← Chapters

မင်း ငါ့ကို မကြောက်ဘူးလား

Vol. 11 Ch. 102

မင်း ငါ့ကို မကြောက်ဘူးလား

Vol. 11 Ch. 102

ဦးစီးမှူးကျန်းသည်လည်း လက်ရှိအချိန်မှာတော့ အလွန်စွာလေးနက်တည်ကြည်နေလေ၏။

သူသည် ရှန်းချန်ကောကို အမှောင်မြူခိုးများထဲသို့ ခေါ်ဆောင်သွားရင်း မျက်လုံးဝန်း၌အလေးအနက်ထားမှုများ ပြည့်နှက်နေသည်။

"ကဲ... နောက်တစ်ဆင့်ကတော့ မင်းရဲ့တိုက်ခိုက်စွမ်းအား၊လှုပ်ရှားခြင်းနည်းစနစ်နဲ့ မြူခိုးသမုဒ္ဒရာကျင့်စဉ်တွေကို ဘက်စုံအကဲဖြတ်သွားမှာ ဖြစ်တယ်။"

အမှန်စင်စစ် သူသည် ရှေ့မှောက်တွင်မြင်တွေ့ခဲ့ရသောမြင်ကွင်းကို ရှင်းပြနိုင်ရန်အတွက်သာ ဆင်ခြင်တစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။

ရှန်းချန်ကော၏ပါရမီ မည်သည့်အဆင့် ရှိသည်ကို သူ မသိရှိပေ။

သို့သော် ရှန်းချန်ကောသည် မျဉ်းကြောင်း တစ်ကြောင်းမျှမရှိသော ပါရမီမရှိသူမဟုတ်ကြောင်း သူအသေအချာခံစားမိသည်။

အနည်းဆုံးတော့ ကျမ်းစာကို နားလည်သဘောပေါက်နိုင်ရန်အတွက် မြူခိုးသမုဒ္ဒရာ မျဉ်းကြောင်းတစ်ကြောင်းတော့ ရှိရမည် မဟုတ်ပါလော။

ထို့ကြောင့်...

သူသည် လတ်တလောတွင် ထိုအရာကို မှတ်တမ်းတင်ထားမည် မဟုတ်ပေ။

ရှန်းချန်ကော၏ဘက်စုံစွမ်းရည် အကဲဖြတ်ချက်ကို ဦးစွာကြည့်ရှုပြီးမှသာ ပါရမီအဆင့်သတ်မှတ်ချက်ကို အရန်သုံးသပ်ချက်အဖြစ် ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။

ထိုအချိန်၌ပင်

အကဲဖြတ်အဖွဲ့နှင့် ရှန်းချန်ကောတို့သည် မြူနက်များထဲသို့ ရောက်ရှိသွားကြသည်။

ကျန်လူများကမူ လိုက်ပါခဲ့ခြင်း မရှိပေ။

"စီနီယာအစ်ကိုကြီးမှာ တကယ်ပဲ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ပါရမီ ရှိနေတာလား။" မိုချင်းချန်သည် ထိုနေရာတွင်ပင် ရပ်ကာကျန်ရစ်ခဲ့ပြီး သူတို့ မြူနက်များထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားသည်ကို ကြည့်ကာ အာမေဋိတ် သံဖြင့် ရေရွတ်လိုက်သည်။

"ငါလည်း တစ်ခါမှ မကြားဖူးဘူး။ ဦးစီးမှူးကျန်း ကိုယ်တိုင်လည်း ယုံချင်မှ ယုံမှာပါ။ ဒါပေမဲ့ ရှန်းချန်ကောရဲ့အင်အားက မွန်းစတားတစ်ကောင်နဲ့ နီးစပ်တဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်လို့ ပါရမီဆိုတာ အရေးမကြီးတော့ပါဘူး။ အလားအလာ အကဲဖြတ်ခြင်းမှာ ကဏ္ဍပေါင်းစုံပါဝင်ပြီး ပါရမီက အဓိကမဟုတ်ဘူး။ ပါရမီက တိုက်ခိုက်စွမ်းရည်လိုကိစ္စတွေကို မဆုံးဖြတ်ပေးနိုင်ပေမဲ့ အဲဒီအချက်တွေကတစ်ဆင့် ပါရမီအဆင့်အတန်းကို သွယ်ဝိုက်ပြီး ဆုံးဖြတ်လို့ ရနိုင်တယ်။"

ကျိဘက ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

ထိုအချိန်၌...

ဦးစီးမှူးကျန်းသည် မြေကြီးပေါ်တွင် ရွှေမျှင်ပါသော အမွှေးတိုင်တစ်ခုကို ဖြည်းညှင်းစွာ မီးညှိလိုက်သည်။

"ဒါက..."

"ဒါကတော့ ကူးပြောင်းခြင်းအဆင့် ရှိတဲ့ သစ်ပင်နတ်ဆိုးကြီးတစ်ကောင်ဆီကနေ ရရှိထားတဲ့ နက်ရွှေအမွေးတိုင်ပဲ။ သူက နတ်တံတား အထွတ်အထိပ်အဆင့် နတ်ဆိုးတွေကို ဆွဲဆောင်နိုင်တယ်။ မင်းက အခု နတ်တံတား နှောင်းပိုင်းအဆင့် ရောက်နေပြီဆိုတော့ မင်းနဲ့ ယှဉ်ပြိုင်နိုင်မယ့် ပြိုင်ဘက်မျိုးကို ငါ ရှာပေးဖို့အတွက်ပဲ။"

နတ်တံတား အထွတ်အထိပ်အဆင့်ရှိ နတ်ဆိုးကြီးတစ်ကောင်။

ထိုနတ်ဆိုးသည် လွန်စွာအားကောင်းလှသည်ဟု မဆိုနိုင်ပေ။

သို့သော် သူ၏ရည်ရွယ်ချက်မှာ ရှန်းချန်ကော၏စွမ်းအားကို ထုတ်ဖော်ပြသနိုင်ရန်အတွက် သင့်တော်သော ပြိုင်ဘက်တစ်ဦး ရှာဖွေပေးရန်သာ ဖြစ်သည်။

အမှန်အတိုင်း ဆိုရလျှင် သူ၏အတွေ့အကြုံရင့်သောမျက်လုံးများဖြင့် ကြည့်ပါက ရှန်းချန်ကော၏ အင်အားသည် အလွန် ကြောက်မက်ဖွယ် ကောင်းကြောင်း ပြောပြနိုင်သည်။

သို့မဟုတ်ပါက သူ့တွင် ယခုကဲ့သို့ ရင်တုန်ပန်းတုန် ခံစားချက်မျိုး ဖြစ်ပေါ်လာမည် မဟုတ်ပေ။

ထို့ကြောင့် ထို နတ်တံတား အထွတ်အထိပ်အဆင့် နတ်ဆိုးသည် ရှန်းချန်ကော၏တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အသတ်ခံရဖွယ် ရှိသည်။

သို့သော် သူ လိုအပ်သည်မှာ ရှန်းချန်ကော၏ထိုတိုက်ခိုက်မှု တစ်ချက်၌ ပါဝင်သော စွမ်းအားကို မှတ်တမ်းတင်ရန်သာ ဖြစ်သည်။

'နက်ရွှေရောင်အမွေးတိုင်းလား'

ရှန်းချန်ကောသည် ရွှေရောင်အမွှေးတိုင် ဖြည်းညှင်းစွာ လင်းလက်လာပြီး မည်းနက်သော အခိုးအငွေ့များ ထွက်ပေါ်လာသည်ကို ကြည့်ရင်း အနည်းငယ် စိတ်ဝင်စားသွားမိသည်။

နတ်ဆိုးများအား ဆွဲဆောင်နိုင်သော မည်းနက်သော အခိုးအငွေ့များ လေထဲသို့ ပျံ့လွင့်သွားသည်။

လက်ရှိအချိန်မှာတော့ မြူနက်များသည် အနည်းငယ်ဖရိုဖရဲဖြစ်လာလေပြီဖြစ်၏။

အမှန်အတိုင်း ဆိုရလျှင် အမွှေးတိုင်၏ မည်းနက်သော အခိုးအငွေ့များသည် ပတ်ဝန်းကျင်ရှိ မြူနက်များကြားတွင် သိပ်ပြီး သိသာထင်ရှားခြင်း မရှိပေ။

သို့သော် ရှန်းချန်ကောသည် လန်းဆန်းစေသော ရနံ့တစ်မျိုးကို ရရှိလိုက်သည်။

ထိုစဉ် ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့အပြားမှ ဟိန်းသံများ ထွက်ပေါ်လာလေသည်။

"ရောက်လာကြပြီ"

"နတ်တံတား အထွတ်အထိပ်အဆင့် နတ်ဆိုး တစ်ကောင်မက ရောက်လာနိုင်တယ်။ မင်း ခုခံနိုင်စွမ်း မရှိရင် ငါတို့ ကူညီပေးမယ်။ ဒါပေမဲ့ အနည်းဆုံးတော့ နတ်ဆိုးတစ်ကောင်ကို မင်းကိုယ်တိုင် ဖြေရှင်းရမယ်။" ဦးစီးမှူးကျန်းက နောက်သို့ ဆုတ်ရင်း ပြောလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် ဤကိစ္စကို အခြားလူတစ်ဦးသာ တာဝန်ယူပါက ထိုလူကို အနီးကပ် ကာကွယ်ပေးထားကြမည် ဖြစ်သည်။

သို့သော် ရှန်းချန်ကော ပေးစွမ်းသော ခံစားချက်အရ... သူတို့၏အဖွဲ့သည် ရှန်းချန်ကော၏ ပြိုင်ဘက် မဟုတ်ကြောင်း ရိုးသားစွာ ဝန်ခံရပေမည်။

ထို့ကြောင့်...

သူတို့သတိပေးယုံတာတတ်နိုင်တော့လေ၏။

ပတ်ဝန်းကျင်တွင် ခြေသံများစွာ အမှန်တကယ်ပင် ထွက်ပေါ်နေပြီ ဖြစ်သည်...

အငွေ့အသက်များစွာလည်း အရပ်မျက်နှာ အနှံ့အပြားမှဝင်ရောက်လာပြီး နတ်တံတား အထွတ်အထိပ်အဆင့် နတ်ဆိများစွာ ဆွဲဆောင်ခံလိုက်ရကြောင်း ထင်ရှားနေသည်။

သို့သော် အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် မည်သည့် နတ်တံတားအဆင့် နတ်ဆိုးမျှ ပေါ်ထွက်မလာပေ။

'ဘာဖြစ်နေတာလဲ'

နတ်တံတား အထွတ်အထိပ်အဆင့် အငွေ့အသက်များကို သူတို့ ရှင်းရှင်းလင်းလင်း အာရုံခံမိခဲ့သည် မဟုတ်ပါလော။

ဘုန်း

ဘုန်း

ဘုန်း

ရုတ်တရက် သန်မာပြီး အားကောင်းသော အသံတစ်ခု ဖြည်းညှင်းစွာ ပဲ့တင်ထပ်လာသည်။

၎င်းမှာ လေးလံပြီး ခမ်းနားသော ခြေသံများ ဖြစ်သည်။

အားလုံး၏မျက်နှာထားများ ပြောင်းလဲသွားကြသည်။

ဝုန်း

မြူနက်များပြန့်ကျဲသွားပြီး ဧရာမ ပုံရိပ်ကြီးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် တောင်ငယ်လေးတစ်လုံးအလား မြှင့်မားလှ၏။

၎င်းသည် တိရစ္ဆာန်တစ်ကောင်၏အင်္ဂါရပ်များ မရှိဘဲ ထူးဆန်းသော သတ္တဝါတစ်ကောင် ဖြစ်သည်။

လုံးဝန်းသော ခေါင်းတစ်လုံးနှင့် ကြမ်းကြုတ်သော ပါးစပ်ပေါက်ကြီးသာ ရှိသည်။

၎င်း၏အစွယ်များသည် ကြောက်မက်ဖွယ် ကောင်းလှပြီး ခန္ဓာကိုယ်မှာလည်း ပုပ်ပွနေခဲ့သည်။

မြူနက်များ လွှမ်းခြုံထားသဖြင့် ထူးဆန်းပြီး အေးစက်နေပုံရကာ တစ်ကိုယ်လုံးမှ ပုပ်စော်နံ့ကဲ့သို့‌သော အနံ့ဆိုးများ ထွက်ပေါ်နေသည်။

လက်ရှိအချိန်မှာတော့ ၎င်းသည် ပါးစပ်ထဲ၌နတ်ဆိုးတစ်ကောင်ကို ကိုက်ချီထားပြီး ဖြည်းညှင်းစွာ မျိုချနေလေသည်။

"န... နတ်... နတ်ဆိုးဘုရင်"

၎င်းသည် ကူးပြောင်းခြင်းအဆင့် ရှိ နတ်ဆိုးဘုရင်တစ်ကောင်ပင် ဖြစ်နေလေ၏။

သူတို့ နောက်ဆုံးတွင် နားလည်သွားကြလေပြီ။

ယခင်က နက်ရွှေရောင်အမွှေးတိုင်သည် နတ်တံတား အထွတ်အထိပ်အဆင့် နတ်ဆိုးများကို တကယ်ဆွဲဆောင်နိုင်ခဲ့လိမ့်မည်။

သို့သော် တိုက်ဆိုင်စွာပင် မဟာနတ်ဆိုးဘုရင်တစ်ပါး အမဲလိုက်ထွက်လာချိန် ဖြစ်နေပြီး ထိုနတ်ဆိုးဘုရင်က နတ်တံတား အထွတ်အထိပ်အဆင့် နတ်ဆိုးဘုရင်များအားလုံးကို ခြောက်လှန့်မောင်းထုတ်ပြီးမှ ဤနေရာသို့ လျှောက်လှမ်းလာခြင်း ဖြစ်သည်...

နက်ရွှေရောင်အမွေးတိုင်မှာ နတ်ဆိုးများကို အမှန်ပင်ဆွဲဆောင်ခဲ့ပါသည်။

ထိုအရာမှာ ကူးပြောင်းခြင်းအဆင့် နတ်ဆိုးဘုရင်တစ်ကောင်ဖြစ်နေ၏။

သူတို့၏အဖွဲ့ပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိသော ဖြစ်တည်မှုတစ်ခု။

နတ်‌ဆိုးတစ်ကောင်သည် ကူးပြောင်းခြင်းအဆင့်သို့ ရောက်ရှိသွားပါက ၎င်း၏အင်အားသည် ကြီးမားသောခုန်ပျံကျော်လွှားမှု ဖြစ်ပေါ်လာပြီး မြူခိုးသမုဒ္ဒရာအတွင်း ကျင့်စဉ်ကို နားလည်သဘောပေါက်ထားသော မြူခိုးနေထိုင်သူများ၏ အင်အားနှင့် အကန့်အသတ်မဲ့ နီးစပ်သွားပေသည်။

ကျန်ရှိသော အချက်များကတော့ တစ်ဦးချင်းစီ၏ ကွာခြားချက်အပေါ် မူတည်ပေလိမ့်မည်။

မဖြစ်တော့ဘူး..အခြေအနေ ပြောင်းလဲသွားပြီ။

ခမ်းနားသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် အကဲဖြတ်အဖွဲ့ဝင် အားလုံး၏မျက်နှာများ ဖြူဖျော့သွားကြသည်။

ဤသည်မှာ သာမန် ကူးပြောင်းခြင်းအဆင့် နတ်ဆိုးဘုရင်တစ်ကောင် မဟုတ်ပေ။

သေချာပေါက် အလယ်အလတ်အဆင့် သို့ ရောက်ရှိနေလိမ့်မည်။

အငွေ့အသက်က အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

မညိသို့လုပ်ကြမည်နည်း။

လက်ရှိအချိန်မှာတော့ သူတို့သည် စိုးရိမ်ပူပန်စွာဖြင့် ဂနာမငြိမ် ဖြစ်နေကြသည်။

သို့သော် ဝတ်ရုံဖြူလူငယ်၏မျက်နှာထားသည် အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိသည်ကို သူတို့ သတိထားမိလိုက်၏။

သူ၏မျက်လုံးများသည် ရေခဲကန်တစ်ခုကဲ့သို့ အေးစက်တည်ငြိမ်နေသည်။

ဂါး

နတ်ဆိုးဘုရင်သည် ပါးစပ်ကြီးကို ဖြဲ၍ ရှန်းချန်ကောအား ဟိန်းဟောက်လိုက်သည်။

ရှန်းချန်ကောသည် နံစော်သော လေပွေတစ်ခု သူ့ထံသို့ တိုက်ခတ်လာသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ထိုအချိန်တွင်

ရှန်းချန်ကော၏မျက်လုံးများသည် ကူးပြောင်းခြင်းအဆင့် နတ်ဆိုးဘုရင်ကို ရင်ဆိုင်နေရသော်လည်း ရေခဲတမျှ အေးစက်နေသည်။

သူ ဘာလုပ်နေတာလဲ

အကဲဖြတ်အဖွဲ့ဝင် အားလုံး တုန်လှုပ်သွားကြသည်။ တည်ငြိမ်အေးဆေးစွာ ရှိနေပြီး ရုတ်တရက် ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှတ်လိုက်သော ရှန်းချန်ကောကို ကြည့်ရင်း သူတို့၏နှလုံးခုန်သံများ မြန်ဆန်လာသည်။

"မင်း... ငါ့ကို မကြောက်ဘူးလား။"

အေးစက်သောစကားသံသည် လူအများကို ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရစေသည်။

ချက်ချင်းပင် နတ်ဆိုးဘုရင်သည် မသက်မသာ ဟိန်းဟောက်သံ ပြုလုပ်လိုက်သည်။

ရှန်းချန်ကောသည် မြေကြီးပေါ်ရှိ နက်ရွှေရောင် အမွှေးတိုင်ကို တစ်ချက် ကြည့်လိုက်သည်။

ကြည့်ရသည်မှာ ဤအမွှေးတိုင်သည် ကူးပြောင်းခြင်းအဆင့် နတ်ဆိုးဘုရင်တစ်ပါးကို စိတ်ရှုပ်ထွေးစေပြီး သွေးဆာလာအောင် ပြုလုပ်နိုင်သော အာနိသင် ရှိပုံရသည်။

ထို့ကြောင့် ဤနတ်ဆိုးဘုရင်သည် ရှန်းချန်ကောကို ယခုကဲ့သို့ ရင်ဆိုင်ရဲခြင်း ဖြစ်ပေမည်။

သူ သက်ပြင်းချလိုက်သည်။

ရုတ်တရက်

သူ့ကျောပေါ်ရှိ ဓားသည် ဓားအိမ်မှ ကျွတ်ထွက်လာခဲ့၏။

ဖော်ပြ၍မရနိုင်သော ဓားဆန္ဒ သည် ရှေးဟောင်းခေတ်မှလက်နက်တစ်ခု နိုးထလာသကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

ထိုဓားဆန္ဒ ပေါက်ကွဲလာသည်နှင့် ဓား၏ အသိစိတ်သည် ဟိန်းဟောက်လိုက်သကဲ့သို့ ဖြစ်သွားသည်။

ရွှမ်း

နက်ရွှေရောင် အမွှေးတိုင် ငြိမ်းသတ်သွားသည်။

နတ်ဆိုးဘုရင်သည် ရေခဲရေဖြင့် အပက်ခံလိုက်ရသကဲ့သို့ ရုတ်တရက် သတိဝင်လာသည်။

ချက်ချင်းဆိုသလိုပင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ခံစားလိုက်ရပြီး လည်ချောင်းသံဖြင့် တိုးညှင်းစွာဟိန်းဟောက်လိုက်သည်။

သို့သော် ထိုအချိန်တွင်ပင်...

ရှန်းချန်ကောသည် ရုတ်တရက် ဓားဖြင့် ပိုင်းချလိုက်လေသည်။

ပေါ့ပေါ့ပါးပါးပိုင်းချလိုက်သော ထိုဓားချက်သည် ဧရာမကြယ်တာရာမြစ်တစ်စင်းကို ဖန်တီးလိုက်သကဲ့သို့ ထင်မှတ်ရသည်။

မျက်စိကျိန်းမတတ် တောက်ပနေပြီး အတွင်းရှိ စွမ်းအားမှာ ကျယ်ပြန့်ကာ နက်နဲဆန်းကြယ်လှသည်။

၎င်းတွင် အလွန်လေးလံသော ဓားဆန္ဒများ ပါဝင်နေသည်။

အကယ်၍ ဤနေရာတွင် ဓားကျင့်ကြံသူတစ်ဦးသာ ရှိနေပါက သေချာပေါက် တစ်ကိုယ်လုံး တုန်ရီသွားမည်ဖြစ်ပြီး သုံးရက်ကြာသည်အထိ ဓားဆွဲထုတ်ရဲမည် မဟုတ်ပေ။

ထို ဓားဆန္ဒ သည် ဓားကျင့်ကြံသူတိုင်း၏ နှလုံးသားကို ဖျက်ဆီးပစ်ရန်လုံလောက်ပေသည်။

All Chapters