တုန်လှုပ်ဖွယ်ရာ
Vol. 11 Ch. 109
ယခုအချိန်တွင် အပြင်ဘက်ရှိ လူတိုင်းသည် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မြင်တွေ့နေရသည်။
အနက်ရောင်ဝတ်ရုံဝတ် နတ်ဘုရားတမန်တော် ဖြစ်ပြီး အနန္တအမှောင်ထုအဆင့် ရှိသော အထွတ်အထိပ် စွမ်းအားရှင် လင်းရွှီယွမ်သည် ကြောက်မက်ဖွယ် ကောင်းလှသော အနက်ရောင်မြူခိုးများ၏ ဝါးမြိုခြင်းကို ခံနေရသည်။
လင်းရွှီယွမ်သည် ရုန်းကန်ရန် ကြိုးစားသော်လည်း အနက်ရောင်မြူခိုးများသည် အရိုးထဲစွဲနေသော လောက်ကောင်များကဲ့သို့ နောက်ဆုံးတွင် သူ့ကို ဝါးမြိုသွားလေသည်။
"အဲဒီ အနက်ရောင်မြူခိုးက ဘာကြီးလဲ..." ချင်းရွှမ် ၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားပြီး မျက်လုံးများထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။
အနက်ရောင်မြူခိုး၏ ဖြစ်တည်မှုသည် သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။
၎င်းမြူခိုးများထဲတွင် ရွှေရောင်နှင့် ငွေရောင် ကြိုးမျှင်အချို့ ပါဝင်နေပုံရပြီး ရှန်းချန်ကော၏ အနက်ရောင်မြူခိုးများနှင့်အတူ ရူးသွပ်စွာ မြင့်တက်လာသည်။
ဟူးလားလား
အချိန်အတန်ကြာပြီးနောက်။
အနက်ရောင်မြူခိုးများ တဖြည်းဖြည်း ကွဲပြယ်သွားသည်။
ထို့နောက် သူတို့သည် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
သတ်ဖြတ်ခြင်းနည်းစနစ်များကို ထိန်းချုပ်ထားသော အနက်ရောင်ဝတ်ရုံဝတ် နတ်ဘုရားတမန်တော် သည် ယခုအခါ မြေပြင်ပေါ်တွင် လဲကျနေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အညှစ်ခံထားရသကဲ့သို့ ခြောက်ကပ်နေပြီ ဖြစ်သည်။
အနန္တအမှောင်ထုအဆင့် ရှိသော နတ်ဘုရားတမန်တော်။
သူ အသတ်ခံလိုက်ရပြီ...
ချင်းရွှမ် အသက်ပြင်းပြင်း ရှူလိုက်သည်။
ရှန်းချန်ကောသည် အထက်လူကြီးအချို့ကို ဒေါသထွက်အောင် လုပ်မိတော့မည် ဖြစ်သည်။
သို့သော်...
သူသည် ဖရိုဖရဲဖြစ်နေသော အနက်ရောင်မြူခိုးများအလယ်တွင် လက်ကို ဝှေ့ယမ်းကာ ရပ်နေသော၊ နတ်ဘုရားတံတားအဆင့် နှောင်းပိုင်းသာ ရှိသေးသည့် ရှန်းချန်ကောကို ကြည့်နေမိသည်။
'ဒီကောင်လေး'
သူမညိမျှအထိ မွန်းစတားဆန်လိုက်နေသနည်း။
သူသည် နတ်ဘုရားတံတားအဆင့် နှောင်းပိုင်းသာ ရှိသေး၏။အကယ်၍ သူသာ ကူးပြောင်းခြင်းအဆင့်သို့ တက်လှမ်းသွားလျှင်၊ သို့မဟုတ် အနန္တအမှောင်ထုအဆင့် သို့ ရောက်သွားလျှင် မည်သည့်အရာဖြစ်သွားမည်နည်းယ။
"ရှေးဟောင်းနတ်ဘုရား နဲ့ ယှဉ်နိုင်တယ်၊ သေချာပေါက် ရှေးဟောင်းနတ်ဘုရား နဲ့ ယှဉ်နိုင်တယ် ရှေးဟောင်းနတ်ဘုရားရဲ့ မျိုးဆက်တွေက ရှေးဟောင်းနတ်ဘုရားစိတ်ဆန္ဒကို အမွေဆက်ခံထားရရင်တောင်မှ၊ ငါတို့ စိုးရိမ်စရာ မလိုတော့ဘူး"
အနည်းဆုံးတော့ သူ ကြီးပြင်းလာပြီ။
မြူခိုးသမုဒ္ဒရာ အတွက် အဆင်ပြေသွားပြီ။
ဒါက ရှေးဟောင်းနတ်ဘုရားအဆင့်ရှိတဲ့ အနန္တအမှောင်ထုအဆင့်အဆင့် ကျွမ်းကျင်သူတစ်ဦးရဲ့ စွမ်းအားပဲ။
"ဒါပေမဲ့... သူက အနက်ရောင်ဝတ်ရုံဝတ် နတ်ဘုရားတမန်တော် တစ်ယောက်ကို သတ်လိုက်တာနော်... လူတချို့က ဒီကိစ္စကို ဒီတိုင်း ထားလိုက်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်..."
"ဟွန့်၊ အဲဒါကို ငါတို့က ဘာလုပ်နိုင်မှာလဲ" ချင်းရွှမ်က လှောင်ပြောင်လိုက်သည်။
"သူက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ အမှောင်နတ်ဘုရားကျောက်တိုင်ရဲ့ မဟာပျက်သုဉ်းခြင်းကမ္ဘာ မှာ နတ်ဘုရားတံတားအဆင့် ကို ချိုးဖောက်ဝင်ရောက်ခဲ့တာ။ အခု သူက နတ်ဘုရားတံတားအဆင့် နှောင်းပိုင်းကို ရောက်နေပြီ။ မဟာပျက်သုဉ်းခြင်းကမ္ဘာမှာ အဆင့်တက်ရင် အမြဲတမ်း အဆင့်ပြန်ကန်တက်လေ့ ရှိပေမယ့် သူ့ရဲ့ တိုးတက်မှုနှုန်းက အရမ်း ကြောက်စရာကောင်းနေတုန်းပဲ။ အကယ်လို့ သူ့ကို အချိန်လုံလောက်အောင် ပေးလိုက်ရင်၊ သူ ကူးပြောင်းခြင်းအဆင့် ကို ရောက်တဲ့အခါ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်နဲ့ဆိုရင် အဲဒီ နာမည်ကြီး လူကြီးလူကောင်းတွေ ဒေါသထွက်လည်း ဘာလုပ်နိုင်မှာလဲ"
"အနက်ရောင်ဝတ်ရုံ ရွှေရောင်သင်္ကေတတမန်တော် ကိစ္စကို ငါ့တာဝန်သာ ထားလိုက်" ချင်းရွှမ်က အေးစက်စွာ နှာမှုတ်လိုက်သည်။
သူသည် ငွေရောင်သင်္ကေတတမန်တော်သာ ဖြစ်သော်လည်း ရွှေရောင်သင်္ကေတ တမန်တော်ကို မကြောက်ပေ။
ရွှေရောင်နှင့် ငွေရောင် သင်္ကေတ တမန်တော်များသည် အဖွဲ့အစည်းကြီး နှစ်ခု၏ မြူခိုးသမုဒ္ဒရာ ထိန်းချုပ်သူများ ဖြစ်ကြသည်။
ရွှေရောင်က အဓိကဖြစ်ပြီး ငွေရောင်က ဒုတိယဖြစ်သည်။
သူတို့အားလုံးသည် အနက်ရောင်ပျက်သုဉ်းနယ်မြေ မှ လာကြသူများ ဖြစ်သည်။
သူတို့သည် မြူခိုးသမုဒ္ဒရာ ရှိ အဖွဲ့အစည်းကြီး နှစ်ခုကို တာဝန်ယူထားကြသည်။
ကျန်လူများက သက်ပြင်းချရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ချင်းရွှမ်က ရှန်းချန်ကောကို ကာကွယ်ပေးတော့မည်ကို သူတို့အားလုံး နားလည်လိုက်ကြသည်။
သို့သော် ဤကောင်လေးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့်ပင် အကယ်၍ ထိုအဖြူရောင်ဝတ်ရုံ လူငယ်သာ သူတို့ကို သတ်ချင်ပါက ဓားချက်တစ်ချက်သာ လိုအပ်မည်ဟု သူတို့ ခံစားနေရသည်။
ရှန်းချန်ကော အသက်ပြင်းပြင်း ရှူလိုက်သည်။
သူ မသန်မာသေးပေ။
သူသည် လင်းရွှီယွမ်ကို အစွမ်းကုန် သုံးပြီး သတ်ခဲ့ရသော်လည်း၊ တစ်ဖက်လူက သူ့အကြောင်း လုံးဝ နားမလည်သောကြောင့်သာ ဖြစ်သည်။
အကယ်၍ ရှန်းချန်ကောကို ကောင်းစွာ သိသူတစ်ဦး ပေါ်လာပါက ရှန်းချန်ကော အန္တရာယ်ရှိနိုင်သည်။
ထိုအချိန်တွင်
"မင်္ဂလာပါ ကျုပ်က ချင်းရွှမ်ပါ"
ချင်းရွှမ်နှင့် အခြားသူများသည် ရှန်းချန်ကော၏ ဘေးနားတွင် ဖြည်းညှင်းစွာ ပေါ်လာကြသည်။
အစပိုင်းတွင် ရှန်းချန်ကောသည် သူတို့ကို အပြည့်အဝ စိတ်မချသေးပေ။
သို့သော် သူတို့ မိတ်ဆက်ပြီးနောက် သူ သက်ပြင်းချလိုက်သည်။ သူတို့သည် တကယ်ပင် မြူခိုးလူသားများ ဖြစ်နေကြလေသည်။(မြူခိုးနေထိုင်သူ)
ချင်းရွှမ်သည် ရှန်းချန်ကော၏ဘေးနားသို့ ရောက်လာသည်။
သူ ရှန်းချန်ကောကို စကားများစွာကြီး ပြောလိုက်သည်။
အဓိက ဆိုလိုရင်းမှာ...
ရှန်းချန်ကောအား မြူခိုးလူသားများ နယ်မြေထဲသို့ ဝင်ရောက်နိုင်ရန်အတွက် အဖွဲ့အစည်းက သူ့အား နတ်ဘုရားချောက်နက် တစ်ခု သတ်မှတ်ပေးပြီး အမှတ်စဉ် ၁၀ နတ်ဘုရားတမန်တော် အဖြစ် ခန့်အပ်မည်ဖြစ်သည်။
လခက်ရှိအချိန်မှာတော့ ကျိဘ နှင့် အခြားသူများ၊ စိုးရိမ်ထိတ်လန့်ပြီး တုန်လှုပ်နေသော ဦးစီးမှူးကျန်း အပါအဝင် လူအများသည် ကောင်းကင်ဘုံဓားဂိုဏ်း ထဲမှ ထွက်လာကြသည်။
ရှန်းချန်ကော ဘယ်လိုနေလဲ
အပြင်ဘက်မှ တိုက်ပွဲ အရှိန်အဝါများ ငြိမ်သက်သွားပြီး တိုက်ပွဲ ပြီးဆုံးသွားပုံရသည်ကို မြင်သောကြောင့် သူတို့ ဓားဂိုဏ်းထဲမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။
သူတို့ ထွက်လာသောအခါ ဝံပုလွေများနှင့် မြေပြင်ပေါ်မှ သေဆုံးနေသော အနက်ရောင်ဝတ်ရုံကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားကြသည်။
သူတို့ မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။
သူ သေပြီလား
အနန္တအမှောင်ထုအဆင့် ရှိတဲ့ အနက်ရောင်ဝတ်ရုံ နတ်ဘုရားတမန်တော်တစ်ပါး သေသွားပြီလော။
ရှန်းချန်ကော သတ်လိုက်သည်လော။
ဦးစီးမှူးကျန်းနှင့် အခြားသူများသည် ရှန်းချန်ကောကို ဂျူနီယာတစ်ယောက်အဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။
ယခုအချိန်တွင် ဤအဖြစ်အပျက်က သူတို့ကို ကြီးမားသော ရိုက်ခတ်မှု ဖြစ်စေခဲ့သည်။
ဂျူနီယာတစ်ယောက်က အနန္တအမှောင်ထုအဆင့် နတ်ဘုရားတမန်တော်တစ်ပါးကို သတ်လိုက်သည်လော။
ကျွတ်
ဤအရာက သူတို့ ရင်ထဲတွင် ရှိသော တစ်ခုတည်းသော အသံဖြစ်သည်။
"ကျိဘ၊ ဒီကောင်လေးရဲ့ နောက်ခံက ဘာလဲကွ။ ဒီလို ကြောက်စရာကောင်းတဲ့ မွန်းစတားမျိုးက ဝူမင်ရဲ့ စွမ်းအားကို ငှားသုံးစရာ မလိုပါဘူး။ သူ့ရဲ့ ပါရမီကို ထုတ်ပြလိုက်ရင်တင် နာမည်ကြီးဖို့ လုံလောက်နေပြီ"
ကျိဘ သက်ပြင်းချလိုက်ပြီး ဘယ်လို ဖြေရမှန်း မသိတော့ပေ။
ရှန်းချန်ကော ဘာကြောင့် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းနေသည်ကို သူတို့ မသိကြပါဘူး။
သူ့တွင် အကန့်အသတ် မရှိကြောင်းဟု သူတို့ ခံစားနေရသည်။
သို့သော် သူတို့ မသိသည်မှာ...
ရှန်းချန်ကောတွင် အကန့်အသတ် မရှိခြင်း မဟုတ်ဘဲ၊ သူ၏အကန့်အသတ်များသည် နေ့စဉ်ပင် အလွန် ကြောက်မက်ဖွယ်ကောင်းသော နှုန်းဖြင့် မြင့်တက်နေခြင်း ဖြစ်သည်။
"ဒါနဲ့၊ သူ အမှောင်နတ်ဘုရားကျောက်တိုင် ထဲကို ဝင်ခဲ့သေးလား"
ရုတ်တရက် ဦးစီးမှူးကျန်း တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည်။
"ဝင်ခဲ့တယ်" ကျိဘက နားမလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ရှန်းချန်ကောသည် တကယ်ပင် အမှောင်နတ်ဘုရားကျောက်တိုင်၏မဟာပျက်သုဉ်းခြင်းကမ္ဘာ ထဲသို့ ဝင်ခဲ့ပြီး သူတို့ဟာအစောင့်အရှောက်အဖြစ် လုပ်ပေးခဲ့သေးသည်။
ဦးစီးမှူးကျန်းသည် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
"အဖြူရောင်ဝတ်ရုံ လူငယ်က ဓားကို သုံးတယ်... ရွှေရောင်နတ်ဘုရားတံတား အကြောင်း ငါ တွေးမိခဲ့သင့်တာ..."
"မဖြစ်နိုင်တာ..." အကဲဖြတ်အဖွဲ့ထဲမှ လူတိုင်း အံ့သြသွားကြပြီး ကျိဘက သူတို့ကို ထူးဆန်းသလို ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"အမှောင်နတ်ဘုရားကျောက်တိုင်ရဲ့မဟာပျက်သုဉ်းခြင်းကမ္ဘာ ထဲမှာ မွန်းစတားကောင်တစ်ကောင် ပေါ်လာတယ်ဆိုတာ ခင်ဗျား သိလား"
"ကျုပ် ဒီမှာပဲအမြဲရှိနေခဲ့တာ။ အဲဒါ ရှန်းချန်ကော ဖြစ်နိုင်တာလား" သူ ခန့်မှန်းမိနေပြီ။
ရှန်းချန်ကောကဲ့သို့ ဖြစ်တည်မှုမျိုးသည် မည်သည့်နေရာရောက်နေပါစေ တောက်ပနေမှာပင်။
ဦးစီးမှူးကျန်း သက်ပြင်းချလိုက်သည်။
"ဟုတ်တယ်၊ သူက သမိုင်းတစ်လျှောက် ဓားအလင်းတန်း စံချိန်ကို ချိုးဖျက်ခဲ့ပြီး သမိုင်းတစ်လျှောက် ထိပ်တန်း (၁၀) ယောက် စာရင်းဝင်ခဲ့တယ်။ အမှောင်နတ်ဘုရားကျောက်တိုင် ထဲမှာ သူက ရှေးဟောင်းနတ်ဘုရား ငယ်ရွယ်စဉ်က ချန်ထားခဲ့တဲ့ ပုံရိပ်ကို ဓားချက်တစ်ချက်တည်းနဲ့ ဖိချေပစ်လိုက်တယ်"
ဘာ
ရှေးဟောင်းနတ်ဘုရား ငယ်ရွယ်စဉ်က ပုံရိပ်ကို ဖိချေပစ်လိုက်တယ်။
မိုချင်းချန် တို့နှင့် မတူဘဲ၊ ကျိဘက ဤအရာမည်သို့သောအဓိပ္ပာယ်လဲ ဆိုတာကို ကောင်းကောင်းသိသည်။
"ဟုတ်တယ်၊ သူက ရှေးဟောင်းနတ်ဘုရား နဲ့ ယှဉ်နိုင်တယ်။ အထက်လူကြီးတွေ ရူးမတတ် ဖြစ်ကုန်ကြပြီ။ သူ့ကို ရှာပြီး လေ့ကျင့်ပေးဖို့ ငါတို့ကို အမိန့်ပေးထားတယ်။ သူတစ်ယောက်တည်းနဲ့တင် ရှေးဟောင်းနတ်ဘုရားချောက်နက် ကို ဖိနှိပ်ဖို့ လုံလောက်တယ်"
ဦးစီးမှူးကျန်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားထိန်းချုပ်ခြင်း နည်းစနစ် နဲ့ လှုပ်ရှားခြင်းနည်းစနစ် အထွတ်အထိပ်ကို ပိုင်ဆိုင်ထားတဲ့ အဖြူရောင်ဝတ် လူငယ်ဟာ ရှန်းချန်ကော ဖြစ်နေတယ်..."
သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။
သူသည် မွန်းစတားကြီးတစ်ကောင်ဖြစ်သည်။
သူသည် ရှေးဟောင်းနတ်ဘုရား နှင့် ယှဉ်နိုင်သူဖြစ်လေ၏။
သူ့အား မြူခိုးသမုဒ္ဒရာ၏မျှော်လင့်ချက်အဖြစ် တင်စားကြသည်။
တဖြည်းဖြည်းနှင့် သူတို့သည် ရှန်းချန်ကောနှင့် သူ့ဘေးတွင် စကားပြောနေသော ပိန်ပိန်ပါးပါး အဖိုးအိုနှင့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားပုံရသော အခြားပုံရိပ်အချို့ကို မြင်လိုက်ရသည်။
ရုတ်တရက် ဦးစီးမှူးကျန်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။
"ငွေရောင်သင်္ကေတတမန်တော်ကို ဂါရဝပြုပါတယ်"
ငွေရောင်သင်္ကေတ တမန်တော်
ကျိဘ တစ်ကိုယ်လုံး တုန်တက်သွားသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ဤအဘိုးကြီးသည် အထက်လူကြီးဖြစ်နေသည်လော။
ငွေရောင်သင်္ကေတ တမန်တော်ဆိုသည်မှာ မြူခိုးသမုဒ္ဒရာ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသော ကြောက်မက်ဖွယ် ပုဂ္ဂိုလ်များဖြစ်သည်။
သူတို့သည် စွမ်းအားကြီးမားကာ ကြီးမားသော အာဏာရှိပြီး ခန့်မှန်းရ ခက်ခဲသည်။
သူတို့သည် အနက်ရောင်ပျက်သုဉ်းနယ်မြေ၏ အမြင့်ပိုင်းမှ လာသည်ဟု ဆိုကြသည်။
ထိုကဲ့သို့သော အထက်လူကြီးတစ်ယောက်သည် မြူခိုးသမုဒ္ဒရာ၏အပြင်နယ်မြေသို့ကိုယ်တိုင်ကိုယ်ကျ ရောက်လာသည်လော။
ဤအရာများအားလုံးမှာ ရှန်းချန်ကောဆိုသည့် သူမတွက်ပင်။