← Chapters

နတ်ဘုရားတမန်တော် ရောက်ရှိလာခြင်း

Vol. 11 Ch. 103

နတ်ဘုရားတမန်တော် ရောက်ရှိလာခြင်း

Vol. 11 Ch. 103

ဒါက ဘယ်လိုမျိုး ဓားထိန်းချုပ်မှုအဆင့်လဲ..

ဦးစီးမှူးကျန်း၏မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။

ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူသည် ဓားလမ်းစဉ်ကို နားမလည်သော ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ဝတ်ရုံနက်ကျွမ်းကျွင်သူများနှင့် ထိတွေ့ဖူးသည်။

ဝတ်ရုံနက်အဖွဲ့အစည်းနှင့် မြူခိုးလူသားအဖွဲ့အစည်းတို့သည် အမှောင်ထဲတွင် တိုက်ခိုက်နေကြပြီး တစ်ဖက်နှင့်တစ်ဖက် ကြည့်မရကြပေ။

အပြင်လောကတွင် သူတို့ မကြာခဏ ပဋိပက္ခဖြစ်နိုင်သော်လည်း အမှန်တကယ် မြင့်မားသောအဆင့်သို့ ရောက်ရှိချိန်တွင်မူ ထိုအဖွဲ့နှစ်ခုသည် တစ်ဦးကိုတစ်ဦး ကူညီကြလေသည်။

သူတို့သည် ရှေးဟောင်းနတ်ဘုရား ချောက်နက်နက်ကို အတူတကွ ဖိနှိပ်ကြရသည်။

သူသည် ဝတ်ရုံနက်အဖွဲ့၏အထက်တန်းလွှာများနှင့် သူတို့၏ဓားများကို များစွာ မြင်ဖူးသည်။

သူတို့ထဲတွင် ဓားထိန်းချုပ်မှုနည်းစနစ်၌ ယင်ဒြပ်စင်ငါးမျိုး အဆင့်အထိ ရောက်ရှိသော ကျွမ်းကျင်သူများပင် ပါဝင်သည်။

သို့သော် သူ၏အမြင်အရ ထိုကျွမ်းကျင်သူများသည်ပင် ယခုရှေ့မှောက်ရှိ ဝတ်ရုံဖြူလူငယ်၏ ခြေဖနောင့်ကိုပင် မှီရန် အရည်အချင်းမရှိဟု ခံစားနေရသည်။

၎င်းမှာ အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်ခြင်းအရှိန်အဝါပြင်းထန်သော ဓားဆန္ဒ ပင် ဖြစ်သည်။

သူ ဓားဆွဲထုတ်လိုက်သည့်အချိန်တွင်...အခြားမည်သူမျှ ဓားဆွဲထုတ်ရန် သတ္တိမရှိကြတော့ပေ။

ဝုန်း

ဧရာမ ဓားအလင်းတန်းကြီး တစ်ခုသည် ကြယ်တာရာမြစ်ကြီးကဲ့သို့ တောက်ပစွာ ပေါက်ကွဲထွက်ပေါ်လာသည်။

သူတို့ ဖြေရှင်းရန် မဖြစ်နိုင်ဟု ထင်ထားခဲ့သော ကူးပြောင်းခြင်းအဆင့် နတ်ဆိုးဘုရင်မှာ နှစ်ပိုင်း ပြတ်သွားလေပြီ။

"ဒါက..."

သူတို့၏မျက်လုံးများမှာ ပြူးကျယ်နေကြသည်။

အချက်အလက်များကို မှတ်တမ်းတင်နေသောသူမှာလည်း လက်ထဲတွင် စာအုပ်ငယ်လေးကို ကိုင်ထားရင်း ဆွံ့အလျက် ရှိနေသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

ဒါ ဘယ်လို သရဲသဘက်မျိုးလဲ။

နတ်ဆိုးဘုရင်က ဒီလောက် အလွယ်တကူ အသတ်ခံလိုက်ရတာလား။

ခဏချင်းမှာပင် ဤလူများအားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။

"မ... မ... မင်း..."

"လှုပ်ရှားမှုကိုရော စမ်းသပ်ဖို့ လိုသေးလား။" ရှန်းချန်ကောသည် သူတို့၏အံ့အားသင့်မှုကို ဂရုမစိုက်ပေ။

တိတိကျကျ ပြောရလျှင် သူတို့၏အံ့အားသင့်မှုမှာ သဘာဝကျသည်ဟု သူ တွေးထားသည်။

အကယ်၍ သူတို့ အံ့သြမသွားလျှင်မှ ထူးဆန်းနေပေလိမ့်မည်။

လက်ရှိမှာတော့ သူသည် တည်ငြိမ်အေးဆေးစွာ စကားပြောလိုက်သည်။

လှုပ်ရှားမှုကိုရော စမ်းသပ်ရဦးမှာလား။

ထိုအခါမှသာ သူတို့သည် စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်ရန် ရှိသေးကြောင်း ရုတ်တရက် သတိရသွားကြသည်။

သို့သော်လည်း...

အမှန်တကယ်တွင် သူ၏ဓားချက်ကို ကြည့်ရုံဖြင့် ရှန်းချန်ကောသည် ထိပ်တန်း နတ်ဘုရားတစ်ပိုင်း အလားအလာရှိသူ ဖြစ်ကြောင်း တိုက်ရိုက် ဆုံးဖြတ်နိုင်ပေပြီ။

လူသား ၊ ဘုရင် နှင့် နတ်ဘုရားတစ်ပိုင်း

ဤသည်မှာ လက်ရှိတွင် သူတို့ သတ်မှတ်ပေးနိုင်သော အလားအလာ အဆင့်သုံးဆင့် ဖြစ်သည်။

နတ်ဘုရားတစ်ပိုင်း အလားအလာသည် အမြင့်ဆုံးအဆင့် ဖြစ်သည်။

အခြေခံအားဖြင့် မြူခိုးနေထိုင်သူအဖွဲ့အစည်းသို့ ဝင်ရောက်သည်နှင့် အမြင့်ဆုံးအဆင့် လေ့ကျင့်မှုများကို တိုက်ရိုက် ရရှိမည် ဖြစ်သည်။

နတ်ဘုရားတမန်တော်ကြိုတင်အဆင့်သတ်မှတ်ချက်ထဲသို့ တိုက်ရိုက် ခန့်အပ်ကောင်း ခန့်အပ်ခံရပေလိမ့်မည်။

သူရဲ့လှုပ်ရှားခြင်းနည်းစနစ်ကရော...ဘယ်အဆင့်မှာ ရှိနေမလဲ။

ရှန်းချန်ကော၏ယခင်တိုက်ခိုက်မှုက သူသည် နတ်ဘုရားတစ်ပိုင်း အလားအလာရှိသူ ဖြစ်ကြောင်း သက်သေပြခဲ့သော်လည်း သူတို့ စမ်းသပ်ကြည့်ရဦးမည်။

"ကောင်းပြီ... စလိုက်ရအောင်။"

သူ အမိန့်ပေးလိုက်သည်။

သို့သော် ရှန်းချန်ကောသည် မလှုပ်မယှက်ဘဲ ထိုနေရာ၌ပင် ရပ်နေသည်။

သူသည် ငေးငိုင်နေသည့်အလား ရှိနေပြီး တစ်ကိုယ်လုံးမှာ ငြိမ်သက်နေသော ပန်းချီကားတစ်ချပ်ကဲ့သို့ အေးခဲနေသည်။

ဟင်

"ဘာလို့ မစသေးတာလဲ။"

ဦးစီးမှူးကျန်း၏မျက်နှာထားမှာ အနည်းငယ် ထူးဆန်းနေသည်။

သူ တစ်ခုခုကို အချိန်ယူ ပြင်ဆင်နေတာလား။

ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်သဖြင့် သူ ချွေးစေးများ ထွက်လာခဲ့သည်။

"ကျွန်တော် စလိုက်ပြီလေ။"

ပေါ့ပါးသော အသံသည် သူ၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ခဏချင်းမှာပင် သူသည် ရှန်းချန်ကောကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။

သူသည် မိမိဘေးနားတွင် အချိန်အကြာကြီး ရပ်နေခဲ့သကဲ့သို့ ခံစားလိုက်ရသည်။

သူ ပြန်လှည့်ကြည့်လိုက်သောအခါ 'ရှန်းချန်ကော' မှာ မူလနေရာ၌ ရပ်နေဆဲဖြစ်သော်လည်း မျက်နှာအမူအရာမှာ မှေးမှိန်နေသည်။

ထို့နောက် လေအဝှေ့တွင် ထို 'ရှန်းချန်ကော' မှာ လွင့်ပါးပျောက်ကွယ်သွားလေတော့သည်။

လှုပ်ရှားနည်းစနစ်၏ အထွတ်အထိပ် အဆင့်

ဒီကောင်လေးက ဘယ်လောက်ထိ သရဲသဘက်ဆန်နေတာလဲ။

ချက်ချင်းပင် သူ့တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာခဲ့သည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

အမှန်စင်စစ် သာမန် အရိပ်ရွေ့လျားခြင်းသည် မျက်စိဖြင့် မလိုက်နိုင်လောက်အောင် မြန်ရုံသာ ဖြစ်သည်။

သို့သော် ရှန်းချန်ကောမှာမူ သူ၏အရိပ်ကို ထိုနေရာတွင် အကြာကြီး ကျန်ရစ်နေအောင် ပြုလုပ်နိုင်ပြီး တစ်ဖက်လူမှ သတိမထားမိအောင် စွမ်းဆောင်နိုင်သည်။

ဤသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဒါက ဒုတိယအဆင့်ဖြစ်တဲ့ အရိပ်ခွဲထုတ်ခြင်း နဲ့ နီးစပ်နေပြီ။

ဆိုလိုသည်မှာ သူသည် အနည်းဆုံးတော့ အမှန်တရားပြန်လည်ခြင်းအဆင့် လှုပ်ခြားခြင်းနည်းစနစ် သို့မဟုတ် ကပ်ဘေးအဆင့် လှုပ်ခြားခြင်းနည်းစနစ်ကိုပင် ကျွမ်းကျင်ထားခြင်း ဖြစ်နိုင်သည်။

ဤအရာက အလွန် ချဲ့ကားလွန်းလှသည်။

သူ၏ဓားပညာဖြစ်စေ၊ လှုပ်ရှားခြင်းပညာဖြစ်စေ သူတို့အားလုံးကို တုန်လှုပ်စေမည့် အဆင့်သို့ ရောက်ရှိနေလေပြီ။

သူ၏မြူခိုးသမုဒ္ဒရာ ကျမ်းစာအတွက်မူ...

အမှန်တကယ်တော့ စမ်းသပ်နေရန်ပင် မလိုတော့ပေ။

အဘယ်ကြောင့်ဆိုသော် ရှန်းချန်ကော၏ ပျကိသုဉ်းခြင်းချီများ တိုက်ရိုက် ပေါက်ကွဲထွက်လာသည်ကို သူတို့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

သူ ကျွမ်းကျင်ထားသော မြူခိုးသမုဒ္ဒရာ ကျမ်းစာသည် သေချာပေါက် အလွန် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

ဤသည်မှာ သူတို့၏နားလည်နိုင်စွမ်းကို ကျော်လွန်နေသော ဖြစ်တည်မှုတစ်ခုပင်။

ကူပြောင်းခြင်းအဆင့်ရှိသော ဓားသမားတစ်ဦးကပင် အဘယ်ကြောင့်အဖွဲ့သို့လျှောက်ထားပြီး ရှန်းချန်ကောကို ကိုယ်တိုင်လာခေါ်ရန် တောင်းဆိုခဲ့သည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြလေပြီ။

ဤလူမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှ၏။

မြူခိုးသမုဒ္ဒရာအဖွဲ့အစည်းမှ သူ့အားစုဆောင်းဋိုင်ရန် စည်းမျဉ်းများပြုပြင်လိုက်ရသည်ပင် ထိုက်တန်လေ၏။

ထို့အပြင်...

ဤအဆင့်ရှိသောသူက မြူခိုးနေထိုင်သူအဖွဲ့ထဲ ရောက်သွားလျှင်ပင် ဓားသမားတွေများအား အထင်သေးသောသူများ သူ့ကိုရန်စရဲတော့မည်မဟုတ်ပေ။

သူတို့သည် ရှန်းချန်ကော၏လွတ်လပ်ပြီး ထူးခြားသောနတ်ဘုရားတစ်ပါးကဲ့သို့ အမူအရာ၊ သူ၏ခန့်ညားသော ကိုယ်လုံးကိုယ်ပေါက်နှင့် ချောမောသောမျက်နှာကို ကြည့်ရင်း သက်ပြင်းချလိုက်ကြသည်။

သူသည် မြူခိုးနေထိုင်သူ အဖွဲ့အစည်း တစ်ခုလုံးတွင် မနာလိုဆုံးအမုန်းဆုံးခံရဆုံးဖြစ်တည်မှု ဖြစ်လာပေလိမ့်မည်။

အဘယ်ကြောင့်ဆိုလျှင်တော့...

သူဟာ လွန်စွာချောမောခန့်ညား၍ပင်‌ဖြစ်လေ၏။

"မြူခိုးသမုဒ္ဒရာ ကျမ်းစာကိုရော စမ်းသပ်ဖို့ လိုသေးလား။" ထိုအချိန်တွင် အဖွဲ့ထဲမှ တစ်စုံတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု ခံလိုက်ရပုံရသည်။

သူသည် အသက်ရှူရကျပ်ပြီး မွန်းကြပ်မှုကိုသာ ခံစားနေရသည်။

သူသည် ဤနေရာမှ ထွက်ပြေးချင်နေလေပြီ။

ဒီလူက...ချောလည်း ချောတယ်။

နတ်ဆိုးဘုရင်ကိုလည်း ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တယ်။

လှုပ်ရှားခြင်းနည်းစနစ်မှာလည်း အထွတ်အထိပ် အဆင့်ကို ရောက်နေတယ်။

ဒါက တကယ့်ကို လမ်းလျှောက်နေတဲ့ လူသားနှိပ်စက်စက်ကြီးပဲ။

မင်းက မင်းတို့မျိုးဆက်ရဲ့ပါရမီရှင်တွေကို ဘယ်လိုများ အသက်ရှင်ခွင့် ပေးဦးမှာလဲ။

လက်ရှိအချိန်မှာတော့ ရှန်းချန်ကောသည် သူတို့အား ခြောက်လှန့်ရန်အတွက် မဟာပျက်သုဉ်းခြင်း ကျမ်းစာ ကို အသုံးပြုရမလားဟု စဉ်းစားနေဆဲ ဖြစ်သည်။

ရုတ်တရက် မြူနက်များကြားတွင် ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ပြန့်နှံ့ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ"

"အရမ်းကို ကြောက်စရာကောင်းတဲ့ အငွေ့အသက်ပဲ ဘာလို့ ဒီလို ဖြစ်တည်မှုမျိုးက အပြင်နယ်မြေမှာ ရုတ်တရက် ပေါ်လာရတာလဲ။"

ခဏချင်းမှာပင် သူတို့၏မျက်နှာများနှင့် ခန္ဓာကိုယ်များ တုန်ရီလာကြသည်။

ထိုအငွေ့အသက်မှာ... အနန္တအမှောင်ထုအဆင့် ပင် ဖြစ်သည်။

ဓား၏ထက်ရှမှုပါဝင်သော ဤကြောက်မက်ဖွယ် အငွေ့အသက်သည် ကောင်းကင်ဘုံဓားဂိုဏ်း၏ အပြင်ဘက်တွင် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

၎င်းသည် ဤနေရာရှိ အရာအားလုံးကို နှိမ်နင်းတော့မည့် တောင်တန်းနှင့် ပင်လယ်ကဲ့သို့ ဖြစ်နေသည်။

ရှန်းချန်ကော၏မျက်လုံးများ ရုတ်တရက် အေးစက်သွားလေသည်။

သူသည် ဤနေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။

"ဒါက... ခဏလေး ဒီအငွေ့အသက်ကို ငါ အရင်က ခံစားဖူးတယ်။ ဒါက ဝတ်ရုံနက်အဖွဲ့ရဲ့ အဆင့် ၇ နတ်ဘုရားတမန်တော် ရဲ့ အငွေ့အသက်ပဲ သောက်ကျိုးနဲ... ဘာလို့ အဲ့ဒီအဆင့်ရှိတဲ့သူက ဒီကို ရုတ်တရက် ရောက်လာရတာလဲ"

ခဏချင်းမှာပင် မြူခိုးနေထိုင်သူ အကဲဖြတ်အဖွဲ့ဝင်များ၏မျက်နှာများ ပြင်းထန်စွာ ပြောင်းလဲသွားသည်။

ဝတ်ရုံနက်အဖွဲ့မှ နတ်ဘုရားတမန်တော် တစ်ဦးက အဘယ်ကြောင့် ဤနေရာတွက် ထွက်ပေါ်လာရသနည်း။

မည်သို့သောအရာများဖြစ်နေသနည်း။

လက်ရှိအချိန်တွင် သူတို့သည် ထိုခမ်းနားသော အငွေ့အသက်ကို ခံစားရင်း တုန်ရီနေရုံသာ တတ်နိုင်ကြသည်။

ဘယ်လို လုပ်ကြမလဲ။

ဝတ်ရုံနက် နတ်ဘုရားတမန်တော် ရောက်လာပြီ...

ပြီးတော့ အငွေ့အသက်အရ ကြည့်ရတာ ဒါက လုံးဝ မိတ်ဆွေဖွဲ့ဖို့ လာတာ မဟုတ်ဘူး...

"ဒီတိုင်းနေလို့ မဖြစ်ဘူး။ အဖွဲ့အစည်းကို မြန်မြန် အကြောင်းကြားရမယ်။ ဝတ်ရုံနက် နတ်ဘုရားတမန်တော် ရောက်လာတာကို ကြည့်ရင် ငါ့မှာ မကောင်းတဲ့ ခံစားချက် ရှိနေတယ်။အကယ်လို့ အဲဒီလိုဖြစ်လာရင်တော့ ရှန်းချန်ကောရဲ့ပါရမီကို သိထားတဲ့ အဖွဲ့အစည်းက ဒီတိုင်း ကြည့်နေမှာ မဟုတ်ဘူး နတ်ဘုရားတစ်ပိုင်း အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်ကို ငါတို့ တွေ့ထားတယ်ဆိုတာ ချက်ချင်း အကြောင်းကြားလိုက်"

ခဏချင်းမှာပင် ဦးစီးမှူးကျန်း တစ်ကိုယ်လုံး တုန်ရီသွားသည်။

သူသည် နည်းလမ်းရှာရန် အလျင်အမြန် ကြိုးစားလေတော့သည်။

သူသည် အဖွဲ့အစည်းထံမှ အကူအညီ တောင်းရန်သာ တတ်နိုင်တော့သည်။

ထိုအချိန်၌ပင်...

ခမ်းနားသော မြူနက်များသည် လေထဲတွင် လိပ်တက်လာသည်။

ခဏချင်းမှာပင် အဆုံးမရှိသော ဖိအားများ တိုးဝင်လာသည်။

ပုံရိပ်တစ်ခုသည် ကောင်းကင်ဘုံဓားဂိုဏ်း၏ အပြင်ဘက်တွင် ထွက်ပေါ်လာပြီး သူတို့ကို စိုက်ကြည့်နေသည်။

သူ၏အငွေ့အသက်များ လှုပ်ခတ်လာသည်နှင့်အမျှ မြူနက်များသည် ဆူပွက်နေသည့်အလား ထင်ရသည်။

"မင်းတို့က ငါတို့ရဲ့အဓိက အဖွဲ့ဝင်တစ်ယောက်ကို သတ်ခဲ့တယ်၊ ပြီးတော့ ငါ့ရဲ့သားကိုပါ သတ်ခဲ့တယ်"

"သေလိုက်စမ်း"

ဘုန်း

သာယာနေ‌သောနေ့တွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ထက်မြက်သော ဓားချီများ ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။

All Chapters