော့မယ်"
သူမ နှုတ်မှ ထုတ်မပြောဖြစ်သော အခြားအကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်၊ နှစ်သစ်ကူးကာလတွင် ခင်ပွန်းဖြစ်သူကို တစ်ယောက်တည်း ထားခဲ့ရမှာကို မလိုလားသောကြောင့်ပင်။
သူတို့နှစ်ဦးသည် စိတ်ချင်းဆက်နွယ်နေကြသည်။ ဇနီးဖြစ်သူက အမှန်အတိုင်း အကုန်မပြောသော်လည်း ဝမ်ယွမ်သည် သူမ၏ ထုတ်မပြောသော အတွေးများကို နားလည်နေသည်။ သူသည် သူမလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ရုတ်တရက် ပြုံးလိုက်သော်လည်း မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်နေလေသည်။
သူသည် ခေါင်းကို အမြန်ငုံ့လိုက်ပြီး ဝိုင်ခွက်ကို မော့ကာ လည်ချောင်းထဲမှ ခြောက်သွေ့နေမှုကို ဖြေဖျောက်ရန် တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူ့ကို ထမင်းစားရန်ခေါ်နေသော စုချန်းကျုန်းနှင့် ခွက်ချင်းတိုက်လိုက်သည်။
သူသည် ရှဲ့ယင်းကို လက်ထပ်ခွင့်ရရှိခဲ့သည့်အတွက် လူများစွာထက် ပိုကံကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
နောက်တစ်နေ့ မနက်ခင်းတွင်...
အရုဏ်ဦးအလင်းရောင် လာသည်နှင့် စုချန်းကျုံးသည် နိုးနေပြီဖြစ်သည်။ မနက်စာစားပြီးနောက် သူသည် အဝတ်အစားများကို နွေးထွေးစွာ ဝတ်ဆင်ထားသည်။ ဇနီးသည်၏ မျှော်လင့်တကြီး အကြည့်များကို ခံယူရင်း လက်ကို နောက်ပစ်ကာ ရွာရုံးခန်းဆီသို့ ထွက်လာခဲ့သည်။ အိမ်တံခါးဝသို့ မရောက်မီတွင် သူသည် ပြန်လှည့်ကြည့်ပြီး မှာကြားလိုက်သည်။
"အဘွားကြီးရေ... အိမ်မှာရှိတဲ့ အခြောက်အခြမ်းတွေကို စုထားလိုက်ဦး။ ရှောင်ရှီက အဲဒါတွေ ကြိုက်တယ်။ တကယ်လို့ မလောက်ရင် သူများအိမ်သွားပြီး လဲလိုက်ဦး။ ကလေးတွေအတွက် အိတ်နှစ်အိတ်လောက် ထုပ်ပိုးထားလိုက်၊ ငါတို့ သယ်သွားလို့ရအောင်လို့လေ"
ဝမ်ကွေ့ကျစ်က စိတ်မရှည်စွာဖြင့် သူ့ကိုနှင်ထုတ်ရင်း ပြောလိုက်သည်။ "အေးပါ အေးပါ... ပြောစရာမလိုပါဘူး။ ကလေးတွေကိုသာ မြန်မြန်သွားခေါ်ချေ။ သူတို့ ခဏလောက် ပြန်လာနိုင်ရင် အကောင်းဆုံးပဲ"
"ကောင်းပါပြီ၊ ငါသွားလိုက်ဦးမယ်..."
H ခရိုင်၏ ဆောင်းရာသီသည် ပုံမှန်အားဖြင့် အနှုတ် ၂၀ ဒီဂရီမှ ၃၀ ဒီဂရီအကြား ရှိတတ်ပြီး နှင်းများသည် ခေါင်မိုးများနှင့် သစ်ကိုင်းများကို ဖုံးလွှမ်းထားတတ်သည်။ နေရာတိုင်းတွင် ငွေရောင်နှင့် အဖြူရောင်ရှုခင်းများကိုသာ မြင်တွေ့ရမည် ဖြစ်သည်။ ရွာအများစုသည် လွန်ခဲ့သော လအနည်းငယ်ကတည်းက ဆောင်းခိုခြင်းကို စတင်ခဲ့ကြပြီး တစ်နေ့လုံး အိမ်ထဲတွင်သာနေကာ အပြင်သို့ မထွက်ကြပေ။
တိတိကျကျပြောရလျှင် သူတို့ အပြင်မထွက်ချင်ကြတာ မဟုတ်ဘဲ၊ မထွက်နိုင်ကြခြင်း ဖြစ်သည်။
လမ်းပေါ်ရှိ နှင်းထုမှာ အလွန်နက်ပြီး တိမ်သောနေရာများ၌ပင် ပေါင်လယ်လောက်အထိ ရောက်သဖြင့် လမ်းလျှောက်ရန် မဖြစ်နိုင်သလောက်ပင်။ ထိုအရာက အဆိုးဆုံး မဟုတ်သေးပေ။ အကယ်၍ သတိမထားမိဘဲ နှင်းဖုံးနေသော ကျင်းထဲသို့ ပြုတ်ကျသွားပါက မိုးနတ်မင်းကိုတိုင်တိုင်၊ မြေနတ်မင်းကိုတိုင်တိုင် အဖြေထူးမည် မဟုတ်ပေ။
သို့သော် ဟုန်ချီ ထုတ်လုပ်ရေးတပ်ဖွဲ့သည် ဤကိစ္စတွင် ခြွင်းချက်ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က လူတစ်ယောက်သည် နှင်းကျင်းထဲသို့ ပြုတ်ကျသွားပြီး ပြန်မတက်နိုင်ခဲ့ပေ။ လူတွေရှာတွေ့ချိန်တွင် ထိုသူမှာ သေဆုံးနေပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ စုချန်းကျုံးသည် အိမ်ထောင်စုတိုင်း ရွာအတွင်း နှင်းရှင်းလင်းရေးတွင် ပါဝင်ရမည်ဟု အမိန့်ထုတ်ခဲ့သည်။ အနည်းဆုံး လူတစ်ယောက်သွားနိုင်လောက်သည့် လမ်းကြောင်းတစ်ခုတော့ ရှင်းလင်းထားရမည် ဖြစ်သည်။
အစပိုင်းတွင် အချို့လူများက ညည်းညူကြသော်လည်း နောက်ပိုင်းတွင် နှင်းရှင်းလင်းခြင်းသည် ထုတ်လုပ်ရေးတပ်ဖွဲ့တစ်ခုလုံးအတွက် ကောင်းချီးတစ်ခုဖြစ်ကြောင်း သဘောပေါက်လာကြသည်။ ထို့ကြောင့် စုချန်းကျုံး ရာထူးမှ ဆင်းသွားသော်လည်း နှင်းရှင်းလင်းရေး အစီအစဉ်မှာ ဆက်၍တည်ရှိနေဆဲ ဖြစ်သည်။
သို့သော်လည်း လမ်းများမှာ ရေခဲရိုက်ပြီး ချောနေသဖြင့် စုချန်းကျုံးမှာ ဟန်ချက်ထိန်းရန် တုတ်ကောက်ကို အသုံးပြုရသည်။ ရွာရုံးခန်းသို့ရောက်ရန် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။
ရုံးခန်းသို့ ရောက်သည်နှင့် စုချန်းကျုန်းသည် အချိန်ဖြုန်းမနေတော့ပေ။ သူသည် သားကြီးကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။ သားဖြစ်သူတွင် ဖုန်းမရှိသဖြင့် စုချန်းကျုံးသည် သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့ကို ဖုန်းဆက်ပြီး သွားခေါ်ခိုင်းရသည်။