← Chapters

မင်းက သေချာပေါက်ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲ

Vol. 11 Ch. 101

မင်းက သေချာပေါက်ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲ

Vol. 11 Ch. 101

ဤပုံရိပ်သည် အားလုံးကို ကြီးမားသော ဖိအားတစ်ရပ် ပေးစွမ်းနေလေသည်။

ဦးစီးမှူးကျန်းသည် အမှန်မှာ နတ်တံတား အထွတ်အထိပ်အဆင့်ရှိသူသာ ဖြစ်သည်။

ဤအချိန်တွင် သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် တုန်ယင်သွားသည်။

သူ၏အာရုံခံနိုင်စွမ်းသည် အလွန် ထက်မြက်လှသည်။သူသည် ဤအကဲဖြတ်အဖွဲ့တွင် ပါဝင်ခွင့်ရခြင်းမှာ သူ၏ကိုယ်ပိုင် အထူးအရည်အချင်းများကြောင့် ဖြစ်ပေသည်။

အခြားသူများကျင့်ကြံထားသည့် မြူခိုးသမုဒ္ဒရာ ကျမ်းစာ၏အင်အား မည်မျှရှိသည်၊ မည်မျှ နက်ရှိုင်းသည်ကို သူ အာရုံခံနိုင်သည်။

ထို့အတူ ဤဝတ်ရုံဖြူ လူငယ်သည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကိုလည်း သူ အာရုံခံနိုင်လေသည်။

ခန့်မှန်း၍မရနိုင်သလောက်ပင်။

ဤသည်မှာ သူ၏တစ်ခုတည်းသော အမြင်ပင် ဖြစ်သည်။

၎င်းပိုင်ဆိုင်ထားသော ကျမ်းစာသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ထိုကျမ်းစာ၏ ကျယ်ပြန့်ပြီး အဆုံးအစမဲ့သော ပုံသဏ္ဌာန်ကိုသာ အာရုံခံမိပြီး ၎င်း၏စွမ်းအားအတိုင်းအတာကိုမူ အာရုံခံနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

ခန့်မှန်း၍ပင် မရနိုင်ချေ။

ဤကဲ့သို့သော မွန်းစတားတစ်ကောင်သည် အပြင်နယ်မြေတွင် မည်သို့ ရှိနေနိုင်သနည်း။

ကြည့်ရသည်မှာ သူတို့၏တာဝန်ကြေညာချက်သည် လိမ်ညာထားခြင်း မဟုတ်ပေ။

လိမ်ညာမထားရုံသာမက...

ဤလူသည် သူတို့ ဖော်ပြထားသည်ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေကြောင်း သူတို့ ခံစားလိုက်ရသည်။

"မင်း... မင်းက..."

"ရှန်းချန်ကော" ရှန်းချန်ကောသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး ရပ်တန့်လိုက်သည်။

အကဲဖြတ်အဖွဲ့ဝင်များသည် ကြောက်ရွံ့မှုကြောင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိကြသည်။

ဤလူ၏အငွေ့အသက်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

သူတို့ မသိလိုက်ခင် သူတို့၏အသက်ကို ယူဆောင်သွားနိုင်သကဲ့သို့ ခံစားနေရသည်။

"ကျွန်တော် သူ့ကို အကဲဖြတ်ပေးစေချင်လို့ပါ၊ ဒါမှ သူ မြူခိုးနေထိုင်သူ အဖွဲ့အစည်းကို ဝင်ရောက်နိုင်မှာ" ထိုအချိန်တွင် ကျိဘ၏မျက်နှာထားသည် ချက်ချင်းပင် အလွန်အမင်း ရိုသေလေးစားသော ပုံစံသို့ ပြောင်းလဲသွားပြီး ရှန်းချန်ကော၏ဘေးနားသို့ လျှောက်သွားလိုက်သည်။

"ပြောပါအုံး... မင်းရဲ့ ကျင့်ကြံမှုအဆင့်က..." ဦးစီးမှူးကျန်းသည် နဖူးမှ ချွေးစေးများကို သုတ်ရင်း ဖြည်းညှင်းစွာ မေးလိုက်သည်။

"နတ်တံတား နှောင်းပိုင်းအဆင့်"

နတ်တံတား နှောင်းပိုင်းအဆင့် လား။

ရှန်းချန်ကော ပြောလိုက်သည်နှင့် ကျိဘ၊ မိုချင်းချန်နှင့် ကျန်လူများသည် မနေနိုင်ဘဲ တုန်လှုပ်သွားကြသည်။

ဤသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။

ရှန်းချန်ကော နတ်တံတား အဆင့်သို့ ရောက်ရှိခဲ့သည်မှာ ရက်ပေါင်းမည်မျှသာရှိသေးသနည်း။

ယခုမူ သူသည် နှောင်းပိုင်းအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားပြီလော။

ကျိဘ၏မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။

လွတ်မြောက်ခြင်းအဆင့်တွင် ကြာမြင့်စွာ နေထိုင်ပါက အဆင့်တက်ချိန်တွင် ပြန်ကန်ထွက်သော အချိန်တစ်ခု ရှိသည်ဟု သူ ကြားဖူးသည်။

သို့သော် ရှန်းချန်ကော၏ပြန်လည်မြှင့်တက်လာမှုသည် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။

သူ လူရော ဟုတ်သေးရဲ့လား။

နှစ်ရက်ခန့်သာ ကြာမြင့်ပြီးနောက် နှောင်းပိုင်းအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားသည်လော။

"မင်းမှာ ပျက်သုဉ်းခြင်းချီ ရှိလား။ ဒါမှမဟုတ် ဘယ်လို နတ်ဆိုးမျိုးကို ဖွဲ့စည်းထား..."

ရှန်းချန်ကော လက်ကို အနည်းငယ် မြှောက်လိုက်သည်။

ဝုန်း

ဤတစ်ကြိမ်တွင် သိပ်သည်းသော ပျက်သုဉ်းခြင်းချီများသည် သူ၏ကိုယ်ပေါ်တွင် သံချပ်ကာအဖြစ် စုစည်းသွားခြင်း မရှိပေ။

ထိုအစား ကျယ်လောင်သော အသံဖြင့် ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ရိုင်းစိုင်းစွာ ပြန့်နှံ့သွားလေသည်။

ပျက်သုဉ်းခြင်းချီများသည် မြူမည်းများကဲ့သို့ပင် ပတ်ဝန်းကျင်၌ ရိုင်းစိုင်း ဖရိုဖရဲ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သောက်ကျိုးနည်း...ပျက်သုဉ်းခြင်းချီကြီးလား။

ဤအရာသည် အလွန်ရှားပါးလှပြီး ပျက်သုဉ်းခြင်းချီတစ်မျှင်မျှ စုစည်းနိုင်သူ မည်သူမဆို အဖွဲ့အစည်း တစ်ခုလုံး၏တန်ဖိုးထားခြင်းကို ခံရပေမည်။

အနည်းဆုံးတော့ အဖွဲ့အစည်း၏အပြင်နယ်မြေမှ လွတ်မြောက်ရန် ပြဿနာ ရှိမည် မဟုတ်ပေ။

ထို့ကြောင့် လူတိုင်း၏ရည်မှန်းချက်မှာ ပျက်သုဉ်းခြင်းချီကို ကျင့်ကြံနိုင်ရန် ဖြစ်သည်။

သို့သော် ယခုမူ...

သူ့ရှေ့မှ လူသည်...ပျက်သုဉ်းခြင်းချီများ မြစ်တစ်စင်းကဲ့သို့ ဒလဟောစီးဆင်းထွက်ပေါ်နေစေခဲ့သည်။

အလွန် ချဲ့ကားလွန်းနေသဖြင့် သူ ကျိန်ဆဲချင်စိတ် ပေါက်သွားသည်။

ဒီကောင် လူရောဟုတ်သေးရဲ့လား။

"မ... မ... မင်း..."

ရှန်းချန်ကော သက်ပြင်းချလိုက်သည်။

"အကဲဖြတ်တာ စလို့ ရပြီလား။"

ထိုအချိန်တွင် ထိုလူသည် သူ့ရင်ဘတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

ကျောက်စိမ်းပြားသည် အနည်းငယ် ထူးခြားသည်။

၎င်းသည် မြစိမ်းရောင်ရှိပြီး ရှုပ်ထွေးသော မျဉ်းကြောင်းများ ထွင်းထုထားသည်။

ထိုမျဉ်းကြောင်းများသည် အနည်းငယ် ထူးခြားပုံရသည်။

အလယ်ဗဟိုတွင် ကျောက်စိမ်းပြား၏အထက်နှင့် အောက်ကို ဆက်သွယ်ထားသော အနက်ရောင် မျဉ်းကြောင်း ကိုးကြောင်း ရှိသည်။

ဤအချိန်တွင် ဦးစီးမှူးကျန်းသာမက ကျိဘနှင့် အခြားသူများလည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။

ရှန်းချန်ကော၏မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။

သူသည် ကျောက်စိမ်းပြားကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် ငြင်းဆန်လိုစိတ် ဖြစ်ပေါ်လာသည်။

ပါရမီ...

သူ၏မျက်နှာ တင်းမာသွားသည်။

ဘေးနားတွင် ရပ်နေသော မိုချင်းချန်သည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ဤမျှစိတ်လှုပ်ရှားနေသည်ကို ယခင်က တစ်ခါမျှ မမြင်ဖူးပေ။

ရှန်းချန်ကော လက်ကို ဆန့်ထုတ်လိုက်သည်။

သူသည် ကျောက်စိမ်းပြားပေါ်သို့ လက်တင်လိုက်သည်။

မျဉ်းကြောင်း ဘယ်နှကြောင်း လင်းလက်လာမလဲ။

ဦးစီးမှူးကျန်းသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ကြောက်မက်ဖွယ်ပါရမီ မရှိဘဲ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပျက်သုဉ်းခြင်းချီကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။

မျဉ်းကြောင်း ကိုးကြောင်းစလုံး တစ်ပြိုင်နက် တုန်ခါသွားမည်လော။

ဤကဲ့သို့သော ပါရမီရှင်မျိုး မပေါ်ထွက်လာသည်မှာ နှစ်ပေါင်း မည်မျှ ကြာမြင့်ခဲ့ပြီနည်း။

ရှန်းချန်ကောသည် သူ၏ဝိညာဉ်စွမ်းအင်အငွေ့အသက် တစ်မျှင်ကို ထိုအထဲသို့ ထည့်သွင်းလိုက်သည်။

ထို့နောက်တွင်

ကျောက်စိမ်းပြားသည် ရုတ်တရက် တောက်ပလာသည်။

ကျောက်စိမ်းပြားသည် ပြင်းထန်စွာ တုန်ခါလာလေသည်။

အရာတစ်ခုခုသည် ထိုအထဲမှ ခုန်ထွက်လာတော့မည့်အလား ဖြစ်နေသည်။

ဒါက

ရှန်းချန်ကော ရင်ထိတ်သွားသည်။

သူသည် ချက်ချင်းပင် မူလသို့ပြန်လည်ခြင်းကျင့်စဉ်ဖြစ်သော ပုံရိပ်ဖန်တီးခြင်း နည်းစနစ် ကို အသုံးပြုကာ ကျောက်စိမ်းပြားမှတစ်ဆင့် သူ၏ ပါရမီကို ပုံဖော်ကြည့်လိုက်သည်။

အလွန် နိမ့်ကျနေသည်။

မျဉ်းကြောင်း တစ်ကြောင်းမျှ ပေါ်လာမည် မဟုတ်ပေ။ကျောက်စိမ်းပြား တုန်ခါနေခြင်းမှာ ရှန်းချန်ကောက ဝိညာဉ်စွမ်းအင်နှင့် ပျက်သုဉ်းခြင်းချီများကို အလွန်အကျွံ ထည့်သွင်းလိုက်သောကြောင့်သာ ဖြစ်သည်။

'ထင်ထားသည့်အတိုင်းပဲ..ငါ့ပါရမီက သွေးအန်စေတဲ့ထိ ဆိုးရွားနေတုန်းပါလား'

မဖြစ်ဘူး

သူ့လက်များ တုန်ရီသွားသည်။

ဝုန်း

ဧရာမပျက်သုဉ်းခြင်းချီပမာဏကြီးသည် ရုတ်တရက် ထိုအထဲသို့ ပေါင်းစပ် ဝင်ရောက်သွားသည်။

ကျောက်စိမ်းပြား မလှုပ်မရပ်ဖြစ်သွားတော့သည်။

လူတိုင်း၏မျက်လုံးထဲတွင် ကျောက်စိမ်းပြားသည် မူလက ရူးသွပ်မတတ် တုန်ခါနေခဲ့သည်။

သို့သော် လျင်မြန်စွာပင် တုန်ခါနေရင်းမှ အလင်းရောင်စက်ဝန်းတစ်ခုကို ထုတ်လွှတ်လာသည်။

မျဉ်းကြောင်း ကိုးကြောင်းထဲမှ တစ်ကြောင်းမျှပင် မမြင်ရပေ။

သို့သော် ဆက်တိုက် တုန်ခါနေမှုနှင့် အလင်းရောင်စက်ဝန်းပေါက်ကွဲထွက်ပေါ်လာသော မြင်ကွင်းကြောင့် ဦးစီးမှူးကျန်းနှင့် ကျိဘတို့၏ မျက်လုံးထောင့်များ ပြင်းထန်စွာ လှုပ်ခတ်သွားကြသည်။

ကလစ်...

ကလစ်...

ကလစ်

ကျောက်စိမ်းပြား စတင် အက်ကွဲလာလေ၏။

ထို့နောက် ပေါက်ကွဲသွားလေတော့သည်။

ဦးစီးမှူးကျန်း နှင့် ကျိဘတို့ ဆွံ့အသွားကြတော့သည်။

မိုချင်းချန် သည်လည်း ထိုအတူပင်။

လူတိုင်း ခေါင်းထဲတွင် မေးခွန်းထုတ်စရာများဖြင့် ပြည့်နှက်သွားသည်။

ကျောက်စိမ်းပြား ပေါက်ကွဲသွားပြီလား။ဘာတွေ ဖြစ်ကုန်တာလဲ။

ရှန်းချန်ကော အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ မျက်နှာထားမှာ အလွန် အရုပ်ဆိုးနေသည်။

သူ ထုတ်ဖော်ခံရတော့မလို့ မဟုတ်လောက်ပါလော...

အကယ်၍ ဤလူအုပ်စုသာ သူ၏ပါရမီအကြောင်း သိသွားလျှင်...

"ဦးစီးမှူးကျန်း... ဘာတွေ ဖြစ်ကုန်တာလဲ။ ကျွန်တော် ဒီလို အခြေအနေမျိုး တစ်ခါမှ မမြင်ဖူးဘူး... မျဉ်းကြောင်း တစ်ကြောင်းမှ မလင်းဘဲ ကျောက်စိမ်းပြား ပေါက်ကွဲသွားတယ် ဟုတ်လား။ ဒါ..." ကျိဘ အနည်းငယ် တုန်လှုပ်ချောက်ချားသွားသည်။

တကယ်ကို ဘာဖြစ်နေတာလည်း။

ဤသို့ဆိုလျှင် သူ အချိန်အကြာကြီး တည်ဆောက်ထားခဲ့သော ပုံရိပ်ကြီးပြိုလဲသွားတော့မည်လော။

သို့သော် ထိုအချိန်၌ပင်။

ဦးစီးမှူးကျန်းသည် ရှန်းချန်ကောကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။

"ဦးစီးမှူးကျန်း... ဘာတွေ ဖြစ်ကုန်တာလဲ။ ကျွန်တော် ဒီလို အခြေအနေမျိုး တစ်ခါမှ မမြင်ဖူးဘူး... မျဉ်းကြောင်း တစ်ကြောင်းမှ မလင်းဘဲ ကျောက်စိမ်းပြား ပေါက်ကွဲသွားတယ် ဟုတ်လား။ ဒါ..." ကျိဘ အနည်းငယ် တုန်လှုပ်နေဆဲပင်။

တကယ်တော့ ဘာဖြစ်နေသနည်း။

သူ ဒီလို အခြေအနေမျိုး တစ်ခါမှ မမြင်ဖူးပေ

။

သူသိထားသည်မှာ...

မျဉ်းကြောင်း ကိုးကြောင်း လင်းလက်လာစေရန်မှာ အမှန်တကယ် မလွယ်ကူပေ။

မျဉ်းကြောင်း တစ်ကြောင်းသည် အလွန်သာမန်ဆန်သောပါရမီဟု သတ်မှတ်သည်။

သုံးကြောင်းဆိုလျှင် ပါရမီရှင် ဖြစ်လာမည်၊ လေးကြောင်းဆိုလျှင် မွန်းစတားအဆင့် ဖြစ်လာမည်၊ ငါးကြောင်းနှင့် ပါရမီရှင် ပေါ်ထွက်လာပါက အဖွဲ့အစည်း၏အတွင်းပိုင်း သို့ တိုက်ရိုက် ခေါ်ယူခြင်း ခံရမည် ဖြစ်သည်။

သို့သော် ရှန်းချန်ကောသည် မျဉ်းကြောင်း တစ်ကြောင်းမျှပင် မလင်းလက်မီ ကျောက်စိမ်းပြား ပေါက်ကွဲသွားခဲ့သည်။

"ဦးစီးမှူးကျန်း... ခင်ဗျားက ဗဟုသုတ ကြွယ်ဝတယ်လေ။ ဘာဖြစ်တာလဲဆိုတာ ပြောပြပါဦး။"

ဦးစီးမှူးကျန်း၏မျက်နှာထား ပိုမို ရှုပ်ထွေးလာသည်။

ရှန်းချန်ကော ရင်ထိတ်သွားသည်။

သူသည် ဘာသိဘာသာမျက်နှာထားဖြင့် ရပ်နေသော်လည်း သူ၏စိတ်ထဲတွင်မူ လူငယ် ရှေးဟောင်းနတ်ဘုရားနှင့် ရင်ဆိုင်ရစဉ်ကထက်ပင် ပိုမို စိတ်လှုပ်ရှားနေမိသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောက်ချက်ချနိုင်တဲ့ အချက် နှစ်ချက် ရှိတယ်။"

"တစ်အချက်က သူ မျဉ်းကြောင်း တစ်ကြောင်းမှ မလင်းလက်ခဲ့ဘူး။ ငါ့အမြင်အရတော့ သူ့မှာ ဒီလောက် နိမ့်ကျတဲ့ ပါရမီမျိုး ရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူး။"

ရှန်းချန်ကော၏မျက်နှာထား မကောင်းလှသော်လည်း ဘာမျှ ဝင်မပြောပေ။

ထိုလူ ဆက်ပြောလိုက်သည်။

"နှစ်အချက်က ကျောက်စိမ်းပြား တကယ် ပေါက်ကွဲသွားတယ်။ ကျောက်စိမ်းပြားရဲ့ ဖွဲ့စည်းပုံက အရမ်းထူးခြားပြီး သာမန် နည်းလမ်းတွေနဲ့ ဒါကို ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ငါ့မှာ ထင်မြင်ချက် တစ်ခု ရှိတယ်။"

ဦးစီးမှူးကျန်းသည် ရှန်းချန်ကော၏ပါရမီ အမှိုက်ဖြစ်သည်ဟု ယုံကြည်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ရှန်းချန်ကော ထိုနေရာ၌ ရပ်နေရုံဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရှန်းချန်ကောသည် အမှိုက်ဖြစ်သည်ဟု သူ လုံးဝ ယုံကြည်မည် မဟုတ်ပေ။

ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။

"သောက်ကျိုးနည်း... မင်းက သေချာပေါက် ကျောက်စိမ်းပြားရဲ့ တိုင်းတာနိုင်စွမ်းပမာဏကို ကျော်လွန်သွားတဲ့ ထိပ်တန်း မွန်းစတားပါရမီရှင်ကြီးတစ်ယောက်ပဲ"

"ကျောက်စိမ်းပြား စမ်းသပ်နိုင်တဲ့ ပါရမီအဆင့်နဲ့ ယှဉ်ရင် မင်းက လုံးဝ ကွဲပြားခြားနားတဲ့ အဆင့်အတန်းတစ်ခုမှာ ရှိနေတဲ့သူပဲ"

ရှန်းချန်ကောသည် နေရာ၌ပင် ရပ်နေရင်း ပတ်ဝန်းကျင်ရှိ လူများထံမှ အံ့အားသင့်သော အကြည့်များကို ခံစားနေရသည်။

သူသည် မနေနိုင်ဘဲ နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။

ဟုတ်တယ်... မင်းတို့ ပြောတာ မှန်တယ်။

သို့သော် သူသည် အလွန်လေးနက်သော မျက်နှာထားဖြင့် ဦးစီးမှူးကျန်းကို ကြည့်လိုက်ပြီး မေးလိုက်သည်။

"တကယ် အဲဒီလို ဖြစ်နိုင်လို့လား။"

All Chapters